Nasher Museum of Art (Duke University)



တလောက North Carolina ပြည်နယ် Duke University ကိုရောက်တုန်း အနုပညာပြတိုက်မှာ ခိုးရိုက်ထားခဲ့တဲ့ပုံများပါ။ ပြတိုက်လာကြည့်သူများကို ဓာတ်ပုံပေးမရိုက်ပေမဲ့ နိုင်ငံကြီးသား ပီသစွာ အစောင့်တွေအလစ်မှာ ခိုးရိုက်ထားတာပါ။ ဒါတောင် flash ကို မပိတ်တတ်လို့ နောက်က လိုက်ကြည့်တာ ခံရပါတယ်။ ပြတိုက်ကို လေးပိုင်းခွဲထားပြီး နာမည်တမျိုးစီပေးထားပါတယ်။ တိတိကျကျတော့ မမှတ်မိတော့ပါဘူး။ အမှန်က ချက်ခြင်းပုံတွေတင်ရမှာ ပျင်းနေတာနဲ့ ဘာမှရေရေရာရာ မမှတ်မိတော့ကြောင်းပါ။ တနေရာမှာပဲ အစောင့်က သဘောကောင်းစွာနဲ့ ဓာတ်ပုံရိုက်ခွင့်ပေးပါတယ်။ ကျန်တာတွေက မြန်မာ့နည်းမြန်မာ့ဟန် ကြိုးပမ်းအားထုတ်မှုတွေဖြစ်ပါတယ်။ အာရုံခံစား ကိလေသာ ပွားကြပါခင်ဗျား….. 🙄














12 comments
chitpyae
July 15, 2011 at 11:40 am
ဦးကြောင် .. တိုင်းကျူး တို်င်းကျူး နော် … 🙂
တခြားနိုင်ငံကို မသွားဖြစ်ဘဲ အခု လိုတွေ့ရတော့လည်း ဗဟုသုတ လေး ရပါတယ်။
အခု လို သက်စွန့်ဆံဖျား နိုင်ငံကြီးသား ပီသစွာ ခိုးရိုက်ပီး တင်ပေးတဲ့အတွက် ထပ်ဆင့် ကျေးဇူးပါ ရှင် ..
windtalker
July 15, 2011 at 1:25 pm
ကြောင်ကြီး ဆိုတာ အရင်တုန်းက BigCat ဆိုတဲ့ အကိုကြီး မလား ဟင်
shwe ni
July 15, 2011 at 2:12 pm
ကိုကြောင်ကြီး Library ကော pic မရိုက်ခဲ့ဘူးလား ရိုက်ထားတာရှိရင်တင်ပေးပါအုံး
hmee
July 15, 2011 at 2:36 pm
နိုင်ငံကြီးသား ပီသစွာ သိုသိုသိပ်သိပ် ရိုက်ထားတာတွေ အတွက် ကျေးဇူးပါ။
pooch
July 15, 2011 at 3:35 pm
ှုဦးကြောင်ကြီးကို ဒီတခါတော့ တကယ်ကျေးဇူးတင်တယ် ..နောက်များလည်း အခုလို ရောက်ခဲတဲ့ နေရာမျိုးက ပုံတွေကို တင်ပေးပါအုန်း…
kai
July 15, 2011 at 4:03 pm
Metropolitan Museum of Art ကတော့ (အားလုံးလိုလို)ဓါတ်ပုံပေးရိုက်တယ်..။ ဖလက်ရှ်မသုံးယုံပဲ…။
အဲဒီကမ္ဘာကျော်ကိုကပ်ကျော်ပြီး.. ဘယ်ကဘယ်လို… Nasher Museum of Art ရောက်သွားသလည်း သိချင်သား..
ကြည့်ရတာ..ဇတ်လမ်း-အလန်းလေးတွေကြောင့်လားမသိ…။ 🙂
ကိုပေါက်(မန္တလေး)
July 15, 2011 at 8:35 pm
ကြောင်ကြီးရာ နိုင်ငံကြီးသား ပီသမယ့်အတူ မြန်မာပီပီ မှန်ဘီလူးလေးလူလစ်တုန်း မ ခဲ့ရင်ပြီးရော.
