Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရေသည်ယောက်ျား(သို.)နအဖစစ်အစိုးရ

ေရႊဘိုသားAugust 12, 20111min45816

ရွာထဲလည်းမရောက်ဖြစ်တာကြာနေပြီ အခုတလောအလုပ်မအားတာလည်းပါတယ် ကျောင်းအတွက်

Assignment ရေးနေရလို.လည်းပါတယ် ဒါပေမဲ.လည်း ဝင်တော.ဖတ်ဖြစ်ပါတယ်

အင်တာနက်သတင်းတွေထဲမှာ စိတ်မကောင်းစရာသတင်းကတော. ကျနော်တို. မြန်မာအစိုးရက ဧရာဝတီ

မြစ်ကြီးကနေ ရေအားလျှပ်စစ် ထုတ်ယူဖို.ကြိုးစားနေတဲ. သတင်းပါပဲ အခုတလော သတင်းမီဒီယာ

တွေကလည်းအဲဒီမြန်မာနိုင်ငံရဲ. အသက်သွေးကြောဖြစ်တဲ. ဧရာဝတီ ကိုရေအားလျှပ်စစ် ထုတ်ယူမှာ

ဆိုးကျိုးတွေဖြစ်နိုင်တယ်ဆိုတာတွေ ထောက်ပြတော.လည်း လက်မခံကြပဲ တိုင်းပြည်ကောင်းကျိုးကို

မလိုလားလို. ဒီလိုဝိုင်းဝန်းဝေဖန်တာပါလို. ဘက်တော်သား ဆောင်းပါးရှင်တွေက အစိုးရသတင်းစာကို

အားကိုးပြီး ပြန်လည်ပုတ်ခတ် ရေးကြတာကိုလည်း အခုတလောအစိုးရသတင်းစာတွေမှာ မမြင်ချင်မှအဆုံး

တွေ.နေရတယ် တစ်တိုင်းပြည်လုံးရဲ. အသက်သွေးကြောဖြစ်တဲ. မြစ်ကြီးကို သူတို.ပထွေးတွေဆီ ရောင်းစားဖို.

လုပ်နေတာကို ဝိုင်းဝန်းထောက်ပြတာကို လက်မခံပဲ ထောက်ပြသမျှ လက်ခါပြနေတာကြီးက ဒီမိုကရေစီ

နိုင်ငံကြီးဆီ ဦးတည်နေတာလား အာဏာရှင်စနစ်ဆိုးကြီးထဲ ဝဲလှည်.နေတာလားကတော. သိသာလွန်းနေပါပြီ

အစိုးရသတင်းစာတွေမှာ မျက်နှာလိုမျက်နှာရ ဆောင်းပါးတွေရေးနေတဲ. ဆောင်းပါးရှင်တွေကလည်း

သူတို.ပထွေးတွေအလိုကျ အင်တာနက်သတင်းတွေမှာရော ပြင်ပမီဒီယာတွေကရော ထောက်ပြနေတာကို

အကျိုးမလိုလားလို. လုပ်ကြံဖန်တီးတာပါလို. ရေးထားတာတွေလည်း စိတ်မချမ်းသာစရာနေ.တိုင်း

တွေ.နေရတယ် ဩဂုတ်လ ၉ ရက်နေ.ထုတ် အစိုးရသတင်းစာထဲမှာဆိုရင် ခေါင်းစဉ်ကြီးက

လက်တွေ.လုပ်ရက်တွေနဲ. နည်းနည်းမှ မလိုက်ဖက်သလိုဖြစ်နေတယ် တပ်ထားတဲ.ခေါင်းစဉ်က

(ထာဝရ အမွေအနှစ် မွန်မြတ်သည့် စေတနာ) တဲ. ကြားရတာ နားခါးစရာဖြစ်နေတယ်

ဧရာဝတီမြစ်ကြီးက ထာဝရအမွေအနှစ်ဆိုတာတော. မြန်မာလူမျိုးတိုင်းသိပါတယ်

မွန်မြတ်သည်. စေတနာ ဆိုတာကြီးကတော. ခွေးပါးစပ်က နတ်စကား ထွက်သလိုများဖြစ်နေမလားလို.တွေးမိပါတယ် “နိုင်ငံတော်၏ လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကို ကာလတိုအတွင်း ပြည့်မီစွာ ဖြည့်တင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် လျှပ်စစ်စီမံကိန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် တည်ဆောက် ပေးလျက်ရှိရာ ယခုအခါ လျှပ်စစ်ဓာတ်အားများ တစ်နှစ်ထက်တစ်နှစ် ပိုမိုရရှိနေပြီ ဖြစ်သော်လည်း အချို့ပုဂ္ဂိုလ်/အဖွဲ့အစည်းများ အနေဖြင့် ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ဧရာဝတီမြစ်ဆုံ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ပြည်တွင်း ရှိ ပြည်သူလူထု အထင်မှား အမြင်မှား ဖြစ်စေရန် မဟုတ်မမှန် ဖန်တီးလုပ်ကြံ၍ ရေးသား လုပ်ဆောင်လျက် ရှိကြသည်”ဟု နိုင်ငံပိုင် သတင်းစာပါ အဆိုပါ ဆောင်းပါးတွင် ထည့်သွင်း ရေးသားဖော်ပြ ထားပါတာတွေ.ရတယ် ဒီလိုထောက်ပြတာ တကယ်ကို ပျက်စီးမှုမဖြစ်ရအောင်

ဝိုင်းဝန်းဝေဖန်တာဖြစ်တယ် ဒါကို လက်မခံပဲ သူတို.ထင်ရာသူတို.စိုင်းချင်နေကြတာ ဒီမိုကရေစီ

နိုင်ငံလား ဒီမိုကရေစီ စနစ်ကြီးဆီကို ဦးတည်နေတာလား ဆိုတာပြန်တွေးစရာဖြစ်လာတယ်

မြန်မာလူမျိုးတိုင်း ကိုယ်.မိဘလို အားကိုးနေရတဲ.

