နိဂိမိ ၏ မန်းလေးသွား တောလား နိဒါန်း
ယနေ ့ည အိပ်မရပါ။
ရွာမယောင်နှင့် ညာသော မန္တလေး မို းသည် တညလျင် ၃၅၀ဝ တန် တည်းခိုခန်း တွင်
တည်းနေသော ကျွန်တော့်အား စာဖတ်ချင်စိတ် ဖြစ်ပေါ်အောင်
ည၏ ပူပြင်းမှု နှင့် အတူ တွန်းအားပေးနေလေသည်။ ခရီးဆောင် အိပ် အထဲမှ
မန္တလေးထုတ် ဂျာနယ်လ် ၄ စောင်အား ဆွဲထုတ်ရင်း
ဂျာနယ်လ်များအား လက်ဆောင်ပေးသော မန္တလေးမှ မိတ်ဆွေကြီးအား
ကျေးဇူးတင်နေမိသည်။ ဒီည မပျင်းတော့ပြီ။
ကျွန်တော့်တွင် အကျင့်တစ်ခုရှိသည်။
သတင်းစာ ၊ မဂ္ဂဇင်း ၊ ဂျာနယ်လ် ထို ၃ မျိုးအား ဖတ်လျင် နောက်ဆုံး
စာမျက်နှာမှ စတင် ဖတ်လေ့ရှိသည်။
ကျွန်တော် စာ စ ဖတ်ပါပြီ။ စာဟူသည်……အထူးသဖြင့် ဂျာနယ်လ်သည် အတည်ဖတ်၊ အပျော်ဖတ် ၊
အပေါ့ဖတ် ၃ မျိုး ရှိသည်ဟု ယူဆသည်။
မိတ်ဆွေကြီး ယူလာပေးသော ဂျာနယ်သည် မည်သည့် အမျိုးအစားတွင် ပါဝင်သည်ဆိုသည်အား သိချင်လှပြီ။
……ရွှေရောင် ဆံကေသာ ပိုင်ရှင်မလေး ” အယ်လီရှာ ကာဗက် ဆိုတဲ့ ကနေဒီယန်
လှပျိုဖြူလေး……အသက် ၂၅ နှစ်ရှိ ရွှေရောင် ဆံကေသာရှင်
အယ်လီရှာဟာ ကနေဒီယန် ကနေ LosAngels ကို မပြောင်းလာခင် အထိ
ကနေဒီယန် ကနေ ထုတ်လွင့်တဲ့ ……….
ဒီနေရာမှာပဲ ရပ်လိုက်ပြီး အရှေ ့ဖက် စာမျက်နှာအား ဆက်ဖတ်ရန်
ဆုံးဖြတ်လိုက်သည်။ ဆုံးဖြတ်ချက်နှင့် အတူ အခြား အကြောင်းအရာ တစ်ခုအား
စဉ်းစားမိသည်။
” နှုတ်ကျိုးခြင်း”
ကျွန်တော် ဆုံဖူးသော လူ အချို ့ အလွန်မာနကြီးသည်။ တနည်းအားဖြင့် အလွန်ခေါင်းမာသည်။
အသိကြောင့် ခေါင်းမာ သလို မသိကြောင့် ခေါင်းမာတာမျိုးလည်း ရှိသည်။
ကာလာမ သုတ် သည် ကျွန်တော့်အား ဆိတ်ဝှေးစေ့ မဟုတ်သော Flexible ဖြစ်မှုအား ပေးသည်။
ဘာသာစကား အသံထဲတွင် ” ခ ” အသံအား အလွန် နှစ်သက်သည်။
သို ့သော် ..ရှဝါဇနက်ဂါ ဆိုသည့် အသံထွက်အား နားထောင်လို ့ရသလို
ရှောန်ကွန်နရီ ဆိုသည့် အသံထွက်သည်လည်း အထူးတလည် စိတ် အနှောက်အယှက် မဖြစ်မိပါ။
စခယ်ဂျုးလ် (Schedule) အား နှစ်သက်သလို ရှဂျုးလ် (Schedule) အားလည်း သဘာကျပါသည်။
…..ယခင်က အသုံးအနှုံးနှင့် ဆိုလျင် Burma သည် နိုင်ငံအား ကိုယ်စားပြု
