Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဟောင်ကောင် သတင်းဌာနရဲ့ မြစ်ဆုံဆည်အကြောင်းရုပ်/သံ ဘာသာပြန်

ac051126October 4, 20111min59221

ဟောင်ကောင် သတင်းဌာနရဲ့ မြစ်ဆုံဆည်အကြောင်းရုပ်/သံ ဘာသာပြန်

 


မှတ်ချက်…ယူနန်သတင်းဌာနက မဟုတ်ပါ.. ဟောင်ကောင် သတင်းဌာနကဖြစ်ပါတယ်.. ဒေါသတကြီးထုတ်ပြန်ကြေငြာနေတာ မဟုတ်ပါ.. သူတို့ဆီမှာ အဲဒီလို သတင်းတွေကို ဆွေးနွေးပိုင်းခြားတဲ့ အစီအစဉ်ရှိပါတယ်..

သူ့ရဲ့ပြောကြားချက်က ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတဲ့အကြောင်း၊ ဦးသိန်းစိန်နဲ့ ဒေါ်အာင်ဆန်းစုကြည် တွေ့ဆုံချိန် ရုံးခန်းမှာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ချိတ်ဆွဲထားတဲ့အကြောင်း၊ စစ်တပ် အုပ်ချုပ်ပြီးနောက် ဒီလိုဓာတ်ပုံမျိုးချိတ်ဆွဲထားတာကို အခုမှ ပထမဆုံးအကြိမ်တွေ့ရကြောင်း ပြောကြား ပါတယ်.. ဆည်ကိစ္စမှာ သမ္မတဦးသိန်းစိန်က ပြည့်သူသဘောထားကြောင့်ဆိုပြီး ဖျက်သိမ်းတဲ့ အကြောင်း၊ နောင်တချိန်မှာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ရင် တရုတ်ဖက်က သေချာ စဉ်းစားသင့်တ ဲ့အကြောင်း အခြေအနေ တည်ငြိမ်မှုမရှိကြောင်း၊ အမေရိကန်အစိုးရက ဒီကိစ္စကို အလေးထားကြောင်း၊ ဦးသိန်းစိန်ဟာ မနှစ်ကရွေးကောက်ပွဲမှာ အနိုင်ရပြီး ဒီနှစ်မတ်ချ်လမှာ သမ္မတဖြစ်လာတဲ့အကြောင်း၊

အဲဒီတုန်းက ဦးသိန်းစိန် သမ္မတအရွေးခံခဲ့ရတာကို အတုအယောင် ရွေးကောက်ပွဲဆိုပြီး အနောက်နိုင်ငံတွေ က ထင်မြင်ခဲ့ကြောင်း၊ အသိအမှတ်မပြုခဲ့သလို ပြောဆိုဆက်ဆံမှုလည်း မလုပ်ခဲ့ကြောင်း၊ ဒါကြောင့် သမ္မတဦးသိန်းစိန်ဟာ ပြည်တွင်းပြည်ပကပေးတဲ့ ဖိအားတွေကြောင့် ပြည်တွင်းက ပြည်သူတွေရဲ့ ထောက်ခံမှု ကိုရအောင်၊ ပြည်ပက အမေရိကန်ရဲ့ အားပေးမှုကိုရအောင်၊ ပိတ်ဆို့ထားတာတွေ ရုတ်သိမ်းနိုင်အောင်၊ သူ့လက်ထက်က အစိုးရကို တရားဝင်အသိအမှတ်ပြုအောင် ဒီလိုပြုလုပ်တဲ့အကြောင်း၊ သမ္မတဦးသိန်းစိန်ဟာ အမေရိကန်ရဲ့လိုလားချက်ကို ရယူချင်တယ်.. ဒါဟာ သူ့ကိစ္စပါ။

