ဖုန်းနှင့်လူ
““ ဟယ်လို…””
““ …….ကလား?..””
““ ဟုတ်ပါတယ်ခင်ဗျာ…ဘယ်သူနှင့်တွေ့ချင်လို့ပါလ ဲ..””
““ ………….ရှိလား?..””
““ ဪ..ဟုတ်ကဲ့ ရှိပါတယ်…ကိုင်ထားမလား..သွားခေါ်ပေးပါ့မယ်.””
““ ……………….””
““ ဟုတ်ကဲ့..ဟုတ်ကဲ့ ဒါဆိုခဏကိုင်ထားပါနော်..””
ဟူး………လေပူတွေကိုမှုတ်ထုတ်ရင်း နိစ္စဓူဝကြုံနေရသည့် သည်ဖုန်းစောင့်ရသည့် အလုပ်က မလွယ်ရေးချမလွယ်။ တစ်နေ့တစ်နေ့လာလိုက်သည့်ဖု န်း။ ခေါ်လိုက်ရသည့်လူ ကုမ္ပဏီတစ်ခုလုံး တစ်ဝက်ကျိုးတော့မည်။ ““ ဖုန်းလာနေတယ်”” လို့ ပြောလိုက်သည်နှင့် လုတိုင်းပြုံးရောင်သန်း ဝမ်းသာသွားတာချည်းပင်။ ဝမ်းမသာသည်မှာ တစ်ခုတည်းသာရှိသည်။ ဒါက ငွေလိုကြောင်း အကြောင်းကြားလာလျှင် ဖုန်းကိုင်ရမည့်လက်များတွန ့်တွန့်သွားသည်။ အထူးသဖြင့် လကုန်ရက်နည်းလာလျှင် ကုမ္ပဏီရှိ ဝန်ထမ်းဘယ်ဝန်ထမ်းမှ ဖုန်းမဆက်။ ဖုန်းမမျှော်ရဲ။ အများနှင့်နေရသည့်အတွက် စုမိဆောင်းမိသည်မရှိဘဲ လစာထုတ်လျှင် တစ်ပတ်မခံဘဲ ပြောင်သလင်းခါသွားသည်ချည်း ။
ဟော်….အခုဖုန်းတွေလာဦးမည်။ လကုန်ရက်နည်းလာပြီလေ။ ဝန်ထမ်းတွေကလည်း အမျိုးမျိုးသောဖုန်းတွေကို မျှော်ကြ၏။ ချစ်သူ့ဆီက၊ သူငယ်ချင်းဆီက၊ မိဘဆီက ဟူ၍စုံသည်။ လူတန်းစားအစုံထဲက နေ့စဉ်ရက်ဆက် မျှော်လိုက်၊ ဆက်လိုက်နှင့် ကိုဖုန်းလေးခမျာ နားရသည်မݡရှိ ။ ထို့အတူ ကျွန်တော်လည်းမနားရ။ ကြုံတုန်း ဖုန်းပြောသည့်လူတွေအကြောင် း ပြောချင်ပါသည်။ ယခု ဖုန်းထားသည့်နေရာသည် အသန့်ရှင်းဆုံးနေရာဟု အရင်ဆိုရမည်။ အဘယ့်ကြောင့်ဆိုသော် ဖုန်းလာပြောသူများသည် ဖုန်းပြောနေလျှင် တစ်ခုမဟုတ်တစ်ခုကောက်ကိုင် ပြီး ဟိုပွတ် သည်ပွတ်လုပ်လွန်း၍ပင်။ ကျွန်တော် ကြည့်နေသည်မှာ ကြာပြီ။ လူတိုင်း လူတိုင်းပင်။ ထိုစားပွဲခုန်ကျယ်ကျယ်ကြီး မှာ ညင်သာစွာ ပွတ်သပ်မှုကိုခံရခြင်း၊ ဒေါသဖြင့်ရိုက်ပုတ်ခြင်းကိုခံရခြင်း များကို နေ့စဉ်ခံနေရသည်။ စကားပြောတတ်ပါက လူတိုင်းနှင့်များ ရန်ဖြစ်နေမည်လားဟု ကြံကြံ ဖန်ဖန် တွေးမိပါသေးသည်။
