ကြောင်ဒိုဗာမင်နဲ့ ခလေးထိန်းနေတဲ့ကလေး……..
တစ်ရက် မဒမ်ပေါက်ကို ရွှေကျီးမြင်ဘုရားကို လိုက်ပို့တုံ့း ကြောင်လေးတစ်ကောင်ထွက်လာတာကိုတွေ့ရပါတယ်။
ကြောင်လေးက အမြီးငုတ်တိုလေးနဲ့။
ခွေးထဲမှာ ဒိုဗာမင်ဆိုတဲ့နိုင်ငံခြားခွေးက အမြီးမပါဘူး။
အရမ်းဈေးကြီးတယ်ဆိုဘဲ။
လောကမှာ အင်္ဂါမစုံတာတွေက တစ်ခါတစ်လေ အထူးအဆန်းဖြစ်ပြီးကြေးကောင်းတတ်ပါတယ်။
ကဲ အမြီးမပါတဲ့ကြောင်ဒိုဗာမင်လေးကို အားပေးလိုက်ကြရအောင်။

နောက်တော့ခုံအောက်ရောက်သွားရော

သူက အထဲကိုပိုတိုးတိုးပြီး ဝင်နေတော့ ရိုက်ရခက်နေရော။

အထဲရောက်လေ မှောင်လေ မမြင်ရလေဖြစ်ရော.

အဲတော့ သူ့နဲ့နီးအောင်ထပြီးသွားတော့ ဖင်ပေးထားတယ်လေ။

သူ့အနားကပ်သွားတော့ လှည့်ကြည့်တယ်လေ။

ပြီးတော့ မော့ကြည့်ရော

မော့ကြည့်ပြီးပြေးဘို့ကြံစည်နေတာလေ

ဒီကောင်ပြေးပြီ

အပြင်ရောက်ခါနီးပေါ့ ခပ်တည်တည့်နဲ့မော့ကြည့်

ဒီဘက်ကနေပါတ်ပြေးတော့တာပေါ့

ဒီကနေအပြင်လုံးဝရောက်သွားရော

ဒီပုံလေးကတော့ ကြောင်နောက်လိုက်ရင်း တွေ့တာလေ။
ခလေးကို ကလေးက ပြန်ထိန်းနေတဲ့ပုံလေးပေါ့။

