Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဦးစံရှားကို ဦးထုပ်ဆောင်းပေးပါဦး

ဂ်ဲသုAugust 31, 20111min70523

မှော်ဆရာရဲ့ကျေးဇူးနဲ့ လူရိုင်းရွာက လွတ်လာတဲ့ ဦးစံရှားဟာ foreign Resident ရဲ့ ဉာဏ်စွမ်းနဲ့ လမ်းမှန်ကို သိသွားပါပြီ။ အဲဒီ လမ်းမှန်အတိုင်း ဦးစံရှား အိမ်ပြန်ခရီးကို စတင်ပါတော့မယ်။ အပြန်ခရီးမှာ နေပူတော့ ဦးစံရှား ဦးထုပ်တစ်လုံးလိုနေပါတယ်။ ဒါနဲ့ ဦးထုပ်ဆိုင်တစ်ဆိုင်ရှေ့ကို ရောက်သွားပါတယ်။ ဦးထုပ်ဝယ်မယ်ပေါ့။  ဆိုင်မှာ ဦးစံရှားလို ဦးထုပ်လိုချင်လို. တန်းစီပြီး စောင့်နေတဲ့သူနှစ်ယောက်လည်းရှိပါတယ်။ ဦးစံရှားအပါအဝင် လူသုံးယောက် ရှေ့နောက်တန်းစီပြီး ရပ်နေကြပါတယ်။ ရှေ.ဆုံးက ဦးစံရှားပေါ့။ ဦးစံရှားနောက်မှာ ဆားပုလင်းနှင်းမောင်၊နောက် ရှေ့နေကြီးပယ်ရီမေဆင် တို. အစဉ်လိုက်ရပ်နေကြပါတယ်။ တကယ့်ဉာဏ်ကြီးရှင်တွေရောက်နေတာဆိုတော့  ဦးထုပ်ဆိုင်ပိုင်ရှင်က  ဉာဏ်စမ်းတစ်ခုမေးပါမယ်၊ ဖြေနိုင်တဲ့သူ ဦးထုပ်တစ်လုံး အလကားပေးပါမယ်လို.ပြောပြီး သူတို. သုံးယောက်ကို ဦးထုပ်ငါးလုံးပြပါတယ်၊ ၃ လုံးက အဖြူရောင် ၊ ၂  လုံးက အနီရောင်ပါ၊ နောက်သူတို. သုံးယောက်ကို ခဏ မျက်စေ့မှိတ်ခိုင်းပြီး  တစ်ယောက်ကို ဦးထုပ်တစ်လုံးစီ  ဆောင်းပေးလိုက်ပါတယ်၊ ဦးထုပ်ဆောင်းပြီးတဲ့ အခါမှာ ရှေ့နေကြီးပယ်ရီမေဆင်က သူရှေ့ ကလူနှစ်ယောက်ရဲ့ ဦးထုပ်တွေကို မြင်နေရပါတယ်၊ ဆားပုလင်းနှင်းမောင်က တော့ ဦးစံရှားခေါင်းပေါ်က ဦးထုပ်ဘာရောင်လည်းဆိုတာမြင်နေရပါတယ်၊ ဦးစံရှားကတော့ ဘယ်သူ.ဦးထုပ်ကိုမှ မမြင်ရပါဘူး၊သုံးယောက်လုံးဟာ ကိုယ့်ခေါင်းပေါ်မှာဆောင်းပေးထားတဲ့ ဦးထုပ်တွေဟာ ဘာရောင်လည်းဆိုတာကိုလည်း မမြင်နိုင်ကြပါဘူး၊အဲလို ဦးထုပ်တွေဆောင်းပြီးတော့ ဆိုင်ရှင်က ကိုယ့်ခေါင်းပေါ်က ဦးထုပ် အရောင်ကိုမှန်အောင်ပြောနိုင်ရင် ဦးထုပ်တစ်လုံး အလကားပေးမယ်လို. ပြောလိုက်ပါတယ်။ အဲဒီမှာ ရှေ့နေကြီးပယ်ရီမေဆင်က ပြောပါတယ် မင်းတို.နှစ်ယောက်ရဲ့ ဦးထုပ်တွေကို ငါမြင်နေရပေမယ့် ငါ့ခေါင်းပေါ်ကဦးထုပ်ဘာ ရောင်လည်းဆိုတာ ငါမသိဘူးတဲ့၊ နောက်ဆားပုလင်းနှင်းမောင်ကလည်း ဦးစံရှားခေါင်းပေါ်က ဦးထုပ်ိကို မြင်နေရပေမယ့် ကျွန်တော့် ခေါင်းပေါ်က ဦးထုပ်ကို ဘာရောင်လည်းဆိုတာ မသိဘူးလို.ပြော ပါတယ်။ ကဲ ဦးစံရှား အလှည့်ရောက်ပါပြီ။ နေပူထဲ သွားရမယ့် ဦးစံရှားကို ဦးထုပ်တစ်လုံး ရအောင် ကူညီ ကြပါဦး။

