Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မတူညီသော လောက

zaymdyAugust 18, 20111min2847

ဈေးရောင်းကောင်းမည့် အချိန် မိုးက သည်းသည်းထန်ထန်ရွာ၍ ဈေးရောင်းမကောင်းသည့်ရက်တွင် စည်ပင်မှ ဝင်ဖမ်း၍ ဟင်းရွက်မျိုးစုံ အပြင် ဈေးခင်းသည့် ဗန်းနှင့်ခုံပါ အသိမ်းခံလိုက်ရသည်။

ဈေးမရောင်းရန် သတ်မှတ်ထားသည့် လမ်းဘေးတွင် ဈေးရောင်းမိသည့် ဈေးသည်များ အရင်းပြုတ်ကာ လက်ဗလာဖြင့် အိမ်ပြန်ကြရသည်က မကြာခဏ။ နေ့ပြန်တိုးနှင့် ငွေပြန်ရှာ ပြန်ရင်းကြရသည်က မကြာခဏ။ သူတို့
သတ်မှတ်ထားသည့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ခြင်း ဖြစ်၍လည်း စည်ပင်မှ ဖမ်းခြင်း ဖြစ်သည်။

ရန်ကုန်-အင်းစိန် လမ်းမပေါ် ဘူတာရုံလမ်း တစ်ဝိုက်တွင် မည်သည့် ဆိုက်ကားမျှ လမ်းမပေါ်တက်၍ မနင်းရ၊ ဂိတ်မထိုးရ၊ သတ်မှတ်ထားသည်။အုံနာခနှင့် ကလေးကျောင်းစရိတ် အတွက် နည်းနည်းပိုရနိုင်၍ အရဲစွန့်ကာ လမ်းပေါ်တက်ပြီး ခရီးသည် စောင့်သော ဆိုက်ကားသမား တစ်ဦး၊ ဆိုက်ကားအား စည်ပင်မှဖမ်းကာ ဒဏ်တပ်ရိုက်သည်။ ဒဏ်ငွေက ကျပ် ၅၀၀၀၊ ဆိုက်ကားအား ရ ရက်တိတိ ဖမ်းချုပ်သည်။ ဆိုက်ကား ရ ရက် မနင်းရတော့သော်လည်း နေ့စဉ် ကျသင့်နေသည့် အုံနာခ တစ်ရက် ကျပ် ၈၀၀၊ ရ ရက် အတွက် ကျပ် ၅၆၀၀၊ ဒဏ်ငွေဖြင့်ပေါင်းသော် ကျပ် ၁၀၆၀ဝ ကို အခြား ရင်းနှီးသူ ဆိုက်ကားသမား၏ ဆိုက်ကားအား ပြန်ငှားနင်းခြင်း သို့မဟုတ် ၂ဝ ကျပ်တိုးဖြင့် ငွေချေးခြင်းများဖြင့် ပြန်ရှာပြန်ရွေး လုပ်သည်။ သတ်မှတ်ထားသည့် စည်းကမ်းဖောက်၍ ဒဏ်ရိုက်ရခြင်း ဖြစ်သည်။

ဗျောက်အိုး၊ မီးရှူးမီးပန်း မရောင်းရ၊ ရောင်းလျှင် ထောင်ဒဏ်လို့ ကြေညာချက် ထုတ်ပြန်ပြီး သီတင်းကျွတ်မှာ လူအများ စိတ်မညစ်ညူးအောင် ရည်ရွယ်ကာကွယ်ထားသည်။တစ်ခြားကာလတွေမှာ ဈေးရောင်းတာထက် အကျိုးအမြတ် မဆိုသလောက်ကလေး ပိုရ၍ ရောင်းမိပါသည် ဆိုသော ရပ်ကွက်ဈေးသည် တစ်ဦး ကြေညာချက် ဖောက်ဖျက်မှု၊ တားမြစ်ထားသည့်အရာကို ချိုးဖောက်မှုဖြင့် အရေးယူခံရသည်။

