Nationalist or Naive? နိုင်ငံကိုစွန့်ခွာခြင်း
ဩဂုတ်လ ၅ရက်ထုတ်.. မြန်မာ့အလင်းသတင်းစာထဲက… မောင်တင်အေး(သရက်)ရဲ့… .နိုင်ငံကိုစွန့်ခွာခြင်းဆောင်းပါးဖတ်ပြီး… ယူအက်စ်နေ မြန်မာတွေအပါအဝင်.. နိုင်ငံတကာကမြန်မာတွေ ပြန်ပြောချင်တာရှိချင်ရှိမှာပဲဆိုပြီး.. ဒီပို့စ်တင်ပါတယ်..။
(ပြောသာပြောတာ.. ဒီစာကိုဖတ်မိတဲ့.. မြန်မာတိုင်းက.. မြန်မာပြည်ကိုချစ်တဲ့.. မြန်မာတွေလို့ပဲ သတ်မှတ်မိပါတယ်.။
မြန်မာပြည်စွန့်ခဲ့သူတွေက… မြန်မာစာတွေ..မြန်မာသတင်းတွေ..ယောင်လို့မှ..မဖတ်ကြတာကိုးနော..)
မူရင်းသတင်းဆောင်းပါးကိုတော့.. ရုပ်ပုံပြောင်းပြီးတင်ထားပါတယ.်.။ ကလစ်လုပ်ပြီး ဖတ်ကြည့်ကြပါနော..
ပြည်တွင်းနေ မြန်မာတွေကလည်း.. ဝင်ပြိးဆွေးနွေးရေးပေးကြပါဦး..။
23 comments
manawphyulay
August 6, 2011 at 5:00 pm
ဘယ်လိုပြောရမလဲပေါ့နော်။ ဉာဏ်ပဲမမှီတာလား။ အသက်ကပဲ ငယ်နေလို့လားမပြောတတ်ဘူး။ ဖတ်ပြီးတော့ မဆွေးနွေးတတ်ဘူးဖြစ်နေတယ်။ နောက်မှ သေချာစဉ်းစားပြီးဆွေးနွေးတော့မယ်နော်။
alinsett
August 6, 2011 at 7:21 pm
ဒီ ဆောင်းပါး ကိုတော့ မဝေဖန်တတ်ဘူး။ဒါပေမယ် ့ ကိုယ်ကတော့ ဒီနိုင်ငံထဲမှာ လူလာဖြစ်တာကိုတော့တော်ကြေကွဲ ဝမ်းနည်းနေတယ် ။ ဘာသာ သာသနာ တစ်ခု က လွဲ ရင်.. ကျန်တာ အကုန် အောက်ကျနောက်ကျ ဖြစ်နေ..ကိုး။
Foreign Resident
August 7, 2011 at 4:03 am
Agree,
ဘာသာသာသနာ တစ်ခုကလွဲ ရင်..
ကျန်တာ အကုန် အောက်ကျနောက်ကျ ဖြစ်နေတာကိုး
padonmar
August 6, 2011 at 8:18 pm
အဲဒီဆောင်းပါးဖတ်ရကတည်းက အစာမကြေပါ။
နိုင်ငံရေးခိုလှုံခွင့်တောင်းသွားတဲ့ သံရုံးက (ရာထူးတော့သေချာမမှတ်မိပါ)ဗိုလ်မှူးကြီးကျော်ဝင်း + နောက်တစ်ယောက်နဲ့ ပတ်သက်လို့ရေးတာထင်ပါတယ်။
ဒီတိုင်းပြည်မှာနေချင်ပါရက်နဲ့ ဒီတိုင်းပြည်ကတန်ဖိုးမထားခဲ့လို့ ဒီမှာမနေနိုင်တဲ့သူတွေအများကြီးပါ။
ပြီးခဲ့တာတွေ တစ်ယောက်နဲ့တစ်ယောက် လက်ညှိုးထိုးမနေဘဲ ပညာတတ်တွေပြန်လာချင်အောင် ဘယ်လိုဆွဲဆောင်မလဲလို့ စဉ်းစားပေးကြစေချင်ပါတယ်။
“ပြန်ချိန်လည်းဆုံးဖြတ်နိုင်ပါစေ၊”
ရာဇဝင်လူဆိုး
August 6, 2011 at 8:51 pm
ဒါကို ဦးနှောက်ယိုစီးမှုလို. ကျနော်မြင်ပါတယ်။ လတ်တလောလေ.လာကြည်.ရင်တောင် ပညာတတ်လူငယ်တွေတိုင်း နိုင်ငံခြားးရောက်နေကြတာလေ….သေချာတာက မြန်မာပြည်က လူ့စွမ်းအားအရင်းအဖြစ်ဆိုတာက တစ်ခြားတိုင်းပြည်တွေ ကောင်းစားဖို.လိုဖြစ်နေကြတယ်…။ ဘာကြောင်.လဲ???? လုပ်ခ၊ လစာ ၊ပညာရပ်၊ ကျွမ်းကျင်မှုနဲ.ပတ်သက်ပြီး ခံစားခွင်.တွေ ကွာခြားလွန်းကြတာကိုး..။ နောက်တစ်ခုက လုံခြုံမှုပေါ….။ ဦးနောက်ယိုစီးမှုနဲ.ပတ်သက်ပြီး အိန္ဒိယ ကိုသဘောကျတယ်…သူတို.လုပ်တဲ.စနစ်ကတော. တကယ်. ဒီမိုကရေစီပါ..။ ကျနော်တို ဒီလောက်ထိ မမျော်လင်.နိုင်ပေမယ်. ဘာတွေလုပ်သင်.လဲအဖြေရှာ ပြီးရင် လုပ်သင်.တာကို လုပ်ဖို.က အားလုံးရဲ. တာဝန်တစ်ခုပါ…။
maungmoenyo
August 8, 2011 at 8:34 am
ဦးနှောက်ယိုစီးမှုနဲ့ နိုင်ငံရပ်ခြားခိုလှုံခြင်းဆိုတာ တူမလိုလိုနဲ့ သိပ်ကွာခြားတဲ့ ဝွေဟာရလို့မှတ်ပါ။ ဘာလုပ်ရမယ်ဆိုတဲ့အဖြေက ကနှစ်ပရိစ္ဆဒများစွာထဲကရှိကြောင်းပါခင်ဗျား။ မလုပ်ကြသေးတာ၊ မလုပ်နိုင်သေးတာဘဲရှိပါတယ်။ လုပ်ဘို့လဲလောလောဆယ်လမ်းမမြင်ကြောင်းပါ။
nature
August 6, 2011 at 9:52 pm
ကျနော့်အမြင်ကတော့ရေကြည်ရာ မြက်နုရာဆိုသလိုပေါ့။ ကိုတတ်တဲ့ပညာနဲ့အလုပ်လုပ်နိုင် မဲ့နေရာ အသုံးဝင် သင့်တော်မဲ့ နေရာကိုရွေးတာ သဘာဝပါပဲ။ ဥပမာ- နိုင်ငံခြားမှာ ဒေါ်လာသောင်းချီဝင်နေတဲ့ မြန်မာနိုင်ငံသားတယောက် မပြန်ရကောင်းလားလို့ အပြစ်မတင်ပါနဲ့။ မြန်မာနိုင်ငံကို ပြန်လာရင်သူ့သူတတ်တဲ့ပညာကို ကိုထိုက်ထိုက်တန်တန် လခ ဘယ်လောက်ပေးနိုင်မလဲ။ မိသားစုစားဝတ်နေရေးတောင် ခက်ကောင်းခက်နိုင်မယ်ထင်မိတယ်။