သကဲ့သို ့ Burmese သည် နိုင်ငံအတွင်း နေထိုင်သော နိုင်ငံသားအားလုံးကို ကိုယ်စားပြုသည်။
ကျွန်တော် စာ တစ်ကြောင်း ရေးကြည့်ပါမည်…….။ အသက် ၃၆ နှစ်ရှိ
လိမ်ကောက်ကောက် မဲနက်နက် ဆံကေသာပိုင်ရှင် နိဂိမိဟာ Burmese ကနေ
Chinese ကို မပြောင်းလာခင် အထိ Burmese ကနေ ထုတ်ဝေတဲ့ ဂျာနယ်လ်တွေမှာ
ပါဝင် ရေးသားခဲ့တယ်………..။
အထက်ပါ စာကြောင်းကို မိတ်ဆွေ ဘယ်လို သဘောရပါသလဲ …….။
Chief Editor , Editors…….တည်းဖြတ်သူများ အားလုံး သူ ့ဟာနှင့်သူဟုတ်ပါသည်။
မဟုတ်သည်မှာ ရေးသားသူ အမည် မရှိသော အဆိုပါ အကြောင်းအရာနှင့် ကျွန်တော်၏ မျက်လုံးများပင် ဖြစ်သည်။
ဖောင်စီးရင်း ရေငတ်ခြင်းအား အပြစ် မဆိုသာသော်လည်း သင့်ကြောင့်
မီးမလောင်ပါစေနှင့် ဆိုသော စကားအတိုင်း သင့်ကြောင့် စာပေကို
ယုံကြည်လေးစားသော မျိုးဆက်သစ်များအား ပိုပြီး ညံ့ဖျင်း မသွားပါစေနှင့်………..။
**** ငါ့ လက်ကလွတ် ဗြွတ် ယဉ်ကျေးမှု လျော့ပါးစေရန် နှင့် ကောင်းသည်ထက်ကောင်းစေရန် ရည်ရွယ်သည် ***
12 comments
etone
October 21, 2011 at 3:09 pm
ဟိုလူကြီး မန္တလေးသွားပြီး အရက်ဝိုင်းလုပ်တာနဲ့ ကျုပ်ကိုပါ စွပ်စွပ်စွဲစွဲ ဝင်မွှေပြီး ကြပ်ခဲ့တယ်ပေါ့ ဟုတ်လား … ။ ဟွန်းဟွန်း … ဘဲကင်လုပ်ပစ်ရမလား ၊ ကဏန်းဟင်းချက်စားပစ်လိုက်ရမလား ။ 😆
windtalker
October 21, 2011 at 6:31 pm
မန်းတလေးတော့ သွားချင်သွားပါဗျာ
တောတော့မလားပါနဲ ့
ဟားဟား
ဂဏန်းချက်ပဲ ဖြစ်လိုက်ဗျို ့
ဘဲကင်ဖြစ်ရင် မလွယ်လောက်ဘူး
naywoonni
October 21, 2011 at 6:43 pm
မန္တလေးကို တော မခေါ် မခံနိုင်ဘူးပေါ့လေ…. မောင်ပေက …။ ဟုတ်သားပဲ ကို နီမီရယ်..။ မန္တလေးဆိုတာ တစ်ချိန်က မင်းနေပြည်တော်ဗျ…။ ကျွန်တော်ကတော့ ဂျာနယ်တွေကို သီးသန့် အချိန်ပေး မဖတ်ဖြစ်ပါဘူးဗျာ….။ တွေ့ရင် ကောက်ကြည့်ဖြစ်တာပဲရှိတယ်…။ ခုတစ်လော မဂ္ဂဇင်းတောင် မဖတ်ဖြစ်ပြန်ဘူး..။
တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။
October 21, 2011 at 11:35 pm
(ရေးသားသူ အမည် မရှိသော အဆိုပါ အကြောင်းအရာနှင့် ကျွန်တော်၏ မျက်လုံးများပင် ဖြစ်သည်။ )
