Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လူထုဒေါ်အမာ(ထာဝရလေးစားသူ)

အညာဒေသကိုချစ်မြတ်နိုးတဲ ့ကျမ..အညာနဲ ့အမာ က တစ်သားတည်းဖြစ်နေတဲ ့လူထုဒေါ်အမာကိုမေ့လို ့မရပါဘူး..။
ဘာသာတရားကျေးဇူး၊
အမိအဖ များကျေးဇူး၊

သင်ဆရာမြင်ဆရာ၊ကြားဆရာတို ့ကျေးဇူး.၊

လေးစားအတုယူအားကျရပါသောစိတ်ထားရှိသူတို ့ကို

လူရယ်လို ့ဖြစ်လာတဲ ့ဘဝမှာ.တခါခွင့်ရယ်ကြုံတဲ ့ဘဝမှာကျမလူထုဒေါ်အမာရဲ ့စိတ်အဟာရတိုက်ကျွေးခဲ ့တဲ ့စာပေအသိကျေးဇူးကိုလည်း

ရေဆန်ပြန်စီးခွင်ပြုပါလို ့ကန်တော့ပန်းဆင်ပါစေ……။ ။

လူထုဒေါ်အမာ(ထာဝရလေးစားသူ)(၁၉၁၅-၂၀၀၈)

