နဲနဲလေးတော့လွဲနေပြန်ပါပြီ—-သံတွဲမြို့
သံတွဲမြို့ မှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းလေးတစ်ခုပေါ့ ၊ အာဏာပိုင်တွေကမသိချင်ယောင်ဆောင်တဲ့အကြောင်းကလေးပါ၊ ဆင်းရဲသားပပျောက်အောင်ဆိုပြီး
စီမံချက်ကြီးတွေချလို့ ဟု်အကြောင်းဒီအကြောင်း လူကြားကောင်းအောင်ပြောပြီး အခုချိန်ထိလဲဘာမှမဟုတ်သေးပါဘူး။ ၂လုံး၃လုံးပျောက်အောင်လုပ်တယ်လို့ပြောပြန်ရော
အမှတ်(၃)ရပ်ကွက်မှာ ချဲထီရောင်းခဲ့တဲ့ လက်ခွဲတွေရော ၊ ဒိုင်လုပ်ဘူးသူတွေကိုပါ အိမ်တွေမှာ ရှာဖွေရေးတွေလုပ်ပြတယ်ပေါ့ ၊ တကယ်လုပ်တဲ့နေရာကိုတော့သွားရောက်ရှာဖွေ
တာတွေ မလုပ်ကြပါဘူး ၊ အမှတ် (၂)ရပ်ကွက် ၊ ဘုရင့်နောင်လမ်းကအိမ်ဆိုရင် မနက်ရောညရော ချဲထီလောင်းကစားကို ပေါ်ပေါ်ထင်ထင်လုပ်နေတာကို မသိလို့လား။ မသိချင်ယောင်ဆောင်နေတာလား ဆိုတာ သိတဲသူရှိရင်ပြောပြပေးပါအုံး ၊ အရေးယူချင်ရင်လဲတပြေးညီပေါ့၊ ဒွါရာဝတီဈေးထဲ နဲ့ ဈေးပြင်ဆိုင်တန်းတွေ မှာလဲ ရောင်းနေ
ပါသေးတယ် ၊ သေချာအောင်စေ့စေ့စပ်စပ်ရှာကြပါလို့—–
15 comments
lwinmg
October 20, 2011 at 5:28 pm
သူတို့ က အမြဲရှာ နေကြတာ တွေ့မှ မတွေ့ပဲလေ ၊
တစ်ကယ်ရော ဟုတ်လို့လားဗျာ၊ ဟုတ်နေခဲ့ရင် ရဲ ပြည်နယ်မှုးကို ဖုံးဆက်ပြီး
တိုင်လို့ရတယ်လို့ ကြားမိတယ်၊ အရေးယူပါ့ မယ် တဲ့.. ။
unclelay
October 20, 2011 at 5:51 pm
အန်ကယ်လေး ပြောပြမယ်ပေါ့နော် . သေချာ စံနစ်တစ်ကျလေး လုပ်နိုင်မယ်ဆိုရင်ပေါ့နော် .
စည်းကမ်း နည်းလမ်းတစ်ကျ လုပ်နိုင်ရင်ဖြင့် eyes ရဲ့ ရည်ရွယ်ချက် ပြည့်ဝ သွားမှာ ။
naymin
October 20, 2011 at 7:54 pm
ဟုတ်နေလို့ပေါ်တာလား
ဘုရင့်နောင်လမ်း ထဲမှာ ဆိုတော့ ဘယ်နားလဲ
နတ်လမ်းညွှန် လုပ်ဦး
naywoonni
October 20, 2011 at 10:39 pm
nayminက နှစ်လုံးသွားထိုးမလို့ ဒိုင်နေရာမေးနေတာလား ? အဲဒိလိုရှာမယ်ဆိုရင် ရှာမဲ့နေရာကို အရင်ရှင်းခိုင်းပြီးမှ ရှာတယ်လို့ ပြောသံကြားဖူးတယ်…။ အရှာခံရမဲ့နေမျိုး မဖြစ်မနေ တစ်ကယ်ဖမ်းရမဲ့ နေ့မျိုးကျရင် ဘယ်ဒိုင်မှ မရောင်းကြတော့ဘူး..။ အခြေအနေ မကောင်းလို့ နားတယ်ပဲ ပြောကြတယ်..။
naymin
October 20, 2011 at 11:22 pm
ဟုတ်ကဲ့ ကိုနေ နက်ဖန် ကိုဘလက်ချောရဲ့ မွေးနေ့ အထိမ်းအမှတ် ၄၁ ဖဲ့မလို့…
ဘုရင့်နောင် လမ်းဒိုင်မှာ လေ ။
ဖိုက်တာ(ဒွါရာမြေ)
October 21, 2011 at 9:55 am
ပုလင်းတူဘူးဆို့တွေပဲဗျာ………..ဒီလောက်တော့ရှိမှာပေါ့………….ဘုရင့်နောင်လမ်းမှာတင်လား?……
ရုပ်ရှင်ရုံရှေ့မှာကော…….ဘောလုံးဒိုင်ဖွင့်နေတာပြောင်ပြောင်တင်းတင်းပဲမဟုတ်လား?…………..
