မန်းတလေး မြို ့မှာ ကျောက်စိမ်းပညာ သင်ချင်သူများအတွက်
မန်းတလေးမြို ့မှာ ဖွင့်လှစ် မယ့် ကျောက်စိမ်းပညာ သင်တန်း အကြောင်းပါ ။
ကျောက်စိမ်း အရောင်းအဝယ် လုပ်တာ ကလည်း မန်းတလေး မြို ့ရဲ ့လူကြိုက်များ ၊ အလုပ်များ နေတဲ့ လုပ်ငန်း ဖြစ်ပါတယ် ။
ကျောက်စိမ်း အကြောင်းကို တစ်ကယ် နားလည် ပြီး ၊ ကျောက်စိမ်း ကို တစ်ကယ် ကြည့်တတ်မယ် ဆိုရင် ၊ ကျောက်စိမ်း ဈေးကွက် ကို နားလည် မယ် ဆိုရင်…
ထမင်း မငတ်နိုင်ပါဘူး ၊ ကိုယ့် မှာ အရင်းအနှီး နည်းနေလို ့ ၊ အများကြီး မလုပ်နိုင်ရင်တောင်
ကိုယ်တတ်ထားတဲ့ ပညာကို အသုံးချပြီး ရောင်းသူနဲ ့ ဝယ်သူ ကြား မှာ လိုက်လံ စေ့စပ်ပေးခြင်း အားဖြင့်…
အကျိုးဆောင်ခ ထိုက်ထိုက်တန်တန် ရရှိနိုင်ပါတယ် ။
ပွဲတည်ရင်း နဲ ့၊ တစ်ကယ်လို ့ကံအရမ်းထူးခဲ့လို ့…
ကိုယ် တည်ပေးလိုက်တဲ့ ကျောက်ဟာ ၊ သိန်းပေါင်း ထောင်ချီ ၊ သောင်းချီ ထအောင် ခဲ့မယ် ဆိုရင် ၊ ကိုယ့်အတွက် အကျိုးအမြတ် ထပ်ရနိုင်ပါသေးတယ် ။
ကိုယ့် မှာ အရင်းအနှီး တတ်နိုင်လို ့ ၊ ကျောက်အကြောင်း လည်း နားလည် တတ်ကျွမ်းလို ့လုပ်ကိုင်ခဲ့မယ် ဆိုရင်တော…
“ တိုင်းရွေ ့ယက်သည့် ပက္ကလာ နယ် ” ပေါ့ဗျာ
ကျောက်စိမ်း ဝယ်ရောင်း လုပ်ကိုင်မည့် သူ အတွက်ရော ၊ အကျိုးဆောင် လုပ်မည့်သူ အတွက်ရော က
ဒီအလုပ် အတွက် အချိန် အများကြီး မပေးရပါဘူး ။
တစ်ရက် မှ ၃ နာရီခန် ့ပဲ အချိန် ပေးရပါတယ် ။
ဘာလို ့လဲ ဆိုတော့ ကျောက်စိမ်းဝိုင်း မှာ ၊ တစ်ကယ် အချီကြီး အလုပ် လုပ်ကြတာ မနက် ၉ နာရီ မှ ၁၂ နာရီ ခန် ့အထိသာ ဖြစ်ပါတယ် ။
အထက်မှာ ရေးထားတာကတော့ လုပ်ငန်းအကြောင်း နဲနဲလေးပါ ။
ကြေငြာပန်းဖလက် လေး က တော့ ဒီလိုပါ
ဒီသင်တန်း ကို ဖွင့်တာ အခု ဆိုရင် အပတ်စဉ် (၃) ကို ရောက်ပါပြီ ။
အခု အပတ်စဉ် (၃) ကို 22.8.2011 မှာ စတင် ဖွင့်လှစ်မှာ ဖြစ်ပါတယ် ။
သင်တန်းကို ဦးစီး သင်ကြားပေးမယ့် ဆရာ က တော့ ဦးစန်းဌေး ဖြစ်ပါတယ် ၊ သူ ဟာ ဖားကန် ့မှာ ၁ဝ နှစ်ကျော် ကျောက်စိမ်းလုပ်ငန်း ကို လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ် ။
သင်တန်း ချိန် ၃ ချိန် ရှိတယ် လို ့သိရပြီး ၊ မနက် ၇-၈ ၊ ညနေ ၄-၅ နဲ ့ ၆-ရ တို ့ဖြစ်ပါတယ် ။