ဥပမာ- အလုပ်ရှင်တယောက်ဟာ တောကဘာမှမလုပ်တတ်တဲ့ တောကလူငယ် တယောက်ကို ခေါ်ပြီး အလုပ်သင်ပေးတယ်။ သူကလည်းကြိုးစားတော့ ခဏနဲ့ပဲအလုပ်တတ်သွားတယ်။ လုပ်တာတော်လို့သူ့ကို လခ ၉၀၀၀ဝကျပ်ပေးတယ်။ တခြားအလုပ်ရှင်တဦးကလည်း သူ့ကိုသဘောကျပြီး လူလိုတော့ သူ့ကို လခ ၁၈၀၀၀ဝကျပ်ပေးခေါ်တယ်။ သူက သူ့အလုပ်ရှင်ကို ပြောတော့ သူ့အလုပ်ရှင်က ၁၀၀၀၀ဝ ကျပ် ထက်ပိုမပေးနိုင်ဘူး။ အဲဒီတော့ လူငယ်က အလုပ်ပြောင်းသွားတယ်။
အလုပ်ရှင်ကစိတ်ဆိုးပြီး …ဘာမှမတတ်သေးတဲ့ မင်း ကို အလုပ်တတ်တဲ့အထိ အချိန်ကုန်ခံ ငွေကုန်ခံပြီး အလုပ်သင်ပေးရတယ်။ တတ်သွားတော့ မင်းကပုန်ကန်တယ်။ သစ္စာမရှိဘူး…..လို့ ပြောတယ်။
လူငယ်က…ကျနော်ဦးဆီမှာ အလုပ်လုပ်စဉ်အတွင်း လုပ်ငန်းနဲ့ပတ်သက်ပြီး ဦးကိုစိတ်ဆင်းရဲအောင် တခါမှ မလုပ်ခဲ့ဘူး ။ ဦးရဲ့ပစ္စည်းတွေကို မလေမလွင့်အောင် ဂရုစိုက်စောင့်ရှောက်ပေးခဲ့တယ်။ တာဝန်ကြေအောင်လုပ်ပေးခဲ့တယ်။ အခုကတော့ ကျနော့်ရဲ့တက်လမ်းရှိတဲ့နေရာကိုသွားရမယ်။ ကျနော့်တက်လမ်းကို မပိတ်ပါနဲ့…တဲ့ ဘယ်သူမှန်သလဲ။
Foreign Resident
August 7, 2011 at 4:05 am
Interesting Article from Face Book :
မြန်မာနိုင်ငံပြန်ရမှာ ကြောက်နေတယ် (ကယ်ကြပါအုန်း)
မြန်မာပြည်ပြန်ရမှာ ဘာကြောင့် ကြောက်နေရလဲ ဆိုပြီး ကိုယ့်ကိုကို မရှက်တမ်း ပြန်းဆန်းစစ် ထုတ်လိုက်တော့ ဒါတွေ ထွက်လာတယ်။
(၁) ကိုယ် ဒီမှာ ချွေးနဲ့ သွေးနဲ့ရင်းပြီး ရှာထားတဲ့ ပိုက်ဆံတောင် မြန်မာပြည်မှာ ဘယ်လိုနည်းနဲ့မှ ကြာကြာအသုံးမခံဘူးဆိုတာ သေချာပေါက်သိနေလို့ပဲ ။ သဘောကတော့ မြန်မာပြည်ပြန် ရှာထားတဲ့ ပိုက်ဆံတွေ မိသားစုက သုံးလို့ကုန်သွားတဲ့အခါ ခွတ်ပျောက်သွားမှာ စိုးလို့ပါ။
(၂) အရွယ်ရောက်လာတဲ့ ကျနော်ဟာ သားသမီး တယောက်အနေနဲ့ မြန်မာပြည်ပြန်ပြီး မိဘကို လုပ်ကျွေးချင်ပေမဲ့ မြန်မာပြည်မှာ ခုချိန်ခါ တကယ်လုပ်ကြည့်လျင် ကိုယ့်တကိုစာတောင် အနိုင်နိုင် အကြွေပါမြိုင် လာနိုင်တာကြောင့်ပါ။
(၃) နိုင်ငံခြားမှာ ကိုယ်ဖြတ်သန်းလာတဲ့ စိတ်ဓာတ်၊ စည်ကမ်း၊ ပညာတွေ မြန်မာနိုင်ငံရောက်ရင် ဘယ်နေရာမှာ အသုံးချရမှန်းကို မသိလို့ပါ။
( ဒီလိုပြောတာ မြန်မာနိုင်ငံကို နိုမ့်ချပြီး ပြောနေတာ မဟုတ်ပါဘူး
ဆရာချစ်ဦးညိုပြောသလို ကျနော်တို့ မြန်မာနိုင်ငံဟာ အမှိုက်ပုံထဲက အမှိုက်ဆော်နံနေတဲ့ နိုင်ငံ။
ဒါမလုပ်ရဘူး ဟိုဟာ မလုပ်ရဘူး ဒါမေပြာရဘူး တဘူးထဲဘူးနေတဲ့ နိုင်ငံ။ )
(၄) သူများနိုင်ငံ ရောက်လာမှ အသုံမကျလှတဲ့ ကျနော်ဟာ
ကိုယ့်နိုင်ငံအကြောင်း ပိုပြီးသိခွင့်ရလာခဲ့တာမို့ မျက်လုံးပွင့်၊ နားပွင့်၊ အသိညဏ်တွေ ပွင့်လာခဲ့တယ်။ ကိုယ့်နိုင်ငံရဲ့ တကယ်စစ်မှန်တဲ့ သမိုင်းကြောင်း၊
အုပ်ချုပ်တဲ့ အစိုးရအဆက်ဆက်တို့ရဲ့ လက်ဆင့်ကမ်း နိုပ်ကွပ်မှုတွေ၊
မတရားသဖြင့် ဖိနိုပ့် ချုပ်ချယ်ထားမှုတွေ၊
လွတ်လပ်မှုကို မြတ်နိုးလို့ အသက်ပေါင်းများစွာ ရင်းထားရတဲ့ အကြောင်းတွေကို သိခွင့်ရခဲ့တယ်။ ဒါတွေဟာ မြန်မာပြည်ပြန်ရောက်တဲ့ အခါ အရင်နယ်မှာနေတဲ့ ကျနော် လူတုံး လူညံ့ လူ့အသုံးမကျတဲ့သူ ပြန်ဖြစ်လာမှာလားဆိုပြီး တွေးကြောက်နေလိုသာ ဖြစ်ပါတယ်။
ခံစားချက်ခြင်း တိုက်ဆိုင်တဲ့သူတွေ အဖို့ ကျနော့်ထက်လည်း ပိုပြီး အကြောင်းပြချက်တွေ ရှိအုန်းမှာပါ။
ကျေးဇူးတင်ပါတယ်။
မောင်အေးချမ်းဆွေ ( Face Book )
Foreign Resident
August 7, 2011 at 4:11 am
Some interesting Comments from —http://www.news-eleven.com/—
နိုင်ငံရပ်ခြားက ို ဘာ့ကြောင့်ထွက်ခွာကြရသလဲ ဆိုတာကို ခံစားနားလည်ပေး ကြစေလိုပါတယ်။
ကိုယ့်နိုင်ငံ၊ ကိုယ့်မွေးရပ်မြေမှာလဲ လှပတဲ့ အိပ်မက်ကို မြင်မက်ချင်မိပါ တယ်
ကိုယ့်ရပိုင်ခွင့်ကို ရယူဖို့အတွက် လွတ်လပ်မှုရှိတာ မရှိတာပဲ ကွာတာပါ
