Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဇုန်ကားတွေ ဘယ်လိုလုပ်ရပါ့

moegyothwarAugust 31, 20111min73326

ရေးချင်နေတာကြာပါပြီ.. ရေးမယ်ရေးမယ်နဲ့။ အခုက တော်တော်ကိုဆိုးဆိုးဝါးဝါဖြစ်နေလို့။ တဆက်ထဲမှာ နိုင်ငံတော်ရဲ့ ငွေစာရင်းမှာ ဘီလီယံ ၂၂၀ဝ လောက် လိုငွေပြနေတယ်ဆိုတော့ နိုင်ငံတော် က ရသင့်တဲ့ အခွန်တွေ ဘယ်သူတွေလက်ထဲရောက်နေလို့လဲ ဆိုတာ စဉ်းစားစရာဖြစ်လာလို့ပါ။

တိုင်းပြည်တိုးတက်ချင်ရင် စက်မှု့ကုန်ထုတ်လုပ်တဲ့ ကဏ္ဍကိုတိုးတက်အောင်လုပ်ရတယ်ဆိုတာ ငြင်းလို့မရတာအမှန်ပါ။ ဒါပေမယ့် သီအိုရီမှာကိုက Competitive Agvantage ဆိုတာရှိနေလေတော့ ကျွန်တော်တို့တိုင်းပြည်မှာ ကားထုတ်မယ်ဆို ရင် တွက်ချေကိုက်ပါ့မလား ဆိုတာစဉ်းစားကြည့်ရင်းသိသာလာနိုင်ပါတယ်။

ပြည်ပမှာ ဒေါ်လာ ၃၀၀ဝ လောက်ရှိတဲ့ကားကို သိန်း ၂၀ဝ လောက်ပေးပြီး ငွေလက်ငင်းချေစီးနေကြတဲ့ ကျွန်တော်တို့တွေကို သူများနိုင်ငံတွေကလူတွေ အံဩကြပါတယ်။ မော်တော်ကားဟာ Luxury ပစ္စည်းမဟုတ်တော့ပါဘူး နေ့စဉ်လိုအပ်ချက်တခုပါ။ ဒါကို သေသေချာချာ စဉ်းစားပြီး သင့်လျှော်တဲ့ ဆုံးဖြတ်ချက် နိုင်ငံတော်ကချသင့်နေပါပြီ။

ကားထုတ်တဲ့ကိစ္စဆက်ပြောရအောင်….. မြန်မာနိုင်ငံမှာ မော်တော်ယာဉ်ထုတ်လုပ်သူ ၄၄ဝ ကျော်ရှိပါတယ်။ ဂျပန်ထက်တောင်သာပါတယ်၊ ကမ္ဘာမှာလဲ မရှိလောက်ပါဘူး။ အင်း… ထုတ်လုပ်သူ လုပ်ငန်းရှင်ဆိုတဲ့သူတွေရဲ့ ၉၉.၉% ဟာ … အားမနာတမ်းပြောရရင် … ဘန်ဒါပင်မှာ ဆိုင်းဘုတ်ချိတ်တဲ့ workshop သာသာပါဘဲ။ လုပ်ငန်းစစ်လာလို့ စက်ကိရိယာပြရမယ်ဆိုရင် သူများဆီကငှားပြ.. သူ့ဆီကယူ ကိုယ့်ဆီကပေးပေါ့…. ဒီလိုနဲ့လုပ်ငန်းမှတ်ပုံတင်ကြတာလေ။ အဲ ခွင်ပြုမိန့်ရပြီဆိုတာနဲ့ တရားဝင် သူခိုးအကြီးစား အလုပ်ကိုစကြတော့တာပါဘဲ။

