Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Myanmar Talent, ဦးကျော်ဆန်း got Academy !!! ( Awarded by Media )

Foreign ResidentAugust 13, 20111min49314

 

Dear Villagers,

 

This is a very good news.

We recently found out the really talented movie actor for toppled Myanmar movie industry.

Bravo U Kyaw San !!!  Well done !!!

 

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း ချုံးပွဲချငို

 

—http://www.irrawaddyblog.com/2011/08/blog-post_7373.html—

FRIDAY, AUGUST 12, 2011  ZARNY WIN

 

ဒီနေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ စာနယ်ဇင်းသမားတွေကို ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းက ငိုယိုပြလိုက်ပါတယ်။

သတင်းထောက်တယောက်က မြစ်ဆုံဆည်တွေအကြောင်း မေးပါတယ်။ ဒီ မြစ်ဆုံဆည်စီမံကိန်းကို အများက ကန့်ကွက်နေကြပြီ။ ဘယ်လို ဆက်လုပ်မလဲ တဲ့။

ဝန်ကြီး ဖြေပုံက

“တပ်မတော်အစိုးရက ၁၉၈၈ ခုနှစ်ကတည်းက ဒုက္ခခံခဲ့တယ်။ နိုင်ငံတော်အကြီးအကဲတွေက အနစ်နာ ခံပြီး လုပ်ဆောင်ခဲ့တာ။ ဧရာဝတီမြစ်ကြီး ပျက်စီးမယ့် ကိစ္စ ကျနော်တို့လည်း မလုပ်ပါဘူး။ အမေရိကန်လို နိုင်ငံကြီးတွေက ကျ နော် တို့ ကို ဝိုင်း ဖိ နှိပ် ပြီး…………………………………………”

ပြောရင်းနဲ့ ချုံးပွဲချငိုချလိုက်ပါတယ်။ ဝန်ကြီးရဲ့ ငိုကြွေးမှု ၁၅ မိနစ် ကြာသွားပြီးတဲ့နောက်မှာ သတင်းစာရှင်းလင်းပွဲကို အဆုံးသတ်လိုက်ရပါတော့တယ်။

 

 

—http://burmese.dvb.no/archives/14083—

Published on August 12, 2011 by  အံ့ဘုန်းမြတ

 

ဒီကနေ့ နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်နေတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့သစ်ရဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ သတင်းထုတ်ပြန်ရေး အဖွဲ့ရဲ့ ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း စိတ်ခံစားမှုကြောင့်ဟုဆိုကာ မေးခွန်းအချို့ကို ဖြေကြားခြင်း မပြုခဲ့ပါဘူး။

အစိုးရသစ်ရဲ့ သက်တမ်း ၄ လကျော်​ အတွင်း ပထမဆုံး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ​ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းက ၁၉၈၈ ခုနှစ် နောက်ပိုင်း တပ်မတော်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်း ပြောကြားစဉ် ဝမ်းနည်းမှုဖြစ်ကာ မေးခွန်းတချို့ကို မဖြေကြားခဲ့တာပါ။

 

အယ်ဒီတာတဦးရဲ့ မေးမြန်းချက်ဖြစ်တဲ့ တိုင်းရင်းသားဒေသတွေက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အစိုးရသစ်အနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဘယ်အချိန်မှာ စတင်​ လုပ်ဆောင်မယ်ဆိုတဲ့ မေးခွန်း၊ တိုင်းပြည်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပိုက်ဆံအကြွေ ရှားမှုတွေကို ဘယ်လို ဖြေရှင်းပေးမလဲ ဆိုတဲ့မေးခွန်းနဲ့ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေးအတွက် ငွေချေးမှုတွေအပြင် ဘယ်လိုစီမံကိန်းတွေ ချမှတ် ဆောင်ရွက်ဖို့ရှိလဲဆိုတဲ့ မေးခွန်းတွေကို ဖြေကြားစဉ် ဝန်ကြီးဦးကျော်ဆန်း စိတ်ခံစားမှုတွေ ဖြစ်ပေါ်ပြီး မျက်ရည်များ ကျလာတာကြောင့် ဖြေဆိုမှုကို ရပ်နားလိုက်တာလည်း ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ သတင်းသမားတဦးက ခုလိုပြောပါတယ်။

 

“ဇေယျာမြတ်ခိုင် မေးတဲ့ မေးခွန်းတွေ မေးတာကို ပြောရင်းပြောရင်းနဲ့ သူဘာသာသူ မျက်ရည်ကျလာတာ ငိုပြီးတော့ တိုင်းပြည်ချစ်တဲ့ စိတ်တွေနဲ့ လုပ်ကြတယ် ဘာညာပေါ့ အိုက်တင်ပေါ့။ သူက အိုက်တင်ပေးတာပေါ့။”

 

အဲ့ဒီနောက်မှာတော့ အချိန်အနည်းငယ် အနားယူပြီး နာလည်ပေးကြဖို့ ဝန်ကြီး ဦးကျော်ဆန်းက ပန်ကြားပြောဆိုပြီး မေးခွန်းတွေကို ဆက်လက်ဖြေကြားခဲ့ပါတယ်။

