Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တရားသူကြီး နဲ့ မတရားသူကြီးတို့အကြောင်း

ေရႊညာသားSeptember 14, 20111min49912

ပြောရရင်တော့ အံဩစရာကြီးပါ။လွှတ်တော်ထဲမှာ ဆူဆူညံညံနဲ့ တင်ပြနေတာတွေ အဆိုတင်သွင်းနေကြတာတွေကိုတွေ့ရတော့

ဝမ်းလည်းသာမိပါရဲ့ ။ တကယ်ရော တရားစီရင်ရေး ၊ ဥပဒေပြုရေး ဆိုတာတွေဖြစ်လာနေပြီလားပေါ့။ဘာကြောင့် ရွှေညာသားတို့ပြော

ရသလိုဆိုအကြောင်းရှိပါတယ်။

လွန်ခဲ့တဲ့ (၂)နှစ်လောက်က မိတ်ဆွေတစ်ယောက်ပြောလို့ တရားသူကြီးတွေလာဘ်စားတဲ့ အကြောင်းများ  ကြောက်စရာကြီးပါ။

နယ်မြို့တစ်မြို့ပါ။စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်နားကဗျာ။ တိတိကျကျပြောရရင်  (    ——–  ) မြို့ဗျာ။

အဲဒီ့မှာ တာဝန်ကျတဲ့ တရားသူကြီးမက လာဘ်စားချက်ကတော့ အံဩစရာကြီး။ဒု – မြို့နယ်တရားသူကြီးမပါ။ဒေါ်နွဲ့နွဲ့ဝင်းတဲ့။အခုတော့

ဘယ်ပြောင်းသွားလည်းမသိဘူး။သူတို့ လောကကတော့ သိကြမှာပါ။

မိန်းကလေးတွေ အသရေပျက်လို့ တရားစွဲတာကို ငွေတစ်ထာင်ပဲဒဏ်ရိုက်

တော်မူပါတယ်။ပြီးတော့အမှု့ကို (၆)လခန့်ကြာအောင်အချိန်ဆွဲသလို ရုံးတော်မှာ လည်း မျက်နှာလိုက်တာတွေ အများကြီးပါ။

ပြီးတော့ ကျွဲမှု့ ၊ နွားမှု့ ၊ သစ်မှု့ တွေကိုတော့ အာဏာပိုင်တွေနဲ့ ပေါင်းစား ( အဲဒီ့ခေတ်က မယက ၊ ခယက တွေပေါ့ )။

အဲပြီးတော့ သူက လာဘ်စားထားတဲ့ငွေနဲ့ မိန်းမတန်မဲ့ ဂေါက်တွေဘာတွေရိုက်လိုက်သေးတယ်။ဖြစ်ပုံများ။သစ်သမားတွေက ေဂါက်ရိုက်ကြတာကိုး – – – နော ။

နောက်ပြီးအမှု့တစ်ခုပါ။သူ့ကတော့ ငွေလိမ်ခံရလို့ အစော်ကားခံရလို့ အမှု့ကိုတင်ပြပြီးတရားစွဲတာကို  တရားခံနဲ့ပေါင်းပြီး လာဘ်စားတာဗျို့။

ပြောရရင်တော့ မိတ်ဆွေဖြစ်တဲ့သူထိတာ သိန်းပေါင်းမနည်းသလို အခြားထိခိုက်အောင်စော်ကားမှု့တွေကိုရောအပါအဝင်တရားစွဲတာပါ။

တစ်ဖက်ကငွေနဲ့ သူ့ဆီဝင်ထားတော့ ရုံးတော်မှာ ဗြောင်စော်ကားတာများ ကြောက်စရာကြီး။သူ့ပါးစပ်ကနေ တရားသူကြီးတန်မဲ့ နဲ့ တိုင်ချင်ရာတိုင် ။

ဒီအမှု့ကို တွေ့ရထဲက ဘယ်သူမှန်တယ်ဆိုတာ သိပြီးသား ဘာ ညာနဲ့။ ဘက်လိုက်ပုံများစစ်တောင်မစစ်ရသေးဘူး

