Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒီအမျိုးစားရဲ့ …ဒီဖိနပ်ဒီဇိုင်း ဆိုလျှင် ဝေါင်ဝေါင်ရှေးကြပါ

etoneSeptember 17, 20111min105340

အထူး ဆန်းတော့ မဟုတ်ပေမဲ့ အားလုံးသတိထားလို့ရအောင် ကိုယ်တွေ့အတွေ့ကြုံလေး ဝေမျှ ချင်ပါတယ် … ။ ပြီးခဲ့တဲ့ တပတ်စနေနေ့က လှည်းတန်း(စိန်ဂေဟာ)ကိုရောက်ခဲ့တယ် …… ။ မိုးတွင်းမို့ စီးနေကြ slipper လေးကဗွက်စင်လွန်းတဲ့ ဒဏ်မခံနိုင်တော့တာကြောင့် ဖိနပ်အသစ်တရံဝယ်ဖို့ သွားခဲ့တာပါ … ။ ခြေထောက်ကြီးပြီး နည်းနည်း ဂကျီဂကြောင်ကျတတ်တဲ့ ကျွန်မက စိတ်ကြိုက်ဖိနပ်ရဖို့ အတော်လေး ရွေးယူရပါတယ် .. ဖိနပ်လေးတွေ စင်ပေါ်မှာ ထောင်ထားလျှင် လှပေမဲ့ ချစီးကြည့်လိုက်တဲ့အခါ ကိုယ်နဲ့ မလိုက်တာမျိုးလည်း ရှိနေတတ်တယ် … တစ်ခါတစ်လေ ကိုယ်နဲ့ လိုက်ပေမဲ့ အရောင်မကြိုက်တာမျိုးလည်း ရှိနေတတ်တော့ .. ဖိနပ်ရွေးရတာ ခေါင်းစားပါတယ် … ။ စီးနေကြ SHOE GALLERY တံဆိပ်ထဲကလည်း ဖိနပ်အမြင့်တွေအများကြီးရှိပါလျှက် ခဏစီးကြည့်ပြီး သိပ်စိတ်ကြိုက်မတွေ့တာနဲ့ မဝယ်ဖြစ်ခဲ့ပဲ … တခြားတံဆိပ်တွေထဲက အဆင်ပြေပြီး သက်တောင့်သက်သာရှိတဲ့ ဖိနပ်မြင့်တစ်ရံရှာပုံတော်ဖွင့်ရပါတယ် …. ကံကောင်းစွာနဲ့စီးနေကြတံဆိပ်မဟုတ်ပေမဲ့ … လူကြိုက်များတဲ့ ဘရန်းတစ်ခုထဲက ဖိနပ်တစ်ရံတွေ့ခဲ့ပါတယ် …. ကာလာက လေးရောင်လာပါတယ် … အနက် ၊ ရွှေရောင်း ၊ ငွေရောင်နဲ့ ရွှေအိုရောင်ပါ … ဖိနပ်အောက်ခံသားကို မိုးတွင်းစီးလို့ရအောင် လုပ်ထားပြီး … ခြေနင်းသားအိအိလေးနဲ့မို့ . အတော်သက်တောင့်သက်သာရှိစေပါတယ် … decoration အနေနဲ့လည်း စီးကွန့်လေးတွေ ဖိနပ်သဲကြားပြားမှာ စက်နဲ့ ထိုးထားတာမို့ .. တော်ယုံနဲ့ ထိခိုက်ပွန်းရှ ပြုတ်မထွက်တဲ့ ဒီဇိုင်းမျိုးမို့ သဘောကျမိပြန်တယ် … ။ ဖိနပ်သဲကြိုးလေးနဲ့ … အောက်ခံပြားတို့ ဆက်စပ်ထားတဲ့နေရာနဲ့ .. ဖိနပ်ခေါင်တိုင်လေးကလည်း ..သပ်သပ်ရပ်ရပ်နဲ့ … အလွယ်တကူမပြတ်နိုင်တာမို့ စိတ်ချရတဲ့ ဖိနပ်လို့အထင်နဲ့ ဝယ်ခဲ့လိုက်တယ် … ။ ကြိုက်လို့စီးတဲ့အရောင်က ခြေထောက်နဲ့ သိပ်မလိုက်ပဲ ရွှေအိုရောင်လေးက ခြေထောက်အသားရောင်းနဲ့ ပိုလိုက် ( အသားမဲ အရဲဆင် 😀 )နေတာမို့ ရွှေအိုရောင်ကိုပဲ ရွေးချယ်ဝယ်ယူမိပါတယ် … ။ ဖိနပ်လာဝယ်လာပြီး နောက်တစ်ရက် မိုးရွာတာနဲ့ .. .ကြံစည်ထားတဲ့အတိုင်း ဖိနပ်သစ်လေး ချစီးလိုက်မိတယ်လေ … ။ ပစ္စည်းတစ်ခုရဲ့ တန်ဖိုးက ဘယ်လောက်အသုံးပြုလို့ကြာရှည်ခံသလဲ … အရည်သွေးဘယ်လောက်ကောင်းလဲဆိုတာပေါ် မူတည်နေလို့ ….. စီးနေကျမဟုတ်တဲ့ ဘရန်းထဲက ဝယ်ခဲ့ပေမဲ့ … ယုံယုံကြည်ကြည်ပဲ မိုးထဲ တစ်ရက်ချစီးမိလိုက်တယ် …. ။ တောထဲ တောင်ထဲလည်း မသွားပါဘူး … ခရီးကြမ်းလည်း မသွားခဲ့ပါဘူး … အဲ့ဒီနေ့က ကမာ္ဘအေး ဂမုန်းပွင့်နဲ့ … မြို့ထဲက ရှန်ဟိုင်းစင်တာထဲ အဝတ်စားဝယ်ဖို့ …ခဏပဲရောက်တာ …အိမ် ပြန်လာတော့ … အမှူမဲ့ အမှတ်မဲ့ ဖိနပ်ချွတ်ထားလိုက်တယ် ….… ။ မျက်စိလျှင်တဲ့ တူလေးက … တီတီလေးဖိနပ်အသစ်ကြီး အရေခွံလဲနေတယ်လို့ လာပြောမှ မယုံမကြည်နဲ့ သွားကြည့်မိတော့ ….အရေသွေးညံ့ဖျင်းတဲ့ အမျိုးစားလယ်သာကို သုံးထားခဲ့မှန်းသိရတယ် … ။ မနေ့ကမှ ဝယ်လာတဲ့ …တစ်သောင်း နှစ်ထောင့်ကိုးရာ တန်ဖိနပ် … တစ်ရက်တောင် မစီးရသေးဘူး ( နာရီအနည်းငယ်ပဲ စီးရသေးတယ်လေ .. ) ဒီလိုဖြစ်တော့ .. အတော်တင်းတာနဲ့ … ကွန်ပလိန်းတက်ဖို့ … သွားခဲ့ပါတယ် … ။ ဖိနပ်ရောင်းတဲ့ ကောင်မလေးက … သူတို့ရောင်းတာပဲ မဟုတ်သလိုလို … သူနဲ့မဆိုင်သလို အူလည်လည်လုပ်ပြီး တာဝန်ယူဖြေရှင်းပေးနိုင်ခြင်းမရှိတာမို့ … စိတ်တိုဒေါသထွက် စကားနာထိုးပြီးပဲ ပြန်လာခဲ့ရပါတယ် … ။ ကဲ … ဒီနှစ်ရန်ကုန်မှာ မိုးကောင်းနေတာမို့ … ဗွက်ထဲသွားရတာ စိတ်ညစ်လို့ ဖိနပ်ထူလိုက်ရှာဝယ်နေတဲ့ … အစ်မ၊ညီမတွေရယ် … စိတ်ကောက်နေတဲ့ ချစ်သူကို ဖိနပ်လက်ဆောင်ပေးပြီး ချော့ချင်တဲ့ ကိုလူချောတွေရယ် …ဘယ်လိုရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် .. ဖိနပ်ဝယ်မယ်ဆိုလျှင် ပုံထဲက ဖိနပ်လိုမျိုး မဝယ်ကြပါနဲ့လို့ …. သတိပေးချင်ပါတယ် … ။ တံဆိပ်ကိုတော့ ကွန်ပလိန်းမတတ်ချင်ပါဘူး … အဲ့ဒီတံဆိပ်နဲ့ တခြား ဒီဇိုင်းတွေလည်း အစီးခံတာရှိပါတယ် …… သတိပေးချင်တာဒီတံဆိပ်ထဲက ဒီဖိနပ်ဒီဇိုင်းဆိုလျှင် မဝယ်မိကြဖို့ပါပဲ … ။ ပေးရတဲ့ တန်ဖိုးနဲ့ မတန်တဲ့ အရည်သွေးရလိုက်တာမို့ … ရွာသူရွာသားတွေ အလားတူကိစ္စမျိုး ထပ်မဖြစ်အောင် သတင်းပေးလိုက်ပါတယ်နော် …. :mrgreen:

