ဘုရား ပျောက်ရှာ ချင်သူ
2001 က ကျွန်တော် ဒုတိယ နှစ် တက်နေတဲ့ကျောင်းသား တစ်ယောက်ပါ ။ အဲဒီ အချိန်က မာတီမီဒီယာ ပိုင်း ကို နိုင်ငံတော်အစိုးရက အင်တိုက်အားတိုက် လုပ်ပေးနေတဲ့ အချိန်ပေါ့ ။ မြို့တွေမှာရှိတဲ့ စတိတ်ကျောင်းတိုင်း လိုလိုမှာ ကို လုပ်ပေးနေတာဗျ ။(အဲဒီ အချိန်က ကွန်ပြူတာဆိုတာ ဈေးတော်တော်ကြီးပီ အသုံးပြုတဲ့သူလဲ တော်တော်နည်းပါသေးတဲ့ အချိန်ပါ )။ အခုခေတ်မှာတော့ လူတိုင်းနီပါး ကွန်ပြူတာ ကိုယ်ပိုင် ဝယ်သုံးနိုင်ကြပါပီ။ ( ကျွန်တော်ကတော့ မဝယ်နိုင်သေးပါ ပိုင်သေးပါ 🙁 ထီးထိုးထားဆဲပါ ) မဝယ်နိုင်ရင်တောင်မှ ကွန်ပြူတာ သုံးတတ်တဲ့သူ တော်တော်မျာလာပါပီဗျ ။ ဟိုအရင်ကဆို ကွန်ပြူတာဆိုတာ နိုင်ငံခြားကားတွေထဲမှာ ပဲ တွေဖူးနေကြတာကိုဗျ ။ ဒီလို နဲ့ နွေရာသီကျောင်းပိတ်ရက်မှာ ကွန်ပြူတာသင်ပေးဖို့ ကျွန်တော်ကို အမျိုး လူကြီးတစ်ယောက်က အကူအညီလာတောင်းပါတယ်။ သွားသင်ပေးရမှာက မော်လိုက်မြို့ နှင့် ဖောင်းပြင်မြို့ ကြားမှာရှိတဲ့ ရွာလေးတစ်ရွာ က ကျောင်းက ဆရာ/ဆရာမ ( ကျောင်းအုပ်ကြီးပါ ပါပါတယ်ဗျ ) တွေကို သွားသင်ပေးရမယ်ပြောတယ်ဗျ ။ အဲဒီ ရွာလေးက ချင်းတွင်းမြစ် ကမ်းဘေး လေးမှာပဲရှိပါတယ်ဗျ ။ တမူးဘက်ကနေ ဂျန်ပန်တွေဝင်လာလို့ အင်္ဂလိပ်တွေ ပြေးတာလား၊ အင်္ဂလိပ်တွေဝင်လာလို ဂျန်ပန်တွေပြေးတာလား (သေချာမသိပါ) အဲဒီရွာနားမှာ သင်္ဘောတွေကို ရေမြှုပ်ပြစ်ခဲတယ် (ခြေရာဖြောက်တာပေါ့ဗျာ) လို့လဲ ကြားဖူးပါတယ်ဗျ။ ကျွန်တော်လဲ အိမ်ကို မပြန်ချင်တာက တစ်ကြောင်း (အမေဆင်ပေးလိုက်တဲ့ ဟန်းချိန်းလေးရောင်းစားထားလိုပါ) ၊ အဆောင်မှာ တစ်ယောက်တည်းမနေရဲတာက တစ်ကြောင်း (အဆောင်မှာသရဲခြောက်လို့) ဆိုတော့ လိုက်သင်ပေးဖို့ လက်ခံလိုက်ပါတယ်ဗျ ။ ဒီလိုနဲ့ ရန်ကုန် ရွှေမြို့တော်ကြီးကို ကွန်ပြူတာ သွားဝယ်ကြရတယ်ဗျ။ ကျွန်တော်က ဦးဆောင်လိုပေါ့ ( ရန်ကုန် ဆိုတာ အဲဒီအခါမှရောက်ဖူးတာ ) ကွန်ပြူတာဝယ်တာ ၁ လလောက်ကြာသွားပါတယ်။ ( ရှောက်လည်နေကြတာကို ရောက်တုံးရောက်ခိုက် ) ။ ရန်ကုန် ကပြန်လာပီးတော့ မုံရွာကနေ မြန်မာ့ရှေးဟောင်း သလာဝတီ သဘောင်္ကြီးနှင့် ချင်းတွင်းမြစ်ကြောင်းအတိုင်း သွားရပါတယ်ဗျ။ မုံရွာ-ကလေးဝ-မော်လိုက် အဲ့ဒီမြို့တွေကျော်ပီးမှ ရွာကိုရောက်မယ်ပြောပါတယ်ဗျ ။ သဘောင်္ပေါ်မှာလဲ ကွန်ပြူတာတစ်လုံးဆင် ပီးတော့ ဇာတ်လမ်းတွေ ကြည့်ကြ၊ သီချင်းတွေနားထောင်ကြပေါ့ဗျာ ။ ဒီလိုနှင့် တစ်ညအိပ်ပီး နောက် မနက် ၄ နာရီလောက် အဲဒီရွာလေးကို ရောက်သွားပါတယ်ဗျ။ ရွာထဲက ကျောင်းသူကျောင်းသား ဆရာ ဆရာမ ( ရွာသူကြီး နှင့် ကျောင်းအုပ်ဆရာကြီက ဦးဆောင်လို့ပေါ့ ) တွေအားလုံက ညနေကတည်းက မအိပ်ပဲကိုစောင့်နေကြတာဗျ ။မြစ်ကမ်းဘေး မှာက အေးကအေးနဲ့။ ရွာမှာက လျှက်စစ်မီးမရှိတော့ဗျာ ဖယောင်းတိုင်း ကိုယ်စီ ကိုယ်စီ နှင့်ဗျာ ။ကျွန်တော့တို့ရောက်တော့ ကွန်ပြူတာတွေရောက်ပီဆိုပီးတောဗျာ တစ်ရွာလုံးကို ဆူညံ့ပွတ်လောရိုက်သွားတာပဲ ။ ကျောင်းသားတွေက ကွန်ပြူတာတွေ၊ ပစ္စည်းတွေချကြပေါ့ဗျာ။ ပီးတော့ ကျောင်းထဲကိုသယ်သွားကြတယ်ဗျ ။ ကျွန်တော်ပါကျောင်းကိုလိုက်သွားရပါတယ်၊ ပီးမှတည်းအိမ်ကိုလိုက်ပိုပေးမယ်ပြောတယ်ဗျ။ ရွာသူကြီးအိမ်မှာတည်းရမယ်လိုလဲပြောပါတယ်။ (သူကြီးမှာ သမီး ရှိရင်တော့ကောင်းမှာပဲလို့တောင် စဉ်းစားမိပါသေးတယ်) ။ ဒီလိုနဲ့ ကွန်ပြူတာတွေဆင် ၊ ဝင်းဒိုးတွေဖွင့်ကြ (ဟုပ်ပါဘူးဝင်းဒိုးတွေတင်ကြ) ပေါ့ဗျာ ။ အဲဒီအချိန်မှာ သက်လတ်ပိုင်းလောက် ရှိတဲ့ ယောကျာင်္းလေး တစ်ယောက် ကျွန်တော်ရှိကို တန်တန်းမတ်မတ် ပြေးလာတယ်ဗျ ။ ( သူပုံစံက အိမ်ကနေကျောင်းအထိပြေးလာတဲပုံပဲဗျ တော်တော်လဲမောနေတယ် တော်တော်နှင့်လဲ စကားမပြောနိုင်ပါဘူး ၊ သူမျက်နှာကလဲ အောင်မြင်ပီဆိုတဲ့ မျက်နှာထားနှင့်ပေါ့ဗျာ )။ ကျွန်တော်ပြောတာ ထက်ကိုပိုပါတယ်ဗျာ ကျွန်တော်ပေါ်လွင်အောင် မရေးတတ်လိုပါ ။ ပြေးလာရင်းနှင့်လဲ ဆရာ ဆရာ နှင့်အော်လားသေးတယ်ဗျ ။ ( အခုထိ ကျွန်တော့ မျက်စိထဲမှာ သူပြေးလာတဲ့ ပုံကို မြင်ယောင်နေမိသေးတယ်ဗျာ)။ ကျွန်တော့်ရှေ့ရောက်တော့ ခဏ နားပီး သူကစပြောပါတယ် (တစ်အားကိုတက်ကြွနေတဲ့လေသံနဲ့) – ဆရာ ဆရာ ကျွန်တော့ကိုတစ်ခုလောက်ကူညီပါဗျာ ၊ ပီး ခဲ့တဲ့နှစ်က ကျွန်တော့တို့ရွာက ရှေးဟောင်းဘုရားတစ်ဆူ အခိုးခံရတယ်ဗျာ၊ အဲဒါ ကျွန်တော်ထင်တယ် ဟိုးဘက်ကတောင်ကြားမှာ(ကျောင်းနောက်မှာ ရှိတဲ့ တောင်ကို လက်ညှိုးထိုးပြပီးတော့) ဖွတ်ထားတာ ၊ အဲဒါ ဆရာရဲ့ ကွန်ပြူတာ နှင့် ဘုရားကို ရှာပေးပါတဲ့ဗျာ ။ ( ရွာကိုရောက်ရောက်ချင်းမှာ ကြုံ့ရတဲ့ ကျွန်တော့ရဲ့အဖြစ်ပေါ့ဗျာ ) ။
သူကလဲ အားကိုးတစ်ကြီး နဲ့ဗျာ ။ ကျွန်တော့ကို ကွန်ပြူတာ ဆရာ့ ဆရာကြီးလိုလဲထင်နေလိုနေမှာပေါ့ ။ ကျွန်တော့် ကလဲ နိုင့်ငံခြားကားတွေထဲ ကွန်ပြူတာ ဟတ်ကာတွေလို ဆရာကြီလဲမဟုပ် ဆိုတော့ သူကိုဘယ်လို့ ရှင်းပြရမလဲပေါ့လေ ( ဘုရားပျောက်ရှာဖို့ကို ) ။သူကလဲ နိုင်ငံခြားကားတွေကြည့်ပီး ကျွန်ပြူတာတွေရောက်ရင်တော့ အပိုင်ပဲဆိုပီး ကြံနေတယ်ထင်တယ်ဗျ။ အဲဒီမှာ ကျွန်တော် အကြံတစ်ချက်ရလိုက်တယ်။ ပီးတော့ ကျွန်တော်က – ဟုပ်လား အကိုကြီး ရှေးဟောင်းဘုရားဆိုတော့ ရွာကပြန်လိုချင်မှာပေါ့နော် ၊ ဒါပေ့မယ့် အကိုကြီးရ အခု ကျွန်တော်တို့ ဝယ်လာတဲ့ ကွန်ပြူတာတွေက မော်ဒယ်နိမ့်တယ်ဗျ ၊ ဟို နိုင်ငံခြားကားတွေ ထဲက ကွန်ပြူတာတွေ လို မော်ဒယ် မမြင့်ဘူးဗျ ၊ ပီးတော့ မော်ဒယ်မြင့် ကွန်ပြူတာတွေကလဲ ကျွန်တော်တို့ မြန်မာနိုင်ငံကို မရောက်သေးဘူးဗျ (တစ်ကယ်လဲ Apple macintosh နှင့် အင်တဲ ပီတရီး ကွန်ပြူတာကို ဝင်းဒိုး ၉၈ နဲ့သုံးနေကြရတာကို ) အဲဒါကြောင့် အခုတော့ အကိုကြီးရှာချင်နေတဲ့ ရှေးဟောင်းဘုရားကို ရှာဖို့အဆင်မပြေသေဘူး