ထိုခုန်ပေါ်ရှိ ဓါတ်ဗူး၊ ဖန်ခွက် တစ်ခုမှမကျန်။ ဖုန်းပြောရင်းကိုင်လိုက် မြောက်လိုက်။ ကြာတော့ ကျွန်တော်အကြံတစ်ခုရသည်။ ထိုစားပွဲခုန်အား နေ့တိုင်းသန့်ရှင်းရေးလုပ် စရာမလိုသည့် နည်းလမ်း။ လက်သုတ်ပုဝါတစ်ထည်ကို ချထားပေးလိုက်သည်။ ထင်သည့်အတိုင်းပင်။ လက်သုတ်ပုဝါလေးခမျာ ဆုပ်ချည်နယ်ချည်နှင့် ဖွတ်ဖွတ်ကိုကျေလို့။ သို့ပေမယ့် စားပွဲခုန်လေးက သန့်လို့ ရှင်းလို့။ ဖုန်းပြောရင်း လက်သုတ်ပုဝါကိုကိုင်ပြီး ဟိုဘက်ဆွဲ သည်ဘက်ဆွဲနှင့် ဖုန်တွေ သဲတွေ မြူတစ်မှုန့်တောင်မရှိ။ ကျွန်တော့်တို့ရုံးသည် တော်ရုံ တန်ရုံ ဝန်ထမ်းများ ဇိုးခနဲ ဇက်ခနဲ မဝင်ရဲပေ။ မည်သည့်ပစ္စည်းမှမကိုင်ရဲပေ ။ သို့ပေမယ့်လည်း ဖုန်းပြောနေလျှင်ဖြင့် ဟိုဟာည်းကိုင်ချင် သည်ဟာလည်းကိုင်ချင်နှင့် တစ်ခါတစ်ရံ ရေနွေးတောင်ခက်တည်တည် ငှဲ့သောက်နေသေးသည်။ ကျွန်တော်အမုန်းဆုံးက အဆင်မပြေဖြစ်လာတိုင်း ဖုန်းကိုဆောင့်ချခြင်း၊ ဂဏန်းခလုတ်လေးများကို ခပ်နာနာဖိနှိပ်ခြင်းပင်။ ထိုကိစ္စကြောင့် စကားများပေါင်းလည်းမနည်းတေ ာ့။
ဝန်ထမ်းတိုင်း၏ သာရေး၊ နာရေး၊ ဤဖုန်းလေးကြောင့် သတင်းစကားကြားရ၏။စီးပွားရေ း၊ လူမှုရေး၊ သားရေး၊ သမီးရေး စသည် စသည်များ ဖုန်းကလေးမှတဆင့် အချိန်ကုန်လူသက်သာစွာနှင့် ကိစ္စတိုင်း ပြီးမြှောက်သွားကြသည်။ ထို့ကြောင့် တစ်နေ့ တစ်နေ့ ဖုန်းပြောမည်လူတွေ တန်းကိုစီလို့။ တစ်ယောက်ပြီးမှ တစ်ယောက်ဆက်ရပေမယ့် အားမနာတတ်သည့် လူမျိုးကိုတော့ နောက်လူရှိသေးသည်ဟု ဖင်တို့ပေးရသေးသည်။ တစ်ချို့က မိမိဆက်၍မရလည်း မဖယ်ပေးပေ။ နောက်ပြီး ရည်းစားနှင့်ပြောမည့်သူလား ၊ မိဘနှင့်ပြောမည့်သူလား၊
(၂)
ခွဲတမ်းချရသေးသည်။ မိဘနှင့်ပြောလျှင်တော်သေး၏ ။ ရည်းစားနှင့်ပြောလျှင်တော့ မိဘများကိုပြောလျှင်( ၁ဝ )မိနစ် ရည်းစားကျတော့ ( ၁ )နာရီလည်းပြောသည်။ ထို့ကြောင့် ရည်းစားနှင့်ပြောမည့်သူဆို လျှင် လူရှင်းမှပြောဟု
