Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နိုင်ငံခြားသွားတဲ့ သား

koyinAugust 27, 20111min73816

ဖြစ်တည်မှု အဇ္ဖုတ္တ

လွင့်မျောခဲ့ပြီ
မိခင်မြေဆီမှ
ဒေသခြား
နိုင်ငံခြား
ဘာသာခြား
လူမျိုးခြားတဲ့
အသွင်မတူ
ယေဘုယျကွဲ
အဲဒီနယ်မြေထဲ
အရဲစွန့်ထွက်ခွာခဲ့
မိခင်အတွက်
ညီမတွေအတွက်
အရာအားလုံးကိုစွန့်
အတိတ်အားလုံးကိုမေ့ပြီး
လမ်းသစ်ထွင်ခဲ့တာ
ဖြစ်တည်မှု ပဓါနလို့
အခါခါဟစ်ကြွေး
ငါ့ကိုယ်ငါမေ့ဆေးကျွေးပြီး
မွေးရပ်မြေဆီက
ရင်ဖွင့်ထွက်ခွာခဲ့…
မေ့ပစ်ခဲ့ရတဲ့ အတိတ်မှာ
ချစ်သူပါတယ်
ရည်းစားဟောင်းပါတယ်
မွန်းကြပ်မှုတွေ
နာကျင်မှုတွေပါတယ်
ရေးတေးတေး
ဇာတ်လမ်းလေးတွေလည်း
ပါတယ်
ချို့တဲ့မှုကနေရုန်းထွက်ဖို့
ငွေကြေးအချို့ကိုမြှုပ်နှံ
သရုပ်မှန်ဝါဒီနဲ့
ပိုက်ဆံရှာဖို့ထွက်ခဲ့
အနာဂါတ်ရေ
ဘာတွေဖြစ်လာမလဲ
ငါရုန်းကန်ရမယ့်နေရာ
ဝေဒနာတွေရှိမလား
အမေနဲ့ညီမတွေအတွက်
ငါစွန့်စားမယ်
ခွန်အားတွေရှိတယ်
မနေ့ကအတိတ်ကိုမေ့
သေမယ့်မနက်ဖန်
ငါမစဉ်းစားဘူး
ဒီနေ့ရဲ့ ဒီအချိန်
ငါ့ဘဝနေဝင်ခဲ့ရင်တောင်
ငါ့ရဲ့
နောက်ဆုံးထွက်သက်
မတိုင်ခင်လေးအထိ
ငါ့ရည်မှန်းချက်အတိုင်း
ငါလျှောက်လှမ်းမယ်
လောကဓံက
မလွတ်မြောက်နိုင်သေးလို့
တစ်ခါတစ်ခါ
မှားခဲ့တာတွေရှိမယ်
ခွင့်လွှတ်ကြပါ
လူဆိုတာ
အမှားနဲ့မကင်းတတ်လို့ပါ
ပျော်ရွှင်မှုတွေ
ဝမ်းနည်းမှုတွေ
ဖြစ်တည်မှုတွေကြား
ခံစားချက်တွေရှိခဲ့တယ်
သူငယ်ချင်း
အပေါင်းအသင်း
မိတ်ဆွေပတ်ဝန်းကျင်
ငါ့ကိုချစ်ခင်သူတွေရှိတယ်
အကျင့်ပျက်စရိုက်ဆိုး
အကောက်ကြံတတ်တဲ့
ကြောက်စရာပတ်ဝန်းကျင်
ရန်လိုချင်သူတွေရှိတယ်
ဘဝ
ဓနမဖက်
ဖူးစာဘက်လည်း
အသည်းကွဲဖူးတယ်
အတိတ်ရေ
ငါ့အိပ်မက်တွေ
ပြန်အသက်မသွင်းနဲ့
ရင်နင့်နာကျင်
ဝေဒနာသံယောဇဉ်တွေ
မယုံချင်တော့ဘူး
ရူးချင်လည်းရူး
ငါ့ဘဝ
မထူးတော့ဘူး
မိုက်ရူးရဲဆန်ဆန်
မနက်ဖန်တွေအန်ထုတ်မယ်
နားလည်မှုတွေ
လာမပေးကြနဲ့တော့
ငါ….
သေတော့မယ်
(ငါမသေခင်
အမေနဲ့
ညီမတွေအတွက်
အသက်ဆက်ရှင်မယ်…။)


တောက ကိုရင်

 

(အမေများနေ့ အမှတ်တရ)

၀၈.၀၅.၂၀၁၁

16 comments

  • ရွှေအိမ်စည်

    August 27, 2011 at 1:08 am

    ဟဲ ့))))))))

    သေချင်နေလားနင်..ဧဒင်မှာဆို..နင့်ကိုဘမ်းလိုက်ပြီ..

