“အန်တီစုအတွက် အသားထဲက လောက်ထွက်”
ဒီစာကို ရတုန်းက Lone လည်း ရေးတဲ့လူကို တော်တော်အမြင်ကတ်သွားတယ်။
ဒီစာကို ရေးတဲ့သူက ကော ဘယ်လောက်တောင် တိုင်းပြည်အတွက် ကြိုးစားပမ်းစား
လုပ်ကိုင်ပေးခဲ့ဖူးလို့ ဒီလို ရေးတာလဲ… စာရေးသူကကလောင်တံလေးကိုင်ပြီး…(သို့)
keyboard လေးအသုံးပြုပြီးသာရေးတတ်တာ … သူကကော ဘယ်လောက်လုပ်
ဆောင်ပြီးလို့ ဒီလိုရေးရတာလဲတော့မသိတော့ပါဘူး…
လုပ်ပိုင်ခွင့်ဘာမှ မရတဲ့ အခါမှာလုပ်ရတာ အခက်အခဲတော့ ရှိမှာပဲ… နေရိပ်လိုချင်
နေပူကစောင့်ရမှာပါပဲ… အခုရေတွင်းတူး အခုရေကြည်တော့ ဘယ်ရနိုင်မလဲ…
အန်တီစုက သူတတ်နိုင်သလောက် လုပ်ဆောင်နေတာကို … ဘာဖြစ်လို့
ဘေးကနေ နှောက်ယှက်စကားဆိုနေရတာလဲ… မကူညီချင်နေပါ…မနှောက်ယှက်ပါနဲ့… အောက်ပါ စာကို ရေးသူအား တိုက်ရိုက်ရည်
ရွယ်ပြောချင်ပါသည်…….
On Oct 3, 9:50 am, ဦးဦး ဒေါ်လာ . <uudol…@gmail.com> wrote:
> ပြီးခဲ့တဲ့ ၂၀၁၁ ဖေဖော်ဝါရီလတုန်းက ဆောင်းပါးရှင် အက်စစ် မှ
> ဒေါ်အောင်ဆန်းစုကြည်နဲ့ ၉ဝ ရွေးကောက်ပွဲဝင်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်မှု
> ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်က လွတ်လာတာ ၃
> လ သာ ရှိပြီး ဘာမှ ထူးခြားတဲ့ စွမ်းဆောင်မှု တစ်ခုမှ မလုပ်နိုင်ချိန် ဖြစ်ပါတယ်။
>
> ဆောင်းပါးရှင် အက်စစ် က “တာဝန်မယူရဲသော၊ တာဝန်ယူစိ်တ်မရှိသော၊ တာဝန်မကျေသော
> ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီနဲ့ ၁၉၉ဝ ပြည့်နှစ် အနိုင်ရ
> ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မျာ
> ရေးခဲ့ပါတယ်။ အဲဒီဆောင်းပါးထဲမှ အချို့ကို ပြန်ပြီး ကောက်နုတ်ပြရရင်တော့
>
> “ပြည်သူတွေရဲ့ မျက်နှာကိုမှ မ ထောက်ဘဲ နေသာသလို နေနေကြတဲ့
> ဒီမိုကရေစီခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၉ဝ ရွေး ကောက်ပွဲက
> လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ နာကြည်းမိတယ်။
>
> ဘာလို့များ သူများနိုင်ငံကိုလည်း ဝေ့လည် ကြောင်ပတ်စကားတွေနဲ့
> သွားနှစ်သိမ့်နေရသလဲဆိုတာ နားမလည်နိုင်ပါဘူး။ ပြီးတော့ အမေးချင်ဆုံးစကား ကတော့
> သူများနိုင်ငံကို စိတ်ဝင်စားပါတယ်ဆိုတဲ့ ဒေါ်စုရယ် … ကိုယ့်နိုင်ငံရဲ့
> အခြေအနေက ဘယ်လမ်းကို သွားနေပြီလဲဆိုတာကော စိတ်ဝင်စားရဲ့လားဆိုတဲ့ မေးခွန်းပါပဲ။
>
> ဘာမဆို ပြတ်ပြတ်သားသား မပြောရဲသူဟာ ခေါင်းဆောင်ကောင်းတယောက်
> ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ဝေ့ လည်ကြောင်ပတ်တွေ ပြောပြီး ပြည်သူတွေကိုပဲ
> တာဝန်ကျေပါ၊ ပန်းတိုင်ကိုရောက်အောင် ချီတက်ပါ၊ သတ္တိရှိ ပါဆိုတဲ့
> အဆိုအမိန့်တွေကို ပေးတတ်တဲ့ ခေါင်းဆောင်ဟာ မြန်မာပြည်သူတွေ တာဝန်ကျေခဲ့ပြီ၊
> တာဝန်ကျေ နေပြီ၊ ချီတက်ခဲ့ပြီ၊ ချီတက်နေပြီ၊ သတ္တိရှိခဲ့ပြီ၊ သတ္တိရှိဆဲဆိုတာကို
> မသိဘဲ ကယောင်ချောက်ချား အော်ပြော နေသူနဲ့ တူနေတယ်ဆိုတာကို
> သတိမပြုမိလေလျော့သလား။
>
> အပြောင်းအလဲလိုချင်ရင် မိမိဘာသာ အပြောင်းအလဲလုပ်နိုင်ဖို့ ကြိုးစား”
> ဆိုတဲ့စကားကို ကြားမိတိုင်း ပြည် သူ့ဆီကိုပဲ ပြန်ပြီးပုတ်ထုတ် မိန့်မှာတတ်တဲ့
> စကားတွေပဲ ပြောတတ်တဲ့ ဒေါ်စုဟာ ပြည်သူ့ဘဝကို နားလည်ဖို့ အတွက် အချိန်ယူ
> ကြိုးစားရပါလိမ့်မယ်လို့ ဆိုချင်ပါတယ်။
>
> လွတ်မြောက်လာတော့ ဘာတွေများ လုပ်လေမလဲလို့ ကြည့်လိုက်မိတော့လည်း အခြေအနေတွေဟာ
> ပိုပြီး မျှော်လင့်ချက်မဲ့ ဖြစ်ခဲ့ရတယ်။ ဒေါ်စု လွတ်လာမှပဲ မတရားတဲ့ ဖွဲစည်းပုံ၊
> မသမာတဲ့ ရွေးကောက်ပွဲ ဆန့်ကျင် သံတွေလည်း တိတ်သွားတယ်။ အားလုံးက
> ‘အိပ်ချ်အိုင်ဗွီကို ကူညီပါ’ ‘လူမှုကယ်ဆယ်ရေးတွေကို အရှိန်မြှင့် လုပ်ပါ’
> ဆိုတာတွေပဲ ကြားရတော့ ဒီလို အန်ဂျီအိုဆန်ဆန် အလုပ်တွေကို လုပ်မယ်ဆိုရင် ဒေါ်စုဟာ
> အစက တည်းက အန်အယ်လ်ဒီဆိုတဲ့ နိုင်ငံရေးပါတီကြီးကို မထောင်သင့်ဘူးလို့ဘဲ
> ပြောချင်တယ်။
>
> အထူးသဖြင့် နိုင်ငံရေးကို ဘာလို့ လုပ်ခဲ့သလဲဆိုတဲ့ မေးခွန်းကို
> အမေးချင်ဆုံးပါပဲ။ ပြန်လည်လွတ်မြောက်လာ ကတည်းက နိုင်ငံရေးအကျဉ်းသားတွေ
> လွတ်မြောက်ရေးဆိုတာကို တစိုက်မတ်မတ်မလုပ်ဘဲ အကျဉ်းသား တွေ ထောက်ပံ့ရေးကိုသာ
> လုပ်နေတာကြောင့် အာဏာရှင်သက်ဆိုးရှည်နိုင်ရေး အကူအညီပေးနေတာလား လို့ပဲ
> ပြောလိုက်ချင်တော့တယ်။
>
> နိုင်ငံရေးအကျဉ်းသားတွေ လိုချင်တာက သူတို့အတွက် စားဝတ်နေရေး အကူအညီ
> အထောက်အပံ့မဟုတ်ပါ ဘူး။ သူတို့ အစားကောင်းတွေ စားပြီး ထောင်ထဲမှာ
> သက်ဆိုးရှည်စွာ နေထိုင်ရရေး မဟုတ်ပါဘူး။ မတရားတဲ့ အမိန်တွေနဲ့
> အကျဉ်းချခံထားရတာကြောင့် သူတို့လုံးဝလွတ်မြောက်ရေးကိုပဲ လိုချင်တာပါ။ ဒေါ်စု
> လုပ်ပေးနေ တာက သူတို့လွတ်မြောက်ရေးကို လူသာမန်တွေ ပြောသလို အလ္လာပသလ္လာပသာ
> ပြောပြီး အကျဉ်းသားမိ သားစုနဲ့တွေ့၊ အားပေးစကားပြော၊ မင်္ဂလာဆောင်နဲ့ အသုဘ၊
> မွေးနေ့၊ နှစ်ပတ်လည်အခမ်းအနားတွေ တက်ပြီး ကိုယ်လုပ်သင့်တဲ့ အလုပ်တွေကို
> မေ့လျော့နေတာကတော့ အတော်ကို စိတ်ပျက်နာကျည်းစရာကောင်းလှတဲ့ မြင်ကွင်းလို့တောင်
> ဆိုချင်ပါတယ်။ ဒေါ်စု ဒါတွေ လုပ်ရမယ့် အချိန်ကာလမဟုတ်ပါဘူး။
>
> လူထုခေါင်းဆောင်ဆိုတာ သာမန်လူတွေလုပ်တဲ့ အလုပ်တွေထက် ထူးခြားတာကို
> လုပ်နိုင်ဖို့ လိုပါတယ်။ လူ သာမန်တွေလုပ်တတ်တဲ့ လူငယ်ကွန်ရက်နဲ့ တွစ်တာ၊
> ဖေ့စ်ဘွတ်၊ ဝက်ဆိုက်လေးတွေနဲ့ သာယာနေတဲ့ ဒေါ်စု ဟာ မြန်မာပြည်လွတ်မြောက်ရေး
> ပြည်သူဘဝတွေကို ကယ်တင်နိုင်ဖို့ အရည်အချင်းမရှိဘူးဆိုတာ တနေ့ ထက်တနေ့ ပြသလာသလို
> ခံစားမိတဲ့အတွက် ဒီလိုရေးသားလိုက်ရတာလည်းဖြစ်ပါတယ်။
>
> ဒေါ်စုတင်မကပါဘူး။ ၉ဝ ခုနှစ်က ရွေးကောက်ခံ
> ပြည်သူလွှတ်တော်ကိုယ်စားလှယ်ကြီးများလည်း ငြိမ်နေကြ တာ တွေ့ရတယ်။ သူလုပ်နိုး၊
> ငါလုပ်နိုးနဲ့ ဖောက်ထွက်ပြီး ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းမရှိလို့
> တိုင်းပြည် က အစိုးရ (၅) ဆက်စာလောက် နစ်နာခဲ့ရပြီ။ လိုတော့ လိုချင်တယ်၊
> အနစ်နာတော့ မခံချင်ဘူး အနစ်မခံဘဲ နဲ့တော့ ဘယ်ရမလဲဆိုတာ ခင်ဗျားတို့ကို
> ပြည်သူတွေက ပြန်ပြောရမယ့် စကားရပ်တွေပါ။
>
> အန်အယ်လ်ဒီဆိုတဲ့ ပါတီကြီးကလည်း လူထုက အားကိုးရမလား မှတ်ပါတယ်။ ကျားရှေ့
> အသနားခံနေတာ တွေကို မြင်ရတိုင်း ခင်ဗျားတို့အစား ရှက်မိပါတယ်။
> ခင်ဗျားတို့တတွေဟာ မတရားတဲ့ ဥပဒေရှေ့မှောက်မှာ အသနားခံစာတွေနဲ့ အယူခံတွေ
> အထပ်ထပ်တင်ပြီး တောင်းဆိုနေတာက အကြမ်းမဖက်လှုပ်ရှားမှုတွေလို့ ခေါ်ဆိုနိုင်ပါသလား။
> အန်အယ်လ်ဒီက နိုင်ငံရေးလုပ်စရာမရှိလို့ လူမှုရေးလုပ်ငန်းလေးတွေကို လုပ်နေတာ တွေက
> အင်မတန် ရှက်စရာကောင်းတဲ့ လုပ်ရပ်၊ လုပ်စရာမရှိလို့ ရှာလုပ်နေတဲ့ အလုပ်လို့များ
> မတွေးတော မ ဆင်ခြင်မိဘူးလား။
>
> စစ်အုပ်စုက ရည်ရွယ်ချက် ရှိတယ်။ ဦးတည်ချက်ပန်းတိုင် ရှိတယ်။
> သူ့ရည်မှန်းချက်ကို ရောက်အောင်သွား တယ်။ အခု လွှတ်တော်ခေါ်ပြီ၊ အစိုးရဖွဲ့ပြီ