နေ့စဉ် စိစိစစ်စစ်ဖြင့် အရေးယူ ပေးနေမှုများကြောင့် ဥပဒေအထက်တွင် နိမ့်ပါးသူလည်း မရှိ၊ နိမ့်ပါး၍ သက်ညှာရမည် ဆိုသည်လည်းမရှိ ဆိုသည့်အချက်ကို လက်ခံပြီး ဥပဒေအထက်တွင် မည်သူမျှမရှိ ဆိုသည်ကို ထပ်မံ
လက်ခံဖို့သာ ကျန်တော့သည်။

ဇူလိုင်လ ၁၃ ရက်နေ့ မြန်မာ့ စက်မှုဆိပ်ကမ်း (မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုလုပ်ငန်းသွက်သော ဆိပ်ကမ်းနှစ်ခု၌ ပါဝင်သည့် ဆိပ်ကမ်း)တွင် ကွန်တိန်နာများအတွင်း ကားအစီးလိုက်ကို အချိုရည်များဖြင့် ကာရံပြီး တရားမဝင်၊ ဥပဒေချိုးဖောက်ကာ တင်သွင်းလာသည့် ကွန်တိန်နာ ၁ဝ လုံး ဖမ်းမိသည်ဟု ဓာတ်ပုံနှင့်တကွ တိကျသည့် သတင်း ထွက်လာသည်။

ဥပဒေကိုချိုးဖောက်၍ အဆိုပါ ကွန်တိန်နာများကို သိမ်းဆည်းလိုက်သည်။ ထပ်မံ၍ ဆက်တိုက်ပင် အေးရှားဝေါလ်ဆိပ်ကမ်း (မြန်မာ့နိုင်ငံခြားကုန်သွယ်မှု လုပ်ငန်းသွက်သော ဆိပ်ကမ်းနှစ်ခု၌ ပါဝင်သည့် ဆိပ်ကမ်း)တွင် တရားမဝင် ကားအစီးလိုက်စာ ကွန်တိန်နာ ၂ဝ ထပ်မိသည်။ ဆက်တိုက်ဆက်တိုက် ထပ်ဖမ်းသည်။ ထပ်မိသည်။

တားမြစ်ထားသည်ကို ချိုးဖောက်၍ ပစ္စည်းများအားလုံး သိမ်းလိုက်သည်။ဆက်လက်၍ အဓိက သက်ဆိုင်သူအား အရေးယူသည်ဟုတော့ လတ်တလော မကြားသိခဲ့ရသေးပါ။
တရားဝင် တင်သွင်းမှရမည့် ဆိပ်ကမ်းများတွင် တရားမဝင် မှောင်ခိုခြင်း ပြုသည်ကို မြင်တွေ့ရ၍ နယ်စပ်များကို လေ့လာကြည့်သော် လှေဖြင့်တစ်မျိုး လူဖြင့်တစ်သွယ် စားသောက်ကုန်မှ လူသုံးကုန် အထိ ကုန်သွယ်ကြသည်။ တရားဝင်တော့ မဟုတ်ပါ။

ယင်းမှာ မြန်မာနိုင်ငံသို့ ပြည်ပမှ တရားမဝင် စီးဝင်နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ တရားမဝင် စီးထွက်နေခြင်းကိုကြည့်သော် – နယ်စပ်မှ မြန်မာ့သစ်လုံးများ ပြည်ပ ထွက်နေသည်။ ကျောက်စိမ်းလည်း ထိုနည်းနှင်နှင်။ ရလျှင်ရသလို ထွက်သည်။ ကြိမ်၊ ဝါးမှစကာ တောကောင်များအထိပင် တရားမဝင် ထွက်နေခြင်း ဖြစ်သည်။

ခြုံငုံကြည့်လျှင် အရေးယူ မခံရနိုင်၍ လိုင်စင်မဲ့ကား စီးကြသည်၊ ယခင်က အဖမ်းမခံရဘဲ အကျိုးအမြတ် ရခဲ့၍၊ ရနေ၍ ကွန်တိန်နာဖြင့် မှောင်ခိုကြခြင်းသာ ဖြစ်လိမ့်မည်။