လူထုဒေါ်အမာ၏ အမည်ရင်းသည် အမာဖြစ်သည်။ လူထုသတင်းစာတွင် ရေးသား၊ အယ်ဒီတာလုပ်ခဲ့သဖြင့် လူထုဒေါ်အမာဟု အမည်တွင်သည်။ ဒေါ်အမာကို မန္တလေးမြို့ ဂုန္တာန်ရပ်၊ အဖဦးထင် အမိဒေါ်စုတို့မှ ၁၉၁၅ခု၊ နိုဝင် ဘာ ၂၉ တနင်္လာနေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ၁၂ယောက်တွင် စတုတ္ထသမီးဖြစ်သည်။
၁၉၂၁-ခုနှစ်တွင် မန္တလေးမြို့ ဒေါ်စောအုံ၏ အမျိုးသမီး နေရှင်နယ်ကျောင်း၌ ဒုတိယတန်းအထိ ပညာသင်ကြား ခဲ့သည်။ ၁၉၂၃-မှ ၁၉၃၁ အထိ အမျိုးသမီးနေရှင်နယ်ကျောင်းပျက်၍ တတိယတန်းမှ နဝမတန်းအထိ အေဘီအမ် ကျောင်းတွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ ၁၉၃၃-ခုနှစ်တွင် မန္တလေးမြို့၊ ဗဟိုအမျိုးသားကျောင်းမှ ဆယ်တန်းအောင်မြင်ခဲ့သည်။ ၁၉၃၃-၁၉၃၅ တွင်မန္တလေးဥပစာကောလိပ်တွင် ဓာတု၊ ရူပ၊ သချာင်္ဘာသာတွဲ ယူကာ ပညာသင်ခဲ့သည်။ ၁၉၃၆-ခုတွင် ရန်ကုန်တက္ကသိုလ် ဘီအေအောက်တန်း၊ အင်းလျားဆောင် သဟာယနှင့် စာဖတ်သင်း အတွင်းရေးမှူး၊ ဒုတိယကျောင်းသားသပိတ်ကြီးတွင် ပါဝင်ခဲ့သည်။ အိုးဝေမဂ္ဂဇင်း၊ ကြီးပွားရေး မဂ္ဂဇင်း၊ ဘာမားဂျာနယ်တို့တွင် ဝတ္ထုဆောင်းပါးများရေးသားသည်။ ကြီးပွားရေးဦးလှနှင့် စတင်သိကျွမ်းပြီး ကြီးပွားရေးတွင် ”ခင်လှဝင်း”၊ ”မြမဉ္ဇူ”ကလောင်အမည်များဖြင့် ရေးသားခဲ့သည်။
၁၉၃ရ တွင် ဘီအေနောက်ဆုံးနှစ် စာမေးပွဲကျရှုံးပြီး ကျောင်းထွက်သည်။ မန္တလေးတွင် ‘မြန်မာစက္ကူဆိုင်’ဖွင့် သည်။
၁၉၃၈တွင် ဆရာကြီးဦးရာဇတ်၏တိုက်တွန်းချက်အရ မောရစ်ကောလစ်၏ Trials In Burmaကို ”မြန်မာပြည် တွင် စစ်ဆေးခဲ့သောအမှု့အခင်းများ”အမည်ဖြင့် မြန်မာပြန်ဆို ထုတ်ဝေခဲ့သည်။ သပိတ်မှောက်ကျောင်းသူ အမာ အမည်ဖြင့်ထုတ်ဝေခဲ့ရာ စာပေနယ်တွင် ထိုအမည်ထင်ရှားလာခဲ့သည်။
၁၉၃၉-ခုနှစ် နိုဝင်ဘာ ၁၃ရက်တွင် ကြီးပွားရေးဦးလှနှင့် လက်ထပ်ခဲ့သည်။
၁၉၄ဝတွင် မောရစ်ကောလစ်၏Sandamalaကို ”စန္ဒမာလာ”အမည်တပ်၍ မြန်မာပြန်ထုတ်ဝေသည်။
၁၉၄၂-၄၄ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ”ကပိုင်ရွာ”သို့ ခေတ္တပြောင်းရွှေ့နေထိုင်ပြီး စာအုပ်ထုတ်ဝေရေး လုပ်ငန်း များ ဆက်လက်လုပ်ကိုင်ခဲ့သည်။
၁၉၄၅-ခု လူထုဂျာနယ်(ဇူလိုင်)ထုတ်ဝေသောအခါ ပါဝင်ရေးသားပြီး လက်ထောက်အယ်ဒီတာအဖြစ် ဆောင်ရွက် ခဲ့သည်။Wanda Wasilewska၏ The Rainbowကို”သက်တန့်ရောင်”အမည်ဖြင့် မြန်မာပြန်ထုတ်ဝေခဲ့သည်။
၁၉၄၆ လူထုသတင်းစာ(၁၉၊ဧပြီ) စတင်ထုတ်ဝေသောအခါ အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်သည်။ ”ဖခင် အောင်နိုင်”ကလောင်ခွဲဖြင့် ”နိုင်ငံရေးဆွေးနွေးခန်း”ပင်တိုင်ဆောင်းပါးများ ရေးသားသည်။ လူထုသတင်းစာနှင့် လူထုဂျာနယ်ကိုတွဲ၍ ထုတ်ဝေခဲ့ရာ ထိုအချိန်မှစ၍ ခင်ပွန်းသည်နှင့်အတူ သတင်းစာဂျာနယ် လုပ်ငန်းများကို ဇောက်ချလုပ်ကိုင်ခဲ့ပြီး လူထုဒေါ်အမာဟူ၍ အမည်တွင်လာခဲ့သည်။

၁၉၄၇-တွင်လူထုဦးလှနှင့်အတူ လွတ်လပ်ရေးအတွက် ဖဆပလအာဘော်တမျှ ရေးသားတိုက်ပွဲဝင်ခဲ့သည်။ ၁၉၄၉-ခုတွင် လူထုသတင်းစာနှင့် ကြီးပွားရေးပုံနှိပ်စက်များတည်ရှိရာ အဆောက်အအုံကို ဒိုင်းနမိုင်းဖြင့် ဖောက်ခွဲ ခံရသည်။ Gunther Stein၏The Challenge of Red Chinaကို ”ကွန်မြူနစ်တရုတ်ပြည် အင်အားပြိုင်ပွဲ” အမည် ပေး၍ ဘာသာပြန်ထုတ်ဝေခဲ့သည်။

