Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြောင်ကြီးကလည်း ဆဲ့သုံးကျပ်ပြားငါးဆယ်ပါတဲ့ 13.50

ဩဂုတ်လ၈ရက်နေ့က ကြောင်ကြီးရဲ့ ၂၁နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ အဲဒါကြောင့် ကြောင်နှစ်ကောင်စာပေကနေ သူ့မွေးနေ့အထိမ်းအမှတ်အဖြစ် the potfolio of big cat (အိုးကိုဦးစားပေးပြမှာမိုလို့ပါ) အမည်ရှိ ကာလသမီးကြိုက် အပြာနုရောင်စာအုပ် ထုတ်ဝေခြင်း လက်မှတ်ရေးထိုးပွဲကို ကန်တော်ကြီးက ကြက်ကျွန်းမှာ ကျင်းပခဲ့ပါတယ်။ စာအုပ်ဈေးနှုန်းကတော့ ၁၃ကျပ်၅ဝပြားဖြစ်ပြီး လာဝယ်သူတိုင်းကို ကြောင်ချီးနံ့သင်းနေတဲ့ စာအုပ်များနဲ့အတူ ကံထူရှင်ဆယ်ယောက်အား ကြောင်သေးဖြင့်ပန်းမည်ဖြစ်ပါသည်။

ဈေးနှုန်းသက်သာရခြင်း အကြောင်းကတော့ အမြတ်အစွန်းအတွက် မဟုတ်ဘဲ လိင်တူခြောက်သူများရပိုင်ခွင့်လို လူနဲ့ကြောင် အာဝါဟ ဝိဝါဟ ပြုခွင့်ရရှိရေး လူအများ စာနာသတိပြုမိစေရန်၊ မွေးရာပါ အခွင့်အရေး၊ မျိုးရိုးရပိုင်ခွင့်အဖြစ် ယဉ်ကျေးတဲ့ကမာ္ဘကြီးမှ လက်ခံလာစေရန် ငွေကြေးအကုန်အကျခံစိုက်ထုတ်ပြီး လိင်တူလိင်ကွဲ အတူတူပဲ၊ ဇာတ်တူဇာတ်ကွဲ ဆယ်ခါဆွဲဆိုတဲ့ ဇာတ်ပြောင်းတော်လှန်ရေးကို စတင်လိုက်လို့ပါ။

ရောင်းရငွေများအားလုံးကိုလည်း ဆိင်ငြိမ်ကွယ်ရာမှာ ကြောင်နဲ့လူ လွတ်လပ်ပျော်ရွှင်စွာ ပေါင်းဖက်နေနိုင်ဖို့ ကြောင်လူဂေဟာများ ဆောက်လုပ်ရေးမှာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။ လူကိုလှူရင် ဘဝတသိန်း၊ တိရိစာ္ဆန်ကိုလှူရင် ဘဝတရာ ချမ်းသာစွာနေရမှာ ဖြစ်တဲ့အတွက် လူကိုလှူခြင်းထက် ကြောင်လူအလှူတခုပြုရင် ဘဝတရာ ပိုမိုကောင်းကျိုး ချမ်းသာရမှာဖြစ်ကြောင်း ပြောဆိုသွားပါတယ်။

ဂေဇက်ရွာသားတဦးအဖြစ် ယောင်ခြောက်ဆယ်လောကထဲကို ဝင်လာခဲ့ပေမယ့် ရုပ်ရှင်မင်းသမီး၊ အဆိုတော်မ၊ မော်ဒယ်လ်ဂဲလောကတို့မှာ မကြုံစဖူး ကြောင်လုပွဲဖြစ်ပြီး တဟုန်ထိုး လူသိမျာလာခဲ့ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်ဖြင့် အမြန်ဆုံးစာရင်းသွင်း ဝယ်ယူကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ နမူနာပုံလေးပုံကို ရွာသူများအတွက် တင်ပေးလိုက်ပါတယ်။ ကြည့်ရုံကြည့်ပြီး ကော်ပီမဆွဲဖို့၊ အီးမေးလ်ကတဆင့် ဖြန့်ဝေရောင်းချ ဝေငှခြင်းများ မပြုကြဖို့ မေတ္တရပ်ခံထားပါကြောင်း အသိပေးလိုက်ပါတယ်။

19 comments

  • Shanma TUmdy

    August 20, 2011 at 10:57 am

    ဒီကိုတစ်အုပ်လောက်ဟေ့.. ဒါပေမယ့် ကြောင်သေးနဲ့တော့ မပန်းပါနဲ့ကွယ်.. 😀 😀 😀
    သာဓုပါတော် ..သာဓု .. 😛