ဒါပေမဲ့ ဒီလိုလုပ်ရပ်မျိုးနဲ့ တရုတ်ရဲ့အကျိုးအမြတ်ကို ထိခိုက်စေတာမျိုးက မသင့်တော်ကြောင်း၊ မြန်မာပြည်ဟာ ဟိုးအရင်ကတည်းက တရုတ်အကူအညီတွေကို ရယူနေတာဖြစ်တဲ့အကြောင်း၊ အခုအချိန်မှ မရဘူးလိုပြောတာဟာ ပြည့်သူဆန္ဒတစ်ခုတည်းကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် ဖြစ်နိုင်ကြောင်း ၊ အဓိက,က ပြည်ပဖိအားဖြစ်နိုင်ကြောင်း၊ မြန်မာပြည်ကို အမေရိကန်က ကျောထောက်နောက်ခံ ပြုထားတဲ့အကြောင်း ဝေဖန်ပိုင်းခြားနိုင်ပါတယ်လို့ ဆိုထားပါတယ်…

မြန်မာပြည်ရဲ့ ကတိမတည်မှုက နိုင်ငံတကာထဲ ဝင်ဆန့်နိုင်တဲ့ အရည်အချင်းမရှိတော့ကြောင်း၊ မလေးစားထိုက်တော့ကြောင်း၊ တရုတ်အတွက်ကတော့ အိမ်နီးချင်းမိတ်ဆွေတစ်ဦး ဆုံးရှုံးသွားတဲ့အပြင် ဘာမှမပိုကြောင်း၊ စိုးရိမ်စရာမလိုကြောင်း၊ ဒီလိုမိတ်ဆွေမျိုးက ယုံကြည်ဖို့… မထိုက်တန်ကြောင်း၊ ဘယ်လို ပြင်းပြင်းထန်ထန်အရေးယူပေးမှ နောင်တချိန် တရုတ်-မြန်မာဆက်ဆံရေးမှာ မြန်မာတွေ ဆင်ခြင်နိုင်မှာဖြစ်တဲ့အကြောင်း၊ မြန်မာရဲ့ ဒီလိုအပြုအမူကို တရုတ်ဘက်က တစ်ခုခု ပြင်းပြင်းထန်ထန် မတုံ့ပြန်ရင် တခြားအိမ်နီးချင်းနိုင်ငံငယ်တွေက တရုတ်ပြည်ကို မထိလေးစားပြုမဲ့အကြောင်း… ဝေဖန်ပိုင်းခြားသွားခဲ့ပါတယ်..

သူပြောတာတွေကို တတ်သိနားလည်သလို ဘာသာပြန်လိုက်ပါတယ်.

ဘာသာပြန်-နိုင်းနိုင်းစနေ

21 comments

  • swam

    October 4, 2011 at 2:17 pm

    မြန်မာပြည်ကတိမတည်ဘူးဆိုတာထက် ဒီကိစ္စဟာ ပြည်သူပြည်သားတွေမသိတဲ့ကိစ္စတစ်ခုပါ။
    ဒီစာချုုပ်က သူတို့အချင်းချင်း လူမသိသူမသိ ချုပ်ဆိုထားတာလေ။ အစကတည်းကပြည်သူတွေသိရင် ဒီအတိုင်းလာဦးမှာပဲ သူတို့လည်းစဉ်းစားရမယ်လေ။ သူတို့ပြောတဲ့ပုံက အပိုင်ကြီးဖြစ်နေတဲ့ပုံမျိုးဖြစ်နေတယ်
    ဗျ။ အိမ်နီးချင်းမိတ်ဆွေတစ်ဦးဆုံးရှုံးသွားတဲ့အပြင် ဘာမှမပိုကြောင်း၊ စိုးရိမ်စရာမလိုကြောင်းတဲ့လား ဒီက ဆယ်ခါ လို့။

