ဒို့ဘာသာ (၁၅) ရွေအ၊ ရွှေဘ
ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်နဲ့ အသောကမင်းကြီးတို့
ဆရာဒကာလက်တွဲညီညီ သာသနာတော်သန့်ရှင်းရေးကို
ဦးစားပေးဆောင်ရွက်နိုင်ခဲ့ပါတယ်။
တတိယသံဂါယနာတင်ပွဲကြီးကိုလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အနာဂတ်သာသနာရေးနဲ့ပတ်သက်ပြီး
အသောကမင်းကြီး ရတက်မအေးဖြစ်ပုံပေါ်ပါတယ်။
ဒီအတွက် ပြည်ပသာသနာပြုစေလွှတ်ဖို့ စီစဉ်တယ်။
ရဟန်းတော်များကို တိုင်းဒေသကြီး ၉-ခုသို့ သာသနာပြု စေလွှတ်ခဲ့ပါတယ်။
ကိုးတိုင်းကိုးဌာနသာသနာပြုစေလွှတ်တယ်လို့ လူသိများတယ်။
ကိုးတိုင်းကိုးဌာနမှာ
အရှင်သောဏနဲ့ အရှင်ဥတ္တရမထေရ်တို့ခေါင်းဆောင်တဲ့ သာသနာပြုအဖွဲ့က
သုဝဏ္ဏဘုမိ္မသို့ ကြွရောက် သာသနာပြုကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီအချိန်တုန်းက သုဝဏ္ဏဘူမိလို့ခေါ်တဲ့အရပ်ဒေသမှာ
ဘီလူးဘေးသောင်းကြမ်းတယ်လို့ ဆိုတယ်။
ဘီလူးတွေက လူတွေကို အမြဲတမ်းဝင်ရောက်နှောက်ယှက်နေတဲ့အချိန်
သာသနာပြုကြွလာတဲ့မထေရ်နှစ်ပါးက ဘီလူးဘေးရန်မှ ကာကွယ်ပေးနိုင်ခဲ့တယ်။
ဒါ့ကြောင့် သာသနာပြုမထေရ်နှစ်ပါးဟာ
လူတွေရဲ့ အားထားယုံကြည်မှုရရှိလာတယ်။
လူတွေကို ဗြဟ္မဇာလသုတ်ဟောကြားပေးပါတယ်။
သရဏဂုံသုံးပါးဆောက်တည်စေပါတယ်။
မထေရ်နှစ်ပါးရဲ့ စွမ်းဆောင်မှုကြောင့် လူတော်တော်များများ
သာသနာ့ဘောင်ဝင်ရောက်လာကြတယ်။
ငယ်ငယ်တုန်းက ဖတ်ခဲ့မှတ်ခဲ့ရတဲ့အဋ္ဌကထာကျမ်းတွေထဲမှာ
ဖော်ပြထားတာ ဒီလောက်ပဲ။
သုဝဏ္ဏဘူမိဆိုတာ ဘယ်နေရာက ဘာလူမျိုးတွေဖြစ်တယ်ဆိုတာ
တိတိပပဖော်ပြမထားဘူး။
တချို့ မြန်မာရာဇဝင် သာသနာဝင်စာအုပ်တွေထဲမှာ
သုဝဏ္ဏဘူမိဆိုတဲ့ဒေသကို
မွန်ပြည်နယ်အတွင်းရှိ သထုံမြို့နေရာလို့ ရေးသားဖော်ပြကြတယ်။
ခေတ်သစ် သမိုင်းသုတေသီတို့ကတော့
သုဝဏ္ဏဘုမိ္မဆိုသည်မှာ ဆုမတြာကျွန်းဆွယ်ကို သုဝဏ္ဏဘုမိ္မ ခေါ်ဆိုကြောင်း
ကောက်ချက် ချပြထားတယ်။
ရှေးက အဲ့ဒီကျွန်းဆွယ်မှာ သုမိတ္တခေါ်သော အိနိ္ဒယတိုင်းသားကုန်သည်တစ်ဦး
ပထမဦးဆုံး လာရောက်အခြေချနေထိုင်တယ်။
အရင်ဆုံးလာရောက်အခြေချနေထိုင်တဲ့ သုမိတ္တဆိုသူရဲ့အမည်ကို အစွဲပြုပြီး
ဆုမတြားကျွန်းဆွယ်လို့ ခေါ်ဆိုကြောင်းသိရတယ်။
ပါဠိဘာသာဖြင့် သုမိတ္တ (Sumitta) သက္ကတဘာသာဖြင့် ဆုမိတြမှ ဆုမတြားလို့
ဖြစ်လာကြောင်း ရေးသားပြောဆိုကြတယ်။
နောက်ပိုင်းမှာ အိန္ဒိယသားများက
ဒီဆုမတြားကျွန်းဆွယ်ကို သုဝဏ္ဏဘူမိလို့ ခေါ်ဆိုလာကြတယ်။
အကြောင်းက….
