ရက်စက်သော နေပြည်တော်ကောင်စီနှင့် တရားစီရင်ရေးကို နှောင့်ယှက်သူများ
Check and Balance ဆိုပြီးပြောနေကြတာတွေ ဒီလောက်များနေပေမယ့် တကယ့် တရားစီရင်ရေးမှာ ဝင်ပြီးတာဝန်ထမ်းဆောင်နေတဲ့ တရားဥပဒေသမား တရားသူကြီးတောင်
ဥပဒေအရ သူဟာ ဘယ်သူ့စကားမှ နားထောင်စရာမလိုဘူး ဆိုတာကို မသိသေးတာလား၊ ကြောက်နေရဆဲလား၊ အဖြစ်အပျက်တွေက အကောင်းအဆိုးရောထွေးနေဆဲပါပဲ။
တရားစီရင်ရေး စနစ်ဟာ လွပ်လပ်မှု ရှိရမယ်ဆိုတာ တရားသူကြီးကတောင် မသိတော့ပဲ အမိန့်ချဖို့ တစ်စုံတစ်ယောက်ရဲ့ ညွှန်ကြားချက်ကို စောင့်ရတယ်လို့ ပြောရဲတာ အံ့ပါရဲ့။ အရှက်မရှိ ပညာမတတ် ဖြောင့်မတ်မှုနဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးထားရကောင်းမှန်းမသိတဲ့ နလပိန်းတုန်း အခွင့်အရေးသမားတွေက တရားသူကြီး တက်လုပ်နေကြရင် တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေး ဘယ်လာဖြစ်ပါတော့မလဲ။
မနေနိုင်လွန်းလို့ ဒီလို အဖြစ်ဆိုးတွေ ထပ်မံမဖြစ်အောင် တတ်နိုင်သမျှတားပေးနိုင်သူများ တားပေးကြဖို့ ကိုယ်ဖတ်မိတာလေး ရှယ်ပေးလိုက်တာပါ။
၂၀၁၁ စက်တင်ဘာလ (၂၃) ရက် နေပြည်တော်ဇဗ္မူသီရိမြို့နယ်၊ခရေအရာရှိကြီးများဝန်ထမ်း
အိမ်ရာ ညသန်းခေါင် (၁၂) နာရီအချိန်မှာဧည့်စာရင်းစစ်ဆေးရန်ဟုဆိုကာနေပြည်တော် အမှတ်(၅)ရဲစခန်းမှရဲများနှင့်နေပြည်တော်ကောင်စီအဖွဲ့ဝက်များကဝုန်းဒိုင်းကြဲအထိတ်တလန့် ဝင်ရောက်စီးနင်းရှာဖွေခဲ့ပါသည်။ယင်းသို့ဝင်ရောက်စီးနင်းရာတွင်နေပြည်တော်Junction Centre ရှိအရာရှိကြီးတဦးပိုင်ဆိုင်သည့်ဖိနပ်အရောင်းဆိုင်မှအရောင်းဝန်ထမ်းမိန်းကလေး(၆)ဦးကို
ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး၊လက်ထိပ်မရှိသောကြောင့်ထိုမိန်းကလေးများကိုသံကြိုးဖြင့်ချည်နှောင်
ပြီးနေပြည်တော်အမှတ်(၅)ရဲစခန်းသို့ခေါ်ဆောင် သွားခဲ့သည်။
နာက်တနေ့နံနက်တွင်နေပြည်တော်အမှတ်(၅)ရဲစခန်းမှပျဉ်းမနားမြို့နယ် တရားရုံးသို့ရုံးထုတ်