မဝေးတော့တဲ့ တစ်နေ့တော့ ကျွန်တော် အရောက်ပြန်ခဲ့မှာပါ။
ကမ်းလက်တွေနဲ့ ကြိုမှာလား၊ လက်ထိပ်တွေနဲ့ ကြိုမှာလား။
နိုင်ငံအတွက်ရော ၊ သနားစရာကောင်းတဲ့ မြန်မာပြည်သားတွေအတွက်ရော
ဖတ်နေရင်းက မျက်ရည်ဝဲရတယ်။
ကျွန်တော်တို့ဟာ ဒိထက်ပိုပြီး ထိုက်တန်ပါတယ်ဗျာ။
မြန်မာ့ခေါင်းဆောင်ကြီးများ ကိုယ်ချင်းစာတရား လက်ကိုင်ထားနိုင်ကြပါစေ…
ကျနော်တို့တွေ ကိုယ့်ပြည်ကိုယ့်ရွာကို ပြန်လာချင်လိုက်တာ အတိုင်းမသိပါ။
ကျနော်တို့ ကိုးကွယ်တဲ့ ဘာသာထွန်းကားတဲ့ ၊
ကျနော်တို့ ချစ်တဲ့ မိဘမောင်နှမတွေ၊ ဆရာသမားတွေ၊ ဆွေမျိုးမိတ်ဆွေတွေရှိတဲ့ အရပ်ကို ပြန်လာချင်လိုက်ပါဘိ။
ပညာနဲ့ ထိုက်လျှောက်တဲ့ ကောင်းမွန်တဲ့ ဝင်ငွေတစ်ခုနဲ့ အသက်မွေးခွင့်တွေဖြစ်ထွန်းလာမယ်နေ့၊
ကိုယ်ရပ်ကိုယ့်ရွာကို တိုးတက်ကောင်မွန်အောင် ဆောင်ရွက်ခွင့်ရ မယ့်နေ့၊
( ပရဟိတလုပ်ရင် သံသယမျက်လုံးတွေ နဲ့ ကြည့်၊ ကြည့်မရရင်ထောင်ထဲထည့်တာတွေမရှိတော့တဲ့နေ့ )
မိမိကိုယ်ကို လုံခြုံမှုရှိတယ် လို့ခံစားနိုင် မယ့်နေ့ ( အမြင်ကတ်ပုဒ်မတွေ မရှိတော့တဲ့နေ ့)၊ ကိုယ့်အခွင့်ရေး ကိုယ်လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရတဲ့နေ့ တွေကြရင်
ပြည်ပကရွှေမြန်မာတို့ တဖွဲဖွဲပြန်လာမှာဆိုတာ ယုံကြည်လိုက်ပါ။
အလွဲသုံးစားမှု ကင်း၍ ဖြောင့်မတ်တည်ကြည်သောအုပ်ချုပ်မှု သာဖန်တီးပါ
၁၅ နှစ်အတွင်း Asean တွင် Top ဖြစ်ရန် ကျနော်တို့လူငယ် များမှတာဝန်ယူပါသည ်။
ကျွန်တော်တို့လူငယ်တွေ ပြန်လာပြီးနိုင်ငံတကာနှင့်ရင်ဘောင်တန်းရုံမက သာအောင်
နိုင်ငံ့ တာဝန်ထမ်း ဆောင်ရန် တပိုင်းသေကာ စောင့်နေကြောင်း ။
ကျွန်တော့ဆီ ပူးကပ်ဝင်လာတဲ့ အခွင့်အရေးတွေဟာ
မိသားစုထမင်းဝိုင်းလောက် မက်မောစရာမကောင်းဘူးဆိုတာ
အပြင်ကိုရောက်ကတည်းကသတိထားမိ်ပါတယ်
ငါချစ်တဲ့အမိမြန်မာနိုင်ငံတော် အမြန်ဆုံးပွင့်လင်းတိုးတက်ပါစေ
မတရားမှုတွေ ကျဆုံးပါစေ
Foreign Resident
August 7, 2011 at 4:22 am
Another thing to consider,
In 1959,
၁၉၅၉.ခုနှစ် စင်ကာပူလွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ
စင်ကာပူနိုင်ငံရဲ့ ဖခင်ကြီးလို့ ပြောရမယ့် မစ္စတာလီကွမ်ယူက
“ကျနော်တို့ အစွမ်းကုန် ကြိုးစားကြရင် မြန်မာနိုင်ငံကို ဆယ်နှစ် အတွင်းမှာ မှီစေရမယ်”
လို့ သူက ဆယ်နှစ်ကိုတောင် အစွမ်းကုန် ညီညီညွှတ်ညွှတ် ကြိုးစားကြရင်လို့ ပြောခဲ့တာပါ။
In 2011 ( Now )
ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖွန်ကွမ်သန်း မှပြောကြား
“ မြန်မာနိုင်ငံသည်လည်း ဗီယက်နမ်ကဲ့သို့ပင် တရုတ် ရန်လိုမှုအား အတိတ်ကခံစားခဲ့ကြရပြီးဖြစ်၏။
လက်ရှိတွင်လည်း တရုတ်လက်အောက်ခံပြည်နယ်တခု အနေအထားသို့
တစတစနှင့် နိမ့်ကျလာသည်ကို အားလုံးအသိပဲဖြစ်၏ “
pay sote sote
August 7, 2011 at 11:11 am
ရင်နာစရာပါပဲဗျာ… တွေးကြည့်ရင်မချိပါဘူး… ရင်ထဲ
maungmoenyo
August 8, 2011 at 9:47 am
မှန်လိုက်လေဗျာ…ခုတော့စင်္ကံာပူကို ကိုယ်ကအဖေပြန်ခေါ်ရတဲ့ဘဝကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်နေပါပေါ့။ ဗီယက်နမ်ကိုလဲ ဒီလိုခေါ်နေရပြီလေ။ (၁၉၅၈) ဝန်းကျင်လောက်က အနောက်ဥရောပနဲ့အမေရိကန်၊ အင်္ဂံလန်ကိုသာ အဖက်လုက်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ခုချိန် အဲ့ဒိနိုင်ငံတွေရဲ့ အနားကိုသီဖို့နေနေသာသာ၊ အဲ့ဒီက ယိုတဲ့အီးတောင်စားခွင့် မကြုံနိုင်တဲ့ နိုင်ငံလို့ပြောရရင် (အားမနာတမ်းရိုင်းရိုင်းပြောရရင်) ရောက်နေပြီဆိုတာ ငြင်းလို့မရတော့ပါဘူး။
Foreign Resident
August 7, 2011 at 4:49 am
ဒီမြေမှာ သေဖို့ သက်သက်မွေးဖွားခဲ့သူလို ပြန်လာကြမှာပါ။
အမိမြေနဲ့ အပိုင်းအစများ
by Myo Zeya Oo
ဘယ်နယ်ကလဲတဲ့ …..
