Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မဖြေတတ်သော မေးခွန်းများ

zoxnetMay 17, 20101min4255
1

ကျွန်တော် မသိပါ။ ကျွန်တော် မေးချင်ပါ၏။ ယခုမေးခွန်းများ သည် ကျွန်တော် အရွဲ့တိုက် မေးခြင်းမျိုး မဟုတ်သော မေးခွန်းများ ဖြစ်ခြင်းကို ကျွန်တော် အတိအကျ ဝန်ခံလိုပါ၏။ လူအချို့၊ သို့မဟုတ် လူအများ၏ မျှော်လင့်ချက်နှင့် သက်ဆိုင်နေသော မေးခွန်းများ ဖြစ်ပါ၏။ ဆေးပညာ လောကနှင့်လည်း တည့်တည့်သော်၎င်း၊ သွယ်ဝိုက်၍ သော်၎င်း ပတ်သက်နေသော မေးခွန်းမျိုးလည်း ဖြစ်နေပါ၏။ လက်ဝါးကို ပဲ ကြည့်၍၊ လက်ဝါးဟု ကျုံးအော်နေသော လက်ပိုင်ရှင် များအားလည်း ဖြေစေလိုသော မေးခွန်းမျိုးလည်း ဖြစ်နိုင်ပါ၏။ မေးခွန်းများအား မည်သူမဆို ဖြေဆိုနိုင်ပါ၏။ သဘောထားအားဖြင့် လည်း လွတ်လပ်စွာ ကွဲလွဲခွင့် ရှိပါလေ၏။ ကျွန်တော် မသိသော၊ ကျွန်တော် ဖြေ၍မရသော မေးခွန်းများအား ဖြေဆိုပေးသူ အားလုံးအတွက် ကျွန်တော် အလွန်ပင် ကျေးဇူးတင်မိမှာ ဖြစ်ပါ၏။ … ယနေ့ ခေတ်စားနေသော ကူးစက်ရောဂါ တစ်မျိုး ရှိပါသည်။ Hepatitis B ဟု ကျော်ကြားသော ဘီရောဂါ ပိုး ဖြစ်ပါ၏။ အလွန် ကူးစက်လွယ် ကြောင်းကို မိတ်ဆွေ ဆရာဝန်များနှင့် စာအုပ်၊ စာပေ အချို့မှ ကျွန်တော် သိမြင်နိုင်ခဲ့၏။ အမြစ်ပြတ် ပျောက်ကင်းဖို့ မလွယ်သော ရောဂါ တစ်မျိုးဖြစ်လေ၏။ ဆေးကုသချိန် ၁ နှစ်နီးပါးမျှ ပေးရကြောင်း ကြားသိရ၏။ ထိုရောဂါပိုးသည် မြန်မာပြည်ရှိ မြန်မာပြည်သား အချို့တွင်လည်း ပျံ့နှံ့ကူးစက်နေ၏။ အချို့သာ အမှတ်တမဲ့ သိသွားရသော်လည်း အချို့မူ မိမိတွင်ရှိနေသော ထိုရောဂါပိုးအား မသိမြင်နိုင်ပဲ ဖြစ်နေလေ၏။ ထူးခြားသည်မှာ ထိုရောဂါပိုးသည် လွယ်လွယ်ကူကူ တုန့်ပြန်မှု ရောဂါဝေဒနာ မပြသော ရောဂါတစ်မျိုး ဖြစ်နေလေ၏။ ထို့ကြောင့် နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင်သော မြန်မာ လုပ်သားအချို့သည် နိုင်ငံရပ်ခြားတွင် ဆေးစစ်မှုကို ခံယူရ၏။ အမှတ်မထင် ထိုရောဂါပိုးအား စစ်ဆေးတွေ့ရှိသော အခါ ထိုလုပ်သားသည် အလုပ်လုပ်ခွင့် မရပဲ ပြည်တော်ပြန် ရလေ၏။ ကုန်ကျခဲ့သော ငွေကြေး အမြောက်အမြား ဆုံးရှုံးရလေ၏။ မျှော်လင့်ချက်များ ပျက်စီးရလေ၏။ ချွေးနည်းစာများ မြေမှာ မျောရလေ၏။ ကျွန်တော် ဥပမာ တစ်ခုပေး၍ မေးလိုသော မေးခွန်းတစ်ခု သို့မဟုတ် မေးခွန်းအချို့ကို မေးလိုပါသည်။ ယခု မေးတော့မည် ဖြစ်၏။ Hepatitis B ရှိနေသော လူသားတစ်ဦးသည် သို့မဟုတ် မြန်မာနိုင်ငံသား