Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဗုဒ္ဓဂါယာခရီးမှ (ဝတ်ပြုကြပုံ နည်းမျိုးစုံ)

Ma MaOctober 9, 20112min54126

သံဝေဇနိယ ၄ ဌာနမှာ တွေ့ခဲ့ရတဲ့ နိုင်ငံအစုံက ဝတ်ပြုနည်း အစုံတွေကို မှတ်တမ်းတင်လာခဲ့တာတွေပါ။

ဘုရားပရဝဏ် တံတိုင်းဘေးနားမှာ ရွတ်ဖတ်ပူဇော်နေတဲ့ပုံပေါ့။

လက်တစ်ဖက်က စိပ်ပုတီး စိပ်နေသလို နောက်လက်တစ်ဖက်က ကြွေစေ့လေးတွေကို ကြွေပန်းကန်ပြားထဲ ထည့်လိုက် ပြန်စုကောက်လိုက်နဲ့ သူ့နည်းနဲ့သူ ပူဇော်နေတာလေ။


ဒါကတော့ တိဗက်ပူဇော်နည်းပေ့ါ။


အရှေ့ကတစ်ယောက်ကတော့ ကောင်းကင်ကသိုင်းလား၊ နေကသိုင်းလား ရှု့နေပုံပဲ။ အနောက်က တစ်ယောက်ကတော့ ထိုင်အရိယာပုတ်နဲ့ တရားရှုမှတ်နေတယ် ထင်ပါတယ်။

ဒါကတော့ လုမ္မိနီမှာ တွေ့ခဲ့တာ။ သူ့နည်းကလည်း တစ်မျိုး။ လက်နှစ်ဖက်ကို မြှောက်လိုက် ချလိုက်၊ ဘေးကို ဆန့်ထုတ်လိုက် လုပ်နေတာ ပုံစံကို စုံနေတာပဲ။

ဒါကတော့ ဝေဝေသတိပေးလို့ ထပ်တင်လိုက်တဲ့ သီရိလင်္ကာစတိုင် ခြေထောက်ဆင်းပြီး ဝတ်ပြုနေပုံဖြစ်ပါတယ်။ အတွင်းက ဓာတ်တော်တိုက်စေတီမှာ လူပြည့်နေလို့ အပြင်ဖက်ကနေ ဝတ်ပြုနေကြသူတွေပါ။

ဒါကတော့ ဓာတ်တော်တိုက်ထဲက ဆင်းတုတော်ရှေ့မှာ ဝတ်ပြုနေကြတဲ့ သီရိလင်္ကာအဖွဲ့။ (သူတို့ရောက်နှင့်နေလို့ ဓာတ်တော်တိုက်ထဲတောင် မဝင်ခဲ့ရဘူး။) သူတို့က ဘုရားဖက်ကို ခြေထောက်ဆင်းပြီး ရှေ့ဆုံးက ဘုန်းကြီးတွေ ရွတ်ဖတ်ပူဇော်နေတာကို အာရုံပြုနေကြတာ။

နောက်ထပ်လည်း နီပေါမြင်ကွင်းတွေကို ထပ်တင်ပေးဖို့ ကြိုးစားနေပါတယ်။
ဓာတ်ပုံရိုက်ခဲ့ဖို့ မှာလိုက်ကြတဲ့ ရွာသူရွာသားတွေအတွက် ကြိုးစားပြီး တင်ပေးလိုက်ပါတယ်။ စိတ်ကျေနပ်နိုင်ကြလိမ့်မယ် ထင်ပါတယ်။

26 comments

  • ပေါက်ဖော်

    October 9, 2011 at 7:55 pm

    များကြီး စိတ်ကျေနပ်တယ်..
    မသွားနိုင်သေးတဲ့လူတွေအတွက်လဲ..များကြီး ဗဟုသုတ ရတယ်.
    ကျေးဇူးလဲများကြီးတင်ဒယ်..
    ခွိ..ခွိ..