 

“ပြောရင်းပြောရင်းနဲ့  စိတ်ထဲက ဖြစ်သွားတာ။ အဲဒီဟာကို ထိန်းထိန်း သိမ်းသိမ်း ထားပါ၊ ဆောင်ရွက်ပေးပါလို့ ကျနော်ပြောကြားလိုပါတယ်။ မေးခွန်းတွေကို မဖြေနိုင်လို့၊ မဖြေချင်လို့ ဆိုပြီးတော့ သတင်းသမားတွေရဲ့ အမြင်မှာ ထင်သွားနိုင်လို့ပါ။ ကျနော်က ဖြေကြားရတဲ့အပေါ်မှာ ပြောနေရင်း ပြောနေရင်းနဲ့ စိတ်ခံစားမှုတွေ ဖြစ်သွားတာကို နားလည်ပေးကြပါလို့ ကျနော် ပြောကြားလိုပါတယ်။ နောက်တခုက စောစောက သူမေးသွားတဲ့ မေးခွန်းတွေထဲမှာ အသေးစားငွေချေး လုပ်ငန်းအပြင် ကျန်တာတွေကိုရော ဘယ်လိုလုပ်မှာလဲ ဆိုတာကို သူသိချင်တဲ့အတွက် ဝမ်းသာပါတယ်။ အဲဒီအပေါ်မှာ ကျနော်ပြောချင်တာကတော့ သိချင်ရင် အားလုံးပူးပေါင်းကြဖို့ ဆိုတာပါပဲ။ အားလုံးက အသိစိတ်ရှိရှိ ပူးပေါင်းဆောင်ရွက်ကြမှ တိုင်းပြည်တိုးတက်မှာပါ။”

 

ဒီလိုဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တက်ရောက်နေတဲ့ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးကိုကို (စက်မှုတက္ကသိုလ်) က အခုလိုပြောပါတယ်။

 

“ဆင့်ပွားပြီး ချိတ်ဆက်ပြီးတော့ တခြားအကြောင်းအရာတွေကို ပြောဆိုတဲ့ အချိန်မှာ သူ စိတ်ခံစားမှု တခု ရသွားတယ်။ ဒါကတော့ ကျနော်ထင်တယ် လူသားတယောက် အနေနဲ့ ဖြစ်တဲ့ စိတ်ခံစားမှုပါပဲ။ ကျနော် မြင်တာကတော့ ဝန်ကြီးအနေနဲ့ သူ မချိတင်ကဲ ဖြစ်သွားပုံရပါတယ်။ ယခင်အစိုးရရဲ့ လုပ်ဆောင်မှုတွေ အပေါ်မှာ သူတို့ ၈၈ အပြီး နောက်ပိုင်းမှာ တိုင်းပြည်ဖရိုဖရဲ ဖြစ်နေတဲ့ အချိန်မှာ ရုန်းကန် လှုပ်ရှားရတယ်ပေါ့ဗျာ။ ရုန်းကန်လှုပ်ရှားရတဲ့ အပေါ်မှာ ပင်ပန်းခံပြီး လုပ်ရတဲ့အပေါ်မှာ ပေါ့ဗျာ။ ဒါလေးကို အသိမှတ်ပြုတာလေး မရှိတဲ့ အပေါ်မှာ သူ နည်းနည်းလေး ခံစားသွားတဲ့ မချိတင်ကဲလေးပါ။ အဲဒီလို ဖြစ်သွားတယ်လို့ ကျနော် ထင်တယ်။ တကယ့် တကယ်ကတော့ ဝန်ကြီးကိုယ်တိုင်ပဲ ပိုသိလိမ့်မယ်ဗျ။”

 

ဒီသတင်းစာရှင်းလင်းပွဲ အတွင်းမှာတော့ သတင်းထောက်တွေကို မေးခွန်း မေးမြန်းခွင့် အချိန် မိနစ် ၄ဝ လောက် ပေးခဲ့ပြီး ပြည်တွင်းပြည်ပ သတင်းသမား ၁ဝ ကျော်က မေးခွန်းတွေကို အသီးသီး မေးမြန်းခဲ့ကြပြီး ဝန်ကြီးနဲ့အတူ အစိုးရသတင်းထုတ်ပြန်ရေး အဖွဲ့ဝင်တွေက ပြန်လည် ဖြေကြားခဲ့ပါတယ်။

 

 

—http://www.mizzimaburmese.com/news/inside-burma/8132-2011-08-12-11-59-15.html—

Mizzima news  ဖနိဒါ | သောကြာနေ့၊ ဩဂုတ်လ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၈ မိနစ်

 

တိုင်းပြည် ငွေကြေး လည်ပတ်မှုမှာ မထုတ်ပြန်သင့်သော အရာဟု ဝန်ကြီးပြော

 