စော်ကားတာများ။အလွန်အမင်းပဲတဲ့ ။တရားလိုကတော့ စိတ်လျှော့ပြီးနေတော့တာပေါ့။သူ့ခမျာ များငွေလည်းဆုံး ၊ လူလည်းအစော်ကားခံရသေး။

နောက်ပြီး မြို့နယ်မှာ အလွတ်ကြီးလွှတ်ပြီး စီရင်ချက်ချတဲ့နေ့မှာ ရုံးတော်ထဲမှာကို အဲဒီ့တရားသူကြီးမက စော်ကားလွှတ်လိုက်သေးတာတဲ့။

ဘာတဲ့ နင်တို့ကြိုက်တဲ့ဆီတတ်လို့ရတယ်။ တိုင်ချင်ရင်တိုင်ကြတဲ့ ဗျာ။ငါက ဂရုမစိုက်ဘူး – –  ဘာဘူး  နဲ့တဲ့။

နောက်တော့ မိတ်ဆွေရဲ့ တပည့်တစ်ချို့က မနေနိုင်တာနဲ့ BBC , VOA , RFA တွေ စာပို့ပြီးဆော်တော့ မှ သူ့ကို ခေါ်အစစ်ဆေးခံရပြန်တာတဲ့။

ကြားရတာနော်။တရားသူကြီးဆိုတာထက် မတရားသူကြီးလို့ဆိုရလိမ့်မယ်။ သူတို့ကလည်း BBC , VOA , RFA   မှကြောက်တာဗျို့။

ဒီတော့မှ ခရိုင်မှာ ပြန်စစ်ဆေးစေတာဆိုပဲ ။မေ့တေ့တေ့တော့ဖြစ်နေပါပြီ။နောက်အဲဒီ့ကိုသွားမှ မေးကြည့်ရဦးမယ်။

ပြီးတော့ အခြားသော အမှု့တွေ အမွေမှု့ ၊  မြေမှု့တွေမှာလည်း ဘက်လိုက်စစ်ဆေးတာမနည်းမနည်းပဲ။အားလုံးကသူ့ကိုဆိုတော်တော်ချဉ်ကြပါတယ်။

အဲဒီ့မိန်းမကို  ခေါ်စစ်တယ်ဆိုပေမဲ့ ပြီးတော့လည်းပြီးသွားတော့တာပါပဲ။သူလဘ်စားတာကတော့ရပ်ကျော် ရွာကျော်ဆိုတော့ သူနဲ့တစ်ပါတ်စဉ်ထဲတွေက

သူ့ထက်ရာထူးတွေကြီးနေပေမဲ့ သူကတော့ဒီရာထူးနဲ့ပါပဲ။ အေးလေ ငွေရနေမှတော့ ဘာရာထူးဖြစ်ဖြစ်ပေါ့နော်။

ပန်းပန်လျက်ပါပဲပေါ့နော။

ဒီတော့ အခုအထိဒီ မတရားသူကြီးမကြီးက နယ်ပြောင်းပြီးကောင်းစားနေဆဲဆိုပေမဲ့ သူနှိပ်စက်သွားတာတွေကတော့ မပြီးသေးသော ပန်းချီကားပါပဲ။

သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနကလည်းထိုင်ကြည့်နေတာဆိုတော့ ကာ —

အင်း – ယခုအစိုးရနဲ့ ယခင်အစိုးရတို့သည် အတူတူပင်ဖြစ်ကြလေသတည်း လို့ပင်ပြောရမည်လား။

ထားပါတော့လေ ။ အရင်ကဖြစ်ခဲ့တာတွေကို။အခုလက်ရှိ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးတွေကို လွှတ်တော်ထဲမှာ ဆွေးနွေးနေကြချိန်မှာ

လာဘ်စားသော ဝန်ထမ်းတွေ ယခင်ပြစ်မှု့ကျုးလွန်ခဲ့သူတွေကိုရောအရေးယူနိုင်မဲ့ အဆိုတွေမတင်သွင်းကြတော့ဘူးလား။

