Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အမလေးဗျာ ကယ်ကြပါ ကြည့်မနေကြပါနဲ့

Sayar Gyi JitJuly 15, 20111min45021

လူကြီးမင်းတို့ရေ ၊  ကိုယ်ပိုင်အိမ်လေး တစ်အိမ်ဆောက်ချင်ပါသလား ၊ ကုန်ကျစရိတ်လေး တွက်ကြည့်ရအောင်၊

ရိုးရိုးအိမ်လေးတစ်ဆောင် အတွက်စဉ်းစား တွက်ချက်ကြည့်ရအောင်နော်၊

ပတ်သက်ရာပြင်ပ ကုန်ကျစရိတ်လေးတွေ မေးကြည့်တော့…အားလားလားးးးးးး

မြို့နယ် အုပ်ချုပ်ရေးမှုး…………………………………………………….. ၁၀၀၀၀   ကျပ်
ခရိုင် အုပ်ချုပ်ရေးမှုး     ………………………………………………… ၁၀၀၀၀   ကျပ်
ရပ်ကွက်အုပ်ချုပ်ရေးမှုး …………………………………………………….    ၅၀၀၀   ကျပ်
မီးသတ်တပ်ဖွဲ့   ……………………………………………………. ၄၀၀၀   ကျပ်
ပြည်သူ့ဆေးရုံ                   ………………………………………  ၄၀၀၀   ကျပ်
မြေစရင်း                   ………………………………………၇၀၀၀၀  ကျပ်
စည်ပင်သာယာ         ……………………………………………….၅၀၀၀၀၀  ကျပ်
———–
စုစုပေါင်း                 ……………………………………………………..    ၆၀၃၀၀၀  ကျပ်

ဟိုက်……………..၆၀၃၀၀ဝ ( ခြောက်သိန်း သုံးထောင် )

အမလေးဗျာ  လူကြီးမင်းတို့ရေ ကျွန်တော်ကတော့  အိမ်မဆောက်တော့ပါဘူး ၊

ငါှး နေပါတော့မယ် ၊

အော်.   အဲဒါ သံတွဲမြို့ က အိမ်မဆောက်ရသေးပဲ ပေးရကမ်းရ လှုရ တန်းရ တဲ့ ကုန်ကျစရိတ်ပါခင်ဗျာ…။

21 comments

  • MaMa

    July 15, 2011 at 7:09 am

    ဗုဒ္ဓဘာသာဝင်တွေအတွက် အလှူရေစက် လက်နဲ့မကွာနေရအောင် တီထွင်ထားတဲ့ နည်းလမ်းတစ်မျိုး ဖြစ်ပါလိမ့်မယ်။
    🙁

  • chitpyae

    July 15, 2011 at 7:21 am

    အမလေး အိမ်တလုံးတောင် မဆောက်ရသေးဘူး အဲလောက်က အရင်ပေးရမယ် ဟုတ်လား … 🙁
    ဒါတောင် သံတွဲမို့လို့ နော် … ရန်ကုန်မှာများ ဆိုရင်တော့ လား …. မတွေးဝံ့ပါရှင် 🙂

  • winkyawaung

    July 15, 2011 at 7:44 am

    ပြည်တွင်းမြို့တွေဆိုရင် ပိုလို့တောင်ကုန်ကြပါတယ်။ အိမ်ဆောက်ပြီးလဲ ကြွေးတောင်းသလို လာရောက် ခြိမ်းခြောက်ပြီး တောင်းနေကြပါတယ်။ အဓိက စည်ပင်သာယာ နဲ့ အမြတ်တော်ခွန် ရုံးတွေက ဧဓါးမြ တွေပါ။

  • xman

    July 15, 2011 at 9:16 am

    ရန်ကုန်မှာ အိမ်ဆောက်ရင် ဒါ့ထက် ငါးဆလောက်များ ရှိမလားမသိဘူး။
    သိသူများပြောပြကြပါခင်ဗျ။
    အိမ်ဆောက်မလို့တော့မဟုတ်ပါဘူး။
    ဒီတသက်အိမ်မဆောက်နိုင်တော့တာ သေချာချင်လို့ပါ်။
    😀