၁၉၅၀-ခုတွင် ၁၉၄၉ ဧပြီ ၂၄က ပိတ်ထားခဲ့ရသည့် လူထုသတင်းစာကို (၁၉၅၀၊ နိုဝင်ဘာ ၁)တွင် ပြန်လည် ထုတ်ဝေသည်။ (၁၉၄၆-မေ)က ရပ်နားခဲ့သည့် လူထုဂျာနယ်ကို (၁၉၅ဝ ဩဂုတ် ၁)တွင် ပြန်လည်ထုတ်ဝေခဲ့သည်။
၁၉၅၃-ခု ကမ္ဘာ့ဒီမိုကရက်တစ်အမျိုးသမီးညီလာခံ(ကိုပင်ဟေဂင် ၇.၆့၅၃) ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံ(ဟန်ဂေရီ၊ ဘူဒါပက် ၁၅.၆့၅၃)။ ဒုတိယအကြိမ် ကမ္ဘာ့လူငယ်နှင့် ကျောင်းသားပွဲတော် (ရိုမေးနီယား၊ ဘူခါရက် ၂၅.ရ့၅၃)သို့ တက်ရောက်ခဲ့သည်။ Archie John Stone၏ In The Name Of Peaceကို ”ငြိမ်းချမ်းရေးသို့” ဟူ၍ ဘာသာပြန် ထုတ်ဝေခဲ့သည်။

လူထုဦးလှ ပုဒ်မ(၅)ဖြင့်အဖမ်းခံရ၍ လူထုသတင်းစာခေါင်းကြီးများကို တာဝန်ခံရေးသားသည်။

၁၉၅၉၊ မတ်လ ၁၂တွင် လူထုသတင်းစာ ချိတ်ပိတ်ခံရ။

၁၉၆ဝ မေ ၁ဝတွင် လူထုသတင်းစာပြန်ထွက်ခဲ့သည်။ ၁၉၆၂ဖေဖော်ဝါရီ ၃ အေရိုဖလုတ် လေကြောင်းဖွင့်ပွဲတွင် သတင်းစာဆရာကိုယ်စားလှယ်အဖြစ် ဖိတ်ကြားခံရ၍ မော်စကိုသို့သွားရောက်ခဲ့သည်။

အပြန်တွင် အရှေ့ဂျာမနီ ချက်ကိုစလိုဗက်ကီးယားနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံများသို့ လှည့်လည်ခဲ့သည်။

၁၉၆၃ တွင်”ဆိုရှယ်လစ်တိုင်းပြည်များသို့” ”အိုယန်းကီး တို့” ”ငွေနှင့်လက်နက်”စာအုပ်များရေးသားထုတ်ဝေခဲ့။

၁၉၆၄-တွင် ”ပြည်သူချစ်သော အနုပညာသည်များ”စာအုပ်ပြုစုရေးသားထုတ်ဝေသည်။ ထိုစာအုပ်ဖြင့် ၁၉၆၄ စာပေဗိမာန်၏ ”အနုပညာဆိုင်ရာ စာပေပထမဆု” ရရှိသည်။

၁၉၆၆-တွင်အဂ္ဂါစနိုးရေးသားသည့်”ွှThe Other Side of the River”ကို”ဘဝချင်းမတူသည့် တရုတ်ပြည်” အမည်ဖြင့် ဘာသာပြန်ပြီး နှစ်တွဲခွဲထုတ်ဝေခဲ့သည်။

၁၉၆၇-ခုတွင် လူထုသတင်းစာ ရပ်စဲခံရသည်။ ”အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံး” စာအုပ်ကိုရေးသားထုတ်ဝေခဲ့။

၁၉၆၉”ရွှေရိုးဘကလေး” နှစ်တွဲခွဲထုတ်ဝေ၊ ကာတွန်းဘကလေး၏ ”ရွှေတလေးကာတွန်းများ”ကို ဖြည့်စွက် အမှာရေးသား ထုတ်ဝေခဲ့။