ပြည်သူတွေရဲ့ အားကိုးရာဟာ အစိုးရပဲဖြစ်သင့်ပြီး အစိုးရကမှပြန်ပြီးပြည်သူကိုမငဲ့ကြည့်ရင် ကျုပ်တို့ဘယ်လို နေကြရမလဲ။

နောက်ရှိသေးတယ်နော် အခြားသော ပြည်သူ့ဝန်ထမ်းတွေ ။ အထူးသဖြင့် အခု ပင်စင်စားဝန်ထမ်းဟောင်းတွေလစာတိုးတာကိုလုပ်ပေးနေရတဲ့ ဘဏ်ဝန်ထမ်းတွေလေ။

ငါးထောင်တန်အတုကိစ္စမှာရော ၊ ပင်စင်စားတွေကို ပြုမူပုံတွေရော ဘယ်သူ့ကိုသွားတိုင်ကြရမှာလည်း ။

ကဲ ပြောကြပါဦးဗျာ။ ပြည်သူ့ဝန်ထမ်းမကောင်းတော့ ဘယ်သူ့ကို ပြည်သူက တိုင်ကြရမလည်း။

ဥပဒေဋ္ဌာန ၊ တရားရေးဋ္ဌာနတွေ က ဝန်ထမ်းတွေအကျင့်ပျက်လာဘ်စားတော့ ဘယ်သူ့ကို တိုင်ရမလည်း ။ကဲ ပြောကြပါဦးရွာထဲက သူတော်ကောင်းတွေရေ။

ပြောကြပါဦး။ဝေဖန်ကြပါဦး။

အားလုံးအမြင်ကိုသိချင်ပါသည်။ကျေးဇူးတင်လျှက်

ရွှေညာသား

12 comments

  • JUDGEMENT

    September 14, 2011 at 10:57 pm

    ကြိုက်တယ်ဗျာ။မေးခွန်းကိုတော့ ။ တရားစီရင်တဲ့ တရားသူကြီးမကောင်းမှတော့ ဒီမဏ္ဍိုင်မှာ ဘယ်လိုမျိုး
    ပြည်သူတွေယုံကြည်ရဲတော့မှာလည်း။ဟုတ်ဘူးလား။
    အမှန်ကပြောင်းသွားတဲ့မြို့အမည်ပါထဲ့ဆော်ရမှာ။ဒါမှ ဒီကောင်မကြီး အလုပ်ပါပြုတ်အောင်။
    ဒါပေမဲ့လေ — ပြုတ်မှာတော့ ဟုတ်ပါဘူးလေ — နော့။

  • JUDGEMENT

    September 14, 2011 at 11:00 pm

    အဲ အဲ ကျန်ခဲ့လို့ဗျာ။ ဒီအစိုးရလက်ထက်မှာ တိုင်စာပို့လို့ရတဲ့ ဝန်ကြီးဋ္ဌာနဖုန်းတွေ လိပ်စာတွေ တရားဝင်
    ကြောငြာထားတယ်ဆို။ ဟုတ်ဘူးလား။ တိုင်ရင်ရော အရေးမယူကြဘူးလား။ ရွှေညာသားရေ စုံစမ်းပြီး
    ခံရသူတွေကိုယ်စား အကျိုးဆောင်ကြည့်ပါလား။ ပြည်သူ့အတွက်ပေါ့။

  • မီးမီး သော်

    September 14, 2011 at 11:07 pm

    ဟုတ်တယ်နော်။ခုချိန်မှာဒီလို ကိစ္စမျိုးတွေပပျောက်သင့်ပါပီ။

  • kai

    September 14, 2011 at 11:27 pm

    မြန်မာပြည်မှာ အောက်ကလင့်မှာပြထားတဲ့.. ဂျူရီတာဝန်တွေလို .. စံနစ်လိုနေပြီထင်မိတယ်..။
    ရှိပြီးဖြစ်နေရင်လည်း.. ထိထိရောက်ရောက်ဖြစ်အောင် ပြန်အသက်သွင်းသင့်တယ်..။ အမှုကိစ္စတွေကို လူထုထဲကနေပဲ.. တရားသူကြီးများအဖြစ်.. (အဆင်သင့်သလို) ရွေးပြီး ဆုံးဖြတ်ခိုင်းစေတာမျိုးပဲ.. ဆုံးဖြတ်ရတာမှာ.. တယောက်ထဲလည်း မဟုတ်..။ နိုင်ငံသားအများစုက.. အခကြေးယူပြီးဂျူရီလုပ်ပေးရတာ..။