စကား အဖတ်တင်အောင်ပြောနေသေးတယ်။
မိုက်ကယ်ဂျော်နီအောင်ပု
July 15, 2011 at 9:17 pm
ဂရိခေတ်က လူရုပ်လားမသိဘူး = ဟုတ်ဘူး အဲ့ဒါ ဘိုးဒေါ်
ကိုယ်ကြြုက် သလိုသာ နာမည်ပေးတော့ဗျာ
( ( ကြိုက်သလိုသာ နာမည်ပေးတော့ဗျာ ) = စာလုံးပေါင်းပြင်သှ်..ပုံ ဒု အယ်ဒီတာချုပ် )
ကိုယ်ဒေါ်ဂျီး ကိုဒေါ်လေးနဲ့ ဗျတ်ဝိဗျတ္တရဲ့ ညီကိုတစ်ဝမ်းကွဲ ဗျတ်စုတ်နဲ့ဗျတ်ပဲ့ကို ကိုယ်ကြိုက်သလိုနာမည်ပေးလို့ရမလားဗျ
ဟိုက ကိုင်လိုက်မှာပေါ့
ရှေးဟောင်းအီဂျစ် ခရားအိုးထင်တာပဲ = ဒါလဲဟုတ်ဘူး Jar ဂျား စီဘီယာ
ရှေးခတ်ယဇ်ပူဇော်ပွဲတွေရဲ့ အသုံးအဆောင်တွေလားမသိပါ = နိုင်ဂျံဂါးမှာနေပီးဘာမှသိဘူး
အဲ့ဒါ နတ်ဂဒေါ် သာဗိန် ဖဲရှုံးလို့ပေါင်ထားတဲ့ သုံးဆယ့်ခုနစ်မင်းရုပ်တွေ တိဘီလား
အခန်းငယ်တခုစီမှာ ပြထားတဲ့ပစ္စည်းများအကြောင်းကို နံရံကပ် Ipad ကတဆင့် နားထောင်နိုင်ပါတယ် =
ခရီးစဉ်တစ်ခုလုံးမှာ ဒီနေရာမှာ အညံ့ဆုံးဘဲ အီးယားဖုံးကြိုးတွေကို ဖြတ်ပြီး အီးယားဖုံးတွေကို အိပ်ထဲထည့်ခဲ့ပြီးရော
အမှန်အကန်ပစ္စည်းတွေ ဂျက်ပင်အသစ်ပြန်ဆက်ပြီးသုံးလို့ရတယ်
ကြောင်ကြီး
July 16, 2011 at 11:44 am
အားပေးကြသူများကို ကျေးဇူးဥပကာရ တင်ရှိပါတယ်
ရွှေနီရေ http://myanmargazette.net/49184/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle မှာ အခြားပုံတွေကို တင်ထားဖူးပါတယ်။ စာကြည့်တိုက်ကတော့ တပုံပဲပါတယ်။ (နှစ်ပုံထပ်နေတယ်) ပုံတွေအားလုံးလဲ စက်လေးလို့ ဖျက်လိုက်ပြီ။
သဂျီးခင်ဗျား MoMA ပြတိုက်က ဝင်ကြေး လူကြီး ၂၀၊ ကျောင်းသား ၁၂ ဒေါ်လာချလို့ စိတ်မဝင်စားပါ။ တခါပဲရောက်ဖူးတယ်။ ပြတိုက်ကတော့ အကျယ်ကြီးပဲ၊ သုံးထပ်ထင်တယ်။ လျောက်ကြည့်တာခြေညောင်းလို့ ပြန်ဖို့လုပ်တာ ထွက်ပေါက်တောင် မနဲရှာရတယ်။ ကြည့်စရာရှုစရာတွေ အများကြီးရှိပါတယ်။ ကျနော်တွေ့တဲ့ ရုပ်ထုတွေဘာတွေကတော့ ပုံတူတွေ။
တလောကတောင် ဗဟိုပန်းခြံဖက်ရောက်တော့ တရုတ်ပညာရှင် အောဝေဝေ လား အူဝေဝေလား (မဝေဦးလေးဖြစ်ပုံရတယ်) နာမည်မခေါ်တတ်ပါ။ သူ့ရဲ့ လက်ရာမြောက် သစ်ဆုံသစ်မြစ်ကနေလုပ်ထားတဲ့ (ငါတို့မြန်မာပြည်က သစ်တွေပဲဖြစ်မှာပါ 🙁 ) ရာသီခွင် အကောင် အရုပ်ကြီးတွေ တွေ့ခဲ့သေးတယ်။ ကင်မရာရိုက်ရမှာ ပျင်းလို့ မရိုက်ဖြစ်ခဲ့တာ အခုမှနောင်တရတယ်။ ရွာသားတွေကြိုက်မှန်းသိရင် နောင်ဆိုအမှတ်တရ ရိုက်ခဲ့ပါမယ်….
ဆူး
July 16, 2011 at 11:07 pm
မျက်နှာပုံ လုပ်ထားတာ ပလပ်စတစ် နဲ့ တူတယ်နော်.. လက်ရာသေသပ်တယ်။
သဂျီး ပုံနဲ့ ချွတ်စွပ်ပဲ မျက်မှန်လေး တပ်ပေးလိုက်ရင် ကွက်တိ တူသွားနိုင်တယ်။
pan pan
July 18, 2011 at 1:56 pm
မြန်မာလူမျိုးတွေ တခြားတိုင်းပြည်ကလူတွေထက်တော်တယ်ဆိုတာ သေချာတယ်
ဦးကြောင်ကြီး ဓါတ်ပုံခိုးရိုက်လို့သာပဲ၊ တော်တော်ကောင်းတဲ့ ဓါတ်ပုံတွေ
သေသေချာချာ ဗျူးကောင်းကောင်းရိုက်ထားတာပဲ
MOEPWINTPHYU
July 18, 2011 at 2:30 pm
ဦးကြောင်ကြီ ဓါတ်ပုံခိုးရိုက်ထားတာသိပ်တော်တာပဲ