    နင်နော်…ငါ့အကြောင်းသိတယ်နော်…

    နင်တော့….ရန်ကစစလာပြီ…

    နင်ရောဂါငြိမ်ပြီထင်နေတာ…

    ဒီစာနင့်နောက်ဆုံးဘဲကောင်စုတ်….

    ငါ့နာမည်ဖျက်ပေး…

    သူကြီးရေ..ဖျကဖျက်ပေးပါနော်

    • koyin

      August 27, 2011 at 5:31 pm

      အိမ်စည်
      ငါတကယ် တောင်းပန်ပါတယ်
      မသိလို့ ဖြစ်သွားတာ
      စိတ်မဆိုးကြေးနော်…
      ဘယ်လိုပြန်ဖျက်ရလဲဆိုတာ ပြောအုံး
      ထိပ်ထား ပျော်ရွှင်ပါစေ…

  • မီးမီး သော်

    August 27, 2011 at 10:29 am

    ဟိုက် ရွှေအိမ်စည်တော့ ဒေါပွနေပီ ကိုရင်ရေ။ကြည့်လုပ်ပါဦး။ကိုရင့် ကဗျာကို ဖတ်လိုက်တာနဲ ့ဘာမဆိုင်ညာမဆိုင် ဘိလပ်ပြန်မောင်သောင်းဖေ ကိုသွားသတိရတယ်။

    • koyin

      August 27, 2011 at 5:28 pm

      ဟုတ်… ရှင်းပြထားပါတယ်… ကျေနပ်မှာပါ..
      ကိုရင် နုံအလို့ ဖြစ်သွားရတာလေ..ဟီး
      ဒါနဲ့ မောင်သောင်းဖေကို ဘယ့်နှယ်ကြောင့် သတိရသွားတာတုန်း…
      ပြောပြပေးပါလား…
      မီးမီး ပျော်ရွှင်ပါစေ…

  • နီလေး

    August 27, 2011 at 11:42 am

    ရွှေအိမ်စည်ကတော့ပြောနေပြီနော် ကိုရင်ဘာဆက်လုပ်မလဲ သူကြီးကကောဘယ်သူ့ဘက်လဲ

    • koyin

      August 27, 2011 at 5:33 pm

      ပြောလည်း ခံရတော့မှာပဲ နီလေးရေ…
      ကိုရင်ကိုက လွန်တာပါဗျာ
      ဘာဆက်လုပ်မလဲဆိုတော့
      ရှေ့ဆက်တိုး အဲလေ တောင်းပန်ရမှာပေ့ါ ကျေနပ်အောင်..
      သူကြီးကလား
      သူကြီးက သူကြီးလိုနေတာ ကောင်းပါတယ်
      ဘုရားသွားကျောင်းတက်
      ရပ်ရေးရွာရေး သူကြီးကတော် တာဝန်ယူလိမ့်မယ်
      နီလေး ပျော်ရွှင်ပါစေ…

  • cobra

    August 27, 2011 at 3:44 pm

    ကိုရင် …
    စာသားတွေကမိုက်လှချည်လားဗျ။

    • koyin

      August 27, 2011 at 5:37 pm

      မြွေဟောက်ကြီးကတော့ ပေါက်ချလိုက်ပြန်ပြီ
      အဲလေ..
      ဟဲဟဲ.. မိုက်ရမယ်လေ
      ကိုရင် ငတေ မိုက်ကန်းသည်ဆိုတာတောင် ရှိတယ်ဟုတ်
      နောက်တာပါဗျ.
      အိမ်က စထွက်ကာစက အရမ်းအားငယ်တာလေ…
      ဖြစ်ချင်ရာဖြစ်ဆိုပြီး လစ်လာခဲ့တာ
      ပြီးမှ ခံစားချက်တွေကို ဖျစ်ညှစ်ပြီး
      နှလုံးသားကို လှစ်ပြလိုက်တော့
      ကိုရင့်ကဗျာက သစ်မသွားပေဘူးလား…
      (သစ်သွားပါတယ် ဘုရား…)