အရေခွံလဲနေတဲ့ ... ဘယ်ဘက်ဖိနပ်ခြမ်းလေး ... 😛

 

ဒါကတော့ ... ညာဘက် ဖိနပ်ခြမ်းလေ ... ဘယ်ဘက်ကလည်း အရေခွံလဲတော့ ..သူလည်း လိုက်လဲတာပါတဲ့လေ .. ဟင်း 😥

 

ပိုင်ရှင်သစ်ကို အပြိုင်ဆိုင် အရေခွံလဲပြနေတဲ့ ဖိနပ် နှစ်ဖက် 😛

 

 

ကာစတန်မာ ကွန်ပလိန်းကြောင့် ပြန်လဲပေးတဲ့ ဖိနပ်လေးပါ ... အနက်ရောင်က မလှလို့ ... တခြားအရောင်တွေကြိုက်ပေမဲ့ ... အနက်ရောင်ကိုတော့ မကွာဘူးလို့ အာမခံတယ် ... တခြားအရောင်တွေတော့ ... လဲပေးလိုက်ပြီး ထပ်ကွာမှာစိုးတယ်လို ့ ပြောလာတဲ့ အတွက် ... အနက်ရောင်ပဲ ယူလာပါတယ် ... အဲ့ဒီအသားနဲ့ တခြား ဖိနပ်ဒီဇိုင်းတစ်ခုလည်း ထပ်ထုပ်ထားတာ တွေ့ပါတယ် ... အသားတူမို့ အလားတူ ပြသနာမျိုးဖြစ်နိုင်တာကြောင့် သတိထား .... စမ်းစစ်ဝယ်ယူသင့်ပါတယ် ... ။ ကွန်ပလိန်းတင်တာ ကဲလုပ်တဲ့ ကုမ္ပဏီကိုလည်း ကျေးဇူးတင်ပါတယ် 😛

40 comments

  • နွယ်ပင်

    September 17, 2011 at 12:03 pm

    etone ရေ ဒီတံဆိပ်ကို လွန်ခဲ့တဲ့ (3)နှစ်လောက်က နွယ်ပင်လဲ ကြိုက်လို့ စွဲစွဲမြဲမြဲစီးဖြစ်ခဲ့တယ်
    ပထမဦးဆုံး စစချင်းဝယ်တဲ့ ဖိနပ်လေးက တော်တော်လေးလဲ ခိုင်သလို သူ့Brand လေးနဲ့ သူ့ဘူးလေးနဲ့ ပေးရတဲ့ ဈေးကလဲ တန်တယ်ပေါ့ ။ နောက်တစ်ရံထပ်ဝယ်စီးတော့လဲ
    တော်တော်ခိုင်နေပြန်ရော ဒုတိယ တစ်ရံက ဖိနပ်ကြာ်ငြာတောင်ရိုက်လို့ရတယ် ဖိနပ်လေးက ရိုးရိုးစလစ်ပါလေးကို အပေါ်က ခြေညှပ်လေးပေါ်မှာ လိပ်ပြာ ကျောက်လေး ကပ်ထားတာပေါ့ အဲ့ဖိနပ်ဆို
    ကားတက်ကြိတ်တာတောင် အပေါ်က ကျောက်က မပြုတ်ဘူး ပွန်းရာလေးတောင် မဖြစ်ဘူးဆိုတော့ နောက်ပိုင်းလဲ ဒီတံဆိပ်ကို စွဲစွဲမြဲမြဲ စီးဖြစ်ခဲ့တာပေါ့ ဒါပေမယ့် လွန်ခဲ့တဲ့ (1) ကစပြီး ဒီတံဆပ်က ကွာလတီကို ချလိုက်တယ်ထင်တယ် အရင်က (3/ 4) လောက် စီးတာတောင် ဘာမှ သိပ်မဖြစ်တဲ့ ဖိနပ်က အခုတစ်လလောက်စီးလိုက်ရင်ကို တော်တော်လေး ရွဲနေလို့ အခုနောက်ပိုင်း မစီးဖြစ်တော့ဘူး etone လိုတော့ တစ်ရက်နဲ့ မဖြစ်ဘူးသေးဘူး နောက်ပိုင်းဝယ်မစီး ဖြစ်တာတော်သေးတယ် …. 🙂