တစ်ဦးချင်း အလိုက် မတတ်မချင်း သင်ပေးမယ် လို ့သိရပါတယ် ။
သင်တန်းကြေး က တော့ ရှစ်သောင်းကျပ် ပါ ။
တစ်သက်လုံး အသုံးချ လို ့ရတဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ် ကို ဒီငွေပမာဏ နဲ ့သင်ယူခွင့် ရမှာပါ ။
သင်တန်းတက်ရောက်ဖို ့စိတ်ဝင်စား သူ များ အနေ နဲ ့ ၂၆ လမ်း ၊ ၆ဝ လမ်းထောင့် က မနောဖြူ အထည်ဆိုင် ၊ ဦးစန်းဌေး 0943014305 ကို ဆက်သွယ်နိုင်ပါတယ် ။
ကျောက်စိမ်း အရောင်းအဝယ် လုပ်ငန်း ကို လုပ်ကိုင်ချင်သူ များ နဲ ့ကျောက်စိမ်းအကြောင်း ကို သိနားလည်ချင်သူ များ အားလုံး တက်ရောက်သင့် တဲ့ သင်တန်းလေး တစ်ခု ပါလို ့ ပြောရင်း နိဂုံး ချုပ် လိုက်ပါတယ်နော် ။
7 comments
ogre
August 20, 2011 at 4:40 pm
ရန်ကုန်မှာသာရှိရင်တက်လိုက်ချင်ပါတယ်
အတတ်ပညာတစ်ခုရှိထားရင်း..လုပ်ကိုင်စားဘို့မခက်ပေဘူး
ဒီလုပ်ငန်းက အသက်ကြီးသည်ထိ လုပ်စားလို့ရတဲ့ပညာပေပဲ..။။
manawphyulay
August 20, 2011 at 5:38 pm
သင်တန်းကြေးလေး မတတ်နိုင်လို့ အခမဲ့ ပညာဒါန သင်တန်းလေးရှိရင်လည်း ပြောပြပါဦးနော်……… 🙁
ရန်ကုန်မှာလည်း ကျောက်မျက်သင်တန်းတွေရှိပါတယ်။ သင်တန်းကြေးမတတ်နိုင်လို့ သွားမတက်တာပါရှင်။
ပေါက်ဖော်
August 20, 2011 at 8:58 pm
အဲဒီပညာက အဲသလို သင်တန်းတက်လိုက်ယုံနဲ ့ တတ်သွားကောလားဗျ.
မသိလို ့မေးကြည့်တာပါ.နော့်..စိတ်ဆိုးနဲ ့.. 😛
ကျနော့်အထင်တော့ နှစ်နဲ ့ချီပြီး သင်ရမလားအောက်မေ့လို ့ပါ
windtalker
August 20, 2011 at 9:23 pm
ကောင်းလိုက်တဲ့ မေးခွန်းဗျာ
သင်တန်းတက်လိုက်ယုံ နဲ ့တက်သွားသလား လို ့ဆိုလာတော့
ကိုပေါက်ဖော် က ကျောက်စိမ်းရောင်းဝယ်ရေးကို လက်တွေ ့ကျကျ လုပ်ကိုင်နေသူ တစ်ဦး ဖြစ်မယ် ထင်ပါရဲ ့ ။
ဒီသင်တန်း တက်ရုံနဲ ့တော့ ပြီးပြည့်စုံ သွားအောင် သိနားလည် သွားမှာ တော့ မဟုတ်ဘူးပေါ့ ။
ဒါပေမယ့် နှစ်အကြာကြီး သင်ကြားပြီး မှ လုပ်ကိုင်ရမယ့် အလုပ်လည်း မဟုတ်ပါဘူး ။
သို ့ပေသည့်
“ ဘာမှ မသိ ၊ မတက်သေးပဲ ၊ ကျောက်စိမ်းလုပ်ငန်းခွင် ကို ဝင်မယ့် သူတွေ အတွက်တော့
၅ဝ ရာခိုင်နှုန်း လောက် အထောက်အကူ ပြုနိုင်တဲ့ သင်တန်း တစ်ခု လို ့ဆိုရင်ကော…..”
