သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား……………….??
အေးချမ်းတဲ့ မြို ့လေးတစ်မြို ့မှာတစ်ဦးကိုတစ်ဦး
အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးရှိ
တယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ
နေ့တိုင်း
ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေဝင်ချိန်ကို သွားကြည့်ကြတယ်။
သူတို့ကမြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။
ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး
အပြင်းအထန်ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ
ငြိမ်သက်စွာ
လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက
ကောင်မလေးနားမှာနေပြီးသူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင်
ဘုရားကျောင်းသွားပြီး
ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ
တဖြေးဖြေးကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့
မျက်ရည်တွေတောင်
ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့
ကောင်လေးလက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။
ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့
ဇွဲနဲ့ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး
မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို ”
ကောင်မလေးရဲ့အသက်ကို ကိုယ့်ဘဝနဲ့ လှဲလှယ်နိုင်မလား” လို့ မေးတယ်။
ကောင်လေးက
တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။
“ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင်
ပုစဉ်းဘဝနဲ့သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား” လို့ ဘုရားသခင်က
မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။
မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။
ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ဝင်ကြည့်တော့
ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။
သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့
ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။
နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး
ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက
ပုစဉ်းအသွင်နဲ့ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို
သူခေါ်လို့ မရဘူး။
ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။
ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။
ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း
ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့ပုခုံးထက်နားကို
သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့
ကောင်မလေးရဲ့ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ
သူတိတ်တဆိတ်
ထပျံလာခဲ့တယ်။
မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။
နွေရောက်တာနဲ့ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို
အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့
သူစိမ်းကောင်လေးတစ်ယောက်ကိုသူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ
လေဟာနယ် တဝက်တပျက်မှာ
အရပ်တန့်ခံလိုက်ရတယ်။
လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊
ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊
သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘဝက
အရင်လိုပျော်ရွှင်ချမ်းမြေ့နေပြီဖြစ်တဲ့အကြောင်း
ပြောသံတွေကိုပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။
ဆရာဝန်ကောင်လေးနဲ့
ကောင်မလေး ပင်လယ်ဘေးသွားပြီး နေဝင်၊ နေထွက်ကြည့်တာကို
သူအမြဲတွေ့နေရပေမဲ့တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ
ခဏသွားနားတာကလွဲလို့ သူဘာမှမတတ်နိုင်ခဲ့ဘူး။
ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင်
ဒီနှစ်နွေဟာခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။
ကောင်မလေးနားမှာ
ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။ဆရာဝန်ကောင်လေးနဲ့
ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကိုအသက်ရှုကျပ်စေတယ်။
သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို
ခဏခဏသွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို
ဆရာဝန်ကောင်လေးက
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ
ကောင်မလေးရဲ့ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။
ပုစဉ်းရင်ကွဲတစ်ကောင်က
သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး
ကြည်နှုးနေတဲ့သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း
အတိတ်ဆိုတာကိုလုံးဝ သတိမေ့သွားခဲ့ပြီလေ။
သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့
တစ်ရက်အလိုမှာကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။
ဘုရားကျောင်းထဲ
သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။
ကောင်မလေးနဲ့ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို
သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ်
စွပ်ပေးပြီးနမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ
မျက်ရည်တွေစီးကျလာခဲ့တယ်။
“အသင် နောင်တရပြီလား” ဘုရားသခင်က ပုစဉ်းကို မေးတယ်။
“နောင်တ လုံးဝမရပါဘူး” မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
“မနက်ဖြန်ဆို လူ့ဘဝအသွင် ပြောင်းလို့ရပြီ” ဘုရားသခင်က ပြောတော့ ပုစဉ်းက
ခေါင်းခါပြီး “ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။
တစ်ချို့ဖူးစာကပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ
ရယူပိုင်ဆိုင်မှ
မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့ကောင်းကောင်း
တန်ဖိုးထား ချစ်တတ်ရမယ်”
သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင်
နားခဲ့ဖူးသလား……………….??
ဖော်ဝေါ့မေလ်းတခုမှ….. လက်ဆင့်ကမ်းလိုက်ပါတယ်
11 comments
မှော်ဆရာ
September 13, 2011 at 11:01 pm
အင်း စဉ်းစားစရာကလေးနဲ့ ဒဿနလေး ရောပါလာပါတယ်။
windtalker
September 14, 2011 at 12:29 am
ဖတ်လို ့ကောင်းတယ်ဗျာ
ကျွန်တော့် မေးလ်ဘော့က်စ် ထဲ မှာတော့ ရောက်မလာသေးဘူး
သို ့ပေသည့်
ယခု ပို ့စ် ကို ယခင်က လုံးဝ မဖတ်ခဲ့ဖူးတာမို ့
ခံစားရပါတယ်
ပုစဉ်းပုံပြင်ပေါ့
ဘဘ
September 14, 2011 at 5:08 am
Copy and Paste
???
