Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အာဇာနည်ဗိမာန် သို ့(၂၈)အကြာမှ ပြည်သူလူထုတက်ရောက်ခွင့်ရရှိ

အာဂJuly 18, 20111min34512

ကာလအတန်ကြာ ပြည်သူလူထု တက်ရောက်ဂါရဝ ခွင့်မရှိသော အာဇာနည်ဗိမာန် အား ၂၈နှစ်အကြာတွင် ပြန်လည်တက်ရောက် ဂါရဝပြုလိုက်ပြီဖြစ်ကြောင်းနိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်ကိုတွေ့ရှိရသည်။

၁၉၈၃ခုနှစ်အောက်တိုဘာလ ၉ရက်နေ့က တောင်ကိုရီးယား သမ္မတမစ္စတာ ချမ်ဒူးဝမ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အာဇာနည်ဗိမာန်သို့ ရောက်ရှိလာချိန်မှာ မြောက်ကိုရီးယား သူလျှိုတွေရဲ့ လက်ချက်နဲ့ တောင်ကိုရီးယား ဝန်ကြီးအဖွဲ့ဝင် ဝန်ကြီး၃ဦး အပါအဝင် မြန်မာနဲ့ တောင်ကိုရီးယား လူမျိုး ၂၁ဦးသေဆုံးခဲ့ပြီး ၄၆ဦးဒဏ်ရာရခဲ့ပါတယ်..။ သေဆုံးခဲ့ရတဲ့ ကိုရီးယား ဝန်ကြီး ၃ဦးကတော့ မေရီလန်းနဲ့ ဝါရှင်တန် တက္ကသိုလ်ဘွဲ့ရ နိုင်ငံခြားရေးဝန်ကြီးLee Beom-seok၊ စီမံကိန်းဝန်ကြီးနဲ့ လက်ထောက်ဝန်ကြီးချုပ် Suh Suk Joo၊ ကုန်သွယ်မှုနဲ့ စက်မှုဝန်ကြီး Kim Dong Whie တို့ဖြစ်ကြပြီး ကိုရီးယားသမ္မတ အကြံပေးအရာရှိအပါအဝင် သတင်းမီဒီယာ ဂျာနယ်လစ်တွေပါ သေဆုံးခဲ့ရပါတယ်။ သမ္မတချမ်ဒူးဝမ် စီးနင်းလာတဲ့ ကားကတော့ မိနစ်အနည်းငယ် နောက်ကျခဲ့တဲ့ အတွက် အသက်ဘေးမှ လွတ်မြောက်ခဲ့ရပါတယ်..

အဆိုပါဖြစ်ရပ်များအပြီး (၂၈)အကြာမှ ပြည်သူလူထုပြန်လည်တက်ရောက်ရှိခွင့်ရခြင်းဖြစ်သည်။

12 comments

  • zawmyothu

    July 18, 2011 at 5:13 pm

    ယတြာ ချေထားတာ တော. မဟုတ်လောက်ဘူး ထင်တယ်။

    • R Ga

      July 18, 2011 at 5:17 pm

      ယတြာပဲချေချေ ဗျာ… အခွင့်သာတုန်း တစ်ခေါက်လောက်တော့ သွားဖြစ်အောင်သွားကြည့်ဦးမယ် အစ ဗိုလ်ချုပ်ပြတိုက်လောက်ပဲသွားဖို့စဉ်းစားထားတာ အခု တော့ ဒင်းတို့ပြန်ခွင့်ပြုလို့ သွား ဂါရဝပြုဦးမယ်ဗျာ။

  • manawphyulay

    July 18, 2011 at 5:15 pm

    ဒါဆိုရင် အရင်ထက် ပိုပြီး လမ်းကြပ်တော့မယ်ထင်တယ်နော်။ ဝမ်းသာစရာတော့ ကောင်းလှပါတယ်။

  • MOEPWINTPHYU

    July 18, 2011 at 5:24 pm

    အင်းသွားကြည်ရမှာပေါကြုံတောင်ကြုံခဲ 28နှစ်ကြီးများတောင်ဆိုတော

  • ရွှေဘိုသား

    July 18, 2011 at 6:35 pm

    သွားကြဗျ ဒါမဟာအခွင်.အရေးကြီးဖြစ်တယ်
    ကျွန်တော်ကတော. ဒီဆိုဒ်ပေါ်မှာ သီချင်းတွေတင်ရင်း ကိုယ်တင်တဲ.သီချင်းတွေ ပြန်နားထောင်ရင်းပဲ
    အလေးပြုလိုက်တယ်ဗျာ
    အလုပ်ကခွင်.မပေးလို. ဘယ်လိုမှမသွားနို်င်ဘူး ကျွန်တော်တင်တဲ.သီချင်းတွေက
    ကျွန်တော်.လို ခွင်.မရလိုမသွားနိုင်တဲ.သူတွေအတွက် အဝေးကနေဂုဏ်ပြုနည်းပေါ.ဗျာ

  • meocyrus

    July 18, 2011 at 7:40 pm

    အာဇာနည်ကုန်းဗုံးကွဲပီးပီးခြင်းရိုက်ထားတဲ့ဗီဒီယိုကို အောက်ကလင့်မှာကြည့်လို့ရပါတယ်။ မကြည့်ရသေးတဲ့သူအတွက်ပေါ့။ burmastrangenews.com ကရတာပါ။ တင်ပေးတဲ့သူတွေကိုတော့တော်တော်ကျေးဇူးတင်သင့်တယ်။
    ဒါမျိုးကကြည့်ရခဲတယ်လေ။
    http://www.burmastrangenews.com/search?updated-max=2011-06-02T14%3A18%3A00%2B09%3A00&max-results=20