ချင်းမိုင်(မဇ္ဈိမ) ။      ။ မြန်မာနိုင်ငံတွင်း ငွေကြေး လည်ပတ်မှု ပမာဏနှင့် ပတ်သက်၍ ထုတ်ပြန်ခြင်း မရှိသည့် အပေါ် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက “အမျိုးသား အကျိုးစီးပွား ဖြစ်သည်” ဟုဆိုကာ ဖြေဆိုရန် ငြင်းဆန် သွားသည်။

ပြည်ထောင်စု အစိုးရ အဆင့် သတင်းစာ ရှင်းလင်းပွဲကို နေပြည်တော်တွင် သောကြာနေ့က နှစ်ပိုင်းခွဲ ကျင်းပပြီး ပထမတပိုင်းတွင် ဦးကျော်ဆန်းက ၁ နာရီနှင့် မိနစ် ၄ဝ ကြာ လက်ရှိ ဖြစ်ပွားနေသော ကချင်လွတ်မြောက်ရေး အဖွဲ့နှင့် ပဋိပက္ခကို အဓိကထား ပြောကြားသွားခဲ့ကာ ဒုတိယပိုင်းတွင် သတင်းထောက်များ၏ မေးမြန်းမှုများကိုဖြေကြားခဲ့သည်။

သတင်းထောက် တဦးက ၁၉၉ရ ခုနှစ်အထိ တိုင်းပြည် ငွေကြေး လည်ပတ်မှုနှင့် ပတ်သက်၍ အစိုးရက ထုတ်ပြန် ခဲ့ကြောင်းနှင့် ယခုအခါ ထုတ်ပြန်ခြင်း မရှိသည့်အပေါ် မေးမြန်းရာ

“ အဲဒါက အမျိုးသား အကျိုးစီးပွားရေးအရ သတင်းသမားတွေကို မေးမရ၊ မသိရတဲ့ဟာတွေ ရှိပါတယ်”

ဟု ဦးကျော်ဆန်းက ပြန်လည် ဖြေကြားသွားသည်။

 

၁၁ ဦးပါဝင်သည့် ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ကို ဦးကျော်ဆန်းက ခေါင်းဆောင်သည်။

သဘောထား တင်းမာသူဟု ရည်ညွှန်းခံရလေ့ ရှိသော ဝန်ကြီးမှာ သတင်းစာ ရှင်းလင်းပွဲ၌ မျက်ရည် လည်သွားခြင်းက တက်ရောက်လာသော သတင်းထောက်များကို အံ့အားသင့် ပြောစမှတ်တွင် သွားသည်။

သတင်းထောက်တဦးက ကန့်ကွက်မှုများနေသော မေခ၊ မလိခ မြစ်ပေါင်းဆုံရာ မြစ်ဆုံတွင် ရေအားလျှပ်စစ် မဂ္ဂါဝပ် ၆ဝဝဝ ထုတ်မည့် ဆည်ကာတာ စီမံကိန်းကို ရပ်တန့်ရန် ရှိပါသလားနှင့် ငွေစက္ကူ အသစ်များ ရိုက်နှိပ် ထုတ်ဝေရန် ရှိပါသလားဆိုသည့် မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် မြစ်ဆုံစီမံကိန်းမှာ ကြီးကြီးမားမား ပြဿနာ မရှိကြောင်းနှင့် အမြင်ကွဲပြားမှုများသာ ဖြစ်သည်ဟု ဖြေကြားသည်။

ထို့နောက် အမေရိကန် ဆန်ရှင် ပိတ်ဆို့ထားမှုကိုပါ ထည့်ပြောကာ အတိုက်အခံများက “နိုင်ငံတော် လုပ်သမျှ အကောင်း မမြင်တာပါ” “အရင်ကတည်းက ခေါင်းဆောင်ကြီးတွေက စေတနာ ရှိခဲ့ပါတယ်” ဟု ပြောရင်း နှစ်မိနစ် ကျော်ကြာ အသံတိတ်သွားခဲ့တော့သည်။

ယင်း အဖြစ်အပျက်နှင့် ပတ်သက်၍ “အခန်းထဲမှာ အသံကို တိတ်သွားတာပဲ” ဟု သွားရောက် သတင်းယူခဲ့သူ သတင်းထောက် တယောက်က မဇ္ဈိမကို ပြောသည်။

အဖြစ်အပျက်ကို ပြန်လည် မပေါက်ကြားစေခဲ့သော်လည်း သတင်းစာ ရှင်းလင်းပွဲပြီး မကြာမီမှာပင် အင်တာနက်၌ လူအများ စိတ်ဝင်စားမှု ခံရသော သတင်းတခု ဖြစ်နေသည်။

မြစ်ဆုံ ရေကာတာနှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာခဲ့သော စာတမ်းများ ရှိ၊ မရှိ မေးမြန်း သည်ကိုမူ လျှပ်စစ်ဝန်ကြီးဌာနမှ ဒုညွန်မှူး တဦးက ပြီးခဲ့သည့် ရက်ပိုင်းက ဒုညွန်ချုပ် ကိုယ်တိုင် ဆောင်းပါးရေးထားကြောင်းနှင့် EIA – Environmental Impact Assessment မှ မြစ်အထက်ပိုင်း၌ သုတေသန လုပ်ထား သော်လည်း မြစ်အောက်ပိုင်းကိုမူ လုပ်ဆောင်နေဆဲဟု ဖြေကြားသွားခဲ့သည်။

သဘာဝပတ်ဝန်းကျင် ဆိုးကျိုးများနှင့် ဒေသခံတို့ကို ကြီးမားသော ဆိုးကျိုးများ ရှိနိုင်သည့် မြစ်ဆုံဆည် စီမံကိန်းအပေါ် စိုးရိမ်ကြောင်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော် ပြောဆိုထားသလို ့ပြည်တွင်း မီဒီယာများနှင့် အင်တာနက်တွင် ဝေဖန်မှုများ တွေ့လာရသည်။

 

 

Those are the interesting Comments.

