(Nature) …….တန် ငွေစက္ကူ 30Jul2011
လူသားတွေဟာ ငွေစက္ကူကို မသုံးမှီ စစချင်း ကုန်ပစ္စည်းခြင်းဖလှယ်ကြပါတယ်။ နောက်မှာ ဆား ကို ငွေအဖြစ်အသုံးပြု (ငယ်ငယ်တုန်းကသင်ဖူးတာ) ကြပြီး ဖြေးဖြေးနဲ့ နောက်ပိုင်းမှာ ငွေစက္ကူကို အသုံးပြုလာကြပါတယ်။ ငွေအကြွေ ၅ပြားစေ့ ၊ ၁ဝပြားစေ့ ၊ ၂၅ ပြားစေ့(မတ်စေ့) ၊ ၅ဝ ပြားစေ့ (ငါးမူးစေ့) တွေဟာ အရေကျိုသူတွေရဲ့ လက်ချက်နဲ့ ပျောက်ကွယ်ခဲ့ရပါတယ်။ အခုခေတ်မှာ အကြွေဆိုတာ ၁ဝ ကျပ်တန် ၊ ၂ဝ ကျပ်တန် ၊ ၅ဝ ကျပ်တန် ၊ ၁၀ဝ ကျပ်တန် ၊ ၂၀ဝ ကျပ်တန် ငွေစက္ကူ တွေဖြစ်ပါတယ်။ ငယ်ငယ်တုန်းက ၁ပြားစေ့ ၂စေ့ ကို ၅ပြားနဲ့ ဝယ်ပြီး သားရေကွင်းကြေး ခေါင်းပန်းလှန်ခဲ့တာကို သတိရမိပါတယ်။
အခုခေတ်မှာ ငွေစက္ကူ အကြီးဆုံး အရွက်ဟာ ၅၀၀ဝ ကျပ်တန်ဖြစ်ပါတယ်။
အဲဒီ မတိုင်မီက အကြီးဆုံးငွေစက္ကူဟာ ၁၀၀ဝ ကျပ်တန်ပါ။ ၁၀၀ဝ ကျပ်တန်ငွေစက္ကူ ရှိစဉ်က ငွေပေးငွေယူ သိန်းထောင်ချီရင် ပီနန်အိတ် ( ဆာလာအိတ်) နဲ့ ၄ ၊ ၅အိတ်လောက်ထည့်ရပါတယ်။ ငွေသိမ်းရင် ထမ်းဖို့ အလုပ်သမားတွေပါ ခေါ်သွားရပါတယ်။ တချို့ကလည်း အလုပ်သမားမပါရင် ပိုင်ရှင်ကိုယ်တိုင် ထမ်းရပါတယ်။ ငွေတွေကလည်း ရေရင် လျှော့နည်းမျိုးစုံနဲ့ လျှော့တတ်ပါတယ်။ အကုန်လည်း မရေနိုင်တဲ့အတွက် အုပ်ရေ (အစီးရေ) ပဲ စစ်ကြပါတယ်။ တခါတလေ တအုတ်ကို ၁ရွက် ၂ရွက် စီ လျှော့တယ်။ တခါတလေ တအုပ်တည်းပဲ ၁ဝရွက် လောက်လျှော့ပြီး ကျန်တဲ့အုပ်တွေက ပြည့်တတ်ပါတယ်။ ၁ဝရွက် လောက်လျှော့တဲ့အစီးဆို သေသေချာချာကြည့်ရင် သိသာပါတယ်။ ၁ဝရွက်ဆို ၁၀၀ဝ ကျပ်ပါ။ ၁၀၀ဝ ကျပ်တန်ငွေစက္ကူတွေ ဟာ သိန်းဆယ်ဂဏန်း ဆို စစ်လို့ လွယ်ပါတယ်။သိန်း ရာချီရင် အရွက်ရေကို စစ်ဖို့ အခက်အခဲရှိပါတယ်။တခါတလေ ၁၀၀ဝ ကျပ်တန်အုပ်ကို အလယ်က ၂၀၀ တန်တွေ ထည့်တာတွေ့ဖူးပါတယ်။ ငွေစက္ကူ အရွယ်ခြင်းတူတော့ ထည့်လို့ရပါတယ်။
၅၀၀ဝတန် ငွေစက္ကူတွေပေါ်လာတော့ သယ်ရတာတော့ သက်သာလာပါတယ်။ တအုပ်ကို ၁ရွက်လျှော့ရင် ၅၀၀ဝပါ။ ဒါလည်းသိန်းထောင်ချီရင် အရွက်ရေ ကို စစ်ဖို့ခက်ပါတယ်။
အဲဒီတော့ကျနော် စဉ်းစားမိပါတယ်။ ဘယ်လို လုပ်ရင်အဆင်ပြေနိုင်မလဲလို့။ ရွာသားတွေရော ဘယ်လိုလုပ်ရင် အဆင်ပြေနိုင် မယ် ထင်ပါသလဲ။ ငွေလဲ မထမ်းရအောင် အရွက်ရေလည်း မလျှော့အောင် လုပ်နိုင်မဲ့နည်းလမ်းလေးများ မရှိကြဘူးလား။