  • musicalpunk

    September 17, 2011 at 1:04 pm

    ကျေးဇူးပဲ e tone ရေငါဝယ်ပေးမလို့ တွေးထားဘူးတယ်။အခု တော့ Byee…Byeeပေါ့။
    မင်းလည်းနောက် အဝယ်မမှားပါစေနဲ့။သူများ အကျိုးဆောင် ကိုယ့် အကျိုးအောင်ပါစေလို့ ဆုတောင်းပေးပါတယ်။

    • AKKO

      September 19, 2011 at 3:14 pm

      လာပြန်ပြီလား တစ်ယောက် တစ်ငါငါနဲ့ … ဟိုဒင်းလက်သစ်လား ။ မြင်ရတာ ကန့်လန့် တိုက်တယ် … ။ 🙁

  • nigimi77

    September 17, 2011 at 1:17 pm

    အဲ အီးဒုံးက ခဏခဏ ခံနေရတာပဲ 😛

    ဖြစ်နိုင်စရာ အကြောင်းတွေ ရှိတယ်။

    ၁။ အီးဒုံးသည် ထီးဖြူ ဖိနပ်ပါး ဇတ်တောက် ဇက်တောက်နှင့် မိုးလင်းမှ မိုးချုပ် လျှောက်သွားတတ်သူ
    ဖြစ်သောကြောင့် ခြေဖဝါးများ အသားမာ တတ်နေသဖြင့် မည်မျှပင် အမျိုးအစားကောင်းမွန်သော
    Leather ဖြင့် ချုပ်လုပ်ထားသော ဖိနပ်ဖြစ်စေကာမူ ရုတ်ချဉ်းပင် အနိစ္စ ရောက်ခြင်း။

    ၂။ အစစ်နီးပါးတူသော အတုအား ပေါချောင်ကောင်း ဝယ်လာခြင်း။

    …………………………………ဟီးးးးးးးးးးး 😛

    • etone

      September 19, 2011 at 1:12 pm

      တန်ရာ တန်ဖိုးပေးပြီး ဝယ်လာတာကိုများ ကျုပ်ကပဲ ပေါချောင်ကောင်းလိုက်နေတာ ကြနေတာပဲ … ။ အဲ့လူကြီးကတော့ စော်စော်ကားကားပြောတော့မယ် … ဘဲအိုကြီး .. ကဏန်းကြီး အေးဆေးနေ .. ဟင်းအိုးထဲ ရောက်သွားမယ်မှတ် … ။ 😀

  • မီးမီး သော်

    September 17, 2011 at 1:51 pm

    အယ် မမရေ မမကိုပြောနေလိုက်တာများ။ဖိနပ်ကို စိတ်ကြိုက်ရွေးဝယ်ပေမယ့်. ဝယ်ပြီးမှ တစ်ခုမဟုတ်တစ်ခု မကြိုက်တော့ဘူးဖြစ်နေတယ်။ဈေးအများကြိီးလဲ မစီးနိုင်ဘူးလေ။

  • cobra

    September 17, 2011 at 2:06 pm

    အမကပိန်းတာကိုးဗျ….. 🙂
    နောက်ဆိုဒီလိုမျိုးတွေမကြားချင်ဘူးနော်။

  • hmee

    September 17, 2011 at 4:29 pm

    စနေနံနဲ့ မတည့်ဖူးလို့ သူပဲ ပြောထားပြီးတော့။ တုံရေ ဒီမှာတော့ ဘရန်းတွေကို ဈေးချတယ်။ ပထမ ၁+၁။ နောက် တရန်ကို ၂၀ဝလောက်တန်တာကို ၃ဝချတယ်။ အရည်အသွေးက တူတူပဲ။ မမှီတော့ ၃ဝကြမှပဲ ဝယ်တယ် ဒါပေမဲ့ ကွာလတီတော့ စိတ်ချရတယ် ၂၀ဝတုံးကလို ကွာလတီပဲ။ နွေစီးဆို ဒီနှစ် နွေကုန်ရင် ဈေးချမှ ဝယ်ပြီး နောက်နှစ်နွေမှ စီးတယ်။ ဆောင်းလည်း အဲ့လိုပဲ။ သူတို့က ဒီနှစ် ဒီဇိုင်း နောက်နှစ် မဝတ်ဘူး။ ဒါကြောင့် ကျန်တာကို ကုန်ပြီးရော ဈေးချတာ။ အကျင်္ ီတွေဆို အသစ်တွေ လွတ်ပြစ်တာ။ တကယ့် အပ်ဒိတ် ဖြစ်တာပဲ ဝတ်တာတဲ့။ ကိုယ်တွေမှာတော့ နှမျောလို့ ဘယ်တော့မှ မလွှတ်ပြစ်ရက်ဘူး။ ဒါကြောင့်လည်း ဒိတ်အောက်တွေ စုနေပြီ။ 🙂

  • kyaw naynay

    September 17, 2011 at 5:23 pm

    ဖိနပ်ကမြွေလိုပဲ အရေခွံလဲတယ်နော်

  • windtalker

    September 17, 2011 at 7:21 pm

    ဒေါက်တာကိုကို ့အစား
    သီချင်းစာသားလေး နဲနဲ ရေးပြချင်ပါတယ်
    “ ကျွန်တော့် မိန်းမ ကတော့ လက်လန်တယ်
    အပြင်ထွက်တိုင်း ဖိနပ်တစ်ရံဝယ် ”
    ဟီဟိ
    ဒေါက်တာကိုကိုရေ
    ရှာထားရှာထားဗျို ့

  • siamonone

    September 17, 2011 at 7:28 pm

    တစ်သောင်း နှစ်ထောင့် ကိုးရာဘဲ ပေးခဲ့လို့ ထင်ပါတယ် .. အဟီး ..

  • minmahar

    September 17, 2011 at 10:31 pm

    “ အပွေးမြင် အပင်သိ၊ အသွေးမြင် အသွင်သိ ” အောင်တင်ပြပေးတာ ကျေးဇူးပါ ။
    တခါချစီးမိတယ် ဆိုရင်ပဲ “ စားရမှာလည်း သဲတရှပ်ရှပ်၊ လွှင့်ပစ်ရမှာကလည်း အဆီနဲ့ တဝင်းဝင်း ”
    လိုဖြစ်နေပြီ ..
    “ အစားမတော် တစ်လုပ်၊ အသွားမတော် တစ်လှမ်း ” တဲ့ ။
    မိုးရောက်မှ လမ်းမှားလျောက်မိပြီ ထင်တယ် ..