ခဲ့ပြီး၊နေပြည်တော်ကောင်စီ၏အမိန့်ဖြင့်ထိုအရောင်းဝန်ထမ်းမိန်းကလေးငယ်များကိုရက်ရက်
စက်စက်ထောင်ဟဏ်(၁၅)ရက်အပြစ်ပေးလိုက်ပါသည်။
အဆိုပါအရောင်းဝန်ထမ်းအမျိုးသမီးလေးများမှာဘွဲ့ရပညာတတ်၊မိကောင်းဖခင်၊အမျိုးကောင်း
သမီးလေးများဖြစ်ပြီး၊တနယ်တကျေးမှလာရောက်၍မိဘများကိုသမ္မာအာဇီဝဖြင့်ရိုးသားစွာရှာဖွေ
ကျွေးမွေး နေသူလေးများဖြစ်သည်။ထိုကဲ့သို့ရက်ရက်စက်စက်သားသမီးချင်းကိုယ်ချင်းစာနာ စိတ်မရှိဘဲထောင်ချရန်အမိန့်ပေးခဲ့သူမှာယခင်(နယ်စပ်စည်ပင်ဝန်ကြီး)ယခုနေပြည်တော်ကောင်စီ
ဥက္ကဌ၊ သမ္မတရုံး ဝန်ကြီး၊နေပြည်တော်မြို့တော်ဝန်ဦးသိန်းညွန့်ပင်ဖြစ်ပါသည်။ယခုကဲ့သို့တရား ဥပဒေကိုကျော်လွန်ပြီးအပြစ်မဲ့လုပ်သားပြည်သူများကိုထောင်ချဖမ်းဆီးနေခြင်းသည်ဒီမိုကရေစီ
နိုင်ငံတော်တည်ဆောက်ရေး အတွက်လွန်စွာမှဆိုးဝါးလှသော အဖျက်အမှောင့်လုပ်ရပ်ကြီး တ ခုဖြစ်ပြီး၊လူ့အခွင့်အရေးကိုပြင်းထန် စွာချိုးဖောက်နေခြင်းပင်ဖြစ်သည်။
ဘွဲ့ရပညာတတ်အမျိုးကောင်းသား၊အမျိုးကောင်းသမီးများကိုတော့ထောင်သွင်းအကျဉ်း
ချပြီး၊နေပြည်တော်နှင့် ရန်ကုန်မြို့ရှိအနှိပ်ခန်းမှမိန်းမပျက်များ၊ဘားလမ်းကားမှတ်တိုင်၊ပန်း
ဆိုးတန်းကားမှတ်တိုင်၊စံပြဈေးကားမှတ်တိုင်တွင်ပြည့်တန်ဆာလုပ်ငန်းကိုလုပ်ကိုင်နေကြသော
အကျင့်ပျက်ပြည့်တန်ဆာမလေးများနှင့်ဥပဒေဘက်တော်သားဟု ပြောပြောနေကြသော
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊SB၊စအဖအစရှိသည့်ထောက်လှမ်း၊ရပ်ကွက်အုပ်ချုပ်ရေးမှုးများ
ပျော်ပါးမြူးတူးကူးလူးဆက်ဆံနေကြသည်များကိုမြင်တွေ့မိသောအခါဝယ် ရင်ထဲတွင်
နေအစင်းတစ်ရာမကပူလောင်ပြင်းထန် စိတ်နှလုံးနာပြီး ယူကျုံးမရဖြစ်ရပါတော့သည်။
(နေပြည်တော်ရှိ သတင်းထောက်တဦး၏ ရင်ဖွင့်စကားသံကို အောက်တွက်ဆက်လက်
ဖတ်ရှုနိုင်ပါသည်။) အောက်က လင့်ခ်မှာ ဆက်လက်ပြီး အကျယ်ကို ဖတ်နိုင်ပါသည်ခင်ဗျား..။
http://luthuorthan.blogspot.com/2011/10/blog-post_3938.html
12 comments