    • MaMa

      October 9, 2011 at 8:01 pm

      အင်း……. တင်တဲ့လူကတော့ စိတ်မကျေနပ်ဘူး။ 🙁
      အရင်ပိုစ့်တွေ တင်တုန်းက ပွိုင့် ၁၀ဝ တက်တယ်။
      ခုပိုစ့်ကိုတင်တော့ ပွိုင့် ၃ဝ ဘဲ တက်တော့တယ်။ 🙁
      ပိုစ့်တွေများလို့ သဂျီး နှမျောသွားပြီထင်တယ်။
      😀

  • padonmar

    October 9, 2011 at 8:34 pm

    ပုတီးစိပ်နေတဲ့ တစ်ယောက်က ဘာထဲမှာထိုင်နေတာလဲ၊
    တရားထိုင်ခြင်ထောင်လား၊မိုက်တယ်နော်၊
    တိဗက်တွေ ဘုရားဖူးလာတာပိုများတယ်ထင်တယ်နော်။
    သဂျီး ပွိုင့်လျှော့ပေးရင် မမတော့ ဘုရားဖူးစားရိတ်ကျေတော့မှာမဟုတ်ဖူး၊

  • ဆူး

    October 9, 2011 at 8:47 pm

    အန်တီ ကြေးဖလား ပွတ်တာ မပါဘူးလား။

  • မှော်ဆရာ

    October 9, 2011 at 9:02 pm

    ဘုရားဆိုတဲ့ သတင်းစကားကို ဆောင်ကျဉ်းပေးရင်တောင် ကုသိုလ်ရတယ်ပြောတယ်
    အခုဟာက ဘုရားပွင့်တော်မူခဲ့ရာ အထွဋ်အမြတ်နေရာတော်ကို ကိုယ်တိုင်ရောက်သလိုဖြစ်အောင်
    ဆောင်ကျဉ်းပေးနှိုင်တော့ ကုသိုလ်တွေ ပွိုင့်တစ်သိန်း မက ရသွားပါပြီ
    နောက်ဘဝမှ သကြားမင်းဆီမှာ ထုတ်ပါ …..
    မမ ရေ အမျှ .. အမျှ (အဲလေ မှားလို့) သာဓု သာဓု သာဓု

  • koyinmaung

    October 9, 2011 at 9:11 pm

    ကျေးဇူးတင်ပါတယ်…

  • MaMa

    October 9, 2011 at 9:14 pm

    ပဒုမ္မာရေ-ပုတီးစိပ်တဲ့တစ်ယောက်က တရားထိုင်ခြင်ထောင်လိုမျိုးအထဲမှာ ထိုင်နေတာ။ အဲဒီအတိုင်းထိုင်နေတဲ့အတိုင်း ရှေ့မှာ အပေါ်ကိုတင်ထားတဲ့ ပိတ်စလေးချပြီး ဇစ်ဆွဲပိတ်လို့ရတယ်။
    ဆူးပြောတဲ့ ကြေးဖလားပွတ်တယ်ဆိုတာ ဘယ်နေရာမှာလဲ မသိဘူး။ မတွေ့ခဲ့ဘူး။
    အမျှလည်း ဝေပါတယ်။ သာဓုလည်း ခေါ်ပါတယ် မှော်ဆရာရေ။

  • windtalker

    October 9, 2011 at 9:16 pm

    မမ ရဲ ့ကုသိုလ် က နတ်ပြည်နဲ ့တင်မကဘူး ဗျ
    ဗြဟ္မာ့ ပြည် အထိပါ ရောက်တဲ့ အထိ ကုသိုလ် ရမှာ ဗျ

    • MaMa

      October 9, 2011 at 9:24 pm

      မောင်ပေ ပြောသမျှ ဒီစကားတန်ဖိုး အရှိဆုံးပဲ။ 😀
      ရှဲ ရှဲ သိုင်းကျူး ကျေးဇူး မောင်ပေ။ 😀

      • မှော်ဆရာ

        October 9, 2011 at 9:37 pm

        ဟာ ဒါအကောင်းမထင်နဲ့ဗျ …
        နတ်ပြည်မှာမှ ဒွိယံ ဒွိယံ နှစ်ကိုယ်အတူ နေလို့ရသေးတယ်
        တဖက်လေးငါးရာ လိုချင်လား ရတယ်
        ဗြဟ္မာ့ ပြည်မှာဆို တစ်ယောက်ထဲ နေရတာ ..
        စာထဲ ဖတ်ဖူးတာတော့ အထီး အမ တောင် မရှိဘူးလို့ပြောတယ် .
        အဲဒါ မမကို နောက်ဘဝမှာ တစ်ယောက်ထဲ နေရမယ်လို့ ပြောနေတာ …
        ကျွန်တော်ကတော့ ဗြဟ္မာ့ပြည် မရောက်ချင်ပါ … နတ်ပြည်လောက်မှ အိုကေ စိုပြေ …ဟဲ ဟဲ