ဖြစ်ရပ်များကို ကြည့်သော် တရားမဝင် မှောင်ရိပ်ခို လုပ်ငန်းရှင်များမှာ သူများထက်ပို၍ အကျိုးအမြတ် ရလို၍ လုပ်ခဲ့သည့်ဖြစ်ရပ်များ ဖြစ်သည်။ အကျိုးအမြတ် ပိုရလို၍ စည်းမျဉ်း စည်းကမ်းကို ဖောက်ဖျက်သည်။ နိမ့်ပါးသူများ စည်းကမ်းဖောက်မှု အပေါ်တွင်သာ ဥပဒေ သက်ရောက်မှု မရှိသင့်ပါ။

ဆိုလိုရင်းမှာ ပြည်ပမှ တရားဝင် သင်္ဘောကြီးများဖြင့် တရားမဝင် သွင်းသူ၊ ပြည်ပသို့ သယံဇာတများ မှောင်ရိပ်ခိုနေသူ၊ တွေ့ကရာနံပါတ်ဖြင့် ကားအကောင်းစားကြီးများကို လိုင်စင်မဲ့ စီးနေသူများသည် တစ်ဦးတည်း မဟုတ်ပါ။ အုပ်နှင့်သင်းနှင့် ဖြစ်သည်။ နောက်ကွယ်တွင်လည်း အင်အားတောင့်တင်းသည့် လုပ်ငန်းရှင်၊ ကုမ္ပဏီပိုင်ရှင်ကြီးများ ဖြစ်သည်။ (အခြားအခြားသော ဥပဒေ လက်တစ်လုံးခြား လုပ်သူများလည်း အပါအဝင်)

ဆိုက်ကားသမားသည်လည်း ယခင်က စည်းကမ်းဖောက်သည့်တိုင် အဖမ်းမခံရပဲ လွတ်မြောက်ခဲ့ဖူးသည့်အတွက် ရလျှင်ရသလို စည်းကမ်းဖောက်မိသည် ဆိုသော် မှောင်ခိုလုပ်ငန်းဖြင့် ကြီးပွားသူများသည်လည်း အခွင့်အရေးရခဲ့၍ ယခုကဲ့သို့ ပေါ်ပေါ်ထင်ထင် မှောင်ခိုခဲ့ကြခြင်းဟု ယူဆရမည် ဖြစ်သည်။

ရပ်ကွက်ထဲက ဈေးသည်၊ ရပ်ကွက်ထဲမှ ဆိုက်ကားနင်းသူများ အပေါ်တွင် ဥပဒေ စိုးမိုးသည်၊ ဥပဒေ အထက်တွင် သူတို့တွေ မရှိသည်ကို ကျွန်တော် လက်ခံလိုက်ပြီး ဖြစ်သည်။ ထိုဥပဒေကိုလည်း ကျွန်တော် ယုံကြည်သည်။ လုပ်ငန်းရှင်ကြီးဟု အမည်တပ်ကာ မှောင်ရိပ်ခို ချမ်းသာသူများ၏ လုပ်ရပ် အပေါ်တွင်လည်း စည်းမျဉ်းစည်းကမ်း ဥပဒေ သက်ရောက်ရန် လိုသည်။

အဆိုပါစကားသည် လိုင်စင်မဲ့ကား အကောင်းစား စီးပြနေသူများ၊ အုပ်စုဖွဲ့ မှောင်ခိုနေသူများကို ဒဏ်ရိုက်လိုက်ပြီ၊ ပိုင်ရှင်ကို အရေးယူလိုက်ပြီ ဟူသော သတင်းတစ်ရပ် ထွက်ပေါ်လာမှသာ ပြည့်စုံတော့မည်။