    • ac051126

      October 4, 2011 at 9:10 pm

      ကျနော်အမြင်ကတော့ တရုပ်ပြောတာကို မကြေနပ်မိတာက ဒုတိယ၊ ကိုယ့်နိုင်ငံ အုပ်ချုပ်တဲ့သူတွေက နိုင်ငံသားတွေ ရဲ့သဘောကို ဘာမှ အသိမပေးဘဲ။ သူ စိတ်နဲ့ သူကိုယ် စာချုပ်ချုပ်ခဲ့တာဘဲ။ တကယ်စတင် ဆောက်လုပ်တော့မှ ကျနော်တို ့နိုင်ငံသားတွေမှာသိခဲ့တာဘဲ။ အခုနိုင်ငံ သားတွေကသိတော့ ကန့်ကွက်ကျတော့မှ ပထမ ဝန်ကြီးဆိုတဲ့လူက လည်း ဆက်လုပ်မယ်၊ဘယ်သူမှ ဂရုမစိုက်ဘူးဆိုပြီးပြောခဲ့သေးတယ်။ စည်းကမ်းကျသောဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နေပြီ ဆိုတာဘဲ။ ပြည်သူတွေရဲ့သဘောထားကို လုံးဝ မငဲ့ကြည့်တာဘဲ။ နောက်သမတ ကထွက်ပြောပြန်ရော အခု သမတ လက်ထက်မှာ ဆိုင်းငံ့ထားလိုက်တယ်တဲ့။ ဖျက်သိမ်းတာလည်းမဟုတ်ဘူးနော်။ တရုပ်ဘက်လည်းသွားပြီး ဆွေးနွေး ပြီး မှကြေညာတဲ့ ပုံမျိုးမဟုတ်ဘူး။

  • နွယ်ပင်

    October 4, 2011 at 2:36 pm

    “မြန်မာရဲ့ ဒီလိုအပြုအမူကို တရုတ်ဘက်က တစ်ခုခု ပြင်းပြင်းထန်ထန် မတုံ့ပြန်ရင် ”
    ဆိုတော့ ဘယ်လိုများ ပြင်းပြင်းထန်ထန် တုန့်ပြန်မှာပါလိမ့်
    “အိမ်နီးချင်းမိတ်ဆွေတစ်ဦးဆုံးရှုံးသွားတဲ့အပြင် ဘာမှမပိုပါဆိုတော့ ”
    မကောင်းတဲ့ အိမ်နီးချင်း ကိုယ့်အိမ်ထဲကိုပဲ သွင်းနေတဲ့ အိမ်နီးချင်းကို ဆုံးရှုံးရတယ်ဆိုတော့
    ဆုံးရှုံးတယ်လို့ ပြောလို့ရပါဦးမလား …

  • swam

    October 4, 2011 at 2:42 pm

    ဟောင်ကောင် ဆိုတဲ့အတိုင်း ဟောင်တဲ့အကောင်တွေအားတိုင်းယားတိုင်းအော်နေကြတောပေါ့ ။
    ဒီကောင်တွေ ငြိမ်ငြိမ်နေအောင်အမဲလုံးတွေ ကျွေးမှထင်တယ် ။

    အမဲလုံးရန်ပုံငွေ
    တစ်အိမ်တစ်လုံးနှုန်းဖြင့်

  • thureinmaung

    October 4, 2011 at 4:46 pm

    ရာရာစစ၊
    ဒီစောက်တယုတ်တွေကများ အိမ်နီးချင်းတစ်ဦးဆုံးရှုံးမယ်ဘာမယ်လုပ်နေသေး
    ဒင်းတို့ မြန်မာပြည်နဲ့မကင်းကွာနိုင်ပါဘူး၊ မြန်မာပြည်ကိုမှမပေါင်းယင်ဒင်းတို့အကျိုးစီးပွားပျက်မှာ
    အကြီးစားရေအားလျပ်စစ်စီမံကိန်းတွေ(မေခ၊မေလိခ၊ရွှေလီ၊တာပိန်….) ဘယ်သူ့နယ်မြေထဲမှာလဲ
    ကျော်ဖြူရေနက်ဆိပ်ကမ်းကနေ ဓါတ်ငွေ့တွေကိုဘယ်လိုယူမှာလဲ၊ ကုန်စည်တွေကိုဘယ်လိုသယ်မှာလဲ
    မြန်မာပြည်ကိုနှစ်ပိုင်းဖြတ်ပြီးအမြန်ရထားဖေါက်အသုံးချပြီးကိုယ့်တိုင်းပြည်အရောက်အကျိုးစီးပွားကြီး
    စွာဖြစ်ထွန်းစေမယ့်စီမံကိန်းကြီးတွေဘယ်သူ့ပိုင်နက်နယ်မြေထဲမှာရှိနေလဲ၊
    ကျုပ်တို့မြန်မာပြည်သားတွေကသာလို့တောင်ဒီစကားပြောလို့ရသေး၊ ဒင်းတို့နဲ့မပါတ်သက်လို့လဲ
    ဘာမှမဖြစ်ဘူး၊ ပေါပေါစုတ်စုတ်ပစည်း၊အန်တရာယ်ရှိတဲ့အစားအစာတွေဘဲရတဲ့နေရာ၊
    စော်စော်ကားကား၊ဆုံးမမယ်တဲ့
    ဒင်းတို့အကျိုးစီးပွားအကုန်ပျက်သုန်းသွားမှာ၊ မိုက်မိုက်ရိုင်းရိုင်း အမျိုးယုတ်တွေ

