အကူအညီလိုနေသူတွေအများကြီးပါ
ကျွန်မကဘဝကိုပေါပါးစွာဘာမှမသိပဲနဲဖြတ်သန်းနေသူတစ်ယောက်ပါ အဲဒါနဲလူမှုရေးလုပ်ငန်းတစ်ခုမှာပါဝင်ခြင်တာနဲ.ကျွန်မနဲသိတဲစစ်ဆေးကမောင်လေးတွေနဲစကားပြောမိလို သူတိုဆေးခန်းလေးလုပ်ထားတယ် အစ်မလိုက်ကြည်ပါလားဆိုတာနဲလိုက်ကြည်ဖြစ်ခဲပါတယ်တနင်္ဂနွေနေက ကုသိုလ်ဖြစ်ဆေးခန်းလေးကိုလိုက်သွားဖြစ်ပါတယ် မြိုင်သိလရှင်စာသင်တိုက်မှာ..
ကျွန်မတိုဆေးခန်းကိုရောက်တောစောင့်နေကြတဲလူနာတွေ100ကျော်လောက်ရှိပါတယ် သူတိုရဲမျက်လုံးတွေကအကူအညီတောင်းခံနေကြသလိုပါပဲ အားကိုးစွာကြည့်နေကြတဲသူတိုကိုဆေးကုပေးမဲစေတနာဝန်တမ်းတွေကိုကြည်ပြီးကျွန်မစိတ်လှုပ်ရှားမိပါတယ် ဆေးခန်လေးမှာဆရာဝန်လေးတွေက ဆေးကုပေးနေကြတာကိုကြည်ပြီးတ
ကယ်ကိုအားကျမိပါတယ်လူနာတွေနောက်ထပ်ရောက်လာတာတွေပါပေါင်းတောကျွန်မတိုအဖွဲသိမ်းပြီးချိန်မှာတော လူနာပေါင်း180 လောက်ကိုကုသပေးလိုက်ရပါတယ်
ကျွန်မတိုအဖွဲက နေ့လည်စားထမင်းကိုသုံးနာရီလောက်မှစားရပါတယ်
ကျွန်မမှတ်မိနေတဲလူနာကတွေကတော မိန်မကြီးတစ်ယောက်ကသူသားရဲဖက်စခန်းမှာ ကိုယ်တွေဖေါရောင်ပြီး အသားတွေဝါနေတာ ဆေးကလည်မဝယ်နိုင်လိုဒီဆေးခန်းလေးကိုလာရတာပါတဲ
လင်မယားနှစ်ယောက်လဲတွေ့ပါတယ်ပုဆိုးကပေါက်နေလိုနှစ်တပ်ဝတ်ထားတာ အရောင်အဆင်းမဲနေပါတယ် မြိုထဲမှာတောင်းစားနေတဲသူတွေတောင်သူထက်အရောင်အဝါတောက်မယ်လို့ထင်ပါတယ်
ဗိုက်ကြီးသယ်တစ်ယောက် သူကိုဆရာတွေကစိုးရိမ်နေကြပါတယ် သူကိုပြောနေကြတယ်ဆေးရုံးမှာပဲမွေးရမယ်ကလေးကအမွာဖြစ်နေတာ သူကတောမျက်လုံးလေးကလယ်ကလယ်နဲ ကြည်နေပါတယ် အဲဒီမိန်ကလေးသာကျွန်မတိုအမျိုး ညီမဖြစ်ရင် ဘယ်လောက်စိတ်ပူပြီး စိုးရိမ်နေရမယ်ဆိုတာမသိတောပါဘူး သူကတောဘာမှမသိသလိုပဲ
ကျွန်မကတကယ်တောဆေးကြောင်လုံးဝမသိတဲသူတစ်ယောက်ပါ ဆရာဝန်လေးတွေနဲ ဆေးပေးနေတဲကူညီပေးနေသူတွေကတကယ်စေတနာအပြည့်နဲလုပ်ကိုင်ပေးနေတာကိုကြည်ပြီး စိတ်ထဲမှာခံစားရတာတွေကတော မပြောပြတတ်တောပါဘူး
ကျွန်မဒီဆေးခန်းလေးရောက်သွားမှအော်လောကမှာအကူအညီလိုအပ်နေသူတွေအများကြီးဆိုတာသေချာနားလည်ပါတောတယ်….