> ဘာလုပ်ကြမလဲ။ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေက စစ် အုပ်စု ချပေးတာကို
> လိုက်အော်ကြတယ်။ ဆန့်ကျင်ကြောင်း တာဝန်အရ လုပ်ကြတယ်။ ပြီးတော့ ရည်မှန်း
> ချက်တခုပြီးတခု ပြောင်းတယ်။ အခုတော့ ကိုယ့်ဘယ်လမ်းသွားနေပြီလဲဆိုတာတောင်
> မမှတ်မိတော့တဲ့ အ နေအထားတွေ ဖြစ်ကုန်ပြီ။
>
> လမ်းပျောက်ပြီး တောင်ရောက်မြောက်ရောက် ရောက်နေပြီလို့ပဲ ခပ်ရှင်းရှင်း
> ပြောလိုက်ကြပါစို့။ လူထုတွေ ဘ ဝကို ကြည့်ပါဦး။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊
> စီးပွားရေး အဘက်ဘက်က ချွတ်ခြုံကျနေတာကို ဒေါ်စုနဲ့ အန်အယ်လ်ဒီက အန်ဂျီအိုတွေလို
> သေးသေးမွှားမွှား အကူအညီလေးတွေ လိုက်ပေးနေမယ့်အစား မြန်မာ ပြည်သူတရပ်လုံး
> ခံစားနေရတဲ့ လူမှုဒုက္ခကြီးကနေ လွတ်မြောက်အောင် လုပ်လိုက်ပါတော့လား။
> တိုင်းပြည်ကို လူတန်းစေ့နေနိုင်တဲ့ ဘဝရောက်အောင် ခေါင်းဆောင်ပြီး
> လုပ်ပေးနိုင်လေမလားလို့ အရင်တုန်းကတော့ အားကိုးမျှော်လင့်ခဲ့မိပါတယ်။
> ပြတ်ပြတ်သားသား ခေါင်းဆောင်ရဲတဲ့ ဗိုလ်ချုပ်အောင်ဆန်းလို သူ့သမီးက လည်း
> သူ့လိုဖြစ်လေမလားလို့ အားကိုးယုံကြည်ခဲ့မိတာလေ။ အခုတော့ လူသာမန်တွေလုပ်တဲ့
> အလုပ်ကို လုပ်ပြီး လက်ခုပ်တီး ပန်းကုံးစွပ်တာကို သာယာနေတဲ့ အကယ်ဒမီပေးပွဲက
> မင်းသမီးတလက် ဖြစ်နေတာကို ရင်နာလို့မဆုံးဖြစ်ရတယ်။
>
> တာဝန်မကျေတာက ပြည်သူက ပေးအပ်တဲ့ တာဝန်ကို မယူရဲဘဲ ပြည်သူကိုပဲ
> ပုံချလုပ်ခိုင်းနေတဲ့ ရှောင်ပြေး နေတဲ့ ဒေါ်စုနဲ့ ၉ဝ ပြည်နှစ်က ရွေးကောက်ခံ
> လွှတ်တော်ကိုယ်စားလှယ်တွေပါပဲ။ ဘယ်အထိ လူထုက တာ ဝန်ကျေပေးရမှာလဲ၊ ဘယ်အထိ လူထုက
> လိုက်ပါဆောင်ရွက်ပေးရမှာလဲ။ နိုင်ငံတကာအနေနဲ့ကလည်း ကြည့် ပါဦး။ ဘာတခုမှ
> ထမလုပ်ဘဲ ကြေညာချက်ထုတ်ပြီး အခမ်းအနားပဲ လုပ်တတ်တဲ့ အတိုက်အခံကို ဘယ်လို
> အားပေးကူညီရမှာလဲ။ ဘာတွေ လုပ်ခဲ့ပြီးလို့ ဘာတွေ ထောက်ခံပေးရမှာလဲ။ မိမိတို့ဘာသာ
> စဉ်းစားကြပါ တော့။ ”
>
> ဆိုပြီး တိတိကျကျ ထောက်ပြ ဝေဖန်ခဲ့ဖူးပါတယ်။ ပထမ ပေးစာကိုhttp://www.shwemandalay.net/<http://www.shwemandalay.net/index.php?option=com_content&view=article...>မှာ
> ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
>
> <http://3.bp.blogspot.com/-WGaXubHfffw/TomeRS2C32I/AAAAAAAACKQ/wk6BQHY...>ဒီမိုကရေစီရဖို့
> ဈေးရောင်းပွဲလုပ်နေတဲ့ ဒေါ်စု
>
> အခုတစ်ခါ ဒုတိယ ပေးစာမှာ ပါတဲ့ အချို့ကို ပြန်လည် ကောက်နှုတ်ပြရရင်တော့
>
> “ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပြောချင်ရေးချင်စိတ် ကုန်ခန်းနေတာ
> ကြာလှပါပြီ။ သို့ပေမယ့်လည်း ဒေါ်စုဟာ မြန်မာပြည်အရေးကို ပရောဟိတ်ဆန်ဆန်
> အဓိပတိလိုတမျိုး၊ သူတော်ကောင်းမကြီးလိုတဖုံ၊ ငြိမ်း ချမ်းရေးမိခင်ကြီးလိုတသွယ်
> မိမိကိုယ်ရေးကိုယ်တာလိုတနည်းနဲ့ အသုံးချလုပ်ကိုင်နေတာတွေကို မခံရပ်နိုင်
> တဲ့အဆုံး အခုလိုစာတွေ ထပ်ရေးဖြစ်ရတာပါပဲ။
>
> ဒေါ်စုရဲ့လုပ်ရပ်တွေဟာ တရားလွန်နေပြီလို့ ဆိုရပါလိမ့်မယ်။ သူ့ရဲ့ ၂၃ နှစ်တာ
> မြန်မာ့နိုင်ငံရေးလုပ်ခဲ့တဲ့ကာ လအတွင်း ပြည်သူတွေရဲ့သွေးတွေ၊ ချွေးတွေ၊
> ဒုက္ခတွေ၊ သောကတွေကနေ ရလာတဲ့ ကျော်ကြားမှုတွေကို ခု တုံးလုပ်ပြီး ဒီကနေ့မှာ
> ပြည်သူကို သစ္စာဖောက်နေပြီလို့ပဲ ခပ်ရှင်းရှင်းဆိုလိုက်ချင်ပါတော့တယ်။
>
> လူထုခေါင်းဆောင်တာဝန်ကို ယူထားသူကတော့ အက်ဆစ်ထက် ပိုပြီးတာဝန်ရှိလိမ့်မယ်ဆိုတာ
> ရှင်းနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်မှာ ခရီးသွားလမ်းကြုံရင်း
> ပါလာခဲ့တဲ့ လူထုခေါင်းဆောင်တယောက်ဆိုရင် မှားမယ်မထင်ပါ။ အနစ်နာခံခဲ့ရတာတွေ
> ရှိခဲ့သလို အရင်က ပြောရဲဆိုရဲတွေရှိခဲ့လေတော့ ဗိုလ်ချုပ်သမီး ဆိုတဲ့အသိနဲ့
> လူထုက ချစ်ခင်လေးစားခဲ့တာပါ။ အနစ်နာခံရတယ် ဆိုပေမယ့်
> တခြားနိုင်ငံရေးအကျဉ်းသားတွေထက်တော့ သူက ကောင်းမွန်စွာ နေထိုင်ခဲ့ရသူပါ။
>
> တကယ်တမ်း မြန်မာပြည်သူလူထု လိုချင်တာက သူတို့ရဲ့အနာဂတ်ကို ကောင်းမွန်အောင်
> လုပ်ဆောင်ပေး မယ့်ခေါင်းဆောင် (တိုင်းပြည်အုပ်ချုပ်သူ) တွေကို လိုချင်ခဲ့တာပါ။ ၂၃
> နှစ်ကာလကို ပြန်သုံးသပ်ကြည့်ရင် ဒေါ်စုမှာ အဲဒီအရည်အချင်းတွေ
> ပါလာခဲ့ပုံမရပါဘူး။ ဘာကြောင့်လဲဆိုတော့
> သူ့မှာ သူ့ရဲ့လုပ်ရပ်တွေကို ဆုံးခန်းတိုင်အောင်လုပ်ဆောင်နိုင်တဲ့ အရည်အချင်းတွေ
> မရှိခဲ့ဘူး။ လုပ်နိုင်စွမ်းအားနည်းတာမဟုတ်ဘူးနော်။
> လုပ်ကိုလုပ်နိုင်စွမ်းမရှိသူဆိုတာ ဒီကနေ့ကာလမှာ သက် သေပြနေပါပြီလေ။ သူ့အနေနဲ့
> မြန်မာလူထုနဲ့ နိုင်ငံတကာက ထောက်ခံတဲ့ အားတွေ နည်းနည်းနောနော ရခဲ့
> တာမဟုတ်ပါဘူး။ နိုဘယ်ဆုအပါအဝင် သူရရှိခဲ့တဲ့ ဆုပေါင်းများစွာဟာ သူတော်ခဲ့လို့၊
> သူတတ်ခဲ့လို့၊ သူအနစ် နာခံခဲ့လို့ ဆိုတာထက်
> ဖိနှိပ်မှုရက်စက်မှုယန္တရားကြီးအောက်မှာ စတေးခံနေရတဲ့ မြန်မာလူထုတွေရဲ့ သရုပ်
> သကန်တွေကြောင့်ဆိုရင် ပိုမှန်ပါလိ်မ့်မယ်။ အသက်တွေ၊ သွေးတွေ၊ ချွေးတွေ၊
> သောကတွေ၊ ပူပန်မှုတွေနဲ့ သွန်းထုလုပ်ထားတဲ့ ရွှေစင်ရုပ်တွေက သူ့ရင်ဝအနီးမှာ
> ရောက်ရှိလာကြတာပါ။
>
> ဒေါ်စုရဲ့ နိုင်ငံရေးရပ်တည်ချက်တွေဟာ အချိန်ကာလအလိုက် တခုချင်း ပြောင်းလဲနေပြီး
> တခုခုကို စောက်ချ လုပ်ကိုင်ခြင်းမျိုးမရှိတာကိုလည်း တွေ့ရပါတယ်။ သူဟာ လူထုကို
> နိုင်ငံရေးပရောဟိတ်ကြီးလို တရားပြ ဟော ကြားပြီး ဇွဲရှိဖို့၊ အနစ်နာခံဖို့၊
> ညီညွတ်ဖို့ ဆိုခဲ့ပေမယ့်လည်း သူပြောထားတာတွေနဲ့ ညီအောင် သူမလုပ်နို်င်ခဲ့ပါ
> ဘူး။ သူ့ရဲ့တလျှောက်လုံးလုပ်ခဲ့တဲ့ နိုင်ငံရေးကိစ္စရပ်တွေမှာ သူဟာ ဘာကိုမှ
> အဆုံးသတ်လုပ်ဆောင်နိုင်တာ မျိုး မရှိခဲ့တဲ့အတွက် ဘာအောင်မြင်မှုကိုမှ
> မရခဲ့ပါဘူူး။ အခုဆိုရင် ဒေါ်စုဟာ နောက်ဆုံးဇရာပိုင်းကို ရောက် လာခဲ့ပြီ။
>
> ယုံကြည်မှုတည်ဆောက်တယ်ဆိုတာ အချိန်ကာလသတ်မှတ်ချက် ရှိရမယ်။ ၁၉၉၀
> ပြည့်နှစ်ရွေးကောက်ပွဲမှာ ပြည်သူက သူမပါတီလက်ထဲ အာဏာကုန်လွှဲအပ်ခဲ့တယ်။ ဒါလည်း
> တာဝန်မ ကျေခဲ့ပါဘူး။ ဒေါ်စုဟာ ပြည်သူလွှတ်တော်ကြီးပေါ်ပေါက်ဖို့
> ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့တယ်။ ဒါကိုလည်း ပြီးဆုံးအောင်
> မလုပ်နိုင်ခဲ့ပါဘူး။ ရွှေဂုံတို်င် အပါအဝင် ကြေညာချက်ပေါင်းများစွာကို ထုတ်တယ်၊
> တနေ့ကို သဘောထားတမျိုးစီ ထွက်နေလို့ ပြည်သူတွေနဲ့ နိုင်ငံတကာလည်း
> မျက်စိလည်ခဲ့ရပါပြီ။
>
> ၂၀၀၈ ခုနှစ် ဖွဲစည်းပုံနဲ့ ၂၀၁ဝ ရွေးကောက်ပွဲကို လက်မခံနဲ့ဆိုလို့ မဲမပေးဘဲ
> မဲမသမာမှု ဖော်ထုတ်ကြသူတွေ လည်း ထောင်နန်းကို စံနေကြရပါပြီ။ သူကတော့
> သူပြောဖူးတာကို အမှတ်ရပုံမပေါ်ပါဘူး။ အကျယ်ချုပ်က ထွက်လာခါစက ပင်လုံတဲ့၊ အခုတော့
> တိုင်းရင်းသားတွေလည်း ဘယ်ဗမာကိုမှမယုံရဲတော့တဲ့ ပင်လုံဆိုတဲ့ အ ခြေအနေကို
> ဆိုက်ရောက်သွားခဲ့ရလေပြီ။ သွေးလှူ၊ ရေဝေ၊ ရေတွင်းတူး၊ အိတ်ချ်အို်င်ဗွီ၊
> ပညာရေး၊ လူမှုရေး၊ ဧရာဝတီအရေး၊ ငြိမ်းချမ်းရေး … စသဖြင့် ရောက်တတ်ရာရာ