အမိဧရာဝတီ မြစ်ကြီးကို တရုတ်တွေဆီရောင်းဝယ်ပြီး အကျိုးအမြတ်ကို တရုတ်က

၇ဝ ရာခိုင်နှုန်း မြန်မာအစိုးရက ၂ဝ ရာခိုင်နှုန်း ကြားပွဲစားက ၁ဝ ရာခိုင်နှုန်းဆိုပြီး

ကြားနေရတယ် အဲဒီအတိုင်းသာဖြစ်မယ်ဆိုရင်တော. ပြည်သူတွေက ဘယ်ကအကျိုးအမြတ်ကို

အားကိုးရမှာလည်း သူတို.အတွက်နဲ. တရုတ်အတွက်ရယ် ကြားပွဲစားရယ်ပဲ

အချည်ကြီး ကော်မှာသေချာတယ် ဒီစီမံကိန်းကြီးကို အာဏာပိုင်တွေကတော. အမြန်ဆုံးအကောင်ထည်ဖော်ချင်နေကြတာ မဆန်းပါဘူး သူတို.က အမြဲတမ်း သူတို.အတွက်

အကျိုးအမြတ် များများလိုချင်နေတာကိုး သူတို.ကမှ တကယ်ကို ဦးပုည ရေသည်ပြဇာတ်ထဲက

ရေသည် ယောကျင်္ားဖြစ်နေပြီ နိုင်ငံပိုင် ရေကိုတောင် ပြန်ရောင်းစားတဲ. နိုင်ငံခေါင်းဆောင်တွေ

ဘယ်နိုင်ငံမှာမှ မတွေ.ဖူး မကြားဖူးဘူး  ၉ ရက်နေ.က သတင်းစာထဲမှာ ထောက်ပြထားတာတွေက

ကောင်းကျိုးတွေချည်းပဲ ဆိုးကျိုးက နည်းနည်းမှကို မပါတာ ကောင်းကျိုးကျတော.လည်း ဒေသခံ

လူ ၂၆၀ဝ လောက် အလုပ်ရတယ်။ အိမ်ထောင်စု ထောင်ဂဏန်းလောက် နေရာချထား ပေးခဲ့တယ်ဆိုတာ လောက်ပဲ ဖော်ပြထားတာ လူဦးရေ သန်း ၆ဝ ကျော်လောက်နဲ. ဆိုင်တဲ.

အသက်သွေးကြော မြစ်ကြီးကို တရုတ်ကို မျက်နှာလိုမျက်နှာရ ရောင်းစားပြီး နိုင်ငံသား

၂၆၀ဝ ကျော်လောက်သာ အလုပ်ရမှာ နဲ. ထောင်ဂဏန်း အိမ်ထောင်စုမျှသာ

နေရာချထားပေးမှာကျတော. သိပ်တော. မဟုတ်သေးဘူးလို.ထင်တယ် ကျန်တဲ. သန်းပေါင်း

မြောက်များစွာသောပြည်သူတွေကျတော. ဒီအတိုင်းပဲနေရမှာလား ဒီလိုလုပ်လို. ဘာအကျိုးအမြတ်မှ မခံစားရဘူးလား

အခုလိုပြောတာ အပေါ်မှာပြောတဲ. ၂၆၀ဝ ကိုမနာလို လို.ပြောတာမဟုတ်ဘူးနော် ကျနော်ထင်တာကို

သိသလောက် ဝင်ပြောတာ

လူ သန်း ၆ဝ ကျော်လောက်ရှိတဲ. အထဲကမှ ၂၆၀ဝ လောက်ပဲ အခွင်.လမ်းနည်းနည်းရမှာဆိုတော.

ဘယ်လိုမှကို မဖြစ်သင်.ဘူးထင်လို.ပြောတာပါ တစ်တိုင်းပြည်လုံးနဲ. သက်ဆိုင်တဲ.

အသက်သွေးကြော မြစ်ကြီးကို ခုတုံးလုပ်ပြီး အရောင်းအဝယ် လုပ်မှတော. တစ်တိုင်းပြည်လုံး

ရတဲ.အကျိုးအမြတ် ခံစားရမှာပေါ. အခုကျတော. အဲဒီ ပြည်သူ၂၆၀ဝ ဆိုတာကလည်း သူတို.

ခွေးအုပ်ပဲ ပြောတာလားတော.မသိဘူး

ဒီစီမံကိန်းအတွက် တရုတ်ရင်းနှီးမြုပ်နှံမှုဟာ ဒေါ်လာ ၃ ဒသမ ၆ ဘီလီ ယံဆိုတာ နိုင်ငံတကာစံနှုန်းနဲ့ဆိုရင် သိပ်မများပါဘူး။ ဒါပေမယ့် သူတို့က ၇ဝ ရာခိုင်နှုန်း အကျိုးအမြတ်ယူမယ်။ ပြည်ထောင်စု အစိုးရ က ၂ဝ ရာခိုင်နှုန်း၊ ကြားပွဲစားက ၁ဝ ရာခိုင်နှုန်း၊ ကချင်ပြည်နယ် အစိုးရနဲ့ ကချင်ပြည်နယ်လူထု အတွက်ရော ဘယ်လိုစဉ်းစားထား သလဲ။ ဒီစာချုပ်ဟာ မမျှတဘူး။ နောက်ပြီး ကြားပွဲစားဆိုတာ တရားဝင်လား။ များလွန်းတယ်။ လာဘ်ပေး၊ လာဘ်ယူတွေ ရှိနေသလား။ စတဲ. မေးခွန်းတွေကလည်း အင်တာနက်သတင်းတွေမှာ တွေ.နေရတယ် ဒီသဘောတူညီချက်စာချုပ်ကိုလည်း ၂၀၀၆ ခုနှစ်က ချုပ်ဖြစ်တာလို. သတင်းစာထဲမှာ ဖတ်လိုက်ရတယ် အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန နှင့် တရုတ်နိုင်ငံ (China Power Investment Corporation) တို့ ချုပ်ဆိုခဲ့ကြကြောင်း လည်းပါဝင်သေးတယ် တည်ဆောက်မဲ.