  • weiwei

    September 17, 2011 at 11:13 pm

    အီးတုံးတင်တာ အမှန်ပဲဗျို့ … အလုပ်ထဲက ကောင်မလေးတွေ အကုန်လုံးလိုလို ခံခဲ့ရပြီးပြီ … အဲဒီလိုပဲ အရေခွံတွေလဲကုန်တာ .. တစ်သောင်းလောက်ပေးရပြီး အဲဒီလိုဖြစ်တာတော့ တော်တော်ဆိုးတယ် …

    ဒီနေ့ လှည်းတန်းစိန်ဂေဟာက ဖိနပ်တစ်ရံဝယ်လိုက်သေးတယ် … ဘာပဲဖြစ်ဖြစ် မိုးရေထဲတော့ ချမစီးရဲတော့ဘူး … 🙁

  • ဆူး

    September 18, 2011 at 12:12 am

    ညီမရေ.. စိတ်ကသိကအောက် ဖြစ်အောင် မန်းလိုက်အုန်းမယ်။
    အဲဒီ တံဆိပ်နဲ့ ဖိနပ်က ယိုးဒယားက ပတူနံ ဈေးမှာ ဘတ် ၁၀ဝ နဲ့ ရောင်းနေတာပါ.. ၁ဘတ် ကို ၂၅ကျပ်ဝန်းကျင်ဆိုတော့ ၂၅၀ဝ ကနေ ၃၀၀ဝ လောက်ပဲ တန်ပါတယ်။ ဒီတံဆိပ်မှ မဟုတ်ဘူး တံဆိပ်တော်တော်များများက ရှိပါတယ်။
    ဒီမှာ သယ်ယူစရိတ်နဲ့ အမြတ်နဲ့ ပေါင်းပြီး သောင်းဂဏန်းရောင်းနေကြတာပါ။
    ဘတ် ၁၀ဝ နဲ့ ရောင်းတဲ့ ဖိနပ် ဆိုတော့ သူတို့ကလည်း တန်သလောက် ကွာလတီပဲ လုပ်ကြမှာပါ။
    ဖိနပ်ကို ပြန်ရောင်းဖို့ လက်ကားဈေးနဲ့ ဝယ်မယ် ဆိုရင် တရံကို ၈ဝအောက်လောက်နဲ့ ရပါတယ်။ ဒါပေမဲ့ သူက အထုတ်လိုက် ဝယ်ရပါတယ်။ အမျိုးအစား တခုကို ၅ဆိုဒ်ပါတယ်။ အဲဒီလိုနဲ့ ကုန်ကူးတဲ့ လူတွေ ကြီးပွားတိုးတက်နေကြတာပါ။ မြန်မာပြည်ဖြစ် စစ်စစ် ယင်းမာ တို့ စိန်ဓါးမောက် တို့ စီးရင် ညီမ ၃ ၄ လ ကတော့ ဖိနှောင့်ပေါက် စီးလို့ ရမယ် ထင်တယ်။ အားလုံးကတော့ သူ့လမ်းကြောင်းနဲ့ သူရှိလို့ သိသာသိတယ် သူတို့လိုတော့ ကြီးပွားအောင် မကြံဆောင်နိုင်သေးပါဘူး။

    • etone

      September 19, 2011 at 1:22 pm

      (((မြန်မာပြည်ဖြစ် စစ်စစ် ယင်းမာ တို့ စိန်ဓါးမောက် တို့ စီးရင် ညီမ ၃ ၄ လ ကတော့ ဖိနှောင့်ပေါက် စီးလို့ ရမယ် ထင်တယ်။ ))) ဆိုပေမဲ့ … အရင်က စမ်းစီးကြည့်ဖူးတယ် … အဆင်မပြေတာကြောင့် နောက်ပိုင်း မစီးဖြစ်တော့ဘူး … အဲ့ဒီဖိနပ်တွေပေါပေမဲ့ … လူကြားသူကြားထဲ ပျက်ချင်လျှင် ထပျက်ရော … မိုးတွင်းဆိုလည်း ဖိနပ်ကပါးတော့ တဖတ်ဖတ်နဲ့ ဗွက်စင်တယ် … ။ အဲ့ဒီဖိနပ်တွေက ဒီဇိုင်းသိပ်မလှတာရယ် …တစ်ခါတစ်လေ ဘောင်းဘီနဲ့ ဝတ်လျှင် အတော်ကြည့်ရဆိုးတာရယ်တွေကြောင့် … ခိုင်တဲ့ဖိနပ် စိတ်ချရမယ်ထင်တဲ့ ဖိနပ်အမျိုးစားပဲ ဝယ်စီးဖြစ်တယ် … ဒါပေမဲ့လည်း … ဘယ်လောက်ခိုင်ခိုင် .. etone တို့စီးလျှင် 2လပဲ … 3လခံတဲ့ ဖိနပ်ဆိုတာတောင် ရှားတယ် … အဲ့ဒီလိုကို စနေနံနဲ့ မတည့်တာ 😀

  • pan pan

    September 19, 2011 at 10:57 am

    ရုံးက သူငယ်ချင်းတစ်ယောက်လည်း မetoneဖိနပ်လို အရေခွံလဲသွားတယ်
    တံဆိပ်အစစ်တွေ ဝယ်စီးရဲ့သားနဲ့
    ချားလီအင်ကိတ်တော့ မစီးဖူးသေးဘူး
    ဈေးအရမ်းမြင့်လို့ ဝယ်မစီဘူး (နှမြောစရာကြီး :mrgreen:)
    စီးဖူးတဲ့ သူငယ်ချင်းတစ်ယောက်ကတော့ အရမ်းခိုင်တယ် မုန်းအောင်စီးရတယ်ပြောတယ်
    အခိုင်ဆုံးကတော့ ကျွန်မတို့ရွာမှာ တောင်သူတွေ အခင်းထဲဆင်းအလုပ်လုပ်ရင်စီးတဲ့
    ရာဘာဖိနပ်အမဲပါပဲရှင့်
    ကားတာယာနဲ့ ချုပ်ထားတာ
    မလှပဘူး သက်တောင့်သက်သာမရှိဘူး ဒါပေမယ့် ဒုံးစီးလို့ရတယ် ဈေးချိုတယ် 😀
    မetoneစီးချင်ရင် ရွာကိုလှမ်းမှာပေးမယ်လေ 😛 :mrgreen 😛
    ——————————————————
    အန်တီဝေရယ် မိုးရေထဲချမစီးရဲတော့မှတော့ ဘယ်လောက်စိတ်ညစ်စရာကောင်းနေလဲလို့
    တန်ရာတန်ကြေး ငွေပေးဝယ်နေပြီပဲ
    ထိုက်သင့်သလောက်တော့ သုံးလို့ရရမှာပေ့ါ

