မြန်မာ့ မီးရထားနဲ့ ကျွန်တော်တွေ့ကြုံခဲ့ရသည်များ (၂)
မြန်မာမီးရထားနှင့် ကျွန်တော်တွေ့ကြုံခဲ့ရသည်များ (၁) မှာ လက်မှတ်ရုံမှာ ကြုံခဲ့ရတာကို ရေးခဲ့ပါတယ်။ အခုရေးမှာကတော့ အဲဒီခရီးရဲ့ ရထားပေါ်မှာ ကြုံခဲ့ရတာကိုပါ။
ကျွန်တော် ပထမပိုင်းမှာ ပြောခဲ့သလို လမ်းပိုင်းမြို့ကလေးကနေ မန္တလေးကို ဆက်သွားမယ့်နေ့မှာ အဲဒီဘူတာကလေးကနေ ရန်ကုန်က လာတဲ့ ကျွန်တော်တို့လက်မှတ်ကြို ဝယ်ထားခဲ့တဲ့ ရထားအလာကို စောင့်နေရပါတယ်။ ရန်ကုန်က လာတဲ့ ရထားက ဒီဘူတာလေးမှာ ခရီးသည် တင်ချချိန် ခဏပဲ ရပ်တာပါ။ ရထားရောက်လာတော့ ကိုယ့်တွဲကို အပြေးအလွားရှာပြီး တက်ခဲ့ကြပါတယ်။ တွဲပေါ်ရောက်တော့ ကိုယ်လက်မှတ်ခုံနေရာတွေ ရှာတော့ တွဲများမှားတက်မိသလားလို့ ထင်လိုက်မိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ခုံနံပါတ်နေရာမှာက အကျအန ထိုင်နေကြတဲ့ သူတွေရှိနေကြပါတယ်။
ဒါပေမယ့် တွဲပေါ်မတက်ခင်မှာ တွဲနံပါတ်ကို သေချာကြည့်ခဲ့တာ ဆိုတော့ တွဲနံပါတ်မှန်တာကတော့ သေချာပါတယ်။ ဒါဆို မြန်မာမီးရထားမှာ အမြဲဖြစ်နေကျအတိုင်း တွဲတစ်တွဲထဲက ခုံနံပါတ်တွေကို ခရီးသည် နှစ်ဦးစီ ရောင်းထားတာများလား၊ ဒါမှမဟုတ် ခုံမှာ လူမရှိလို့ ဝင်ထိုင်နေကြတာလား ဆိုတာ မေးကြည့်ရပါတော့တယ်။ အဲဒီ ကျွန်တော်တို့ရဲ့ ခုံနံပါတ်တွေမှာ ထိုင်နေသူတွေကို ဒါကျွန်တော်တို့ရဲ့ ခုံတွေပါလို့ပြောလိုက်တော့ ထိုင်နေသူတွေထဲက တစ်ဦးက ဒါကျွုပ်တို့ခုံ တွဲစောင့်ဆီက ဝယ်ထားတာလို့ ပြောပြီး ခတ်တီတီနဲ့ ဆက်ထိုင်နေကြပါတယ်။ ဒီလိုဖြစ်နေလို့ တွဲစောင့်ကို လိုက်ရှာတော့ တွဲနားမှ မရှိ ခေါ်မကြား ရှာမရပဲ ကိုယ့်တို့တွေမှာသာ အထုတ်အပိုးတွေနဲ့ တွဲပေါ်မှာ နေရာမရ ဖြစ်နေရပါတယ်။
ဒါနဲ့လိုက်ပို့တဲ့ အဲဒီမြို့ခံကို ဘူတာက တာဝန်ရှိသူတစ်ဦးကို အမြန်ရှာပြီး ရထားပေါ်မှ ထိုင်ခုံမဲ့တွေက လက်မှတ်ရှိသူကို နေရာဖယ်မပေးလို့ ရထားမထွက်ခင် ရုံပိုင်ကို တိုင်ချင်ပါတယ်လို့ ပြောခိုင်းလိုက်ရပါတယ်။ မကြာခင်မှာပဲ တွဲစောင့် ရောက်လာလို့ ဒီမှာ တို့တွေ ဝယ်ထားတဲ့ ခုံနေရာတွေကို တွဲစောင့်က ရောင်းတာ ဝယ်ထားလို့ မဖယ်ပေးဘူးလုပ်နေတယ်။ တွဲစောင့်က ရောင်းစားလို့ မဖယ်ပေးဘူးဆိုရင်တော့ တိုင်မယ်လို့ လက်မှတ်ဝယ်ကတည်းက မီးရထားဝန်ထမ်းတွေ မဟုတ်တာ လုပ်တာ တွေ့ထားရတော့ စိတ်ပေါက်ပေါက်၊ မောမောနဲ့ ပြောလိုက်ပါတယ်။ ဒီတော့ တွဲစောင့်က စောစောက ခုံပေါ်မှာ ထိုင်နေသူတွေကို ဖယ်ပေးကြပါ၊ ကျွန်တော်နေရာပြန်စီစဉ်ပေးမယ် ဆိုပြီး ဖယ်ခိုင်းတော့ တွဲစောင့်နဲ့ သူတို့တွေ ကျွန်တော်ရှေ့မှာပဲ ပြသနာ ရှင်းနေကြပြီး တွဲစောင့်က အတင်းဖယ်ခိုင်းလို့ ဖယ်ပေးပြီး တွဲစောင့်ခေါ်သွားရာနောက်ကို ပွစိပွစိ နဲ့ လိုက်သွားကြပါတယ်။