မြစ်ဆုံ တမန်ဟာ ကွန်ကရစ်မျက်နှာပြင်အမျိုးအစားဖြစ်ကြောင်း တမံအလျားပေ ၄၃၀ဝ နှင်.

တမံအမြင်. ၄၅၈ ပေရှိကြောင်းလည်း ဖတ်လိုက်ရတယ် မြစ်ဆုံ တမန်စီမံကိန်းဟာ တရုတ်နိုင်ငံရဲ.

ပညာရှင်တွေ နဲ.ပူးပေါင်းတည်ဆောက်ထားတာတို. တရုတ်ရေလှောင်တမံ နည်းတူ ပြုလုပ်ထားတာ

တို.လည်း ဖတ်လိုက်ရတော. တော်တော်တောင်စိတ်မကောင်းဖြစ်သွားတယ် သူတို.တရုတ်တောင်မှ

အမြဲတမ်းလိုလို ရေဘေးဒုက္ခသည် တွေအမြဲဘေးလွတ်ရာ ရွှေ.ပြောင်းပေးနေရတာကို

သတင်းစာထဲမှာ အဲလိုဖတ်လိုက်ရတော. ကျောတောင်ချမ်းမိပါရဲ.

ဆရာကြီးလူထုစိန်းဝင်းနဲ. Eleven Journal က CEO ဒေါက်တာ သန်းထွဋ်အောင်တို.

ထောက်ပြတာတွေ အင်တာနက်သတင်းထဲမှာ ဖတ်လိုက်ရတော. ပိုပြီးတော.တောင် ရင်လေးမိပါရဲ.

Eleven Journal က CEO ဒေါက်တာ သန်းထွဋ်အောင်တို. ပြောထားတာက

ပြီးခဲ့တဲ့ နှစ်လလောက်က တရုတ်အစိုးရကို မြစ်ဆုံစီမံကိန်းရယ်၊ သဘာဝဓာတ်ငွေ့ စီမံကိန်းရယ်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတွေကို လာရောက်လေ့လာပြီး အကြံဉာဏ်ပေးမယ့် Think Thaanke Group တစ်ခုနဲ့ Eleven Media Group ရုံးမှာ ကျွန်တော်တို့တွေ့တယ်။ အဲဒီမှာပါတဲ့ လူအများစုက အသက် ၃၀၊ ၄ဝ အရွယ် လူငယ်၊ လူလတ်တွေဖြစ်ပြီး စင်ကာပူတက္ကသိုလ်က PhD ဘွဲ့ရသူတွေ ပါပါတယ်။ သူတို့ လေ့လာရသလောက် မြစ်ဆုံရေကာတာ စီမံကိန်းဟာ မြန်မာလူထုကို ထိခိုက်နိုင်တယ်ဆိုတဲ့အချက် ကို ငြင်းပယ်မသွားပါဘူး။ ရရှိတဲ့ အချက်အလက်တွေကိုလည်း Professional ပီသစွာ တရုတ်အစိုးရ ကို တိတိကျကျ အစီရင်ခံသွားမယ်လို့ ဆိုပါတယ်။ ဒီဆည်ကြီး ခုနစ်ခု လုံးဝမဆောက်သင့်ဘူး။ အကယ်၍ မဖြစ်မနေ ဆောက်ရရင်လည်း အသေးနှစ်ခုပဲ ဆောက်သင့်တယ်လို့ သူတို့ပြောသွားပါတယ်။ သူတို. မြစ်ဆုံ “ဒီရေကာတာဟာ စစ်ကိုင်းပြတ်ရွေ့ကြောအနီးမှာ ရှိတယ်။ ကျိုးသွားရင် စက္ကန့် ၂ဝ အတွင်း မြစ်ကြီးနားမြို့ရေမြုပ်သွားမယ်လို့ လည်း သတင်းတွေမှာဖတ်ရတယ်

အဲဒီလို ဖြစ်ခဲ.ရင် အစိုးရက တာဝန်ယူနိုင်မှာလား ဆိုတာလည်း တွေးစရာကောင်းလာတယ်

မြစ်ကြီးလည်း အခုတောင် တော်တော်ကောနေတာ

ဒီစီမံကိန်းကြီးသာ လုပ်ဖြစ်လို.ကတော. သေချာပေါက် တိမ်ကောဖို.ပဲ ရှိတယ်

 

နာဂစ်တုန်းကလို ကိုယ်တိုင်လည်း မကူညီ ကူညီမဲ.သူတွေလာတော.လည်း ဟောင်လွှတ်နေတာက

စာသင်ကျောင်း သင်ခန်းစာထဲမှာ သင်ခဲ.ရတဲ. အင်္ဂလိပ် ပုံပြင်

နွားစာကျင်းထဲက ခွေးလိုဖြစ်နေတယ် နွားစာ တွေကို ကိုယ်လည်းစားလို.မရ စားမဲ.နွားတွေလာတော.လည်း ဟောင်လွှတ်တဲ. ခွေးလိုမြန်မာအစိုးရက ပုံပြင်ထဲက ခွေးလိုဖြစ်နေတယ်

် တကယ်ကို ရေသည်ယောက်ျားတွေ ဖြစ်နေပြီ နိုင်ငံပိုင် ရေကို တောင်တရုတ်ကို

ရောင်းစားနေပြီ တရုတ်ကလည်း သူတို.နိုင်ငံ အကျိုးမြတ်ရဖို.ကို မြန်မာပြည်မှာ လာပြီး

ရေလှောင်တမံဆောက်လုပ်ပြီး အကျိုးစီပွားရှာတာ တကယ်လို.ရေလှောင်တမံ ကျိုးကျလည်း

သူတို. လူမျိုးတွေ ဒုက္ခခံရမှာမဟုတ်ဘူး မြန်မာလူမျိုးတွေ ခံရမှာပဲ ဆိုပြီ လာပြီး စမ်းသပ် ပြုလုပ်တာပဲ

ဖြစ်မယ်ထင်တယ် ကျနော်တို.နိုင်ငံကြီးက တရုတ်တို.ရဲ. အစမ်းသပ်ခံနိုင်ငံကြီး ဖြစ်မှန်းမသိဖြစ်နေတာ

တော်တော်ကိုဝမ်းနည်းစရာကောင်းနေပြီ တရုတ်က ပစ္စည်းတွေ စမ်းသပ်ချင်ရင်လည်း ဒီနိုင်ငံကိုလာ

အစားအသောက် အဆိပ်သင်.မသင်.သိချင်ရင်လည်း မြန်မာနိုင်ငံအရင်ဖြန်.ဝေနဲ.