အလယ်ကလူ စကားမဝဲပါ
ငါဟာ …..
ခြေတပေါင်ကျိုးကနေတဲ့ ရွှေမင်းသမီး
ဘီးလူးစီးခံထားတဲ့ တိုင်ပြည်လေးကပါ။
ဘေးနားက အနိုင်ကျင့်ချင်တဲ့
ဆွေမျိုးရင်းချာ အကိုကြီးတွေရဲ့
မျက်နှာရိပ် မျက်နှာကဲကြည့်ပြီးနေရတဲ့
မျက်နှာငယ် ရွှေမင်းသမီးလေးပါ။
တိုင်းပြည်ကမငယ်ပေမယ့်
မျက်နှာငယ်ရတဲ့ တိုင်းငယ်ပြည်ငယ်လေးကပါ။
ငါတို့က ဒီလိုမြေ၊ဒီလိုပြည်က လာတာပါ။
ကတ္တရာ လမ်းဆိုရင် ကိုယ်ထူကိုယ်ထ၊
အခွင့်အလမ်းဆိုလည်း ကိုယ်ယူကိုယ်ရနဲ့
ကိုသူရ တွေပေါတဲ့တိုင်းပြည်ပေါ့။
ရေမလာ၊ မီးမလာလည်း
ဘာဂရုစိုက်ရမလဲ
ငွေသာရှိလို့ကတော့
အဝီစိထိ လှိုဏ်ခေါင်းတူးပြီး
အဲကွန်းဖွင့်နေလို့ရတယ်။
ဆေးလိပ်အရက် လူကိုဖျက်ဖျက်
ဝင်ငွေမပျက်
စီးပွါးတက်ဖို့ဆိုတဲ့
အတွေးအခေါ်တွေနဲ့
ဘယ်သူသေသေ
ငတေ မာဖို့သာ အဓိကပါ။
နိုင်ငံရေး၊ပညာရေး
လူမှုရေး
ဘာရေးမှ မရေးကြနဲ့
ဒို့မှာ ဒီ့ထက်အရေးကြီးတဲ့
ရေးသုံးရေးရှိတယ်
ခုထိတော့ ခပ်ရေးရေးပဲ။
သားသမီး မကောင်းတော့
မိဘခေါင်းတဲ့
အမိ၊အဖက မကောင်းတော့
သားသမီး ခမျာ
ဟိုပြောင်းဒီပြောင်းနဲ့
လူလောင်းလှည့် နေကြရပေါ့။
မင်းလိပ်ပြာလုံဖို့ မလိုဘူး
မင်းနေတဲ့ အိမ်ခေါင်မိုးလုံဖို့အရေးကြီးတယ်။
မင်းစိတ်ထားဖြူဖို့ မလိုဘူး
မင်းဝတ်ထားတဲ့ အင်္ကျီဖြူရင် လူရာဝင်ပြီ။
မင်းကိုယ်ချင်းစာဖို့ မလိုဘူး
ကိုယ်ပဲ သာဖို့လိုတာပါ။
အများအကျိုးဆောင်စရာ မလိုဘူး
အကျိုးဆောင်တွေ ပေါလွန်းလို့
သူတောင်းစားတောင် ပွဲစားနဲ့တောင်းသတဲ့။
ပညာတတ်မှ ထမင်းစားရမှာ မဟုတ်ဘူး
ထမင်းဝမှ ပညာသင်လို့ရမှာ
အဖေရယ်……”သားတို့ပညာတတ်ကြီးဖြစ်အောင်
များများ စားပေးပါဦးတဲ့”
နိုင်ငံခြားက သားနဲ့သမီးက မှာတယ်။
ငါတို့မှာ ….
မြစ်ချောင်းအင်းအိုင်တွေပေါတယ်
ရေတော့ရှားတယ်။
တစ်နှစ်သုံး အလုံးတွေတော့ ပေါတယ်
အဝိုင်းတွေတော့ရှားတယ်။
ဆန်ရေစပါး ပေါများတယ်
ထမင်းတော့ နပ်မမှန်ကြဘူး။
သစ်တောတွေတော့ ပေါတယ်
ဒါပေမဲ့ တောသစ်တောင် ဝယ်ရခက်တယ်။
တချို့နေရာတွေမှာ လူချမ်းသာတွေပေါတယ်
စိတ်ချမ်းသာတွေတော့ နည်းတယ်။
ပုတ်သင်ညိုတွေ ပေါတယ်
ဒေါင်းတွေက မျိုးတုန်းနေပြီ။
စွမ်းအားရှင်တွေတော့ပေါတယ်
စွမ်းအင်ကိုတော့ ချွေတာရတယ်။
စစ်သားတွေတော့ ပေါတယ်
အမိမြေအတွက် သားအစစ်တွေတော့ရှားတယ်။
လူကြီးသားသမီးတွေတော့ပေါတယ်
လူကြီးလူကောင်းတွေတော့နည်းတယ်။
လုပ်စရာတွေ တော့ပေါတယ်
အလုပ်တွေတော့ ရှားနေတုန်းပဲ။
နီယွန်မီးတွေနဲ့ မြို့တွေကို အလှချယ်စရာမလိုဘူး
ငါတို့ဟာ ကွမ်းတံတွေးနဲ့ မြို့ကိုအလှရေးတတ်တယ်။
လောင်စာဆီနဲ့ လျှပ်စစ်မီးမလိုဘူး
ငါတို့မှာ ဖယောင်းတိုင်နဲ့ကြက်ဆူပင်ရှိတယ်။
ပညာတတ်တွေ မလိုဘူး
ငါတို့မှာ အခါတော်ပေးနဲ့ အကြားအမြင်ဆရာတွေရှိတယ်။
အနောက်တိုင်း အတွေးအခေါ်တွေမလိုဘူး
ငါတို့ဟာ အရာရာ သူများနောက်မှာပဲရှိတယ်။
ဆေးရုံ၊ဆေးခန်းတွေ များများမလိုဘူး
ငါတို့မှာ အချိန်မရွေးဝယ်လို့ရတဲ့ ကွမ်းယာဆိုင် ဆေးပေးခန်းတွေရှိတယ်။
အနုပညာသမား စစ်စစ်တွေမလိုဘူး
ငါတို့မှာ ကော်ပီသီချင်းနဲ့ ခိုးကူးခွေတွေရှိတယ်။
ဘောင်းဘီတွေ ခေတ်မစားတော့လည်း ကိစ္စမရှိဘူး
ငါတို့မှာ ပုဆိုးနဲ့ တိုက်ပုံရှိတယ်။
ဒါပေမဲ့ ငါတို့ဟာ ….