ပုံလေးတွေက မလှပေမယ့်အမှတ်တရ လက်ဆော့ထားမိပါတယ်.
အကိုက ညီလေးကို ချီထားရင်း နံရံက ပန်းချီတွေကို စိတ်ဝင်တစားမော့ကြည့်နေတာ။
ကလေးလေးက ငိုက်လို့။
သူတို့မသိအောင်ရိုက်ထားတာပါ။
သိရင်မလှတော့ဘူး။
ကျနော်ငယ်ငယ်ကလဲ ဒီလိုညီလေးတွေကိုထိန်းခဲ့ရတော့ ငယ်ဘဝလေးကို သတိရသွားမိပါတယ်။
19 comments
yetazar
September 13, 2011 at 7:30 pm
ကျွန်တော်ကကြောင်လေးတွေကိုချစ်တတ်တယ် ။ ဒါပေမယ့် ခုလိုတော့ ဂရုတစိုက် လိုက်ပြီးဓါတ်ပုံရိုက်တာမျိုးမလုပ်ဖူးသေးဘူး ။ ခေါင်းစဉ်ပေးထားတာတော်လိုက်တာ ။ လူကိုဆွဲဆောင်နေတာပဲ ။
windtalker
September 13, 2011 at 7:58 pm
ကိုပေါက်မ ပြချင်တာက
အလှူခံပုံးစောင့်နေတဲ့
ဒိုဘာမင်ကြောင်ပေါ့နော် ။
ကြောင်က လူမိုက်ရုပ် နဲ ့နော်..
ဂိုက်ပေးကြမ်းချက် ကလဲ လန်ထွက်နေတာ ပဲ
စကားမစပ်..
အောင်ကြူးနဲ ့များ ဘာတော်ပါလိမ့်
ဟီဟိ
ပေါက်ဖော်
September 13, 2011 at 9:28 pm
ခုမှတွေ ့ဖူးတယ်.
ကြောင်ဖိုက်တာ..ပဲ..ဗျ
သူ ့ရဲ့ ချစ်စရာမကောင်းတဲ့ပုံကို အင်တာနက်ပေါ်တင်မှာ သိလို ့..ထင်တယ်…
မိုက်ကန်းကန်းနဲ ့ ပြန်ရှိုးနေတာ….ရီချင်စရာဘဲ..အဟီ..
ကိုပေါက်(မန္တလေး)
September 13, 2011 at 9:50 pm
သူ့ထက်မိုက်တဲ့လူနဲ့တွေ့တော့ကြောင်လဲထွက်ပြေးရတာပေါ့နော်၊
captainamerica
September 13, 2011 at 9:59 pm
ကြောင်ရုပ်ကလည်းဗျာ အူစကူရုပ်နဲ. 🙂 🙂 🙂
ကိုပေါက်(မန္တလေး)
September 13, 2011 at 10:44 pm
ကြောင်ချောချောဖြောင့်ဖြောင့်ဆိုရင်တင်ဖြစ်မှာမဟုတ်ဘူး။
ကိုယ့်တောင်ပြန်ခုန်အုပ်တော့မယ့် မိုက်ကယ်ပုံနဲ့မို့ အမြင်ကပ်ကပ်နဲ့တင်ဖြစ်သွားတာလေ……………..
weiwei
September 13, 2011 at 11:57 pm
တော်တော်ရုပ်ဆိုးတဲ့ကြောင်ပဲ .. ကြည့်ရတာတော့ အမ နဲ့တူတယ်နော် ….
ကြောင်ကြီး
September 14, 2011 at 8:46 am
ကြောင်မြီးတို
ဗျောင်ကြီးယို
ယောင်ပြီးမလို
မောင်ကြီးပျို
တကောင်တည်း
အိုနေရပါတယ်..။
MaMa
September 14, 2011 at 8:50 am
စာဖတ်တာ လျှမ်းသွားတော့“ ကြောင်ဒိုဗာမင်နဲ့ ခလေးထိန်းနေတဲ့ကြောင်ကြီး” လို့ ဖတ်မိသွားတယ်။ 😀
etone
September 14, 2011 at 9:09 am