> ပြောဆိုနေလေတော့ နောက်က ထောက်ခံအား ပေးနေတဲ့ အင်အားတွေက ဘာလုပ်လို့
> ဘာကို်င်ရမှန်း မသဲကွဲတော့ဘဲ အာဏာရှင်ဆန်ကျင်ရေးတွေ လုပ်တဲ့ လုပ်ငန်းတွေဟာ
> မှေးမှိန်လာခဲ့ရပါတယ်။ နောက်တနေ့မှာ ဘာခေါင်းစဉ်ပြောင်းမလဲဆိုပြီး ရင်တမမနဲ့
> စောင့် နေကြသူတွေလည်း ရှိနေကြပါတယ်။
>
> ခေါင်းဆောင်ဆိုတာ ပြတ်သားတဲ့စကားကို ဆိုရမှာဖြစ်ပြီး ပြောတဲ့အတိုင်းလည်း
> လုပ်ဖို့လိုအပ်ပါတယ်။ ဟိုတ မျိုး ဒီတမျိုး ပြောနေတာမျိုးမဖြစ်သင့်ပါ။
> ချမှတ်ထားတဲ့ လမ်းစဉ်တွေအပေါ်မှာလည်း ခိုင်ခိုင်မာမာ လျှောက်ဖို့ လိုပါတယ်။
> ဒေါ်စုနဲ့ အန်အယ်ဒီခေါင်းဆောင်ကြီးတွေဟာ ၂၃ နှစ်တာကာလတလျှောက်လုံးမှာ ပြည်သူအ
> တွက် ဘာမှဆောင်ကြဉ်းမပေးနိုင်ဘဲ အခုထိ ပါတီတရားဝင်မှတ်ပုံတင်နိုင်ရေး
> တောင်းဆိုနေတာတွေဟာ လူ ထုလိုအပ်ချက်နဲ့ ဆန့်ကျင်နေတာကို တွေ့ရပါတယ်။
> နိုင်ငံရေးတက်ကြွလွန်းလို့ ထုတ်ပယ်ထားတဲ့ ပါတီတွင်း က
> တက်ကြွလှုပ်ရှားသူတွေကိုတော့ ခေါ်ယူစကားပြောဖို့အတွက် အချိန်မပေးနိုင်ဘဲ ဦး
> ဇော်ဇော် တို့လိုလူတွေနဲ့ အရောတဝင်နေချင်နေတာကတော့ အတော်လေးကို
> အကျည်းတန်အရုပ်ဆိုးလွန်းပါတယ်။ ဒေါ်စုဟာ ဒီအတွေးအခေါ်တွေလောက်နဲ့
> နိုင်ငံရေးသမားမလုပ်သင့်ပါဘူး။ အန်အယ်လ်ဒီပါတီကြီးမှာလည်း
> တကိုယ်တော်ခေါင်းဆောင်အဖြစ် ဒေါ်စုဟာ မသိမတတ်တာ မရှိဘူးဆိုပြီး
> လုပ်ချင်ရာလုပ်နေတာကို ပါတီဝင်တွေ၊ ပါတီခေါင်းဆောင်တွေ နှုတ်ပိတ်နေပေမယ့်
> မြန်မာပြည်သူလူထုကို ဂ ရုမစို်က် အလေးမထားဘဲ လူထုကို စော်ကားဖို့အထိတော့
> မလုပ်သင့်ဘူးလို့ ယူဆပါတယ်။ ဒေါ်စုဟာ သာမန် မိန်းမတယောက် မဟုတ်ပါဘူး။
> နိုင်ငံရေးသမား၊ ပါတီခေါင်ဆောင်၊ လူထုခေါင်းဆောင်ဆိုတဲ့ ဝိသေသတွေ
> တပ်ထားခြင်းခံထားရသူပါ။
>
> <http://2.bp.blogspot.com/-_eNX1QM9a-0/TnM-_0Hhv-I/AAAAAAAACCg/2slIr-p...>နေပြည်တော်
> အလုပ်ရုံဆွေးနွေးပွဲကို ခဏနဲ့ ပြန်လာပြီး ဘောလုံးပွဲကိုတော့
> အပြီးထိထိုင်ကြည့်နေတဲ့ ဒေါ်စု
>
> မြန်မာပြည်နိုင်ငံရေးဟာ ငြိမ်ငြိမ်နေကြပါ၊ ကျမ အာမခံပါတယ်၊ အပြောင်းအလဲတွေ
> မြင်နေရပါတယ်လို့ ပြော နေ၊ အာမခံနေလို့ ရတဲ့အရာမဟုတ်ဘူးဆိုတာ သိစေချင်လှတယ်။
> မြန်မာ့နိုင်ငံရေးဟာ ဒေါ်စုရဲ့ ကိုယ်ရေး ကိုယ်တာကိစ္စမဟုတ်ဘူးလေ။
> တတိုင်းပြည်လုံးကိစ္စဖြစ်တယ်။ တိုးတိုးတိတ်တိတ် လုပ်ရမယ့်ကိစ္စမဟုတ်ဘူး။
> တိုင်ပင်ရမယ်၊ အသိပေးရမယ်၊ အများဆုံးဖြတ်ချက်ကို အသိမှတ်ပြုရမယ်။ ဒါမှသာ
> ဒီမိုကရေစီစနစ်ကို ဖော် ဆောင်နိုင်မှာဖြစ်တယ်။
>
> အရင်တုန်းကလည်း ဗိုလ်ချုပ်ခင်ညွန့်နဲ့ ယုံကြည်မူတွေတည်ဆောက်တယ်ဆိုပြီး
> တိုးတိုးတိတ်တိတ် လုပ်ခဲ့ကြ တယ်။ လမ်းတံတားစီမံကိန်းတွေ သွားကြည့်၊
> တပ်မတော်သားတွေကို အားပေးနဲ့ တိုင်းရင်းသားလက်နက် ကိုင်တွေနဲ့
> ကျောင်သားတပ်ဖွဲ့တွေကို စော်ကားတဲ့ အပြုအမူတွေကို လုပ်ခဲ့ဖူးပါတယ်။ ဒေါ်စုကို
> နိုင်ငံရေးအရ တကယ်ထောက်ခံအားပေးနေတာ ကျောင်းသားတွေ၊ တိုင်းရင်းသားတွေပါ။
> ဆက်ဆံရေးဝန်ကြီး ဦးအောင် ကြည်နဲ့ ယုံကြည်မှုတွေ တည်ဆောက်နေတာလည်း အချိန်ကာလ
> မနည်းလေတော့ဘူး။
>
> ဒါပေမယ့် တိုင်းပြည်လွတ်မြောက်ရေး လိုချင်ရင် ကိုယ့်ဖာသာကြိုးစားရမယ်ဆိုတဲ့
> တာဝန်မဲ့ ပုတ်ထုတ်စကား တွေကိုသာ ဟောကြားတတ်လေတော့ စိတ်ပျက်မိပါတယ်။ ဟောပြောတဲ့
> စကားတွေမှာလည်း ရှေ့နောက်မ ညီလေတော့ ဆင်ခြင်တုံတရားနည်းစွာ
> ပြောနေတာလို့ပဲယူဆလာမိပါတယ်။ တကမ္ဘာလုံးမှာ အာဏာရှင်တွေ ကို လူထုက
> တော်လှန်နေချိန်မှာ မြန်မာပြည်က ဘယ်ဟာနဲ့တော့ နှိုင်းလို့မရဘူး၊ ဘယ်ဟာနဲ့တော့
> မတူလေ ဘူးဆိုတာမျိုးတွေ ပြောနေတာဟာ ကိုယ့်ဖာသာ အသုံးမကျမှုတွေကို ဖာထေးနေသလို
> ဖြစ်နေပါတယ်။
>
> အန်အယ်လ်ဒီပါတီကို ခေါင်းဆောင်ထားတဲ့ ဒေါ်စုဟာ ၉ဝ ရွေကောက်ပွဲရလဒ်ကိုလည်း
> အသေအချာ မဆုပ် ကိုင်ခဲ့သလို ၂၀၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်၊ ဖွဲ့စည်းပုံကို
> ပြင်ပါလို့ဆိုပြီးမှ ခုတော့ ပါတီကို တရားဝင် မှတ်ပုံတင်နိုင်ခွင့်ရရေး
> ကြိုးစားနေတာကတော့ ရှက်တတ်ရင် လဲသေလိုက်ဖို့သာ ကောင်းနေပါပြီ။ ဒါမှမဟုတ် ရင်
> အပြစ်ကင်းချင်တဲ့ သူတော်ကောင်းမကြီးလုပ်ပြီး ဘုရားရိပ်တရားရိပ်မှာ
> အေးဆေးစွာနေပါတော့။”
>
> ဆိုပြီး ရေးသားထားပါတယ်။ အပြည့်အစုံဖတ်ချင်ရင်http://kopaw07.blogspot.com/<http://kopaw07.blogspot.com/2011/09/blog-post_30.html>မှာ
> ဖတ်နိုင်ပါတယ်။
>
> ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်မှာ ဘာအရည်အချင်းမှ
> မရှိတာနဲ့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးမလုပ်တတ်တာကို လူထုက
> သိရှိနေကြပြီးဖြစ်ကြောင်း ထင်ရှားနေပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD
> ကို ပြည်သူလူထုက အင်မတန် စိတ်ပျက် နေပြီဆိုတာကို
> ကွက်ကွက်ကွင်းကွင်းမြင်နိုင်ပါတယ်။
21 comments
Foreign Resident
October 7, 2011 at 9:31 am
Dear Lone,
The following Article be the best answer.
ဒေါ်စုစေတနာကို ကြည့်တတ် မြင်တတ်ရင် ကျေးဇူးတင်ကြမှာပါ
ဘိုဘိုကျော်ငြိမ်း | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ဝ၅ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ဝ၂ မိနစ်
ရာဇဝင်ဘီး တပတ်ပြန်လည်သည်လား
မြန်မာပြည်ခေတ်သစ် ရာဇဝင်မှာ ဗိုလ်ချုပ်အောင်ဆန်း ကို မှီသည့်လူ တဦးတယောက်မှ မရှိပါ။ ငယ်ရွယ်စဉ် နိုင်ငံရေး သမားပေါက်စဘဝမှာ အင်္ဂလိပ်ကို လက်နက်ကိုင် တိုက်မှရမည်ဟု သန္နိဋ္ဌာန်ချခဲ့စဉ်က ဂျပန်တွေဆီမှ စစ်ရေး ပညာသင်ကာ ရဲဘော်သုံးကျိပ်ကို ဦးဆောင်ခဲ့သည်။ ဂျပန်ကို လက်နက်ကိုင်တော်လှန်ရမည့် အချိန်မှာ မကြောက်မရွံ့တော်လှန်ရေးကို ဦးဆောင်ခဲ့သည်။
မြန်မာနိုင်ငံနှင့် ပြည်သူများသည် အင်္ဂလိပ်နှင့် ဂျပန်စစ်တပ်တို့အကြား ကြေမွအောင် အဖျက်စီးခံ၊ အနှိပ်အစက်ခံ ခဲ့ကြရသည်။ စစ်ဦးဘီးလူး ဆိုသလိုဂျပန်တွေ အတက်မှာ စစ်နိုင်ရေး သက်သက်အတွက် ဗုံးမိုးရွာခဲ့ကြသည်။ အင်္ဂလိပ်တွေက ရှိသမျှအားလုံး မီးရှို့ပြီး ဆုတ်ခွာသွားကြသည်။ မြေဇာပင်အဖြစ် ထီးထီး ပျက်စီးကျန်ရစ်ခဲ့တာကမြန်မာပြည် မြို့အသီးသီး။
ထို့ကြောင့် ပျက်စီးနေသော တိုင်းပြည်ကို ငှဲ့၍ တိုင်းပြည်ကို စစ်မီးအတွင်းသို့ ဆွဲမချလိုကြတော့။ ဗိုလ်ချုပ်တို့လူစုသည် အသက်ပင် ငယ်ကြသော်လည်း ဂျပန်ခေတ်တွင် နိုင်ငံ အုပ်ချုပ်မှု အကြောင်းကို နားလည်ခဲ့ကြသည်။ တိုင်းပြည်ခေါင်းဆောင်ဆိုတာက တိုင်းပြည်အတွက် တာဝန်ယူရမည် ဆိုတာကို သိရှိလာကြသည်။
ဤစေတနာကို ရှေ့ထား၍ စစ်ကြီးအပြီးတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးကို အင်္ဂလိပ်ထံမှ ဆွေးနွေးခြင်းဖြင့် ရယူရန် ဆုံးဖြတ်ကြသည်။ မရမှ၊ နောက်ဆုံး လက်နက်ကိုင်လမ်းစဉ်ကို ကိုင်ဆွဲရန် ဆုံးဖြတ်ကြသည်။ ဤနည်းဖြင့် (ရရင်ရ မရရင်ချ) ဟူသော (မူ) ပေါ်ပေါက်ခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တော်လှန်ရေးသမားလည်း ဟုတ်သည်၊ ပညာတတ် နိုင်ငံရေးသမားလည်းဟုတ်သည်၊ သည်မှတဆင့် နောက်ဆုံး အမျိုးသားခေါင်းဆောင်ဘဝ ထိုမှ လွတ်လပ်ရေး ဗိသုကာအထိ မြင့်တက်ခဲ့ရသည်။