ကားထုတ်မယ်ဆိုပြီး သက်ဆိုင်ရာဇုန်ကော်မတီဆီကို ဂျပန်ကားပုံ၊ အသေးစိတ်အချက်အလက်တွေကို အင်တာနက်ကကူး… ကိုယ် လုပ်ငန်းအမည် တပ်ပြီး ဇုန်ရုံးကိုတင်၊ ပြီးရင် အရင်က ခရက၊ ဇုန်ဝန်ကြီး ပြီးတော့ စက်မှု့ ၁နဲ့၂ အဆင့်ဆင့် တင်ကြရတာပေါ့။ အဆင့်တိုင်းမှာ ၁ဝ သိန်းကနေ အစားစားပေါ့… မှန်းချေ ပါမစ်အတွက်ကုန်ကျစရိတ် သိန်း ၁၀ဝ ကနေ ၁၅ဝ အထိရှိပါတယ်။ ၂၀၁ဝ အထိချထာပေးတဲ့ ကားအစင်းရေ ၉၀၀၀ဝ ကျော်ရဲ့ ၁/၃ နဲ့ ဘဲ တွက်ကြည့်ပါ… အလေအလွင့် ကျပ် ဘီလီယံ ၄၅ဝ ကျော်ရှိပါတယ်။ ဒီငွေတွေ ဘယ်သူတွေဆီမှာလဲ..

ဒါကပါမစ်တင်ဘဲရှိသေးတယ်…. ကားခိုးသွင်းလို့ပေးရတဲ့ လိုင်းကြေး ကိုကြည့်အုန်း ကားတစီးရန်ကုန်ရောက်ဖို့ သိန်း ၃၅ လောက်နဲ့ဘဲတွက်… ဘီလီယံ ၁၀ဝကျော် .. ပလုံပြန်ပေါ့

အဲဒီလို အသစ်အတိုင်းရောက်လာတဲ့ ကားကောင်းတွေ မြန်မာနိုင်ငံစံနဲ့ညီအောင် ပြန်ပြီး ခေါင်ဖောက် ၊ တံခါးဖျက်လုပ်ရတာက တစီးကို ၅ သိန်းလောက်နဲ့ဘဲတွက်ပါအုန်း… ( အကောင်းကို စုတ်အောင် လုပ်ရတဲ့ စရိတ်နော် ) …  ၁၅ ဘီလီယံ

အဲဒီခိုးကားတွေ ခိုးဝယ်တဲ့ စရိတ် .. တစီး ဒေါ်လာ ၁၅၀၀ဝ ပျမ်းမျှနဲ့တွက် USD သန်း ၄၅ဝ လောက်ရှိပါတယ်။ ၁၀၀ဝ ဈေးတုန်းကနဲ့ဆိုရင် ကျပ်ဘီလီယံ ၄၅ဝ လောက်ထွက်သွားတာပေါ့။ နိုင်ငံတော်ကမသိဘဲ.. အခွန်အကောက်မရဘဲလေ..

အဲဒီတော့ ကျပ်ဘီလီယံ ၁၀၀ဝ လောက် လူမသိ သူမသိ ပျောက်သွားအောင် လုပ်ခဲ့တဲ့ ဒီစက်မှုဇုန်ကားဆိုတာတွေကို ဘယ်လိုလုပ်မလဲ၊ ဒါတွေကို သိရက်နဲ့ ပေါင်းစားခဲ့တဲ ကိုကြီးအောင်သောင်းနဲ့ ဇုန်တာဝန်ခံဝန်ကြီးများ ကို ဘယ်လိုလုပ်မလဲ။ မဖြစ်နိုင်တဲ့ ကိစ္စကို မျက်စိမှတ်ခွင့်ပြုခဲ့တာ ဘယ်သူမှားလဲ။ နဲနဲလောက်ခိုးတက်သူတွေကို အချီကြီး ခိုးတဲ့သူတွေ ဖြစ်အောင် ကုညီခဲ့တာဘယ်သူတွေလဲ… အများကြီးတွေးစရာတွေပါ

ကားထုတ်ဖို့ ကျွန်တော်တို့ဆီမှာ ဘာအရင်းအမြစ်တွေရှိပြီလဲ…. ဆက်ဆွေးနွေးကြရအောင်နော်.. အားလုံးဝိုင်းကြီးတွေဆပေးကြပါအုံး

 

 

26 comments

  • ရဲအောင်

    August 31, 2011 at 1:13 pm

    အားလုံးစုတ်ပြတ်သတ်ပါပဲ……. တွေးကြည့်လို့တောင်မရနိုင်ပါဘူး…….
    ဒေါ်လာ ၃၀၀ဝ လောက်ပဲ တန်ဖိုးရှိတဲ့ ကားတွေကို သိန်း၂၀ဝ ၃၀ဝ ပေးစီးရတာတော့ ရင်အနာဆုံးပဲဗျာ…