ဆိုက်ကားသမားတစ်ဦး ဖမ်းမိလျှင် ပြည်သူအတွက် အခွန် အဖြစ် ရောက်ရှိသွားမည့် ဒဏ်ကြေး ကျပ် ၅၀၀ဝ ရသည် ဆိုသော်။ ကျပ် ဘီလျံချီတန်သည့် အိမ်၊ ကျပ်သိန်းထောင်ချီတန်သည့် ကားစီးနိုင်သည့် လုပ်ငန်းခွဲပေါင်းများစွာဖြင့် အမည် မဖော်နိုင်သည့် ငွေကြေးများဖြင့် ချမ်းသာနေသူများကို မိလိုက်လျှင်ဖြင့် ပြည်သူအတွက် အခွန်ငွေရမည်၊ နိမ့်ပါးသူနှင့် သူကြွယ်များကြား ဥပဒေ စိုးမိုးမှု တူညီမည် ဖြစ်သည်။

လိုင်စင်မဲ့ကား အစီးရေက တစ်သောင်းဝန်းကျင် အနည်းဆုံး ရှိနေသည်မှာ ငြင်းမရ။ မော်ဒယ်လ်မြင့်မှ မော်ဒယ်လ်နိမ့် အမျိုးအစား အလိုက် တရားဝင် အခွန်ဆောင်လျှင် တစ်စီးပျမ်းမျ ကျပ်သိန်း ၄၀ဝ အနိမ့်ဆုံးရမည် ဆိုသည်ကို ကားကျွမ်းကျင်သူများက ကာလပေါက်ဈေးဖြင့် တွက်ချက်ထားကြသည်။

ထို့အတွက် လိုင်စင်မဲ့ကား တစ်မျိုးတည်းမှ အခွန်ငွေ ကျပ်ဘီလျံ ၄၀ဝ ရှောရှောရှုရှု ရမည်။ ကားအစီးလိုက် ကွန်တိန်နာဖြင့် မှောင်ရိပ်ခို သွင်းနေသူများကို ကြပ်မတ်လိုက်ရုံဖြင့် တစ်လ အတွင်း၌ပင် ကားအစီး ၃ဝ ကျော်
ဖမ်းမိခဲ့ခြင်းကြောင့် ပြည်သူအတွက် အခွန်ငွေ ကျပ်သိန်း ၃၀၀ဝ ကျော် နစ်နာမည့် အရေးမှ ကင်းလွတ်သွားပြန်သည်။ ယခင် မည်မျှ လက်တစ်လုံးခြား လုပ်ခဲ့သည်ကို မှန်းဆနိုင်သည်။

သစ်အလုံးလိုက် မှောင်ခိုခြင်းအား ဖိဖိစီးစီး ဖမ်းခြင်းဖြင့် ရလာမည့် အခွန်အား တွက်ချက်ကြည့်သင့်သည်။ ကျောက်စိမ်းကိုလည်း ကြည့်လိုက်။ ဖိဖိစီးစီး ဥပဒေ အတိုင်း ဖမ်းခြင်းဖြင့် Black Jade အမျိုးအစားများသာ မှောင်ခို
မထွက်တော့လျှင် အခွန်ငွေမှာ ကျပ်သိန်း ရာထောင်ချီဦးမည်။ ကချင်ပြည်နယ်ရှိ တောင်များ ထက်ခြမ်းကွဲသည် အထိ တူးနေသည်များမှ အခွန်တိတိကျကျ ရမည်။

သို့သော် အခွန်ရဖို့ တစ်ခုတည်း ဆိုလျှင်တော့ ပြည့်စုံမှုရှိမည် မဟုတ်ပါ။ မတူညီမှုများ လျော့ပါးရေးမှာလည်း အဓိက ကျသည်။ မှောင်ရိပ် တစ်ခါခိုရုံမျှဖြင့် လွတ်လျှင် ၅ နှစ်စာလောက် ထိုင်စားနိုင်ပြီး မိလျှင် ပစ္စည်းပေးလိုက်ရုံ ဆိုသော် ဆိုက်ကားသမားသည်လည်း မှောင်သွားခိုလိမ့်မည်၊ ဝန်ထမ်းများကိုလည်း ဖျက်စီးနေကြလိမ့်ဦးမည်။