  • windtalker

    July 18, 2011 at 8:12 pm

    ကျုပ်တို ့လူမျိုးတွေ ရဲ ့ခွင့်လွှတ်နိုင်စွမ်း က တော့ အံ့မခန်း ပဲ နော ။
    ဒါကြောင့်မို ့လဲ မြောက်ကိုးရီးယား နဲ ့နည်းပညာ ဖလှယ်နေကြတာပ

    • မင်းပြည့်ရှိန်

      July 19, 2011 at 12:00 am

      ဘယ်နားက ခွင့်လွှတ်နိုင်စွမ်းက အံ့မခန်းရမှာလဲ…
      ချီးခြောက်ရေနူးတာ..ဝါသနာ အပါဆုံးက ကျုပ်တို့လူမျိုး….

  • 007James

    July 18, 2011 at 10:20 pm

    ကျွန်တော်လဲမသွားနိုင်ဘူးဗျာ။ဝမ်းနည်းမိတာတော့အမှန်ပါ။

  • pan pan

    July 20, 2011 at 9:28 am

    “၁၉၈၃ခုနှစ်အောက်တိုဘာလ ၉ရက်နေ့က တောင်ကိုရီးယား သမ္မတမစ္စတာ ချမ်ဒူးဝမ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အာဇာနည်ဗိမာန်သို့ ရောက်ရှိလာချိန်မှာ မြောက်ကိုရီးယား သူလျှိုတွေရဲ့ လက်ချက်နဲ့ တောင်ကိုရီးယား ဝန်ကြီးအဖွဲ့ဝင် ဝန်ကြီး၃ဦး အပါအဝင် မြန်မာနဲ့ တောင်ကိုရီးယား လူမျိုး ၂၁ဦးသေဆုံးခဲ့ပြီး ၄၆ဦးဒဏ်ရာရခဲ့ပါတယ်..။ သေဆုံးခဲ့ရတဲ့ ကိုရီးယား ဝန်ကြီး ၃ဦးကတော့ မေရီလန်းနဲ့ ဝါရှင်တန် တက္ကသိုလ်ဘွဲ့ရ နိုင်ငံခြားရေးဝန်ကြီးLee Beom-seok၊ စီမံကိန်းဝန်ကြီးနဲ့ လက်ထောက်ဝန်ကြီးချုပ် Suh Suk Joo၊ ကုန်သွယ်မှုနဲ့ စက်မှုဝန်ကြီး Kim Dong Whie တို့ဖြစ်ကြပြီး ကိုရီးယားသမ္မတ အကြံပေးအရာရှိအပါအဝင် သတင်းမီဒီယာ ဂျာနယ်လစ်တွေပါ သေဆုံးခဲ့ရပါတယ်။ သမ္မတချမ်ဒူးဝမ် စီးနင်းလာတဲ့ ကားကတော့ မိနစ်အနည်းငယ် နောက်ကျခဲ့တဲ့ အတွက် အသက်ဘေးမှ လွတ်မြောက်ခဲ့ရပါတယ်..”

    အဲဒီအကြောင်းပါတဲ့ ဇာတ်ကားရှိတယ်
    ကိုရီးယားကား
    နာမည်က “အချစ်တိုက်ပွဲ”၊ City Hunterတဲ့
    မင်းသားက F4ထဲက မင်းသား
    အဲဒီဇာတ်ကားရဲ့ ပထမဆုံးဇာတ်ဝင်ခန်းက ခုနကသမ္မတကိုလုပ်ကြံတဲ့ အခန်းပဲ
    အာဇာနည်ဗိမာန်ကိုရိုက်ထားတယ်ဆိုတော့ အဲဒီဇာတ်ဝင်ခန်းကိုဂရုတစိုက်ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးသန့်ဓါတ်ပုံတွေ ချိတ်ထားတာ တွေ့ရလိမ့်မယ်
    ဇာတ်ကားထဲမှာ ပါတယ်

    • R Ga

      July 20, 2011 at 6:22 pm

      အဲဒီကားတော့အခုထိတော့ ကြည်နေတာ အပိုင်း(၃)(သုံးခွေမြောက်)ရောက်နေပြီ အခုထိတော့မပါသေးဘူး။ ဘယ်အပိုင်လောက်မှာပါတာလဲသိချင်ပါတယ်။

      • pan pan

        July 21, 2011 at 9:22 am

        ပထမဆုံးအခန်းမှာပဲပါတာပါ
        မင်းသားအဖေနဲ့ မွေးစားအဖေဖြစ်လာမယ့်လူနှစ်ယောက်က အဲဒီမှာ သမ္မတရဲ့ သက်တော်စောင့်တွေပါ
        စစချင်းလာတဲ့အခန်းမှာပဲ
        ကားတွေသမ္မတလာတဲ့လမ်းကြောင်းကိုပြတယ်၊ ပြီးတော့ သူတို့လာမယ့်အဆောက်အဦးကိုပြတယ်
        အဲဒီမှာ ဗုံးမပေါက်ခင် ခန်းမထဲကို ခဏရိုက်ပြတယ်၊ ပြတာက ခဏမှခဏလေး၊
        တစ်စက္ကန့်လောက်ပဲ၊ ကျွန်မတောင်ဦးသန့်ပုံပဲတွေ့လိုက်တာ

Leave a Reply