    • Foreign Resident

      October 10, 2011 at 1:49 am

      Dear windtalker,

      Generally, နတ်ပြည် ရောက်ဖို့က ဒါန & သီလ ကုသိုလ် နဲ့ လုံလောက်ပေမယ့်
      ဗြဟ္မာ့ ပြည် ရောက်ဖို့က ( ဘာဝနာ ) ဈာန် တစ်ခုခုရထားပြီး
      သေရင်တောင် အဲဒီဈာန်စိတ် ဝင်စားပြီး သေမှဖြစ်မှာ။
      လွယ်တော့မလွယ်ဘူးနော်။

      But, Ma Ma ကြိုးစားရင် ဖြစ်နိုင်ပါတယ်။ 🙂

      • windtalker

        October 10, 2011 at 12:33 pm

        ဘယ်ရောက်ရောက်
        မနက်ဖန်
        ဘယ်သူ ့သားမက်ဖြစ်ဖြစ် ဗျာ
        🙂

  • weiwei

    October 9, 2011 at 9:56 pm

    သီရိလင်္ကာစတိုင် ခြေထောက်ကို အရှေ့ကိုစင်းပြီး ဘုရားရှိခိုးတာ မတွေ့ခဲ့ဖူးလား မမ ….

    • MaMa

      October 9, 2011 at 10:00 pm

      တွေ့ခဲ့တယ် ဝေဝေရေ။ ဒါပေမယ့် ညဖက်ကြီးရိုက်ထားတာမို့ သိပ်တော့ မပီပြင်ဘူး။ ထပ်ဖြည့်လို့ရရင် ဖြည့်လိုက်ဦးမယ်။ သတိပေးတာ ကျေးဇူးပဲ ဝေဝေ။

  • တညင်သား

    October 9, 2011 at 10:03 pm

    မမ ရော လက်ကြီးဖြန့်ပြီး ဘာဆုတွေတောင်းခဲ့လဲ ခေါင်းမှာလဲ ပန်းတွေနဲ့ မျက်မှန်ကြီးကလဲ တပ်ထားသေး…… 😛

    • MaMa

      October 9, 2011 at 10:18 pm

      ကိုရီးယားက လက်ဆောင်ပို့မယ်ဆိုတာ အမြန်ရောက်အောင် ဓာတ်ရိုက်ဓာတ်ဆင်လုပ်နေတာ။ 😀

      • တညင်သား

        October 10, 2011 at 10:35 am

        ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်နဲ့ လိပ်စာလေး ပေးပါ မမ လက်ဆောင် လိုချင်ရင် ပို့ပေးပါ့မယ်…တညင်သားကို ပါဆယ်ထုပ်ပြီး ပို့ပေးမယ်လေ ယူမလား…..:):P

        • MaMa

          October 10, 2011 at 1:45 pm

          forward mail တွေမှာ တရုတ်ပြည်ကသန္ဒေ္စသားတွေကို စွပ်ပြုတ်လုပ်သောက်တာတွေ တွေ့ပြီး ကျမ လူသားစွပ်ပြုပ်မသောက်ရဲဘူး။ :p
          မတော် ပဲခေါက်ဆွဲဆို တော်သေးရဲ့။:D

  • pooch

    October 9, 2011 at 10:34 pm

    ခြေထောက်ဆင်းပြီး ဘုရားဝတ်ပြုတာကို အခုမှပဲ မြင်ဖူးတယ်.. ဗဟုသုတပေါ့ .. မမရဲ့ မျှဝေမှုပေါ့ .
    ကျေးဇူးပါပဲ..
    ဒါနဲ့ ..တညင်သားရေ တဝဂူကို ဒီတခေါက် မဝင်ဖြစ်ခဲ့ဖူး.. နောက်ကြုံရင်ပြောပြပါ့မယ်နော်..

