ဒီရက်ပိုင်း ဘလက်ချောတစ်ယောက် ဓါတ်ပုံတွေပဲ စွတ်ရိုက်ဖြစ်နေတော့သည်။ သွားလေရာ ကင်မရာ တကိုင်ကိုင်ဖြင့် လက်သရမ်း နေမိသည်။
ဗိုလ်တထောင် ဆိပ်ကမ်းထဲ အလုပ်တစ်ခုဖြင့် ရောက်တုန်းရောက်ခိုက် ရိုက်ခဲ့သော ဓါတ်ပုံလေးများကို တင်ပြဖြစ်ပါသည်။
လေကောင်းလေသန့်လေးရှူပြီး စိတ်လက်ပေါ့ပါးသွားအောင် ဘလက်ချောရိုက်ခဲ့သော ဓါတ်ပုံတွေကိုကြည့်ပါ။ ဟားဟား ကြော်ငြာထိုးတာဗျို့။
မိုးခဏအုံ့ခိုက် ရန်ကုန်မြစ်ပြင် အလှ။
သမုဒ်ဒရာ ဝမ်းတစ်ထွာ။ (ပဆင့်ရိုက်လို့ မရလို့ပါ)

ကျွန်တော် ဓါတ်ပုံတက်ရိုက်ခဲ့တဲ့ အပျော်စီးသင်္ဘောလေး။
ဒလဘက်မှ ရန်ကုန်ဘက်ကူးလာသော ဇက်။
အပျော်စီးသင်္ဘောလေးပေါ်မှ မြင်ရတဲ့ ကွန်တိန်နာများ။
ဆိပ်ကမ်းမှာ ဆင့်ပြီးကပ်ထားတဲ့ သင်္ဘောငယ်လေးများ။
အပျော်စီးသင်္ဘောလေးပေါ်က ကာရာအိုကေခန်းလေး။
ပန်ကာကျိုးသွားလို့ ကုလားဖန်ထိုးနေတဲ့ စက်လှေ သမားလေးနှစ်ယောက်။
အပျော်စီးသင်္ဘောလေးပေါ်က ဖူးတွေ့ရသော ဗိုလ်တထောင်ဘုရား။
ကမ်းနားမှ ဖူးတွေ့ရသော ဗိုလ်တထောင်ဘုရား။
လွမ်းတော့လွမ်းစရာကြီးပဲဗျ။
ဆိပ်ကမ်း အလှ ပန်းချီ။
ကျွန်တော့်လိုပဲ ဓါတ်ပုံရိုက်နေကြသော နိုင်ငံခြားသား တစ်စု။အပျော်စီးသင်္ဘောလေးရဲ့ အပေါ်ထပ် ဝရံတာလေး။
19 comments
blackchaw
October 18, 2011 at 12:53 pm
အားပါး။ အောက်ကပုံလေး ဘယ်ရောက်သွားပါလိမ့်။
we R one
October 18, 2011 at 12:56 pm
အားပေးသွားတယ်ဗျို့..
kocho
October 18, 2011 at 1:03 pm
လှပါတယ်ဗျိုး 😀
ပေါက်ဖော်
October 18, 2011 at 2:10 pm
ကိုပေါက်လမ်းသလားနေသည် ပြီးတော့
ကိုချော….လမ်းများနေသည်.ပေါ့.ဂျာ 😀
ကာရာအိုကေ ခန်း လေးက မိုက်တယ်ဗျာ…
ကောင်မလေးတွေပါရင် ပိုမိုက်မယ်..
ဂလု..
😀
weiwei
October 18, 2011 at 2:16 pm
ရန်ကုန်မြစ်ရေအရောင်ကလွဲလို့ အားလုံး လှပါသည် ….
ကျွန်မလဲ ရန်ကုန်မြစ်ထဲရောက်ရင်း တစ်ခါ ရိုက်ခဲ့ဖူးသေးတယ် … အဲဒီနေ့က ရာသီဥတုသိပ်မကောင်းလို့ မလှဘူးထင်တာနဲ့ ဓါတ်ပုံတွေမတင်ဖြစ်လိုက်ဘူး ….
ကို blackchaw လက်ရာတော်တော်ကောင်းတယ် … နောက်ဆို ကိုချောဓါတ်ပုံတင်တိုင်း အားပေးတော့မယ် …
manawphyulay
October 18, 2011 at 2:32 pm
ဪ သိပြီ သိပြီ ဘလက်ချောကတော့ မြို့ပေါ်တင်မဟုတ်ဘူး။ ဆိပ်ကမ်းက ကာရာအိုကေခန်းတွေတောင် မလွှတ်ဘူးနော်….. အတွေ့အကြုံတွေ့ကလည်း များပါ့ရှင်။
etone
October 18, 2011 at 2:39 pm
ကိုချောကလက်ပုံထဲ မပါတာ တစ်ခုရှိတယ် … အတွဲတွေလေ … (နေ့ခင်းကြောင်တောင်မို့လို့ မရှိတာဖြစ်မယ် 😀 )
ညဘက်သွားလျှင် အရမ်းလေတိုက်တယ်…ပျော်စရာလည်းကောင်းတယ် … မကောင်းတာက အဖွဲ့လိုက်သွားမှ မဟုတ်လျှင် … မီးတိုင်တွေ မီးပျက်တဲ့အခါ … မှောင်ရိပ်ခိုနေတဲ့အတွဲတွေကို လည်ပင်းတက်နင်းမိမှာစိုးလို့ … ။ မနက်စောစောမှာတော့ ကားမောင်းလာသင်တဲ့ လူတွေ ရှိတာ တွေ့ရတယ် … ။ 🙂
ဒီရေ
October 18, 2011 at 2:40 pm
အရမ်းလှပါတယ်ကိုဘလက်ချောရေ
Asia World ဆိပ်ကမ်းဘက်ရောက်ရင် လဲ ရိုက်ခဲ့ပါဦး
ကမ်းကပ်ထားတဲ့ သဘောင်္ကြီးနဲ့တွဲပြီးတော့လေ…….