moethidasoe
October 6, 2011 at 4:54 pm
ဟုတ်မှန်တယ် ဆိုရင် တိုင်လို့ ရတယ်
ဆိုင်ပိုင်ရှင်ကရော ဘာမှ ဝင်မပြောဘူးလား
အခန်းပိုင်တွေကရော ဘာမှ ဝင်မပြောဘူးလား
aungnng87
October 6, 2011 at 4:57 pm
အမှုကတော့ဧည့်စာရင်းမတိုင်တဲ့အမှုပေါ့။ ဧည့်စာရင်းမတိုင်လို့မိရင်ထောင်ဒဏ်၇.ရက်လို့တော့ သိထားတယ်။ အဲဒါကြီးကလည်းမကောင်းပါဘူး။ လူတွေလွတ်လွတ်လပ်လပ်မနေရဘူး။ ပြီးတော့ဧည့်စာရင်းတိုင်ရင် ပိုက်ဆံကလည်းပေးရသေးတယ်။ ပြီးတော့အကန့်အသတ်နဲ့။ ကိုယ်နေချင်သလောက်လည်းနေလို့မရဘူး။ နိုင်ငံရေးသမားဆိုပိုဆိုးသေးတယ်။ အဲဒီစံနစ်ကြီးကပျောက်သင့်နေပြီ။ သူများနိုင်ငံတွေဆို ဧည်.စာရင်းဆိုတယဘာလဲလို့တောင်မေးယူရဦးမယ်။ အရေးကြီးတာကိုယ်ဟာဒီနိုင်ငံသားမှတ်ပုံတင်ကဒ်ရှိရင်၊ ဧည့်စာရင်းစစ်ဆေးတဲ့အချိန်မှာ မှတ်ပုံတင်ကဒ်ကိုပြနိုင်ရင်ပြီးတာဘဲမဟုတ်လား။ နေရာတကာမှာလုံခြုံရေးမျက်စိနဲ့ကြည့်နေရင်ဘယ်ဖြစ်နိုင်ပါ့မလဲ။ သူများနိုင်ငံတွေသူတို့တိုင်းပြည်ကိုဘယ်လိုတွေအုပ်ချုပ်နေလဲ။ကြည့်ပါလား။ သူတို့ပြည်သူတွေကိုလွတ်လပ်စွာဘဲထားတယ်။ သူများနိုင်ငံသားတွေကိုလည်း ရာဇဝတ်မှုမကျူးလွန်ရင်ပစ်ပစ်ခါခါမလုပ်ဘူး။ အကောင်းဆုံးကဧည့်စာရင်းတိုင်ရတဲ့စံနစ်မရှိတော့ရင်ကောင်းမယ်။ ဒီစံနစ်ရှိနေသေးသမျှတော့ မတိုင်ရင်ခံရမှာဘဲ။
nayminn
October 6, 2011 at 5:06 pm
ကဲ…ဧည့်စာရင်းတိုင်ဖို့ မမေ့ကြနဲ့နော်..။
မိုက်ကယ်ဂျော်နီအောင်ပု
October 6, 2011 at 5:08 pm
အဲ့သည်အဖြစ်ပျက်က မှန်သည်မမှန်သည်က တစ်ပိုင်းပါ
သေခြာတာက မြန်မာပြည်ထဲမှာ ကိုယ့်အိမ်ကိုယ်နေပြီး
မှတ်ပုံတင်အစစ်ခံနေရတာကတော့ မနိပ့်ဘူးဗျ ဒါကတော့ လူတိုင်းသိတယ်
နောက်တစ်ခုက ဒီမိန်းကလေးတွေကို ဆွဲတဲ့အမှု့ဆို ပိုတောင်ဆိုးသေး
တကယ့်ပြဿနာက မြန်မာနိုင်ငံသားတွေ မြန်မာပြည်ထဲမှာ
မှတ်ပုံတင်ရှိတာတောင် လွပ်လွပ်လပ်လပ် သွားလာခွင့်မရှိတာဘဲ