၁၉၇၀”ရွှေမန်းတင်မောင်” စာအုပ်ပြုစုထုတ်ဝေ။ မတ်လ ၃ ရက်နေ့တွင် မန္တလေး-ကန်သာယာ စာတမ်းဖတ်ပွဲ၌ ”ဗမာ့ ဖန်ကျီလုပ်ငန်း” စာတမ်းဖတ်။
၁၉၇၁-မန္တလေးဓမ္မဗိမာန်မှာ ”ကနေ့ဗမာ့သဘင်” စာတမ်းဖတ်။

၁၉၇၂-မန္တလေး နိုင်ငံတကာစာအုပ်နှင့် စာတမ်းဖတ်ပွဲ၌ ”ကမ္ဘာ့အကြီးဆုံးစာအုပ်” စာတမ်းဖတ်။

၁၉၇၃-တွင်”အငြိမ့်”စာအုပ်နှစ်တွဲခွဲထုတ်ဝေ။

၁၉၇၅-”ရွှေဒေါင်းတောင် ဆောင်းပါးများ” စာအုပ်ထုတ်ဝေ။

၁၉၇၆ ”ဆရာကြီးသခင်ကိုယ်တော်မှိုင်း”အတ္ထုပ္ပတိ္တစာအုပ်ထုတ်ဝေ။ ဩဂုတ် ၁၉ ဟံသာဝတီသတင်းစာ စနေ စာပေဝိုင်းစာတမ်းဖတ်ပွဲတွင် ”အတ္ထုပ္ပတိ္တစာပေ”စာတမ်းဖတ်။

၁၉၇၈- ဩဂုတ် ၂၁ တွင် လူထုဦးလှသား ကိုငြိမ်းချမ်းတို့ နှင့်အတူ အထိန်းသိမ်းခံရ။ (၁ နှစ် ၁ လ ၁ ရက်ကြာ။

၁၉၇၉- ဩဂုတ် ၂၂ တွင် အထိန်းသိမ်းခံဘဝက ပြန်လွတ်။

Chester Ronning၏ ”A Memoir of China in Revolution” ကို ”တော်လှန်တဲ့ တရုတ်ပြည် ကျွန်တော် မှတ်မိသမျှ”အမည်ဖြင့် ဘာသာပြန်ထုတ်ဝေ။

၁၉၈၂တွင် နှစ်ပေါင်း ၄ဝ ကျော် ပေါင်းသင်းလာခဲ့သော ခင်ပွန်းလူထုဦးလှ ကွယ်လွန်။

၁၉၈၄ မတ်လ ၄ တွင် မန္တလေးမီးကြီးအတွင်း ကြီးပွားရေးစာအုပ်တိုက် ပုံနှိပ်တိုက်၊ စက္ကူသိုလှောင်ရုံ၊ စာအုပ် သိုလှောင်ရုံများ၊ မီးလောင်ဆုံးရှုံး။

၁၉၈၅ နိုဝင်ဘာ ၂၉။ အသက် ၇ဝ ပြည့်မွေးနေ့ပွဲ အမရပူရ တောင်လေးလုံးမှာ ကျင်းပ။ ”ချင်းတွင်းမှ ပင်လယ် သို့”စာအုပ် ထုတ်ဝေ။

၁၉၈၉- မေ ၂ရ ”ပြည်သူချစ်သော အနုပညာသည်များ”စာအုပ် ငွေရတုပွဲ အမရပူရတောင်လေးလုံးမှာ ကျင်းပ။
”မြန်မာ့မဟာဂီတ”စာအုပ်ထုတ်၊ ”အာဖရိကဝတ္ထုတိုများ” စာအုပ်ထုတ်။

၁၉၉၀- လူထုဦးလှနှင့် ပူးတွဲရေးသော ”ဆေးလိပ်နှင့် လူသား” စာအုပ်ထုတ်ဝေ။

၁၉၉၁- ဓနမဂ္ဂဇင်းတွင် ရေးသားခဲ့သော ဆောင်းပါးများစုလည်းလျက် ”မန္တလေးသူ၊ မန္တလေးသားများ” အမည် ဖြင့် စာအုပ်ထုတ်ဝေ။

