ပိုချစ်ရတဲ ့သူ….. ကိုယ်ပါပဲ။
တစ်ယောက်ကို တစ်ယောက် က ချစ်တယ် ဆိုတာ ဘုရားစိုက်တဲ ့ပန်းကလေး ပွင့်လာတာ တဲ ့။
တာရာမင်းဝေရဲ ့ စာ ထဲ မှာ ငါ ဖတ်လိုက်ရဖူးတယ် ။
ငါနဲ ့ နင့်ကြားမှာ ပန်းကလေးတွေတော့ ပွင့်ခဲ ့ပါရဲ ့။ ဒါပေမယ့် ့လေမုန်တိုင်းတွေ က ရက်ရက်စက်စက် တိုက်ချသွားတော့ အားလုံး……
ကြွေ…ပျက်…….ပျောက်…ဆုံး…းးးးးးးးးးးးး းးးးး းးးး။
ကွယ်………… ကံကြမ္မာ ဆိုတာ ဓါးထမ်းပြီး လာတတ်မှန်း
အစကတည်းက ဘာလို ့မတွေးတတ်ခဲ ့မိပါလိမ့် ။
လက္ခဏာဗေဒ ကျမ်းကြီး ဘေးချ ပြီး……. ကိုယ် ့ဘာသာ ပြန်
စစ်ဆေးခဲ ့ချိန်တုန်းကတော့…. နှလုံးလမ်းကြောင်းမှာ ကျွန်းပါနေမှန်း တွေ ့ခဲ့ ့သားပဲ။ ဒါပေမယ် ့ ငါက အနာဂတ်ဆိုတာတွေ ကို မယုံကြည်တတ်တဲ့ ့ကောင်လေ….။
အခုတော့…… ။
အချစ်ဆိုတာ စစ်ပွဲ တစ်ခုလိုပဲနော် ။ စစ်ပွဲ တစ်ပွဲရဲ ့ ရလဒ်က
အနိုင် ၊အရှုံး ။ အချစ်မှာက..တော့… အနိုင် အရှုံး ဆိုတာတွေ တော့ မရှိစကောင်းပါဘူး။
ဒါပေမယ် ့ ချစ်မိသူဆိုတာ စစ်အရှုံးဆုံး လူ ပဲ။
စစ်တစ်ပွဲ ရှုံးရင် ပေးဆပ်လိုက်ရတာတွေ က အသက်တွေ ၊အိုးအိမ်တွေ.. ။ အချစ် ရှုံး လို ့ပေးရတာတွေကတော့… နှလုံးသားနဲ့ ့..မျှော်လင့်ချက်တွေ……..။
ပြီးတော့…. စိတ်ဓါတ်တွေ.. ၊လှပတဲ ့အိပ်မက်တွေ…၊ အသက် ဆက် ရှင်..
လိုစိတ်တွေ…။
အချစ်နဲ ့စစ်မှာ မတရားတာ မရှိဘူး..တဲ ့။ ကြည့်စမ်း…ဒီလောက်
ဆိုးဝါးတာကိုများ….ငါ ဘာလို ့မရှောင်တိမ်းတတ်ခဲ ့ပါလိမ့်။
အခုတော့… ငါက တစ်ယောက်ယောက်ကို ချစ်မိမှာကို
အရမ်းကြောက်သွားတဲ ့ ကောင်လေးတစ်ယောက်။
နင်ကတော့ တစ်ယောက်ယောက် လာချစ်မှာကို ကြောက်
နေတဲ ့ကောင်မလေးတစ်ယောက်။
နင်ရွေးတဲ ့ လမ်း… မှန်သလား မှားသလား… နင်ပဲသိမယ်။
ငါကတော့ စချစ်မိတည်းက..ပေးဆပ်မှုနဲ ့ ချစ်ခဲ ့တာ..။ ငါ မရှိလည်း….နင် ရပ်တည်ရဲ အောင်…….၊ ငါ့ကို မရှိမဖြစ် လိုအပ်မနေအောင်…၊
သတိကြီးကြီးထားပြီး ချစ်နေခဲ ့တာလေ။
ပိုင်ဆိုင်လိုစိတ်တွေ ကို ထည့်မတွက်ခဲ ့ပဲလေ….