  • pan pan

    October 4, 2011 at 5:08 pm

    အမလေး
    သူတို့ကပဲပြောရတယ်ရှိသေး
    သူတို့နိုင်ငံ အကျိုးအမြတ်ရဖို့အတွက် သူတပါးနိုင်ငံ တစ်နိုင်ငံလုံး ဘာဖြစ်ဖြစ်ဆိုတာမျိုး
    ကိုယ်ချင်းစာစိတ်မရှိတဲ့ဟာတွေ
    အပယ်လားမယ့်ဟာတွေ
    သူတို့လို အိမ်နီးချင်းမျိုးဆယ်ခါပြန်ဆလံသတယ်
    ဆုံးရှုံးလို့ ကတောင်ကလိုက်ဦးမယ်
    ခုနက ပိုစ့်တစ်ခုမှာလည်း ဖတ်လိုက်ရသေးတယ်
    သူတို့ဘက်က ကုမ္ပဏီတွေရဲ့ အကျိုးအမြတ်အတွက် ပြန်တောင်းဆိုသတဲ့
    အကျိုးအမြတ်တစ်ခုတည်း ကြည့်သလား
    ဒီမှာက သမိုင်းတွေ၊ သွေးတွေ၊ ဘဝတွေ၊ သဘာဝတွေ၊ အဖိုးမဖြတ်နိုင်တာတွေ အားလုံးဆုံးရှုံးမှာ လဒတွေရဲ့

  • Shwe Ei

    October 4, 2011 at 5:15 pm

    စိတ်လျှော့ကြပါဗျာ၊ ဒါသူတို့သဘောနဲ့သူတို့ ဝေဖန်ပိုင်းခြားတဲ့ဇာတ်လမ်းပါ။ မစားရတဲ့အမဲ သဲနဲ့ပက်တာလဲ ဖြစ်မှာပေါ့။ ကိုယ်တွေဘက်က လောလောဆယ်စိတ်ချမ်းသာနေရဘီဘဲ။

  • windtalker

    October 4, 2011 at 7:06 pm

    အမေရိကန် နဲ ့တရုတ် က
    ကျုပ်တို ့ဘိရုမာ ကို
    လက်မလွှတ်ရဲပါဘူး ဗျာ
    ကျုပ် ပြောရဲတယ်

    • pan pan

      October 5, 2011 at 10:23 am

      ကိုပေက ဂျပန်သံနဲ့ပြောနေတယ်
      ဘိရုမာ တဲ့

  • blackchaw

    October 4, 2011 at 7:17 pm

    အုပ်ချုပ်သူ မကောင်း ပြည်သူ့ခေါင်း ဆိုတဲ့ အပေါက်မျိုး ဖြစ်နေပြီဗျို့။

  • cross

    October 4, 2011 at 7:25 pm

    ဘာတွေဖြစ်နေဖြစ်နေ သမ္မတကြီးကို ထောက်ခံပါတယ်၊
    ကျုုပ်တို့ ဖွံ့ဖြိုးဆဲ နိုင်ငံအတွက်ကတော့ တရုတ်တွေရဲ့ အပေါစားပစ္စည်းတွေနဲ့ လုံးချာပတ်လည်
    လိုက်နေကြပါပီ၊
    အိမ် တစ်အ်ိမ်ချင်းစီ ကိုလိုက်ကြည့်ဦးမလား ၊ တရုတ်မိတ် ပစ္စည်းတွေ ရဲ့ အပျက်အစီးပုံကြီးတွေ
    များလှပါပြီ၊
    ဆင်းရဲတဲ့နိုင်ငံကို ပိုပီးဆင်းရဲအောင် အထောက်အပံ့ပေးနေသလားလို့ မေးချင်တာပါပဲ ။
    ဟုတ်ပ.. :mrgreen:
    မိဘ မကောင်း သားသမီးခေါင်း ပါ….၊
    အသားလေးဖြူသလောက် စိတ်ပုပ်တဲ့ အမောင်တရုတ် ရေ… ။