ဗင်းနစ်မြို့နဲ့ အင်းလေးကို မလဲနိုင်သလို
နှစ်ထပ်ဘတ်(စ)ကားနီနီကြီးနဲ့ ဗိုက်ပူချက်ပလက်ကြီးကို မလဲနိုင်ခဲ့ဘူး။
စပါဂတ်တီနဲ့ မုန့်ဟင်းခါးကို မလဲနိုင်သလို
ကာနေဗယ်နဲ့ သင်္ကြန်ကိုမလဲနိုင်ခဲ့ဘူး။
ဟာဝိုင်ယီနဲ့ ငပလီကိုမလဲနိုင်သလို
ဝင်ဘလေကွင်းနဲ့ ငါတို့ကတ္တရာလမ်း ဘောလုံးကွင်းလေးကို မလဲနိုင်ခဲ့ဘူး။
ဥရောပရဲ့ ဖြူဖွေးဖွေး နှင်းဖုံးလမ်းတွေနဲ့ အညာရဲ့ ဖုန်ထူထူ အလှကို မလဲနိုင်သလို
နိုင်းမြစ်ကြီးရဲ့သမိုင်းနဲ့ မြစ်ဧရာဝတီပေါ်က ဘဝတွေကိုမလဲရက်ခဲ့ဘူး။
ကုန်ကုန်ပြောရရင် ……
ငါတို့မြေ၊ငါတို့ပြည်ရဲ့ အရိပ်အငွေ့လေးကိုတောင် ဘာတွေနဲ့မှ မလဲနိုင်ခဲ့ဘူး။
ငါတို့တွေဟာ ဘယ်ကိုပဲရောက်ရောက်
အချိန်တန်အိမ်ပြန်ကြတဲ့ ဆော်လမွန်ငါးတွေလို
မရောက်ရောက်အောင် ပြန်လာကြမှာပါ …..။
အနည်းဆုံးတော့ …..
ဒီမြေမှာ သေဖို့ သက်သက်မွေးဖွားခဲ့သူလို
ပြန်လာကြမှာပါ။
မောင်ရင်ငဇေ
Myo ZeyaOo said
မိတ်ဆွေတစ်ယောက်ဆီက Forward mail နဲ့ နာမည်ပေးမထားတဲ့ ကဗျာဆိုလို့ ဖတ်ကြည့်လိုက်မှ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကျွန်တော်ရေးထားတဲ့ ကဗျာဖြစ်မှန်းသိလိုက်ရတယ်။ ခံစားနားလည်ပေးတဲ့ အတွက် အားလုံးကိုကျေးဇူးပါ။ ကဗျာခေါင်းစဉ်က အမိမြေနဲ့ အပိုင်းအစများ ပါ။ ဒီနေရာမှာကြည့်လို့ ရပါတယ်။
http://www.facebook.com/note.php?note_id=434147855859
nature
August 7, 2011 at 2:33 pm
…အစိုးရတွင်အမှားအယွင်းရှိသည်ဟုထင်သောသူတို့သည် အစိုးရထံသို့ အကြံပေးစာတစ်စောင် ရေးသားပေးပို့ဖူးပါသလော။ ရိုးသားစွာ ဝေဖန်ထောက်ပြဖူးပါသလော။ စိတ်ရင်းစေတနာ အမှန်နှင့် မိမိဆည်းပူးလေ့လာထားသော ကျွမ်းကျင်မှုဖြင့် အကြံကောင်းဉာဏ်ကောင်း ပေးပို့ခြင်းဖြင့် နိုင်ငံသားတို့၏ တာဝန်ကို ထမ်းရွက်သင့်ပေသည်။….