      COBRA ပျော်ရွှင်ပါစေ…
      (အကြီးနဲ့ ရေးပေးထားတယ်နော်)

  • KoNyeinChan

    August 27, 2011 at 4:12 pm

    အမေကပြောတယ်.. “သားရေ.. ကြား သုံး ကြား ရှေုာင်” တဲ့….. 😀 😀 😀

    • koyin

      August 27, 2011 at 5:29 pm

      ဗျ.. ကိုငြိမ်းချမ်းရေ…
      ရှောင်စရာ မလိုပါဘူးဗျာ
      ဒါက ကြား မှ မဟုတ်ဘဲ
      ကိုရင် လွဲမှားသွားတာပါ..
      ပွင့်ပွင့်လင်းလင်း ဝေဖန် သင်ပြပေးစေချင်ပါတယ်…
      ပျော်ရွှင်ပါစေ…

  • koyin

    August 27, 2011 at 4:14 pm

    ရွှေအိမ်စည်ကို တကယ် အနူးအညွတ် တောင်းပန်ပါတယ်….
    ကျန်တဲ့ အားပေးသူတွေကိုရောပေ့ါ.. ရွှေအိမ်စည် နာမည် ပါသွားတဲ့ အကြောင်း ပြောပြပါမယ်…
    ဒီဆိုဒ်ကို ခုမှ စဝင်တာပါ… ရွှေအိမ်စည် ဖိတ်လို့ပါ… မနေ့က ကဗျာ တစ်ပုဒ် တင်တယ်.. tag မပေးမိလိုက်ဘူး..
    နောက်တစ်ပုဒ် ပေးမလို့လုပ်တော့ ဘယ်လိုပေးရမှန်း မသိဘူး… ရေးပြီး add ကို နှိပ်လိုက်ရင် အောက်မှာ ကြက်ခြေခတ်တွေ ပြပြနေလို့ မရဘူးထင်ပြီး တခုပြီး တခု လိုက်ရေးတာ.. tag အဟောင်းတွေ လိုက်ရှာပြီး ထည့်ကြည့်တော့လည်း ကြက်ခြေတွေပဲ… အဲဒါနဲ့ ရွှေအိမ်စည် နာမည်တွေ့တော့ သူ့စာမျက်နှာ ဝင်ကြည့်မယ်ဆိုပြီး နှိပ်လိုက်တာပါ… နောက်ထပ် စမ်းသေးတယ်
    အများကြီးပဲ.. ကိုရင်ရယ် ကဗျာရယ် ..
    အဲလိုတွေ.. ကဗျာကို ကြည့်လိုက်ပါ.. tag တွေ အများကြီး ပါနေတာတွေ့မှာပါ… ကိုရင် တကယ် မလုပ်တတ် လုပ်တတ်နဲ့ လုပ်ရင် ရွှေအိမ်စည် နာမည် ပါသွားရတာပါ..
    ရွှေအိမ်စည်ကို ထပ်ပြီး တောင်းပန်ပါတယ်..
    နောက်ပြီး ဘယ်လိုပြန်ဖျက်ရမလဲ.. ဘယ်လိုပြန်ပြင်ရမလဲ.. သိတဲ့သူများ ပြောပြပေးစေချင်ပါတယ်… ဒီကဗျာကလည်း ရွှေအိမ်စည်နဲ့ တကယ်ကို ဘာမှမဆိုင်တဲ့ ကဗျာပါ.. ရေးထားတာက မိသားစုအကြောင်းပါ… အဲလောက်ဆို ရွှေအိမ်စည်နဲ့တကွ ကျန်တဲ့ စာဖတ်သူတွေ နားလည်ပေးနိုင်မယ် ထင်ပါတယ်… ကိုရင် တကယ် မသိလို့ မလုပ်တတ်လို့ ဖြစ်သွားတာပါ…
    သိတဲ့သူများ ဘယ်လိုပြန်ပြင်ရမလဲ ပြောပြပေးပါ….
    အိမ်စည်ရေ.. ငါတကယ် တောင်းပန်ပါတယ်….