အစမ်းသပ်ခံနိုင်ငံကြီး ဖြစ်နေပြီ အခုလည်း ဒီ မြစ်ဆုံစီမံကိန်းကြိီးသာ အကောင်ထည်ဖော်ဖြစ်ရင်

မြန်မာလူမျိုး တွေရဲ. အသက်တွေ ဘယ်လောက်တောင် ရေထဲမျှောလိုက်ရမလဲဆိုတာ တွေးပြီးရင်လေးမိတယ်

ကျနော်ဒီလို ရေးတာ သိလွန်းတတ်လွန်းလို.တော.မဟုတ်ဘူး သတင်းတွေဖတ်ပြီး ရွာထဲလည်း

ဝင်ပြီး ရေးချင်တာကြောင်. ရွာသားတို.လည်း ဝိုင်းဝန်းဝေဖန်နိုင်အောင် ရေးတာပါ

လိုအပ်တာရှိရင် မှားတာရှိရင်လည်း ဝိုင်းဝန်းထောက်ပြကြပါလို. တောင်းဆိုပါတယ်

သံချပ်သီချင်းထဲကလို အာရှတိုက်ရဲ. စပါးကျည် ငတ်နေကြတာမယုံနိုင်စရာပဲ

16 comments

  • ကြောင်ကြီး

    August 12, 2011 at 8:47 am

    ထွက်လာတဲ့ ရေအားလျှပ်စစ်ရဲ့ ၁ဝရာခိုင်နှုန်းကိုပဲ ပြည်တွင်းက ရမှာတဲ့ဗျား။ အကယ်၍ ရေကာတာကျိုးလို့ မြစ်ကြီးနားမြို့ရေမြှုပ်ခဲ့ရင်ဆိုပြီး တိုင်းစစ်ဌာနချုပ်ကို အမြင့်ပိုင်းဒေသ ပူတာအိုကို ပြောင်းရွှေ့ရန် စီမံချက်ရှိသတဲ့ဗျား…။
    သဂျီးကတော့ ရွေးကောက်ခံ လွှတ်တော်အမတ်တွေထံ စာရေးတိုင်ကြားသင့်သတဲ့ဗျား…။ 🙁

  • pan pan

    August 12, 2011 at 8:50 am

    ဧရာဝတီက တော်တော်ကောနေပြီရွှေလိုသားရဲ့
    တို့တွေလွန်ခဲ့တဲ့ တစ်နှစ်ကျော်က ရွာပြန်တော့ မြစ်ကောတဲ့ဘက်တောင်ရောက်ခဲ့တယ်
    သဲပြင်ပဲကျန်တော့တယ်
    ရွာက မြစ်အရှေ့ဘက်ကမ်းမှာလေ
    မြစ်ကြောင်းက နေရာပြောင်းသွားပြီး ပြတ်တိပြတ်တောင်းနဲ့ အရင်လို ရေတွေတသွင်သွင်စီးနေတာမျိုးမဟုတ်တော့ဘူး
    အဲတုုန်းက ပုဂံဘက်လည်းဘုရားဖူးထွက်ခဲ့တော့ တန့်ကြည်တောင်အသွားမှာ သမ္ဗာန်သမားတွေအပြောအရ အဲဒီကမြစ်ကွေ့လည်း အဲဒီနှစ်မှာပဲ အတော်ကျဉ်းသွားတယ်ဆိုပဲ
    ခုတော့ ဘယ်လောက်ထိဖြစ်ကုန်ပြီလဲမသိတော့ပါဘူး
    ဧရာဝတီမြစ်ရေတက်လို့ ရေကျပြီးချိန်စိုက်ပျိုးကြမယ့် တောင်သူတွေ အဆင်မပြေဖြစ်မှာ သိပ်စိုးရိမ်တာပဲ
    တို့အဖေတို့က တောင်သူမျိုးရိုးပဲလေ

    • pan pan

      August 12, 2011 at 8:55 am

      ရွှေဘိုုသားလို့ ရေးလိုက်တာ
      ရွှေလိုသားဖြစ်သွားတယ်
      ကီးမှားရိုက်လိုက်မိတယ်
      စိတ်မဆိုးနဲ့နော် 🙂

  • ရွှေဘိုသား

    August 12, 2011 at 9:05 am

    တောင်းပန်စရာမလိုပါဘူးဗျာ မှားရိုက်လိုက်မှန်းသိပါတယ်
    မပန်ပန် ပြောသလိုပဲ ကျနော်လည်း ဆောင်းပါးထည်းကလို နှစ်တိုင်း ရွှေဘိုပြန်ရင် စစ်ကိုင်းတံတားနားမှာ
    သောင်ထွန်း နေတာကို စိတ်မကောင်းစွာတွေ.မိတယ်ဗျ

    ဒါကျတော. အနိုင်ကျင်.ရမှန်းသိလို. ဘဝတွေပါကို ဖျက်ဆီး ပစ်သလိုဖြစ်နေပြီ

  • မျိုးသိန်း

    August 12, 2011 at 9:28 am

    ှဟုတ်ပါသည်~~ အလွန်ပဲကျောက်စိမ်းတူးတဲလူတွေရယ်~~ မဆင်မချင်စွန် ့ပစ်တဲသဲတွေကြောင်ရယ်~~ ထပ်ပြီးတော့မြစ်ဆုံကိုပိတ်လိုက်ရင်~~ မုတ္တမပင်လယ်ကြီးက ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်းကို ဝါးမျိုသွားပါလိမ်မယ်၊