မြန်မာနိုင်ငံမှာ ကျွန်တော်တို့ဟာ အကြောက်တရားနဲ့ နေရတာပါ။ ပြည်တွင်းမှာ ဘယ်လိုပဲပြောပြော ဝေဖန်အကြံပေးခြင်းမပြုရဲကြပါဘူး။ တစုံတခုမှားယွင်းသွားရင် မိသားစု ဘဝပျက်သွားစေနိုင်ပါတယ်။ ကိုယ်ကကောင်းမယ်ထင်လို့အကြံပေးလိုက်ရင်လဲ ကိုယ်အတွေ့အကြုံနဲ့ တင်ပြခြင်းသာဖြစ်လို့ သေချာပေါက်ကောင်းမယ်လို့ မဆိုနိုင်ပါဘူး။ အားနည်းချက်ဆိုတာ ရှိတတ်ပါတယ်။ ပြီးပြည့်စုံတဲ့ အကြံပြုချက်ဆိုတာ ရှားပါလိမ့်မယ်။ ပို့ရင်လည်းဘယ်ကိုပို့ရမယ် ဘယ်သူနဲ့ သက်ဆိုင်တယ်ဆိုတာ မသိပါ။ ပို့လိုက်တဲ့ အကြံပေးစာဟာလည်း တိုက်ရိုက်ရောက်ချင်မှရောက်ပါမယ်။ ရောက်ရင်လည်း အနီးကပ်နေသူတွေရဲ့စကား ကြောင့် အဓိပါယ်ကောက် လွဲသွားစေနိုင်ပါတယ်။ တခါတရံ မှန်ကန်တဲ့တိုင်စာပို့သော်လည်း ပို့တဲ့သူ တရားခံပြန်ဖြစ်သွားတာတွေလည်းရှိပါတယ်။ ဒါတွေကို အောက်ခြေ လူတန်းစား တွေသာ သိနိုင်ပါတယ်။
တိုင်စာတွေဟာလည်း တိုင်တဲ့သူလိပ်စာ ပါရပါမယ်တဲ့။ လိပ်စာမပါ ရင်လဲ ဆဲဆိုတဲ့စာတွေ အများကြီး တက်လာပါလိမ့်မယ်။
MG မှာတော့ကိုယ်ကြိုက်တာကိုယ်ရေးလို့ရတဲ့အတွက်လွတ်လွတ်လပ်လပ် အကြံပေးစာ တွေ ထင်မြင်ချက်တွေကို ရေးရဲတာပါ။ လုံခြုံရေးအတွက်စိတ်ချရလို့ပါ။
တိုးတက်ဖို့အတွက်ကတော့ ပြစ်ချက်တွေကို ထောက်ပြဝေဖန်နေမဲ့အစား ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုတဲ့ အကြံပေးချက်တွေကိုပေးရင်ပိုကောင်းပါမယ်။
ဒါဟာ ငြိမ်းချမ်းရေးလမ်းစဉ်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။
တိုးတက်ဖို့အတွက်ကတော့ အရေးကြီးတာက ဘယ်အရာကိုမဆို အမှန်ကို အမှန်အတိုင်း အရှိကို အရှိအတိုင်း မှန်မှန်ကန်ကန် သုံးသပ်တတ်ဖို့ အမှန်ကို အမှန်အတိုင်း လက်ခံဖို့ အရေးကြီးတယ်ထင်ပါတယ်။
စီးပွားရေး ကောင်းဖို့အတွက်ကတော့ စီးပွားရေးကို အာဏာမသုံးပဲ စီးပါွးရေး သဘောအတိုင်းထိုက်သင့်တဲ့အမြတ်တခုယူဖို့လိုပါမယ်(10%-15%)။ လုပ်ငန်းတခုဟာ အမြဲရှုံးနေရင် ဆင်းရဲမယ်ထင်ပါတယ်။ ဝန်ထမ်းတယောက်ရဲ့ လစာဟာ မိန်းမတယောက်နဲ့ ခလေးတယောက်ကို လုံလောက်အောင်ထောက်ပံ့နိုင်တဲ့လစာ ဖြစ်သင့်တယ်လို့မြင်ပါတယ်။
တိုးတက်နေတဲ့တိုင်းပြည်တွေကို် ဘာကြောင့်တိုးတက်လဲဆိုတာကိုလည်း လေ့လာဖို့ လိုမယ်ထင်ပါတယ်။ အတိတ်ကတော့ မြန်မာနည်းမြန်မာ့ဟန်ဆိုပြီး လုပ်ချင်ရာလုပ်တတ်ပါတယ်။
အကြံပေးတယ်ဆိုတာကလည်း ကိုယ်ဝမ်းစာ ကိုရှာစားနေရတော့ အားလပ်ချိန်ကလေး မှပဲရေးနိုင်ပါတယ်။
siamonone
August 7, 2011 at 7:01 pm
စဉ်းစားစရာဘဲ နော် .. ကျွန်တော်တို့က မွေးလာတဲ့နိုင်ငံကိုဘဲ ပိုင်တာလား? ကျွန်တော်တို့နေထိုင်တဲ့ ကမာ္ဘမြေ၊ အာကာသ ဆိုတာ ကို ကျွန်တော်တို့ မပိုင်ဆိုင်ဘူးလား ?
ယနေ့ခေတ်မှာ နိုင်ငံ တစ်နိုင်ငံကို ကုမ္ပဏီတစ်ခု servicing တစ်ခု အနေနဲ့စဉ်းစားကြည့် သင့်တယ်လို့ထင်ပါတယ်။
maungmoenyo
August 8, 2011 at 10:21 am
မှန်လိုက်လေ…။ ဒါကို BRAIN DRAIN လို့ရောချချင်သေးကြလားလို့….
moehmaung
August 7, 2011 at 11:35 pm
လွတ်လပ်မှုဆိုတာ ဘယ်မှာလဲ …………..မြန်မာ???????????
pan pan
August 8, 2011 at 9:29 am
ရေကြည်ရာမြက်နုရာဆိုသလို သာသာယာယာနေရာရောက်သွားတော့
ကိုယ့်နိုင်ငံကို ပြန်ဖို့မလွယ်တော့ဘူး
အရမ်းချမ်းသာလို့ ပိုက်ဆံတွေပေါနေရင်တစ်မျိုးပေ့ါ
မလေးရှားလောက်နိုင်ငံမှာတောင် ဝန်ထမ်းတစ်ယောက် ကားဝယ်စီးနိုင်တယ်
အဲလောက်အလုပ်လုပ်နိုင်ရင်တောင် ဒီမှာ ဘယ်ဖြစ်နိုင်မလဲ
နေရေးထိုင်ရေး၊ စားသောက်ရေး၊ သွားလာရေးကအစ အရာရာတူမှမတူတာ
ဘယ်သူမဆိုတော့ ကိုယ်နိုင်ငံတော့ လွမ်းကြမှာပါပဲ
တချို့ကလည်း ကိုယ့်နိုင်ငံမှာဆိုတော့ ဘာဖြစ်ဖြစ်လုံခြုံမှုရှိတာပေါ့လေတဲ့
ဒါကလည်း ပုံသေပြောလို့မရပါဘူး၊ တခါတလေ နေရင်းထိုင်ရင် မလုံခြုံဘူး
ကိုယ့်အိမ်ကိုယ်နေတာတောင် :-[
ရွှေဘိုသား
August 8, 2011 at 9:47 am
သူကြီးရေ ဩဂုတ်လ ၅ရက်နေ.ထုတ်တဲ. သတင်းထဲက အဲဒီဆောင်းပါးကို ဖတ်မိပါတယ်
ပို.တင်မယ်တောင် စိတ်ကူးသေးတယ် မတင်ဖြစ်လိုက်ဘူး အခုတော. ဝင်ဆွေးနွေးလိုက်အုံးမယ်
ဘယ်သူမဆို ကိုယ်.နိုင်ငံကို ချစ်ကြမှာပါပဲ ဒါပေမဲ. ဒီမှာနေရင် မချမ်းသာနိုင်ဘူးလေဗျာ
လူတိုင်းက ချမ်းချမ်းသာသာ နေချင်ကြတာပဲ စားပွဲထိုး အောက်ခြေသိမ်း အလုပ် လုပ်တာခြင်းတူတူတောင်
ဒီမှာလုပ်ရင် မစားလောက်ဘူး တစ်ခြားနိုင်ငံမှာ လုပ်ပြီး ပိုက်ဆံစုပြီး ကိုယ်.နိုင်ငံပြန်လာရင် ဘောစိ လုပ်လို.