ဟီးဟီး လေးပေါက် … ကြောင်လေးက ရုပ်ဆိုးတယ်နော် … လူတွေအိမ်မှာမွေးတာမဟုတ်ပဲ ဘုရားကကြောင်ဆိုတော့ … အစာသတ်သတ်မှတ်မှတ်ကျွေးတဲ့လူမရှိပဲ ပိန်လှီနေတယ်…. ။ လူလည်း ကြောက်ပုံရတယ် … ။ ပွတ်သပ်ပေးမယ့်လူမရှိတော့ …သူ့အမွှေးတွေက ညစ်ပတ်နေတယ် ….။
ဆူးလေဘုရားမှာလည်း ကြောင်ပေါတယ် …. ပေါသာပေါတာ ကြောင်တွေက လူကြောက်တယ် … ကိုင်မယ်လုပ်လျှင် ထွက်ပြေးရော … ။ဖမ်းချင်လျှင် မနည်းဖမ်းရတယ် … ။ ဘယ်လိုလုပ်ပြီး ကြောင်တွေပေါလာတာလဲမေးကြည့်တော့ …. သူများတွေ လာလာ စွန့်ပစ်သွားတာတဲ့ .. (ဘုရားဆိုတဲ့နေရာကို လူတွေ ဘာများထင်နေလဲမသိဘူးနော် .. အိမ်မှာ မမွေးချင်တဲ့ ကြောင်တွေ လာလာစွန့်ပစ်ကြတယ် … ) သမီးရောက်တုန်းက ကြောင်လေးတစ်ကောင် ချစ်လို့ ခဏဖမ်းပြီးပေါင်ပေါ်တင်ထားတာ ပြန်တော့ အတင်းဆင်းခိုင်တာ တောင် မဆင်းဘူး … ဖမ်းတုန်းကတော့ပြေးတယ် နောက်ပြီးမှ လူတွေနဲ့ နီးနီးကပ်ကပ်နေရတာ ပျော်သွားပုံရတယ် …. ကြောင်လေးကို အိမ်ခေါ်လာချင်ပေမဲ့ … အိမ်က ကြောင်က ဆိုးတယ်လေ … သူကိုက်သတ်တာနဲ့ … ဘုရားကကြောင်သေမှာစိုးလို့ စိတ်မကောင်းပေမဲ့ ..ထားခဲ့ရတယ် … ။ ကြောင်လေးက ထားခဲ့တာတောင် နောက်ကလိုက်လာလို့ … စိတ်မကောင်းဖြစ်ရသေးတယ် … 🙁
ဝမ်းသာစရာတစ်ခုက ဘုရားကကြောင်တွေကို ညနေတိုင်း ထမင်းလာကျွေးတဲ့ လူတွေရှိတယ် … ထမင်းဆိုင်ကလို့တော့ပြောတာပဲ …ထမင်းတွေဟင်းတွေကို ရေပုံးမဲကြီးနဲ ့ သယ်လာပြီး … ကြောင်စားဖို့ ခွက်လေးတွေပါ ယူလာတယ် … ပြီးတော့ ဘုရားတစ်လျှောက် ဟိုနေရာ ဒီနေရာမှာ လိုက်ချထားတယ် … ကြောင်တွေက သူတို့ချပြီး လူရှင်းမှ ထွက်စား ပြီးလျှင် ပြန်ဝင်သွားရော … ။ ခဏကြာမှ ချထားတဲ့ ခွက်လေးတွေ လိုက်ပြန်သိမ်းတယ် … မြင်ရတာ တကယ်ကြည်နူးဖို့ကောင်းတယ် … မွန်မြတ်တဲ့ အလှူပါပဲ 🙄
လေးပေါက်ကြောင်က ကင်မရာကို ပြန်ကြည့်တတ်သေးတယ် … အိမ်ကကြောင်ကို အမှတ်တရ ဓါတ်ပုံရိုက်ချင်လို့ရိုက်တာတောင် … အဲ့ဒီ လင်းတလေးက ခလုတ်နှိပ်တာနဲ့ မျက်စိပိတ်ပြီးသားပဲ …ဘယ်တော့မှ ပုံကောင်းကောင်းမရဘူး ..