ကိုပေါက်ဖော် လည်း ကြားဖူးမှာပါ ၊ ကြုံဖူးမှာပါ ၊ မြင်ဖူးမှာပါ
ကျောက်စိမ်း လိုင်းမှာ အပြောများတဲ့ စကား တစ်ခု ရှိတယ်
“ ကံတစ်ဝက် ၊ ဉာဏ်တစ်ဝက် ဆိုတာလေ
ဉာဏ်ရှိရုံ နဲ ့လဲ ၊ ကျောက်စိမ်း နဲ ့သူဌေး ဖြစ်ဖို ့မဖြစ်နိုင်သလို
ဉာဏ်ပဲ ရှိရုံ နဲ ့လဲ ကံမပါ ရင် အလွယ်တကူ သူဌေး မဖြစ်နိုင်ပါဘူး ”
ရံဖန်ရံခါ ၊ မနေ ့တစ်နေ ့က မှ ၊ မတောက်တခေါက် ပညာလေး နဲ ့ ဝိုင်းထဲ ဝင်လာပြီး ၊
ရှိစုမဲ့စု ပိုက်ဆံလေး နဲ ့၊ ထင်ရာလေး ကောက်ဝယ်ပြီး ၊ အထဲက အရည်တွေ ့လို ့ ၊
ထောသွားတဲ့ ကျောက်သမား တွေ အကြောင်း ကိုပေါက်ဖော် ကြားဖူးမှာပါ ။ အဲဒါကတော့ ကံပဲပေါ့
နောက်ပြီး ကျောက်စိမ်းလုပ်ငန်း ကို လုပ်ကိုင်တာကြာပြီ ဖြစ်တဲ့ ဝါရင့်တွေ ပြောစကား က တော့
“ လူငယ်တွေ ကျောက်လိုင်းထဲ ဝင်လာတာ ကို ဝမ်းသာစွာနဲ ့ကြိုဆိုပါတယ် တဲ့ ။
ဘာလို ့လဲ ဆိုရင် လူငယ်တွေ က အမြင်ရှိတယ်တဲ့ ။
အသက် ၄ဝ ကျော်သွားရင် ၊ လူငယ်တွေ လောက် ၊ အမြင် သိပ်မရတော့ဘူး တဲ့ ”
အခု မြန်မာနိုင်ငံ ၊ အထူးသဖြင့် မန်းတလေး မြို ့မှာပေါ့
ကျောက်စိမ်းဝိုင်း ထဲ ကို လူငယ်တွေ တော်တော်များများ ပညာသင် အဖြစ် ရောက်ရှိ လာကြတာကို တွေ ့ရမှာပါ ။ သူတို ့တွေ ကို မေးကြည့်လိုက်ပါ ၊ ကျောက်စိမ်း နဲ ့ပတ်သက်ရင် ဘာသိသလဲ လို ့။
ဘာမှ မသိကြောင်း ပြန်ဖြေကြပါလိမ့်မယ် ။ ဒါပေမယ့် စိတ်အားထက်သန် စွာ လေ့လာနေကြတာ ကို တော့ တွေ ့ရမှာပါ ။ လိုလိုချင်ချင် နဲ ့ပေါ့ ။ သူတို ့ကို မေးလိုက်ရင်တော့
အရုပ်စွဆုံး ကျောက်စိမ်း ၂မျိုးရှိတာလောက်ကိုတောင် မဖြေနိုင်ကြတာကို တွေ ့ရမှာပါ ။
ဒီတော့ ဗျာ ၊ ကျောက်စိမ်းရောင်းဝယ်ရေး (သို ့) ကျောက်လိုင်း ထဲ ကို ဘာမှ မသိပဲ ဝင်မယ့် သူများ အတွက်တော့ ကျွန်တော် ရေးတင်တဲ့ သင်တန်းလေး ဟာ တော်တော် အထောက်အကူ ဖြစ်မှာပါလို ့
ကျွန်တော် ပြန်ဖြေရှင်းပေးလိုက်ပါတယ်နော် ။
ကျွန်တော် ကိုယ်တိုင် လည်း ကျောက်စိမ်း အကြောင်းကို အခုမှ စလေ့လာနေသူ တစ်ဦးပါ။
ကိုပေါက်(မန္တလေး)
August 20, 2011 at 9:45 pm
အဲဒီပညာက အဲသလို သင်တန်းတက်လိုက်ယုံနဲ ့ တတ်သွားကောလားဗျ.