နိုင်ငံခြားမှာဆိုရင်တော့ဗျာ တရားမဝင်နေထိုင်သူတွေဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့
ခုတော့ ကိုယ့်နိုင်ငံမှာ ဒီလူနဲ့ဒီလူဗျာ မြန်မာစကားပြောတာဘဲ
ခပ်ရှင်းရှင်းပြောရရင် ပါးစပ်ဟတာနဲ့ မြန်မာမှန်းသိနေပြီဘဲ
မြန်မာနိုင်ငံသားမှန်းသိပါရဲ့ ဘာကိုထပ်ပြီး ဘာကိုတာလည်းသိတော့ဘူး
ပြောလိုက်ရင် လုံခြုံရေးပေါ့
တော်တော်မကျေနပ်စရာတော့ကောင်းပါ့
windtalker
October 6, 2011 at 6:40 pm
ကျွန်တော် ကြားဖူးနေတဲ့ သတင်းတစ်ခု ရှိတယ်
ကြားခဲ့တာတော့ ကြာပါပြီ
2011 နှစ်ဆန်းပိုင်းလောက်ကတဲကပါ
ပြန်ရေးရမှာ လန် ့လို ့ရယ်
အခု ကိုလင်းဝေကျော်ရဲ ့ပို ့စ်ကိုဖတ်အပြီးမှာတော့
နဲနဲဝင်မန် ့ချင်ပါတယ်
နေပြည်တော်မှာ လုပ်ကိုင်နေရတဲ့
ပညာတတ်ဝန်ထမ်းတွေ ဟာ ရတဲ့လခ နဲ ့ဘယ်လို မှ မသုံးလောက်ကြပါဘူး
ရတာမှ ၈ သောင်းကျပ် ပတ်ချာလည် ဗျာ
သွားတာလာတာ က တစ်နေရာနဲ ့တစ်နေရာ တော်တော်ဝေးတာဗျ
ကိုယ်ပိုင်ဆိုင်ကယ် နဲ ့ဆိုရင်တော့ ဆီဖိုးပေါ့
ကိုယ်ပိုင်မရှိလို ့ဆိုင်ကယ်တက်ကဆီ ဆိုရင်လည်း အာကေ ကမနည်းဘူးဗျ
မနက် ဘရိတ်ဖတ်စ် က ၅၀ဝ ကျပ် ကနေ ၁၀၀ဝ ကျပ်
တစ်နေ ့ထမင်းနှစ်နပ် ဖိုးတင် ၃၀၀ဝ ကျပ်ခန် ့ရှိတယ်ဆိုတော့….
ချက်စားဖို ့ကြတော့လည်း ၊ နေ ့စဉ်အတွက် အဆင်မပြေ
ဒါတောင် နေစရာက ဝန်ထမ်းအိမ်ယာမှာ အခန်းရလို ့ရယ်သာ
အဲဒီမှာ ကြားရတဲ့သတင်းဟာ
ယောက်ျား အဆောင် ၊ မိန်းမ အဆောင် ခွဲခြားမှု မရှိတော့ဘူး တဲ့
ရုံးပိတ်ရက်တွေ ဆိုရင်လည်း အဆောင်တွေမှာ ကစားပွဲတွေ ချည်းပဲတဲ့
ကျွန်တော့် သူငယ်ချင်း အင်ဂျင်နီယာ ကောင်လေးတစ်ယောက် ကတော့
အိမ်ကနေ တစ်လတစ်လ မနည်း ပြန်လက်ဖြန် ့တောင်းနေပြီး
နေပျော်နေပါသတဲ့
မန်းတလေးမှာတုန်းကတောင် ဒီလောက် မလွယ်ခဲ့ဘူးတဲ့ ။
ကဲဗျာ..အဲဒါကတော့ ကြားဖူးတဲ့ အကြောင်းလေးတွေပါ
ကိုလင်းဝေကျော် ရေးတဲ့အကြောင်းအရာ နဲ ့
မသက်ဆိုင်ခဲ့ရင် ခွင့်လွှတ်ပါ အကိုရေ
ကြောင်ကြီး
October 7, 2011 at 10:10 am