တကယ်ပြောတာလား။ မန္တလေးရောက်တော့ Chinese ပေါ့။ အဲဒီလောက်တောင် ခံစားလိုက်ရတာလား။ မြန်မာစာလုံးတွေနဲ့ရေးထားတဲ့ တရုတ်ဂျာနယ်ဖတ်ဖူးပြီလို့ ပြောချင်တာလား။
ကျွန်တော်လည်း ဒါမျိုးဖြစ်တာကြာပြီ။
တော်ကြာ သူကြီးစိတ်တိုနေဦးမယ်။ လူမျိုးရေး မခွဲခြားရဆိုပြီး။
nigimi77
October 22, 2011 at 11:00 am
မဟုတ်ဘူးဗျ။ ကျွန်တော် တရုပ် အကြောင်း မရေးထားဘူး။
ကျွန်တော်က တရုပ် စပ်ပေမဲ့ ရုပ်က ကုလား (ယူရောပ့်ပီယန်…ဟီးဟီး) ရုပ်ထွက်နေလို ့
ကိုယ့်ကိုယ်ကို ဗမာလို ့ပဲ သတ်မှတ်ပါတယ်။ ခုရေးထားတာက လူမျိုးရေးနဲ ့ မပါတ်သပ်ပါဘူး။
ပဒေသရာဇ်တွေ နဲ ့လဲ မဆိုင်ပါဘူး။ ဂျာနယ်လ် တခုကို ဖတ်ပြီး စိတ်ထဲရှိတာကို ရေးထားတာပါ။
xman
October 22, 2011 at 12:19 am
အရမ်းစိတ်ဝင်စားတာတခုရှိလို့ပါ ကို နိဂိမိ၇ရ ရေ-
၃၅၀ဝ တန်တည်းခိုခန်းဆိုတာ တကယ်ရှိလို့လား။ ဘယ်နားမှာလဲဟင်။
ကျွန်တော်လဲ သွားမယ့်ဆဲဆဲမို့ ………………
nigimi77
October 22, 2011 at 10:56 am
ရှိပါ့ဗျား။
ဘူတာကြီး ရှေ ့တည့်တည့် အတိုင်း က လမ်း ၃ဝ ပါ။
အဲဒီ လမ်း အတိုင်း ဆင်းလိုက်ရင် ၇၃ နဲ ့ ၇၄ လမ်းကြား လမ်း ၃ဝ မန္တလေး ဆေးတက္ကသိုလ်
ရှေ ့တည့်တည့် မှာ ကြိုက်တဲ့ နေရာနေ တစ်ရက် ၃၅၀ဝ ပါ။ ကံကောင်းရင် ဆရာဝန်မလောင်း
လေးတွေ ကြည့်ရမှာပါ။ ကံမကောင်း ရင်တော့ သူတို ့အခေါ် တက္ကဆီ(ဆိုင်ကယ်)သမား
တွေက ဖင်ချပေးပါလိမ့်မယ် (ဓနုစကားအရ) နေရာထိုင်ခင်းပေးပါလိမ့်မယ် ။ 😛
kai
October 22, 2011 at 4:32 am
အဲဒီမန္တလေးမြို့ကို.. ထောင်သွားသူက.. ဘယ်သူလည်းဟင်…
မြန်မာလား..တရုတ်လား..ကုလားလား…။
ထားပါတော့…
အခု..အခု..နော်…အခု..
အဲဒီလူရဲ့.. အမျိုး.. အမျိုးအရင်းကြီးတွေ.. မြေးတွေ..မြစ်တွေ..တီတွေ.. ကျွတ်တွေ.. အိနိ္ဒယမှာ.. စားဝတ်နေရေးသိပ်အဆင်မပြေကြပါဘူး..။
သူတို့.. ဘယ်သူမှလည်း..အရေးမလုပ်ပါဘူး..။
ဆာရီကြီးနဲ့.. ကုလားမကြီးကို…. ဖြစ်လို့..။
ဆိုတော့…
လူမျိုးရေး… ဆိုတာ ဘာလည်းဟင်…။ ဘာကိုလိုချင်ကြတာလည်း… လို့..။
=
ကိုရင့်နိဂိမိစာတွေထဲ.. ဝင်ပြီး..brainstorming ဖြစ်အောင်..လေဖိအားနည်းရပ်ဝန်း တည်(တယ်)ပေးလိုက်တာ..
