








သီတင်းကျွတ်ပိတ်ရက် သန်လျင်ဘက်ရောက်တုန်း မျက်စိအေးစရာ အစိမ်းရောင်ရှုခင်းများကို ဓါတ်ပုံရိုက်ခဲ့ပါတယ်။ လေတဖြူးဖြူးနဲ့ သာယာလှပတဲ့ ရှုခင်းတွေက အပြင်မှာ မျက်စိတစ်ဆုံးပါပဲ … အပြာရောင်တိမ်တိုက်နဲ့ အစိမ်းရောင်လယ်ကွင်းတွေ၊ သစ်ပင်တွေကြားထဲကနေမြင်ရတဲ့ ရွှေရောင်စေတီလေးကလဲ သပ္ပာယ်လှပါတယ် …
Post Views: 274
7 comments
weiwei
October 14, 2011 at 7:03 pm
ဒီမြင်ကွင်းက ဒီနေ့မနက်ပိုင်းကမှ ရိုက်လာတာပါ ….
အစိမ်းရောင်ကွင်းပြင်ကြားထဲ လမ်းလျှောက်ခဲ့ရတာ နေပူပေနေပေမယ့် အရမ်းလတ်ဆတ်သန့်ရှင်းတဲ့လေကြောင့် လန်းဆန်းပါတယ် ….
akswe
October 14, 2011 at 7:32 pm
မဝေရေ.. ဓါတ်ပုံတွေ မြင်ပြီး စိတ်ထဲ ကိုလန်းဆမ်း သွားတာပဲ… မြန်မာပြည် ကိုလွမ်းလိုက်တာ…
ညစ်ပဲ ပတ်ပတ် မီးပဲမလာမလာ ဘာပဲမကောင်းမကောင်း ရင်ထဲက ကိုယ့်မြေကို ချစ်တဲ့ စိတ်က ဘယ်တော့မှပျောက် မသွားဘူး…
နွားဇာတာ မို့လို့လားတော့ မသိဘူး မြက်ခင်းစိမ်းစိမ်းများတွေ့ရင် ကျွမ်းလှိမ့်ချင် တာ လူးလှိမ့်ချင်တာ..
စိမ်းစိမ်း စိုစို မြစ်ချောင်း သစ်ပင် တောင်ကုန်း တွေ မြင်ရရင် ရင်ထဲ ဘာကို လွမ်းရမှန်းမသိပဲ အလွတ်ကြီးကို လွမ်းနေတော့တာပဲ..
windtalker
October 14, 2011 at 8:21 pm
အားပါးပါး…
မြင်ကွင်းထဲကို စဝင်လာတယ်
ရင်ထဲကို စီးဆင်းသွားတယ်
ကူးလီ (cool) ဘေဘီ ကူးလီ
မေး = အဲဒါ ဘယ်ဟာလဲ ဟင် ?
ဖြေ = မန်းဂေဇက်က အန်တီဝေ့ ရဲ ့ ဓါတ်ပုံတွေကြောင့်မို ့ပေါ့
🙂
ကိုပေါက်(မန္တလေး)
October 14, 2011 at 10:44 pm
စိမ်းနုကောက်ပင်
စိမ်းရင့်တောအုပ်
အုပ်မိုးတိမ်ပြာ
လွမ်းလာအောင်ဖန်
ဆွေးဓါတ်ခံကြောင့်
ရွှေမျက်ရည်ဝဲ
မယ်လဲမခံသာ
လွမ်းဗျာပါ။
Yin Nyine Nway
October 15, 2011 at 8:27 am
တကယ်မိုက်ပါတယ်
ပန်းချီဆွဲဖို့ ကူးသွားပါကြောင်း.. 🙂
တညင်သား
October 15, 2011 at 9:15 am
ကျွန်တော်တို့ သန်လျင် က စိမ်းစိမ်းစိုစိုနဲ့ သာသာယာယာ လေကောင်းလေသန့်တွေ ရသေးတယ်သဘောပေါ့နော်……
အဲဒီနေရာတွေ တယောက်ထဲ ရှောက်ရှောက်မသွားနဲ့ ….:P
manawphyulay
October 15, 2011 at 10:41 am
မမဝေက အိမ်လည်လည်း မခေါ်ဘူး။ သန်လျင်ဘက်ကို မရောက်ဖြစ်တာ နည်းနည်းကြာသွားပြီ။ အရင်တုန်းဆို ရှင်မွေးလွန်းတောင်ပေါ်ကနေ ရှုခင်းတွေကို ကြည့်ရတာ အရမ်းသဘောကျတယ်။ မြို့ပြနဲ့ကွာခြားချက်ကတော့ စိမ်းစိုအုပ်မှိုင်းနဲ့ နေရာတွေကြောင့် နေလို့ကောင်းမယ်လို့ မြင်မိတာ အမှန်ပါပဲ။