ရှေးက အိန္ဒိယနိုင်ငံသားတွေ ဒီကျွန်းဆယ်ကို ကုန်ရောင်းကုန်ဝယ်ကိစ္စနဲ့
လာရောက်နေထိုင်ကြတယ်တဲ့။ စီးပွါးအတော်ဖြစ်ထွန်းကြတယ်ဆိုပဲ။
သူတို့အတွက် ဆုမတြားကျွန်းဆွယ်ဟာ ရွှေလို အဖိုးတန်သောနယ်မြေလို့
သတ်မှတ်လာပြီး ရွှေမြေ (သုဝဏ္ဏဘူမိ) လို့ တင်စားခေါ်ဝေါခဲ့ကြတာတဲ့။
တချို့သမိုင်းသုတေသီတို့က
သုဝဏ္ဏဘူမိ (ရွှေမြေဒေသ) ဟာ
မွန်ပြည်နယ်၊ သထုံတစ်ဝိုက်အထိပါဝင်တယ်တဲ့။
အရှင်သောဏနှင့် အရှင်ဥတ္တရတို့ သာသနာပြုရောက်စဉ်က
လူတို့ ဘီလူးဘေးရန်များကို ခံစားနေကြရတယ်ဆိုတဲ့အဆိုနဲ့
ရှေးဟောင်း မွန်ရာဇဝင်ကျမ်းများ၊ ဓမ္မစေတီမင်း၏ ကျောက်စာများမှာ
သထုံဒေသကို ရက္ခပူရ (ရေဘီလူးနိုင်ငံ)ဟု ရှေးဦးက ခေါ်ဆိုခဲ့ကြတယ်ဆိုတဲ့အဆိုနှစ်ခု
တထပ်တည်းကျနေလို့ဆိုပြီး အကြောင်းပြကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာတို့ကတော့ ဒီနေ့
ကိုယ့်ကိုယ်ကို “ရွှေ” လို့သတ်မှတ်နေတာ တွေ့ရတယ်။
ကိုယ့်ကိုယ်ကို ရွှေနိုင်ငံသားလို့ ပြောကြတယ်။
စာအုပ်တွေထဲမှာလည်း မြန်မာနိုင်ငံကို
Golden Land ရွှေနိုင်ငံလို့ ဖော်ပြကြတယ်။
မလေးရှားနိုင်ငံကို လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားများက
သူတို့ကို သူတို့ ရွှေလို့ ရည်ညွှန်းပြောဆိုတာ မကြာခဏ ကြားဘူးတယ်။
ဗီယက်နမ်နိုင်ငံသားတွေကို ဗထက်ချိုက်၊
ဖိလစ်ပိုင်နိုင်ငံသားတွေကို ဖဦးထုပ်၊
စင်္ကာပူနိုင်ငံသားတွေကို စလုံး၊
ဘင်္ဂလားနိုင်ငံသားတွေကို ဘကုန်း၊
အင်ဒိုနီးရှားနိုင်ငံသားတွေကို အ
စသည်ဖြင့် အသီးသီးရည်ညွှန်းပြောဆိုလေ့ရှိတယ်။
မလေးရှားနိုင်ငံ၊ အလုပ်ရုံ၊ စက်ရုံတွေမှာ
လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတူ နေထိုင်ကြရတာ။
ဆိုတော့
နိုင်ငံမတူ၊ လူမျိုးမတူ၊ ဘာသာမတူပေမဲ့
အနေနီးစပ်လို့ မေတ္တာမျှပြီး အိမ်ထောင်ကျသွားတာတွေလည်း ရှိရဲ့။
ရွှေလို့ခေါ်တဲ့ဗမာတွေနဲ့ အ လို့ခေါ်တဲ့ အင်ဒိုနီးရှားတွေ အိမ်ထောင်ကျပြီး
မွေးလာတဲ့ကလေးတွေလည်း အတော်များနေပြီ။
အဲ့ဒီကလေးတွေကို ‘ရွှေအ’ လေးတွေလို့ ခေါ်ကြတယ်။
ရွှေလို့ခေါ်တဲ့ဗမာတွေနဲ့ ဘ လို့ခေါ်တဲ့ ဘင်္ဂလားတွေနဲ့အိမ်ထောင်ကျလို့
ရလာတဲ့ကလေးတွေကိုတော့
‘ရွှေဘ’ တဲ့။
‘ရွှေအ’ တွေ၊ ‘ရွှေဘ’ တွေများလာတာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး။
ဒီအတွက် မိဘတွေကို အပြစ်တင်ရမှာလား။
ဘယ်သူ့ကို အပြစ်တင်ရမလဲ။
3 comments
မီးမီး သော်
September 3, 2011 at 3:23 pm
“”ရွှေလို့ခေါ်တဲ့ဗမာတွေနဲ့ အ လို့ခေါ်တဲ့ အင်ဒိုနီးရှားတွေ အိမ်ထောင်ကျပြီး
မွေးလာတဲ့ကလေးတွေလည်း အတော်များနေပြီ။
အဲ့ဒီကလေးတွေကို ‘ရွှေအ’ လေးတွေလို့ ခေါ်ကြတယ်။
ရွှေလို့ခေါ်တဲ့ဗမာတွေနဲ့ ဘ လို့ခေါ်တဲ့ ဘင်္ဂလားတွေနဲ့အိမ်ထောင်ကျလို့
ရလာတဲ့ကလေးတွေကိုတော့
‘ရွှေဘ’ တဲ့။
‘ရွှေအ’ တွေ၊ ‘ရွှေဘ’ တွေများလာတာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး။
ဒီအတွက် မိဘတွေကို အပြစ်တင်ရမှာလား။
ဘယ်သူ့ကို အပြစ်တင်ရမလဲ။””
မှတ်သားစရာလေးမို ့ကူးယူလိုက်ပါတယ်အရှင်ဘုရား။
zawmaung
September 7, 2011 at 10:17 pm
ရွှေအ’ တွေ၊ ‘ရွှေဘ’ တွေများလာတာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး။
The same to “Shwe Phyu ” and “Shwe Mei” since numbers of whites married to Myanmar girls increase and Importer of Football Association, “Shwe Mei” will increase soon.
zawmaung
September 7, 2011 at 10:18 pm
“opp! forget to mention “Shwe Ko” too.