  • မီးမီး သော်

    August 31, 2011 at 1:25 pm

    ဟဲဟဲ ဘာကားမှမစီးနိုင်သေးပါဘူး။ဆိုက်ကားတောင်အနိုင်နိုင်ရယ်။ဒါပေမယ့် တရုတ်ထုတ်ထော်လာဂျီဆိုရင် ဘယ်ကိုမှဖားစရာလိုတော့ဘူး။ထော်လာဂျီ စီးမယ်လေ

  • တာနော

    August 31, 2011 at 1:57 pm

    ဘာမှမသိဘူးထင်ပါရဲ့.၊ ဆိုက္ကားက တော်အုံးမယ်.၊ တရုတ် တက္ကဆီ နဲ့ထော်လာဂျီ ကိုစဉ်းစားမယ်ဆ်ိုရင်
    ဝထကလသ.. အဲ ဟုတ်ဖူး.. မထသငှက်ကထ ကပ်ဖားကောင် ကို အနဲဆုံး တစ်သိန်း ကန်တော့ရမယ်ဆို
    တာ မသိဘူးထင်တယ်.၊
    ဒီတော့ ဆိုက္ကားပဲ စီးပါကွယ်.။

  • piti

    August 31, 2011 at 2:18 pm

    ရောင်းပီးသားကားတွေကိုပါ ဒဏ်ကြေးဆောင်ရမှာဆိုတော့ အဲဒီဒဏ်ကြေးကို ဘယ်သူကဆောင်ပေးရမှာလဲ……..
    ကားရောင်းတုန်းက လိုင်စင်ရပီးတဲ့အထိ ဘယ်ရွေ့ ဘယ်မျှလို့ပြောပြီး ရောင်းပေးတယ်လို့ ဝယ်ယူထားခဲ့တာ အသိတစ်ယောက်က ပြောနေပါတယ်…
    သူ့ကားက လိုင်စင်နံပါတ် မရသေးပါဘူး.. အခု ဒဏ်ကြေးဆောင်ရမယ့်ကိစ္စကို ခေါင်းစားနေပါတယ်တဲ့… သိန်း ၁၀ဝ ကို ဘယ်လိုရှာပီးပေးရမလဲ…. ဝယ်ခဲ့တုန်းက သူ့အိုးနဲ့သူ့ဆန် တန်ရုံဆိုပီး သူနိုင်တဲ့ငွေနဲ့ တွက်ချက် ဝယ်ယူထားခဲ့တာပါ…. လိုင်စင်နံပါတ်ရအပီး သိန်း ၃၀ဝ လောက် ကျမယ်ဆိုပီး ဝယ်ယူခဲ့မိတာပါ…. သူတို့က အငြိမ်းစားဝန်ထမ်းမိသားစုပါ….
    သူတို့ဝယ်ခဲ့တဲ့ ကားထုတ်လုပ်ရေးအမည်ခံ သူခိုးအကြီးစားတွေဟာ သိန်း၁၀ဝ အခွန်ဆောင်ဖို့ကိုတော့ လက်တွန့်နေပါတယ်…. ဝယ်ယူထားတဲ့ လက်ရှိပိုင်ရှင်ကသာ ဆောင်ရမယ်လို့ ဆိုနေတယ်ပြောတယ်… သိန်း ၁၀ဝ မရှိလို့ အရောင်းအဝယ်ကို ဖျက်မယ်… ကားပြန်ပေးမယ် ငွေပြန်ပေးဆိုတော့လည်း သိန်း ၅ဝ လျှော့ပီးပြန်ပေးမယ်လုပ်နေတယ်လို့ ဆိုပါတယ်…
    ဒီလိုမျိုးမျက်နှာပြောင်တိုက်ပီး နေတဲ့သူတွေကို ဘယ်လို အရေးယူလို့ရမလဲတော့မသိဘူးနော်…

    ……….. လူအချင်းချင်းလှည့်ပတ်ချင်း ကင်းဝေးကြပါစေ……….