  • zawmyothu

    August 12, 2011 at 10:51 am

    ကျွန်တော်တို. မိခင် “ဧရာဝတီ” မြစ်ကြီးက
    လက်တစ်ဆုပ်စာ လူတစ်စု ကြောင်.
    ဒုက္ခရောက်တော.မယ်ထင်တယ် ဟူူူူူူူူူူူူူူူူးးးးးး

  • နီလေး

    August 12, 2011 at 11:02 am

    စိတ်မကောင်းစရာတော့တကယ်အမှန်ပါပဲ ရင်လေးမိပါတယ် မြစ်ကြီးနားကြီးရယ် ဧရာဝတီကြီးရယ်

  • Mee2

    August 12, 2011 at 1:49 pm

    ““ဘယ်နိုင်ငံမှာမှ မတွေ.ဖူး မကြားဖူးဘူး  ၉ ရက်နေ.က သတင်းစာထဲမှာ ထောက်ပြထားတာတွေက
    ကောင်းကျိုးတွေချည်းပဲ ဆိုးကျိုးက နည်းနည်းမှကို မပါတာ ကောင်းကျိုးကျတော.လည်း ဒေသခံ
    လူ ၂၆၀ဝ လောက် အလုပ်ရတယ်။ အိမ်ထောင်စု ထောင်ဂဏန်းလောက် နေရာချထား ပေးခဲ့တယ်ဆိုတာ လောက်ပဲ ဖော်ပြထားတာ လူဦးရေ သန်း ၆ဝ ကျော်လောက်နဲ. ဆိုင်တဲ.
    အသက်သွေးကြော မြစ်ကြီးကို တရုတ်ကို မျက်နှာလိုမျက်နှာရ ရောင်းစားပြီး နိုင်ငံသား
    ၂၆၀ဝ ကျော်လောက်သာ အလုပ်ရမှာ နဲ. ထောင်ဂဏန်း အိမ်ထောင်စုမျှသာ
    နေရာချထားပေးမှာကျတော. သိပ်တော. မဟုတ်သေးဘူးလို.ထင်တယ် “””