တောင်ခြေမှ အမြင်နှင့် တောင်ထိပ်မှ အမြင်သည် မတူ နိုင်ကြ။
ထို့ကြောင့် ပါတီအကျိုးကိုသာ ကွက်ကြည့်သောအမြင်နှင့် တိုင်းပြည်တခုလုံးအတွက် ခြုံကြည့်ပုံချင်း ခြားနားရပေပြီ။ ဗိုလ်ချုပ်ကို ဉာဏ်မမှီသော လူစုက တိုင်းပြည်အကျိုးကို
ကြည့်၍ ဗိုလ်ချုပ် အင်္ဂလိပ်နှင့် လွပ်လပ်ရေးအတွက် ဆွေးနွေး သည်ကို နားမလည်နိုင်ကြ၊ မနာလိုကြ။ အင်္ဂလိပ် အလိုတော်ကြီး အောင်ဆန်း၊ အောင်ဆန်း ဘယ်လဲ၊
အောင်ဆန်း ဘာလဲ စသည်ဖြင့် တိုက်ခိုက်လာကြသည်။
ဗိုလ်ချုပ်၏စေတနာကို မမြင်နိုင်ကြ။ နိုင်ငံရေး အသာရမှုကိုပဲ မြင်ကြသည်။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ လွန်လာတော့ ဗိုလ်ချုပ်က ဂျောင်းဆိုပြီး မောင်းထုတ်လိုက်သည်။
ဟော အခုလည်း လာကြပြန်ပြီ။ ဒေါ်စု၏ စေတနာကို နားမလည် နိုင်ကြသူတွေ ပေါ်လာကြပြန်ပြီ။ မေးခွန်း ထုတ်ချင်ကြသည်။ နိုင်ငံရေးမှာ ဝေဖန်တာ အသစ်အဆန်းမဟုတ်။ ဒီမိုကရေစီမှာ မေးမြန်းခြင်း၊ ဆန်းစစ်ခြင်းဟာ အင်အားတခုပဲ မဟုတ်ပါလား။ တချိန်တည်းမှာ အများအတွက် နိုင်ငံရေးဆိုတာ ခံစားမှု (emotions) အပေါ် အခြေခံကြသည်။ ချစ်တယ်၊ မုန်းတယ်၊ ထောက်ခံတယ်၊ မထောက်ခံဘူး ဆိုတာတွေ အားလုံး လိုလိုသည် မိမိ၏ ခံစားချက်နှင့် ဆုံးဖြတ်ကြသည်က များသည်။ တိုင်းပြည်ကို ရာစုနှစ်တဝက်ကျော်ကျော် ဓါးမိုးအုပ်ချုပ်လာသူများကို မုန်းတာ သဘာဝကျပါသည်။ မဆန်း။
သို့သော် “ဒေါ်အောင်ဆန်းစုကြည်ဟာ မာသာထရီဇာလို ဖြစ်သွားပြီ”၊ ဒေါ်အောင်ဆန်းစုကြည်သို့ “စစ်ကြေငြာချက်” ဆိုသည့် ရေးသားမှုတွေသည် ဒေါ်စု၏ စေတနာကို နားမလည်ကြလို့ မိမိခံစားမှုအရ ရေးသားမှုတွေလို့ နားလည်မိရင်း စိတ်မကောင်း ဖြစ်မိသည်။ ဒေါ်စု၏ စေတနာကိုသာ ကြည့်တတ်မြင်တတ်ရင် ဒီလို အထင်မှားမှုတွေ ပပျောက် သွားနိုင်သည်ဆိုသည့် ယုံကြည်ချက်ကြောင့် ဒီဆောင်းပါးကို ရေးမိခြင်းဖြစ်ပါသည်။
လောကတွင် ဘယ်အရာမဆို တဖက်သပ် တလမ်းသွားအမြင် တခုတည်း မကြည့်သင့်ပါ။ ထောင့်ပေါင်းစုံ ဘက်ပေါင်းစုံမှ ကြည့်ပြီး ဖြစ်စဉ်တခု၏ ဖြစ်နိုင်ခြေကို မျှမျှတတ သုံးသပ်မှ ဖြစ်ရပ်မှန်နှင့် ပိုနီးစပ်နိုင်သလို၊ ခံစားမှုလည်း အနည်းဆုံး ဖြစ်လိမ့်မည်ဟု ယုံကြည်မိပါသည်။
ဖအေတူသမီး
ဗိုလ်ချုပ်လောက် ခေတ်သစ်မြန်မာနိုင်ငံ၏ ရာဇဝင်မှာ နှလုံးရည်ပြည့်သူမရှိ။ ကာယစွမ်းအား၊ ဉာဏစွမ်းအား နှစ်ဘက် စလုံး အစွမ်းထက်သည်။ တိုင်းပြည်အပေါ် ထားသောစေတနာမှာလည်း ပြောစရာ မရှိ၊ နောက်ဆုံး တိုင်းပြည်အတွက် အသက်ကိုပါ ပေးလှူခဲ့ရှာသည်။ ဖအေတူသမီးမို့ တိုင်းပြည်အတွက် မိမိအန္တရာယ်ကိုမမှု၊ ဒီပဲရင်းဖြစ်ရပ်က သက်သေ ထူခဲ့ပြီ။
ဒေါ်စုနှင့် သတင်းအင်တာဗျုးတွေကို နားထောင်ကြည့်ကြပါ။ ဒေါ်စုသည် ယုံကြည်ချက် ပြင်းသူဆိုသည်ကို မည်သူမျှ မငြင်းနိုင်။ ထို့ပြင် ဒေါ်စုတွင် အတွေးအခေါ် ပြည့်သည်ကို ဒေါ်စု၏ အဖြေတွေမှ သက်သေထူလျက်။
လူထုခေါင်းဆောင်
နိုင်ငံရေးရဲ့ “အင်အား” ဆိုသည် နောက်ဆုံးတော့ လူအများစု ထောက်ခံမှုပဲ။ တတိုင်း တပြည်လုံး အတိုင်းအတာနှင့်
ထောက်ခံမှုရလာတော့ “လူထုထောက်ခံမှုရပြီ” လို့ ဆိုနိုင်သလို ခေါင်းဆောင်သည်လည်း “လူထုခေါင်းဆောင်” ဟု အသိအမှတ်ပြု ခံနိုင်ပြီ။
ဤသို့ “လူထုခေါင်းဆောင်” အဆင့်ရောက်ရန် မလွယ်ပါ။ ပထမ မိမိ၏ ရည်မှန်းချက် ထင်ပေါ်ရမည်။ ဗိုလ်ချုပ်က တိုင်းပြည် လွတ်လပ်ရေး၊ ဒေါ်စုက ဒီမိုကရေစီ လွပ်လပ်ရေး။ ဒုတိယ ယုံကြည်မှု ထင်ရှားရမည်။ ဗိုလ်ချုပ်က ဆိုရှယ်လစ်နှင့် ပါလီမန်ဒီမိုကရေစီ၊ ဒေါ်စုက လစ်ဘရယ် ဒီမိုကရေစီ။ ဖေါ်ဆောင်မှုမှာ ရပ်တည်ချက် ပြတ်သားရမည်။
ဗိုလ်ချုပ်က အစွဲမရှိ၊ ရရင်ရ မရရင်ချ။ မရမှချမှာ။ မလိုဘဲ အသက်တွေကို မစတေးလို။ မှားမှားမှန်မှန် ဒေါ်စု က အကြမ်းမဖက်သော လမ်းစဉ်ကိုစွဲကိုင်ထားသည်။ သတ္တိရှိမှုမှာ ပြောစရာမရှိ။ ဗိုလ်ချုပ်က ဂျပန် လက်ထဲကတော်လှန်ရေးကိုရအောင် ဦးဆောင်သွားသည်။ နေမဝင် အင်ပါရာ အရှင်သခင်တွေကို ဉာဏ်ချင်းယှဉ်ရဲသည်။
ဒေါ်စုက အာဏာရှင် လက်အောက်မှာ ရင်ကော့၍ဒီမိုကရေစီ ကို တောင်းဆိုရဲသည်။ ဦးမကျိုး။ ထို့ကြောင့် နိုဘယ်ဆု ချီးမြှင့်ခံရကာ လူထုခေါင်းဆောင်ထက် ကျော်၍ “ကမ္ဘာ့ ဒီမိုကရေစီအိုင်ကွန်” အဖြစ် အသိအမှတ် အပြုခံရသည်။ ကမ္ဘာပေါ်ရှိ ဒီမိုကရေစီ တိုက်ပွဲဝင်သူများအတွက် အားကျစရာ အတုယူစရာ မီးတိုင်ဖြစ်ခဲ့ရပြီ။
ဒေါ်စုလို နိုင်ငံ့ခေါင်းဆောင် အဆင့်၊ ကမ္ဘာ့ အဆင့် ရောက်လာတော့ “တာဝန်” ဆိုသည့် ဝန်က ပိလာပြန်သည်။ စိတ်ထင်တိုင်း လုပ်၍ မရတော့။ ဒေါ်စု စကားတခွန်းကို ဂရုပြု၊ နားစွင့်နေသူ
တွေက တပုံတခေါင်း။ ဒေါ်စု၏ လှုပ်ရှားမှုကို စောင့်ကြည့်နေသူ တွေက မနည်းလှ။ စစ်အစိုးရနှင့် စစ်ထောက်လှမ်းရေးတွေက ရှေ့ဆုံးက။ ထို့ကြောင့် ခေါင်းဆောင် စစ်စစ်သမား ဘဝကမလွယ်။ သွားသတိ၊ လာသတိ၊ ပြောသတိ ရှိရပြီ။
ဒေါ်စုသည် တော်လှန်ရေးသမားမဟုတ်။ အပြောင်းအလဲကို သွေးထွက်သံယိုမှု လမ်းလိုက်၍ မလျှောက်လို။ အကြမ်းမဖက်သော နည်းဖြင့်သာ ရယူလိုသည်။ စာရေးသူက ဗိုလ်ချုပ်လမ်းစဉ်ကို ပိုနှစ်ခြိုက်သည်။ အကြမ်းမဖက် သက်သက်ကို ဘဝင်မကျ။ သို့သော် ဒေါ်စု ကိုနားလည်ပေးသည်။ နားလည်ပုံက သည်လိုပါ။
လူထုထောက်ခံမှု ရှိလာပါက ခေါင်းဆောင်တဦးဟာ သူကြိုက်ရာလမ်းကို ရွေးချယ်ခွင့်ရှိသည်။ ကနဦးအစ ကတည်းက သူ၏လမ်းကြောင်းကို သိသိနှင့် ထောက်ခံခဲ့ကြသည်ပဲ မဟုတ်လား။ ဒေါ်စုက အကြမ်းမဖက်သော လမ်းစဉ်ကို ယုံကြည်သူ။
စီးပွားရေးပိတ်ဆို့မှုပြုပြီး လာဆွေးနွေးဆိုတော့ လျှာပေါ်မြက်ပေါက်ပါစေ စစ်ဗိုလ်တွေက မလာ။ အာဏာ လက်မ လွှတ်ချင်တဲ့ ဘက်ကလည်း ပိုမည်ထင်သည်။
တဘက်က တရုတ်ကြီးကိုအားကိုးရင် အိန္ဒိယ၊ အာဆီယံ၊ ရုရှား အားလုံးကို လှည့်စားသည်။ ကြည့်တော့ အညာသား ရိုးရိုးအအနဲ့ ဗိုလ်ချုပ်သန်းရွှေက နိုင်ငံရေး လူလည်။ စိတ်ရှည်သည်။ အာဏာအကြောင်း ကောင်းကောင်း နောကြေ သည်။
အာဏာရှင်၏ ထွက်ပေါက်
ဗိုလ်ချုပ်သန်းရွှေ၏ အားသာချက်မှာ ရှောင်ရန်၊ ဆောင်ရန်ကို အတုယူတတ်သည်။ ဦးနေဝင်းထံမှ အာဏာကျမ်းကို သင်ယူပြီး ဦးနေဝင်း၏အမှားမျိုး ဘယ်သောအခါမှ မလုပ်။ သက်တန်းရှည်သော အာဏာရှင်တိုင်းသည် အာဏာကို လက်မလွှတ်ရဲသော်လည်း နိစ္စဓူဝ မင်းလုပ်အုပ်ချုုပ်ရသည်မှာ ၎င်းတို့ အလုပ်မဟုတ်တော့။ မိမိထံမှ အာဏာ မသိမ်းနိုင်ရန် အစီအမံတွေပြုပြီး မိမိတို့က အပေါ်က အသာကြည့်နေရုံ။
ဥပမာ ကက်စထရိုက သူ့ညီကို အာဏာလွှဲပေးပြီး အခု သက်တောင့်သက်သာ ဇိမ်ရစ်နေရုံ။ ကျန်တဲ့သူတွေက သူ့လူတွေချည်း။ ပို၍ဉာဏ်ရှိတဲ့ တိန်ရှောင်ပိန်တို့ကျတော့ အာဏာ အပြောင်းအလွဲကို စနစ်တကျ Institutionalized လုပ်၊ စနစ်ကို ဖေါ်ဆောင်ပြီးမှ သူ့ထက် ငယ်သူတွေကို နေရာပေးပြီး သူက ထိန်းကျောင်းပေးကာ လူကြီး (၆) ယောက်မှ ပဲ့ကိုင်ပေးသွားသည်။