ba gyi
October 18, 2011 at 2:45 pm
ဟိုတုန်းက ကျောင်းတက်ပျင်းရင်(စာမေးပွဲနီးရင်) အဲသည်ဆိပ်ကမ်းမှာသွားသွားထိုင်တယ်၊ တစ်ဝမ်းတစ်ခါး
အတွက်ပင်ပင်ပမ်းပမ်းရုန်းကန်နေကြတဲ့- အလုပ်ကြမ်းသ္မားတွေကိုနေပူထဲထိုင်ကြည့်၊ သမ္မာန် သ္မားတွေကို ုကြည့်၊ စိတ်မောလာတာခံစားပြီးတော့မှ၊ စာပြန်ကျက်ချင်စိတ်ပေါက်လာရော— ရန်ကုန်ဆိပ်ကမ်းကြီးက
စာကျက်ပြင်းခဲ့တဲ့ ba gyi ၏၊ ဆေးကောင်းတစ်ခွက်ဖြစ်ခဲ့တယ်၊ —- ကဲ black chaw အတွက်ကရော–?။
စုံ စုံ
October 18, 2011 at 2:50 pm
ကိုဘလက်ချောရေးထားသလိုဘဲ
လွမ်းစရာကြီးဘဲနော် 🙁
MaMa
October 18, 2011 at 2:54 pm
ရန်ကုန်မြို့ရဲ့ မြင်ကွင်းကို ရိုက်ပြလိုက်တာ အမြင်တောင် တမျိုးပြောင်းသွားတယ်။ မွမ်းကြပ်မှုတွေကနေ လွတ်ထွက်သွားသလိုပဲ။
kai
October 18, 2011 at 2:55 pm
အလွမ်းပြေတယ်ဗျ… 😆
ဆိပ်ကမ်းမှာ..အဲ..အဲ.. ရေထဲ.. သငေ်္ဘောပေါ်မှာ..အဲ..အဲ.. အင်ဂျင်ခန်းထဲ.. အလုပ်လုပ်ခဲ့ဖူးတယ်…။
ဘာမှသိပ်မပြောင်းလဲသလိုပဲ…
koyinmaung
October 18, 2011 at 2:59 pm
အားပေးသွားပါတယ်ဗျို့……
pooch
October 18, 2011 at 3:10 pm
တိမ်တွေက အဆင်စုံ အသွေးစုံ ပုံစံစုံ … ကြည့်ရတာ လှသလို .. သဘာဝလည်းကျတယ်…
အားပေးတယ်နော် ဆက်တင်ပါအုန်း..
blackchaw
October 18, 2011 at 3:14 pm
သူကြီးရေ။
ကျွန်တော့်ကို အသိအမှတ်ပြုပေးတာအတွက် ကျေးဇူးပါ။
ကျွန်တော်တို့ ရွာထဲမှာ ဒီရက်ပိုင်း ပို့စ်လေးများကို
ဖတ်လို့ အားရမိပါကြောင်း။
windtalker
October 18, 2011 at 6:26 pm
အပျော်စီးသင်္ဘော ပေါ်မှာ ဓါတ်ပုံတက်ရိုက်ခဲ့ရုံတင်မက
ပျော်ပျော်ကြီး သင်္ဘောစီးပြီးမှ အားပါးတရ စိတ်တိုင်းကြ ဓါတ်ပုံရိုက်လာခဲ့တယ် မှတ်တယ်နော်
ကိုဘလက်
ပုံတွေက တစ်ကယ်ကို ဂူးတယ်ဗျာ (good)
Yin Nyine Nway
October 19, 2011 at 8:21 am
မိုက်တီးရဲ့ ရိုက်ချက်ထက် ပြင်းတဲ့
ဘလက်ချော ရဲ့ရိုက်ချက်ပေါ့…
အားပေးသွားတယ်နော် …
ညနေပိုုင်း နေဝင်ချိန်လေးဆို ပိုလှမှာလို့ အကြံပြုပေးပါရစေ…
Diamond Key
October 19, 2011 at 10:26 am
blackchaw ရေ၊
ရိုက်ချက်ကတော့ အမိုက်စားတွေ၊ ဝါသနာတူချင်းမို့ အားပေးနေတယ်။
ရောက်တဲ့နေရာတစ်ဝိုက် ဆက်ရိုက်ဗျို့။(အဆင်းဘီးတပ်ပေးတာ)။
ဒါမှ တစ်ယောက်ရောက်ခဲ့တဲ့နေရာလေးတွေ မရောက်သူအားလုံး ရောက်နေရသလိုပဲလေ။
padonmar
October 21, 2011 at 12:18 am
ပဌ်ဆင့်ရိုက်ချင်ရင်
http://burmatodaymedia.com/zawgyi_keyboard_layout.htm ကြည့်ပါ။
ဒ္ဒ=ဒ`~ဒ(tide key ~)နှိပ်ပြီး ဒ ရိုက်ပါ။
ဒ္ဓ=ဒ shift+tideတပြိုင်တည်းနှိပ် ပြီးမှ ဒကိုနှိပ်ပါ။