။ … ပြီးတော့ ထားတဲ့အတိုင်း ငြိမ်ငြိမ်မနေဘူး ဟိုဘက်လှည့်လိုက် ၊ ဒီဘက်လှည့်လိုက်နဲ့ … သူနေချင်သလိုနေတယ် … လူနဲ့ ဖက်ပြီး ရိုက်လျှင်လည်း အတင်းကုတ်ဖဲ့ဆင်းပြေးတာပဲ … ။ တော်တော်ဆိုးတဲ့ အကျင့်ဆိုးက မနက်တိုင်း အိပ်ယာဘေးလာပြီး လက်နဲ့ ကုတ် အစာတောင်းတတ်တယ် …ကျွေးလျှင်ကျွေး မကျွေးလျှင် အိပ်မရအောင် အော်တယ် … လက်နဲ့လည်း ကုတ်ပြီးနှိုးတယ် … ။ အိပ်ရေးမဝလို့ စိတ်တိုနေတဲ့အချိန်လာကုတ်တုန်းက တစ်ခါရိုက်မိပါတယ်.. စိတ်ကောက်ပြီး အစာမစားဘူး .. သုံးလေးရက် … နောက်မှ ပြန်ချော့ပြီးကျွေးတော့ စားတယ် …မနက်တိုင်း ပြန်ကုတ်နှိုးပြီး အစာပြန်တောင်းတယ် … ကြောင်ပါးဝတဲ့ အကောင်ပဲ
pan pan
September 14, 2011 at 9:20 am
ကြောင်းလေးက မလှရှာဘူးနော်
ခမျာ အမြီးလည်းပြတ်သေး၊ ရုပ်လည်းဆိုးသေး
စုတ်ချွန်းချွန်း ပိန်ညှော်ညှော်လေး…….
ပေါက်ဖော်
September 14, 2011 at 3:35 pm
ကြောင်ရဲ့မျက်နှာပေးကြည့်မိတိုင်း..တော်တော်ရီချင်တယ်ဗျာ..
တစ်ခါမှ မတွေ ့ဖူးဘူး…အဟီး..
တတိယပုံက မာန်ဖီနေတဲ့ပုံအကြိုက်ဆုံးပဲ…
ကြာတယ်..ဂျီတော့ခ် မှာတင်ဦးမယ်..
😀
ကိုပေါက်(မန္တလေး)
September 14, 2011 at 6:52 pm
ကြောင်က မလှတော့ ပိုပြီး တင်ဘို့စိတ်သန်သွားတယ်။
အစကတော့ ရွာထဲတင်ဘို့စိတ်ကူးမရှိဘူး။
တကယ်တင်ချင်တာက ကလေးထိန်းနေတဲ့ပုံ။
ဒါပေမယ့်အဲဒိပုံကတစ်ပုံထဲဖြစ်နေတယ်
တစ်ပုံထဲတင်ရင် အဖွခံရမှာစိုးရပြန်ရော.
ဒါနဲ့ကြောင်ပုံတွေကို ကြည့်ရင်း တစ်ဆင့်ခြင်းပြန်စီပြီးတင်လိုက်တာ။
အားလုံးကလဲ ကြောင်ဆိုစိတ်ဝင်စားကြတယ်လေ။
ဒါတောင် အော်ဇီက ကြောင်ကြိးက အဖော်မဲ့ပါတယ်လို့ ကြော်ငြာနေတယ်။
nigimi77
September 16, 2011 at 10:01 pm
ကိုပေါက်ရယ်။
ဒိုဗာမင်ခွေးက အမြီးပါ ပါတယ် ဗျာ။
လူတွေက ဖြတ်လိုက်လို ့ပါ။
ကိုပေါက်(မန္တလေး)
September 16, 2011 at 10:14 pm
ဖောက်သည်ကြီး
လျှောက်လည်ပြီး
ငြီးငွေ့နေတယ်ထင်ပ
ရွာထဲမှာတောင်သိပ်မမြင်မိဘူးနော်။
ဆင်ပြောင်စီးတဲ့ ဘုရင်ကြီး
September 16, 2011 at 10:40 pm
တော်တော် မိုက်ကန်းကန်း ပေစုပ်စုပ် နိုင်တဲ့ ကြောင်ပဲ..
ရုပ်ကလည်း ထော်လန်နေတာပဲ။
ကိုပေါက်(မန္တလေး)
September 16, 2011 at 10:54 pm
ဒီကြောင်လေးကတော့ အတော်ကို ချစ်မွှေးပါတယ်နဲ့တူတယ်နော်.
အားပေးလိုက်ကြတာ
musicalpunk
September 16, 2011 at 11:48 pm
အကိုပေါက်ရေ…ကျွန်တော်အဲဒီကြောင်ကို Hollywood Fighter အတွက် အလှူခံ ပါရစေဗျာ..
ကိုပေါက်(မန္တလေး)
September 17, 2011 at 8:18 am
လေယာဉ်လက်မှတ်ပို့ပေးလိုက်ပါ။
ကြောင်ကိုဖမ်းပြီးပို့ပေးလိုက်ပါမယ်။