  • chitsu

    September 19, 2011 at 12:04 pm

    တစ်ချို.brandတွေဆိုရင်မိုးရာသီdiscountဆိုပြီးဂိုဒေါင်ထဲရောင်းမကုန်လို.သိမ်းထားတာတွေကိုထုပ်ရောင်းကျသေးတယ်……အထူးလျှှော.ဈေးပေါ.နော်
    ကောင်းတာတွေပါသလိုမကောင်းတော.တာတွေလည်းပါတာပေါ.
    အဓိကကတော.ခိုင်ဖို.လိုတာပေါ.နော်

  • manawphyulay

    September 19, 2011 at 12:52 pm

    အမကတော့ တစ်သောင်းကျော်တန် မစီးနိုင်တော့ ကိုယ့်ဆိုဒ်နဲ့ကိုက်မယ့်ဖိနပ်နဲ့ စီးလို့အဆင်ပြေမယ့်ဆိုရင်တော့ ဝယ်ဖြစ်တာများပါတယ်။ ဈေးအရမ်းများနေပေမယ့် ဆိုဒ်က မရှိတာများနေတော့လည်း မဝယ်ဖြစ်ပါဘူး။ ဈေးကြီးတာလည်းပါတာပေါ့လေ… အမြင့်ဆုံးကတော့ ၈ ထောင် ၉ ထောင်တန်လောက်တော့ ဝယ်စီးဖူးပါတယ်။ ဒါကလည်း ခဏခဏ ပျက်တော့ ခြေထောက်မှာ ဓားတပ်ထားလားလို့ အိမ်က ပြောတာ ခံရပါတယ်။ ဒါပေမယ့်လည်း သွားလာနေတော့ ပျက်တာကတော့ ပြောမနေချင်တော့ပါဘူး။ ဒီလိုဖိနပ်တော့ ဝယ်မစီးဖူးဘူးလေ…

  • စုံ စုံ

    September 19, 2011 at 1:15 pm

    etone နဲ့အဖြစ်ကတူနေပြီ
    ကျမလဲရွှေအိုရောင်လိုမျိုးတရံဒီတံဆိပ်ကဘဲဝယ်ဖူးတယ် ဒီဒီဇိုင်းတော့မဟုတ်ဘူး
    မိုးရေလဲထိရောသူလဲအရေခွံလဲတော့တာဘဲ
    အဲ့ဒါကြောင့်အခုနှစ်မိုးတွင်းအစမှာ ရာဘာဖိနပ်တရံကို 7000 နဲ့ဝယ်စီးထားတယ်
    ခံလိုက်တာမှအရမ်းဘဲ ဒီတမိုးတွင်းလုံးဒီ 7000ဘဲကုန်သေးတယ်
    မိုးကုန်မှဘဲ ကတ္တီပါဖိနပ်1500 တန်ဝယ်ပြီး၂လလောက်စီးလိုက်တော့မယ်
    ဘယ်တံဆိပ်တွေဘယ်လောက်ကောင်းပါတယ်ပြောပြော ကတ္တီပါဖိနပ်ကိုတော့
    အကြိုက်ဆုံးဘဲ 😛

    • etone

      September 19, 2011 at 1:45 pm

      ပထမဆုံးအဲ့ဒီ တံဆိပ်ထဲက ဝယ်မိရင်း ဒီလိုဖြစ်ရတာဆိုတော့ …နောက်များတော့ ဝေါင်ဝေါင်ရှေးပါတော့မယ် … ။ ဖိနပ်ရွေးရတာ သူများထက်ခက်လို့ … ရာဘာဖိနပ်တွေထဲမှာတောင် ဆိုက်ရှားတယ်လေ … 🙁

  • pathein thu

    September 19, 2011 at 3:31 pm

    ဟုတ်တယ်…အိတုံရေ…အခု ဖိနပ်တွေက 8000/. 10000/ ပေးရပြီး..1 ပတ်လောက်ပဲစီးလိုက်ရတယ်. .ပြတ်သွားတာတောင်ကြုံဖူးသေးတယ်…တံဆိပ်ကိုမကြည့်နဲ့တော့..ဒီဇိုင်းကို သေချာကြည့်ပြီး စဉ်းစားပြီး ဝယ်မှအဆင်ပြေတော့တယ်….

  • aorgaeni

    September 19, 2011 at 7:04 pm

    eitone,
    Actually most of the shoes brands face this problem.
    We deal with factory, they have problem .
    For ourselves, we try to solve with our promoter girls.
    We do exchange.
    I think you better find the management from essence and talk.
    So they can teach their staffs how to deal with customer.
    Actually this is not my brand, but they are also selling shoes and i know the some of selling shoe problem.
    Thanks alot for you share to me this link.
    Pls share to me next time what ever you post.

  • a

    September 26, 2011 at 11:51 pm

    ကျေးဇူးပါဗျာ ရှောင်ရတာပေါ့
    ကောင်မလေးကို

  • etone

    September 27, 2011 at 8:33 am

    ပြီးခဲ့တဲ့ တပတ်က စိန်ဂေဟာကို ဖိနပ်တရံ ထပ်သွားဝယ်ခဲ့ရင်း … စိတ်ကူးပေါက်လာတာနဲ့ အဲ့ဒီဘရန်းကောင်တာ ဝင်ပြီး complain တက်ခဲ့ပါသေးတယ် … ကောင်မလေးက သူတို့ show room ကိုသွားပါလို့ ပြောတာနဲ့ complain တက်မိတော့မှ မထူးပါဘူး .. သွားရတာပေါ့ဆိုပြီး သူတို့ show room ကို ရောက်သွားတယ် … အဲ့ဒီမှာ တရက်ပဲ စီးရသေးတယ် ဘာပြန်လုပ်ပေးမှာလဲ မေးတော့ .. ဖိနပ်ထားခဲ့ပါဆိုတာနဲ့ … ဝယ်ထားတဲ့ အသစ်ကို ထုတ်စီးပြီး … အဲ့ဒီ အရေခွံလဲနေတဲ့ ဖိနပ်ချွတ်ပြီး ပေးခဲ့တယ် … ဖုန်းနံပါတ်လည်း ထားခဲ့တယ် .. လောလောဆယ်ထိတော့ … ပြန်မဆက်သွယ်သေးဘူး …. ။
    ကွန်ပလိန်းတက်လို့ ရတယ်ဆိုလျှင် သတင်းပြန်ပေးပါ့မယ် … မဟုတ်လျှင် ဝယ်ပြီး ခဏအတွင်း စီးမရဖြစ်သွားရတဲ့ လူတွေ စိတ်ဒုက္ခရောက်ကြရတယ် … ။ အဲ့ဒါလေး ကိုယ်ချင်းစာလို့ …. 🙄

  • cherry pan

    September 27, 2011 at 11:21 am

    ဟုတ်ပ..ဟိုတလောကလဲ..ဖိနပ်တံဆိပ်တော ့မပြောတော ့ပါဘူး…သောင်းကျော်ပေးရတာ..ဒါပေမဲ ့..3ရက်ဘဲစီးရသေးတယ်..ပြတ်သွားတယ်…တိုက်ဆွေးတွေကိုညာပြီးရောင်းစားနေတာထင်ပါရဲ ့….