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 12, 2011 at 1:57 pm

    အစိုးရ ဧရာဝတီ ဝါဒဖြန့်ဆောင်းပါး လိုရာဆွဲရေးဟု ကျွမ်းကျင်သူတွေ သုံးသပ်
    By မသင်းသီရိ – ကြာသပတေး, 11 ဩဂုတ် 2011
    ဧရာဝတီမြစ်ကြောင်းကနေ ထုတ်လုပ်နေတဲ့ လျှပ်စစ်တွေကို လက်ရှိ ပြည်သူတွေ သုံးစွဲနေကြရတာဖြစ်ပြီး ဒီစီမံကိန်းတွေက ဧရာဝတီ မြစ်ကြောင်းနဲ့ ဒီမြစ်ကို အမှီပြုနေတဲ့ လုပ်ငန်းတွေ ဘာမှ ထိခိုက်စရာ မရှိဘူးဆိုတဲ့ အစိုးရထုတ် သတင်းစာထဲက ဆောင်းပါးဟာ တဖက်သတ် လိုရာကို ဆွဲပြောတဲ့ ရေးသားချက် ဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။ ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်တွေ အရရော လက်ရှိ မြင်တွေ့နေရတဲ့ အန္တရာယ်တွေကို လျစ်လျုရှုပြီး ရေးသားလိုက်တာ ဖြစ်တယ်လို့ ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်းက ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
    ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့ထုတ် သတင်းစာထဲက ဆောင်းပါးရှင် လျှပ်စစ်ဝန်ထမ်းတဦးရဲ့ ထာဝရ အမွေအနှစ်နဲ့ မွန်မြတ်သည့် စေတနာဆိုတဲ့ ဆောင်းပါးဟာ လက်ရှိ ဧရာဝတီမြစ်ကြောင်းမှာ ပျက်စီး ထိခိုက်နေတဲ့ အခြေအနေ အရပ်ရပ်ကို မလေ့လာဘဲ တဖက်သက် ရေးသားလိုက်တဲ့ ဆောင်းပါးတပုဒ် ဖြစ်တယ်လို့ အတော်များများက ဝေဖန်နေကြပါတယ်။
    အထူးသဖြင့် ဧရာဝတီမြစ်နဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ သတင်းသမားတွေဟာ ချဲ့ကားပြောနေတယ်၊ ဧရာဝတီမြစ်ကြီးပေါ် အမှီပြုထားတဲ့ ရေကာတာတွေကနေ တိုင်းရင်းသား ပြည်သူတွေဆီ လျှပ်စစ်အားတွေ ပေးပို့နေတယ်ဆိုတဲ့ ရေးသားချက်တွေဟာ လွဲချော်နေပြီး မှားယွင်းနေတဲ့ ဆောင်းပါးတပုဒ် ဖြစ်တယ်လို့ ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်းက ဝေဖန်ပါတယ်။
    “ဧရာဝတီ တိမ်ကောမယ့် အန္တရာယ် ရှိနေတယ် ဆိုတာဟာ တဦးတယောက်တည်းက ပြောတာမဟုတ်ဘူး။ လူတိုင်း မျက်စိနဲ့လည်း မြင်တွေ့နေကြတယ်။ သဘာဝ ထိန်းသိမ်းရေး ပညာရှင်တွေရဲ့ လေ့လာချက် စာတမ်းတွေ၊ အခုလောလောဆယ် ထွက်လာတဲ့ တရုတ်၊ ဗမာ ပညာရှင်တွေရဲ့ စာမျက်နှာ ၉၀ဝ လောက်ရှိတဲ့ စာတမ်းကြီးကလည်း လေ့လာထားတဲ့ စာတမ်းတွေ ဖြစ်တယ်။
    “အခု သတင်းစာထဲက ဆောင်းပါးရှင်ဟာ အဲဒီ တရုတ်စာတမ်းမှာပါတဲ့ အချက်တွေထဲက သူတို့ လိုချင်တာကိုပဲ ဆွဲထုတ်ပြီးတော့ ပြောသွားတယ်။ လျှပ်စစ်မီးတွေ ဘယ်လောက်ရမယ်၊ အလုပ်အကိုင် ဘယ်လောက်ရမယ် ဆိုတာတွေပဲ၊ ကောင်းကျိုးတွေပဲ ဖော်ပြပြီးတော့ ဆိုးပြစ်တွေကျတော့ ဖော်ပြမထားဘူး။ ဆိုးပြစ်တွေက တကယ်ပြောမယ်ဆိုရင် ကောင်းကျိုးလေးက နှမ်းတဆုပ်စာပဲ ရှိတယ်၊ ဆိုးပြစ်တွေက မြင့်မိုရ်တောင်လောက် ရှိတယ်။”
    အခုဆိုရင် ဧရာဝတီမြစ်ကြီးမှာ သောင်ထွန်းတာတွေ၊ ကမ်းပါးပြိုတာတွေ ဖြစ်နေသလို ဓာတုဆေးဝါးတွေနဲ့ စီးဆင်းနေတဲ့ မြစ်ကြောင်းကြီး ဖြစ်နေပြီလို့ မန္တလေးက စာရေးဆရာ ကျော်ရင်မြင့်က ဆိုပါတယ်။
    “အဆိုးဝါးဆုံးကတော့ အခု မြစ်မှာ သောင်တွေထွန်းတယ်။ သောင်တွေထွန်းတဲ့အတွက် မြစ်ဟာ သူ့စီးရိုးစီးစဉ် လမ်းကြောင်းအတိုင်း မစီးတော့ဘူး။ တပိုင်းမှာ သောင်တွေ ထွန်းသလို တပိုင်းမှာ ကမ်းပါးတွေ အကြီးအကျယ် ပြိုတယ်။ မြစ်ကြောင်းက သူစီးချင်သလို စီးတဲ့အခါမှာ မြစ်ရေဦးတိုက်တာ ခံရတဲ့ ရွာတွေက ကမ်းပါးတွေ ပြိုပြီးတော့ ရွာလုံးကျွတ်တွေ ရွှေ့ရတာ ရှိတယ်။ သောင်တွေထွန်းပြီးတော့ သွားရေးလာရေး ခက်နေတာ ရှိတယ်။ ဒါက မြစ်ကြောင်းအတွင်းမှာ သွားရေးလာရေးနဲ့ ကုန်စည် ကူးသန်းရေးအတွက် အခက်အခဲ။
    “နောက်တခုက Chemical တွေ စွန့်ပစ်ချင်သလို စွန့်ပစ်နေတာ စက်ရုံတွေကနေပြီးတော့၊ အဲဒီလို စွန့်ပစ်နေတဲ့အတွက် တချိန်က ရေချိုသောက်ခဲ့ရတဲ့ ရေချိုမြစ်ကြီးဟာလည်း ဓာတုပစ္စည်းတွေ ရောနေပြီးတော့ ရေတွေလည်း မသန့်တော့ဘူး။ ရေကြောင်းတွေလည်း မကောင်းတော့ဘူး။ ဒါ အခု ကျနော်တွေ့နေရတဲ့ မြင်ကွင်းပါဗျ။ ခုနပြောတဲ့ လျှပ်စစ်အားတွေထုတ်မယ် ဆိုတာလည်း ထုတ်လည်း မထုတ်နိုင်သေးပါဘူး။ ထုတ်ပြီးရင်လည်း တရုတ်ပြည်ဘက်ကို ပို့ဖို့ဆိုတာ ဒါလည်း သိနေတာပဲလေ။ အဲတော့ အဲဒီလျှပ်စစ်ကိုလည်း ကျနော်တို့ကတော့ မမျှော်ပါဘူး။ အခုကိုပဲ ကျနော် မီးပျက်တဲ့အောက်မှာ ထိုင်နေတာပါပဲ။”
    မြန်မာနိုင်ငံရဲ့ အသက်သွေးကြောလို့ ပြောနိုင်တဲ့ ဧရာဝတီမြစ်ကြောင်းမှာ မြန်မာအစိုးရရဲ့ မြစ်ဆုံ ရေကာတာ စီမံကိန်းတွေကြောင့် ကြုံလာရတဲ့ ဆိုးကျိုးတွေ၊ တခါ ရွှေတူးဖော်ရေး လုပ်ငန်းတွေကြောင့်လည်း သဘာဝ ဘေးအန္တရာယ်တွေ တွေ့နေရတယ်လို့ ပညာရှင်တွေက ထောက်ပြနေကြတာ ဖြစ်ပါတယ်။
    တကယ်တော့ နိုင်ငံကို တာဝန်ယူထားတဲ့ အစိုးရ အနေနဲ့ လတ်တလော အကျိုးအမြတ်ကို မကြည့်ဘဲ နိုင်ငံအတွက် ရှေရှည် အကျိုးဖြစ်ထွန်းမှုကိုသာ စဉ်းစား ဆောင်ရွက်သင့်တယ်လို့ ဆရာ လူထုစိန်ဝင်းက ထောက်ပြပါတယ်။
    “ဧရာဝတီဟာ ဗမာနိုင်ငံ၊ ဗမာလူထုရဲ့ အသက်သွေးကြောဖြစ်တယ်။ မြန်မာတို့ရဲ့ ယဉ်ကျေးမှု၊ မြို့ကြီးပြကြီးတွေ အားလုံးဟာ ဧရာဝတီမြစ် ကမ်းနဖူးတွေမှာ ပေါ်ထွန်းလာကြတာ ဖြစ်တယ်။ ဧရာဝတီ ပျောက်ကွယ်သွားရင် ဗမာလူမျိုးတွေ ပျောက်ကွယ်သွားမယ်၊ ဗမာနိုင်ငံ ပျောက်ကွယ်သွားမယ်။ နောက်တခါ မြစ်ဆုံဒေသမှာ တာတမံတွေ ဆောက်တဲ့အခါကြတော့ တိုင်းတပါးသားတွေ အများကြီး ခေါ်လာပြီးတော့ အလုပ်လုပ်ကြတယ်။ ရွှေတူးတဲ့ ကုမ္ပဏီတွေကို ပါမစ်တွေ ချပေးတယ်၊ ကျောက်စိမ်းတူးတဲ့ ကုမ္ပဏီတွေ ချပေးတယ်။
    “ဒါမျိုးကလွဲလို့ ဧရာဝတီကို ကာကွယ် စောင့်ရှောက်ရေး ဆိုတာက ပါးစပ်နဲ့ပဲ ပြောနေတယ်၊ လက်တွေ့ ဘာမှလုပ်တာ မတွေ့ရပါဘူး။ လျှပ်စစ်ဓာတ်အား ဘယ်လောက်ရမယ် ဆိုတာပဲ ကြည့်တယ်။ သူတို့က ရေတိုကိုကြည့်တယ်၊ ဘဘတို့ကတော့ ရေရှည်ကိုကြည့်တာ။ တိုင်းပြည်နဲ့ လူမျိုးတော့ အပျောက်မခံနိုင်ဘူး။ ဒါကြောင့် ဆရာတို့ အနေနဲ့က ဒါကို ပြင်းပြင်းထန်ထန် ဆန့်ကျင် တုံ့ပြန် ဝေဖန်တာ ဖြစ်တယ်။”
    ဝါရင့် သတင်းစာဆရာ လူထုစိန်ဝင်း ပြောပြသွားတာပါ။
    ဧရာဝတီ မြစ်ကြောင်းတလျှောက် အခုတွေ့ကြုံနေရတဲ့ ဘေးအန္တရာယ်တွေကို ကာကွယ်နိုင်ဖို့ ပညာရှင်တွေရဲ့ ထောက်ပြချက်တွေကို ပြည်တွင်းထုတ် Eleven Media Group သတင်းတွေမှာ ဖော်ပြနေသလို တခြား စာစောင်တချို့မှာလည်း ဧရာဝတီနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ရေးသားကြပါတယ်။ အခု ဧရာဝတီမြစ်ကြောင်းမှာ ကြုံနေရတဲ့ အန္တရာယ်တွေကို ပူးပေါင်းဖြေရှင်းနိုင်ဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပန်ကြားချက်တစောင် ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
    http://www.voanews.com/burmese/news/irrawaddy-river-react-127528293.html

