ရုပ်ရှင်ကို ရုပ်ရှင်လိုသဘောထားပြီး ကြည့်ပါ…..
Mobile Guide ဂျာနယ် ထဲမှ ကြည်သာမောင် ရေးသားထားသော“ ရုပ်ရှင်ထဲမှ ခပ်ညံ့ညံ့
အတွေးခေါ်များ” ခေါင်းစဉ်နဲ့ပတ်သက်ပြီး ပြန်လည် တင်ပြခြင်းဖြစ်ပါတယ်။
ပထမဆုံးဖတ်လိုက်တော့ ဒီခေါင်းစဉ်ကိုသိပ်တော့ မကျေနပ်ဘူး။ ဘယ်လိုပဲဖြစ်နေပါစေ
ခပ်ညံ့ညံ့အတွေးခေါ်ဆိုတာကြီးကိုတော့ မသုံးသင့်ဘူးထင်ပါတယ်။ နောက်ပြီး ဖြစ်နိုင်
သည်ဖြစ်စေမဖြစ်နိုင်သည်ဖြစ်စေ… ရုပ်ရှင်ကိုစော်ကားလိုက်သလို ဖြစ်သွားတယ်လို့
ထင်မိပါတယ်။ အဲဒါကြောင့် တို့မြန်မာလူမျိုးတွေက သူများကိုဝေဖန်ဖို့ဆို ထက်ကနဲ
ပါပဲ။ ကိုယ်ကိုယ်တိုင် ရိုက်နိုင်လားဆိုတော့ လည်း ဒီလိုရုပ်ရှင်မျိုးမရိုက်နိုင်ကြဘူး။
နောက်ပြီး ဘောလုံးပွဲများတွင်လည်း ထိုနည်းတူစွာပင် ဝေဖန်ကြသေးသည်။
ဘယ်လိုကန်လိုက်ပါလား … ဒီလိုကန်လိုက်ပါလား .. အမှန်တကယ် ဆိုဒီလိုကန်ရင်
ရတယ်…ဆိုပြီး ဘောလုံးပွဲကြည့်ရင်းဝေဖန်ရေးသမားများကို လည်း ကြုံဖူးသည်။
နောက်ပြီး မြန်မာနိုင်ငံနမည်ကြီးဘောလုံးသမားများက ဘောလုံးအကြောင်းဝေဖန်
ထားတဲ့အစီအစဉ်ကို လည်း ကြည့်ဖူးကြမယ်ထင်ပါသည်။ ကိုယ်ကိုယ်တိုင်ကတော့
သူတို့လိုမကန်နိုင်ဘဲ …ဝေဖန်တဲ့နေရာမှာတော့ … အလွန်တော်ကြပါသည်။
lone ကိုယ်တိုင်လည်း အခုလောလောဆယ် ဝေဖန်ထားတာတွေကို ပြန်ဝေဖန်နေခြင်း
ဖြစ်သည်… ။
“ရုပ်ရှင်ထဲမှာ ခပ်ညံ့ညံ့အတွေးခေါ်များ” ထဲတွင် ပထမဆုံးပြောသည့်ဇာတ်ကားမှာ
ဇာတ်လမ်းအညွှန်း
အောင်မြင်ကျော်ကြားတဲ့ X-men ဇာတ်ကားတွဲတွေရဲ့ ပဉ္စမမြောက် ဇာတ်ကားဖြစ်
ပါတယ်။ ၁၉၆ဝ အစောပိုင်းမှာ မဟာစိတ်စွမ်းအားရှင် ချားလ်စ်ဇာဗီးယားက နိုင်ငံ
တစ်ဝှမ်းက စွမ်းအားရှင် Mutant တွေအတွက်လျှို့ဝှက်ကျောင်းတစ်ခု တည်ဆောက်
ခဲ့ပါတယ်။စွမ်အားရှင်လူငယ်ပေါင်းများစွာကို ပိုမိုသန်စွမ်းလာအောင် သင်ကြားလေ့
ကျင့်ပေးပြီးနောက် X-men တွေရဲ့ အဓိက ပြိုင်ဘက် Brotherhood of Mutant
အဖွဲ့ကြီးပေါ်ပေါက်လာပါတော့တယ်။
နည်းပညာ
နိုင်ငံတစ်ဝှမ်းက လူထူးဆန်း Mutant တွေကို စုစည်း နိုင်ဖို့ ချားလ်စ်ဇာဗီးယားဟာ
X-Jet ဆိုတဲ့ ယာဉ်ပျံကို တည်ဆောက်ခဲ့ပါတယ်။ ရှည်လျားကြီးမားလွန်းတဲ့ ယာဉ်
ပျံကြီးဟာ SR-71 Blackbird လေယာဉ်နဲ့ ပုံစံတူပြီး ကိုယ်ပျောက်နိုင်ကာ V-22
Osprey လေယာဉ်လို ဒေါင်လိုက်တက်နိုင်ဆင်းနိုင်ပါတယ်။ အမြန်ဆုံး တစ်နာရီကို
3234 မိုင်ထိ အရှိန်မြင့် ပျံသန်းနိုင်ပါတယ်။
သိပ္ပံနည်းကျ
V-22 Osprey လေယာဉ်အကြောင်းရေးထားတဲ့ “ The Dream Machine ”
စာရေးဆရာရစ်ချတ်ဝစ်တ်တယ်လ်ကတော့ ဒီလိုအားသာချက်တွေပဲ ပေါင်းစပ်ထား