ရေများရေနိုင်……..မီးများမီးနိုင်……..ငွေများငွေနိုင်ပေါ့ဗျာ………….
………………………………………………………………………………………..
သူတို့မှာလည်း ပါးစပ်ကြီးတွေနဲ့ပါ
နားလည်ပေးလိုက်..နားလည်ပေးလိုက်
အာရက္ခ မြေသား
October 21, 2011 at 6:41 pm
ဘာသဘောလဲ ကိုယ့်ညီကိုရာ. မဟုတ်သေးဘူးလေ. တကယ်တိတိကျကျ သိတယ် ဖြစ်နေတယ် ဆိုရင် ပြည်ထဲရေးဝန်ကြီး ဌာနကို တိုင်ကြားပါလား။
ခု ကိုယ့်ညီကိုက နေရာမှားနေတယ်. သိထားပါအုံး။
naymin
October 21, 2011 at 7:00 pm
အင်း ဆရာကြီးပေါ့ ဘာသဘောလဲ ဖန်ခင် လိုက် သိလား ။
မောင်တုတ် ကြီး
October 21, 2011 at 8:46 pm
သဘောထားကြီး ကြိီးထားပေးလိုက်ပါ အကိုရာ။ဇာတိရုပ်သွင်ပေါ်အောင်ပြနေတာ ကိုလူတိုင်းမြင်နေသိနေရတာဘဲ
မဟုတ်လား။ကျနော် သိရသလောက် ပထမတခေါက် လောင်းကစားကိစ္စတွေတိုင်တဲ့ သူကတော့ အများသိပြီးဖြစ်တဲ့
ကြံ့ခိုင်ရေး ပါတီဝင် အီးစီတစ်ယောက်ဘဲနေမှာ မဟုတ်လား။ခုလဲ ဦးထွန်းအောင် ဆိုပြီးနာမည်ပြောင်းထားပြန်ပီ၊ဘယ်လိုအနေအထားဘဲဖြစ်ပါစေ
ဦးထွန်းအောင် နာမည်ပိုင်ရှင်နာသွားနိုင်ပါတယ်။လောင်းကစားမှုနဲ ့ပတ်သက်လို ့တစ်ချို ့လက်ခွဲဒိုင်လေးတွေရော၊ဒိုင်ချုပ်တွေကပါ သတ်မယ်လုပ်နေကြပီ။
မောင်တုတ်ကြီး ကတိပေးထားသော ကိစ္စအဝဝ ပြီးပြတ်တော့မှာပါ။ မကြာမီ မိတ်ဆက်ပေးသွားမှာပါခင်ဗျား။
Thantwethar
October 24, 2011 at 9:37 am
အာရက္ခ မြေသားနဲ့မောင်တုတ် ကြီးရေ…အခုလဲကြံ့ခိုင်ရေး ပါတီကအများသိတဲ့လူဘဲပေါ့ဗျာ။ ဟိုတစ်လောကလဲဂျိတ်တောမှာ
ဝန်ကြီးဦးလှဟန်ရဲ့တာဝန်ပေးချက်အရဆိုပြီး
ဟိုလူ့.ပါဝါပြ၊ဒီလူ.ပါဝါပြခေါ်ပြီးတော.စစ်တယ်ဆိုဘဲ။ ပါတီကအီးစီတစ်ယောက်အနေနဲံ.ဒီလိုလုပ်လို. .ရပါသလား။ နောက်ပြီးတော့ကျေးရွာအုပ်ချုပ်ရေးမှုူးကိုလဲခေါ်ပြီးဟောက်လိုက်သေးဆိုဘဲ။ ကဲရခိုင်ပြည်နယ်ပါ တီတာဝန်ခံနဲံ.ဝန်ကြီးဦးလှဟန်တို.ရေကြည်.လုပ်ကြပါအုံး။။။။။။။။။
luzaw
October 24, 2011 at 6:24 pm
အိ မမ တို့လဲ မကြာမှီ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လမ်းကြောင်းကိုရောက်သွားတော့မှာပါ.