    • moegyothwar

      August 31, 2011 at 8:01 pm

      Piti ရေ…

      ဇုန်ကားတွေအတွက်အခွန်ကို ရောင်းတဲ့လုပ်ငန်းရှင်တွေကိုဆောင်ခိုင်းတာပါဗျာ။ ဝယ်သူက ကိုယ်ပေးထားရတဲ့ငွေနဲ့ ကားလေးဆုံးမှာစိုးလို့ စိုက်ပြီးရှင်းနေကြတာများပါတယ်။ လူတွေဘဲဗျာ.. သွားရေးလာရေးအတွက်ကားကောင်းကားသန့်လေးစီးချင်တာသဘာဝပါ။ တတ်နိုင်သလောက်လေးနဲ့ ရှိစုမဲ့စုပေးဝယ်ရတဲ့သူတွေအတွက်ဂရုဏာသက်မိပါတယ်။ သူခိုးအကြီးစား ကားထုတ်လုပ်သူများကတော့ မျက်နှာတော်တော်ပြောင်ကြတာ အသိပါ။ တနေ့က ကျွန်တော့် အကိုဆီသွားတုန်း ကားရောင်းတဲ့ လုပ်ငန်းက ငွေအသင့် ပြင်ထားနော်တဲ့ နောက်နေ့လာယူပြီးဆောင်ပေးမယ်တဲ့….. သူမှာ ၂ စီးဝယ်ထားတော့ မြောက်ပြီပေါ့…

      အမှန်က ရောင်းတဲ့လုပ်ငန်းရှင်တွေကိုဆောင်ခိုင်းတာပါဗျာ….. ဦးစိုးသိန်းရေ ခုတ်ရာတခြား.. ရှရာတလွဲနော်။

      တော်သေးတယ်နာ် ဂျပန်က ကားထုတ်လုပ်သူတွေက မြန်မာနိုင်ငံက ကားထုတ်တဲ့ လုပ်ငန်းရှင်ကြီးများကို တရားမစွဲသေးတာ… အရှက်မရှိ TOYOTA တံဆိပ်တောင်မဖြုတ်ရသေးတဲ့ကားမှာ ….. ——– မော်တော်ယာဉ်ထုတ်လုပ်ရေး တဲ့။ ရှက်တတ်ရင် လဲသေဖို့ကောင်းတယ်… ဒါတောင်တရုပ်က အပြည်ပြည်ဆိုင်ရာ ကားပြပွဲ ကို မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းရှင်တွေအနေနဲ့ တတ်ချင်သေးတယ်….

  • nayminn

    August 31, 2011 at 2:49 pm

    မြန်မာပြည်မှာ စက်ဘီး (အစိတ်အပိုင်းအားလုံး) တောင်မထုတ်နိုင်သေးတာ အစိုးရကသိပါတယ်။
    ဝိုင်းလိမ်တာ ခံနေတာ…အခုမှ ဝိုင်းဖွလို့။

  • myanpyithar

    August 31, 2011 at 4:00 pm

    အဲဒီလိုတော့မပြောပါနဲ့ဗျာ..
    နံပါတ်ပြားတော့လုပ်နိုင်ပါတယ်.
    ဒီအစိုးရကလိမ်မှကြိုက်တယ်လေဗျာ
    ဒါမှအကွက်ထွင်ပြီးသူတို့မျိုကြဆို့ကြရမှာမဟုတ်လား..
    လမ်းကြောင်း…..ဆိုတဲ့စကားကသူတို့ခေတ်မှာပေါ်လာတာလေ
    ခုခေတ်ဇုံကားတွေကိုကြည့်ပြီး…တစ်ခုချင်းတခုချင်း. လက်နဲ့ထိ.ဒါငါ့ဟာလား၊ဒီဟာကောငါ့ဟာလား…
    ဟင့်အင်း..ဟင့်အင်း.. နဲ့.. ကားတစီးလုံးလဲကုန်ရော..ငါစွဲပါပြုတ်ရော..ဘာသာရေးအရအမြတ်ထုတ်ကြည့်
    တာပါ..