16 comments
good
September 20, 2011 at 4:07 pm
ဒါ ပထမ ဦးဆုံး ပို့ လား ညီမလေး။
ကောင်းပါတယ်၊ ကိုယ်တိုင် ကြုံ တွေ့ မှု မျက် မြင် အခြေအနေ နဲ့ ရင် ထဲ က ခံ စားမှု ကို ပေါင်းစပ်ရေး ထား တာ လေး က သရုပ်ပေါ်ပါတယ်။
အကူ အညီ လို အပ်တာ တော့ ငါတို့ မြန်မာပြည် ဘဲ ရှိ မှ ရှိ ပေါ့။နေရာ တော်တော် များများမှာ အောက် ဆင်း ကြည့် လေ မြင် ရလေ ပါ။
ကိုယ်တိုင် ကိုကျ သွားရောက် လုပ်အားဒါန ပြု မှု အတွက် လည်း သာဓု ခေါ်ပါတယ်။
MOEPWINTPHYU
September 20, 2011 at 4:12 pm
ဟုတ်ပါတယ် ပထမဆုံးတင်ထဲပိုပါ အမှာတွေပါပါတွေစကားလုံးမပြေပြစ်တာတွေကောပေါ
ဒီပို့လေးကိုအရမ်းရေးချင်မိလိုရေးလိုက်တာပါ အားပေးတဲအတွက်ကျေးဇူတင်ပါတယ်
Shwe Ei
September 20, 2011 at 5:12 pm
ဒီထက်ပိုပီး စုံစုံလင်လင်ရေးတင်ပါအုံး။ စိတ်ဝင်စားလို့။
search123
September 20, 2011 at 5:14 pm
အကူအညီလိုအပ်နေတဲ့နေရာတွေ အများကြီးပါပဲ။
ကိုယ်တတ်နိုင်သလောက်လည်း လုပ်အားဒါန၊ငွေကြေးဒါန လုပ်ဖြစ်ပါတယ်။
အားလုံးကို ကူညီဖို့ မတတ်နိုင်ပေမဲ့လည်း၊ကိုယ့်ပတ်ဝန်းကျင်ကိုတတ်နိုင်သလောက် အကျိုးပြုတာကိုအားပေးပါတယ်။
MOEPWINTPHYU
September 20, 2011 at 5:18 pm
ဟုတ်ကဲပြည်စုံအောင်နောက်ရေတင်ပါအုံးမယ်
မိုးပွင်လဲတစ်ခါပဲရောက်ဖူးလို့သေချာတောမသိသေးပါဘူး
taungpawthar
September 20, 2011 at 5:37 pm
စစ်ဆေးကဆိုတော့ စစ်ဗိုလ်တွေပေါ့ တပ်မတော်သားတွေလဲ လူမှုရေးလုပ်ငန်းတွေစိတ်ဝင်စားလာတာတော့
ဝမ်းသာစရာပါပဲ ညီမအတွက်လဲဂုဏ်ယူပါတယ်
“ဘီလူးကြီး”ogre
September 20, 2011 at 5:45 pm
လိုအပ်တာတွေ ကတော့အများကြီးပါပဲ
တတ်စွမ်းသမျှ လိုအပ်တဲ့အရာလေးတွေ ဖြည့်ပေးကြမယ်ဆိုရင်တော့ အဟောဝတပေါ့
တစ်ဦးကောင်းထက် အစုအဖွဲ့လေးတွေနဲ့ဆိုရင်တော့ အကျိုးပြုလုပ်ရတာ ပိုကောင်းပါတယ်..။။။
windtalker
September 20, 2011 at 7:17 pm
အင်း..မိုးပွင့်ဖြူလေး ရဲ ့
ပို ့စ်လေး ကို ဖတ်ပြီးတော့
လှူရမယ့်နေရာ တစ်ခု ကို ထပ်သတိထားမိသွားတယ်
ကျွန်တော် မောင်ပေ လည်း
ကျွန်တော့် ဆရာ များနှင့်အတူ ပရဟိတ လုပ်ငန်းတွေမှာ
သဒ္ဒါပေါက်သလောက် လှူလျှက် ရှိပါတယ်