ခပ်တည်တည်ပြောထားရသေးသည်။ တစ်ချို့က ရည်းစားနှင့်ပြောရလျှင် ဘယ်လောက်ကုန်ကုန်၊ မိနစ်ဘယ်လောက်ရှိရှိ ဂရုမစိုက်။ မိဘနှင့်ပြောလျှင်တော့ မိနစ်တိုး၊ ငွေတိုးမည်ဆိုး၍ ( ၁ဝ )မိနစ်ဆိုလျှင်တော်ပြီ။ ဘယ်လိုလူတွေလည်းမသိ။ နောက် အိမ်ထောင်ရှင် ဝန်ထမ်းတွေ ဖုန်းပြောလျှင် အတော်လေး သည်းခံယူရသည်။ မယားနှင့်စကားများသူ၊ သားသမီးကိုဆုံးမသူ၊ ဆူသူ၊ ဆဲသူ နားတွေကိုညည်းလို့။ အူလို့။ မျက်စိတွေကိုရှုတ်လို့။ မမြင်ချင်လည်း ရှေ့မှာတင် ဖြစ်ပျက်နေသောပြကွက်များမု ိ့ရိုးနေပြီ။
ဖုန်းပြောမည့်သူ၏ အမူအရာကိုကြည့်ပြီး မည်သူနှင့်ပြောနေသည်။
ဘယ်သူဘယ်ဝါ စသဖြင့် ဝေဖန်ပိုင်းခြားနိုင်နေပြီ ။ အသံတိုးတိုးညှင်းသာနှင့် စကားပြောလို့ပြောမှန်းမသိရ လျှင် ရည်းစား၊ ကျယ်ကျယ်လောင်လောင်နှင့် ရယ်ကာမောကာပြောလျှင် သူငယ်ချင်း၊ ““ ဟုတ်ကဲ့ ဟုတ်ကဲ့”“ ချင်းထပ်နေလျှင် မိဘ၊ ““အေးပါကွာ အေးပါကွာ ”” ဟု အများဆုံးပြောလျှင် မိန်းမဆီက ။ ပြီးတော့ ရှိသေး၏။ မိမိချစ်ရသူနှင့်ပြောနေရလှ ျင် ပါးစပ်ကြီးဖြဲပြီး ပြောနေလိုက်သည်များ တစ်ခါသား ယင်ကောင်ဝင်သွား၍ ခိုးခိုးခွီးခွီးနှင့် ဖြစ်သွားသေးတာမြင်ဖူးသေးသည ်။ မယုံမရှိပါနှင့်။ ဖုန်းပြောသည့်လူတွေနှင့်ပတ ်သက်ပြီး မုသာဝါဒကံကို ကိုယ့်အတွက်မဟုတ်ပါဘဲ ကျူးလွန်ပေးရသေး၏။ ““ မရှိဘူးလို့ပြောပေးပါ”” ဆိုသည့်စကားကို အပြောအများဆုံးလူများသည် အိမ်က ပိုက်ဆံပို့ပေးပါ ဟူသည့်စကားကို အကြောက်ဆုံးလူများဖြစ်နေသည ်။
လိမ်လည်သည်ဆိုရာတွင် ဖုန်းပြာရာ၌ သူ့မျက်နှာ ကိုယ့်မျက်နှာမမြင်ရ ၍ ပြောချင်သလိုပြော၍ရသည်ကိုး ။ ကျွန်တော့်ကို ကူညီတောင်းသည်ကတော့ တစ်မျိုးပေါ့။ သို့ပေမယ့် ကျွန်တော့်ကို ပြန်လိမ်သွားသည်များလည်းရှ ိသည်။သည်မဖြစ်စလောက် ဖုန်းခလေးကို မိနစ်များမည်ဆိုး၍ ကျွန်တော့်အလစ်မှာ Caller ID Device မှ Deleteကိုခိုးခိုးနှိပ်သွားသည ်။ ပြောလို့ပြီးသည့်အချိန် Recallခေါ်ကြည်တော့ မရှိ။ ကျွန်တော်က ရှင်းပါသည်။ သည်လိုကြေးဆိုလျှင် ““ အင်း အင်း လက်မှတ်ထိုးသွား နောက်မှထည့်ထားလိုက်မယ်”” ဆိုပြီး (၁၅)မိနစ်လောက်ဆိုလျှင် (၂၀)ဟုရေးသွင်းလိုက်ပါသည်။ လျှော့စေချင်၍ Deleteလုပ်လျှင် (၅)မိနစ်တိုးမည်ဆိုတာကို ဖုန်းပြောမည့်လူတွေနားလည်သ ွားသည်။ လကုန်၍ လစာထုတ်သည့်အခါ ဖုန်းကြေးဖြတ်လျှင် ပြန်ပြန်မေးကြသည်။ ““ အဲဒါ Delete လုပ်သွားလို့ပါ ကျွန်တော်က နာရီလည်းကြည့်ထားသေးတာ””ဟု ဖြေပေးလိုက်လျှင် ပါးစပ်ကိုပိတ်ငြိမ်လို့။ ဟုတ်သည်လေ။ ကိုယ့်အပြစ်နှင့်ကိုယ်။ ဘယ်သူမပြု မိမိမှုပဲ။
လူတွေကလည်း တစ်မျိုးပြီးတစ်မျိုး ။ ဖုန်းလာပြန်တော့လည်းလာလို့ ။ မလာတော့လည်းမျှော်ကြသည်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ သတိရရ မရရ ဖုန်းခမျာမှာတော့ အလူးလူးအလဲလဲကို ပြုသမျှနုနေရသည့်သဘော။ လူတွေ၏ ဆုပူဆဲဆိုခြင်းကိုလည်း တစ်နေ့မဟုတ်တစ်နေ့ ခံရသေးသည်။ ဖုန်းလိုင်းကျပ်နေလျှင်၊ ခေါ်၍မရလျှင်၊ လိုင်းကျသွားလျှင်။ ““ အရေးကြီးပါတယ်ဆိုမှ ဒီဖုန်းစုပ်ကတစ်မျိုး””ကအရ င်ဆုံး။ ဒါကတော့ ထုံးစံ။ လူတွေကိုပြောပါတယ်။ ကိုယ့်အလိုကိုပဲ ကြည့်တတ်ကြတာကိုပြောချင်တာ ပါ။ သက်ရှိလူတေါတောင် ပြီးပြည့်စုံနိုင်ခြင်းမရှ ိတာ။ စက်ပစ္စည်းဖြစ်သည့် ဖုန်းက ဘာသားနှင့်ထုထားသည်မို့လဲ။ ပျက်ချိန်ပျက်၍ ကောင်းချင်ကောင်းနေသည်မှာ ဓမ္မတာပင်မဟုတ်လား။ ဖြစ်ပျက်ပြောင်းလည်းနေသည့် သဘောတရားကို မသိတာလား။ လစ်လျူရှုတာလားမသိ။ ထို့ကြောင့် ရှေးလူကြီးတွေကပြောကြသည်။ ““လူ့အလို နတ်မလိုက်နိုင်”” ဟု။