  • မမရေ
    အတော်ကိုစုံအောင်ရိုက်ထားတာဘဲ။
    တစ်ကျောင်းတစ်ဂါထာ တစ်ရွာတပုဒ်ဆန်းဆိုတာ ဒါမျိုးနေမှာပေါ့။
    လူဆိုတာကိုယ့်ယုံကြည်ချက်နဲ့ကိုယ်လုပ်နေရရင်စိတ်ကျေနပ်တာအမှန်ပါဘဲ။
    ဆက်ဖတ်ဘို့စောင့်နေမယ်နော်

  • ရွှေအိမ်စည်

    October 10, 2011 at 9:33 am

    ကျေးဇူးပါမမ..မရောက်ဘူးမတွေ ့ဘူးတာ၊မသိတာကိုသိရလို ့ပါဘဲ
    သိပ်အများကြီးနဂိုကလည်းမသိဘူး..မမပုံတွေ စာတွေ ဖတ်မှဘဲသိလာရတယ်..ကျေးဇူးနော်
    ဗဟုသုတတိုးစေလို ့

  • “ဘီလူးကြီး”ogre

    October 10, 2011 at 9:42 am

    ကျေးဇူးများလှပါတယ်
    မတွေဘုူး မမြင်ဘူးတာများကို အခုလိုတွေ့ခွင့်
    မြင်ခွင့် ရတဲ့အတွက် ကျေးဇူးပါဗျား..။။။။။

  • နွယ်ပင်

    October 10, 2011 at 10:25 am

    အန်တီမမရေ ကျေးဇူးပါ အခုလို ပုံနဲ့တကွဖော်ပြပေးတာ
    ဝတ်ပြုနည်းတွေကလည်း အဆန်းပဲနော် ………..

  • kai

    October 10, 2011 at 10:26 am

    တွေ့ဖူးသမျှတွေကနေ.. မှန်းပြောရရင်..
    ခရစ်ရှန်ရော..။မွတ်ဆလင်ရော.. ဝတ်ပြုပုံတော်တော်တူကြတယ်..
    ကိုးကွယ်သူ လူဦးရေသန်းထောင်ချီက.. ဆင်တူနေတာ..အံ့ဩစရာပေါ့..။

    ဗုဒ္ဓဘာသာဝင်တွေက.. ဘယ်လိုဖြစ်ပြီး.. ပုံစံစုံ..။ အနေအထားစုံဖြစ်နေသလည်း.. မတူတဲ့အတွေး.. ချတွေးမိတော့တာပဲ.။
    အံ့ဖွယ်သုတ…။ 😀
    ==

    ရပ်ပြစ်ရှစ်ပါးတွင် အသညသတ်ဗြဟ္မာများနှင့် အရူပဗြဟ္မာများပါတယ်တဲ့..။
    ဗြဟ္မာပြည်ဆိုပြီး..ဘုံနဲ့မြှောက်..ချွန်တွန်းပို့တိုင်း.. မသွားလိုပါနဲ့.. ရွာသူမမ.. မီးရထားခင်ဗျ..။

    • ကြောင်ကြီး

      October 10, 2011 at 10:38 am

      ဒဂျီးကလည်း မျက်မှန်စိမ်းတပ်ကြည့်နေတော့တာပဲ။ အခုပုံတွေက ဝတ်ပြုနေတဲ့ပုံတွေ သက်သက်မှမဟုတ်တာ။ ဝတ်ပြုဆုတောင်းနေတာတွေ ပါသလို၊ ဘာဝနာစီဖြန်းနေတာတွေလည်း ပါတယ်လေ။ ပုံမှန်အားဖြင့်တော့ နေရာဒေသ ယဉ်ကျေးမှု ကွဲပြားပေမဲ့ ကျမ်းဂန်လာ ထိခြင်းငါးဖြာကို အခြေခံထားကြတယ် ထင်ပါတယ်။ ဩကာသ ဘုရားရှိခိုးမှာပါတဲ့အတိုင်း ဖူးမျှော်မာန်လျှော့ ကန်တော့ကြတာပါ။
      တခုရှိတာ ကက်သလစ်တွေလည်း လက်အုပ်ချီကန်တော့တယ်။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကနေ လာသလား၊ အရင်ကထဲကရှိပြီးသား ဟိန္ဒူထုံးစံတခုပဲလား မသိဘူး။။ အိန္ဒိယကနေ ဂရိမက်ဆီဒိုးနီးယားပြည်ကို ဗုဒ္ဓဘာသာပျံ့ခဲ့ဖူးတော့ ဘယ်ကနေစစ ဗုဒ္ဓဘာသာကနေ အဲဒီထုံးစံ ကူးယူထားတယ်လို့ ထင်တာပဲ။

  • ရွှေဘိုသား

    October 10, 2011 at 4:34 pm

    လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ.ဗျာ ယုံကြည်ချက်ကလည်း တစ်မျိုးဆီဗျ

Leave a Reply