လှေငယ်……ရေပြင်………..နဲ့………………..
တက်သိမ်းအင်း ကန်တော်ကြီးရေပြင်က သိပ်မနက်ပါဘူး။
လှေကလေးတွေကတော့ မနက်ဆို ငါးအရှာထွက်တတ်ကြပါတယ်။
လှေကလေးသုံးစင်းက ရေထဲမှာ ကိုယ့်ဦးတည်ရာနဲ့ ကိုယ်ပေါ့။
ဒါကတော့ဆောင်းမနက်က လှေကလေးပေါ့
မြူမူံမူံထဲမှာ ဝမ်းစာရှာနေတာပေါ့ မချမ်းမစီး…
ဟိုအဝေးက ရှမ်းရိုးမကလဲ မပီဝိုးတဝါးမြူမူန်ကြားမှာ
ငြိမ်နေတဲ့ကရိဝိက်ဖောင်နဲ့ရွှေ့နေတဲ့လှေကလေး
မြောက်ဘက်ကနေ တောင်ဘက်ကို အရွှေ့
ပြိုင်ဘက်မရှိတစ်စင်းတည်းလို့ထင်နေပါမှ
ဖျတ်ကနဲ့ကြည့်ရင် လှေနှစ်စင်း တကယ်သေချာကြည့်ရင်တော့…………..
လှေကလေးက သုံးစင်းမြင်အောင်ကြည့်နာ်
ွှ
6 comments
007James
August 2, 2011 at 9:21 pm
ပုံတွေတအားကောင်းတယ်။ အလှအပ မခံစားရတာကြာပြီ။
pan pan
August 3, 2011 at 10:42 am
အိုတံငါ…
ရေပြင်မှာ ဝမ်းစာရှာ
ပိုက်ကွန်ငယ်ဖြန့်ပါလို့
အားစိုက်လို့ ဖမ်း။
အိမ်အပြန် ဗန်းကိုင်ကာစောင့်နေမယ့်ဇနီးသည်
ရောင်းရအောင် ရွှေငါကြင်းရယ်နှင့်
မြစ်ငါးတန် ခပ်ထွားထွားကို
သိမ်းကျုံးကာ ဖမ်းသယ်ခဲ့တယ်
အင်း….ဒီတနေ့ရယ်တော့ ဝမ်းရေးတွက်အေး…..။
(ဦးကြောင်ကြီးကို အားကျလို့ ကဗျာလိုက်ရေးတာ… ပေါက်ကရများဖြစ်နေလားမသိဘူး 😀 )
ကိုပေါက်(မန္တလေး)
August 3, 2011 at 6:28 pm
အိုတံငါ ………………
ဝမ်းစာအရေး
ချမ်းအေးတာလဲနားမလည်နိုင်။
ရေပြင်မှာ ပိုက်ကွန်ခင်းပါလို့
ငါးကြင်းရွှေငါးတန်
ဖမ်းဘို့သူကြံ။
အချိန်တန်
အိမ်အပြန်မျက်နှာလှအောင်ပ
အားစိုက် ကာပိုက်ကိုဆွဲလိုက်မယ်
ဝင်ခဲ့ပါ ရေပျော်ငါးတို့ရယ်။
ဘန်းကိုင်က တွင်တွင်ရောင်းရအောင်
ရှင်မရေ ဆီးလို့ကြိုစမ်း။
Mee2
August 3, 2011 at 11:17 pm
အရမ်းကောင်းတဲ့ကဗျာလေးပါနော်။အပူတကာ့အပူထဲမှာ ဝမ်းမီးကအဆိုးဆုံးပေါ့။အကျီင်္မပါကျောဗလာနဲ ့ သူ ့မိသားစု ဝမ်းရေးကို ရာသီဒဏ်မကြောက်ရဲဝံ ့စွာ လှုပ်ရှာဝံ့တဲ့ အာဂလူသား. လူသားပီသ သူပါလေ
P zer
August 3, 2011 at 11:56 pm
ကဗျာစပ်တာ ကောင်းလွန်းလို. ” +” ပေးလိုက်ပါကြောင်း…….:)
etone
August 4, 2011 at 10:00 am
ရေတွေ မြက်ခင်းတွေ တွေ ့လျှင် ဘာလို့မှန်းမသိ ပျော်မိပေမဲ့ … … ရေတော့ တအားကြောက်တယ် … ။ ရေထဲမဆင်းရဲဘူး … သဘောင်္ မစီးရဲဘူး ။ လှေဆိုပိုဆိုးသေး … ။