pan pan
September 14, 2011 at 9:10 am
ပုစဉ်း…ပုစဉ်း တွေ့ချင်ပါဘိကွယ်
ဒီလက်နှစ်ဖက်နဲ့ ပွေ့ကာဖက်လို့
ဟောဒီပုစဉ်းလေး ရင်ထဲထွေးပွေ့ထားမယ်
သုံးနှစ်တဲ့လား
မကပါစေ စောင့်နိုင်ပါရဲ့
မောင်ပုစဉ်းစိတ်ဓါတ်မျိုးကို
ယုံကြည်လို့မဆုံးနိုင်ပါ
ဘေးနားမှာ လုပ်ကျွေးပြုစု
နေစမ်းချင်သား…။
😳
နွယ်ပင်
September 14, 2011 at 10:28 am
“လူတစ်ယောက်ကို ချစ်တာရယူပိုင်ဆိုင်မှ မဟုတ်ပါဘူး။
ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့ကောင်းကောင်း
တန်ဖိုးထား ချစ်တတ်ရမယ်” …..ဒီစာသားလေးကတော့ တော်တော်ထိတယ်
နီလေး
September 14, 2011 at 11:18 am
ကောင်မလေးသာ ကောင်လေးဟာသူ့ဘဝနဲ့လဲပြီးကောင်မလေးကိုကယ်ခဲ့တယ်ဆိုတာသိခဲ့ရင် ကောင်မလေး ဆရာဝန်နဲ့လက်ထပ်ဖြစ်ပါ့မလား အဲလိုပုစဉ်းစိတ်ဓါတ်မျိုးကို ပိုင်ဆိုင်ချင်တယ်
ကြောင်ကြီး
September 14, 2011 at 11:20 am
ဘုရားသခင်: အသင်နောင်တရပြီလား။
ပုဇင်း : မရပါ။
ဘုရားသခင် : ဒီလောက်တောင် အသားလွတ်ခံရတာ မမှတ်သေးဘူး။
ပုဇင်း : ကိုယ်တော်က ဒီခေတ်ကြီးရဲ့ နည်းပညာတိုးတက်မှုအကြောင်း သိမှမသိဘဲကိုး။
ဘုရားသခင် : အံမာ၊ မင်းလို ပါချီပါချဲ့ ပုဇင်းလေးက ဘာတတ်နိုင်မှာမိုလို့လဲ။
ပုဇင်း : ရွှေနားဆင်တော်မူပါ။ ဒင်းတို့နှစ်ဦး ချစ်ရည်လူး ချစ်ကြောထနေတုန်း စပိုင်ကင်မရာနဲ့ ကောင်းကင်ပျံဝဲ မှတ်တမ်းတင်ပြီး ညမင်းသားဖိုရမ်မှတဆင့် လက်စားချေခဲ့ကြောင်းပါ။
ဘုရားသခင် : အလိုလေး၊ တယ်ဆိုးတဲ့ခေတ်ကြီးပါလား၊ ငါ့တော့ချမ်းသာပေးပါမောင်ရယ်..။
မီးမီး သော်
September 14, 2011 at 12:31 pm
အကယ်၍ကောင်လေးသာဆက်ပြီးစောင့်နေခဲ့ရင်(ပုစဉ်းဘဝမယူဘဲပေါ့)…..
manawphyulay
September 14, 2011 at 12:33 pm
ဒီဇာတ်လမ်းလေး ဖတ်ဖူးတာ အတော့်ကိုကြာပါပြီ။ အကြောင်းအမျိုးမျိုးတော့ ရှိနေမှာပါ။
kai
September 14, 2011 at 3:15 pm
ဘုရားလက်ထက်ကဆိုပြိး..ပြောကြတဲ့..ဗာရာဏသီ… ဗြဟ္မဒတ်မင်းလက်ထက်က ပုံပြင်မှာတော့…
သူ့ချစ်မိဖုရားသေလို့..သေမတတ်လွမ်းဆွေးနေတဲ့ဘုရင်ကို.. သူ့မိဖုရားက..ပန်းခြံထဲ နွားချေးပိုးမကြီးဖြစ်နေတာကို.. တန်ခိုးနဲ့ပြတယ်ဆိုတယ်..။
အဲဒီမှာ.. ဘုရားကမေးတော့.. သူ့လင်နွားချေးပိုးကြိးရဲ့ခြေထောက်ကိုတောင်.. အရင်ဘဝက..လင်.ဘုရင့်လည်ချောင်းသွေးနဲ့ ဆေးချင်တယ်ဆိုလား.. မိဖုရားဟောင်းကပြန်ပြောတယ်ဆိုတယ်..။
မှတ်မိသလောက် ပြောပြတာနော..။
ပြောချင်တာက…
သတ္တဝါတိုင်းက.. ကိုယ့်လက်ရှိဘဝနဲ့.. အဲဒီဘဝအပေါ်ပဲသာယာကြတာပါ…တဲ့..။
ဆိုတော့..
ပုဇဉ်းဖိုနဲ့..ပုဇဉ်းမ.. ဇတ်လမ်းလေးထည့်ဖြည့်ထည့်လိုက်လေ…
Happy Ending ဖြစ်သွားအောင်…။ 🙂
Yin Nyine Nway
September 14, 2011 at 6:59 pm
ဇာတ်လမ်းလည်းကောင်း… 10မှတ်လဲ ရတာပေါ့ နော်….:) …