  • etone

    September 27, 2011 at 4:17 pm

    media တွေရဲ့ အရေးပါမှုက တစ်ဒေါင့်တစ်နေရာကပါဝင်နေတာ လက်တွေ့ ခံစားလိုက်ရပါပြီ … ။
    အခုလေးတင် Essence က ကျွန်မဆီကို ဖုန်းခေါ်ပါတယ် … အရေခွံလဲတဲ့ ဖိနပ်အတွက် အသစ်တစ်ရံ အမျိုးစား တူ လဲလှယ်ခွင့်ပေးပါသတဲ့ …. ။ အထွတ်တတ်တဲ့ ကျွန်မက … အဲ့ဒီအမျိုးစားဆို အဲ့ဒီလို နောက်တစ်ခါ ထပ်ဖြစ်လျှင် ဘယ်လို လုပ်မလဲ မေးတော့ … အစ်မရွေးတဲ့ ရွှေအိုရောင်ကပဲ အဖြစ်များတာတဲ့.. တခြား အရောင်တွေ အရေခွံမလဲ ၊ မကွာပါဘူးတဲ့ လေ… ။ အနက်ရောင်လေးယူလို့တောင် အကြံပေးပါသေးတယ် … ။ ဘယ်လိုပဲ ဖြစ်ဖြစ် … မီဒီယာရဲ့ ကျေးဇူးနဲ့ … ကျွန်မဖိနပ်တစ်ရံ အစား ပြန်ရပါတော့မယ် … ။
    customer ရဲ့ feedback ကို အနံ ့ခံပြီး care လုပ်ပေးတဲ့ ဖိနပ် ကုမ္ပဏီကိုလည်း ကျေးဇူးတင်ပါတယ်နော် 🙂

  • pooch

    September 27, 2011 at 4:51 pm

    Congratulations!!!!!!!!!!!!! my cute sister. go on. …. 🙂

  • Ba Gyi Taw

    September 27, 2011 at 6:04 pm

    ပြန်လဲပေးလို ့ပေါ့ ။ မလဲပေးရင် ဘကြီးက အကြံပြုချက် (၃) ခုရေးမလို ့။

    ၁။ တပိုင်းတစ ကွာနေတဲ့ အရေခွံတွေကို ကြည့်ကောင်းအောင် အကုန်လုံးခွာပြစ်လိုက် ။
    ၂။ အီတုံး ရဲ့ခြေဖဝါးကို သံဘရှပ်နဲ ့ခပ်ကြမ်းကြမ်းလေးပွတ်ပြစ်လိုက် ။
    ၃။ ဖိနပ်ပေါ်ကို အမဲဆီ ပြစ်ပြစ်လေး သုတ်ထားလိုက် ။

    (မှတ်ချက်) ဖိနပ်ရဲ ့အလျားနဲ ့ ပုံစံကိုကြည့်ရတာ အရပ်က(၅’ ၂”) ၊ စိတ်အနေအထားက ပွင့်လင်းပြီး ယောက်ကျားလေးဆန်မည့်ပုံ ။

    • etone

      September 28, 2011 at 8:50 am

      ဘကြီး အကြံပြုချက်ရေးသလိုပဲ … ဖိနပ်ဆိုင်ကို နည်းနည်း ထပ်သွားရစ်မယ် ဆိုကတည်းက အရေခွံတွေခွာလိုက်တာ … အောက်ခံအပြာမှိုင်းမှိုင်းကြီးပေါ်တဲ့ အထိပါပဲ … ကွက်တိကွက်ကြား စီးသွားတာထက်စာလျှင် အရေခွံအကုန်ခွာလိုက်တာ ကောင်းမယ် ထင်တာရယ် ခွာလို့လည်း လွယ်တာရယ်ကြောင့်ပါ … ။ 😛

      ခြေဖဝါး နုနု သွေးခြေဥမှာ စိုးလို့ သံဘရပ်နဲ့တော့ မတိုက်ပါရစေနဲ့ ဘကြီးရေ :mrgreen:

      ဘကြီးကတော့ ဗေဒင်ဆရာ လုပ်စားလျှင် ကြီးပွား ဦးမယ် ဟီးဟီး .. အမှန်းတော်လို့ … 😛
      etone အရပ်က 5′ 4″ ပါ … စိတ်ထဲသိပ်မျိုသိပ်မထားတတ်သလို့ … ပွင့်၂လင်း၂ ပြောဆိုဆက်ဆံရတာ ကြိုက်တယ် … ယောကျာ်းဆန်ဆန်တော့ မဟုတ်ဘူး … ။ မိန်းမ ပီပီသသ feature မျိုးပါပဲ 😀

  • မှော်ဆရာ

    September 27, 2011 at 11:13 pm

    ဟေ…ဟေ့
    အိတုံတော့ ဂဇက်ပေါ်တက်ရေးလိုက်တာ ဖိနပ်အသစ်ရသွားပြီ….
    ငါလဲ မိန်းမမကောင်းကြောင်း နက်ပေါ်တက်ရေးရင် ယောက္ခမကြီးက အသစ်ပြန်လဲပေးမှာလား မသိ…
    ရသော်ရှိ …. မရသော်ရှိ …တက်တော့ရေးကြည့်ဦးမှ

  • padonmar

    September 28, 2011 at 5:50 am

    Bravo.
    This post shows us the result of dare to speak out the unfairness.