မင်းသားခေါင်းဆောင်း စစ်ဘီလူးတွေရဲ့ သရုပ်သကန် အစစ်အမှန်ကို ထင်ဟပ်ပြတဲ့ ဖြစ်ရပ်တခုပါ။ သားသမီးချင်း ကိုယ်ခြင်းမစာ သူတို့မိုလို့ လုပ်ရက်တယ်။ ဒီမိုကရေစီစနစ်ကို ပြောင်းလဲဖို့ ကြိုးစားနေတယ်ဆိုနေချိန်မှာ ဧည့်စာရင်းမတိုင်လို့ ထောင်ချတယ်ဆိုတာ အရပ်ရပ် ကြားလို့မတော် လွှတ်တော်မျှော် သဂျီးတောင် မပျော်နိုင်ပါဘူး။ စစ်အစိုးရလုပ်ရပ်တွေကို ကာကွယ်ပေးနေကြတဲ့ ရွာထဲက ဆူးထမ်း၊ ကြုပ်တီး၊ လဆချာ၁၂၃ တို့ရှက်တတ်ရင် ရွာထဲဝင်ဝံ့မှာ မဟုတ်ပါဘူး။ မရှက်တတ်မှန်းတော့လည်း သိပါတယ်။ 😐
myanmarcitizen
October 8, 2011 at 11:31 am
ဧည့်စာရင်း ဆိုတာကို ကမရှိသင့်တော့တဲ့အရာပါ။ ဧည့်စာရင်းမတိုင်လို့ ဖမ်းပြီးထောင်ချတော့ ပိုဆိုးဒါပေါ့။ ကောင်းရောင်းကောင်း ဝယ်လုပ်ကိုင်စားသောက်တဲ့ သူတွေအတွက် ထောင် 1 second ချရင်လဲ သူတို့အတွက်အရမ်း နစ်နာပါတယ်။ ထောင်ထဲရောက်သင့်တဲ့သူကို ထောင်ထဲပို့တာက ဘာမှအရေးမကြီးပါဘူး။ လူကြီးဆိုရင် သဘောထားကြီးရပါလိမ့်မယ်။ ဒီဖြစ်ရပ် အမှန်တကယ်ဖြစ်တယ် ဆိုရင်တော့ စိတ်မကောင်းစရာပါပဲ။ လက်ခံစရာလဲအကြောင်းမရှိပါဘူး။ ကျွန်တော် တစ်ခုတောင်းဆိုချင်ပါတယ် ဂျာနယ် တွေ၊ စာရေးဆရာတွေ ကိုပါ၊ ဒီ ဧည့်စရင်းဆိုတာ ပပျောက်သွားအောင် ဝိုင်းဝန်း ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောကြပါလို့။
လဝက ကနေထုတ်ပေးထားတဲ့ မှတ်ပုံတင်ရှိတယ်၊ မြန်မာနိုင်ငံသားဗျာ .. မြန်မာနိုင်ငံ ဘယ်မှာပဲ အိပ်အိပ် မရဘူးလား။ မင်းတို့ မင်္သကာ ရင် လာစစ်လေ နောက် ဘာပျက်မှုမှမရှိရင် မင်းဒိုးတော့ပေါ့ … ဘာဖမ်းစရာ ဆီးစရာလိုလဲ။ ခုတော့ ဘာအလုပ်မှမယ်မယ်ရရမလုပ်ပဲ ဧည့်စာရင်းလေး တိုင်ခ နဲ့ အရက်သောက် စားနေတဲ့ ရာအိမ်ခေါင်း(ကျွန်တော့အိမ်နားမှာရှိတယ်) လိုလူမျိုး ကို ပြန်ကြောက်နေရအောင် ဖန်တီးထားတယ်။ အဲ့ဒီတော့ ဒီကိစ္စကိုလဲ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် ဆွေးနွေးတောင်းဆိုသင့်တယ် လို့ထင်ပါတယ်။ ဒီကညီအကိုတွေလဲ ဆွေးနွေးပေးပါအုန်း ..