အကိုကြီးရ၊ နောက်တစ်ခေါက်ပြန်လာလို့ မော်ဒယ်မြင့် ကွန်ပြူတာတွေလဲ မြန်မာပြည်မှာ ဝယ်လိုရပီ ဆိုရင် ဝယ်လာပီတော့ ရှာပေးမယ်ဗျာ လို့ ၊ ပြောလိုက်တော့ ၊ သူက – ဟာ သွားပါပီ ( စိတ်ညစ်သွားတဲ့လေသံ နဲ့ ) သွားလိုက်ပါအုံးမယ်ဆရာ ဆိုပီး စိတ်မပါ တစ်ပါ ခြေလှမ်းတွေနှင့် ရွာထဲ့ကိုပြန်သွားခဲ့ပါတယ် (ဟာ သွားပါပီ ဆိုတာလေး ပဲပြောသွားပါတယ်) ။တော်တော်တော့စိတ်ညစ်သွားပုံပါပဲ။ စိတ်ညစ်ပီး ပြန်သွားတဲ့ သူပုံစံလေးကိုလဲ ကျွန်တော့ ဒီစာလေးရေးနေရင်းတောင် မြင်ယောင်မိ နေပါတော့တယ်ဗျာ ။
7 comments
ပေါက်ဖော်
October 16, 2011 at 9:42 pm
ဆရာ..ဆရာ…
ကျနော့်ကို….ကျနော့်ကိုလဲ..
သဂျီးရဲ့..ဘကြီးမြှုပ်ခဲ့တဲ့..ရတနာမြေပုံ.
ရှာပေးဘာ ဆြာ..
mayday
October 17, 2011 at 11:53 am
မြေပုံရှာတာကတော့ ရပါတယ်ဗျ ။ မြေပုံလဲတွေရော် မပေးချင်တော့ဘူးဆိုရင်တော့ ဒုတ်ခနော်။
ရတနာ မြေပုံကြီးကိုဗျ။
TTNU
October 16, 2011 at 10:29 pm
“ရွာထဲက ကျောင်းသူကျောင်းသား ဆရာဆရာမ(ရွာသူကြီး နှင့် ကျောင်းအုပ်ဆရာကြီးကဦးဆောင်လို့ပေါ့)
တွေအားလုံက ညနေကတည်းက မအိပ်ဘဲ ကိုစောင့်နေကြတာဗျ ။မြစ်ကမ်းဘေးမှာက အေးကအေးနဲ့။
ရွာမှာက လျှပ်စစ်မီးမရှိတော့ဗျာ ဖယောင်းတိုင် ကိုယ်စီ ကိုယ်စီ နှင့်ဗျာ ။ကျွန်တော့တို့ရောက်တော့ ကွန်ပြူတာတွေရောက်ပီဆိုပီးတော့ဗျာ တစ်ရွာလုံးကို ဆူညံပွက်လောရိုက်သွားတာပဲ။”
ကိုမေဒေးရေ လူတွေရယ်၊ မြစ်ကမ်းဘေးရယ်၊ ကွန်ပျူတာရယ်၊ စုပေါင်းပြီးပုံရိပ်ဖော်ထားတဲ့နေရာမှာ
အသံဗေဒအရ ဆူညံပွက်လောရိုက်တာလေး ဝင်လှိမ့်လိုက်တော့ စာတစ်ပုဒ်ရဲ ့ လှုပ်ရှားမှုကို သိသာခံစား
မိလာပါတယ်။ ရွာကလေးရဲ ့ မျှော်လင့်ချက်ရောင်ခြည်လေးပေါ့။
ရှင်ကလည်း ရှေးဘုရားပုံလေးဘာလေး Desktop ပေါ် တင်ပေးစရာ ရှိရင်ကောင်းသားနော်။
mayday
October 17, 2011 at 11:48 am