တဲ့ လေယာဉ်ဟာ နည်းပညာအရဖြစ်နိုင်ပေမယ့် လက်တွေ့မှာတော့ မဖြစ်နိုင်သေးဘူး
လို့ဆိုတယ်။ ဧရာမယာဉ်ကြီးဟာ ဒေါင်လိုက်တက်နိုင်ဆင်းနိုင်ဖို့အတွက် နေရာမလပ်
ဖိအားမျှအောင်ပေးရလို့လောင်စာပမာဏ အများကြီး ကုန်ပါတယ်။ X-Jet ကတော့
တစ်နာရီမိုင်၃၀ဝနှုန်းနဲ့တောင် မိုင်၁၀၀ဝ လောက်မောင်းနှင်နိုင်တာတွေ့ရတယ်။
ဒီလိုယာဉ်ကြီးကို တည်ဆောက်ဖို့ဆိုတာ ဘတ်ဂျက်ဒေါ်လာ ၂၂ ဘီလီယံလောက်
ကုန်ကျမှာ ဖြစ်ပြီး၂၅နှစ်လောက်အချိန်ယူတည်ဆောက်ရမှာလို့သူကပြောပါတယ်။
ဖြစ်နိုင်သည်ဖြစ်စေမဖြစ်နိုင်သည်ဖြစ်စေ ဇာတ်လမ်းဆိုတာ ဇာတ်လမ်းပါ။ အခုလို
မျိုးသာ ဇာတ်ကားတိုင်းကို လျှောက်ဝေဖန်နေရင် ဘယ်ဇာတ်ကားမှာ ကြည့်စရာ
ကောင်းတော့မှာမဟုတ်ပါဘူး။ … အဲဒီလိုပြောကြေးဆိုရင် X-men ဇာတ်လမ်းမှာ
မဖြစ်နိုင်တာတွေအများကြီး ပါပါတယ်။… …. အဲဒါကြောင့် ဇာတ်လမ်းတစ်ခုကို
ဇာတ်လမ်းတစ်ခု entertainment တစ်ခုလိုပဲဘောထားပြီး ကြည့်စေချင်တယ်။
….. ရွာသားများလည်း ဒီဇာတ်လမ်းကိုကြည့်ဖူးကြမယ်ထင်ပါတယ်။ ဖြစ်နိုင်သည်
ဖြစ်စေ မဖြစ်နိုင်သည်ဖြစ်စေ … lone တော့ ဒီဇာတ်ကားကို အရမ်းကြိုက်ပါတယ်…
….
လေးစားစွာဖြင့်…
mr.lone….:)
13 comments
weiwei
September 14, 2011 at 10:21 am
ဖြစ်နိုင်သည်ဖြစ်စေ မဖြစ်နိုင်သည်ဖြစ်စေ ရုပ်ရှင်တွေကို အလွန်ကြိုက်ပါတယ် …
drama ဇာတ်ကားတွေကို အကြိုက်ဆုံးပေမယ့် တခြားရုပ်ရှင်တွေကိုလဲကြိုက်တယ် …
ဖျော်ဖြေရေးအဆင့်ကနေ ဘာသာစကား၊ ယဉ်ကျေးမှု၊ ရှုခင်း၊ အတွေးအခေါ်၊ နည်းပညာ စသဖြင့် တစ်ခုခုတော့ ရလိုက်တာချည်းပဲမို့ အမြတ်ကြီးပါပဲ …
နောက်ဆုံး ကိုရီးယားဇာတ်လမ်းတွဲတောင်မှ ကြည့်တတ်ရင် အကျီဖက်ရှင်အတွက် အိုင်ဒီယာရနိုင်လို့ မဆိုးဘူးပြောရမယ် …
lone ပြောတဲ့ X-men လိုဇာတ်ကားမျိုးကို ကလေးတွေကြည့်ပြီး သူတို့အတွေးအခေါ်တွေ မြင့်သွားနိုင်လို့ အဲဒါလဲကောင်းတာပဲ …
MaMa
September 14, 2011 at 11:01 am
ဝေဝေ ပြောတာကို ထောက်ခံတယ်။ ယူတတ်ရင် ပညာရတာပဲ။ မကောင်းတာကို အတုယူရင် မကောင်းကျိုးပဲရမှာပေ့ါ။ ကိုယ်ကိုယ်တိုင်လည်း ကိုရီးယားကားကြည့့်ပြီး အကျီ င်္ဖက်ရှင်လေးတွေ သွားရည်ကျနေရလို့ ကြိုက်တယ်။
lusoegyikoko
September 14, 2011 at 10:32 am
မူရင်း post ပါ တင်ပေးရင်ပိုကောင်းမယ်နော်။
mr.lone
September 14, 2011 at 10:41 am
အဲဒါမူရင်း ပို့စ်ကိုပြန်တင်ပေးထားတာပဲလေ… ပထမဆုံးပြောသောဇာတ်လမ်းမှာ ကစပြီး အောက်ပိုင်းကအားလုံးမူရင်းတွေပါ။ lone ဘက်ကပြောတာကလွဲပြီး ကျန်တာမူရင်းတွေပါ…..