  • nature

    August 31, 2011 at 5:01 pm

    ဇုန်ကားတွေနဲ့ပတ်သက်ပြီး သတင်းစာတွေထဲမှာ တိကျသောမူဝါဒတခုကို သေချာစွာ စဉ်းစားသုံးသပ်ပြီး တရားဝင် ရေးသားခြင်းဖြင့် သတင်းစာတွေရဲ့တန်ဖိုးကိုတက်လာစေနိုင်ပြီး တတိုင်းပြည်လုံးကိုလည်း တရားဝင် သိစေနိုင်ပါတယ်။

    • moegyothwar

      August 31, 2011 at 7:50 pm

      Nature ရေ…. ဇုန်ကားနဲ့ပတ်သက်တာတွေရေးရမယ်ဆို ကျွန်တော့်ဆီမှာ တပုံကြီး၊ ရေးလိုက်ရင်တော့ ဇုန်ကလူတွေဝိုင်းသမတာနဲ့ကြွမှာစိုးလို့… MG မှာဘဲရေးပါရစေဗျာ။ နိုင်ငံအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေတဲ့ ဇုန်ကားတွေကို ရှင်းသင့်တာကြာနေပါပြီ… မဆင်းခင် ပိုက်ဆံရှာသွားတဲ ကိုယ်တော်တွေ ကြပ်ကြပ်သာ သတိထားနေပါ.. ကောင်းကောင်းကိုဖွရအုံးမယ်။

  • unclegyi1974

    August 31, 2011 at 9:51 pm

    ကားထုတ်လုပ်သူတွေကလိမ်တယ်ပြောကြတယ်
    လိမ်နိုင်အောင်အရင်ဦးဆုံးလုပ်ပိုင်ခွင့်ချပေးတာဘယ်သူတွေလည်း
    သိသိကြီးနဲ့ဘာဖြစ်လို့လုပ်ပိုင်ခွင့်တွေချပေးလည်းလူတိုင်းသိ
    ဘယ်သူ့ကိုအရင်လက်ညိုးထိုးမလဲ
    ကို်ယ့်ကိုယ်ကိုပဲအရင်လက်ညိုးထိုးလို်က်တော့မယ်
    ဟေ့ဟေ့..

    နောက်ဆုံးပေါင်းလိုက်တော့
    အမြတ်ထွက်တာဘယ်သူတွေ
    ရှုံသွားတာဘယ်သူတွေ
    မှန်အောင်ဖြေ

    • moegyothwar

      August 31, 2011 at 10:22 pm

      unclegyi1974 ရေ….

      အဖြေမှန်ကတော့ ..စားသုံးသူတွေခံတဲ့

      တသက်လုံးလဲခံခဲ့ရပြီးပါပြီဗျာ။ အခုမှ ဆော်လို့ရတဲ့နေရာတွေ့လို့ နီးရာလူအရင်ဆော်တာ။ ကားထုတ်တဲ့သူတွေ ကနီးတာကိုးဗျ။ ပြီးမှ သွားလေသူ ဘဘကြီးတွေ ကို သမ ရမယ်….

      ကျွန်တော်တို့ တိုင်းပြည် Image အတွက် ကားထုတ်မယ်ဆိုရင် ထုတ်သင့်ပါတယ်။ မလေးရှား Proton လိုပေါ့။ ဒါပေမယ့် ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်တွေ ၊ လိုအပ်ချက်တွေ၊ R&D ကိစ္စတွေ ကြောင့် ပုဂ္ဂလိက ကထုတ်တာထက် အစိုးရက အရင်ဦးဆောင် ပြီးမှ ပုဂ္ဂလိက ကိုလွဲပေးတာပိုကောင်းပါလိမ့်မယ်။

      အမှားတွေ တွေ့နိုင်အောင်ရယ်၊ ကိုယ် ကိုယ်ကို မော်တော်ကားထုတ်တဲ့ လုပ်ငန်းရှင်ဆိုပြီး ကြွစောင်းကြွစောင်းဖြစ်နေတဲ့ သူအချို့ ရယ်ကို သိစေချင်တာကြောင့် ဒီပိုစ် ကိုရေးတာပါ။