    http://www.jud.ct.gov/jury/faq.htm

    Jury selection
    From Wikipedia, the free encyclopedia

    Jury selection are many methods used to choose the people who will serve on a trial jury. The jury pool is first selected from among the community using a reasonably random method. The prospective jurors are then questioned in court by the judge and/or attorneys. Depending on the jurisdiction, attorneys may have an opportunity to mount a challenge for cause argument or use one of a limited number of peremptory challenges. In some jurisdictions that have capital punishment, the jury must be death-qualified to remove those who are opposed to the death penalty. Attorneys sometimes use expert assistance in systematically choosing the jury, although other uses of jury research are becoming more common. The jury selected is said to have been “impaneled”. In three studies legal authoritarianism, attitudes toward psychiatrists, and attitudes toward the insanity defense were examined as predictors of conviction-proneness in insanity defense cases.[1] Some experts believe that 85% of cases litigated are won or lost in the jury selection phase.[2]

  • JUDGEMENT

    September 14, 2011 at 11:36 pm

    ဒါမျိုးက ဆိုရှယ်လစ်ခေတ်မှာလုပ်ခဲ့ပြီး အောင်မြင်တယ်လေ။
    ခက်တာက ပြည်သူ့တရားစီရင်ရေးဖြစ်ဖို့ လွှတ်တော်က စီစဉ်မှ ရမှာပေါ့။
    ကျုပ်တို့ ဖြစ်ချင်တာပဲကြည့်လို့မရဘူလေ။သူတို့မှ လုပ်မပေးတာကိုး။အဖေတို့ခေတ်ကတော့ (မဆလ)
    မှာ ပြည်သူ့တရားစီရင်ရေးဆိုတာ့ ဥပဒေ – တရားရေး – ဝန်ထမ်းတွေတော်တော်ငြိမ်နေတာ ဆိုပဲ။

  • nature

    September 15, 2011 at 9:14 am

    အူမတောင့်မှသီလစောင့်နိုင်မယ်။ ဆိုရှယ်လစ်ခေတ်ထဲက တရားသူကြီးတွေရဲ့ လစာ ဘယ်လောက်ရသလဲ။ လူတယောက်ရဲ့ သေရေးရှင်ရေးကို ဆုံးဖြတ်နိုင်တဲ့ တရားသူကြီး ရဲ့ လစာဟာ စားဝတ်နေရေး လုံလောက်မှုမပေးနိုင်ရင် သူရဲ့ အဖိုးတန်တဲ့ တရားမျှတမှု ကိုဆုံးဖြတ်ပေးနိုင်တဲ့ တရားစီရင်ခွင့်အာဏာကို ငွေနဲ့ လဲတာပဲ။ တိုင်စာနဲ့မဟုတ်ပဲ မြန်မာနိုင်ငံအနှံ့က website ကနေ တရားမျှတမှုမရှိလို့တိုင်ရမယ်ဆိုရင် တိုင်စာတွေကိုဖတ်တာနဲ့တင် အချိန်ကုန်လောက်တယ်။ တရားရုံး နဲ့ပတ်သက်ပြီး လူတယောက်ကပြောဖူးတယ်။ တရားရုံးဆိုတာ လေလံရုံးကြီးပါတဲ့။ ပြောလဲ ပြောတတ်ပါပေတယ်။

  • MaMa

    September 15, 2011 at 9:19 am

    ခံရပေါင်းများလို့ ရိုးနေပြီ။ မှန်တိုင်းမကောင်းဘူးဆိုတဲ့ ဆောင်ပုဒ်ပြောင်းကိုင်ထားတယ်။

