ဇင်ယော်ရင်ဖွင့်သံ
“ဇင်ယော်ရင်ဖွင့်သံ´´
ကျောက်ဆောင်နဲ့တင့်တယ်တဲ့ကမ်းခြေလေး
အုန်းတောနဲ့သာယာတဲ့ကမ်းခြေလေး
လှိုုင်းပုတ်သံချိုချို
ရှက်အားပိုတဲ့ကမ်းခြေလေး
လောဘ
ဒေါသ
မောဟ
ခဝါချပြီး
ရင်ကိုဖွင့်လို့
ပျော်ရွှင်ခွင့်ပေးထားတယ် … ။
အတာကူးတဲ့နေ့တွေမှာ
အယ်လ် ကိုဟောကျေးဇူးနဲ့
ပင်လယ်ပြာကိုအရောင်တွေမဆိုးပါနဲ့
ကမ်းခြေလေးကိုဒုက္ခတွေမပေးပါနဲ့
ပင်လယ်ဆိုတာဖြူစင်ပါတယ်
ဒရက်ကူလာမဟုတ်ပါဘူး
ကမ်းခြေလေးကိုလူအထင်သေးအောင်မလုပ်ပါနဲ့
ဇင်ယော်တွေငိုကြလိမ့်မယ် …. ။ ။
9 comments
mandalarthu
September 17, 2011 at 10:00 pm
Good poem !
I think yr poem may be better with photo of beach.
TTNU
September 17, 2011 at 10:38 pm
ကျမ ကမ်းခြေတွေ သိပ်ကြိုက်တယ်။ ရေလှိုင်းတွေရယ် သဲသောင်ကြီးရယ် မျက်လုံးထဲက ရက်တော်တော် ကြာကြာ ထွက်မသွားလောက်အောင် ကြိုက်တယ်။
“လောဘဒေါသမောဟ ခဝါချပြီး ရင်ကိုဖွင့်လို့ ပျော်ရွှင်ခွင့်ပေးထားတယ် … ။” ဒီစကားလေး ထောက်ခံတယ်။
Beach ကို ရောက်ရင် ဒီ လော ဒေါ မော တွေ မရှိတော့ သလောက်ကို ခံစားမိတာ။ မပြန်ချင်ဘူး။ နေချင်သေးတယ် လို့ စိတ်ဖြစ်မိတယ်။ ဒါကြောင့် ဇင်ယော်တွေ မငိုစေရပါဘူး။
မီးမီး သော်
September 17, 2011 at 10:39 pm
ကိုရဲတေဇာ ရဲ့ကဗျာလေး ကောင်းသလို အောက်မှာ attach လုပ်နေတဲ့ related post ကလဲကောင်းပါတယ်။သူတို ့အတွက်
ရည်ရွယ်ပြီးရေးသလားထင်ရတယ်နော့။
pyinlepyaw
September 17, 2011 at 11:28 pm
ကျနော်ကတော့ ပင်လယ်ကိုချစ်တယ်၊ လှိုင်းလုံးသံ(ပင်လယ်သံ) ကို ကြားရမှ အိပ်ပျော် စားဝင်တဲ့ သူတစ်ယောက်ပါ၊
ပင်လယ်ကမ်းခြေကို အမှီပြုပီး ပင်လယ်ပျော် လို့လဲ အမည်ပေးမိရတဲ့ အထိပါ။
မီးမီး သော်
September 17, 2011 at 11:54 pm
ကောင်းလိုက်တာ။ဝမ်းသာစရာပါနော့်။
nozomi
September 18, 2011 at 4:33 pm
ပင်လယ်ပျော် ဆိုတဲ့ နာမည်လေးက လှတယ်နော
အခုအတိုင်းဆို ပြင်လယ်ပျော် လို့များ ဖြစ်နေမလားလို့
musicalpunk
September 17, 2011 at 11:40 pm
ကျွန်တော်ကတော့ ရေ ကြိုက်တတ်တဲ့လူမျိုးပါ၊ ပင်လယ်ကမ်းခြေ ဆိုရင်တော့……(၁၀)တန်းမှာ သင်ခဲ့တဲ့
ိDREAM DO COME TRUE လိုမျိုး ကမ်းခြေမှာ အိမ်ဆောက်ချင်ခဲ့တာ။
ဒီကဗျာ နဲ့အတူ ကမ်းခြေတွေလည်း တောက်ပလာမှာပါ။
မွန်မွန်
September 18, 2011 at 5:08 pm
2010 April မှာ ငပလီကို သွားလည်ခဲ့တယ်။ တကယ်ကို လှတဲ့ ကမ်းခြေပါ။ သဲတွေကလည်း ဖြူ၊ ရေကလည်းသန့်နဲ့၊ 3 ညတောင် နေခဲ့တာဆိုတော့ တကယ့် relax ပါပဲ။ out of the daily routine ပေါ့။
အသွားမှာတော့ အောင်သစ္စာကားကို စင်းလုုံးငှားသွားတာပါ။
အောင်မယ်လေး.. ရိုလာကိုစတာစီးသလားမှတ်တယ်။ ကားဆရာရဲ့ ကျွမ်းကျင်မှုကိုတော့ လေးစားစွာနဲ့ အသိအမှတ်ပြုပါတယ်။
အပြန်မှာ YA ရဲ့ အလုံပိတ်အခန်းထဲမှာ အန်မတက်ကို မူးခဲ့ရပါတယ်။
ပြန်ရောက်ကာမှ ကားမှောက်တဲ့ သတင်းတွေကြားပြီး ကြောက်ရကောင်းမှန်း သိတော့တယ်။
ထပ်သွားချင်သေးပေမယ့် ကားလည်း မစီးရဲ၊ လေယာဉ်လည်း မစီးချင်တော့လို့ ရောက်တော့မယ် မထင်တော့ပါဘူး..။
မောင်တုတ် ကြီး
September 18, 2011 at 8:04 pm
အို နှမရေ…မကြာမီ လမ်းတွေကောင်းလာတော့မှာပါ။ရောက်ဖြစ်အောင်လာခဲ့လေ။
နွေးထွေးတဲ့ ပင်လယ်ပြင်ကြီးနဲ ့ဆီးကြိုနေမယ်။