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 12, 2011 at 1:58 pm

    ဧရာဝတီ ကယ်တင်ရေး ဒေါ်စု ပန်ကြား
    By ဗွီအိုအေ (မြန်မာဌာန) – ကြာသပတေး, 11 ဩဂုတ် 2011
    တရုတ်၊ မြန်မာ နှစ်နိုင်ငံ ပူးတွဲတည်ဆောက်တဲ့ ရေအားလျှပ်စစ် စီမံကိန်းက မြန်မာနိုင်ငံရဲ့ အဓိက ရေကြောင်းလမ်းမကြီးဖြစ်တဲ့ နိုင်ငံရဲ့ အကြီးဆုံး ဧရာဝတီမြစ်ကြီးအတွက် အန္တရာယ် ဖြစ်စေနိုင်မယ့် ရေစီးအား ကျဆင်းမှု ဖြစ်စေနိုင်ပြီး နောက်ဆက်တွဲ ရလဒ်အဖြစ် နိုင်ငံက အဓိက အားထားရတဲ့ သီးနှံရိက္ခာ ဖြစ်ရုံမက ပင်မ နိုင်ငံခြားပို့ကုန်လည်း ဖြစ်တဲ့ ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရေး အတွက်ပါ ခြိမ်းခြောက်မှု အန္တရာယ် ဖြစ်နေကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
    ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ပန်ကြားချက်မှာ စနစ်ကျတဲ့ စီမံကိန်းများ ကင်းမဲ့မှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေများကို လိုက်နာရန် ပျက်ကွက်မှု၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ ဗဟုသုတ အားနည်းမှုများကြောင့် ဖွံ့ဖြိုးမှု အနည်းဆုံး မြန်မာနိုင်ငံမှာ မဟာမြစ်ကြီးလို့ ခေါ်တဲ့ ဧရာဝတီမြစ်ကြီးနဲ့ ပတ်သက်လို့ ကြီးမားတဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ရမယ့် အခြေအနေတွေကို နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်က ထောက်ပြ ပြောဆိုခဲ့ပါတယ်။
    မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ဆည်တည်ဆောက်ရေး လုပ်ငန်းတွေကြောင့် ဆည်တွေရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ဘူမိ ပြတ်ရွေ့ကြောတွေကြောင့်သာမက ကြီးမားတဲ့ ဆည်ပမာဏကြောင့် ပြင်းထန်တဲ့ ငလျင် လှုပ်ခတ်မယ်ဆိုရင် အလွန်ဆိုးရွားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေကြောင်း အဲဒီပန်ကြားချက်မှာ သုံးသပ် တင်ပြခဲ့ပါတယ်။
    ရေကြောင်းတလျှောက် တရားမဝင် သစ်ခိုးခုတ်မှု ပြဿနာအပြင် ဆည်တည်ဆောက်မှုကြောင့် မြစ်ရေစီးအား ကျဆင်းလာနိုင်ပြီး ရေတိုက်စားမှု မြင့်လာနိုင်ကြောင်း၊ ရေစီးအား ကျသွားတဲ့အတွက် မြစ်ဝကျွန်းပေါ် ဒေသမှာ ဆားငံရေ ဝင်ရောက်မှု ပိုများလာလို့ ဆန်စပါး ထုတ်လုပ်မှုကို ထိခိုက်နိုင်တဲ့ အခြေအနေတွေကိုလည်း ထောက်ပြခဲ့ပါတယ်။
    အိမ်နီးချင်းကောင်း ပီသစွာနဲ့ နှစ်ဦးနှစ်ဘက် လေးစား ချစ်ကြည်ရေးကို အခြေခံတဲ့ ဓလေ့ထုံးတမ်းတွေ တည်ဆောက်ပြီးဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီ ခေါင်းဆောင်က ဖော်ပြ သုံးစွဲထားတဲ့ နှစ်နိုင်ငံရဲ့ အစိုးရ နှစ်ရပ်စလုံးက ဆည်တည်ဆောက်မှုရဲ့ နောက်ဆက်တွဲအဖြစ် လူ့အသက်တွေနဲ့ အိုးအိမ်တွေကို ပျောက်ဆုံး မျိုးသုဉ်းစေမယ့် အန္တရာယ်ကို ရှောင်ရှားနိုင်မယ်လို့ မျှော်လင့်ကြောင်း အဲဒီပန်ကြားချက်မှာ ဒေါ်အောင်ဆန်းစုကြည်က ဖော်ပြ ပြောဆိုလိုက်ပါတယ်။
    http://www.voanews.com/burmese/news/dassk-irrawaddy-127519053.html