 

 

ဟား… ဟားးး
ပြိတ္တာတို့ မျက်ရည် မြေမကျကောင်းဘူးတဲ့…
ငိုနဲ့… တိတ်….
ပြည်သူပြည်သားတွေ ထမင်းပိုငတ်နေဦးမယ်…

 

သားသိတယ်နော်…  ဒီလူကြီး လူလည်ကြီး…
ဘာဖြေရမှန်း မသိလို့ မဖြေချင်လို့ ချော်လဲရောထိုင် ငိုချလိုက်တာ… ဟ ဟ

 

အင်း…
မင်းသမီး မေကျော်ဆန်းတစ်ယောက်တော့ “G3 ကိုင်သောလက်ဖြင့် မျက်ရည်သုတ်ခဲ့ရလေသောမေ့ပါးပြင်” ဆိုတဲ့ သမိုင်းဖြစ်ရပ်မှန် ဇာတ်ကားကြီးရိုက်ဖို့အတွက် သရုပ်ဆောင် လေ့ကျင့်နေတယ်ထင်ပ

 

ကွယ်..နောက်တစ်ခါအဲလိုမေးတော့ဘူးနော်…တိတ်တော့နော်…အာဘွား..အဟိ

 

တော်စမ်းပါ .. ကျော်ဆန်း ရာ ..

 

နောက်တစ်ခါ သတင်းစာရှင်းလင်းပွဲလုပ်ရင် အငှားငိုမဲ့သူ ခေါ်လာခဲ့ပါ ဝန်ကြီး ရယ်။ ငိုရတာ ပင်ပန်းနေပါ့မယ် 😛

 

ဟိ..ဟိ..ကွန်မန်.တွေ လိုက်ဖတ်ရတာ..ပျော်စရာ..။ ဒီလူကြီး အူးကျော်ဆန်း..စကားပြောတာ တီဗွီမှာ ကြည့်ဖူးတယ်.။ စကားတစ်လုံးနဲ. တစ်လုံး အကြာကြီး.နားနားပြီး ပြောတာ ကြားထဲမှာ မတ်တပ်ကြီး လေဖြတ်နေသလားဘဲ…။ ဉာဏ်နီဉာဏ်နက်တွေ ထုတ်နေပုံရတယ်..။ အခုတော့ ကြံရာမရဖြစ်ပြီး ငိုချလိုက်ပြီ..ဟိ..။

 

ဖျောင်းဖျောင်းဖျောင်း!ငိုလိုက်တဲ ့အကွက်ကအကယ်ဒမီရတဲ ့အကွက်ပဲနေမှာ။

 

၂၀၁၁အကယ်ဒမီအမျိုးသားဇာတ်ဆောင်ဆုကို ပြန်ကြားရေးဝန်ကြီး ဌာနမှ ဦးကျော်ဆန်း ကိုယ်တိုင်ရရှိသွားပါသည်။

 

မေးခွန်းတွေ ဟက်ထိသွားလို့ ငိုတာဖြစ်ရမယ်..မောင်ကျော်ဆ​န်းရယ် နင်တောင်တော် ပလီတယ် … :DDDD

 

အဲဒီသတင်းစာရှင်းလင်းပွဲမတိ​ုင်ခင် တစ်ပတ်အလိုက ဦးကျော်ဆန်း သရုပ်ဆောင်သင်တန်းတတ်နေတယ်လ​ို့ ကျွန်တော် ကြားတယ်ဗျ……..ကြားတုန်း​ကတော့ မယုံဘူး ခုမှပဲ ယုံတော့တယ်…..

 

တို့ အဘ ဝန်ကြီးလဲ လခမကောင်းလို့ ရုပ်ရှင်ရိုက်စားတော့မယ် တဲ့ … ခိ …

 

နင်တို ့တအားမေးတာပဲ… နာက အဖေမှားယင်..အဲလေ အဖြေမှားယင်.. ဝိုင်းဆော်ခံရတာ နာပဲတိဒယ်… တိတ်ဝမ်းနည်းတာပဲ…။

 

သူလဲနာ့လိုပဲ ချွှဲတတ်တယ် – ချစ်ချာရေးးး

 

ငိုအုံးမယ်… ဒီရုပ်နဲ့… လှတယ် ရုပ်က….!!!