 

23 comments

  • ဂျဲသု

    August 31, 2011 at 10:56 am

    ဦးစံရှားကို လမ်းပြပေးပါဦး ရဲ့ အဖြေက အမျိုးမျိုးဖြစ်နေနိုင်တယ်ဗျ။ ကျွန်တော်သိတဲ့ အဖြေက
    ကျွန်တော် အရင်လူတစ်ယောက်က ဒီလမ်းဟာ မြို.ကိုသွားတဲ့လမ်းလားလို.မေးရင် ခင်ဗျားဘယ်လိုဖြေ မလဲ
    လို.မေးလိုက်ရင် လမ်းမှန်ကိုသိရမှာပါ။ foreign resident ရဲ့ အဖြေလည်းမှန်ပါတယ်။ မေးရမယ့်မေးခွန်းက double negative ဖြစ်အောင်မေးရင်ရပါပြီ။

  • weiwei

    August 31, 2011 at 11:10 am

    ဦးစံရှားဦးထုပ်က အဖြူရောင်ပါ …
    အဖြူ ၃ လုံး အနီ ၂ လုံးလို့ပြောထားပါတယ် …
    ရှေ့နေကြီးက သူတို့နှစ်ယောက်ခေါင်းပေါ်မှာ အဖြူရောင်ဦးထုတ် ၂ လုံးတွေ့တော့ သူ့ခေါင်းပေါ်မှာ အဖြူ သို့မဟုတ် အနီ ဖြစ်နိုင်လို့ သူမသိဘူးလို့ပြောတာပါ …
    ဆားပုလင်းနှင်းမောင်ကလဲ ဦးစံရှားခေါင်းပေါ်မှာ အဖြူရောင်ကိုပဲမြင်ထားလို့ သူ့ခေါင်းပေါ်မှာ ဘာဖြစ်မယ်ဆိုတာ သူမှန်းလို့မရပါဘူး ..
    ဒါပေမယ့် သေချာတာကတော့ ဦးစံရှားခေါင်းပေါ်မှာ အဖြူရောင်ဦးထုတ်ဖြစ်ပါတယ် …

    • မှော်ဆရာ

      August 31, 2011 at 11:18 am

      တော်လိုက်တဲ့ မဝေဝေ

      • ဂျဲသု

        August 31, 2011 at 11:39 am

        တော်ရင် အစိမ်းလေးတစ်ခုလောက်ချီးမြှင့်လိုက်ပါဦးဗျာ

        • မှော်ဆရာ

          August 31, 2011 at 11:45 am

          ဂျဲသုလဲ right answer နှိပ်ပေးလိုက်လေ..အဖြေတစ်ခုလုံး အစိမ်းဖြစ်သွားလိမ့်မယ်

    • pan pan

      August 31, 2011 at 11:48 am

      ဦးစံရှားနဲ့ ဆားပုလင်းခေါင်းမှာ အဖြူနဲ့အနီတွေ့ရင်လည်း ရှေ့နေကြီးသိမှာမဟုတ်ဘူး
      ဦးစံရှားက အနီပဲဖြစ်ဖြစ် အဖြူပဲဖြစ်ဖြစ် ဆားပုလင်းနှင်းမောင်က သူ့ဦးထုပ်သူ သိမှာမဟုတ်ဘူး

      • Foreign Resident

        August 31, 2011 at 3:44 pm

        Dear ဂျဲသု
        Pan Pan saying is right.
        I think your question is not complete.