မသိလို ့မေးကြည့်တာပါ.နော့်..စိတ်ဆိုးနဲ ့.. 😛
ကိုပေါက်ဖော်ရေးတာအမှန်ဆိုတော့ ဘယ်သူစိတ်ဆိုးလို့ရပါ့မလဲ။
သင်တန်းတက်ရုံနဲ့လဲမတတ်နိုင်ဘူး။
သင်တန်းတက်စရာမလိုဘဲလဲတတ်နို်င်တာ အများကြိးပေါ့
(ဥပမာ ………………………………….)
ဒါပေမယ့် သင်တန်းတက်ထားလိုက်တော့ နည်းနည်းတော့ သိသွားသပေါ့။
အဲတော့ကိုယ်သိသလောက်ကလေးကို ချဲ့ပြီး ကိုယ်လောက်မတတ်တဲ့ကောင်ကို ကြွယ်လို့ရတာပေါ့။
လူထူထူဆိုရင်လဲ ဘယ်မှာ သင်တန်းတက်ထားဆိုပြီးေ တာ်ကီပွားလို့ရတာပေါ့။
ကိုပေါက်ဖော်ရေ
အခုခေတ်က သင်တန်းခေတ်ကွဲ့။
နောင်ဆိုရင် အိမ်ထောင်ပြုမယ်ဆိုရင်တောင် သင်တန်းဆင်းလက်မှတ်ပါမှ ရမယ့်ခေတ်ရောက်လာချင်လာမယ်။
ဒီတော့ အချိန်ရှိတုန်း တက်နိုင်သမျှသင်တန်းပေါင်းစုံ တက်သာထားပေတော့ကွာ။
ပေါက်ဖော်
August 21, 2011 at 12:04 pm
လမ်းညွှန်..ရှင်းပြပေးတဲ့အတွက်..ကျေးဇူး.ပါ.ကိုတော်ကာတို ့..လေးပေါက်တို ့ ရေ..
ဘာပဲဖြစ်ဖြစ် တတ်ထားသင့်တာ အကျိုးမယုတ်ဘူးဆိုတာ နားလည်ပါ၏ဗျာ..အခွင့်သာရင်တော့
တတ်ဖြစ်အောင် တတ်ပါဦးမယ်..
“လာကြဝေ့…မောင်တို ့ရေ..ကျောက်စိမ်းသင်တန်း တူတူ တက်ကြပါဆို ့လေ”
ဟဲဟဲ.. 😛
windtalker
August 21, 2011 at 12:09 pm
ကျွန်တော့်အနေနဲ ့အခုမှ စလေ့လာ သင်ယူတုန်းဆိုတော့
ကိုပေါက်ဖော် လို ဟိုက်ဘော့စ် ဖြစ်ဖို ့
အများကြီး ကြိုးစားရဦးမှာပါ
ကိုပေါက်ဖော် အနေနဲ ့
ကျောက်စိမ်းအကြောင်းလေး တွေ ၊ ပုံလေးတွေ နဲ ့ရေးတင်ပေးပါလို ့..
တောင်းဆိုလိုက်ပါရစေ နော်