  • hmee

    August 12, 2011 at 2:30 pm

    အင်း….ဖတ်ရတာ ရင်မောလိုက်တာ။ ကိုယ်တွေကသာ အင်တာနက်က သတင်းတွေ ဖတ်ရလို့ သိတာ။ ပြည်တွင်းက လူတွေခမျာ သိမှာ မဟုတ်။ သတင်းစာပဲ ဖတ်တော့ ဟုတ်လှပြီပဲ မှတ်မှာ။

  • naywoonni

    August 12, 2011 at 5:31 pm

    ရွှေဘိုသားရေ…. ဥပမာပေးတာလွဲနေပြီလားလို့ပါ….။ ဆရာလုပ်တာမဟုတ်ဘူးနော်…။ ရေသည် ယောက်ျားက သူ့လုပ်အားနဲ့ရတဲ့ ငွေလေးရွေးကိုခင်တွယ်တာ…။ ဘယ်လောက်ထိတန်ဘိုးထားလဲဆိုရင် တိုင်းပြည်တစ်ဝက်ရတဲ့အထိတောင် သူ့ငွေလေးရွေးကို မစွန့်ဘူး…။ ချွေးနှဲစာလေ…။ တန်ဘိုးထားတယ်…။ ခုဟာကအဲဂလိုမှမဟုတ်တာချည်း..။ နော့…။

  • unclegyi1974

    August 12, 2011 at 10:27 pm

    ရေအားလျှပ်စစ်ကသဘာဝသံယံဇာတသုံးပြီးထုတ်လို့စွမ်းအင်ထဲမှာ
    ဈေးအတော်ချိုပါတယ် သို့သော်
    ရေအားလျှပ်စစ်နိုင်ငံအနှံ့အပြားတည်ဆောက်လျှင်သစ်တောများ
    ပြုန်းတည်းမှုများပြားသောကြောင့်ရာသီဥတုများပြောင်းလည်းမှုဖြစ်
    ပေါ်စေသည်
    ထို့ကြောင့်နိုင်ငံအတွက်လိုအပ်လို့ထုတ်လုပ်ခြင်းမဟုတ်ပဲ
    ရောင်းစားရန်မထုတ်လုပ်သင့်ကြောင်း
    နိုင်ငံခြားငွေရှာရန်နည်းလမ်းများစွာရှိပါသေးသည်
    အခြားနည်းလမ်းများဖြင့်ရှာကြံကြပါကုန်
    ္ကဤကားဘ၏အလိုတည်း

  • မြစ်ဆုံက နတ်ကြီးတယ်။ သိတဲ့လူတွေသိကြမှာပါ။ အဲဒီမှာ မဟုတ်တာလုပ်လို့ကတော့ ဥပမာဗျာ- လင်မယားလိုနေတာတို့ အပေါ့အလေးစွန့်တာတို့ ဆဲတာတွေ အဲဒါလုပ်ရင် ငန်းဖမ်းပြီးသေကြတယ်။ ဘယ်သူမှ ပြေးမလွတ်ဘူး။

  • ရွှေဘိုသား

    August 13, 2011 at 9:28 am

    အစ်ကို နေဝန်းနီ ပြောတာကို ဆရာလုပ်တယ်လို.လည်း မထင်ပါဘူးဗျ
    အဲလိုထောက်ပြတာကိုလည်း ကျေးဇူးတင်ပါတယ်
    ကျနော်ကလည်း ရေရောင်းစားလို့ ရေသည်ယောက်ျားဆိုပြီး ပြောလိုက်တာပါ ကျနော်ဆိုလိုချင်တာက
    ရေရောင်းစားလို. ရေသည်ယောက်ျား လို.ဆိုလိုတာပါ
    ပြဇာတ်ထဲက ရေသည်ယောက်ျားနဲ.တော. နှိုင်းလို.တောင် ဒီကောင်တွေနဲ. မတန်ပါဘူး

    • pan pan

      August 15, 2011 at 9:16 am

      ပြဇာတ်ထဲက ရေသည်ယောက်ျားနဲ့ နှိုင်းလို့မရဘူးလေ
      ဟိုက ကျေးဇူးသိတယ်
      ဘုရင်ကို လုပ်ကြံမယ်လုပ်လိုက် ကျေးဇူးကိုအောက်မေ့လိုက်နဲ့ မလုပ်ကြံရှာဘူး
      သူတို့ကတော့ ဘာမှတွေးနေမှာမဟုတ်ဘူး
      လုပ်စရာရှိလုပ်မှာ

Leave a Reply