၁၉၉၂-”ရနံ့သစ်မဂ္ဂဇင်း”တွင် ”ဇမ္ဗူဒီပါအောင်ထွန်း”ကလောင်အမည်ခွဲဖြင့် နိုင်ငံတကာဆောင်းပါးများ ရေးသား ခဲ့။
”ထိုင်းဝတ္ထုတိုများ (၁)” ထုတ်ဝေခဲ့။

၁၉၉၃- မဂ္ဂဇင်းများတွင် ရေးသားခဲ့သော မန္တလေးဆိုင်ရာ ဆောင်းပါးများကို စုပေါင်းလျက် ”ရတနာပုံ မန္တလေး၊ ကျွန်မတို့ မန္တလေး”စာအုပ်ထုတ်။
”ထိုင်းဝတ္ထုတိုများ (၂)” စာအုပ်ထုတ်ဝေ။

၁၉၉၄- ”သာသာနာ့တန်ဆောင် ဆရာတော်ကြီးများ” စာအုပ်ထုတ်ဝေ။

”ရွှေဒေါင်းတောင်ဆောင်းပါးများ”ကို ဂျပန်အမျိုးသမီး Yasuko Dobashi(မြန်မာအမည် ဒေါ်ယဉ်ယဉ်မြ)က ဂျပန်ဘာသာပြန် Shinjuku Shobo Co.,Ltdစာအုပ်တိုက်မှ တန်ဖိုးယန်း ၂၇၁၈ဖြင့် ထုတ်ဝေ။

၇၉ နှစ် မွေးနေ့အမှတ်တရအဖြစ် ”ကျွန်မတို့ငယ်ငယ်က”ကိုယ်ရေးအတ္ထုပ္ပတိ္တစာအုပ်ကို ရေးသားထုတ်ဝေ။

၁၉၉၅- မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်းသားဟောင်းများ ဦးစီးထုတ်ဝေသည့် (၇၅) ကြိမ်မြောက် အမျိုးသား နေ့ စိန်ရတုအထိမ်းအမှတ်မဂ္ဂဇင်းတွင် ”တာဝန်ခံအယ်ဒီတာ”အဖြစ် ဆောင်ရွက်ခဲ့။

”ကမ္ဘာ့အကြီးဆုံး စာအုပ်” (၅)ကြိမ်မြောက်ထုတ်။

၁၉၉၆- ”ကမ္ဘာ့အကြီးဆုံး ကျောက်ဆင်းတုတော်”စာအုပ် ပြုစုထုတ်ဝေ။
၁၉၉၇- ”မြန်မာ့ခေတ်သစ် ပန်းချီစာအုပ်”၊ ”တောင်လေးလုံးမှ နတ်ကျွန်းထိ”၊ ”ပြည်သူချစ်သော အနုပညာ သည်များ”နှင့် ”အမေ့ ရှေးစကား”(ပ)တွဲ စာအုပ်များ ပြုစုထုတ်ဝေ။

၁၉၉၈- ”၈၃ နှစ် ၈၃ ခွန်း”လက်ကမ်းစာစောင် ပြုစုု ထုတ်ဝေ။ ၈၃ နှစ်ပြည့်မွေးနေ့ပွဲ အမရပူရ တောင်လေးလုံး ကျောင်းတိုက်တွင်ကျင်းပ။
၁၉၉၉-”တောင်အာရှ ပြတင်းပေါက်များ”စာအုပ်ထုတ်ဝေ။

၂၀၀၀- ပြည့်နှစ် ”အမေ့ရှေးစကား(ဒု)တွဲ” ပြုစုထုတ်ဝေ။

၂၀၀၁- ”ငယ်ကကျွမ်းတဲ့ ခင်ပွန်းသည်သို့” စာအုပ် ရေးသားထုတ်ဝေ။

၂၀၀၂- ”ငွေနှင့်လက်နက်” ဒုအကြိမ်၊ ”ဆေးလိပ်နှင့်လူသား”ဒုအကြိမ်။ ” ၁၂ ပွဲ ဈေးသည်နှင့် ကျွန်မတို့အညာ” စာအုပ်ထုတ်ဝေ။