သူတို့ပြောပုံအရ ဖုန်းက(၂၄)နာရီလုံးလုံး ပကတိကောင်းမွန်နေရမည့်ပုံ။ သူတို့တွေကရော (၂၄)နာရီပတ်လုံး ကောင်းကောင်းမွန်မွန် နေနိုင်ကြရဲ့လား ဟု မေးလိုက်ချင်ပါသည်။ နာရင်နာပြန်ပြီ။ ဆာရင်ဆာပြန်ပြီ။ ဟိုနားမသွားချင် ။ သည်နားမသွားချင်ဖြစ်နေသည်။ ဘာညာသာရကာ စုံလို့စေ့လို့။ အင်း သက်ရှိအချင်းချင်း ကိုယ်ချင်းစာပေးစေချင်သလို သက်မဲ့ဖြစ်သည့် အရာဝတ္တုတွေကိုလည်း နာလည်စေချင်ပါသည်။ ဖုန်းလေး၏အသုံးဝင်ပုံကို သိနေလျှင် ဖုန်းလေး၏လိုအပ်ချက်တွေကို နားလည်သင့်ပါသည်။
(၃)
သည်လိုနှင့် တစ်နေ့ပြီး တစ်နေ့ ပြောဆိုဆက်ဆံကူးလူးမှုတွေ ရှိနေဦးမည်။ ပြောကြဆိုကြဦးမည်။မျှော်ြ ကဦးမည်။ အဆင်မပြေမှုတွေဖြစ်လာတိုင်း အပြစ်တင်မစောကြပါနှင့်ဟုသာ စိတ်ထဲရေရွတ်နေမိသည်။ သို့မှသာ စိတ်ထဲ၌သက်သာရာရမည်မဟုတ်ပါလား ဟုတွေးမိသေးသည်။
““ ကလင်…….ကလင် ””
ဘယ်သူ့ဆီကဖုန်းလဲ?။ ဘယ်သူခေါ်တာလဲ?။ ရင်မောစွာနှင့်ဖုန်းကိုင်ရ ဦးမည်။ ဖုန်းလေးကတော့ သူ့တာဝန်သူကျေလို့။အချိန်မ ှန်မှန်လာလို့။ ကျွန်တော်လည်း…………..။
““ဟယ်လို………….””
ကုမ္ပဏီမှာကြုံရတာတွေကို ရေးကြည့်တာပါ…။
2 comments
kopauk mandalay
May 13, 2010 at 4:05 pm
သည်ပြဿနာကိုစတင်သူဘယ်သူလို.ထင်ပါသလဲ။
အဲဒါ ဂရေဟမ်ဘဲလ်ဆိုတဲ.ငတိကြောင်. တယ်လီဖုန်းဆိုတာကြီုးကိုသူစထွင်လို.သည်လိုဖြစ်လာတာ
kai
May 13, 2010 at 8:22 pm
တခါတလေ စဉ်စားမိတယ်။ ဖုံးခေါ်ရင် ဘာဖြစ်လို့ ပြန်ထူးရတာလည်းလို့ပါ။
လက်ကိုင်ဖုံးပဲ ဆိုပါတော့..။ ခေါ်လာရင် ပြန်ထူူးရမယ်ဆိုတာက… ကိုယ့်အခွင့်အရေးဘောင်ကို ကျော်နေသလားလို့။
မကိုင်ပဲထားထားရင်တောင်..ပြန်ခေါ်ရမယ်ဆိုတဲ့..တာဝန်ကရှိနေသလိုလိုကိုး..။
ခေါ်တဲ့သူကို ..သိသိ..မသိသိပေါ့…။
(တခါတလေ)လမ်းဘေးလမ်းလျှောက်နေရင်း…မသိတဲ့သူတယောက်က..လှမ်းပြောတာ၊မေးတာကို..ကိုယ်က..(သေချာပေါက်)အဖြေပေးရမှာနဲ့မတူနေဘူးလား..လို့..။
—
““ ကလင်…….ကလင် ””
ဘယ်သူ့ဆီကဖုန်းလဲ?။ ဘယ်သူခေါ်တာလဲ?။ ရင်မောစွာနှင့်ဖုန်းကိုင်ရ ဦးမည်။
—
ဆိုတာ ဖတ်မိပြီး တွေးမိတာလေးတွေပါ။ ရင်မောစရာနော..။