ရနေပြီဆိုတော.လည်း စွန်.ခွာတာ မဆန်းပါဘူး အသိတစ်ယောက် ဂျပန်မှာ အိုက်ဆိုးပဂေးဆန် သွားလုပ်တာ ဒီပြန်လာတော. ကားတောင်စီးနိုင်တယ် အဲလိုကျတော.လည်း သွားချင်ကြမှာပေါ.
ဒီမှာသာ အဲလိုလုပ်ကြည်.ပါလား နောက်ဘုရားပွင်.လို.တောင် ကားစီးနိုင်မှာမဟုတ်ဘူး
သူတို.ကလည်း မစွန်.ခွာအောင် လုပ်မပေးနိုင်ဘူးလေ ကြာလေစွန်.ခွာချင်လေ ဖြစ်အောင်ပဲ
လုပ်နေကြတာကိုး ကျနော်တောင် ရွှေဘိုကနေ ရန်ကုန်လာတာတောင် ဒီနိုင်ငံထဲမှာပြောင်းတာတောင်
ကိုယ်.မြို.လေးကို သတိရတာ နိုင်ငံခြားမှာ လုပ်နေတဲ. သူတွေဆို ပိုဆိုးမှာပေါ.ဗျာ မချစ်လို.ပြောင်းကြတာ
မဟုတ်လောက်ပါဘူး မချမ်းသာနိုင်မှန်းသိလို. ပြောင်းကြတာပါ သူများနိုင်ငံ ဝန်ထမ်းသွားလုပ်ပြီး
ကိုယ်.နိုင်ငံကို လုပ်ငန်းထူထောင်ကြတော. ကိုယ်.နိုင်ငံ အလုပ်ကိုင်အခွင်.လမ်းပေါများတာပေါ.ဗျာ
ဒါလည်း နိုင်ငံကို အကျိုးပြုပါတယ် ကိုယ်သိသလောက် ဝင်ပြောတာနော် သိပ်တော. နားမလည်ဘူး
maungmoenyo
August 8, 2011 at 10:15 am
ကျေးဇူး ပါဘဲ သူကြီးမင်းရေ။ သတင်းစာမှာဖတ်ရပြီးတာနဲ့ အဲ့ ဒီclipping ကိုဘယ်လို cut/paste လုပ်ရပါ့လို့စဉ်းစားနေတုံး ဗြုံးဆိုအဆင်သင့်တင်ပြီးသားတွေ့ရတော့ ကွန်မင့်ယုံပေါ့။
၁၉၆၂ မှာနိုင်ငံတော်အာဏာပြိုလဲတော့မဲ့ “လက်တလုံ”အလိုမှာတော်လှန်ရေးကောင်စီတက်လာပြီး၊ နိုင်ငံတော်ကိုဆိုရှယ်လစ်စနစ်နဲ့ ချီတက်ရင်း ပြည်တွင်းရဲ့အားပြည်တွင်းမှာသာရှိတယ်လို့ကြွေးကြော်ခဲ့ တဲ့ ဗိုလ်နေဝင်းတယောက်ဘာဖြစ်လို့များသူပိုင် ငွေကြေးတွေကို နိုင်ငံတကာမှာဒေါ်လာနဲ့သိုလှောင်ထားသလဲ၊ သူ့သားသမီးအားလုံကို ပြည်ပနိုင်ငံတွေမှာဘဲပညာသင်ခိုင်းရတာလဲ၊ နောက်ဆုံးဘဝဇာတ်မသိမ်းမှီ၊ သူမွေးခဲ့တဲ့ နောက်ပေါက်ဗိုလ်ချုပ်ကြီူတွေက သူ့ရဲ့ လုံခြုံရေးကို ထိလာတော့ စင်္ကံာပူကို ဘာဖြစ်လို့ ခိုလှုံခွင့်တောင်းခဲ့တာလဲ။ မေးကြည်ကြပါ။
နောက်တိုင်းပြည်ချောက်ထဲကျရန် “လက်တလုံး”အလို ဆိုပြီး….အာဏာရယူခဲ့တဲ့ဗိုလ်သန်းရွှေ…..
ဗိုလ်သန်ရွှေဟာ သူပိုင်စည်းစိမ်ဥစ္စာငွေကြေးတွေကို MICB/MFTB လိုပြည်တွင်းကနိုင်ငံခြားငွေလဲဘဏ်တွေမှာမထားဘဲ၊ ပြည်ပတွေမှာဘာဖြစ်လို့စုဆောင်းထားရသလဲ၊ သူမြေးလေးတော်တဲ့သူကိုတောင် စင်္ကံာပူမှာလေယာဉ်နဲ့နေ့ချင်းပြန်ကျောင်းတက်ရလောက်အောင်မြန်မာနိုင်ငံက ကျောင်းတွေကအဆင့်အတန်းမရှိတော့လို့လား။
လက်ရှိဗိုလ်ချုပ်ကြီးများ၊ သူတို့နဲ့ နီးစပ်တဲ့ စီးပွာရေးလုပ်ငန်းရှင်ကြီးများ က စင်္ကံာပူအပါအဝင် နိုင်ငံကြီးအချို့မှာ အိမ်ယာတွေဝယ်ပြီးရင်းနှီးမြှုပ်နှံကြတာ၊ ပြည်တွင်းမှာသူတို့အတွက် နေစရာ အိမ်ယာမရှိကြတော့လို့လား။
လက်ရှိပူပူနွေးနွေးရာထူးကအနားယူစ ဒု-ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး (ကျန်ဗိုလ်ချုပ်တွေလဲအလားတူဆိုတာမြေကြီးလက်ခတ်မလွဲပါ) ကလက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆိုတဲ့ ရွေးချယ်ခံရာထူးနဲ့ မဲဆန္ဒရှင်များရဲ့မျက်နှာကိုမထောက်နိုင်ဘဲ သူ့သားသမီး(၂)ယောက်ကို အနောက်နိုင်ငံတခုမှာဘွဲ့လွန်ကျောင်းတက်ခွင့်ရဘို့ အဆက်အသွယ်ကြိုးစားပမ်းစားရှာနေတယ်ဆိုတာ ကြားရတော့……
ဆောင်းပါရှင်မောင်တင်အေး (သရက်) ကိုမေးချင်ပါတယ်…ကိုယ်သားသမီးများရှိခဲ့လို့ ခုနေ စင်္ကာပူ စတဲ့ နိုင်ငံတွေကများ အလုပ်နေရာအတည်တကျရှိခဲ့နေရာတခုခု offer လုပ်ခံခဲ့ရရင်…ဘာအဖြေပေးမလဲလို့…
သိကြဘို့က မြန်မာ့အလင်း နဲ့ ကြေးမုံသတင်းစာတို့မှာ ဆောင်းပါးများ ခေါင်းကြီးများရေးပြီးလေလုံးထွားကြသူအားလုံးလိုလိုဟာ (ထပ်ပြောပါရစေ…အားလုံးလိုလို) တနေ့ကျတော့ ပြည်ပမျှော်တဲ့အလုပ် ကိုဇောက်ချလုပ်ကြတာချည့်ပါဘဲဆိုရင်…..ဘာပြောမလဲ။