      • ဂျဲသု

        August 31, 2011 at 8:15 pm

        ဦးစံရှားခေါင်းမှာသာ အနီ ရှိရင် ဆားပုလင်းနှင်းမောင် ဟာ သူ.ခေါင်းပေါ်မှာ ဘာအရောင်ရှိလဲဆိုတာ သိကိုသိရမှာပေ့ါ ဗျာ

    • TTCG

      August 31, 2011 at 2:41 pm

      May I know how u are so sure about that? Your answer might be right but your explanation is not the flawless one.

      • weiwei

        August 31, 2011 at 3:54 pm

        ဟုတ်ကဲ့ … သေချာစဉ်းစားကြည့်လိုက်တော့ ကျွန်မဖြေတာ မသေချာသေးဘူး ..
        နောက်ထပ် သေချာစဉ်းစားတဲ့သူရှိရင် ထပ်ဖြေပေးစေချင်ပါတယ် …

        • TTCG

          August 31, 2011 at 4:17 pm

          I found out that your answer is absolutely correct. But the explanation needs more detail. You just missed to think about the scenario which Pan Pan’s pointed out.

          There are 4 scenarios here for ရှေ့နေကြီးပယ်ရီမေဆင်. The 1st one is for U San Shar and the latter for ဆားပုလင်း
          1. red red
          2. white white
          3. red white
          4. white red

          If it is #1, ရှေ့နေကြီးပယ်ရီမေဆင် can definitely tell that his hat is white. So, it can be #1, #2 and #3.

          There are 2 scenarios for ဆားပုလင်း.
          5. red
          6. white

          If it is red, ဆားပုလင်း can definitely tell that his hat is white. But he can’t.

          So, the answer is only #6.

        • Foreign Resident

          September 1, 2011 at 5:43 am

          Dear TTCG,
          Your thinking is right.

          May I correct only one thing,
          ” So, it can be #2, #3 and #4. “

      • ဂျဲသု

        September 1, 2011 at 9:33 am

        ရှေ့နေကြီးရဲ့ပြောစကားအရ ဦးစံရှားနဲ့ ဆားပုလင်းနှင်းမောင်တို.နှစ်ယောက်ရဲ့ ဦးထုပ်တွေဟာ အနီနှစ်လုံး လုံးဝမဖြစ်နိုင်တော့ပါဘူး။ ဖြစ်နိုင်တာက အဖြူနှစ်လုံး သို.မဟုတ် အဖြူနဲ့ အနီ ဖြစ်နေရမှာပါ။ ဦးစံရှား ခေါင်းပေါ်က ဦးထုပ်သာ အနီဖြစ်မယ်ဆိုရင် ဆားပုလင်းနှင်းမောင်ရဲ့ ဦးထုပ်ဟာ (အနီနှစ်လုံးမဖြစ်နိုင်တဲ့အတွက်) အဖြူဆိုတာသေချာနေမှာပါ။ ဦးစံရှားခေါင်းပေါ်ကဦးထုပ်က အဖြူရောင်မို.လို.သာ ဆားပုလင်းခေါင်းပေါ်ကဦးထုပ်ဟာဘာရောင်လဲလို.မှန်းဆလို.မရတာပါ။ ဒါကြောင့်ဆားပုလင်းနှင်းမောင် ကိုယ့်ခေါင်းပေါ်ကဦးထုပ်ကိုမှန်းဆလို.မရတာဟာ ဦးစံရှားခေါင်းပေါ်ကဦးထုပ် အဖြူဖြစ်နေလို.ဆိုတာ မှတ်ချက်ချလို.ရနိုင်ပါပြီ။ အပေါ်က weiweiဖြေထားတဲ့အဖြေထဲမှာ အဖြူနှစ်လုံးလို.ပြောထားပါတယ်။ မဟုတ်ပါဘူး။ အဖြူနှစ်လုံးဖြစ်နိုင်သလို အဖြူနဲ့ အနီလည်းဖြစ်နေနိုင်ပါတယ်။ အဲဒါကြောင့်မို.သာ ဆားပုလင်းနှင်းမောင် ဦးထုပ်တစ်လုံး အလကားမရတာပါ။