နောက်လမ်းခရီးမှာ ထပ်တွေ့ရတာက တွဲပေါ်မှာ တန်ဆာခ ဆိုပြီး လိုက်ကောက်တဲ့ မီးရထား ဝန်ထမ်းတွေနဲ့ ကုန်သယ်ယူကြသူတွေရဲ့ ငြင်းကြခုန်ကြ ဈေးဆစ်ကြတဲ့ ကိစ္စတွေပါ။ ကျွန်တော်တို့ စီးလာတဲ့ တွဲရဲ့ အိမ်သာဘေးက အခန်းကျဉ်းကလေးရယ်၊ အဆင်းအတက်ပတ်ဝန်းကျင် တဝိုက်မှာ ကုန်စည်အိတ်တွေ အများကြီးတင်လာပါတယ်။ အဲဒီမှာ ဘာဖြစ်ကြတာလဲတော့မသိဘူး၊ ဒီလောက်နဲ့မရဘူး ပိုပေးရမယ်၊ ဘယ်အဖွဲ့က ဘယ်လောက်ရမှဆိုပြီး ဖြစ်နေကြတာပါ။
ဒီတော့တွေ့ရတာက ယခု တစ်ပတ် Hot News Journal မှာ ရထားစီး ခရီးသည်များမှာ တဖြည်းဖြည်း လျော့နည်း ကျဆင်းနေကြောင်း၊ ယခုအခါ မြန်မာ့မီးရထား လုပ်ငန်းမှာ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း ဝန်ကြီးဌာနက ပြောတာ သတင်းရေးထားတာ ဖတ်လိုက်ရတော့ မြန်မာ့ မီးရထားကို တရားဝင် ဝင်ရမဲ့ ပိုက်ဆံတွေကို သူတို့ ဝန်ထမ်းတွေက အောက်ခြေတွေမှာ ယူနေတာတွေ တွေ့ခဲ့ရတာပါ။ မြန်မာ့ မီးရထားလုပ်ငန်းကြီး တိုးတက်ဖို့တော့ မစဉ်းစား မလုပ်ကြပဲ လက်မှတ်ရုံမှာ သန့်ရှင်းရေး လုပ်ရမယ် ကုလားက လက်မှတ်ရောင်းနဲ့ ပေါင်းပြီး မဟုတ်တာတွေ လုပ်နေတော့ ဘူတာပတ်ဝန်းကျင်တွေ ညစ်ပတ်၊ တွဲစောင့်တွေက တွဲမစောင့်ပဲ တွဲပေါ်မှာ ရှာစား၊ ရထားကြီးပေါ်မှာလဲ မီးရထားရဲ၊ တွဲစောင့်တွေ၊ လက်မှတ်စစ်၊ ဂတ်ဗိုလ်နဲ့ စက်ခေါင်းမောင်း အုပ်စုဖွဲ့ လုပ်စားနေကြပါတယ်။ အဲဒါတွေလည်း ဘယ်လိုသိခဲ့ ရသလဲဆိုတော့ ရထားကြီးက တစ်ခါတစ်ခါ အရှိန်လျှော့ပြီး ဖြေးဖြေးမောင်းပေးနေတုန်းမှာ လမ်းက စောင့်နေကြတဲ့ ဈေးရောင်းမယ့်သူတွေက တပ်နဲ့ချီ တက်လာပါတယ်။
ကျန်တဲ့ တွဲတွေပေါ် ဘယ်နစ်ယောက်များတက်ကြတာ မသိပေမဲ့ ကျွန်တော်တို့ တွဲမှာတော့ အပြည့်ပါပဲ။ တွဲပေါ်ရောက်တာနဲ့ သူတို့ချင်း ပိုက်ဆံတွေ လိုက်ကောက်နေကြပါတယ်။ ဂတ်ဗိုလ်နဲ့ စက်ခေါင်းမောင်း ကဘယ်လောက်၊ လက်မှတ်စစ် အဖွဲ့ဘယ်လောက်၊ ရဲကြေးက ဘယ်လောက်နဲ့ ပွက်လောရိုက်နေလိုက်ကြလို့ သိလိုက်ရတာပါ။
ဒီတော့ မြန်မာ့မီးရထား လုပ်ငန်းမှာ အရှုံးနှင့် ရင်ဆိုင်နေရတယ် ဆိုတာက…………………….။
6 comments
windtalker
October 4, 2011 at 12:42 pm
အင်း..ကိုစိန်သော့ က