  • ကြောင်ကြီး

    September 28, 2011 at 7:54 am

    အိမ်ထောင်ပြုပြီး မကောင်းရင်လည်း ချက်ခြင်းအသိပေးကြပါ။ ဥပမာ – အရေခွံလန်တာ (အပေါ်ယံကြော ဟန်ဆောင်ဖုံးကွယ်)၊ အော်ရီဂျင်နယ်မစစ်တာ (ဖြတ်ဖောက်ချုပ်)၊ သက်လုံမကောင်းတာ (ကြာရှည်မခံ)။

  • ma ma gyi

    October 2, 2011 at 4:32 pm

    ဘာမဆိုင်ညာမဆိုင် အရောင်းဝန်ထမ်းလေးတွေကို သွားရစ်တာတော့မကောင်းပါဘူး။ တစ်ခါတောင်မဟုတ်ဘူး နှစ်ခါတောင်ဆိုတော့ လှည်းတန်းစိန်ဂေဟာ က ကောင်မလေးတွေ နောက်ဆို အီတုန်း ပိုက်ဆံဘယ်လောက် ပေးပေး ရောင်းတော့မှာ မဟုတ်ဘူး။

    • etone

      October 3, 2011 at 8:36 am

      ဘာမဆိုင် ညာမဆိုင် အရောင်းကောင်မလေးတွေတော့ မဟုတ်ဘူးလေ … ဆိုင်တာမှ သိပ်ကို ဆိုင်တာပေါ့ … ။ စကားပြောကောင်းတဲ့ ကောင်မလေးတွေရောင်းလျှင် ဖိနပ် ပိုအရောင်းသွက်တယ် … ။ နောက်ပြီး … အရောင်းဝန်ထမ်းခန့်ထားကတည်းက ဖိနပ်ရောင်းတတ်ရုံ တစ်ခုထဲတင်မဟုတ်ဘူး … ကာစတန်မာ ကွန်ပလိန်းတတ်တဲ့ အခါ ဘယ်လို ရှင်းပြ ၊ ဘယ်လိုဖြေရှင်းရမယ် ဆိုတာပါ … ဘရန်းကုမ္ပဏီက သေချာ လေ့ကျင့်ပေးထားသင့်တာ … ။ ရောင်းရုံပဲ ရောင်းတတ်ပြီး ပြသနာ တတ်တော့ ဘယ်လိုမှ မဖြေရှင်းတတ်ပဲ … အင်း … အဲ … မသိဘူး … ဆိုတာမျိုး လက်လွတ်စပယ် ပြောနေတာ တာဝန်မဲ့လွန်းတယ် … ။

      အရောင်းစာရေးမမို့လို့ … ကိုယ်ပိုင် ဆုံးဖြတ်ချက်မပေးနိုင်ဘူးပဲ ထားဦး … ကျွန်မတို့ ရုံးခန်းက ဘယ်မှာပါ ဖုန်းနံပါတ်ဘယ်လောက်ကို ဆက်သွယ်မေးမြန်းကြည့်ပါဆိုလျှင်တောင် … ကာစတန်မာက ဒီလောက် စိတ်ဆိုးမှာ မဟုတ်ဘူး.. ။ ကာစတန်မာတွေက အလကားနေရင်းလာရစ်တာ မဟုတ်…. အရည်သွေး ညံ့ဖျင်းမှူကို ပိုက်ဆံပေးဝယ်လိုက်ရလို့ လာရစ်တာ … ။ 🙄

      ဖိနပ်နဲ့ ပတ်သတ်တဲ့ … အဖြစ်ပျက် နှစ်ခါချင်းတူပေမဲ့..ပထမတစ်ခုက Shoe Gallery ဒုတိယတစ်ခုက Essence … ။
      ကာစတန်မာကို ဆက်ဆံပုံနဲ့ … ဖြေရှင်းပုံခြင်း ကွာသွားတာ … ကုမ္ပဏီရဲ့ ကိုယ့်ကုန်ပစ္စည်းအပေါ် ကဲလုပ်နိုင်မှူနဲ့ …. မန်းနေ့ချ်မန့် …. အိပ်စပီးရီးရန့် ကွာသွားတယ်လို့ပဲ ကျွန်မကတော့ မြင်တယ် … ။

      (((အီတုန်း ပိုက်ဆံဘယ်လောက် ပေးပေး ရောင်းတော့မှာ မဟုတ်ဘူး။))) တဲ့လား … ။ အီးတုန်းကလည်း …အရူးမှ မဟုတ်ပဲ … ပေးရတဲ့ ပိုက်ဆံနဲ့ … ယှဉ်ပြီး .. အရည်သွေးမကောင်းတဲ့ ဖိနပ်မျိုးကို ပိုက်ဆံတွေ ပိုပေးပြီး ဝယ်ပါတော့မလား … ။ တန်ဖိုးတူ တခြား အမျိုးစားထဲက ရှာဝယ်လျှင်တောင် ကိုယ့်ပိုက်ဆံနဲ့ ကိုယ် စိတ်ချမ်းသာတယ် … ။ 😀
      အများကို ချရောင်းရာတဲ့ ပစ္စည်းတစ်ခု ဝယ်သူမရှိလျှင် ဈေးကွက်ထဲ ရပ်တည်ဖို့ ခက်ခဲပါလိမ့်မယ် … ။ အခုခေတ်လူငယ်တွေက … သူငယ်နှပ်စားတွေ မဟုတ်တော့သလို ညာရောင်းလို့လည်း မရတော့ပါဘူး …. ကိုယ်ပေးလိုက်ရတဲ့ ပိုက်ဆံနဲ့ တန်တဲ့ စိတ်ကျေနပ်မှူမျိုးမရလျှင်တော့ … အီးတုန်းလို ကွန်ပလိန်းတက်မဲ့လူတွေ အများကြီးပဲဆိုတာ … အချိန်ကြာတာနဲ့ အမျှ သိလာလိမ့်မယ် … ။

    • Foreign Resident

      October 3, 2011 at 9:52 am

      “ အရောင်းဝန်ထမ်းလေးတွေကို သွားရစ်တာတော့မကောင်းပါဘူး ”
      Ohhhh, What a terribly wrong idea / logic !!!
      You must do it. Everybody must do it. Every single event, do it.
      Without feedback/complaint this shoe Company cannot improve them self.
      Likewise, without feedback/complaint our country cannot develop.

      “ လှည်းတန်းစိန်ဂေဟာ က ကောင်မလေးတွေ နောက်ဆို အီတုန်း ပိုက်ဆံဘယ်လောက် ပေးပေး ရောင်းတော့မှာ မဟုတ်ဘူး ”
      If they don’t want to sell to customer ( အီတုန်း ),
      sack/fire them (ကောင်မလေးတွေ ).
      It is quite simple.
      “ Customer is God ”