  • luzaw

    October 4, 2011 at 8:56 pm

    ဆုံးမမယ် ဆိုပါလား…၊
    ပေစုတ်စုတ် တရုတ်က ပြောတယ်ပေါ့…၊
    ခုနောက်ပိုင်း သူတို့ဆီက ဝင်လာတဲ့ စားသောက်ကုန်ပစ္စည်း တွေကိုသတိထားရမယ်…၊
    စေတနာထားသလိုလို နဲ့ ဆုတ်ယုတ်အောင်လုပ်နေတဲ့ တရုတ်တွေ…။

    • ပေစုတ်စုတ်

      October 5, 2011 at 3:04 pm

      ကျွန်တော်က မြန်မာပါခင်ဗျာ…
      တရုတ်မဟုတ်ပါဘူး… စိတ်ခြူးကြာညောင် လဲခံစားတတ်ပါတယ်ခင်ဗျ…
      ဧရာဝတီမြစ်ကြီး ကိုလဲချစ်ပါတယ်…

      ကြုံလို ့ပြောဦးမယ်ဗျာ.. အခုကိစ္စမှာ ကျွန်တော်တော့
      တရုတ်တရုတ်လို ့သိမ်းကြုံးရမ်းကြတဲ့အခါများဆို
      တရုတ်သွေးပါပေမယ့် မြန်မာပြည်ပေါက် မြန်မာ့ရေသောက်ကြီးပြီး မြန်မာစိတ်ပေါက်နေတဲ့ တရုတ်တွေ မြန်မာနိုင်ငံသားအဖြစ် ခံယူနိုင်ပြီး အမေကျော်ဒွေးဒေါ်မလွမ်းတဲ့ တရုတ်လူမျိုး (မြန်မာနိုင်ငံသား) တွေကိုအားတော့နာမိတယ်ဗျို ့…

      ဆန့်ကျင်ဘက်အားဖြင့်လဲ… မြန်မာပြည်ထဲနေ ..မြန်မာ့ရေသောက်ပြီး… သူတို့ကိုယ်သူတို့ စိတ်ကြီးဝင် စော်ကားမော်ကားလုပ်ချင်ကြတဲ့ တရုတ်တွေကိုတော့လဲ ချဉ်မိသား….

  • naywoonni

    October 4, 2011 at 8:59 pm

    မကောင်းနိုင်လျှင် ကင်းအောင်နေ
    မကင်းနိုင်လျှင်ကောင်းအောင်နေ

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 5, 2011 at 1:06 am

    တော်တော်တော့ စိတ်ဝင်စားစရာကောင်းလာပြီလို့ပြောရမှာဘဲ
    ဝေဖန်ရတာခပ်ခက်ခက်ဘဲဆိုရမလားသိဘူး
    ဆည်ကိစ္စကို ရပ်ထားပေးမယ်လို့ကြေငြာလိုက်ပြီး
    နိုင်ငံရေးအကျဉ်းသားကိစ္စကို ခုမှ ဆွေးနွေးနေကြတယ်လို့တော့ သတင်းအရပြောနေတာပါဘဲ
    ဒီနိုင်ငံရေးအကျဉ်းသားလွှတ်ပေးဘို့ကို
    ဆန်ရှင်ပြန်ဖွင့်ပေးရေးနဲ့ ချိတ်ထားတယ်လို့တော့ ထင်မိတာဘဲ
    ( တရုတ်အတွက်ကတော့ အိမ်နီးချင်းမိတ်ဆွေတစ်ဦး ဆုံးရှုံးသွားတဲ့အပြင် ဘာမှမပိုကြောင်း )
    ( ပြည်ပက အမေရိကန်ရဲ့ အားပေးမှုကိုရအောင်၊ ပိတ်ဆို့ထားတာတွေ ရုတ်သိမ်းနိုင်အောင်၊ သူ့လက်ထက်က အစိုးရကို တရားဝင်အသိအမှတ်ပြုအောင် ဒီလိုပြုလုပ်တဲ့အကြောင်း )
    ( မြန်မာရဲ့ ဒီလိုအပြုအမူကို တရုတ်ဘက်က တစ်ခုခု ပြင်းပြင်းထန်ထန် မတုံ့ပြန်ရင် တခြားအိမ်နီးချင်းနိုင်ငံငယ်တွေက တရုတ်ပြည်ကို မထိလေးစားပြုမဲ့အကြောင်း)
    ဒီအကြောင်းသုံးချက်သာ ဘာသာပြန်တာမှန်ခဲ့မယ်ဆိုရင်
    သူတို့တွေ မြန်မာနိုင်ငံကို
    အမေရိကန်ကြောင့် အထက်စီးကနေပြုမူဘို့ခက်နေပုံရတယ်
    သူတို့တွေ မမှန်မကန်လုပ်ထားတာကိုလည်း မလုံမလဲပုံရှိတယ်
    ဒါပေမယ့် တစ်နည်းနည်းနဲ့ လုပ်မယ်လို့ သတိပေးသလိုလို ခြိမ်းခြောက်သလိုလိုရှိလားတော့
    ပြောရအခက်သား
    ဒီလိုဖြစ်လာမယ်လို့ မျှော်လင့်ထားပုံလည်းမရဘူးထင်တယ်