  • minthakhin

    September 1, 2011 at 12:15 am

    အထိအနာဆုံးကတော့ ဝယ်စီးမိတဲ့ သူတွေ (ပြည်သူတွေ) ပေါ့ဗျာ။ ဒီလူတွေထက်အထိနာတာ ဘာရှိအုံးမှာလဲ။နိုင်ငံတော် အခွန်ဆုံးရှုံးတော့ ဘယ်သူဆုံးရှုံးမလဲ ၊ ပြည်သူဘဲပေါ့ (အခွင့်ထူးခံ လူတန်းစားများကို လုံးဝမဆိုလို)။

    ဒီလင့်ခ်လေးလဲဖတ်ကြည့်ကြပါအုံး
    http://news.yatanarpon.com.mm/news/news-33311

    ပြည်တွင်း မော်တော်ကားထုတ်လုပ်ပါတယ်ဆိုတဲ့ လုပ်ငန်းရှင်တွေ (အားလုံးနီးပါးပါဘဲ) နားလည်ပါးရိုက်ပြီး
    ဘယ်သူသေသေ ငတေမာပြီးရော ဆိုပြီးလုပ်ထားကြတာ။

      • kai

        September 1, 2011 at 1:26 am

        ပညာတွေပြထားပြီထင်တယ်..။
        http://yatanarpon.com.mm တောင်ကြည့်လို့မရဘူး..။
        မြန်မာပြည်အပြင်က လူတွေကြည့်မရအောင်လုပ်ထားတာနေမှာ..။

        ကျော်ခွကြည့်ဖို့ကလည်း.. proxy server က ပြည်တွင်းကပေးမှဖြစ်မှာ..

        ဆိုတော့..
        အဲဒီက ထူးခြားသတင်းတွေ.. ဖိုရမ်ထဲကူးတင်ပေးကြစေလိုကြောင်း…။ 🙂

  • minthakhin

    September 1, 2011 at 1:08 am

    အင် ကျွန်တော့်ဆီမှာ ရပါတယ်ဗျ ။ အခုတောင်ပြန်ဖွင့်ကြည့်တာရပါတယ်။ မရရင် ခွကြည့်၊ကျော်ကြည့်လိုက်ဗျာ

  • minthakhin

    September 1, 2011 at 1:36 am

    ဒါကတော့ ကြည့်မရဖြစ်နေတဲ့ Foreign Resident အတွက်ပါ

    စက်မှုဇုန် Super Custom ကားများလိုင်စင် သက်တမ်းတိုးရာတွင် ယာဉ်မှတ်ပုံတင်
    အသိမ်းခံရမှုများ ပေါ်ပေါက်

    ပြည်တွင်းကား ထုတ်လုပ်ရေး ကုမ္ပဏီများက ထုတ်လုပ် တပ်ဆင်ထားသော စက်မှုဇုန်
    Super Custom ကားများ ဝယ်ယူပြီး လိုင်စင်သက်တမ်း တိုးရာတွင် ယာဉ်မှတ်ပုံတင်
    အသိမ်းခံရမှု အများအပြား ပေါ်ပေါက်နေကြောင်း ယာဉ်ပိုင်ရှင်များက ပြောကြားသည်။