 

မာမီ ဆန်းကရုပ်ကြမ်းကြီးနဲ.နွဲ.ေ​နတာ …… 😛

 

ဟယ် ..ပေါရဲလိုက်တာ

 

အော် ငါတို့ရွေးလိုက်တဲ့ အမတ်တွေထဲမှာ မင်းသားတွေ ပါသွားတာ သတိမထားမိလိုက်ဘူး

 

ငါလေ ဖနှောင့်ကြီးနဲ့ အင်းကွာ အင်းကွာ အင်းကွာ ဆိုပြီး သာ ပိတ်ပိတ် ဆောင့်ကန်ပြစ်ချင်တယ်…. GRRRRRRRR

 

14 comments

  • Foreign Resident

    August 13, 2011 at 3:55 am

    Best Comment is
    ၂၀၁၁အကယ်ဒမီအမျိုးသားဇာတ်ဆောင်ဆုကို ပြန်ကြားရေးဝန်ကြီး ဌာနမှ ဦးကျော်ဆန်း ကိုယ်တိုင်ရရှိသွားပါသည် 😛

  • Foreign Resident

    August 13, 2011 at 5:11 am

    ခေတ်သစ်ငိုချင်း

    အောင်မငီး အမယ်မင်း ရယ် ပြောရတော့မယ်၊
    ခေါင်းရင်အိမ်က ယူမိတဲ့ကြွးကပူ၊
    ယူတာများတော့ တစ်အိမ်လုံး အသိမ်းခံရ တော့မလို၊
    နောက်ဖေးအိမ်ကလဲ တတိတတိနဲ့၊
    အရေးတယူ လုပ်သလိုလိုနဲ့ ထရံလာဖဲ့နေပါပေါ့လား၊
    ရွာလူကြီး နေရာကလဲ ဒီတစ်ချီ ဝင်အုပ်လိုက်ချင်သေးဟေးဟေး၊
    ကိုယ့်သွေးသားရင်တွေက အမွေခွဲဖို့ကြံ၊
    အိမ်ကဆင်းသွားတဲ့ သားမိုက်တွေကလဲ တစ်မျိုး၊
    အမယ်လေး နောက်လမ်းက မိုက်တီးတို့အဖွဲ့ကလဲ ငါ့ဆိုရန်လိုနေတာပါပေါ့၊
    အိမ်မှာလဲ ရန်ပွဲတွေကဆက်လို့၊
    ဘေးအိမ်တွေကလဲ မကြည်တာနဲ့ မြှောက်လို့ပေး၊
    ရှိတဲ့ ဂန်ဖလားလေး ပေါင်စားဖို့ဟာကိုပ
    တစ်အိမ်လုံးက တစ်ရုံးရုံး ဘုချည်းတောနေပါပေါ့၊
    အမယ်မင်း……. နင်တို့တွေ ငါလုပ်သမျှ အပြစ်ပြောချင်နေပါပေါ့လား၊
    ငါ့ရင်တွေကွဲရပါတော့မယ်၊
    ဒီကမ္ဘာမှာ ဝတ်ရှိရင်ကြေပါရစေတော့
    ဆိုးလှတဲ့ကံ…..ဟဲ့..

  • ကြောင်ကြီး

    August 13, 2011 at 9:29 am

    အတိုက်အခံတွေ၊ ကျောင်းသားတွေကို ဖမ်းတဲ့အခါ နေ့ညမအိပ်ခိုင်းဘဲ လူလဲနဲ့ဆက်တိုက်မေး၊ ခဲလုံးအချွန်အောက်မှာ ဒူးထောက်ခိုင်းပြီးစစ်၊ အပေါ်မှာပန်ကာဖွင့်၊ အောက်သံမံသလင်းမှာ ခြေဗလာထား၊ ကိုယ်အမူအယာကိုဆိုင်ကယ်စီးသလိုစီးခိုင်း၊ ပါးစပ်က တဘွတ်ဘွတ်အော်ခိုင်းပြီး မလဲမကျ မူးမလဲမသွားမချင်းထား၊ လက်ပြန်ကြိုးတုပ် မျက်စိအဝတ်ပတ်ပြီး ရိုက်နှက်စစ်၊ ဇောက်ထိုးကြိုးဆွဲပြီးစစ်၊ ရေထဲခေါင်းမြှုပ်စစ်၊ မော်တော်နောက်မှာကြိုးဆွဲပြီး ရေလွှာစီးခိုင်း၊ ခြေသလုံးကိုမျဉ်းတံနဲ့လိမ့်၊ ရက်စက်ယုတ်မာတဲ့နည်းပေါင်းစုံနဲ့ သူများကို စစ်မေးတတ်ပြီး ကိုယ်အလှည့်ကြတော့ ဝန်ကြီးခင်မျာလို့ ရိုရိုသေသေ အမေးခံရတာတောင် မျက်ရေလေးတစမ်းစမ်းနဲ့ တရားကြဖို့ကောင်းလိုက်လေ…. 😡