  • sanoo

    September 15, 2011 at 2:16 pm

    တရားဥပဒေက အားကိုး လို့မရရင် ရာဇဝတ်မှုတွေပေါလာတော့မှာပဲ။
    ကိုယ့်နည်းကိုယ့်ဟန်နဲ့ လားပင်စင်ပေးလိုက်ပေါ့၊ ကချင်ပြည်နယ်နားပဲ၊လွယ်ပါတယ်။

  • ရွှေညာသား

    September 15, 2011 at 9:52 pm

    မဟုတ်ဖူးဗျ ။ ကို sanoo ရေ ။ဒီကောင်မကြီးက သူ့ရဲ့ ငွေတွေနဲ့လစ်သွားပြီ။သူ့ပါတနာ မ.ယ.က လည်း
    ငွေတွေနဲ့လစ်သွားပြီ။ပြီးခဲ့တဲ့ (၆) လလောက်ကအဲဒီ့မြို့ကို ခ.ယ.က ပေါ့ဗျာ ဒီလိုပဲခေါ်ပါတော့မယ်။
    ခေါ်လာတာလည်း တစ်သက်ဆိုတော့ ။ ခရိုင်အုပ်ချုပ်ရေးမှူးရာထူးနဲ့ပြန်ရောက်လာသေးတယ်ဗျ။
    ခဏပဲ ။ မြို့နယ်အဆင့်နဲ့မတဲ့တော့ ပြန်ရွှေ့သွားတယ်။ အဲဒီ့ ခရိုင်အုပ်ချုပ်ရေးမှူး ကောင်( အရင်မယက)
    က ဒီတရားသူကြီးမကိုတော်တော် cover လုပ်ပေးတယ်ဗျ။တစ်မြို့လုံးသိတယ်။
    အဲဒီ့ကောင်ကလည်း ပြည်ထဲရေးမှာ သူ့အမျိုးထဲကအကြီးကြီးရှိတယ်ဗျ။
    ဒါကြောင့် ဟိုကောင်မကြီးက လွတ်နေတာပေါ့။
    ဒီကောင်မကြီးက လာဘ်စားချက်ကတော့ ခရိုင်သိ ၊ တို်င်းသိဖြစ်ရက်နဲ့ဘာကြောင့် လွှတ်ပေးထားရသလဲ
    ကို မသိတာဗျ။ ဧကံနတော့ —- ဝန်ကြီးဋ္ဌာနကမွေးထားတာနေမှာ ။ဒီလိုဝန်ထမ်းဖြစ်အောင်လို့။

  • icecube

    September 15, 2011 at 10:57 pm

    နေရာအနှံ့ ကြောက်စရာကြီးတွေ ပါလား။ မှန်တဲ့ဖက်ကနေပီး သဒ္ဒါကြေးလေး စားနေတော့ရော ဘာဖြစ်မှာတုန်းနော်။
    လောဘကြီးလွန်းသူတွေ အတွက် အလှည့်ဆိုတာက လာဦးမှာပါ။

  • မီးမီး သော်

    September 15, 2011 at 11:28 pm

    သဒ္ဓါကြေးလဲ မစားသင့်ပါဘူး။အဲလို စားမယ်ဆိုရင် ဒါက အဂတိလိုက်စားတာဘဲ။ဒီမိုကရေစီ ကို ကူးပြောင်းမယ်ဆိုရင် တရားရေးကိုအရင်ဆုံးပြုပြင်ပြီး ကျောသားရင်သားတကယ်မခွဲမခြားဘဲ အုပ်ချုပ်ကြမယ်ဆိုရင် တ်ုင်းပြည်အမှန်တိုးတက်မှာပါ။

  • minmahar

    September 17, 2011 at 11:13 pm

    ကောသလမင်း အိမ်မက်ထဲက အစာစားနေတဲ့ ခေါင်း ၂- လုံးနဲ့ မြင်းကို
    ခေါင်း ၁- လုံး ဘယ်သူဖြတ်ကြမှာလဲ .. ပြည်သူတွေပဲ ဖြတ်မှ ရမှာ ..
    ခေါင်းတစ်လုံးထဲ ရှိမှ လမ်းစဉ် မှန်လာကြမှာ မို့လေ ..

Leave a Reply