တစ်ဦးသည် နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် အခွင့်အရေးကို လက်လွတ်ဆုံးရှုံးရ၏။ ပြောင်မြောက်သော၊ ထူးချွန်သော အရည်အချင်းများ ရှိလင့်ကစား မိမိနှင့် ထိုက်တန်သော အလုပ်ကို လုပ်ခွင့်မရ ဖြစ်ရလေ၏။ မိမိ ရရှိထိုက်သော နိုင်ငံခြားငွေ လစာ အမြောက်အမြားနှင့် ဝေးကွာရလေ၏။ ပြည်တွင်းမှ ရသော အူစိုရုံ လစာကိုသာ၊ ဝမ်းပန်းတနည်း လက်ခံရရှာလေ၏။ ဤသည် ရောဂါပိုးရှိသူ၏ ဆုံးရှုံးခြင်း ဖြစ်၏။ လူတစ်ဦးသည် ဟိုတယ် ဝန်ထမ်း တစ်ဦးဖြစ်၏။ ထိုသူသည် နိုင်ငံကြီး တစ်နိုင်ငံ၏ ဟိုတယ်ဝန်ထမ်း တစ်ဦး ဖြစ်၏။ သူ့တွင် Hepatitis B ရောဂါပိုး မရှိပေ။ ဆေးစစ်မှု ကို ခံယူပြီး ထိုနိုင်ငံ၏ ကျန်းမာရေးဌာန မှ လက်ခံထားသော ဝန်ထမ်းဖြစ်၏။ သို့သော် သူ၏ ဟိုတယ်သို့ နိုင်ငံ အရပ်ရပ်မှ ဧည့်သည်များ လာရောက် တည်းခိုကြ၏။ ထိုဧည့်သည်များသည် ဆေးစစ်ဆေးမှု မခံယူထားသူများ ဖြစ်လေ၏။ နိုင်ငံတော်တော်များများ သည် အလည်အပတ် လာသူများအား ဆေးစစ်ဆေးမှု မပြုပဲ လက်ခံကြ၏။ ဤသို့ဆိုလျှင် ထိုအလည်လာသော ဧည့်သည်များသည် တစ်ဦးမဟုတ် တစ်ဦးတွင် ထို Hepatitis B ပိုး ရှိနေနိုင်ပါသည်။ ထိုသူများမှ တဆင့် ဆေးစစ်မှုကို စနစ်တကျ ခံယူထားသော ဟိုတယ်ဝန်ထမ်း များထံသို့ ထို ရောဂါပိုး ကူးစက်ခံရနိုင်ပါသည်။ ထိုအခါ နစ်နာသူမှာ ဝန်ထမ်းများသာ ဖြစ်ပါသည်။ မိမိတို့နိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်သော ဝန်ထမ်းများထံမှ မိမိတို့ နိုင်ငံသို့ အလည်လာရောက်သော ဧည့်သည်များထံ ရောဂါပိုး ကူးစက်မည်ကို စိုးရိမ်သော ထိုတာဝန်ရှိ ပုဂ္ဂိုလ်များသည်၊ အဘယ့်အတွက်ကြောင့် ထိုဧည့်သည်များထံမှ မိမိတို့နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းများအား ရောဂါပိုး ကူးစက်မည်ကို အဘယ့်ကြောင့် မစိုးရိမ်ကြပါသနည်း။ ထိုရောဂါပိုး ပျံ့နှံ့မည်ကို အမှန်တကယ် စိုးရိမ်မိပါလျှင် နိုင်ငံအတွင်းသို့ အလည်လာသော ဧည့်သည်များအားလည်း အဘယ့်ကြောင့် ကျန်းမာရေး ဆေးစစ်မှုကို မပြုလုပ်ကြပါသနည်း။ ရောဂါ ကာကွယ်ဆေးများကို ကြိုတင်မထိုးနှံထားပါပဲ အဘယ့်ကြောင့် အရည်အချင်းရှိ ရောဂါပိုးရှိ ဝန်ထမ်းများအား အလုပ်လျှောက်တင်မှုကို ပယ်ချနေပါသနည်း။ လက်ဝါးကိုပဲ ကြည့်ကာ အဘယ့်ကြောင့် တဖက်မှ လက်ဖမိုးကို မမြင်နိုင်ကြပါသနည်း။ ကျွန်တော် မဖြေတတ်သော၊ ဖြေ၍မရသော၊ မဖြေနိုင်သော မေးခွန်းများ ဖြစ်ပါ၏။ (လွတ်လပ်စွာ ကွဲလွဲခွင့် ရှိပါလေသည်။)