အများနဲ့မတူတဲ့စိတ်ကူးတခု စဉ်းစားမိပါတယ်။ အများကတော့ သဘောတူနိုင်မယ်မထင်ပါဘူး။ ချက်လက်မှတ်ကို အသုံးပြုရင် ငွေထမ်းစရာမလိုပဲ အရွက်ရေလည်း စစ်ဖို့မလိုတော့ဘူး။ ဒါပေမဲ့ ဒီ ချက်လက်မှတ်ကို ငွေအဖြစ်နဲ့သိမ်ထားလို့ မရဘူး။ ငွေထုတ်ရင်ထုတ် ၊ ကိုယ့်ရဲ့ စာရင်းထဲကို ပြောင်းထည့်ရင်ထည့် လုပ်ရပါတယ်။ ချက်လက်မှတ် ပိုင်ရှင်ရဲ့ စာရင်းထဲ (Account)မှာ ငွေမရှိမှာလည်း စိုးရိမ်ရပါသေးတယ်။
နိုင်ငံအတွင်းက ဘယ်ဘဏ်မဆို လက်ခံတဲ့ အစိုးက အာမခံ ချက်လက်မှတ်သဘောမျိုး ငွေလွဲ လက်မှတ်သဘောမျိုး ကျပ်သိန်းတရာတန် ၊ ကျပ်သိန်း ၅၀ဝတန် ၊ ကျပ်သိန်းတစ်ထောင်တန် ငွေစက္ကူ တွေထုတ်ရင် အဆင်ပြေနို်င်မယ်ထင်တယ်။ ဒါကတော့ ငွေမထမ်းရအောင်နဲ့ ငွေ မလျှော့ဘို့ အတွက်ပဲစဉ်းစားတာပါ။
တဖက်ကကြည့်ရင်တော့ ငွေဖောင်းပွလာနိုင်ပါတယ်။ ငွေစက္ကူ အတုတွေ ပေါ်လာနိုင်ပါတယ်။ အဲဒီ ငွေကိုသုံးရင် ပြန်အမ်းနိုင်ဘို့ ခက်ပါလိမ့်မယ်။
ငွေစက္ကူ အသစ်ထုတ်တဲ့ သဘောမျိုးမဟုတ်ပဲ လိုအပ်သူများအတွက်သာ ဘဏ်တွင် လာရောက်လဲလှယ်နိုင်သည်ဆိုရင် အဆင်ပြေမယ်ထင်ပါတယ်။ အတုအတွက်ကတော့ လွယ်လွယ်ကူကူ scan ရိုက်လို့မရအောင် အဆင့်မြင့် လုံခြုံရေးစံနစ်လိုပါမယ်။ ဥပမာ – စကာင်္ပူ ငွေစက္ကူလို အလယ်က ပလပ်စတစ်(အကြည်) ထည့်ခြင်း ။
ဘဏ်ချိန်တွေကို လည်း ကုန်သည်တွေ ငွေပေးငွေယူ အဆင်ပြေဖို့ ညနေ ၆နာရီအထိ တိုးပေးစေလိုပါတယ်။ မိုးချုပ်လို့ လုယက်မှုများ မဖြစ်စေရန် လုံခြုံရေးများလည်း ပိုမိုလိုအပ်ပါလိမ့်မယ်။
9 comments
leonus007
July 30, 2011 at 11:20 pm
ဒီပို ့စ် မှာဖေါ်ပြတဲ့ ပြသနာ အားလုံးဟာ e banking စံနစ် ပြည့်စုံ အောင် တပ်ဆင်၊ ဆောင်ရွက်နိုင်ရင် အားလုံးအဆင်ပြေပါတယ်။
နေရာတိုင်းမှာ Smart Card လို မျိုးကို လူတိုင်းအသုံးပြုနိုင်ရင် ငွေစက္ကူဆိုတာက အသေးသုံး ( လက်ဖက်ရည်သောက်၊ သရေစာ ဝယ်စား) ဖို ့လောက်ပဲ သုံးဖို ့လိုတော့မယ်။
PMP
July 30, 2011 at 11:50 pm
အင်း….စဉ်းတော့စဉ်းစားစရာဘဲ… ခုတော့ ATM စက်တွေလာနေပါပြီ..