၂၀၀၃- ”မြန်မာပြည်တွင်စစ်ဆေးခဲ့သောမှုခင်းများ” တတိယအကြိမ် သီဟရတနာစာပေမှထုတ်ဝေ၊ ”လွမ်းသူ စာ”စာအုပ် စာပေလောကတိုက်မှ ထုတ်ဝေ။

၂၀၀၄- ”ချင်းတွင်းမှ ပင်လယ်သို့” ဒုအကြိမ်ထုတ်ဝေ၊ ”သက်တံ့ရောင်”ဒုအကြိမ်ထုတ်ဝေ၊ ”စာအုပ်ဆိုင်က လူဝင်လူထွက် အတွေးအမြင်ဆောင်းပါးများ”စာအုပ်ထုတ်ဝေ။

ကလောင်အမည်ခွဲများမှာ – ခင်လဝန်း၊ ဇမ္ဗူဒီပါအောင်ထွန်း၊ ဖခင်အောင်နိုင်၊ ဖိုးသာအောင်၊ မြမဉ္ဇူ၊ အမာ၊ အမာ(တက္ကသိုလ် သပိတ်မှောက်ကျောင်းသူ)၊ အင်းလျားဆောင်သူတစ်ဦး။ ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ရက်တွင် နှစ် ၉ဝပြည့် အထိမ်းအမှတ်အဖြစ် ”လူထုအမေ နှစ်၉၀” အမှတ်တရစကားစု၊ စာစုစာအုပ်ကို စာရေးဆရာများ စုပေါင်းရေးသားလျက် ကမာရင်ကွဲစာအုပ်တိုက်(ရန်ကုန်)မှ ထုတ်ဝေခဲ့သည်။

၂၀၀၈ ခုနှစ် ဧပြီလ ရ ရက်နေ့နံနက် ၈ နာရီ ၃ရ မိနစ်တွင် မန္တလေးမြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ အသက် ၉၃ နှစ်ရှိပြီဖြစ်သည်။

လိုအပ်သည်များကိုhttp://www.myanmarbookshop.com/မှကူးယူဦးထိပ်ပန်ဆင်တင်ပြပါသည်။။

ရိုသေလေးစားသော

ရွှေအိမ်စည်

2 comments

  • kai

    July 30, 2011 at 3:34 pm

    အယ်လ်အေမှာ.. စာပေဟောပြောပွဲလုပ်ရင် … ဖိတ်ဖြစ်နေကျက… ဆရာစွမ်း။ ဆရာဝင်းဖေ ဆိုတော့ကာ… လူထုတိုက်ရဲ့ သားတပည့်တွေဖြစ်နေတယ်..။
    ဆရာကြီးတွေက.. အမြဲတန်း… လူထုတိုက်ဂုဏ်ကျေးဇူးထည့်ပြောလေ့လည်းရှိကြတာကိုး..။

    တကယ်တော့.. လူထု တိုက်က..မြန်မာစာပေရဲ့ မှတ်ကျောက်တိုင်ကြီးတတိုင်ရယ်ပါပဲ..။

  • victor soemoe

    July 30, 2011 at 6:10 pm

    LA မှာလုပ်ခဲ့ တဲ့ ဆရာမမေငြိမ်း ၊ ဆရာမောင်စွမ်းရည်၊ဆရာ ဦးဝင်းဖေ နဲ့ ဆရာမ ခက်မာ တို့ဟောခဲ့တဲ့ -စာပေဟောပြောပွဲ MP3 ကို စောစော ကပဲ နားထောင် လာခဲ့ တာရယ် -ဆရာမောင်စွမ်းရည် က လူထုဦးလှနဲ့ လူထုဒေါ် အမာအကြောင်း ဂဃနဏ ပြောသွားတာ ကို နာထောင် မိခဲ့တာရယ်ကြောင့် –
    စိတ်ဝင်တစားဖတ်သွားပါတယ် – ကျေဇူးတင်ပါတယ် –

Leave a Reply