မတူညီသော လောကမှ တူညီသောလောကသို့ ပြောင်းရန် အစိုးရသစ်မှ မကြာခဏ ထုတ်ဖော်ထားပြီး ဖြစ်သည်။ ဇွန်လ အတွင်းက အစိုးရသစ်မှ ထုတ်ပြန်ခဲ့သည့် အစိုးရ အသုံးစရိတ်များ လိုအပ်ချက် ရှိနေသည်၊ လိုအပ်သည်ထက် နည်းနေသည် ဆိုသည့် သတင်းများ ထုတ်ပြန်ခဲ့သည်။ ယခုကဲ့သို့ တရားမဝင်များ များနေသ၍ အခွင့်အလမ်း ရနေသ၍ အခွန်ငွေ ဆိုသည်မှာ တရားဝင် ပေးဆောင်နေသူများထံမှသာ ခြစ်ကုတ် ကောက်ခံနေရဦးမည်သာ ဖြစ်သည်။

နိမ့်ပါးသူများ စည်းကမ်းဖောက်သည်က ထိခိုက်သည်ဟု ယူဆကြသည် ဆိုသော် လုပ်ငန်းရှင် အမည်ခံ တရားဝင်လုပ်ငန်း ဗန်းပြ မှောင်ခိုမှုများက နိုင်ငံအား မည်မျှ ထိခိုက်မည်ကို တွက်ချက်နိုင်သည်။
ဆိုက်ကားသမား၊ လမ်းဘေးဈေးသည်များက ဝမ်းရေး အတွက် လိုအပ်၍ လုပ်မိခြင်းသာ ဖြစ်လိမ့်မည်။ လုပ်ငန်းရှင် များကတော့ သူများထက် ထူး၍ ထူး၍ အကျိုးခံစားလိုခြင်း ဖြစ်လိမ့်မည်။

တရားဝင်လုပ်ငန်း ဗန်းပြကာ မှောင်ခိုသူများကဲ့သို့ပင် မရှိသင့်တော့သည့် လောကမှာ နေရာတကာတွင် ပါမစ် ယာဉ်ကျေးမှုကို ဖော်ဆောင်နေသူများ ဖြစ်သည်။ လမ်းဘေးဈေးသည် ဈေးမရောင်းရတော့သည့် အချိန်တွင် ကားတစ်စီး ပါမစ် သက်သက်သည်ပင် ကျပ်သိန်း ၁၂၀၀၊ ၁၃၀ဝ ရကာ ကြီးပွားသထက် ကြီးပွားနေမှုများလည်း မရှိသင့်တော့ပါ။

ယိုပေါက်များ ပိတ်လိုက်ခြင်းကြောင့် အခွန်လည်းရ၊ ဝန်ထမ်းများ ရှေ့လျှောက် ငွေအင်အားဖြင့် ဖျက်ဆီးခံရသည့် အနေအထားလည်း သက်သာ၊ နိမ့်ပါးသူများ ဥပဒေအထက်တွင် မရှိသလို ကုမ္ပဏီထောင် မှောင်ရိပ်ခို၊
အခွန်ရှောင်နေသူများလည်း . . .။
အလွန်ကောင်းသော ဆောင်းပါးလေးဖြစ် … ပြန်လည်းမျှဝေသည် .. First-11 မှ

7 comments

  • unclegyi1974

    August 18, 2011 at 11:00 pm

    မတူတာတူအောင်ညှိလို့ဘယ်လိုရပါ့မလဲမောင်ရယ်
    ခေါင်းရွက်ဗျက်ထိုးဈေးသည်နဲ့ဆို်က်ကားသမား
    လုပ်နေတဲ့အရင်းအနှီးကြည့်
    ကွန်တိန်နာအစီးလိုက်ဘာပါပါသွင်းနေသူ
    လုပ်နေတဲ့အရင်းအနှီးကြည့်ဘယ်မှာတူလို့
    ဘယ်လိုတူအောင်ညှိပေးရမတုန်းမောင်ရယ်