winkyawaung
July 31, 2011 at 10:13 am
မြန်မာတွေကတော့ တော်တော်လေ့ကျင့်ပြီး သုံးရအုံးမယ်ထင်ပါတယ်။
Foreign Resident
July 31, 2011 at 11:12 am
နိုင်ငံအတွင်းက ဘယ်ဘဏ်မဆို လက်ခံတဲ့ အစိုးက အာမခံ ချက်လက်မှတ် = Government Bond
Grace
July 31, 2011 at 8:07 pm
Government Bond တွေလည်း ရှိတော့ ရှိနေတာပဲ။ လူသုံးတော့ သိပ်မများဘူး။ Privite Bank နဲ့ Governent Bank နှစ်ခုလုံးမှာ တွဲပြီး သုံးနိုင် မသုံးနိုင်တော့ သေသေချာချာ မသိဘူး။
manawphyulay
July 31, 2011 at 8:15 pm
ခုလစာထုတ်တာ အစိုးရ လခစားများငွေစက္ကူအကြွေအသစ်များ ဒိလမှစပြီးထုတ်ပေးနေကြောင်းတော့သတင်းရရှိပါတယ်ရှင်။ ဟုတ်မဟုတ်တော့မသိပါ။
ဆူး
July 31, 2011 at 9:09 pm
ကိုရီးယား ရုပ်ရှင်ထဲမှာတော့ ပိုက်ဆံ ၁ဝသိန်း သိန်း ၁၀ဝ ၁၀၀ဝ ဆိုပြီး ပေးနေလိုက်တာ လွယ်လွယ်လေး စာအိတ်လေးနဲ့ စာရွက်လေး ၁ရွက် ၂ရွက်ပဲ ပါတယ်။
သူတို့ ဆီမှာလည်း မြန်မာ နဲ့ ငွေကြေး တန်ဖိုး သိပ်မကွာလှဘူး။
ဗီယမ်နာမ်လို နိုင်ငံမှာတော့ ပိုက်ဆံ အကြောင်း ပြောရင် မူးနောက်သွားတာပဲ.. ၅၀၀ဝ ဆိုတာ အသေးစား မုန့်ဝယ်စားတဲ့ ပိုက်ဆံ သတောင်းစား ပေးတဲ့ ပိုက်ဆံ လောက်ပဲ ရှိတယ် ပြောတယ်။ တခုခုကို ဈေးတွက် တွက်မယ်ဆိုရင် အရင်မြှောက်ရတယ်။ ၁ခုခုဆို ၂ဝ နဲ့စားမှ တန်ကြေး ထွက်တယ်။ ပိုက်ဆံ အချပ်ကြီးတွေ မြင်လိုက်ရင် ၁သိန်းတန် ၁ဝသိန်းတန် မြင်မိတယ် သူ့ထက် ကြီးတာ ရှိမရှိတော့ မသိဘူး။
ပိုက်ဆံကို အဲလို ဂဏန်းများများလည်း မထုတ် စေချင်တာ အမှန်ပဲ.. အသုံးပြုရတာ နည်းနည်း အဆင်မပြေလှတဲ့ အတွက်။
nigimi77
July 31, 2011 at 9:29 pm
နောက်ထပ် ၁ဝ နှစ် လောက်ထိတော့ ကျုပ်တို ့မြန်မာနိုင်ငံသားတွေဟာ Credit (ယုံကြည်မှု) နဲ ့ လုပ်ရတဲ့ ကိစ္စတွေ ဖြစ်လာဖို ့
မလွယ်လောက်ဘူး။ ကျုပ် အမြင် ဒီကလူတွေ အတွက် က Credit Card လိုဟာမျိုးထက်စာရင် ကိုယ့်အကောင့်ထဲမှာ ငွေရှိမှ