    • Mee2

      August 13, 2011 at 11:08 am

      ဟုတ်ပါတယ် ကိုကြောင်ကြီးပြောတာ။ ကျွန်မတို ့နိုင်ငံရဲ ့အမျိ ုးကောင်းသားတွေကိုထောင်ထဲပို ့နိုင်ငံအတွက် အလုပ်ကောင်းလုပ်ပေးနိုင်တဲ့ အရွယ်ကောင်းတွေကို နှိပ်စက် နလန်မထူနိုင်အောင်လုပ်ထားတာဒင်းတို ့မဟုတ်ရင်ဘယ်ခွေးအမျိ ုးယုတ်တွေလဲ။ မိသားစုတကွဲတပြားနဲ ့နယ်ဝေးတွေပို ့၊ အိမ်ကခေါ်သွားတုန်းကအကောင်း ပြန်လာတော့တပိုင်းသေ ကိုယ်အဂါင်္ချိ ု့တဲ့ ရောဂါအမျိ ုးမျိ ုးစွဲကပ်ပြီး ပြန်ပို့နေတာ အကုန်သိတဲ့အတိုင်းပါဘဲ။ ကိုယ့်အလှည့်ကျမနွဲ ့စတမ်းပေါ့ မောင်ကျော်ဆန်းရယ်။ နင်တို ့အလှည့်မဝေးတော့ဘူးနော်

  • Mee2

    August 13, 2011 at 10:52 am

    အင်း…
    မင်းသမီး မေကျော်ဆန်းတစ်ယောက်တော့ “G3 ကိုင်သောလက်ဖြင့် မျက်ရည်သုတ်ခဲ့ရလေသောမေ့ပါးပြင်” ဆိုတဲ့ သမိုင်းဖြစ်ရပ်မှန် ဇာတ်ကားကြီးရိုက်ဖို့အတွက် သရုပ်ဆောင် လေ့ကျင့်နေတယ်ထင်ပ

  • စုံ စုံ

    August 13, 2011 at 11:08 am

    အဟင့် အဟင့် အဟင့်
    ီအူးအူးရယ် အူးအူးနိုတာကိုကြည့်ပီး
    မီးမီးရဲနိုချင်လာပီတိလား
    အဟင့်အဟင့်အဟင့်
    ရွှတ် ဘွတ်

    • PaukPhaw

      August 13, 2011 at 8:33 pm

      စုံစုံတစ်ယောက် အငိုလွန်ပြီး မျက်ရည်အပြင် အီးပါ “ဘွတ်” ခနဲ ထွက်သွားလေသတည်း. 😛

      ဝန်ကြီးက….ဦးဇော်ဇော် ငိုတာ ကို အားကျလို ့လားမသိ..ပါဘူးလေ..

      ခုခေတ်ကလဲ..အတုမြင် အတတ်သင် တတ်ကြတာကလား..

  • zoe

    August 13, 2011 at 11:35 am

    မေးခွန်း တွေကို မဖြေတတ် လို့ငိုတာပါ ။

  • lusoegyikoko

    August 13, 2011 at 11:58 am

    အံ့ဩလိုက်တာ။ဘာအကွက်တွေခင်းနေတာလဲမာမီ ဆန်းရယ်

  • mnoe

    August 13, 2011 at 8:18 pm

    Best Joke of the decades ထင်တယ်နော်။

  • kyawhan21

    August 13, 2011 at 10:46 pm

    ကိုုကြီးကြောင်ရေ ကျွန်တော်ကျော်ဟန်ပါ
    အကို့ မှတ်ချက်စကားလေးဖတ်ရတော့ နာစရာလေးတွေ အသစ်ဖြစ်လာပါတယ်၊ 1963 ခုနှစ်ကစပြီး ဒီထက်ဆိုးခဲ့ ညှင်းပန်းနှိပ်စက်မှုတွေ အများသားပါဗျာ နှိပ်စက်လို့ဝရင် ထောင်ထဲထည့် ဒေါက်ခပ်တိုက်ပိတ် ပြီးရင် ဆူပူအကြမ်းဖက်သူတွေဆိုပြီး ကင်းပွန်းတတ်လိုက်သေးတယ်၊
    နိုင်ငံတကာက လွှတ်ပေးပါပြောတော့ မြန်မာပြည်မှာနိုင်ငံရေးအကျဉ်းသားမရှိဘူးတဲ့ ကိုယ်ချင်းစာစိတ်မထားဆိုတာက သူစားနေရတဲ့မြက်ကချို လို့နေမှာပါ၊
    ငိုတယ်ဆိုတာက စီးပွားရေးပိတ်ဆို့မှုလေး ပွင့်လေမလားဆိုပြီး အမေရိကန်ကို မျက်ရည်ထိုးခံတာနေမှာပါ ၊
    ငိုလို့သာတိုင်းပြည်ကောင်းစားမယ်ဆိုရင် ကျွန်တော်တို့ဝိုင်းငိုကြမယ်ဗျာ
    ပြည်သူတို့မျက်ရည် မြေမခပါစေနဲ့ ကျောင်းသားတို့မျက်ရည် မကြွေကြပါစေနဲ့