  • ရွှေဘိုသား

    July 15, 2011 at 9:38 am

    မမ ပန်းနု ကျွန်တော် တို.ရွှေဘိုမှာလာဆောက်လှည်.
    အဲလောက်ဆို သဌေးလုပ်လို.ရပြီ

    မြေလည်း အပြောကောင်းအနေထိုင်တတ်ရင် အလကားရတယ်
    အိမ်တောင် ဝိုင်းကူဆောက်ပေးသေးတယ်ဗျာ

    ကျွန်တော်တို.တောင် ဟိုတလောကမှ အိမ်တစ်လုံး ဆောက်ပြီး 10000 နဲ.ရောင်းပေး ပေးလိုက်တာ

  • နီလေး

    July 15, 2011 at 9:58 am

    အိမ်ဆောက်တာတောင်မဟုတ်ဘူး အမိုးလေးပြင်တာ ခြံစည်းရိုးကာရင်တောင် ပိုက်ဆံပေးရပါတယ် ဟိုတစ်ရက် ကျွန်မတို့အိမ်ရှေ့ကခြံစည်းရိုးတွေကာတာ နောက်ရက်တော့စည်ပင်ကပိုက်ဆံမပေးရင် ဆက်မလုပ်ပါနဲ့တဲ့ ဘယ်ချောင်မှာ ဘာလုပ်တယ်ဆိုတာ စည်ပင်ကအကုန်သိတယ် အံဩဖို့တော့ကောင်းတယ်နော် လမ်းတွေပျက်နေတာကြတော့ မသိပဲဟန်ဆောင်နေရော့သလားပဲ အဲဒီဥပဒေတွေက နိုင်ငံတော်ကချမှတ်ထားတာပဲလား နောက်ဆိုအိမ်သာလုပ်ရင်တောင် အခွန်ဆောင်ရမယ့်သဘောရှိတယ်

    • ကြောင်ကြီး

      July 15, 2011 at 11:14 am

      သူတို့က ကောင်းကင်ဂြိုလ်တုကတဆင့် နေ့တိုင်းကြည့်နေတာကွဲ့။ မယုံမရှိနဲ့နော် ဂယ်ပြောဒါ..

    • ကောင်းမြတ်သူ

      July 15, 2011 at 7:01 pm

      စည်ပင်က အကြားအာရုံကောင်းပြီး အမြင်အာရုံချို့ယွင်းနေတာပါကွယ် . . .
      အကြားအာရုံကောင်းသလားမမေးနဲ့ လမ်းကြားထဲက အိ်မ်သေးသေးလေး ပြတင်းပေါက်ပြုတ်ကျ လို့ ပြန်ပြင်တာ ”တူ”သံကြားလို့လာကြည့်တယ်ဗျ

    • ဆူး

      July 16, 2011 at 11:49 pm

      စည်ပင်က သိမှာပေါ့ လမ်းကြို လမ်းကြား အမှိုက်သိမ်းနေတဲ့ စည်ပင်တွေက သတင်းပို့ရင် ပိုက်ဆံ ရတယ်လေ.. အိမ်ပြင် တယ်ဆိုရင် ထွက်တဲ့ အမှိုက်က သဲ နဲ့ အုတ်ကျိုးအုတ်ပဲ့တွေ ထွက်တာ ဆိုတော့ သိတာပေါ့..

  • PaukPhaw

    July 15, 2011 at 10:45 am

    အောင်မငှီး…အလန် ့ထညက်.အခွန်..အခွန်.
    နေစရာလေးရှာနိုင်ရင် မိန်းမယူမယ် စဉ်းစားထားတာ..ခုတော့.ခုတော့..
    ကိုယ်ကြေကွဲနေဘီ..