  • zoe

    August 20, 2011 at 11:16 am

    ဘာ ပဲဖြစ်ဖြစ် Happy belated birthday to you ပါ ကိုကြောင် ။ 🙂

  • ရွှေအိမ်စည်

    August 20, 2011 at 11:25 am

    ရွာပြင်ကိုလည်းတအုပ်လောက်စွန် ့ပါ….ရွာပြင်မှာဗဟုသုတမချိလို ့

  • windtalker

    August 20, 2011 at 11:32 am

    ဒီလို လုပ်လို ့ဘယ်ရမလဲ
    အောင်ကြူး ရဲ ့
    ပုံအစစ်နဲ ့ထုတ်ထားတာ ဆိုရင်တော့
    ကြောင်ချေး ပေပေ
    ကြောင်သေး ပန်းပန်း
    အားပေးမှာပေါ့
    အောင်ကြူးပုံ အစစ် မပါရင်တော့
    ဟဲဟဲ
    သိတယ်နော်
    ငွေခြူးတဲ့ (ပုဆိုးနာမည်)
    အသင့်ချုပ် ပြီးသား က အပြဲလေးနဲ ့
    မချုပ်ရသေးတာကတော့ အပေါက်ကလေး နဲ ့ပါ

  • စုံ စုံ

    August 20, 2011 at 11:36 am

    ကြောင်လှုမှာကုသိုလ်ပါဝင်ချင်လို့
    စာရင်းကြိုပေးပါရစေ ကိုကြီးကြောင်ရေ
    ဒါပေမယ့်ကြောင်သေးနဲ့တော့မပန်းပါနဲ့
    ကြောင်သေးနံ့ရှုမိရင်လူကအူကြောင်ကြောင်ဖြစ်သွားလို့ပါ 🙂

  • မီးမီး သော်

    August 20, 2011 at 11:37 am

    ရွှေအိမ်စည်လေးပြောသလို တအုပ်လောက်နော် ။မှုန်မှုန် ့စာအုပ်ဝယ်မယ့်အစားကြောင်ကြီးရဲ ့ ဘုတ်အုပ်ဘဲဝယ်တော့မယ်။ဟိ

  • manawphyulay

    August 20, 2011 at 11:55 am

    ၁၃ ကျပ် ပြား ၅ဝ တောင် ရောင်းတယ်ဟုတ်လား။ အလကားပေးတာမဟုတ်ဘူး။ ပိုပြီး အလှူဒါနမြောက်သွားတာပေါ့ ဦးကြောင်ကြီးရယ်… မွေးနေ့ဆိုလို့ တကယ့်မွေးနေ့လားလို့ စားဖို့ ပြင်နေတဲ့ပါးစပ်တောင် ပိတ်သွားတယ်။ အဟိ … 🙁

  • ဆူး

    August 20, 2011 at 12:34 pm

    ကြောင်ကြီး ဘတ်ဒေး တူးယူးးးး.. ကြောင်ချီး ဘတ်ဒေး တူးယူး… ကြောင်ချီး သိပ်နံ မကောင်းဘူး။

    စာအုပ်တော့ မဝယ်တော့ဘူး။ အီးမေးထဲက ရမှ လေ့လာ အကဲဖြတ်ပြီး ကြွက်ခြောက်ဖို့ အဆင်ပြေမပြေ စဉ်းစားမယ်။ ရရင်တော့ သုံးပေးမယ်။

  • king

    August 20, 2011 at 12:46 pm

    အစ်ကိုကြောင်
    အပျိုထောင်ကို
    အစ်ကိုမောင်တွေနဲ့
    သွားခဲ့တုန်းက အကြောင်းအရာတွေရောပါလား … 😛
    ဒါဆိုရင်တော့ လာအားပေးမယ်
    ကြောင်သေးနဲ့တော့ မပန်းပါနဲ့ဗျာ
    ငယ်ငယ်တုန်းက ကျောင်းပုံနှိပ်စာအုပ်ကို ကြောင်သေးပန်းသွားလို့ ရေမွှေးတွေ ဖြန်းလိုက်တာ
    အနံ့တွေက ပိုဆိုးပြီး မူးတောင်သွားတယ် … စာအုပ်ကလည်း ပုံနှိပ်စာအုပ်ဆိုတော့ ထပ်မရနိုုင်တော့ဘူးလေ
    နယ်မြို့လေးလဲဖြစ်ပြန် အဲဒီတုန်းက ပုံနှိပ်စာအုပ်ဆိုတာ ရှားတယ်ဗျ ဒါတောင်လက်ဆင့်ကမ်းစနစ်နဲ့ ရတဲ့ စာအုပ်လေး … အဆုံးသတ်ကြတော့ စာသင်နှစ်တစ်နှစ်လုံး ပုံနှိပ်မရှိဘဲ တက်လိုက်ရတယ် … 😛