  • မင်းပြည့်ရှိန်

    August 13, 2011 at 10:57 pm

    ငိုသွားတယ်…… မျက်ရည်ကျသွားတယ်ပေါ့….. ဖြစ်တတ်ပါတယ်……
    ဒါပေမယ့်…
    မေးတာကို သေသေချာချာ ပြန်မဖြေသွားဘူး….
    ပြေလည်အောင် ဖြေမသွားဘူး…
    လျှပ်စစ်ဝန်ကြီးဌာနမှ ဒုညွန်မှူး ဆိုတာက.. တပ်ဘက်ကနေ အရပ်ဘက်ပြောင်းထားတဲ့ လူလား သိချင်ပါရဲ့
    လျှပ်စစ်ဝန်ကြီးလိုပေါ့.. အင်ဂျင်နီယာပိုင်း က မဟုတ်ဘဲ… တပ်ဘက်က ဆိုရင်.. သူက အမိန့်ကိုပဲ သိမှာလေ
    အဲဒီ ညွှန်မှူး ဆိုတဲ့သူကို အမည်နဲ့တကွ ပေးသိသင့်တယ်….
    ပညာရှင်ဆိုရင်တောင် သူ့ကြောင့် ရလာမယ့် သက်ရောက်မှုတွေကို သက်ဆိုင်ရာ ပညာရှင်ကသာ သိနိုင်မှာပါ..
    လျှပ်စစ်အင်ဂျင်နီယာက လျှပ်စစ်ကိုပဲ ထုတ်နိုင်မှာ စက်မှုအင်ဂျင်နီယာက စက်ကိုပဲ ကိုင်တွယ်နို်င်မှာ
    ဘူမိပညာရှင်နဲ့ သဘာဝပတ်ဝန်းကျင် ကျွမ်းကျင်သူများကသာ သက်ရောက်မှုတွေကို သေသေချာချာသိ နိုင်မှာပါ….
    ဒါကြောင့် သူပြောတဲ့ ညွှန်မှူးက အင်ဂျင်နီယာမှူးကြီး တစ်ယောက်ဖြစ်ခဲ့ရင်တောင်မှ စက်မှု၊ လျှပ်စစ်နဲ့ မြို့ပြအင်ဂျင်နီယာ ပိုင်းက ဆိုရင် ထဲထဲဝင်ဝင် မသိနိုင်ပါဘူး…. သူက hydro power တည်ဆောက်မှုကိုပဲ ကျွမ်းကျင်တာပါ… သဘာဝပတ်ဝန်းကျင် ထိန်သိမ်းမှုကို ကျွမ်းကျင်တာ မဟုတ်ပါဘူး
    ပြီးတော့ သုတေသနက လုပ်တုန်းတဲ့ ပြီးအောင် မလုပ်ရသေးဘဲ စီမံကိန်း အကောင်အထည်ဖော်တာ ဘာကြောင့်လဲ မသေခင်လေး…ရိက္ခာ လိုချင်လို့လား မသိဘူး…

    ဒါကြောင့် အဲဒီ ဦးကျော်ဆန်း ငိုတာကျတော့ငိုတယ်
    စကားကျတော့ ပြီးစလွယ်ပြောတယ်…
    တပ်မတော်က သိပ်ပင်ပန်းနေတယ်………..တဲ့……
    ကဲ ဒါဆိုလည်း……… နားကြပါတော့ဗျာ….
    စစ်ရေးလေ့ကျင့်တာနဲ့ လုံခြုံရေးတာဝန်ယူတာပဲ လုပ်ကြပါ…
    မြစ်ဆုံကိစ္စ ကျုပ်တို့ပဲ ဆက်လုပ်ပါ့မယ်…..
    ဘဏ္ဍာရေးကိစ္စ ကျုပ်တို့ပဲ ဆက်လုပ်ပါ့မယ်…

    လူကြီး တစ်ယောက်ငိုတာ နားလည်ပေးနိုင်ပါတယ်….
    လူကြီး တစ်ယောက် လိမ်နေတာ… နားလည် မပေးနိုင်ပါဘူး…..
    အထူးသဖြင့် ကိုယ်ပျက်စီးမယ့်အရေး..ကိုယ့်တိုင်းပြည်အရေးမှာ လိမ်နေတာဟာ…. အမျိုးသားရေးကို သစ္စာဖောက်တာပါ…. လုံးဝ နားလည်မပေးနိုင်ပါဘူး……
    သတင်းထုတ်ပြန်ရာမှာ………… ပြီးစလွယ်.. ဆင်ဝှေ့ရန်ရှောင်…. ပလီပလာ… ကူလီကူမာ…နဲ့
    ဘယ်တော့မှ တိတိကျကျမပြောဘူး… တာဝန်ယူတဲ့ စကားမပြောဘူး…. ဆင်ခြေစကားတွေကြည့် ကြားနေရတာ ကြာတော့လည်း…. ကြာတော့လည်း….