    အင်း.
    နောက်ထပ် မလန် ့အောင်လဲ လယ်ဒီ လုပ်ထားကြဦး

    လေမော်တာတွေ တရုတ်ပြည်ကို တီထွင်ခိုင်းနေတယ်လို ့ကြားတယ်
    တီထွင်မှုအောင်မြင်ခဲ့ရင် ကျုပ်တို ့တတွေ လိုရင်းတိုရှင်းပဲ ပြောကြရတော့မယ်တဲ့

    ရီးစားစကား လိုက်ပြောရင် တိုတိုပဲ ပြော..ချစ်..
    ကောင်မလေးကလဲ ပြန်မကြိုက်နိုင်ရင် ….. နိုး..
    နိုးဆိုရင်တော့ ကိုယ်လဲ …ဂိုး..ပေတော့

    အပိုတွေထပ်ပြောရင် ဘေလ် တက်မယ်

  • naywoonni

    July 15, 2011 at 11:45 am

    စည်ပင်သာယာ နယ်နမိတ်အတွင်းမှာ ဘာလုပ်လုပ် အခွန်ဆောင်ရပါတယ်…။ ကိုယ့်ဖာသာပြုပြင်တာကော စည်ပင်ဝန်ဆောင်မှုပေးတာကော မပေးတာကော…။ အခွန်ရှိပါတယ်..။ မီးခွန် ရေခွန် အိမ်ခွန် မိလ္လာခွန် အမှိုက်ခွန် ….။ ပို့စ်ထဲက အခွန်တွေထဲမှာ အိမ်ဆောက်မိန့်နဲ့ အင်ဂျင်နီယာပုံဆွဲခကျန်ပါသေးတယ်…။ အဲဒါကအရေးကြီးတယ်…။ အိမ်တိုင်းအတွက် တစ်မျိုးထဲ ဘလူးပရင့်ခ် ထုတ်ထားပေးမဲ့ လက်တွေ့ဆောက်မဲ့အိမ်ကြီးရင်ကြီးသလိုပါပဲ…။ အိမ်ဆောက်မိန့်အတွက် အိမ်ရဲ့ ဧရိယာနဲ့ ငွေသင့်ပြီး အခွန်ဆောင်ရပါတယ်…။ ပြီးရင် ဟိုအကြေးဒီအကြေး ခေါင်းစဉ်လည်းများပါတယ်…။ ခုဆိုရင်မြို့ကိုလိုက်ပြီး တစ်ထပ်ဆိုရင် ခြောက်သိန်း (အလပ်စား) ကနေ ဆယ်သိန်းဝန်းကျင် နှစ်တပ်ဆိုရင် ဆယ့်ငါးသိန်းကနေ ဆယ်ရှစ်သိန်းဝန်းကျင်ပေးရပါတယ်…။ ပြီးတော့ အိမ်ဆောက်တဲ့ သစ်အတွက် သစ်တောကလည်း လာပါတယ်…။ လာတယ်ဆိုတာက အိမ်လည်လာတာ မဟုတ်ဘူးနော်… ။ ပိုက်ပိုက် လာတောင်းတာပါ…။ သူကလည်း အိမ်အပေါ် မူတည်ပြီး သုံးတဲ့ သစ်နဲ့ တွက်တောင်းပါတယ်…။ ရေတွင်းတူးရင်လည်း အခွန်ရှိပါသေးတယ်..။ အိမ်သာကလည်း အခွန်နဲ့ပါ…။ အမှိုက် ကားမရောက်တဲ့လမ်းတောင် အမှိုက်ခွန်ဆောင်ရသေးတာ…။ အိမ်ထဲမှာ သစ်ပင်ကြီးကြီးမားမား ခုတ်ချင်ရင်လည်းအခွန်တောင်ရပါတယ်..။ ဥပမာ…. သရက်ပင်တို့ အုန်းပင်တို့

    • pan pan

      July 18, 2011 at 2:03 pm

      လူခွန်မရှိသေးဘူးမလား
      အဲဒါကျေးဇူးတင်ရမလိုပဲ
      နောက်ဆို လေရှူရင်တောင် ပိုက်ပိုက်လာတောင်းမလားမသိ