ဦးနေဝင်းသည် သူ့၏ တပ်ရင်း (၄) က လူတွေနဲ့ အာဏာတည်ဆောက်ခဲ့သော်လည်း၊ သူ့ကိုယှဉ်ပြောနိုင်သည့် စစ်ဗိုလ်တွေ အားလုံးကို ဖယ်ထုတ်ပြီး ဟိုးအောက် တပ်ကြပ်အဆင့်က လူတွေကို ဆွဲတင်လာပြီး နောက်ဆုံး ဗိုလ်ချုပ် အပွင့်တွေ တင်ပေးလိုက်က သစ္စာစောင့်တည်မှုကို ရာထူးနှင့် ဝယ်ယူလိုက်သည်။ ပြီးမှ ဗိုလ်ချုပ် ကျော်ထင်၊ အေးကို၊ စိန်လွင်တို့က တဆင့်ကြားခံပြီး Proxy နဲ့ ဗိုလ်ချုပ်စောမောင်၊ ဗိုလ်ချုပ် သန်းရွှေတို့ကို ကိုင်ထားပြီး ဗိုလ်ချုပ်တင်ဦး (တွင်း(၃))၊ ခင်ညွန့်တို့က တဆင့် တိုက်ရိုက် အာဏာမဏ္ဍိုင်တွေကို ကိုင်ထားခဲ့သည်။
ဗိုလ်ချုပ်သန်းရွှေ၏ ရွှေ့ကွက်တွေကို ပြန်သုံးသပ်သော် သူနဲ့အတူ အာဏာယူခဲ့ကြတဲ့ ဗိုလ်ချုပ်တွေအားလုံးကို (မ) ထုတ်သွားသည်။ အာဏာ၏ အတွင်းစည်းဝိုင်း ဖြစ်သည့် (တပ်) ထဲမှာမထားခဲ့။ ရည်မှန်းချက်ကြီးပုံ ရှိကြသည့် ဦးရွှေမန်းနှင့် ဦးတင်အောင်မြင်ဦးတို့ကို တည်ပေးထားသည်။ ဒီနှစ်ယောက် ပြိုင်နေကြမှ တပ်ကို စည်းရုံးရန် အချိန်မရ၊ ဒီတော့မှ အသာလေးတပ်ကို အချိန်ပေးပြီး စိတ်ချလက်ချ ကိုင်နိုင်သည်။ စစ်တပ်က အာမခံ ပေါ်လစီပင်။
ဦးနေဝင်းရဲ့ အဓိက မှားတဲ့ အချက်က သူရဲ့တဆင့်ခံ (Proxy) အုပ်ချုုပ်တဲ့ သူ့တပည့်တွေက သူ့အရင် ဘဝတပါး
ပြောင်းကုန်ကြသည်။ အသက်ကြီးတော့ ဘာသာရေးဘက် ရောက်သွားပုံရပြီး သတိလက်လွတ် ဖြစ်သွားပုံရသည်။ ဗိုလ်ချုပ်သန်းရွှေသည် ဦးနေဝင်းအမှားမျိုး ဘယ်တော့မှ မလုပ်ခဲ့။
တိန်ရှောက်ပိန်သည် စနစ်တကျ အာဏာအပြောင်းအလဲကို Institutionalized လုပ်ပြီးမှ စိတ်ချလက်ချ သေသွားခြင်း
ဖြစ်သည်။ ဒါကို ဗိုလ်ချုပ်သန်းရွှေလည်း မြင်နိုင်သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲသည် ဘယ်လောက် အရုပ် ဆိုးဆိုး
ပြည်ထောင်စု လွှတ်တော်၊ လူမျိုးစု လွှတ်တော်၊ ပြည်နယ် အစိုးရဟူသည့် Institution အပေါ်ထပ် အဆောက်အအုံ
တွေ ပေါ်လာသည်။
လက်ရှိမှာ ဒါတွေသည် ရုပ်ပစ္စည်း အားဖြင့်သာ တည်ရှိနေသေးသည်။ ဒီမိုကရေစီ စစ်စစ် အောက်မှာကဲ့သို့
အသက်ဝင် လှုပ်ရှားနိုင်ခြင်းမရှိသေး။ လွှတ်တော်အမတ်အများစုက မိမိတို့နိုင်ငံရေးလုပ်ငန်းစဉ်ကို ပီပီပြင်ပြင် သဘောမပေါက်ကြသေး။ ပြည်ထောင်စု အစိုးရနှင့်ပြည်နယ် အစိုးရတွေဘယ်လို အာဏာခွဲဝေ အုပ်ချုပ်ရမယ် ဆိုသည်ကိုတောင် တိတိကျကျ သိကြသေးတာ မဟုတ်။ သို့သော် စစ်အုပ်ရေးထက်တော့ တဆင်မြင့်လာပြီ။ စစ်အုပ်ချုပ်ရေးအောက်မှာ အဆင့်ဆင့် စစ်ဗိုလ်တွေ၏ အမိန့်သည် ဥပဒေပင်။ စာရေးသူ၏ အတွေးတွင် ၂ဝ၁ဝ
ရွေးကောက်ပွဲသည် ဗိုလ်ချုပ်သန်းရွှေ၏ ထွက်ပေါက်ပင်။
ကျန်ခဲ့မယ့် နိုင်ငံရေးသမိုင်း
နိုင်ငံကို ဦးဆောင်ခွင့်ရသည့် လူအများသည် မိမိ၏ သမိုင်း Legacy ကိုထားခဲ့ချင်ကြသည်ပင်။ ဗိုလ်ချုပ်သန်းရွှေ လည်းမစဉ်းစားဟု မပြောနိုင်။ စပိန်မှာ ဖရန်ကိုဟာ အာဏါရှင်အဖြစ် ကျေနပ်အောင် အုပ်ချုပ်ပြီး သမိုင်းကောင်းရန် ဘုရင်စနစ်ကို ပြန်ထောင်၊ ပါလီမန်စနစ်ကို ပြန်ဖေါ်ထုတ်ပေးသွားသည့် ရာဇဝင် သာဓကတွေရှိနေသည်။ ဒီမိုကရေစီ၏ အင်္ဂါရပ်တွေဖြစ်သည့် လွှတ်တော်များ၊ ပြည်နယ်အစိုးရများ ပြန်ပေါ်လာသည်ကို အသိမှတ်ပြု၊ တိုးတက်ရန် မကြိုးစား သင့်ဘူးလား။
အင်ဒိုနီးရှားတွင် ဆူဟာတို ပြဿနာပေါ်တော့ သူတို့လွတ်လပ်ရေးဖခင် ဆူကာနို၏ သမီး မီဂါဝါဒီဟာ ပါလီမန်အထဲ တွင် ရှိနေပြီ။ သူတို့သည်လည်း စစ်သားတမတ်နှင့် (စ) ကြသည်ပင်။ သူတို့လည်း အရေးပေါ်တော့ ဆူကာနိုရဲ့
သမီး မီဂါဝါဒီကို ဝိုင်းထောက်ခံကြပြီး တဖြည်းဖြည်းပြောင်းလဲ လာသည်မှာ ယခုတော့ အင်ဒီုနီးရှားသည့် အာစီယံ
တွင် စီးပွားရေးအရ GDP (ပြည်တွင်းထုတ်ကုန် ပမာဏ) အကြီးဆုံးနိုင်ငံ၊ G20 နိုင်ငံ၊ ဒီမိုကရေစီ တွန်းကားသည့်
နိုင်ငံအဖြစ် အောင်မြင်မှု လမ်းကြောင်းအပေါ် ရောက်နေခဲ့ပြီ။ (မှတ်ချက်၊ တချိန်က မြန်မာနိုင်ငံသည် အင်ဒိုနီးရှားတော်လှန်ရေးတွင် သခင်သာခင်ကို စေလွှတ်ပြီး လက်နက်အကူအညီ ပေးခဲ့ဖူးသည်။)
ဒေါ်စုက Oxford ကျောင်းထွက်၊ ကမ္ဘာကျော် ဒီမိုကရေစီ အိုင်ကွန်။ ဒေါ်စုသာ အခွင့်ရသော် တိုင်းပြည်အတွက် အများကြီး အကျိုးပြုနိုင်ပါသည်။ ဘာအကြောင်းကြောင့်ပဲ ဖြစ်စေ တိုင်းပြည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက် လာပြီ၊ အပေါ်ထပ် အဆောက်အအုံတွေ ပေါ်လာပြီ။ ဤသည်ကို အသက်ဝင်ရန် စွမ်းဆောင်လာနိုင်သော် တိုင်းပြည်အတွက် မကောင်းဘူးလား။ အများကြီးလိုသေးသည်။ သို့သော် စစ်အုပ်ချုပ်ရေးတော့ မဟုတ်တော့။ ထို့ကြောင့် ဒေါ်စုက သူ့မိန့်ခွန်းမှာ အကောင်းဖြစ်လာစရာ အကြောင်းပြောကြားသွားသည်ဟု ထင်မိသည်။
အစိုးရ အပြောင်းအလဲ
မိမိ မလိုလားသည့် အစိုးရကို လုံးလုံးပြောင်းလဲစေချင်သော်တော်လှန်ခြင်း Revolution နည်းနှင့် ပြောင်းလဲနိုင်သည်။တော်လှန်ရေးတွင် လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုအုံကြွမှု တော်လှန်ရေး နှစ်နည်းနှင့် ပြောင်း၍ရသည်။ လက်နက်ကိုင် တော်လှန်ရေးကို အောင်မြင်အောင် ဆင်နွှဲနိုင်မှ မိမိစိတ်ကြိုက် အစိုးရနှင့်စနစ်ကို ချက်ချင်း ပြောင်းလဲ နိုင်မည်။ လူထုအုံကြွမှု တော်လှန်ရေးနည်းနှင့် ပြောင်းလျှင်တောင် မိမိစိတ်ကြိုက် အစိုးရဖြစ်လာလေ့ မရှိပါ။ အကြောင်းက ပျားအုံကို တုတ်နဲ့ထိုးသလို ဖရိုဖရဲ ဖြစ်ပြီးမှ ပြန်စုရတော့ မိမိလိုချင်တဲ့ အစိုးရ ဖြစ်ချင်မှဖြစ်လာမည်။
ဥပမာ ယူကရိန်းကို ကြည့်။ လောလောဆယ် အီဂျစ်ကို ကြည့်။ ဆာဘီးယား (Serbia) ကိုကြည့်။ နိုင်ငံအများစုမှာ ရွေးကောက်ပွဲ အလီလီလုပ်ပြီးမှ အခြေကျလာနိုင်သည်။
တော်လှန်ရေး အပြင် နောက်တနည်းမှာ ဖြည်းဖြည်းချင်း ပြောင်းလဲသည့် Evolution နည်းပဲ။ အကြမ်းမဖက်တဲ့နည်း ကတော့ ဤနည်းပင်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ အဖွဲ့ကြီး နောက်ဆုံး တိုင်း ပြည်လွတ်လပ်ရေးကို အရယူပေးသွားတာလည်း ဤနည်းပင်။ ယင်းနည်းက ဉာဏ်ကစား တတ်ရန်လိုသည်။ အပေးအယူ လုပ်ရသည့်အတွက် မိမိလိုချင်တာအားလုံး မရနိုင်။ စိတ်ရှည်ရမည်။
Foreign Resident
October 7, 2011 at 9:32 am
မြန်မာတွေရဲ့ ပြဿနာက
ကျနော်တို့၏ ပြဿနာသည် အကြောင်းကြောင်းကြောင့် တော်လှန်သည့်နည်းနှင့် စစ်အစိုးရကို မဖယ်ရှားနိုင်ကြပါ။နိုင်ငံရေးတွင် စုစည်းမှုရှိမှ၊ ဖွဲ့စည်းမှု ရှိမည်။ ဖွဲ့စည်းမှုရှိမှ ဦးဆောင်မှုရှိလာပြီး ဆောင်ရွက်ချက် ရှိနိုင်ပါသည်။ဆောင်ရွက်မှုရှိမှ တိုးတက်တက်မှု၊ ဒီကမှ အရှိန်ရလာပြီး လူတွေယခုထက် စုရုံးလာကြပြီး “အင်အား” ဆိုသည်ပေါ်လာနိုင်ပါသည်။ ဒါလူမျိုးတိုင်း တိုင်းပြည်တိုင်း မလွဲမသွေ ဖြတ်ကျော်ကြရပါသည်။ တယောက်တပေါက် ဦးတည်ချက် ပေါင်းစုံနှင့် ခြေဦးတည့်ရာ လွန်ဆွဲနေကြသော် တော်လှန်ရေး မအောင်နိုင်ပါ။ ဒေါ်စုက သူ၏ ယုံကြည်ချက်သည် အကြမ်းမဲ့ ဖြစ်သော်လည်း တော်လှန်ရေးကိုသာ စွဲစွဲမြဲမြဲ ယုံကြည်သူတွေကို မကန့်ကွက်ပါ။
၈၈၈၈ ခေါင်းဆောင်တွေသည် မဏ္ဍိုင်တခုအဖြစ် ရပ်တည်နိုင်ကြသည်အပြင် ဒေါ်စုကို ပံ့ပိုးခဲ့ကြခြင်းကြောင့်ဒေါ်စုနှင့် အတိုက်အခံတွေ ပိုအားမရှိခဲ့ဘူးလား။ အားဖြည့်သည့်သဘော။ ထို့နည်းတူစွာပင် တော်လှန်ရေးနှင့်မှ ဆိုသည့်သူတွေ ဖွဲ့စည်းမှု ခေါင်းဆောင်မှု ပြသကြပြီး မိမိလိုအပ်ချက်တွေကို ဖြည့်စည်းထားကြသော် တိုင်းပြည်