5 comments

  • poeaung6

    May 17, 2010 at 3:56 pm

    တစ်ဖက်စွန်းရောက်ဝါဒလိုပြောရမယ်ထင်ပါတယ် ထိုအလုပ်သမားများ၏ အခွင့်အရေးကိုလည်း ထည်သွင်းစဉ်းစားသင့်ပါတယ်

  • kai

    May 17, 2010 at 6:48 pm

    အဖြေလို့မယူဆပါနဲ့..။
    တကယ်ဖြစ်နေတာနဲ့ဖြစ်မှာလေးတွေ ရေးပေးချင်လို့ပါ။ အဲဒီကနေ အဖြေရှာနိုင်မယ်ပေါ့။
    ယူအက်စ်ဆိုပါတော့..။
    မြန်မာပြည်ကနေ..အလုပ်ဗီဇာနဲ့လာလာ။ မဲပေါက်လာလာ ဆေးစစ်ရပါတယ်။ တကယ်လို့ ဘီပိုးတွေ့ရင် ဗီဇာပေးမယ်မဟုတ်ပါ။ ပျောက်အောင်ကုပြီးမှ ရမှာပါ။
    ဘာဖြစ်လို့လဲဆိုတော့..ယူအက်စ်ရောက်ရင် အစိုးရရဲ့ လူမှုဖူလုံရေး၊ ဒါမှမဟုတ်အလုပ်ရဲ့ကျမ်းမာရေးအာမခံကနေ အခမဲ့ကုပေးရမှာဖြစ်လို့ပါပဲ။
    ကုန်ကျစရိပ်ရှိတယ်ပေါ့။ အဲဒါကို ဝေဒနာသည်က မခံရပဲ တခြားလူတွေက ပေးရတာမျိုးဖြစ်သွားမှာပါ။ သူက တိုင်းပြည်အတွက် တပြားတောင်အခွန်မဆောင်သေးပဲ သူ့စားရိပ် အဲဒီတိုင်းပြည်က ကျခံတာဟာ အခွန်ထမ်းပြည်သူတွေအတွက် မတရားပါဘူး၊ ဒါကြောင့် အစိုးရဖြစ်တဲ့ သံရုံးက ဗီဇာမပေးပါဘူး။ တိုင်းပြည်ထဲ တခြားဗီဇာနဲ့ ရောက်နေပြီးသားလူဆိုရင်လည်း ပါမေးနန် ့နေခွင့်မပေးပါဘူး။

    တကယ်လို့ ယူအက်စ်ရောက်ပြီး အလုပ်လုပ်နေတယ်ဆိုပါတော့။ ဥပမာ။ ဟော်တယ်ဝန်ထမ်းဆိုပါတော့။
    သူက ကူးစက်ခံရလို ့ရောဂါတခုခုဖြစ်ရင် တာဝန်ယူရမှာက သူ့အလုပ်ရဲ့ ကျမ်းမာရေးအာမခံကပါ။ အာမခံမရှိရင် အစိုးရလူမှုဖူလုံရေးက တာဝန်ယူရပါမယ်။ အဓိကအားဖြင့် အလုပ်ခွင်ကနေကူးစက်တာမျိုးဆိုရင် အလုပ်မှာ တာဝန်အပြည့်ရှိပါတယ်။ အလုပ်ခွင်ကကူးစက်တာဟုတ်မဟုတ်က အဲဒီတိုင်းပြည်မဝင်ခင်ထဲက သေချာစစ်ပြီးသားမို ့သေသေချာချာကို သက်သေဆေးစစ်ချက်နဲ့ ပြောနိုင်ဥိးမှာပါ။ အဲဒီတော့ …လစာပေးပြီးတော့ကို ပျောက်အောင်ကုပေးရမှာပါ။ အဲဒါမျိုးယူအက်စ်မှာသာဖြစ်ရင် အဲဒီဟော်တယ် တသက်လုံး အဲဒီဝန်ထမ်းလုပ်ကြွေးပေတော့ပါပဲ။ အလုပ်ကို တရားစွဲလို့တောင်ရပါတယ်။ နောက်ပြီး သူကဝန်ထမ်းဆိုတော့ အခွန်ဆောင်နေပြီဖြစ်သလို။ အာမခံလည်း ရှိနေလောက်ပြီလေ။ သူ့ငွေပါနေပါပြီ။