  • Yin Nyine Nway

    October 3, 2011 at 8:48 am

    ဒါပဲ..ဒါပဲဟေ့ …အိတု်ပြောတာ မှန်တယ်
    ဒီဖိနပ်က တကယ်လည်းဖြစ်တယ်ဆိုတာ စီးဖူးတဲ့လူတေါကော မစီးဖူးပဲ ဆိုင်ထဲ ဝင်လည်တဲ့ ကမ်စတန်မာတောင် သိတယ်
    ကွန်ပလိုင်းတက်တဲ့ ကမ်စတန်မာ ဘယ်လောက်များတယ်ဆိုတာကိုတော့ သူတို့ပဲ သိကြမှာပါ
    အိတုန်မမှားပါဘူး
    အာမခံနဲ့ရောင်းဲ့နေရာမှာ ဒီလို ကွန်ပလိုင်းတက်ရဲတဲ့ သတ္တိကို တကယ်ချီးကျူးမိတယ်
    ယဥင်္ငြိမ်းသာဆိုရင်တော့ ဘာမှမလုပ်ရဲ ဘဲ ငြိမ်ခံမိမယ်ထင်တယ်
    ဒီလို ငြိမ်ခံတာက သူတို့ပစ္စည်းကောင်းတယ်လို့ ထင်နေပြီး
    ဒီလို ကွန်ပလိုင်းတက်မှလဲ သူတို့အရေအသွေးကို သူတို့ ပြန်ကြည့်လို့ရမှာပါ
    ဒီလိုကွန်ပလိုင်းတက်ပေးတဲ့ လူကို ကုမ္မဏီကပိုပြီးကျေးဇူးတင်သင့်တယ်
    နောက်တခါမရောင်းလဲ သူတို့ပဲ နာမည်ပျက်မှာပေါ့
    ဘူးအလုံးတရာ ပိတ်လို့ရပေမဲ့ ပါးစပ်တပေါက်မှ ပိတ်လို့မှမရတာ
    ဆက်ဆံရေးမကောင်းလို့ကတော့ ဘယ်လောက် ပစ္စည်းကောင်းကောင်း ဒို့ကတော့ နိုးပဲဟေ့

    • etone

      October 3, 2011 at 8:58 am

      ယဉ်ငြိမ်းရေ … ကွန်ပလိန်းတက်ရင်း … သူတို့ရဲ့ လစ်ဟာနေတဲ့ အချက်နည်းနည်း မြင်ခဲ့လို့ … ထောက်ပြချင်ပေမဲ့ … တကယ်တမ်းလျှာမရှည်ဖြစ်ခဲ့ပါဘူး … ။ (ချောင်းရိုက် … အဲ့ … :mrgreen: ) စေတနာကို ပေတရာ နင်းခံရမှာ စိုးလို့ …. အွန်လိုင်းကပဲ … ထောက်ပြတော့မယ် … 🙄

      ကွန်ပလိန်းတက်တာကိုတော့ လက်ခံထားတာ ဟုတ်ပါပြီ … ဝယ်ယူတဲ့ လူက ဘယ်အချိန်က ဝယ်ယူခဲ့လဲ ..စစ်ဆေးခြင်းမရှိပါဘူး … ကဲ …ဒါဆို ..ဝယ်တဲ့လူ (မသမာစိတ်ရှိသူ) က ဝယ်စီးပြီး .. သုံးလေးလလောက်ကြာမှ(ဖိနပ်ဟောင်းမှ) .. ဒီဖိနပ်က ဘာဖြစ်ပါတယ် .. ပြန်လဲမယ်ဆိုလျှင်ရော … ဆိုင်က ဘယ်လို သိနိုင်ပါ့မလဲ … ။ ကွန်ပလိန်းတတ်သမျှကို လဲပေးမယ့် သဘောလား … ဒါဆိုလျှင် … ဖိနပ်ကုမ္ပဏီဘက်က နစ်နာရမှာပေါ့ … ။ ဒါကြောင့် ဝယ်ယူတဲ့နေ့ကို အထောက်ထား တစ်ခု လုပ်ပြီး … ဘယ်ကာလ အပိုင်းခြားကို လဲပေးတယ်ဆိုတာမျိုး လုပ်သင့်ပါတယ် … ။

      နောက်တစ်ခုက …. ဖိနပ်လဲသွားတဲ့ လူကို … ဖိနပ်ရရှိကြောင်း လက်ခံ လက်မှတ်ထိုးတာမျိုးလေးဖြစ်ဖြစ် … လုပ်ထားသင့်ပါတယ်… သူတို့က ဖိနပ်သာ ပေးလိုက်တာ … ဖိနပ်ယူသွားသူရဲ့ နာမည် မမေးဘူး .. ( မှတ်မိနေလို့လည်း ဖြစ်ကောင်းဖြစ်မယ် … သို့သော်) ။ စည်းနဲ့ မျဉ်းနဲ့ … အသေချာ လုပ်သင့်တာပါ … ။ မသမာသူ အချောင်လိုချင်သူက … (ဥပမာ ကွန်ပလိန်းတတ်သူဆီက သတင်းကြားထားသူက ) ကြားထဲက ဖိနပ်အချောင်ဝင်ယူသွားပြီး …တကယ် က ွန်ပလိန်းတက်ထားတဲ့လူ ဖိနပ်လာရွှေးတဲ့အခါ … ပေးပြီး ပြီ မပေးရသေးဘူး ငြင်းစရာတွေ ဖြစ်လာနိုင်ပါတယ် … ။

      ကုမ္ပဏီဘက်က အဲ့ဒီ နှစ်ချက်ပါ ထည့်သွင်း စဉ်းစားလျှင် … ပိုမိုကောင်းမွန်တဲ့ management လုပ်နိုင်မယ်လို့တော့ … ကျွန်မ မြင်မိပါတယ် 🙂

      • windtalker

        October 3, 2011 at 1:01 pm

        ဒါပေါ့
        တစ်ကယ်သုံးစွဲနေတဲ့
        ကပ်စတမ်မာတွေ ရဲ ့
        ကွန်ပလိန်း ကို
        ဂရုစိုက်မှသာ
        ကုမ္ပဏီအနေနဲ ့
        တိုးတက်အောင်မြင် မှု
        ရမှာပေါ့

  • etone

    October 3, 2011 at 10:01 am

    ဒီနေ့ မနက် သိုးသိုးသန့်သန့် ကြားရတဲ့ သတင်းအရတော့ .. ဈေးကွက်ထဲ ပြန့် နှံ့နေတဲ့ .. ဒီဖိနပ်ဒီဇိုင်းကို ပြန်သိမ်းမယ်လို့လည်း ကြားပါတယ် … ။ သိမ်းမယ်ဆိုလျှှင် ဒီဖိနပ်ဒီဇိုင်း တမျိုးတည်းတင်မဟုတ်ပဲ … အသားတူ တခြား ဒီဇိုင်း တစ်မျိုးကိုပါ သိမ်းသင်တယ် ထင်ပါတယ် … ။
    ဖိနပ်ဒီဇိုင်းနဲ့ ဘရန်းက ပြသနာမဟုတ်ပဲ .. အသုံးပြုတဲ့ ဖိနပ်အသားက ပြသနာ ဖြစ်နေလို့ပါ … ။ 🙂

Leave a Reply