yetazar
September 20, 2011 at 7:20 pm
အသပြာ ဆရာဝန်ရှိသလို စေတနာဆရာဝန်တွေလဲ ရှိကြစမြဲပါ ။ ဒါပေမယ့် အချိုးချလိုက်ရင်တော့ စေတနာဆရာဝန်တွေ ရာခိုင်နှုန်းနည်းနေတာကိုတွေ့ရတယ် ။ ခုတင်ထားတဲ့ ပိုစ့်လေးကိုတွေ့ရတော့ အရမ်း ပီတိဖြစ်မိပါတယ် ။ သာဓု သာဓု သာဓု ။
MOEPWINTPHYU
September 21, 2011 at 10:18 am
အခုလိုအားပေးကြတဲအတွက်အရမ်းကျေးဇူးတင်ပါတယ်
မိုးပွင်တိုမြို့ကမောင်လေးကစစ်ဆေးတက်နေတောအိမ်ကိုလာလယ်တဲအခါသူတို့အကြောင်းတွေပြောပြပါတယ်
သူတိုကျောင်းသားတွေတစ်လတစ်ခါပိုက်ဆံစုပြီး လိုအပ်တဲနေရာတွေအလှူလုပ်တဲအကြောင်းတွေပြောဖြစ်ပါတယ်
သူတို့ ရဲအကြောင်းတွေကိုပိုပြီးပြည်စုံအောင်တင်ပေးပါမယ် သူတိုလဲလူမူရေးတွေစိတ်ဝင်စားကြပါတယ်
MOEPWINTPHYU
September 21, 2011 at 3:18 pm
http://www.facebook.com/groups/villagekd/
ဒီမှာသူတို့ အဖွဲရှိပါတယ်သွားရောက်လေ့လာနိုင်ပါတယ်
etone
September 21, 2011 at 4:22 pm
သွားလက်စနဲ့ ဓါတ်ပုံလေးပါ ရိုက်လာခဲ့ပြီးရောနော် … anyway ကျေးဇူးတင်ပါတယ် …ကိုယ်တိုင်အတွေ့ကြုံလေး မျှဝေတဲ့အတွက်ပါ … ။ တကယ့်ကို ဆင်းရဲတဲ့ လူတွေကျတော့လည်း ဆေးမကုနိုင်ရှာဘူး .. စေတနာဆေးခန်းတွေ များများပေါ်လာပါစေလို့ပဲ ဆုတောင်းရတော့မှာပေါ့ … ။ (သဂျီးကိုလည်း ကြောက်ရသေးတယ် သူက ဆုတောင်းတိုင်းမရဘူးပြောပြောနေလို့ … ) ဘာပဲဖြစ်ဖြစ်ပါ .. ဒီပို့စ်လေးဖတ်ပြီး အလှူရှင်တွေ တိုးလာခဲ့လျှင် ၊ စေတနာ ဆေးခန်းလုပ်ချင်သူတွေ များလာခဲ့လျှင် အတော်ပီတိဖြစ်စရာကောင်းမှာပါ .. ။ 🙂
MOEPWINTPHYU
September 21, 2011 at 4:53 pm
တစ်ပတ် ကို လူနာ ၁၈ဝ ၊ အဲဒီလူနာတွေအတွက် ကုန်ကျတဲ ့ဆေးဖိုး က ၄၀၀၀ဝ ကျော် တစ်လ ကို ဆေးဖိုး ၁၅၀၀၀ဝ နဲ ့ ၂၀၀၀၀ဝ ကြား ကုန်မယ်…ရေရှည်အတွက် ကျွန်တော်တို ့ တစ်ခုခု ကို စဉ်းစားကြည့်ကြရအောင်ဗျာ….အားလုံးတိုင်ပင်ပြီး အကောင်းဆုံး အဖြေတခု ရလာမယ်လို ့ မျှော်လင့်ပါတယ်…
ဒါကတောဆရာလေးကိုကြည်နိုင်ရဲစကားသံပါ
သူတို့လဲလူငယ်တွေပါ သူတိုတတ်နိုင်သလောက်လုပ်နေတာကို ဝင်ပြီးအားဖြည်ကြရအောင်ပါ…
ဓာတ်ပုံတွေလဲတင်ပါအုံးမယ်….