လင်းဝေကျော်
October 10, 2011 at 2:11 pm
မှန်ပါတယ် မြန်မာစီတီဇင်ရေ။
ဒီလို ညစ်ပြီး ရတဲ့ငွေနဲ့ အရက်သောက်နေကြတဲ့ကောင်တွေ ရပ်ကွက်ထဲမှာ လူတွေကို ခြောက်လှန့်ညစ်ယုတ်နေကြတာကို ဒီအတိုင်းလွှတ်ထားသင့်ပါသလား။
ဗဟုသုတနည်းပြီး ကြောက်တတ်တဲ့သူတွေကို ခြောက်စားနေတာ အစိုးရအတွက်လည်း လူအကြည်ညိုပျက်စေပါတယ်။ အမြန်ဆုံးပြင်သင့်ပါပြီ။
Foreign Resident
October 10, 2011 at 3:03 pm
Dear လင်းဝေကျော်,
By the way, for your consideration,
In our country ( myanmar ), I think,
we have a lots of “ ရပ်ကွက်လူကြီး ” &
We have a lot of “ ရပ်ကွက် ကိစ္စ ” ( to donate or perform by yourself ).
In Australia, since I arrived to Australia,
I have never met those “ ရပ်ကွက်လူကြီး ” &
I have never done those “ ရပ်ကွက် ကိစ္စ ”
I have never talked nor dealt with “Police”
FYI, I don’t even know the names of my neighbors ( of all my houses in Sydney )
In reality, it is not necessary to know them.
Everything we have to do,
we do it through ဘဏ် စာတိုက် ဖုန်း အီးမေးလ်.
It is quite enough.
So, I think,
those “ ရပ်ကွက်လူကြီး ” are waste of human resource.
To compare,
In my LGA ( Local Government Area / Council Area )
( same like ” မြို့နယ်စု ” in Myanmar )
250 square kilometer area
300,000 + Population
1 Council office ( only one office ) ( one မြို့နယ်စုရုံး )
1 Police Station ( only one station )
3800 Buildings
2 Public Hospitals
1 Private Hospital
4 Community Health Centers
100+ Schools
3 Colleges
800+ Parks & Natural Reserves
5 Public Libraries ( a lots of private libraries )
5 Public Pools ( a lots of private Pools )
6 Senior Citizen Centers
25 Communities Centers
1100 Km ( Local & Regional roads )
2 Railways lines
10 Railways stations
12 Industrial Estates
kocho
October 10, 2011 at 3:37 pm
မြန်မာပြည် ဥပဒေကို ဥပမာပေး စကားပုံနဲ့ ပြောရရင် (မယောင်ရာ ဆီလူးဥပဒေ) လို, ပဲပြောချင်ပါတယ် အရာရာကို ဆင်ခြင်တုံတရားကို ဦးစားမပေးပဲ ကိုယ်ထင်တာကိုယ်လုဎ်( အရင်း အဖျား တောင် မသိပဲ )သခင်အားရ ကျွန်ပါးဝ ပုံစံမျိုး နဲ့ တရားစီရင်တယ်လို့ ယူဆမိပါတယ်
taungpawthar
October 10, 2011 at 4:16 pm
့ဦးသိန်းညွန် ့က ဝန်ကြီးဘဝ တုန်းကတော့ ဝန်ထမ်းတွေအပေါ် နားလည်မှုရှိပြီး အများစု ရဲ ့ချစ်ခင်မှု ကို ရခဲ့ သူ လို ့ကြားဘူးပါတယ် ခုကိစ္စကတော့ ဘယ်လို ဖြစ်သွားလဲ မသိဘူး အဲဒီကောင်မလေးတွေထက် ဆိုင်ပိုင်ရှင်နဲ ့ပို သက်ဆိုင်လိမ့်မယ်ထင်ပါတယ်
Foreign Resident
October 11, 2011 at 1:22 am
ဦးသိန်းညွန့်က ဥပဒေကို တိတိကျကျ ကျင့်သုံးလိုက်လို့ပါ
အမှန်ကတော့ ဦးသိန်းညွန့်က မှားနေတာ မဟုတ်ပါဘူး
အဓိကက ဥပဒေကမှားနေတာပါ