သေချာတတခုကတော့…မောင်တင်အေးတယောက် စက်မှု(၂) အကြီးစားစက်ပစ္စည်းကသိန်း(၅၀)လောက်နဲ့ရောက်းချပေးတဲ့ပြည်တွင်းဖြစ်ယာဉ်တစီး ဝယ်ယူခွင့်ရလို့..စိတ်ကူးတွေယဉ်နေပြီဆိုတာမြေကြီးလက်ခတ်မလွဲကြောင်းပါခင်ဗျား။
maungmoenyo
August 8, 2011 at 10:27 am
ပြည်ပကိုရောက်ရှိနေထိုင်ကြသူမြန်မာတွေအါးလုံးက အကြောင်းမျိုးစုံနဲ့ရောက်နေကြသူတွေပါ။ ကိုယ့်နိုင်ငံဒေသယဉ်ကျေးမှူကို ကြိတ်မှိတ်လွမ်းနေကြရသူတွေချည့်ပါဘဲ။ မောင်တင်အေး (သရက်) လိုအခွင့်ထူးကြီးတွေ ခံစားနေရရင်ဘယ်သူကနိုင်ငံကိုခွာချင်မလဲ။ အမေရိကန်နိုင်ငံသား တယောက်ကိုမေးကြည့်ပါ။ သူ့နိုင်ငံကိုခွာပြီး မြန်မာနိုင်ငံလိုနေရာမျိုးမှာအခြေချခင်သလားလို့။ ထားတော့ ။စင်္ကံာပူနိုင်ငံသားတွေကို အမရေိကန်အပါအဝင်အခြားနိုင်ငံကြီးတွေမှာအခြေချနေထိုင်ကြတာ ဘာလို့မတွေ့ရတာလဲ။
အဲ့ဒါအဖြေပါဘဲ…။
kai
August 27, 2011 at 12:00 am
ပြည်ပရောက်သူတွေ ပြန်လာရေး ဒေါက်တာ နေဇင်လတ် ပြောဆို
2011-08-25
နိုင်ငံရေး လှုပ်ရှားမှုကြောင့် ပြည်ပကို ထွက်ခွာသွားသူ အားလုံးကို တစုံတရာ အရေးယူမှု မပြုဘဲ ပြန်လာခွင့်ပြုမှာ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ နေဇင်လတ်က RFA ကို ဩဂုတ်လ ၂၄ ရက်နေ့က ပြောဆိုလိုက် ပါတယ်။
သမ္မတ ဦးသိန်းစိန် မကြာခင်က နေပြည်တော်မှာ ပြောကြားခဲ့သလို ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြန်လာကြဖို့ ဖိတ်ခေါ်ခဲ့မှုနဲ့ ပတ်သက်လို့ မကြာခင် အသေးစိတ် ထုတ်ပြန်ဖို့ အစိုးရက စီစဉ် ဆောင်ရွက်နေကြောင်း၊ ရာဇဝတ်ပြစ်မှု ကျူးလွန်ခဲ့သူများကလွဲလို့ ပြည်ပကို ထွက်ခွာသွားသူ အားလုံးကို တစုံတရာ အရေးယူမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အစိုးရ ဝင်ရောက် စွက်ဖက်မှု မရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း တရပ်ကို အခု ရက်ပိုင်း အတွင်း တရားဝင် ထူထောင် ဖွဲ့စည်းဖို့ အစီအစဉ် ရှိကြောင်း ဒေါက်တာ နေဇင်လတ်က ပြောပါတယ်။
အဲဒီ လူ့အခွင့်အရေး ကာကွယ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ကို အများက ကြည်ညို လေးစားရတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းသွားမှာ ဖြစ်ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လွတ်လွတ် လပ်လပ် စုံစမ်း ဖော်ထုတ်မယ်လို့ သူက ပြောပါတယ်။
http://www.rfa.org/burmese/news/exile-burmese-to-return-08252011083208.html
ရွှေအိမ်စည်
August 27, 2011 at 12:55 am
ဖတ်ပြီးပြီးသူကြီး..
မြန်မာပြည်လူဦးရေ..သန်း၆ဝကျော်မှာ…
ဘယ်နှစ်ယောက်ကောင်းလာသလဲ..
ဖျက်ဆီးပစ်လိုက်တာ..နဲနဲနောနောလူဦးရေမှမဟုတ်တာ
စာပေ၊ယဉ်ကျေးမှု၊၈၈၈၈ကတည်းကဖျက်ဆီးတာ…ကလပ်တွေဖွင့်ပေးတယ်..
နိုင်ငံရေးအာရုံမလာအောင်….
၈၈ ကအသက်၂ဝ တက်ကြွနေတဲ ့လူငယ်ဟာ….
အခုချိန်၄၃ အေအိုင်ဒီအက်ကိုက်ကုန်ပြီ…
၄၃-၄၅တွေ သေနေပြီ…..အဲ ့ဒီတုံးကမြူးခဲ ့တြ ့ကောင်တွေ
ဘယ်လောက်ဖျက်ဆီးထားခဲ ့သလဲဆိုတာ..ယဉ်ကျေးမှုကတော့ပြောမနေနြ ့တော့ဘဲ..
ကျနော်ကဗျာချစ်သူထဲ က…ကျမတို ့လေလံပွဲ ကဗျာက.
.တကယ့်အဖြစ်အပျက်ကိုရေးထားတာ…နော်..
အဲ ့ဒိ့ကဗျာလို အပြင်မှာကျနော်ကိုယ်တိုင်….သူငယ်ချင်းညီမကိုကလပ်ထဲ ကသွားရှာခဲ ့ရတာ
ပြောရရင်………အံမလေး…
နောက်ဆုံးတော့..ဘာသာတရားအဆုံးအမကြောင့်ဘဲကိုယ့်စိတ်ဘဲ
တကယ်တော့စိတ်ဓါတ်တွေ ကပြင်မရတာ….
ကျွန်နော်တို ့လည်း…တကယ်ပါ…..
ငယ်ငယ်ကဆုံမခဲ ့တဲ ့အသိကောင်းနေလို ့
ဒီမိုကရေစီ…အစစ်အမှန်ကတော့…
တကယ်ရစေချင်ရင်..၅နှစ်အထက်..လူတွေ အကုန်သတ်ပစ်ပြီး
မှကျန်တဲ ့သူတွေဘဲ…၅နှစ်အောက်ကလေးတွေ ဘဲထားခဲ မှရတော့မှာ….
သူတို ့စကားယုံတြ ့သူကတော့.၊ သူတို ့စိတ်ထား…..ဘာလဲ..တူတူဘဲ…………………….
…………………………………
နေမှာ