  • koyin

    August 27, 2011 at 4:22 pm

    တစ်လက်စတည်း ထပ်မေးချင်ပါတယ်..
    ကွန်မန့်တွေအောက်က Choose as the right answer ဆိုတာရယ်
    နောက် ကွန့်မန့်ဘေးမှာ အပေါင်းတွေ အနှုတ်တွေ အဲဒါတွေက ဘာတွေလဲ
    ပြောပြပေးပါ…
    တောက ကိုရင် တုံးလွန်းလို့ပါဗျ..
    ဟီး
    အားလုံး ပျော်ရွှင်ပါစေ….

    • kai

      August 27, 2011 at 5:34 pm

      ကိုယ့်စာကို… ကောမန့်ပေး..ကြသူတွေထဲက..အကောင်းဆုံးမန်းတဲ့သူကို.. Choose as the right answer လုပ်ပေးနိုင်ပါတယ်..။ အဲဒါဆို.. အဲဒီကော်မန်းက..အစိမ်းရောင် ဟိုက်လိုက်ဖြစ်သွားပြီး..လူသိသာတယ်ဆိုပါတော့..။

      +/- တွေကတော့.. မန်းတာကို ..ကြိုက်/မကြိုက်… အမှတ်ပေးစံနစ်ပါပဲ..။

      စည်းကမ်းတွေဖတ်ပြီးပြီထင်ပါတယ်..။ သေချာတခေါက်ပြန်ဖတ်ပါဦး..။
      Category ကို..အခုလို ကဗျာဆိုရင်..ကဗျာနဲ့ဆိုင်တာလေးရွေးပေးစေလိုပါတယ်..။
      Tag ကိုလည်း..ရွှေအိမ်စည် အမည် ဖြုတ်ပေးလိုက်ပါတယ်..။

      ရွာကနေ..ကိုရင့်ကို..ကြိုဆိုပါကြောင်း.. ရွာသူကြီးအနေနဲ့..ပြောပါရစေနော..။ 🙂

  • ဆူး

    August 27, 2011 at 5:53 pm

    အသစ်ရောက်လာတဲ့ ကိုရင် ရေ…
    ဒါလေးတော့ ဖတ်ပြီးမှ ရွာထဲမှာ ခြေချသင့်တယ်။
    11. ပုဂ္ဂိုလ်ရေးထိခိုက်စေသော ပို့စ်၊ကော်မန့်များကို ကာယကံရှင်မှ အယ်ဒီတာထံ ကန့်ကွက်စာအီးမေးလ်ပေးပို့ပြီး ဖျက်ပေးရန် တောင်းဆိုစေလိုသည်။ ထိုကဲ့သို့သော ပို့စ်တင်သူအား ပွိုင့်၁၀၀ဝ နှုတ်ပါမည်။
    – မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ
    – တောင်းပန်စာ၊ ကျေးဇူးတင်လွှာ ကြော်ငြာများ ကိုဖိုရမ်တွင် ရေးကြပါရန်။

  • KoNyeinChan

    August 27, 2011 at 7:00 pm

    (((အိမ်စည်ရေ.. ငါတကယ် တောင်းပန်ပါတယ်….))) တဲ့..
    ဟွန်း.. ပြောပုံကို က.. 😀 😀 😀
    ဖတ်ရင်းနဲ ့ သူ ့အိုက်တင်ကို ပုံဖမ်းကြည့်လိုက်တော့ တကယ့်အကယ်ဒမီရှော့…. 😀

  • koyin

    August 27, 2011 at 8:28 pm

    ဟုတ် စည်းကမ်းတွေ ဖတ်ပြီးပါပြီ…
    ဟို သိပ်နားမလည်ဘဲ မလုပ်တတ်လို့ပါ…
    အဲဟို ဖိုရမ်ထဲ သွားတာလဲ ဘာမှ မပေါ်ဘူး
    ပေးထားတဲ့ ကွန်မန့်တွေကိုရော ကိုယ်က ပြန်ပေးလို့ရလား
    ပို့စ်ကတော့ တစ်နေ့ နှစ်ခုပဲ တင်မှာပါ…
    ပျော်ရွှင်ပါစေ…

Leave a Reply