သုံးလို ့ရတဲ့ Debit Card လို Cash Card လို ဟာမျိုးမှပဲ ပြသာနာတွေ သိပ်မရှိမှာ။ Phone ဆိုရင်လဲ အဲလိုပဲ Prepaid တွေက
အသင့်တော်ဆုံးပဲ။ အလကားရရင် ဆင်တောင် အကြွေးဝယ်တဲ့ ဆိုတဲ့ စကားဟာ မြန်မာတွေ အတွက် အကြောင်းမဲ့ ဖြစ်လာတယ်
မထင်ဘူး။ အခု PCO ဖုန်းတွေရှိတယ်ဗျာ။ ဘာကြောင့် အပို သပ်သပ် ဝန်ထမ်းတစ်ယောက်ထားရသလဲ။ အမျိုးမျိုးပြောလို ့ရပေမဲ့
သေချာတာက အစိုးရက လုပ်မပေးနိုင်တာတွေ အများကြီး ရှိနေတာလဲပါတယ်။ ခက်တာက ရထား သူ ့ဟာသူ သွားနေတာကို
ခဲ နဲ ့ပေါက်တတ်တဲ့ စရိုက်ဆိုးတွေရှိတဲ့ ကလေကချေ လူတန်းစားတွေ က ဆင်းရဲ လူလတ်တန်း လူချမ်းသာ မရွေး အများကြီးရှိ
နေတာကြောင့် လူမဲ့ စနစ်ကို ဖန်တီးလို ့ကို မရဘူးဖြစ်နေတာ။ အုပ်ချုပ်မှုနဲ ့ အပြစ်ပေး စနစ် ညံ့ဖျင်းတာလဲပါတယ်။
နိုင်ငံတိုင်းမှာ အကျင့်ပျက်ဆိုတာရှိတယ်။ စကာင်္ပူလိုမျိုး ပြင်းပြင်းထန်ထန် နှိပ်ကွပ်လိုက်ရင် မြန်မာပြည်မှာ Bus တွေမှာ စပယ်ယာ
မလိုအပ်တော့တာတွေ၊ Public ဖုန်းတွေမှာ လူ မလိုအပ်တော့တာတွေ၊ 24 Hour ဆိုင်တွေ၊ ATM Machine တွေ
ပေါ်ထွက်လာနိုင်တယ်။
နိုင်ငံသားတွေကလဲ ပညာမတတ်တာတောင် နိုင်ငံသား ကျင့်ဝတ်တွေကို သိရှိနားလည်ထားရင် ဖြစ်လာနိုင်ပါတယ်။
ဆိုတော့… ငွေကြေး အနေနဲ ့ကလဲ ဒီမှာ Credit စနစ်ကို ကျင့်သုံးဖို ့ ဘယ်လိုမှ ဖြစ်မယ်လို ့ မထင်ပါဘူး။
မဖြစ်နိုင်ဘူး ထင်ရင် ကျုပ်တို ့တွေ ရော့ပတ္တမြား ရော့ နဂါး စနစ်ကို ဦးလှည့်ကြည့်ရအောင်။
pan pan
August 1, 2011 at 9:36 am
ဟုတ်တယ်၊ credit card သုံးနိုင်ဖို့ကတော့ ခုအခြေအနေနဲ့ မလွယ်ဘူး
ချက်လက်မှတ်တွေရှိပေမယ့် တွင်တွင်ကျယ်ကျယ်သုံးတာလည်း မတွေ့ရဘူး
တစ်ဦးတစ်ယောက်ချင်းစီ ဘဏ်အကောင့်တွေနဲ့ဆိုရင် အဆင်ပြေမလားမသိဘူး
သေသေချာချာစနစ်တကျနဲ့ လုပ်မှဖြစ်မှာ