  • မီးမီး သော်

    August 18, 2011 at 11:13 pm

    “””နိမ့်ပါးသူများ စည်းကမ်းဖောက်သည်က ထိခိုက်သည်ဟု ယူဆကြသည် ဆိုသော် လုပ်ငန်းရှင် အမည်ခံ တရားဝင်လုပ်ငန်း ဗန်းပြ မှောင်ခိုမှုများက နိုင်ငံအား မည်မျှ ထိခိုက်မည်ကို တွက်ချက်နိုင်သည်။”””

    သူတို ့နဲ ့သင့်ရင်သင့်သလို ကပ်ဖားစားသောက်နေသူတွေက မှောင်ခို လုပ်စားတယ်မမည်ပါဘူးနေမှာ။ပေါ်တင်ခိုတယ်ဘဲပြောရမလား. မသိတော့ပါဘူး။

  • pyinlepyaw

    August 19, 2011 at 1:27 am

    လမ်းဘေးဈေးသည်တွေ အခက်အခဲဖြစ်ကြရပေပြီ၊ ရှေ့ဆက် ဘာတွေဖြစ်ကြမလဲ စဉ်းစားကြည့်တော့
    ပျဉ်းမနားအထိ ရောက်ရချေပြီ၊ နိမ့်ကျ နေကြရသည့် နွမ်းပါးသူများ၏ဒုက္ခ များသည်လည်း အတောမသတ်
    ဖြစ်ရချေပြီတည်း။ ဘဝအမောများ နက်ရှိုုင်းလွန်းကြချေသည်တကား ။

  • icecube

    August 19, 2011 at 1:35 am

    ကြားရတာ နားဝမှာ မသက်သာလိုက်တာ…. ဆိုးလိုက်တဲ့အဖြစ်တွေ…..
    ဖြစ်ပြီးရင် ပျက်ကြရတော့မှာလားရှင်.

  • pan pan

    August 19, 2011 at 9:40 am

    မှောင်ခိုဟုတ်ဘူး
    ဗျောင်ခိုတဲ့
    အားနည်းသူကို ဖိလို့ရ၏
    အားကြီးသူသွားဖိတော့ စပလိန်လို ကန်ထွက်မှာစိုးလို့နေမှာပေ့ါ 🙄

  • manawphyulay

    August 19, 2011 at 10:03 am

    ဪ ဖတ်နေတာ အပီအပြင်၊ မန်းဂေဇက် ရွာသားတွေ အတော့်ကို အရေးအသားကောင်းလာပြီလို့ ထင်နေတာ အောက်ဆုံးရောက်မှ First-11 မှ ဆိုတော့……………. ကိုယ်တိုင်အမြင်လေးတွေလည်း ခံစားပေးချင်ပါသေးတယ် ရေးပေးရင် ပိုကောင်းမယ်နော်…

  • nozomi

    August 19, 2011 at 12:53 pm

    အရင်က မီဒီယာတွေမှာ ဒါမျိုး ပြောလို့မရပါဘူး အခု တဖြည်းဖြည်းပြောလို့ရလာတယ် ဆိုတာ
    ( အများကြီး မျှော်လင့် မထားသူ တစ်ယောက် အနေနဲ့) တိုးတက်လာတယ်လို့မြင်ပါတယ်
    ဒီလောက်နဲ့ ရပ်နေလို့တော့ မရပဲ ဒီထက် ပိုပြော ပိုပြ ပိုသိအောင် လုပ်ရင်းနဲ့ မှ ကျွန်တော်တို့ ဖြစ်စေချင်တဲ့ မြန်မာပြည် ဖြစ်လာမှာပါ

Leave a Reply