မိုးယိုတဲ့ upper တွဲ ကို မစီးဖူးသေးလို ့ထင်တယ်
မောင်ပေ 2009/5 လပိုင်းတုန်းက
ရန်ကုန် က မန်းတလေး အပြန်
သက်သောင့်သက်သာ ရှိအောင် ဆိုပြီး
မီးရထားကြီး ပျော်ပျော်စီးတာပေါ့
စက်ခေါင်းတွဲ ရဲ ့အနောက်က သုံးတွဲမြောက် မှာ စီးခဲ့ရတယ်
ခုံတွေကလဲ မဆိုး
ကိုယ့်နားက ခရီးဖော်တွေ ကလဲသန် ့သန် ့ပြန် ့ပြန် ့တွေ ဆိုတော့
စိတ်ချမ်းသာမယ်ပေါ့
နို ့
လမ်းတစ်ဝက်လောက် ၊ နေပြည်တော် ကို လည်း ကျော်ရော
မိုးလည်း ရွာပါလေရော
အိပ်မောကျနေတဲ့ မောင်ပေတစ်ယောက်
တွဲမျက်နှာကျက် က နေ
မိုးရေစက်တွေ တစ်စက်ချင်း ကျလာလို ့
တွဲစောင့် တွေ တာဝန်ရှိသူတွေ ခေါ်တော့လဲ
ဘာမှ မလုပ်ပေးနိုင်
စိတ်ပိန်စွာ နဲ ့ပဲ
တစ်လမ်းလုံး စိုစိစိုစိ ဖြင့်
စီးခဲ့ဖူးကြောင်းပါ ဗျာ
Diamond Key
October 4, 2011 at 1:13 pm
အဲ…ကိုပေကတော့ လုပ်ပြီ။ “မမ” ကြီးရဲ့ စေတနာကို မသိလိုက်တာ။
ကိုယ်ရဲ့ ခရီးသွားတွေ အပြင်မှ ဖြစ်နေတဲ့ သဘာဝ ပတ်ဝန်းကျင်ရဲ့ ဖြစ်စဉ်တွေကို ရထားအတွင်းမှာ စီးနေရင်းကပဲ ခံစားရပါစေ ဆိုတာကိုလေ။
ဒါအပြင်ကိုပဲ နှိပ်လိုက်ရင် လင်းလာတဲ့ မီးကို မတွေ့ရတဲ့ ခလုပ်တွေဆန်းတွေ၊ အပြင်မှာလေတိုက်ရင် အတွင်းမှာလည်တဲ့ ပန်ကာ (ခလုပ်နှိပ်လို့ မလည်ပါ)။ ဟိုက်ဒရောလစ်နဲ့ တင်ချရတဲ့ ပြတင်းတံခါး၊ အိမ်သာထဲက ဖွင့်လိုက်ရင် လေထွက်လာတဲ့ ရေပိုက်၊ ကျန်တဲ့ ထူးဆန်းတာတွေပါ တွေ့ရမှာပါ မမကြီးနဲ့ ခရီးသွားရင်။
nature
October 4, 2011 at 8:47 pm
တခါတလေမှာ လက်မှတ်တွေကကုန်ပြီ ကုန်ပြီနဲ့ ။ ရထားထွက်တော့ ခုံတောင်မပြည့်ဘူး။
naywoonni
October 4, 2011 at 9:08 pm
အဲဒါတွေက ဟိုးး အရင်းတုန်းကပဲ ရှိတယ်ထင်တာ ခုကော ရှိသေးလား…။ မပြောင်းလဲတဲ့ အစဉ်အလာပေါ့..။ ဆက်ပြီးထိန်းသိမ်းထားလိုက်ကြတာ…။
MaMa
October 4, 2011 at 9:33 pm
မြန်မာ့မီးရထားအကြောင်း ရေးပြတာ ကောင်းပါတယ်။ မြန်မာ့မီးရထားမှ မဟုတ်ပါဘူး။ နေရာတိုင်းမှာ ခုလိုလုပ်စားနေကြတာတွေကြောင့် သက်ဆိုင်ရာလုပ်ငန်းတွေမှာ အရှုံးပြနေကြတာပဲ။ (ဥပမာ- ြ့ပည်တွင်းရေကြောင်း)
မြန်မာ့မီးရထားရဲ့ ရွာထဲက အလုပ်ကလေးတစ်ခုက စာလုံးပေါင်း စစ်ဆေးပေးတာပါ။ တာဝန်ကျေအောင် ပြောရမယ် ဆိုရင်ဖြင့်…………
“ခတ်တီတီ” အစား “ခပ်တည်တည်”
“အထုတ်အပိုး” အစား “အထုပ်အပိုး”
ဆိုရင် ပိုကောင်းသွားမလားလို့။ 😀
Diamond Key
October 5, 2011 at 9:08 am
ကျေးဇူးပါ…..မမ အကြောင်းထဲမှာ စာလုံးပေါင်းဝင်စစ်ပေးတဲ့ မမ ခင်ဗျာ။:D