ဆက်ပြီး.. ကိုယ်ပိုင်မုန်တိုင်းဆင်နိုင်ကြစေသတည်း..။
ကိုပေါက်(မန္တလေး)
October 22, 2011 at 8:47 am
(အဲဒီလူရဲ့.. အမျိုး.. အမျိုးအရင်းကြီးတွေ.. မြေးတွေ..မြစ်တွေ..တီတွေ.. ကျွတ်တွေ.. အိနိ္ဒယမှာ.. စားဝတ်နေရေးသိပ်အဆင်မပြေကြပါဘူး..။
သူတို့.. ဘယ်သူမှလည်း..အရေးမလုပ်ပါဘူး..။
ဆာရီကြီးနဲ့.. ကုလားမကြီးကို…. ဖြစ်လို့..။
ဆိုတော့…
လူမျိုးရေး… ဆိုတာ ဘာလည်းဟင်…။ ဘာကိုလိုချင်ကြတာလည်း… လို့..။)
သူကြီးပြောတဲ့လူတန်းစား က မြန်မာပြည်သူပြည်သားအားလုံးကို ကိုယ်စားပြုသူမဟုတ်ဘူးဗျ။
အုပ်ချုပ်သူ အခွင့်ထူးခံလူတန်းစား တစ်ရပ်ပါ။
ကျနော်တို့ကသာ သာမန်ပြည်သူပြည်သားပါ။
အဲတော့ သည်းခံခွင့်လွှတ်တတ်သော မည်သူ့ကိုမဆိုလက်သင့်ခံတတ်သော
အရာရာကိုလွယ်လွယ်တွေးသော မြန်မာလူမျိုးတွေရဲ့စရိုက် ကြောင့် အခုလိုဖြစ်ကုန်တာပါသူကြီးရေ။
သီးသန့်လူတန်းစားတစ်ရပ်အတွက် ကျနော်အနေခဲ့ဘယ်လိုမှ မခံစားရတာ အမှန်ပါဘဲ။
သူ့ထိုက်နဲ့သူ့ကံ သူညံ့ သူခံပါဘဲ။
ကြောင်ကြီး
October 22, 2011 at 11:52 am
မန်းလေးတောလား
အခန်းဈေးပြောသွား
တန်းမေးဘောပြား
ပန်းသေးမောနား
လွမ်းတေးမျောထား…။
ကိုပေါက်(မန္တလေး)
October 22, 2011 at 12:22 pm
ရန်ကုန်သားမန်းရောက်
ကျုံးနံဘေးမှာလမ်းလျှောက်။
မန်းသူ စစ်စစ် မန်းသူမစစ် တစစ်
ခါတော်မှီ ယာယီမန်းသူဖြစ်လို့ဖြစ်
အားလုံးကတော့ အတိုခေတ်ပါဘဲ။
ပေါင်တံဖြူ ပေါင်တံညို ပေါင်တံမဲ
ပေါင်တန်သေး ပေါင်တန်လတ် ပေါင်တန်ကြီး
မြင်တာနဲ့မချင့်မရဲ။
အငေးလွန်ပြီး ခလုတ်တိုက်တော့ ခြေမကွဲ။
ကဲ အဆာပြေ စားလိုက်အုံးကွဲ့
တရုပ်မရောင်းတဲ့ ရှမ်းခေါက်ဆွဲ
ဒါ ခေတ်သစ်မန်းတလေးဘဲ……………
လင်းဝေကျော်
October 27, 2011 at 2:09 pm
ငါ့လက်ကလွတ် ဗြွတ် ယဉ်ကျေးမှု။
ငါရေးချင်သလိုရေး၊ ရေးချင်တာရေး၊ ဂျာနယ်ထုတ်စား အဆင်ပြေနေတာပဲ ဆိုသူများ
ခေတ်ကောင်းနေကြကြောင်းပါ။
အသိတစ်ယောက်ရှိတယ်။ ဂျာနယ် ၁၂စောင်ရဲ့ ထုတ်ဝေသူ။( တစ်စောင်မှ အဆင့်မရှိဘူး )
သူ့ဆီက ဝန်ထမ်းတွေကို လခ မှန်မှန်မပေးလို့ အင်တာနက်ပေါ်တောင် ရောက်လာသေးတယ်။
လူက ပိုက်ဆံရှားလို့တော့မဟုတ်ဘူး။
ဘယ်လို လူစားဆိုတာ သိသာမှာပါ။