ြ မန်မာပြည်နှင့်အကျဉ်းသားများ
အကျဉ်းသားတွေလွှတ်တယ်ဟေ့။
ဆိုတောတော်တော်ဘဲပျော်မိပါတယ်လေ ။ဒါပင်မဲ့လွှတ်တဲ့သူတွေထဲမှာနိုင်ငံရေးအကျဉ်းသားကခပ်နဲနဲလွှတ်ရက်ပြည့်ခါနီးသူတွေခပ်မျာများလားတောမသိဘူး။ မနေတ့ကစလွှတ်တောကိုယ်သိတဲ့နိုင်ငံရေးအကျဉ်းသားတွေနည်းနည်းလေးဘဲပါတယ်လေ။
အချိန်တွေကတော်တေ်ာကြာနေပြီလေ
ကုလသမဂ္ဂကိုဒီလိုညာလာတာနှစ်ကိုမနဲ့တောဘူးလေ
ဘယ်အစိုးရတက်တက်မြန်မာပြည်ကောင်းစားဖိုဆိုတာမလွယ်တောဘူးလေ။ အဒီလိုလိမ်တာညာတာတွေပျောက်ချင်ရင်စစ်အစိုးရဆိုတဲ့
အခြေခံအုတ်မြစ်ကိုကလော်ပစ်မှာရမယ်လေ။
မြန်မာပြည်နဲ့မြန်မာလူမျိုးတွေအတွက်လွှတ်လပ်သောဒီမိုကရေစီအတွက်တိုက်ပွဲဝင်ပေးသော
အကျဉ်းကျခံနိုင်ငံရေးအကျဉ်းသားများကိုသီးတင်းကျွတ်လပြည့်ကျော်တရက်နေ့မှာစပြီးတောနောက်ရက်များမှာနိုင်ငံရေးအကျဉ်းသားတွေများများစားလွှတ်ပါစေလိုဆုတောင်းပေးပါတယ်နော်
9 comments
blackchaw
October 13, 2011 at 8:28 pm
moemyatmyintmu ရေ။
တစ်နေ့တစ်လံပေါ့ ဆရာမရယ်။ တစ်နေ့ထဲတော့ ပုဂံကို ဘယ်ရောက်နိုင်ပါ့မလဲ။
အကောင်းမြင်စိတ်နဲ့ကြည့်ရင် မလွှတ်တာနဲ့ စာရင် လွှတ်တာကို ကြိုဆိုရမှာပဲပေါ့။
နောက်ထပ်လည်း လာလိမ့်ဦးမယ်ထင်မိပါတယ်။
pan pan
October 14, 2011 at 10:38 am
တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့ ဆိုပေမယ့် တစ်လံမှမသွားရင် ဘယ်လိုလုပ်ရွေ့မလဲ ဦးချောရယ်
သွားနိုင်စွမ်းရှိမှပေ့ါ
အကောင်းမမြင်တာတော့မဟုတ်ပါဘူး
သွားတဲ့လူတွေကို မတားစေချင်တာပါ
ခုတော့ ဦးချောပြောသလို သွားနေပါပြီ
တစ်နေ့တော့ ပုဂံရောက်မယ်ထင်ပါတယ်
မရောက်ခင် ကိစ္စမပြတ်ဖို့ပဲလိုတယ် 🙂
မမလေး
October 13, 2011 at 11:00 pm
လူတွေအားလုံး ပျော်နေကြတာများနော် … ဦးဇာဂနာလွတ်လာတာတော့ ဦးဇာဂနာကိုချစ်တဲ့သူတွေ ပီတိစားအားရှိနေကြမှာပဲနော် …
မှော်ဆရာ
October 13, 2011 at 11:57 pm
ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဘက်ကို ဦးတည်စပြုလာတာ ကြိုဆိုရမှာပါ ။
ကျွန်တော်ကတော့ အစိုးရ တစ်ဖွဲ့ထဲရဲ့ လက်အောက်မှာပဲ နေလာခဲ့ရသူဆိုတော့ အခုအချိန်က အရင်ကထက်စာရင် ပိုမို လွပ်လပ်လာတယ် ။အခွင့်အရေး ရှိလာတယ်လို့ ထင်မိတယ်။
အရင်တုန်းကဆိုရင် ပါးစပ်ပိတ်ကို နေခဲ့ကြရတာ မလား..
ကျွန်တော်ကတော့ ငြိ်မ်းငြိမ်းချမ်းချမ်းနဲ့ ပြောင်းလဲလာတာကို မြင်ချင်ပါတယ်ဗျာ …
စကားမစပ် profile photo မှာ ကိုယ့်ဓါတ်ပုံနဲ့ မတင်စေချင်ဘူးဗျာ …
ဒါက ကျွန်တော့ အမြင်ပါ ..
pan pan
October 14, 2011 at 10:34 am
ကျွန်မမောင်လေးရဲ့ သူငယ်ချင်းရဲ့အဖိုး (အမယ်လေးပြောရတာမောလိုက်တာ)လည်း လွတ်လာတယ်
နိုင်ငံရေးအကျဉ်းသားပဲ
မလွတ်သေးတဲ့လူတွေအတွက်တော့ စိတ်မကောင်းဘူး
ဒါပေမယ့် မျှော်လင့်ချက်အရောင်လေးမြင်ရလို့ တော်သေးတယ်
လွတ်တဲ့လူတွေအတွက်တော့ အတိုင်းမသိ ပီတိဖြစ်ရတာပေ့ါ
manawphyulay
October 14, 2011 at 12:14 pm
ထွက်လာတဲ့သူတွေလည်း လာကြသလို ကျန်ခဲ့တဲ့သူတွေလည်း ဒုနဲ့ဒေးပေါ့နော်။ ခုက တစ်နှစ်လျှော့ပေါ့တွေကို လွတ်တာဆိုတော့ လွတ်ငြိမ်းချမ်းသာခွင့်တော့ ဘယ်ဟုတ်မလဲ။ မေ ၁ရ တုန်းကတော့ အယောက် ၅ဝ လွတ်တယ်။ ခုက အယောက် ၁၀ဝ လောက်တော့ ပါလာတာပေါ့လေ… အင်းစိန်ကတောင် ၂၁ ယောက်ပဲထွက်တယ်။ ဦးဇာဂနာလည်း ကျန်းမာရေးမကောင်းတော့ ပြန်ထွက်လာတာလည်း ဝမ်းသာမိပါတယ်။ ဟာသတွေလည်း ပြန်လည်ကြားယောင်ရတော့မယ်။
moemyatmyintmu
October 14, 2011 at 4:40 pm
ထဝရအားပေးကြကုန်သောစာချစ်သူများနှင့်တကွကျန်တော်ထံစပြန်ကြကုန်သောလူများအာလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။
mgmaung
October 14, 2011 at 8:00 pm
(ဘယ်အစိုးရတက်တက်မြန်မာပြည်ကောင်းစားဖိုဆိုတာမလွယ်တော့ဘူးလေ။ ) ရှင်းချက်
ဘယ်သူမဆို ကိုယ်တန်ရာတန်ရာပဲ ရမယ်။
ကိုယ့်တန်ဘိုးတွေ ကိုယ့်မြှင့်မှ
ကိုယ့်နိုင်ငံမြင့်မှာ။
chitsu
October 14, 2011 at 9:15 pm
အကျဉ်းသားတွေလွတ်လာတာဝမ်းသာပါတယ်
မလွတ်သေးတဲ့လူတွေလည်းလွတ်ပါစေနော်မြန်မြန်လေးလွတ်ပါစေ