  • ပေစုတ်စုတ်

    August 20, 2011 at 1:37 pm

    သူများတွေက 13500 နဲ့ရောင်းနေတာ.. ဈေးကွက်လိုက်ဖျက်နေတာပဲ ဦးကြောင်ကြီးက…

  • nature

    August 20, 2011 at 2:58 pm

    ကိုကြောင်ကြီးရေးထားတာမရှင်းလို့မေးပါရစေ။ တယောက်တည်း ၁ဝအုပ်ဝယ်ရင်ကော ကြောင်ရှုးရှုးနဲ့ ၁ခါပဲပန်းမှာလား ၁ဝခါ ပန်းမှာလား။ ၁ဝခါဆိုရင်တော့ သဘောကျတယ် ။ သူကြီးရေ ကျွန်တော့်အတွက် ၁ဝအုပ်လောက်ဝယ်ခဲ့ပေးပါ။ ပွိုင့်ပြည့်မှ ပွိုင့်ထဲက ပြန်နှုတ်ပေါ့။ 🙂 🙂 🙂

  • pan pan

    August 20, 2011 at 4:28 pm

    ၁၄ကျပ်ပေးမယ်
    ၁ဝပြားပြန်အမ်း
    သကြားလုံးမအမ်းနဲ့
    အဲ…ကံစမ်းမဲတော့ မပေါက်ချင်ဘူး
    မတော်လို့ ကံစမ်းမဲပေါက်ခဲ့ရင် ကြောင်သေးအပန်းမခံနိုင်လို့ စာအုပ်ပြန်ပေးမယ်

  • naywoonni

    August 20, 2011 at 7:11 pm

    ကြောင်ကိုတော့ ချစ်ချင်ပါရဲ့ ကြောင်သေးနဲ့ ကြောင်မွှေးကိုတော့ ကြောက်တယ်ကွယ်…။ လူကြောင်ဂေဟာ ဆောက်ဖို့ပဲ အလှူငွေထည့်လိုက်မယ်နော် …။ ရတယ်မဟုတ်လား

  • MaMa

    August 20, 2011 at 8:11 pm

    (ကံထူရှင်ဆယ်ယောက်အား ကြောင်သေးဖြင့်ပန်းမည်ဖြစ်ပါသည်။) ဆိုတော့ကာ-
    “ကံထူရှင်” ဆိုမှတော့ ကြောင်သေးဖြင့် ပန်းတော့မှာပေ့ါ။ “ကံထူးရှင်” ဆိုရင်တော့ စပါယ်ရှယ် ပရိုမိုးရှင်းပေးတဲ့အနေနဲ့ ကြောင်ချေးတုံး ထည့်ပေးလိမ့်မယ် ထင်တယ်။ ဒါတောင်မှ အလိမ်အညာနဲ့တွေ့လို့ လက်ဆောင်ပါမလာပဲလည်း ဖြစ်နေဦးမယ်။ ကျမကတော့ ကံထူးတတ်လွန်းလို့ ကျန်တဲ့ ရွာသူ/ရွာသားများကို သက်ညှာတဲ့အနေနဲ့၊ အလှည့်ပေးတဲ့အနေနဲ့ မဲမနှိုက်တော့ပါဘူးနော်။
    😛 😛 😛 😛 😛

  • pooch

    August 20, 2011 at 8:29 pm

    ဦးကြောင်ကြီးတို့ ကတော့ ကြံကြံဖန်ဖန် လုပ်ချလိုက်ပြန်ပြီ… ပေါက်တက်ကရ…… 🙂 🙂 🙂

  • True Answer

    August 21, 2011 at 9:58 am

    ဟုတ်တယ် ကိုကြောင်ကြီး ကျွန်တော်လည်း 13500 တန်စာအုပ် တစ်အုပ်ဝယ် ပြီး အလှူလုပ်မယ့်အစား ကိုကြောင်ကြီးစာအုပ် အုပ် (၁၀၀၀) ဝယ်ပစ်လိုက်မယ်။ း)

  • Moe Z

    August 21, 2011 at 2:56 pm

    ကန်တော်ကြီးကိုမလာနိုင်လို့ on line ကမှာလို့ရမလား ..

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 26, 2011 at 9:07 am

    တူလေး မောင်ကြောင်ကြီး ရေ
    ဟက်ပီး ဘတ် ဒေးပါကွယ်
    မှတ်မှတ်ရရဘဲ
    အဲ့သည် ဩဂုတ်လ၈ရက်နေ့ ဆို
    ဘကြီး မိုက်ကယ်ဂျော်နီအောင်ပု ရဲ့
    နှုတ်ခမ်းမွေးတွေဟာဆိုရင်ဖြင့် 21 နှစ်နဲ့ 3 ရက်ရှိပြီကွဲ့

Leave a Reply