အတွက် ပိုအကျိုး မပြုနိုင်ဘူးလား။
လောကတွင် ဖြစ်ချင်တာ၊ ဖြစ်နိုင်တာ၊ ဖြစ်လာတာ မတူတတ်ကြပါ။ ဖြစ်လာသည်ကို အခြေခံပြီး ဖြစ်ချင်သည့် ဘက်ကို ဖြစ်နိုင်သလောက် အရောက်ဖန်တီး နိုင်သူတွေ၊ အောင်မြင်သည့်သူတွေသည် လက်တွေ့ အကောင် အထည် ဖေါ်နိုင်သူတွေဖြစ်လာကြပြီး၊ ကျန်သူတွေကတော့ စိတ်ကူးယဉ် ကမ္ဘာမှာ ကျန်ခဲ့ကြတာပါပဲ။ အတွေးမတူရင် အမြင်ချင်း မတူနိုင်ကြပါ။
ကျနော်တို့ မြန်မာတွေကို သွေးဆူလွယ်တယ်ဟု စွပ်စွဲကြတယ်။ သေချာသည်မှာ စိတ်လှုပ်ရှားမှု (Emotions)ပေါ်မူတည်ပြီး နိုင်ငံရေးမှာ ဆုံးဖြတ်ကြတာများသည်။ ခံစားမှုကိုကျော်ပြီး ခေါင်းအေးအေးနှင့် ချင့်ချိန်ပြီး လုပ်သင့်လုပ်ထိုက်သည်ကို အစီအစဉ်ဆွဲပြီး လုပ်ကြသူတွေ နည်းသေးသည်ဟု မြင်မိသည်။ အနိုင် တိုက်ရမည်၊ ရန်သူကိုရန်သူ မှန်းသိပါစေဆိုသည့် တဘက်စွန်း အတွေးအခေါ်တွေမှ ရုန်းထွက်နိုင်ကြရန် အချိန်တန်ပါပြီ။
ခုခေတ် အနောက်နိုင်ငံတွေတွင် IQ အသိဉာဏ် တင်မဟုတ် EIQ လို့ခေါ်တဲ့ Emotional IQ စိတ်လှုပ်ရှားမှုကို ဘယ်လောက်ထိန်းနိုင်၊ မထိန်းနိုင်ဆိုသည်ကိုပါ သတိပြုလာကြပြီ။ အသိဉာဏ်ရှိမှ၊ သတိရှိမှ စိတ်လှုပ်ရှားမှုကို ထိန်းနိုင်ပါမည်။
တာဝန်မတူရင် အတွေးမတူပါ
ရာဇဝင် ရုပ်သံလိုင်း (History Channel) တွင် မော်၏ နောက်ဆုံးတော်လှန်ရေး လွှင့်သွားပါတယ်။ ယဉ်ကျေးမှုတော်လှန်ရေး အကြောင်းပါ။ တရုတ်ကွန်မြူနစ်တွေ အမြဲဆဲဆိုနေကြတဲ့ အမေရိကန်သမ္မတ နစ်ဆင် တရုတ်ပြည်ကို အလည်လာတော့ အစိုးရက လူတွေကို လမ်းပေါ်မောင်းချပြီး ကြိုဆိုခိုင်းသည်။
ထိုစဉ်က စိတ်ဓါတ် အလွန်တက်နေတဲ့ တပ်နီလူငယ်၊ ခုတော့ ရင့်ကျက်နေပြီဖြစ်သည့် တရုတ်မ တယောက်ကပြန်ပြောရာမှာ တချိန်လုံး ပစ်မှတ်အဖြစ် အသုံးပြုခဲ့ရသည့် နစ်ဆင်ကို အလံတွေကိုင်ပြီး ကြိုဆိုရတော့ စိတ်ထဲမှာ ဘဝင်မကျလိုက်တာတဲ့။ ဒါကလမ်းပေါ်က လူတဦး၊ ရန်စိတ် ပြင်းထန်နေသည့် တပ်နီ လူငယ်တဦး၏ အမြင်။ သို့သော် တိုင်းပြည်အုပ်ချုပ်နေရသည့် မော်နှင့် ချူအင်လိုင်းတို့ အမြင်ကျတော့ ဆိုဗီယက်ရုရှားတို့၏ ရန်ကမသေး။ ဝင်တိုက်ရင် ခုခံဖို့ ပြင်နေရပြီ။ ဘုံရန်သူကို ကစားဖို့ အမေရိကန် ဖဲကို လှည့်ကိုင်ရသည်။ လမ်းပေါ်က အမြင်၊တောင်ခြေက အမြင်အရ ‘မုန်း မုန်း မုန်း – တိုက် တိုက် တိုက်’ တိုက်ပေါ်က အမြင်၊ တောင်ထိပ်ကအမြင်က ရမ်းလို့မရ။ တိုင်းပြည်တာဝန်က ရှိသေးတာကိုး။
ဉာဏ်ချင်းမတူရင်လည်း အတွေးမတူပါ
ယဉ်ကျေးမှု တော်လှန်ရေးကာလမှာ မော်က ပါတီဗဟိုကို အမြောက်နဲ့ ပစ်ပြီး အာဏာ ပြန်လုရတာကြောင့် ဉာဏ် နည်းတဲ့၊ အာဏါမက်တဲ့ ၎င်း၏ဇနီးဟောင်း ချန်ချင်းနှင့်
လေးဦးဂိုဏ်းကို အားထားခဲ့ရသည်။ တော်လှန်ရေးတွင် ပါခဲ့ကြသည့် တော်လှန်ရေး ရဲဘော်ဟောင်း အများစုသည် ချန်ချင်းတို့၏ ရမ်းကားမှု၊ နှိပ်စက်မှုကို ခံခဲ့ကြရသည်။
ဒီအချိန်တွင် ချူအင်လိုင်းသည် မော်ကို အမွှန်းတင်ထားသည့် စာအုပ်နီ ကလေးကို ဝေ့ကာရမ်းကာ တပ်နီများအကြိုက် လိုက်အော်ခဲ့ရရှာသည်။ တဘက်ကကြည့်သော် ချူအင်လိုင်း အာဏာရူးသည်။ ရာထူးမစွန့်နိုင်ဘူးဟု ထင်စရာ ရှိသည်။ သို့သော် ချုအင်လိုင်းဘက်မှ ပြန်ကြည့်သော် ဒီလို ရပ်တည်နိုင်လို့ အပြစ်မရှိသည့်သူတွေ အများကြီးကို ကယ်တင်နိုင်ခဲ့သည်။ ပါတီ ဂျောက်ထဲမကျရန် ထိန်းနိုင်ခဲ့သည်။
လင်ပြောင်နှင့် ချန်ချင်းတို့ ဝန်ကြီးချုပ်ကို ပက်ပက်စက်စက် စော်ကားကြသည်။ ကမ္ဘာကျော် စာရေးဆရာမကြီး ဟန်ဆုရင်၏ အကြီးဆုံးသား (Eldest Son) ဆိုသည်ကို ဖတ်ကြည့်ကြပါ။ ချူအင်လိုင်း၏ တိုင်းပြည်အပေါ် ထားသည့် စေတနာနှင့် ခံစားမှုကို သိမြင်ကြရပါမည်။ သို့သော် ချူအင်လိုင်းသည် တိုင်းပြည်အကျိုးအတွက် ပုဂ္ဂိုလ်ရေး စော်ကားမှုတွေကို လျစ်လျူရှုနိုင်ခဲ့သည်။
ဒေါ်စုလည်း ဒီပဲရင်းတွင် ၎င်းရဲ့ အသက်ကို ထိပါးရုံမက လူရင်းတွေ သေကုန်ကြ၊ စိတ်ခံစားမှု မရှိဘဲနေပါ့မလား။ တယောက်တည်း အံကြိတ်ပြီး ခံစားခဲ့ရတာတွေ ရှိနိုင်သည်။ ဒါပေမဲ့ တိုင်းပြည်အကျိုးကို ရှေ့ရှုပြီး တိုင်းပြည်အတွက် အဖြေရှာကြရန် အပြုံးမပျက် ဖိတ်ခေါ်လျက်ပင်။ ဒါပြည်သူ့ခေါင်းဆောင် စစ်စစ်ဆိုသည်ကို သက်သေထူလိုက်ခြင်း
ပင်။
ချူအင်လိုင်းနဲ့ တိန့်ရှောက်ပိန်တို့တောင် မတူကြဘူး
မော်က သူမသေခင်တွင် legacy သမိုင်း အတွက် ယဉ်ကျေးမှုတော်လှန်ရေး မှန်သည်ဟု ပါတီလိုင်းချပေးသည်။ တိန်ကခေါင်းမာသည်။ ချူအင်လိုင်း သေကာနီးတွင် မင်းသဘောတူသလားဟု တိန်ကိုမေး၏။ တိန်က “NEVER” လို့ဖြေရာ၊ ချူအင်လိုင်းက အေးအခုမှငါ အေးအေးဆေးဆေး သေနိုင်ပြီလို့ပြန်ဖြေသည်တဲ့။
တရုတ်ပြည် စီးပွားရေး အောင်မြင်မှုအတွက် တိန်ရှောက်ပိန်သည် နံမည်ကျော်ခဲ့သော်လည်း တကယ်က Four Modernization Programs ခေတ်မှီတိုးတက်မှု အစီအစဉ် လေးရပ်က စတာပါ။ ချူအင်လိုင်း၏ ကျေးဇူးတွေပါ။ ချူအင်လိုင်းသာ အတွင်းက တင်းမခံထားသော် တော်လှန်ရေးရဲဘော် ဟောင်းကြီးများ ကျန်မည်မဟုတ်။ ချန်ချင်း
တို့ ရမ်းတာနှင့် အားလုံးသေကုန်ကြမည်။ ချူအင်လိုင်းသေပြီး မော်သေတော့ တော်လှန် ရေးသမားကြီးများကြောင့် တိန်ရှောက်ပိန် ပြန်အာဏါထူထောင်နိုင်ခဲ့သည်။
အပေါ်ယံအဖြစ်ပျက်ကိုကြည့်ပြီး တွေးလျှင် ချူအင်လိုင်းလိုလူမျိုးသည် သစ္စာဖေါက်။ အတွေးနက်သူတွေ အတွက်ချူအင်လိုင်းလို လူမျိုးသည် သူရဲကောင်း။
တလမ်းသွားများ၏ တောင်းဆိုချက်
စစ်အစိုးရ အလိုမရှိ၊ သိန်းစိန်အစိုးရ ဒီမိုကရေစီအတု၊ တမတ်သားလွှတ်တော် ခုချက်ချင်းဖျက်၊ ကြားဖြတ် အစိုးရထောင်ပေး စသည့် ခံစားချက်နှင့် ပြည့်လွှမ်းနေသည့်တောင်းဆို ချက်ကိုတောင်းရင်း ကျနော်တို့ပတ်ဝန်းကျင်တွင် တလမ်းသွားအတွေး ဝင်္ကဘာက မထွက်နိုင်တတ်တာဖြစ်လေ့ရှိသည်။ မိမိဆန္ဒ မိမိဖြစ်လိုမှု တွေချည်း။ ဖြစ်နိုင်/ မဖြစ်နိုင် စဉ်းစားဖို့ မေ့လျော့သွားတာဖြစ်တတ်ကြသည်။
မီးလျှံ ဘယ်လွှတ်မယ်မှန်း မသိရတဲ့ တရုတ်နဂါး နိုးထလာခြင်း
၁၉၈၈၊ ၈၉ ခုနှစ်အတွင်း တရုတ်ကြီးက စစ်အစိုးရ၏ ထွက်ပေါက်။ အနှစ် (၂ဝ) ကြာတော့ မြန်မာပြည်က တရုတ်ကြီး အတွက် ထွက်ပေါက် ဖြစ်လာရပြီ။ ကျောက်ဖြူတွင် ရေနက်ဆိပ်ကမ်းကို တရုတ်က ဆောက်ပေးခဲ့ပြီး အခု ရေနံ၊ဓါတ်ငွေ့ ပိုက်လိုင်း၊ ကားလမ်း၊ နောက် အမြန်ရထားလမ်း ပါလာတော့မည်။
စစ်ဖြစ်ခဲ့သော် မြန်မာပြည်သည် ရှေ့တန်းစခန်း လာဖြစ်စရာ ရှိသည်။ တရုတ်လောင်စာ လုံခြုံရေးအတွက်မြန်မာနိုင်ငံ၏ ပထဝီအနေအထားမှာ မဟာဗျူဟာမြောက် အရေးပါလာနေပါပြီ။
စီးပွားရေးအရလည်း တောင်အာရှဒေသ အချို့နှင့် သန်း ၆ဝဝ ရှိသည့် အာဆီယံ ဈေးကွက်ကို လွှမ်းမိုးရန် (မြန်မာပြည်လုပ်) တံဆိပ်ကပ်ပြီး ရောင်းဖို့ပင်။ တရုတ်ပိုက်ဆံ တရုတ် အတတ်ပညာ၊ တရုတ်ပညာရှင်နှင့် တရုတ်စက်ရုံများ မြန်မာပြည်တွင်တည်ထောင်။ မြန်မာပြည်လုပ်ဆိုလျှင် အာစီယံ လွပ်လပ်စွာ ရောင်းဝယ်ခွင့်စာချုပ် (AFTA) အရ အာစီယံဈေးကွက်တွင်ရောင်း။