  • kai

    October 5, 2011 at 1:37 am

    သိပ်အဆိုင်ကြီးမဟုတ်ပေမဲ့.. စဉ်းစားလို့ရအောင်ပါ..

    ပြီးခဲ့တဲ့နှစ်က.. အမေရိကားရေပိုင်နက်ထဲ.. ဗြိတိသျှရေနံကုမ္ပဏီရဲ့.ကမ်းလွန် ရေနံတွင်းပေါက်ထွက်ပြီး.. ရေနံတွေဖိတ်တော့…. သဘာဝပါတ်ဝန်းကျင်ပျက်စီးတာအပါအဝင်..အမေရိကန်စီးပွားရေးတွေ ဘီလီယန်ချီနစ်နာတယ်..။ အဲဒါကို.. အိုဘားမားအစိုးရက.. ဗြိတိသျှရေနံကုမ္ပဏီ..ဘီပီကုမ္ပဏီကို.. ဒေါ်လာသန်း၂ဝဘီလီယန်ချီလျှော်ကြေးတောင်းတာပဲ..။ တပြိုင်ထဲ အဲဒီရေနံတူးတဲ့လုပ်ကွက်စာချုပ်တွေပါ အကုန်ရပ်ဆိုင်းပစ်တယ်..။
    ဗြိတိသျှအစိုးရက ဘာမှဝင်မပြောပါဘူး..
    သူများမြေထဲ စီးပွားရေးသွားလုပ်တာ.. ဒီလိုတော့ စဉ်းစားထားရမယ်ပေါ့..
    ဒါတွေက.ပြသနာ.ဖြစ်ပြီးမှ.. လုပ်တာတွေပါ..။
    Ref:
    http://environment.about.com/od/environmentalevents/tp/10-Things-You-Need-To-Know-About-The-Deepwater-Horizon-Oil-Spill.htm

    အခုကိစ္စကတော့.. သဘောတူပြီး..စာချုပ်ကို.. မြန်မာဖက်က..ကြိုမညှိပဲဖျက်ပစ်တာ..။
    ကမ္ဘာ့ခုံရုံးတက်.. တရားဆိုင်ကောင်းဆိုင်ရလိမ့်မယ်ထင်ပါတယ်..။
    တရားရှုံးရင်တော့.. ထိုက်သင့်တဲ့လျှော်ကြေးပေးသင့်ပါတယ်…

    ထိုက်သင့်တဲ့..တာဝန်ယူမှုတွေမလုပ်ပေးရင်.. နောင်ဝင်လာမဲ့..နိုင်ငံခြားရင်းနှီးမြုတ်နှံမှုတွေအကုန်.. လက်လန်သွားလိမ့်မယ်..။

  • kai

    October 5, 2011 at 3:20 am

    WikiLeaks cables: Americans funded groups that stalled Burma dam project

    Newly leaked document reveals support for opponents of proposed Myitsone dam, widely seen as a Chinese project
    Foreign staff
    guardian.co.uk, Friday 30 September 2011 08.27 EDT

    The US embassy in Rangoon funded some of the civil society groups in the Burmese region that forced the government to suspend a controversial Chinese dam on the Irrawaddy river, according to a US diplomatic cable.