    ဟော်တယ်မှာတည်းမဲ့ ဧည့်သည်တွေ ဆိုပါတော့။ သူတို့က ဘယ်နိုင်ငံတွေကမှန်း မသိနိုင်ပေမဲ့ သူတို့ကို ဆေးစစ်ပြီးမှ အလည်လာခွင့်ရှိမယ်လုပ်လိုက်ရင် မလာကြတာပဲ ရှိမှာပါ။ အဲဒါဆို ဟော်တယ်လည်း တည်းမဲ့သူမရှိဖြစ်မှာပေါ့။ အဲဒီဝန်ထမ်းလည်း အလုပ်မရှိဖြစ်မှာပေါ့။ တိုးရစ်ဇင်ကနေ တိုင်းပြည်တွေဟာ အလုပ်အကိုင်အခွင့်အလန်းအများကြီးရပါတယ်။

    နိုင်ငံခြင်းမတူပေမဲ့ တိုးတက်တဲ့နိုင်ငံတွေ ခပ်ဆင်ဆင်ပါပဲ။ ဗီဇာအခြေအနေကွားခြားမှုကိုလည်း သတိပြုစရာပါ။ အလုပ်ဗီဇာနဲ့ အလည်ဗီဇာ မတူူတာကိုလည်း သတိထားကြည့်သင့်ပါတယ်။

    • zoxnet

      May 18, 2010 at 2:05 pm

      ဟုတ်ကဲ့။ ထပ်ဆွေးနွေးပါ့မယ့်။ လောလောဆယ်တော့ Hepatitis B ကို အမြန်ဆုံး ပျောက်ကင်းနိုင်တဲ့ နည်းလမ်းတွေကို ဝေမျှချင်ပါတယ်။ ကျွန်တော်လည်း တဆင့် ပြန်လည် ဖောက်သည်ချ လိုပါတယ်။ ဒုက္ခရောက်နေတဲ့ သူတွေ အများကြီး ရှိလို့ပါ ခင်ဗျာ။ နောက်ပြီး ဆေးစစ်တဲ့ အခါမှာ ခဏတာ ဘီပိုးမပေါ်တဲ့ ဆေးရှိတယ်လို့လဲ ကြားဖူးပါတယ်။ ဟုတ်မဟုတ်တော့ မသိပါဘူးခင်ဗျ။

  • Foreign Resident

    May 17, 2010 at 9:25 pm

    Agree with Kai,

    In most of the developed countries,
    Government to take responsible for the health care of every citizen.
    ( may be directly or indirectly or at least partially or at least basic health care )

    This cost is too much expensive.
    ( May be 2 to 100 times more than skilled worker salary )

    So, they don’t want to allow already infected persons.
    They ( people ) made the law to protect their country interest.
    It’s very simple & understandable.

    Concerning skilled worker, the truth is ( may be bitter truth ),
    “If you pay the right amount,
    you can get as much skilled workers as you wish,
    very easily”

    Concerning tourists,
    “The visitor is the person who pays money to you
    & the skill worker is the person who ask money from you”
    Then, who else should be treat better ?

  • မန်း ရိပ်

    October 1, 2010 at 5:30 am

    နိူင်ငံတိုင်း တရားဝင်လာရောက်တဲ့ သူတွေကို ဆေးစစ်ပြီးမှ ဝင်ခွင့်ပြုတယ်လေ
    ဒါပင်မယ့် ခိုးပြီးဝင်လာရင်တော့ မသိဘူး

Leave a Reply