ဆူး
September 21, 2011 at 9:36 pm
ပထမဆုံး ပိုစ်မှာ အားရပါးရ ရေးသွားတာ ဖတ်လို့ ကောင်းပါတယ်။
နောက်ထပ်ဆက်ရေးနော်.. အားပေးနေမယ်။
surmi
September 21, 2011 at 11:02 pm
မြိုင် သီလရှင် စာသင် တိုက် ဆို တော ့ ရွှေ ပြည်သာမှာလို ့ ထင် တယ် ။ အဲဒီ မှာ ပရ ဟိတ စာသင် ကျောင်း လဲရှိ တယ် ၊ ကလေးတွေ အတွက် စာအုပ် စာတန်း နဲ ့လိုအပ် ရာရာ ကြိုက် တာလှူ လို ့ ရ တယ် ။ စည်း ကမ်း ရှိ တယ် ၊ အုပ် ချုပ် မှု ကောင်း တယ် ၊ အလှူ ရှင် စေတနာ မပျက် ရအောင် စနစ် ကျတယ်။
အကူ အညီ လို အပ်သူ တွေ က မြို ့သစ် တိုင်း မှာရှိတယ် ၊ ဒီ နိုင် ငံ မှာ သူ တို ့ ကိုယ်သူ တို့ မကယ် နိုင် ကြ တာ ပညာအရည် အသွေး နိမ် ့ ပါး ကြလို ့ထင် တယ်။ စာဖတ် တတ် ရုံ နဲ ့ မလုံ လောက် ဘူး ။
စဉ်း စား တတ်ဖို ့ လို လိမ် ့ မယ် ထင်တယ် ။ မိုး ပွင့် ဖြူ က ရွှေ ပြည် သာ က ဆို ရင် တစ် ခု လောက် တင် ပေး ပါ လား ၊ ရွှေပြည် သာမြို ့ လည် ခေါင် က ထန်း ခြေက် ပင် လမ်း ဆုံ မှာ ဖဲ ဝိုင်း ၊ ကြက် ဝိုင်း နဲ ့ နှစ် လုံး ထီ စာရွက် တွေ ကို ဈေး ထဲမှာ ဗန်း နဲ ့ ထည့် ပြီး အော် ရောင်း နေတဲ ့အကြောင်း ။
MOEPWINTPHYU
September 22, 2011 at 5:20 pm
မိုးပွင်ကကြည်မြင်တိုင်မှာနေတာပါ ရွေပြည်သာကအကြောင်းမသိပါဘူ
အဲဒီကိုနောက်တစ်ခေါက်ရောက်ရင်မေးကြည်လိုက်မယ်လေ
သိချင်ရင်
ဆေးလာကိုတဲလူနာတွေကိုမေးကြည်ရင်သိလောက်တယ်..ဟဲဟဲ