  • pannu

    July 15, 2011 at 1:01 pm

    သံတွဲမြို့ လေးဟာ တောမြိုု့လေးပါဗျာ ၊ စီးပွါးရေးကောင်းတဲ့မြို့လေး လဲမဟုတ်ပါဘူး ၊
    ခုဆောက်ပါတယ်ဆိုတဲ့ အိမ်လေး က သာမန်အိမ်လေးတစ်အိမ်ပါ ၊
    ပီးတော့ အမြတ်ခွန် ကျန်နေသေးတယ်လေ ၊ အဲ့ဒီအဖွဲ့က အိမ်ဆောက်လို့ ပီးပီလား စောင့်ကြည့်နေတာ၊
    ဒီအဖွဲ့ကို တော့ အများဆုံး ပေးကမ်းရတယ်ပေါ့ဗျာ ၊ အပေါ်ကရေးထားတဲ့ ခြောက်သိန်းကျော် နဲ့ရရင်
    ကံကောင်းတယ်ဆိုရပါမယ် …။

  • hmee

    July 15, 2011 at 1:04 pm

    အမှိုက်ခွန်တော့ တလ တခါ လာကောက်တယ်။ အမှိုက်ကားတော့ တခါမှ မမြင်မိဘူး။ ခြံစည်းရိုးကာပါတယ် လာလိုက်တာ တယောက်ပြီးတယောက်။ ပိုက်ပိုက်တောင်းတဲ့လူကို တောင်းသလောက်မပေးပဲ ဈေးလည်းဆစ်လို့ ရသေးတယ်နော်။

  • Yin Nyine Nway

    July 15, 2011 at 1:40 pm

    အဲဒါထက် စမ်းချောင်းမှာ အိမ်ဌားလို့ ဧည့်စာရင်းတိုင်တာ 15000 တောင်းတယ်ဗျို့
    ဝယ်များဝယ်လို့ကတော့ 150000 တောင်းမလားပဲ
    တော်ပီ ဘုန်းကြီးကျောင်းပဲ ဂိုးတော့မယ်

  • aungnng87

    July 15, 2011 at 2:45 pm

    ကိုယ်.စိတ်ထဲမှာထင်တာအိမ်ဆောက်မယ်ဆိုရင်သစ်ဝယ်၊မြေဝယ်ပြီးလက်သမားခရှိရင်အိမ်တလုူံးရပြီထင်
    တာ။အခုဆိုရင်မလွယ်ပါလားကွယ်။လူနေမှုစရိတ်တွေမြင့်တက်လာတယ်ဆိုတာဒါမျိုးထင်ပါရဲ.။

  • Shwe Tike Soe

    July 15, 2011 at 4:45 pm

    အဲဒါကြောင့်ပြောတာပေါ့ မြန်မာနိုင်ငံသားတွေက ချမ်းသာကြတယ်လို.
    အိမ်ဆောက်ရင်လဲ ပေးကမ်းတယ်.. ဘာစားစား.။ ဘာဝယ်ဝယ် အခွန်ဆောင်တယ်..
    ပြီးတော့ ဖုန်း အမျိုးအစားထွက်သလောက်လဲ ကိုင်နိုင်တယ်.. (မကိုင်လို.လဲမရဘူးလေ ဟိုဖုန်းက ဟိုနေရာ ရပြီး ဒီနေရမရပြန်) ကဲ ချမ်းသာလို. အဲဒီလို လုပ်နိုင်တာပေါ့.ဟဟဟဟဟ

  • windtalker

    July 16, 2011 at 1:43 pm

    စာကလေး အိမ် လိုက်ရောင်းတဲ့ လူတွေ တောင် မျက်ခုံး လှုပ်နေတယ် ဆိုပဲ

  • kokothandar

    July 17, 2011 at 10:14 am

    လူတွေအခွန်အမျိုးမျိုးားပေးဆောင်နေရတာကိုပြေလျော့စေနိုင်တဲ့နည်းလမ်းလေးတွေများများအကြံပြုကြရင်တဖြည်းဖြည်းလျော့နည်းလာမယ်ထင်ပါတယ်

  • Mee2

    July 17, 2011 at 10:40 am

    အယ် ကျွန်မ တို ့အိမ်ငှားတွေ ဘဝဘဲ ကောင်းပါတယ်။စိတ်ညစ်ဖို ့ပေါ့။ရှေ ့ဆက်မလွယ်တော့ပါလား။အကုန်သူ. ကအေးဓမြ ဖြစ်ကုန်ကြပြီပေါ့။

Leave a Reply