တောင်အာရှဟုခေါ်သည့် သန်း ၁,ဝဝဝ ကျော်သည့် အိနိ္ဒယ ၊ သီဟိုဋ္ဌ် တို့၏ဈေးကွက်များကိုလည်း ဟိုးအရင်က ကုန်ကူးခဲ့ကြသည့် (ပိုးလမ်းမကြီး) “Silk Road” ကတဆင့် ပြန်ဖြန့်။ မြန်မာနိုင်ငံသည် အမည်မခံသည့် ရှေ့တန်း တရုတ်ပြည်နယ် Proxy Province၊ ဖြစ်သွားနိုင်သည်။ လူဦးရေကြီးမားသည့် ဟန်တရုတ်တွေသည် တိဘက်၊ ဆင်ကျင်းပြည်နယ်တွင်ပါ စီးပွားရေး ထူထောင်ရန် လှိမ့်ဆင်းလာကြသလိုမျိုး မြန်မာပြည် ဖြစ်လာခဲ့သည် ရှိသော်။
မျိုးချစ်စိတ်နှင့် ကြည့်သော်
တရုတ်၏ လွှမ်းမိုးမှုကို ထိန်းရန် မြန်မာအစိုးရအနေနှင့် အမေရိကန်၊ အနောက်အုပ်စု၊ ဥရောပတို့နှင့် ခင်ခင်မင်မင် ဆက်ဆံမှု ရှိရန်လိုသည်။ ဤသည်က ဗျူဟာအဆင့်မှ မျိုးချစ်စိတ်နှင့် ကြည့်ခြင်းဖြစ်သည်။
ပါကစ္စတန်နိုင်ငံ နမူနာလိုပင်။ တရုတ်ဖဲ တချပ်တည်း ကိုင်ထား၍ မရ။ ဧရာဝတီ မြစ်ဆုံ ဆိုသည်က တရုတ်ကြီး အတွက် အပိုဆု။ မြန်မာသည် ဗျူဟာကျသည့် မိတ်ဆွေ။ ထို့ကြောင့် ဦးသိန်စိန် အစိုးရ တက်တော့ တရုတ်ခေါင်းဆောင်များ တယောက်ပြီးတယောက် လာပြီး ပံ့ပိုးခဲ့ကြခြင်းပင်။ ဦးသိန်းစိန်သွားတော့လည်း တရုတ်ကြီးက
မြန်မာနိုင်ငံဟာ ရိုးရိုးမိတ်ဆွေမဟုတ်တော့ ဗျူဟာကျသည့် မိတ်ဆွေ (Strategic Partner) ဆိုပြီးကြေငြာခဲ့ပြီ။ အမေရိကန်တွေက ငါစူပါ ပါဝါဆိုသည့် ဘဝင်နှင့် တိန်တိန်ပဲ ကြည့်တတ်သည်။ တရုတ်ကြီးက နက်နက်တွေးရုံမကရေရှည်အတွက်ပါ ပြင်တတ်သည်။
Foreign Resident
October 7, 2011 at 9:33 am
စစ်တပ်အစိုးရ မကောင်းမှန်း သိတယ်
စစ်တပ်အစိုးရ မကောင်းတာ လူတိုင်းသိသည်။ စစ်တပ်အစိုးရက၏ ကျင့်ထုံးက စစ်စကားနှင့်ပြောသော် နယ်မြေ သိမ်းပြီး အခွန်ကောက်စားခြင်း။ သို့သော် သူတို့ကိုဖယ်ဖို့ မကြိုးစားနိုင်ကြ။ ဒီတော့ တိုင်းပြည်ကို ဓါးစာခံထားပြီး ညစ်တာ၊ ညစ်တာကို သိသိနှင့် မငြင်းနိုင်၊ မတားနိုင်ကြ။
မဟောသဓာ ဇာတ်တော်ကြီးတွင် ဘီလူးမနှင့် အမေအရင်းကလေးငယ်ကိုလုကြရာ မိခင်ရင်းမှ မိခင်မေတ္တာကြောင့် အနစ်နာခံရန် ဝန်မလေးသလို တိုင်းပြည် အကျိုးအတွက်
ဒေါ်စုသည် စစ်ဗိုလ်တွေနှင့် ဆွေးနွေးရန် ကြိုးစားရသည်ပင်။ မိခင်တယောက်လို တိုင်းပြည်အတွက် မချစ်သော် လည်း အောင့်ကာနမ်း ဆိုသလို လုပ်ချင်သည်ထက်
လုပ်သင့် သည်ကို လုပ်ရသည်ပင်။ ချူအင်လိုင်းကို သတိရကြပါ။
ယခု စီးပွားရေးအတွက် IMF နှင့်စကားပြောသော် IMF ဆိုသည် က အမေရိကန် ဩဇာမကင်း။ အာစီယံတောင်ဒေါ်စု အမြင်ကို အလေးထားရသည်။ ဒေါ်စုအရှိန်ကြီးမားမှု
က ရှင်းပါသည်။ ဒါကို တိုင်းပြည် အတွက်သုံးနိုင်သော်၊ စီးပွားရေး လမ်းပွင့်လာသော်၊ ပြည်သူတွေအနေချောင်လာခဲ့သော် မကောင်းဘူးလား။ ဒေါ်စု၏ ရွှေ့ကွက်များသည် တိုင်းပြည်ကို ချစ်လို့ ဆိုသည်ကို နားလည်စေချင်သည်။
အမြင်ချင်းမတူနိုင်တာကို နားလည်ပေးကြစေလိုပါတယ်။
လမ်းပေါ်မှ တပ်နီလူငယ်များအတွက် အဓိကရန်သူက အမေရိကန်။ နောက်က ဆိုဗီယက် ရုရှားများကို မမြင်နိုင်။မော်တို့အတွက် ဆိုဗီယက် ဝက်ဝံများ၏ အန္တရယ်က ပိုကြောက်စရာ။ လမ်းပေါ်မှ မြန်မာများအတွက်လည်း စစ်ဗိုလ်တွေသည် နတ်ဆိုးတွေ။ တရုတ်ကြီးကိုမမြင်ကြ။ ဒေါ်စုနှင့် အတွေးနက်သူများအတွက် တရုတ်နဂါး အန္တရာယ်က
ကြောက်စရာ။
လမ်းပေါ်က မြန်မာများအတွက်က အစိုးရ အပြောင်းအလဲ Regime change ဟု မြင်သော်လည်း သမ္မတဘုရှ်တို့ အဆင့်တွင် အစိုးရပြောင်းပြီးသော် တည်ငြိမ်မှုကို ထိန်းရန်စဉ်းစားရပြီ။ ရှေ့ကိုကြိုကြည့် ကြရသည်။ အီရတ်မှာ သင်ခန်းစာ ရခဲ့ကြပြီ။ တောင်ခြေနှင့် တောင်ပေါ် အမြင်ချင်း မတူကြပါ။ ဒေါ်စုတို့ကဲ့သို့ တောင်ထိပ်က ကြည့်သော် ပိုမြင်နိုင်တော့မည်။
ဒေါ်စု၏ စေတနာကို ပို၍ နားလည် နိုင်ကြပါစေ။
မြစ်ကြီး ဧရာဝတီကိုထိတော့ပြည်သူများက မခံနိုင်။ ပြည်သူတွေ တသံတည်းထွက်တော့ မြစ်ဆုံ ရေကာတာ စီမံကိန်းလည်း ပျက်ရပြီ။ ဒေါ်စုနောက်တွင် တသံတည်းရှိကြပြီး ခြေလှမ်းညီညီ လှမ်းကြသော် အခြေခံကျကျပြောင်းလဲမှုတွေကိုပါ မျက်ဝါးထင်ထင်မြင်ရပြီး မြန်မာတို့ဂုဏ်သိမ်ငယ်သည့်ဘဝမှ လွန်မြောက်ပါတော့မည်။
Foreign Resident
October 7, 2011 at 9:35 am
Finally, I would like to highlight,
” ဒေါ်စုလည်း ဒီပဲရင်းတွင် ၎င်းရဲ့ အသက်ကို ထိပါးရုံမက လူရင်းတွေ သေကုန်ကြ၊ စိတ်ခံစားမှု မရှိဘဲနေပါ့မလား။
ဒါပေမဲ့ တိုင်းပြည်အကျိုးကို ရှေ့ရှုပြီး တိုင်းပြည်အတွက် အဖြေရှာကြရန် အပြုံးမပျက် ဖိတ်ခေါ်လျက်ပင်။
ဒါပြည်သူ့ခေါင်းဆောင် စစ်စစ်ဆိုသည်ကို သက်သေထူလိုက်ခြင်းပင် “
ကြောင်ကြီး
October 7, 2011 at 9:57 am
ကိုယ်သဘောမတွေ့တဲ့အခါ ဝေဖန်၊ သဘောတွေ့တဲ့အခါ ထောက်ခံ ရေးကြတာပါ။ အက်စစ်တို့က ဒေါ်စုကို အားမလိုအားမရဖြစ်ပြီး ဝေဖန်တယ်။ အရင်က ဒေါ်စုကို ညဏ်နဲတယ်လို့ ဝေဖန်တဲ့ ဦးဘိုဘိုကျော်ငြိမ်းက သူကြိုက်တာလေးတွေ့တော့ ဒေါ်စုဖက်က လိုက်ရေးတယ်။ တကယ်တော့ ဒေါ်စုကို အကာကွယ်ပေးတာ ဟုတ်ဟန်မတူပါ၊ သူပြောနေတဲ့ လွှတ်တော်လမ်းကြောင်းနဲ့ ဆင်တူလို့ လိုက်ပြောနေတာပါ။ အခုနေ ဒေါ်စုဖက်က နဲနဲတင်းမာတဲ့ အသံထွက်လာကြည့် ဆရာဘိုဘိုတယောက် နောက်တမျိုး ပြန်ရေးပါလိမ့်မယ်။ မဆန်းပါဘူး၊ အဲသလို ဝေဖန်စောကြောချင်လို့ပဲ ကျနော်တို့တတွေ ဒီမိုကရေစီစနစ်ဆိုတာကို တောင်းဆိုနေကြတာ မဟုတ်လား။ ဖတ်သူများက အသိညဏ်ရှိဖို့ပဲလိုပါတယ်။ ကျနော်ကတော့ အချိန်နဲ့ဒီရေသည် လူကိုမစောင့်တဲ့ စကားပုံကို အမှတ်သညာပြုရင်း အခြေအနေကို သံသယနဲ့ စောင့်ကြည့်နေပါတယ်။
စကားမစပ် လုံးလေးနဲ့ ဦးကြောင် ခံယူချက်ချင်းတူလို့ တဦးနဲ့တဦး ယုံယုံကြည်ကြည်နဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်သွားရအောင်လို့ မဝံ့မရဲ အားငယ်နေတဲ့ နှလုံးသားလေးကနေ မပီကလာပီကလာနဲ့ မျှော်လင့်ချက်ကြီးစွာ ရင်ဖွင့်လိုက်ပါတယ်။ 😳
lone
October 7, 2011 at 9:58 am
ဦးဦး foreign ရယ် ပို့စ်တစ်ပုဒ်ပဲထပ်တင်လိုက်ပါတော့ lone လည်း ဦးရဲ့ comment တွေဖတ်တာ မောတောင်မောတယ်… ဟဲဟဲ… 🙂
windtalker
October 7, 2011 at 8:39 pm
လုံးလေး ရေ
လုံးလေး ပို ့စ်ကလဲ ကောင်း
ဦးဖော ကွန်မင့်တွေ က လဲ အရမ်းဂွတ်တယ် ကွာ
စကားမစပ်
မောရင်တော့
မောင်ပေ့ ဆီ သာ
အပြေးလေး လာခဲ့ပါကွယ်
အမေပြောတဲ့
အမောပြေ ရေခဲရေ အေးအေးလေး တိုက်ချင်လို ့ပါနော်
ဟီဟိ
lone
October 8, 2011 at 8:53 am
lone ကရေခဲရေနဲ့မတည့်ဘူး…ချောင်းဆိုးလို့…အမေဆူတဲ့အမောဆို့ … ဦးပေရဲ့ မျက်နှာကို
ကြောက်လို့ပါနော်… ဟိဟိ… 🙂
ကြောင်ကြီး
October 8, 2011 at 10:28 am
ဟိတ်အကောင် မောင်ပေ.. မင်း ရွာသားအချင်းချင်း သစ္စာမဲ့လှချည်လား။ ငါအိပ်နေတုန်း မင်းကလုံးအနားကပ်ဖို့ ကြံတယ်ပေါ့။ ဒီမှာ.. လုံးကလေးနဲ့ငါ ဘာဆိုတာ တရွာလုံးသိတယ်။ မင်း…နောက်….ဆုတ်….လိုက်….ပါ..။ 😡
Yin Nyine Nway
October 8, 2011 at 3:49 pm
အန်ကယ်ကြောင်…. မီးလေးကို ဘယ်နားသွားထားမှလြဲ
သွား….လူဆိုး…..ပြောတော့ မီးတယောက်ထဲပါဆို…
🙂
lone
October 8, 2011 at 5:14 pm
ဦးကြောင်ကြီးနဲ့ ဦးပေကတော့ ပြသာနာရှာနေပြန်ပြီ … lone ရဲ့ကိုကို က ဒီကွန်မန့် ကိုမြင်ပြီး
စိတ်ဆိုးသွားပြီ ဦးကြောင်တို့နော် နောက်တစ်ခါ ဒီလိုလုပ်ရင် သူကြီးနဲ့တိုင်မယ်… lone ကမှတ်ပုံတင်ရှိပြီးသားနော်… နောက်တစ်ခါ မနောက်ကြပါနဲ့…. ခင်လို့စတာ ပြသာနာမရှိဘူး..