    ကားထုတ်လုပ်ရေး ကုမ္ပဏီများသည် ၎င်းတို့တင်သွားလာသော တရားမဝင် လိုင်စင်မဲ့
    Super Custom ကားများကို ပြည်တွင်းထုတ် ကားများအဖြစ် အသွင်ပြောင်းလဲပြုပြင်ပြီး
    လိုင်စင်ဝင်ကြကြောင်း၊ ထို့နောက် လိုင်စင်ကျ နံပါတ်ရပြီးသောအခါ မူလတရားမဝင်
    လိုင်စင်မဲ့ Super Custom ကားတွင် နံပါတ်တပ်ဆင် ဈေးကွက်တွင် ရောင်းချကြကြောင်း
    ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။ “လိုင်စင်ဝင်တဲ့အခါ တရားမဝင်ကားနဲ့ မဝင်ဘူး။
    လိုင်စင်ဝင်ဖို့ အတွက် Super Custom ပုံစံလုပ်ထားတဲ့ ပြည်တွင်း ထုတ်ပုံစံကားရှိတယ်။
    အဲဒီကားနဲ့ လိုင်စင် ဝင်တယ်။ လိုင်စင်ရပြီးတာနဲ့ ချက်စီ နံပါတ်ကို လိုင်စင်မဲ့ကားများ ရိုက်ပြီး
    ဈေးကွက်ထဲမှာ ရောင်းတယ်။ တစ်စီးကို သိန်းသုံး၊ လေးရာနဲ့ ရောင်းတယ်” ဟု လိုင်စင်မဲ့
    Super Customကား ဝယ်ယူထားသူ တစ်ဦးက ပြောကြားသည်။ ဈေးကွက်တွင်
    ကားကုမ္ပဏီက ရောင်းချလိုက်သော နံပါတ်ရ Super Custom ကားများကို ဝယ်ယူစီးနင်းပြီး
    တစ်နှစ်ပြည့်ချိန် သက်တမ်းတိုးသောအခါ ကားနှင့် လိုင်စင်ပါ အချက်အလက်များ
    မကိုက်ညီသဖြင့် ယာဉ်မှတ်ပုံတင် သိမ်းဆည်းခံရမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု
    ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

    “ကားလိုင်စင် သွားဝင်တဲ့အခါကတော့ ကွဲလွဲချက်တွေ ရှိတယ်ဆိုပြီး အုံနာစာအုပ
    ် အသိမ်း ခံလိုက်ရတာပဲ။ ရောင်းလိုက်တဲ့ ကုမ္ပဏီကလည်း ဘာမှ တာဝန်မယူဘူး။
    သူတို့က လိုင်စင်ဝင်တုန်းက ပြည်တွင်းထုတ် ပုံစံဖြစ်အောင် လုပ်ထားတဲ့ ကားနဲ့ လိုင်စင်
    ဝင်တာလေ။ ကားတစီးထဲနဲ့ Super Custom ကားတွေ အများကြီး လိုင်စင်ရအောင်
    လုပ်တာလို့ သိရပါတယ်” ဟု အကောက်ခွန် ဦးစီးဌာနနှင့် နီးစပ်သူ ကားပိုင်ရှင်တစ်ဦးက
    ဆိုသည်။ အမှတ် (၁) နှင့် အမှတ် (၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက
    ပြည်တွင်းသို့ တရားမဝင် တင်သွင်းသော မော်တော်ယာဉ်စီးရေ ရာပေါင်းများစွာရှိကြောင်း
    နေပြည်တော်တွင် ဩဂုတ်လဆန်းပိုင်းက ကျင်းပပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင်
    ပြောကြားသည်။ အကောက်ခွန် ဦးစီးဌာနက တရားမဝင် Super Custom ကားများ
    တင်သွင်းမှုအချို့ကို ဖော်ထုတ်နိုင်ခဲ့ပြီး ဇူလိုင်နှင့် ဩဂုတ်လအတွင်း ကားအစီးရေ ၃၂ စီး
    ဖမ်းဆီးနိုင်ခဲ့သည်ဟု အဆိုပါဌာနမှ သိရှိရသည်။

  • ကြောင်ကြီး

    September 1, 2011 at 6:33 am

    ဘူလဲကွ၊ ငါတို့ကို စက်ဘီးတောင် မထုတ်နိုင်ဘူး၊ နံပါတ်ပလိပ်ပြားပဲ ထုတ်နိုင်တယ်လို့ပြောတာ။ ညူကလီးဗုံးတောင် ထွင်တော့မှာ။ အောင်မြင်သွားရင် ဒုံးပျံအင်ဂျင်၊ ညူကလီးယားလောင်စာနဲ့ မောင်းတဲ့မဇဒါဂျစ်၊ လေးဘီးကား၊ တီအီးအလဲဗင်း၊ တီ၂၀၀ဝ ကားတွေ တန်းစီထွက်လာမယ်။