  • မီးမီး သော်

    August 31, 2011 at 11:47 am

    မမဝေ ကတော့လေ စွမ်းလိုက်တာနော်။ဟိ ဟိ။သူများတွေကတော့ညံ့လိုက်တာ ကြောင်ချီးလိုပါဘဲ။

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    August 31, 2011 at 2:48 pm

    ထွီ. နံလိုက်တာနေရာမှားပြီးလာထွက်နေတယ်။ကုလားမရေ. အနေအထိုင်ဆင်ချဉ်ကွာ။

    • မီးမီး သော်

      August 31, 2011 at 11:12 pm

      အေးဆေးနေရင် အဆင်ပြေပါလိမ့်မယ်။လူသားချင်းနားလည်ပါ။နှောင့်ယှက်တာနည်းနည်းလွန်ပီ။အဲလောက်ထိရိုင်းမယ်မထင်ဘူး။

  • nature

    August 31, 2011 at 5:04 pm

    ရှား။ ။ ဟေ့ ပယ်ရီမေဆင်နဲ့ ဆားပုလင်းနှင်းမောင် ငါ့ခေါင်းပေါ်က ဦးထုပ်က ဘာအရောင်လဲ။ လို့မေးလိုက်ပါလား။

  • ဆူး

    August 31, 2011 at 7:29 pm

    ဖြေမလို့ ကွန်မန်းကြည့်လိုက်တာ နောက်ကျသွားပြီ။

  • weiwei

    August 31, 2011 at 7:40 pm

    ပထမဆုံးရှေ့နေရဲ့အဖြေကိုကြည့်လိုက်တော့ ဦးစံရှားနဲ့ စနေမောင်မောင် ၂ ယောက်မှာ နှစ်ယောက်လုံး အနီဆိုတာမဖြစ်နိုင်တော့ဘူး … ၂ ယောက်စလုံး အဖြူ သို့မဟုတ် တစ်ယောက်က အဖြူ တစ်ယောက်က အနီ ဖြစ်ရမယ် …

    စနေမောင်မောင်က ဦးစံရှားခေါင်းမှာသာ အနီကိုတွေ့ရင် သူ့ခေါင်းက အဖြူဆိုတာကို သူသိမှာပေါ့ ..
    ဒါပေမယ့် ဦးစံရှားခေါင်းက အဖြူကို သူမြင်လို့သာ သူ့ခေါင်းက အနီလား အဖြူလား မဝေခွဲနိုင်ဖြစ်သွားတယ် ..
    အဲဒါကြောင့် ဦးစံရှား အဖြူ ဖြစ်တယ်လို့ သိနိုင်ပါတယ် …

    မနက်က ရှင်းလို်က်တာ လောကြီးသွားလို့ သေချာမရေးလိုက်မိတာ ခွင့်လွှတ်ပါ ….

    • ဂျဲသု

      August 31, 2011 at 9:41 pm

      ဆားပုလင်းနှင်းမောင်လည်း စနေမောင်မောင်ကိုဖြစ်လို. weiwei ရယ်။

  • ဂျဲသု

    August 31, 2011 at 8:21 pm

    weiwei နဲ့ TTCG ရဲ့ ရှင်းပြချက်ကို ကျေနပ်လိမ့်မယ်လို.ထင်ပါတယ်၊ ဦးစံရှားလည်း ဦးထုပ်တစ်လုံးရပြီဆိုတော့ ခရီးဆက်ပါတော့မယ်။ လမ်းမှာကြုံတွေ.ရမယ့်အခက်အခဲတွေကိုလည်းကူပြီးဖြေရှင်းပေးကြပါဦး။

  • cobra

    August 31, 2011 at 9:35 pm

    စိတ်ပိန်တယ်နော်..။

Leave a Reply