    The January 2010 cable on the $3.6bn (£2.3bn) Myitsone dam project noted that local groups had “voiced strong opposition to the project on economic, environmental and cultural grounds and have organised grassroots campaigns to rally others to their cause”.

    The cable, signed by then US charge d’affaires, Larry Dinger, went on to say: “An unusual aspect of this case is the role grassroots organisations have played in opposing the dam, which speaks to the growing strength of civil society groups in Kachin state, including recipients of embassy small grants.”

    Dinger said that although Burma had launched a number of hydropower projects to address its acute electricity shortages, the Myitsone dam was widely seen as a Chinese project, with China the principal beneficiary.

    “Given past evidence from foreign investments in Burma’s energy sector, it is very likely, as many locals believe, that both construction of the dam and the energy it produces will primarily benefit Chinese companies and consumers, rather than Burmese,” he said.

    Presciently, he added: “Dam-related social unrest is a possibility in light of the already-tense political situation in Kachin state and the dislocations the project is expected to cause.”

    http://www.guardian.co.uk/world/2011/sep/30/us-embassy-cables-burma-myitsone-dam?INTCMP=SRCH

  • မှော်ဆရာ

    October 5, 2011 at 7:49 am

    ဒီသတင်းဟာ တရုတ်အစိုးရရဲ့ သဘောထားလား
    သတင်းဌာနရဲ့ သဘောထားလား သိဖို့လိုလိမ့်မယ်ထင်တယ်..
    တရုတ်ကတော့ နောက်တစ်ခါ နင့်ဆီ ငါမလာတော့ဘူးလို့တော့ မလုပ်လောက်သေးဘူးထင်တယ်
    ဘာလို့ဆိုတော့ မြန်မာနိုင်ငံက ရသမျှ သူက အသာကြီးပဲကိုး…
    ဒီဟာက မရ တခြားဟာ လှည့်ယူလိမ့်မယ် ထင်တာပဲ
    သူမဝင်ရင် တခြားက ဝင်ဖို့ချောင်းနေတာကိုး….. သဘောထားကြီးစွာ ခွင့်လွှတ်ပါတယ်ပဲ လုပ်လိမ့်မယ်ထင်တယ် ….
    မြန်မာရယ် နင်ကလဲ ဟိုဘက်က အနှိုက်ခံရ ဒီဘက်က အနှိုက်ခံရနဲ့
    နိုင်ငံမို့လို့သာပေါ့ လူသာဆိုရင်တော့ ………..

  • naung

    October 5, 2011 at 10:02 am

    ပြင်းပြင်းထန်ထန် အရေးယူပေးမှ ဆိုတာဘာလဲ
    ပြင်းပြင်းထန်ထန် မတုံ့ပြန်ရင် ဆိုတာဘာလဲ

    လာစမ်းကြည့်လိုက်လေ၊
    ဗမာ့သွေးဘယ်လောက်ရဲသလဲဆိုတာပြလိုက်မယ်
    ဗမာ့သတ္တိ ဘယ်လောက်ဘယ်လောက်ကောင်းသလဲဆိုတာ တရုတ်တွေတင်မကဘူး ကမ႓ာကသိအောင်ကို ပြလိုက်အုံးမယ်

  • tra

    October 5, 2011 at 11:54 am

    ကျုပ်တို့ မြန်မာက ဒါ ဒို့ရဲ့ “အမျိုးသားရေးတာဝန်´´
    တရုတ်ကလည်း သူတို့ရဲ့ “အကျိုးစီးပွား´´
    သိချင်တာက ဒါတွေကို စီစဉ်ခဲ့တဲ့ “ဘဘကြီးတွေ၊ ကြားပွဲစားကြီးတွေ´´ အခုသူတို့ဘာလုပ်နေကြလည်း။

    • မှော်ဆရာ

      October 5, 2011 at 3:25 pm

      ဘဘကြီးတွေ ငွေနဲ့ ထိုင်ခုံ လုနေကြပါသည်။ တစ်ခုခုတော့ လက်လွှတ်ရတော့မှာပေါ့ .

Leave a Reply