  • TNO

    September 1, 2011 at 8:14 am

    စာပေဟောပြောပွဲတခုက စာရေးဆရာပြောတာအမှတ်ရတယ်ဗျာ၊ နံပတ်မှာရေးတဲ ့ဆေးကအစ၊ သံပြားကအစမြန်မာပြည်ဖြစ်မဟုတ်ဘူး၊ နောက်တစီးလုံးလှည့်ပတ်ကြည့်တော့ ဘယ်ကဘယ်လို တက်ပြီးပါထားတဲ ့ခွေးချေးမြင်မှ အဲဒါတခုဘဲမြန်မာပြည်ဖြစ်တဲ ့၊

    http://www.yatanarpon.com.mm က ပြည်ပကလူတွေကြည့်လို ့မရပါဘူး၊ ကျော်ခွကြည့်ဖို ့ဆိုလည်း
    မြန်မာပြည် proxy နဲ ့မှရမှာပါ၊ အဲဒါ ဒေါ်လာသန်းချီ အကုန်ခံထားတဲ ့ portal နော်

  • Wai Yan Lay

    September 1, 2011 at 9:39 am

    တင်ပြသွားတာ အရမ်းကောင်းပါတယ် …

  • zawmaung

    September 1, 2011 at 11:17 am

    According to Myanmar time report , fine has to pay by company and not by buyer .

  • ဂျဲသု

    September 1, 2011 at 1:08 pm

    ထိုုင်းနိုင်ငံကနေ မြန်မာပြည်ကို ကားသွင်းမယ်ဆိုရင် ဂိတ်ပေါင်း ၁၃ ခု ဖြတ်ရပါတယ်။ အဲဒီဂိတ်က လူတွေကဘာလုပ်နေလဲတော့မသိဘူး။ ပြည်တွင်းရောက်နေတဲ့ကားတွေကိုတော့ လိုင်စင်မဲ့ဆိုပြီးဖမ်းလိုက်တာသောက်သောက်လဲ။ဖမ်းပြီးတော့ ရုပ်ပြောင်းရုပ်လွှဲလုပ် ဇုန်ထုတ်ကားတွေဖြစ်။ လိုင်စင်မဲ့ကားတွေ ဖမ်းမယ်ဆိုလည်း ဝင်ခွင့်ပြုလိုက်တဲ့သူတွေပါဖမ်းကြပါလားဗျာ။

    • nayminn

      September 1, 2011 at 3:47 pm

      ရေ ဘုံးလိုက်ယူသွား ဂိတ်ကလူတွေကို လောင်းချလိုက်…မြင်တော့ဘူး။

  • moonpoem

    September 1, 2011 at 4:00 pm

    တခြားမှာ မသိရ သိသော်လည်း ဖတ်မရတဲ့ သတင်းကို ရွာထဲမှာ ဖတ်လိ ု ့ရတာ မိုက်တယ်ဗျို ့။

  • manawphyulay

    September 1, 2011 at 5:50 pm

    ဇုံကားတွေ ရောင်းအားကောင်းပြီး ဈေးကွက်တက်အောင် ကားရဲ့ကွာလတီကိုလည်း သိအောင်လို့ အရင်ဆုံး ဇုံကားတွေကို ထုတ်ပြီး အခမဲ့ ဖြန့်ဝေစေချင်ပါတယ်။ ဒါမှ မနောတို့လို ကားစတီယာတိုင်တောင်မပိုင်နိုင်တဲ့သူတွေအတွက်လည်း အဆင်ပြေသွားတာပေါ့နော်။

    • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

      September 1, 2011 at 6:09 pm

      ဇုန်ကလေးဘာလေးရှိပေလို ့။နို ့မဟုတ်ရင်ကားတောင်မြင်ဖူးမယ်မထင်ဘူး။

      အော် ဇုန် ဆိုတော့လဲ ဇုန်ပေါ့ဗျာ။

  • ရဲအောင်

    September 1, 2011 at 8:25 pm

    ကားကိုမြင်ဖူးရုံလေးမြင်ဖူး ပေလို့ တော်သေးတယ်မှတ်ပါ၊ ဇုန်ကလေး ကြောင့် ဟုန်ချေး ဖြစ်သွားတော့
    မဝယ်နိုင်တဲ့သူ ကံကောင်းတယ်မှတ်ပါ…။

Leave a Reply