အခုလို ဝေဖန်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ။ နောက်ထပ် ပို့တစ်ခုရေးဖို့လဲအား ရှိသွားပါပီ။ ကျွန်တော် က အခုမှ စားရေးဖူးတာဆိုတော့ လိုအပ်ချက်တွေအများကြီးရှိနေအုံးမှာပါ ။နောက် ပို့တစ်ခု တင်ရင် ဒီထက်အရေးအသားကောင်းအောင် ကြိုးစားပါမယ်ဗျ
Diamond Key
October 17, 2011 at 10:32 am
mayday ရေ၊ ကျွန်တော် Computer စသင်တုန်းကလည်း ၃လုံးဂဏန်း တွက်ပေးပါဆိုပြီး တောင်းတာ ကြုံဖူးတယ်ဗျ။
windtalker
October 17, 2011 at 2:04 pm
ဟဲဟဲ
မေဒေး စာကို ဖတ်အပြီး
မောင်ပေ အင်တာနက် စသုံးခဲ့တဲ့ အဖြစ်ကို သတိရမိတယ်
ရွှေတော်လှန်ရေး မတိုင်ခင် ၂ လလောက်ကမှ အင်တာနက် စသုံးတတ်တာပါ ။
အဲ့တုန်းက ပေါင်းတဲ့သူတွေ က လူပျိုသိုးကြီးတွေ
မတွေ ့လိုက်နဲ ့..တွေ ့တာနဲ ့..ဟိုအတွဲကွာ အရမ်းသောင်းကြမ်းတာပဲ ၊ ဒီအတွဲကွာ ဘယ်လိုဘယ်လို..
စသည်ဖြင့်..မစားရ၊ဝခမန်း ကျုပ်ရှေ ့ ထိုင်ထိုင်ပြောနေကြတာ ကြားပါများတော့ ၊
“ဘယ်မှာလဲ..ခင်ဗျားတို ့ပြောတဲ့ဟာတွေက”
“ အင်တာနက် ထဲမှာ ”
အဲဒီအချိန်ကစလို ့အင်တာနက် သုံးဖြစ်ခဲ့တာပေါ့ဗျာ
ဒါပေသည့် ၊ တစ်ခါမှ မတွေ ့၊ မကြည့် ၊ မမြင်ခဲ့ရတာကတော့ အမှန်ပါဂျာ
ဟီဟိ
etone
October 17, 2011 at 2:24 pm
ကွန်ပျူတာ ဆိုတာ ဘာမှန်း မသိတဲ့ အချိန်တုန်းကတော့ ရယ်စရာကောင်းခဲ့တာပေါ့ … ။ နည်းပညာတွေဖွံ ့ဖြိုး ၊ ဆက်သွယ်ရေးတွေ တိုးတက်လာတဲ့အခါ ..ကွန်ပျူတာ မှ မသုံးတတ်လျှင် လူရာမဝင်တော့သလိုလိုဖြစ်နေပြီ ။ ကျွန်မတို့ အိမ်မှာ အန်တီလေးက ကွန်ပျူတာ စဝယ်လာခါစက မောက်စ်ပါတယ်ဆိုလို့ … တမိသားစုလုံး ဒီကွန်ပျူတာထဲ ဘယ်ကြွက်က ပါလာတုန်းလို့ ပြူးပြဲ ကြည့်ခဲ့တာ မှတ်မိသေးတယ် … နောက်မှ ကြွက်ပုံ ဖြူဖြူလေး အမြီးရှည်ရှည်လေး ဘီးလုံးလေးနဲ့ လှုပ်တာမြင်ရတော့ .. ဒါကို တင်စားပါလား တွေးပြီး .. သတိရတိုင်း ရယ်မိနေတုန်းပဲ 😀