ကြောင်ကြီး
September 14, 2011 at 11:53 am
လုံးကိုတော့ ပုံထဲကအရွယ် ခလေးလေးလို့ ဥိးကြောင် မသတ်မှတ်နိုင်တာ ခွင့်လွှတ်ပါ ခလေးရယ်။ (မှတ်ချက်၊ ခလေးဆိုတာ ဘေဘီလို့ ခေါ်ထားတာနော်) 😳
မီးမီး သော်
September 14, 2011 at 11:58 am
X -man ဇာတ်ကောင်တွေရော၊ဇာတ်ကားပါ ကြည့်လို ့ကောင်းပါတယ်။ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့ စိတ်အပန်းဖြေတဲ့ အနေအထားဘဲကောင်းပါတယ်။
pan pan
September 14, 2011 at 2:10 pm
တို့ကတော့ ရသပေးနိုင်ရင် ကျေနပ်ပါတယ်လေ
အဲ..ပညာလေးပါရရင်တော့ ပိုကောင်းတာပေ့ါ
ဘာပညာ ဘာရသမှမရဘဲတော့ အချိန်ကုန် ငွေကုန်ခံကြည့်ရတာတွေ နှမြောလို့ပါကွယ်
Shwe Tike Soe
September 14, 2011 at 2:21 pm
မင်းသား တစ်ယောက် ၊မင်းသမီး တစ်ယောက်၊ ဇာတ်ပို.ဇာတ်ရံ သုံးယောက် ပေါင်း ငါးယောက်လောက်နဲ့. ဇာတ်ကား ရိုက်နိုင်တဲ့ ပညာတွေ နိုင်ငံတကာမှ မရှိသေးဘူး ဟေဟေ…….
ဒို.ဆီမှာ ပညာနဲ.ပဲ ရိုက်တာ သူများတွေလို သရုပ်ဆောင်အများကြီး မလိုပေါင်ဗျာ…
နွယ်ပင်
September 14, 2011 at 2:29 pm
တစ်ခါ တစ်ခါတော့ ရုပ်ရှင်ကို ရုပ်ရှင်လိုသဘောထားပြီး ကြည့်လို့မရတာတွေရှိပါတယ်
အများအားဖြင့်တော့ ရုပ်ရှင်ကို စိတ်အပန်းဖြေဖို့ ကြည့်တဲ့ အတွက် ရုပ်ရှင်လိုသဘောထားပြီးသာ ကြည့်ဖြစ်ပါတယ် …
Shwe Ei
September 14, 2011 at 3:02 pm
ဒို့ကတော့ ဗမာရုပ်ရှင်ကြည့်လို့ မမြင်ဖူးမကြားဖူးတာလေးတွေ အင်းဂလိပ်ရုပ်ရှင်ကြည့်မှ ခံစားရလို့ ကိုကြိုက်တာ။ (သိပ်ပံကားတွေကိုပြောပါတယ်။)
R Ga
September 14, 2011 at 3:20 pm
နိုင်ငံခြားကားကိုတော့ ရုပ်ရှင်ကို ရုပ်ရှင်လိုကြည့်လို့ရပေမယ့် မြန်မာကားကိုတော့ ဘယ်လိုမှ ရုပ်ရှင်လို ဖြည့်ကြည့်လို့မရဘူးဖြစ်နေတယ်။
pooch
September 14, 2011 at 8:03 pm
မဖြစ်နိုင်တာကို ဖြစ်နိုင်သယောင် ရိုက်နိုင်တာကိုက အဲ့ဒီရုပ်ရှင်ကို ဖန်တီးသူရဲ့ အနုပညာ ရသမြောက်တဲ့ အရည်အချင်းပါ။ တို့လည်း အဲ့ဒီကားကို ကြိုက်တယ်။
windtalker
September 14, 2011 at 9:32 pm
လုံးရဲ ့အဆိုကိုတင်သွားလွှာ ကို
ထောက်ခံပါတယ်
လင်ခိုး မယားခိုး ကိုရီးယား ကားတွေ ကြည့်ရတာထက်စာရင်
အိတ်စ်မန်း ပဲ ကြည့်တော့မယ်
“ ကိုကြောင့်လို ပြောရရင်
လုံးလေး ကိုယ့်ကို ငါးဆယ်ပေးပါ လုံးရယ် ”
ဟီဟိ…ခင်လို ့စတာနော်