  • kai

    August 13, 2011 at 11:08 pm

    သူ့ကိုပြောလိုက်ပါ..။

    ယူအက်စ်..လွှတ်တော်ရဲ့ ဥက္ကဌခေါ်ရမလား..ဟောက်စ်စပီကာ.. ဂျွန်ဘေနာဟာဆိုလို့ရှိရင်လည်း.. ပြောရင်းငိုပါတယ်..။

    တလောကလေးတင်.. ခံစားချက်တွေများလာပြီး.. ငိုချလိုက်သေးတယ်..။
    သူက.. အိုဘားမားကို ချက်ခ်လက်မှတ်ရေးပေးရတဲ့သူပေါ့..။
    တိုင်းပြည်ရဲ့ငွေကိုင်ပဲ..။
    မြန်မာပြည်မှာဆို.. ဦးရွှေမန်းရာထူးဖြစ်မယ်ထင်တယ်..။

    ဆိုတော့..
    ငိုသာငို.. ဆက်ငို.. လို့..။ 🙁
    ငိုတာက..နိုင်ငံရေးသမားတွေအလုပ်ဖြစ်နေပြီလို့..။
    လက်သီးထိုးတမ်းလည်း ကစားလို့ရတယ်လို့..။ (
    လွှတ်တော်ထဲမှာနော..)
    အပြင်ရောက်ရင်တော့.. ပုခုန်းဖက်.. ဒင်နာစားရင်း..တကယ့်စေတနာတွေနဲ့..တိုင်းပြည်အတွက်ဆွေးနွေးကြပါလို့..။

    အဲဒီလိုဆက်လုပ်သွား..။
    ဒေါ်အောင်ဆန်းစုကြည်နဲ့ ..ပုံမှန်စကားပြော..။
    နောက်နှစ်.. ဆန်ရှင်(စီးပွားရေးပိတ်တာ) …အဆင့်လျှော့ချပေးလိမ့်မယ်…။ 🙂

  • Foreign Resident

    August 14, 2011 at 7:54 am

    အောက်ဖော်ပြပါ ရေးသားချက်များမှာ facebook မှ ကူးယူခဲ့ခြင်း ဖြစ်သည်။

    ( ၁ ) ဟုတ်တယ်ဗျ၊ အမေးအဖြေလုပ်တုံးမှာ ငိုချလိုက်တာ။ ပြီးတော့ ခဏနေမှ တိုင်းပြည်ကိုချစ်တဲ့စိတ်၊ ကျွန်တော်တို့လုပ်သမျှ အကောင်းမမြင်တဲ့စိတ်ကြောင့်​ Emotion မထိန်းနိုင်လို့ပါ။ တောင်းပန်ပါတယ်။ ဒါကို မဖွကြပါနဲ့လို့ တောင်းပန်သတဲ့။
    ဂျာနယ်လစ်များ ကလည်း လိုက်နာရှာပါတယ်။ ဟီးဟီး နှစ်နာရီလောက်ကြာတော့
    အင်တာနက်ေ ပါ်မှာ မောင့်မျက်ရည်ဝိုင်းဇာတ်ကား​တက်လာတော့တာပဲ။
    ဘာပဲဖြစ်ဖြစ် ဧရာဝတီကတော့ ဒင်းတို့ အသဲနှလုံးကို ထိုးနှက်နေပြီ။

    ( ၂ ) ကိုယ်တိုင် အကယ်ဒမီ တက်ယူတော့ မယ်ထင်ပါ့…။

    ( ၃ ) အိကနဲ အိကနဲ ဖြစ်နေတာများ… ဟီးဟီး.. ပီးတော့ သေသေချာချာမှာပါတယ်.. ဒီကိစ္စကို မဖွပါနဲ့တဲ့.. ကိုယ်တွေကလဲ မဖွပါဘူး…

    ( ၄ ) ဟီး မိုက်သကွာ…….. အကယ်ဒမီရှော့ …

    ( ၅ ) မောင့်မျက်ရည်ဝိုင်း၊ မောင်ငိုမယ်မိုးသဲထဲမှာ ဟဲဟဲ ဧရာဝတီရေမရှိတော့ ဘူးဆိုလို့ မောင့်မျက်ရည်နဲ့ ဖြည့်ပေးလိုက်ပါတယ်

    ( ၆ ) ဟ ရောင်းရင်းတို့ကလဲကွာ၊ဒီဗီဘ​ီက ဦးနေဇော်နိုင်အတိုင်းပဲပါလ​ားဗျာ…ုဦးနေဇော်နိုင်လုပ​်လို့ သတင်းစာရှင်းလင်းပွဲ မလုပ်တာကြာပြီ….ဘာတဲ့ ကျွန်တော်တု့ိက စိတ်ရှည် သီးခံနေ ပါ တယ် ဆိုတဲ့စကားကို ဝန်ကြီးခင်ဗျားပဲပြောတော့ဗျ​ာလို့ ကျွန်တော်ဖွင့်ထားမိသော ဒကားများဆိုလားဂျာ…အဲဒါနေ​ာက်ပိုင်း သူတော်တော် သတင်းစားရှင်းလင်းပွဲမလုပ်ေ​တာ့ဘူးဗျ

    ( ရ ) သတင်းထောက်တွေက မချော့ကြဘူးလား။

Leave a Reply