နင့်ကို ပေးဆပ်ရင်း…စွန် ့လွှတ်ရင်း ချစ်သွားတာကသာ… တကယ် ့အချစ်စစ် နဲ ့ ချစ်ရာကျမယ်…လို ့ ကြိုတွေ းထားပြီးသားပါဟာ…။
ဒါပေမယ် ့ဟာ…..တကယ်တမ်းလည်း.. နင့်ကို ခွဲရတော့မှာဆိုတာ သေချာသွားတော့…. ငါ….ငါလေ…ငါ
ရပ်တည်လို ့မရတော့အောင် ကို ပြိုလဲ..သွားပါတယ် ။
ငါ..လဲကျပြီး သေဆုံးမတတ် ဖြစ်သွားချိန်မှာ….
ငါ အလိုအပ်ဆုံး အတမ်းတဆုံးက နင် ့ရဲ ့ကမ်းလက်ကလေး တစ်စုံပါဟာ……။
ဒါပေမယ့် … နင်က ငါနဲ ့အဝေးကြီးမှာ……….။
ငါ့ ကိုယ် ငါ ပြန်တည်ဆောက်ဖို ့ လိုအပ်နေတာတွေ အများကြီးပါပဲ။ အဲဒီထဲ မှာ အလိုအပ်ဆုံးကတော့ နင် ့ရဲ ့ အားပေးတဲ့ ့အပြုံးကလေးတစ်ချက်………. ပါပဲ။
နင့်ရဲ ့အဲဒီ အပြုံးတစ်ချက်ကို အမှတ်တရ အနေနဲ ့တစ်သက်လုံး သိမ်းထားခွင့်ရချင်လိုက်တာဟာ…….။
လေးစားစွာ..ဖြင့် ….
အလင်းဆက်
27.7.2011
8 comments
manawphyulay
July 27, 2011 at 2:12 pm
ဪ… ဂျူး ကိုယ်ခွဲလား………. ဂျူးနဲ့ဘာတော်လဲလို့ လာကြည့်တာပါ။
pan pan
July 27, 2011 at 2:39 pm
အင်းလေ…
ဂျူးဝတ္ထုနာမည်နဲ့တူနေတော့..ဗာရှင်းအသစ်လားလို့
lusoegyikoko
July 27, 2011 at 2:50 pm
ကောင်းပါတယ် ဂျူး ဝတ္ထုနဲ့နာမည်တူနေတော့လာဖတ်ဖြစ်တာ အချစ်ကိုတစ်သက်လုံးဒီခံစာမှုအတိုင်းခံစားချင်လိုက်တာ..
နွယ်ပင်
July 27, 2011 at 2:53 pm
ချစ်မိတဲ့သူက အရှုံးဆိုတာမှန်လောက်တယ်
ချစ်မိမှာတော့ သူ့အတွက် ကိုယ်က ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ်နေနေ
ပေးဆပ်ပြီး ချစ်နေချင်သူများပါတယ် ..
နွယ်ပင်ကတော့ ပိုချစ်ရတဲ့သူ မဖြစ်ချင်ဘူး ပိုအချစ်ခံရတဲ့သူပဲ ဖြစ်ချင်တယ် 🙂
Han Lin
July 27, 2011 at 3:44 pm
ဖတ်လို့ကောင်းတယ်…တော်တေ်ာခံစားထားတယ်နဲ ့တူတယ်…
ကြိုက်တယ် ဒီ ဘလော့ခ် ကို
စုံ စုံ
July 27, 2011 at 3:48 pm
အချစ်ကြီးသူကရှုံးတာဘဲ
ရှေးလူတွေဆုံးမကြတယ်
ဘယ်တတ်နိုင်မလဲ
မင်းကိုဘဲ
ငါ့ရင်မှာ
အကြီးကြီးချစ်နေတယ်………. 🙂 🙂 🙂
windtalker
July 27, 2011 at 8:18 pm
အို ဘာတဲ့
ပန်းတွေ နဲ ့ဝေ
သူငယ်ချင်းလို ပဲ ဆက်၍ ခေါ ်မည် ခိုင်
မြစ်တို ့၏ မာယာ
အကြွေး
ရွှေဘိုသား
July 27, 2011 at 9:56 pm
အပြုံးလေတစ်ချက်ပဲလား 🙂 🙂 🙂 သုံးချက်တောင်ပေးလိုက်တယ်
ထတော. အလင်းစက် ရေ