ဟိုနေ့က ကိုကို က ဝင်စစ် ရင်း တွေ့သွားလို့စိတ်ဆိုးသွားပြီ…. 🙁
ကြောင်ကြီး
October 8, 2011 at 7:53 pm
လုံးကိုကို ကို
ဗုံးမျိုခိုင်းလိုက်
ဝုန်းဆို
ပြိုသွားမှာမို့
တုံးမေတ္တာ
စုန်းဖြစ်လာ
ဖုန်းညစ်သဟာ
မုန်းပစ်ပါ..။
lone
October 10, 2011 at 11:02 am
သူများကိုကို ကိုများ ဗုန်းမျိုခိုင်းလိုက်တဲ့… ဟွန့်…ဦးကြောင် မျိုပါလား…
ဝုန်းဆို ပြိုသွားမှာမို့ လုံးမေတ္တာ မုန်းမပစ်ပါ တစ်သက်လုံး နဲ့ နောက်လူ့ဘဝပေါင်းများစွာထိ
လုံးချစ်မှာ…လုံးကိုကို ကိုပါ…
ကြောင်ကြီး
October 10, 2011 at 11:10 am
ဒါဆိုလည်း ဦးကြောင် ရင်နာနာနဲ့ နောက်ဆုတ်လိုက်ပါပြီကွယ်။ လုံးကိုကိုက လုံးလေးကိုယူ၊ ဦးကြောင်က သူ့ကိုယူမယ်။ လုံးကိုသူပိုင်ခွင့်ရသလို သူ့ကိုလည်း ဦးကြောင်ပိုင်ပစ်မယ်..။
lukalay
October 7, 2011 at 10:59 am
အမေစု နဲ ့ ပြည်သူတွေရဲ ့ သံယောဇဉ်ဟာ လွယ်လွယ်နဲ ့ပြို ပြက်သွားမှာမဟုတ်လို ့ ဘာမှဒေါသထွက်မနေကြပါနဲ ့ဗျာ။ခွေးဟောင်တိုင်းသာ ထကြည့်ရမယ်ဆိုရင် အိပ်ရေးပျက်သွားမှာပေါ့ဗျ။
koyinmaung
October 7, 2011 at 11:43 am
ပို့စ်တင်တဲ့သူရော မန်းတဲ့သူတွေပါအရမ်းတော်ကြပါတယ်
တနေရာထဲမှာပြည်တွင်းရောပြည်ပပါ မကျန် ဆက်စပ်ဝေဖန်သွားတာလေးတွေ
အားပေးပါတယ် ဆက်လက်ရေးသားကြပါအုံး……
pasi
October 7, 2011 at 12:55 pm
ဘာပဲဖြစ်ဖြစ် ဗဟုသုတနဲ့တွေးစရာတွေရတော့ အတော်ကျေးဇူးတင်ပါတယ် အမေစုပေါ်ထားတဲ့စိတ်က တော့ ဘယ်တော့မှပြောင်းမှာမဟုတ်ပါဘူး
Shwe Tike Soe
October 7, 2011 at 1:14 pm
ကျွန်တော်ကတော့ အများကြီးမပြောချင်ပါဘူး..
အဲလို ရှုပ်ချတဲ့သူကို မေးခွန်းလေး ပဲမေးချင်ပါတယ်..
အခုလို. ရှုပ်ချတဲ့ စာကို မြန်မာ စာနဲ. လွတ်လွတ်လပ်လပ် ရေးနိုင်အောင်ဘယ်သူလုပ်ခဲ့တာလဲ..
ပြီးတော့ ရှုပ်ချစာရေးသူ က ကိုယ်မိသားစုကို စွန်.လွှတ်ပြီး များ တိုင်းပြည်အတွက် အလုပ်လုပ်နိုင်သလား…
အဲဒါလေးပဲ မေးချင်ပါတယ်….
ba gyi
October 7, 2011 at 2:45 pm
ဝေဖန်ချက်တွေ ဖတ်ရတော့ ရေးသူဟာ သူများကိုတော်တော်အားကိုးတတ်တဲ့သူဖြစ်ပါလိပ်မယ်၊
သနားပါတယ် သူ့ခဗျာ အားငယ်တတ်တဲ့ သွေးပါလို့ နေမှာပါနော် —- အားလုံးပဲ အားမငယ်ပါနဲ့ ကလေးရယ် — ကျွတ်x ကျွတ် ဆိုပြီးအားရှိအောင် ဓါတ်ဆားလေး ဘာလေးတိုက်လိုက်ကြပါ ကွယ်ရို့—-။
တိုင်းပြည်ကို ငါတို့သာ အချစ်ဆုံး
ငါတို့ချစ်မှသာ ချစ်ရာရောက်မယ်၊
ဘယ်သူမှငါတို့ထက် ပိုချစ်ခွင့်မပေးဘူး။
ငါတို့ သာကယ်တင်ရှင်
ငါတို့ လုပ်မှအောင်မြင်မယ်၊
အောင်မြင်ချင်ရင် ငါတို့အလိုတိုင်းလိုက်လုပ်။
လုပ်ချင်မလုပ်ချင် လုပ်ရမယ်
မလုပ်ချင်ဘေးထွက်နေ ——– ဒါပဲ ။
သူတို့ ရဲ့ အချစ်အဘိဓန် သတ်မှတ်ချက် နဲ့ အဲသည်အတိုင်းဖြစ်အောင်ကိုလုပ်သွားကြပြီ။
2008 တွင်လည်း တစ်တိုင်းပြည်လုံး ကျေနပ် နပ်၊ မနပ်နပ် ဘာလုပ်နိုင်ကြသနည်း၊
2010 တွင်ရော တစ်တိုင်းပြည်လုံး ကျေနပ် နပ်၊ မနပ်နပ် ဘာလုပ်နိုင်ကြသနည်း၊
ကျုပ် ပြည်သူတွေကို -့မစော်ကားပါ၊ သူတို့လုပ် မှ ကိုရမည်ဆိုသူတွေ၊ ဘယ်သူမှ လုပ်ခွင့်မရှိ ဟု
ခံယူထားသူတွေ ၊ အသားထဲ မှ လောက်ထွက် အင်အားတွေနဲ့ အနှစ်(20)ကျော်၊ ငွေအား၊ သယံဇာ တ အား၊ တပ်အင်အား၊ လက်နှက်အား၊ ဘီတို အာဏာရ တရုတ်ကြီးနဲ့၊ ဆိုဗီယက်နောက်ခံအား၊အပါအဝင် အာစီယံ အားအများစုတွေရဲ့ကြောထောက်နောက်ခံရထားတဲ့ ခိုင်မာတဲ့အဖွဲ့အစည်း နဲ့ တို့ပြည်သူတွေယှဉ်
ခဲ့ပြီးပြီ၊ အဲသည်တုန်းက ဒေါ်စုမရှိ၊ NLD မပါနဲ့ ထားအုန်း တို့ပြည်သူအားတွေမနဲခဲ့ပါ။ အောင်ခဲ့ပါ၏လော၊
ဘာ့ကြောင့်ပါလည်း။ အသံစုံတော့ကြားခဲ့ရသည်၊ မဲရုံကိုသပိတ်မှောက် မဲသွားမထည့်ကြနဲ့။ ကိုယ့်မဲ တစ်ပြား အဆုံးမခံနဲ့၊ သွားပြီးထည့်မယ်၊ ဒါပေမည့် ပယ်မဲဖြစ်အောင်လုပ်၊ အို ဘယ်သူမှ မသိအောင်ကြို
တင်မဲ သွားပေလိုက်ပါမယ်၊ ကိုင်း—– ပြည်သူထဲမှ အသံများ ကြားနေမိသေးသည်။ ဒါကိုကြည့်ခြင်း
ကိုက ၊ သည်အသံတွေအမျိုးမျိုးကွဲပြားနေက တည်းကိုကသူတိုဘက်က အလိုလိုအနိုင်ရပြီးသား ဖြစ်နေ ပါပြီ ဗျား၊ သည်လိုဖြစ်အောင်လည်း လူထုခေါင်းဆောင်ဆိုတာ မရှိအောင်၊ ရပ်တည်လို့မရ အာင်လုပ်ထား သည်ကို ဂျွန်ယက်တော ကိစ္စ တွင် ရှင်းရှင်း ကြီးမမြင်ရပါလား ကွယ်ရို့၊
သူတို့လုပ်မှရမည်၊ သူတို့သာအရာရာပြောင်းလဲ နိုင်သည်ဟုခံယူထားချက်ကြီးကား– တစ်ချိန်က ဘယ်သူ့ကိုမှ ရှင်းပြမရသောအများစုလက်မခံနိုင်သော သူတို့၏ အမှန်တရားဖြစ်ခဲ့သော်လည်း၊——-x
ယ္ခု တွင်ကား လက်ခံချင် မခံချင် အားလုံးလက်ခံနေရသည့် အမှန်ဖြစ်ရပ်တစ်ခုအဖြစ်ဆိုသည်ကို မည်သူမှ
ငြင်းမရနိုင်ပါ။ကျုပ်အပါဝင် ပြည်သူတွေညံ့သည်ပြောလျှင် အခြားတော့မသိ ကျုပ်ကို့ကျုပ်တော့ မငြင်းနိုင်ပါ။ ဒါပေမည့် စာရေးဆရာတစ်ယောက်ပြောသလို (တစ်ခါတစ်လေ ) လောကကြီးက ——–
ခပ်ညံ့ညံ့ ပဲကောင်းပါသဗျား။ ဒါ့ကြောင့် အဆိုး လို့ အမြင်မစောကြပါနဲ့အုန်း ၊ သူတိုသာချစ်ချင်သော
ချစ်ခြင်းတွင် အတုမရှိသော —– မင်းဒ္ဒသ လို လူကြမ်းကြီးတွေ ချစ် ကြပါစေ၊ တားလို့ စည်းလို့ မှမနိုင် ပဲလေ — အရေးကြီးတာတစ်ကယ်ချစ်ပြဘို့တော့လိုသည်၊ မြစ်ဆုံ အရေးတွင်တော့ ရိုးတိုးရိပ်တိတ် မြင်
ရသည်၊ သူကား( အချစ်စ် နှင့် တရားသဖြင့်ကိုသိသော ဘိဘိသန ) လေပဲလား ၊ ထပ် စောင့်ကြည့်ရမည်၊
မည်သို့ဆိုစေ ရာမာယဏ ဇတ်တော်ကြီး ၏ နောက်ဆုံးဇတ်ပေါင်းသော် အချစ်စစ်ကို သိမ်မွှေ့စွာ ချစ် တတ်သူတွေသာဇတ် ပေါင်းနိုင်ကြပါသည်။စည်းလုံးမှု/ညီညွတ် မှုနှင့် အချစ်စိတ် တို့ ယုတ်လျှော့ လို့ တော့ မ ဖြစ်ပါ။ စိတ်ကူယာဉ် ဟုပြောလျှင်ခံပါမည်။ တစ်ကယ်ကို ကျွန်တော် စိတ်ကူး ယာဉ် မိနေပါသည်၊ သည်စိတ်ကူးကား မဝေးနိုင် ဟု ယုံကြည်သောကြောင့်တည်း။အားလုံးကိုလေးစားလျှက်။
that naing oo
October 7, 2011 at 9:19 pm
ကျွန် ့တော ့အမြင်ပြော၇ရင် ……..အားလုံးသာသူတွေက မြန်မာပဲ……….တစ်ချိန်မှ အားလုံးစည်းလုံးကြမှာပါ……..မိခင်ကြီးဆီမှာပေါ ့……အဖတိုင်းပြည်မှာ….အမေစုနဲ ့..အားလုံးသော တိုင်းရင်းသား သာသမီးတွေပေါ ့…မဝေးတော ့ပါဘူး အနာဂါတ်က မြင်နေရပါပြီ
kyeemite
October 8, 2011 at 11:44 am
ကောင်းတာပြောတဲ့လူနဲ့ ထောက်ခံကြတဲ့ ဦးရေကအပုံကြီးသာပါတယ်ဗျာ..
အဲဒီ ဦးဦးဒေါ်လာဆိုတဲ့ကောင်က ဒေါ်လာစား ဆိုတဲ့နာမည်နဲ့လဲ..အဲ့ဒီလိုစာတွေရေးပီးဖြန့်နေတယ်..
http://myanmarexpress.blogspot.com/2011/05/blog-post_3046.html ဒီဝဘ်ဆိုဒ်မှာကြည့်..
ဒါတင်မက MMDailynew ဆိုဒ်ကိုသုံးပီးလူတွေအများစုရဲ့ ဂျီမေးတွေထဲလဲပို့နေတယ်..
ကျော်ဆန်းတပည့်တကောင်နေမှာပါ..မီဒီယာကို မီဒီယာနဲ့တိုက်ရမယ်လို့ကြွေးကြော်ထားတယ်မဟုတ်လား..
မအောင်မြင်နိုင်ပါဘူး ဒေါ်လာစားစောက်ရူးရေ..