စိတ်သာချ ၊ ဂတိပေးနေကြပြီ ၊ ကောင်းရာကောင်းကြောင်း ဖြစ်ဖို့ တာဝန်ယူတဲ့သူ
ရှိနေပြီ ၊ အားလုံးငြိမ်းချမ်းသွားတော့ မှာ ပါ ။
ဖိုက်တာ(ဒွါရာမြေ)
October 23, 2011 at 11:52 am
အာရက္ခမြေသားရေ
ခင်ဗျားကတော့ပါလေရာဆရာကြီးးလုပ်ချင်တာပဲနော်………………….
ဆရာကြီးဆိုတာnayminပြောသလိုဖန်ခင်ဘူးရမယ်………………….
အာရက္ခ မြေသား
October 23, 2011 at 12:22 pm
ကိုယ့်ညီကို တို ့ရေ။မကြာမီအလွဲအချော်တွေများတဲ့ သံတွဲမြို ့ကသတင်းမှားရေးနေသူတွေရဲ ့အိမ်တွေဆီကို စစ်ဆေးရေးဝင်ပါလိမ့်မယ်။မပူကြပါနဲ ့။
ကိုယ့်ညီကိုတို ့တွက် ခိုင်လုံသော သက်သေ သက်ကာရ များရရှိထားပြီဖြစ်ပါကြောင်း အသိပေးလိုက်ပါတယ်။နောင်တဆိုတာ နောင်မှတရပါလိမ့်မယ်။
Mg Ni Tut
October 23, 2011 at 1:59 pm
တခြား ဒီမိုကရေစီ ရပြီးသားနိုင်ငံတွေမှာဆို တရားဝင် casino ရုံတွေတောင်ရှိသေးတာ။ အဲ့ဒါတွေကို ပေါ်ပေါ်တင်တင်လုပ်ခွင့်ပေးထားရင်ကောင်းမလားလို့တွေးမိတယ်။ အကုန်ရှင်းမယ်ဆိုလဲ ရမှာမဟုတ်ဘူးလေ။ ခဏကြာရင် ပြန်လုပ်ကြမှာပဲ။ ဒိုင်တွေပိုက်ဆံထောနေလို့မနာလိုတဲ့လူတွေတော့ပေါမှာပေါ့။ ဒါပေမယ့် ဘယ်လောင်းကစားနည်းမဆို ဒိုင်ဘက်ကို အလေးသာပါတယ်။ မလုပ်ချင်တဲ့လူမလုပ်နဲ့ပေါ့။ လုပ်ချင်တဲ့လူ ကံစမ်းပေါ့။ (အကောင်းဘက်ကမြင်ရုံ ငါရယ်ပါ။)
mzm
October 24, 2011 at 5:29 pm
ဟာ ဒီခွေးမြီးကောက် ကျည်ထောက်စွပ် တဲ့ ရဲတွေအကြောင်းတော့ကြားမကောင်းပါဘူး သံတွဲမြို့မှာမှမဟုတ်
ပါဘူး နေရာတိုင်းလဲဒီလိုချည်းပဲ ပိုက်ဆံယူတယ်၊ယူပြီးရင်ဖမ်းတယ် ပြီးတော့သူတို့မဟုတ်တဲ့အတိုင်းပဲ
ပေကတ်ကတ်နဲ့ ထမင်းစားပြီး ခွေးချီးပါ တဲ့လူစားမျိုးတွေပါဗျာ။