တစ်ဦးချင်းစီ ပြုပြင်နိုင်ပါ့မလား
ဒို့ခေတ်မှ ညံ့တော့မှာလား ဆိုတဲ့ ပိုစ်လေးမှာ
အနည်းဆုံး အမှိုက်တော့ ကောက်ပေါ့ ဆိုတဲ့ စကားလေး ကို ဖတ်မိတော့ အတွေးတခု ဝင်မိတယ်။ သီတင်းကျွှတ်လပြည့်နေ့ က ဘုရားကို လူသိန်းချီ တက်တယ်လို့ ဂျာနယ် တခုမှာ ဖတ်လိုက်မိတယ်။ လူတွေ လာသွားတဲ့ အမှတ်အသား တခုအနေနဲ့ ဘုရားမှာ သီတင်းကျွှတ်လပြည့်ကျော် ၁ရက်နေ့ မနက်ပိုင်း သိဂုတ္တရဥယျာဉ်ကို လမ်းလျှောက်သွားတော့ ဒီရေ ကျသွားလို့ အမှိုက်တွေ နုန်းတွေ လမ်းမှာ ပြည့်နေသလိုပါပဲ အမှိုက်တွေ ကျွှတ်ကျွှတ်အိတ်စတွေ မြင်မကောင်းလောက်အောင်ကို များပြားနေကြပါတယ်။ မြင်ကွင်းက တော်တော် စိတ်မကောင်းဖြစ်စရာ ကောင်းလှတယ်လို့ ထင်မိပါတယ်။
လူကြီး လူငယ် လူရွယ် ကလေးမကျန် အားလုံးကို အမှိုက်ကောက်ပါဆိုတဲ့ အသိပညာထက် အမှိုက်ကို စနစ်တကျ စွန့်ပါဆိုတဲ့ အသိပညာပေးတဲ့ အဆင့်က အရင်သွားရမယ် ထင်တယ်။
ဒါတောင် ဆူး ရောက်ခဲ့တာ တစ်နေရာတည်းပါ။ ဘယ်နေရာ မဆိုပါ လူများများ သွားလာခဲ့ရင် အမှိုက်ဆိုတာ နေရာတိုင်းမှာ အပြည့်ပါပဲ။ ဘုရားပွဲ ပြီးရင် ဘုရားမှာ အမှိုက်ကျန်ခဲ့တယ် ဇတ်ပွဲပြီးရင် ဇတ်ပွဲ နေရာ ပွဲဈေးတန်းနေရာ စတာတွေမှာ အားလုံး သိကြပါတယ်။ ပြုပြင်မှု မရှိရင်တော့ ပြောင်းလဲလာမှ မဟုတ်ပါဘူး။ တယောက်စီက ပြုပြင်မှ ဖြစ်မယ် ထင်ပါတယ်။
မနက်လမ်းလျှောက်တဲ့ လူတွေ ထဲမှာ အဖွဲ့တဖွဲ့ရှိတယ် ပုံစံတွေကတော့ ကိုယ်ပိုင် လုပ်ငန်းတွေနဲ့ အောင်မြင်မှု ရနေတဲ့ လူမျိုးတွေ ဖြစ်မယ် ထင်ပါတယ်။ ဒါပေမဲ့ စေတနာ့ဝန်ထမ်းလိုမျိုး မနက်တိုင်း လမ်းလျှောက်ရင် ညှပ်ကိုယ်စီနဲ့ အမှိုက်တွေကို လိုက်ကောက်ပြီး အိတ်ထဲ စုထည့်ပေးတယ်။ အဲဒီနေ့ မနက်က အဲဒီ အဖွဲ့က လူတွေ လမ်းတောင် မလျှောက်နိုင်ဘူး သူတို့ အိတ်ထဲ အမှိုက်တွေ စုထည့်ပေးနေကျတယ်။ သူ့တို့တွေကို မြင်တော့ သနားပါတယ် ဆိုတဲ့ စိတ်ကလေး ဖြစ်မိတယ်။
အမှန်တော့ စည်ပင်ဝန်ထမ်း ဘယ်လောက် ခန့်ခန့် ဘယ်လောက် များများ တယောက်ချင်းစီက ပြင်ဆင်မှု မလုပ်ကြဘူး ဆိုရင် အမှိုက်ဆိုတာ ရှင်းလို့ကို ကုန်မှာ မဟုတ်ပါဘူး အမှိုက်ဖွရတာ လွယ်ပါတယ် အမှိုက် တစစီ ကိုယ်ဖွတဲ့ အမှိုက်ကို ကိုယ်ဟာကို ပြန်ရှင်းနိုင်ပါ့မလား ဆိုတဲ့ အတွေးလေး အမြဲ ပြန်သုံးသပ်သင့်တယ်။
တမြေရပ်ခြား ရောက်လို့ ရောက်တဲ့ နေရာတိုင်းမှာ သန့်ပြန့်နေတာပဲ ဆိုတဲ့ စိတ်ကလေးဖြစ်မိတယ်။ အမှန်တော့ သန့်အောင် လုပ်တာ မဟုတ်ဘူး သန့်အောင် နေနေကြတာပါ။ ဂျပန်ရောက်တုန်းက ကစားကွင်းတခုမှာ ဂျပန် ကလေးငယ်တယောက်က ပေါက်ပေါက်ဆုပ် စားနေတာ တိုက်မိပြီး မှောက်ကျသွားတော့ သားအမိ နှစ်ယောက် မသိချင်ယောင်ဆောင်ပြီး လှည့်မသွားကြဘူး ကျသွားလို့ အမှိုက်ဖြစ်သွားတဲ့ ပေါက်ပေါက်ဆုပ် အစအနတွေ အားလုံးကို တခုမကျန် အကုန်လိုက်ကောက်ပြီး အမှိုက်ပုံးဆီ သွားထည့်ပါတယ်။ အံဩမိတဲ့ စိတ်ကလေးဖြစ်မိတာ အမှန်ပါပဲ။ ကိုယ်တိုင်ဆိုရင်တော့ အမှိုက်ကျသွားရင် ပြန်မကောက်ချင်ပါဘူး မသိသလို ခပ်တည်တည်နဲ့ နေလိုက်ချင်မိတဲ့ စိတ်ဖြစ်မိပါတယ်။ အရင်တုန်းက မြန်မာပြည်မှာ နေရာလွတ်တွေ ကျယ်ပြန့်နေတော့ မသိမသာ လွတ်ချ ထားခဲ့ရင် နေရာကျယ်တော့ အမှိုက်က မသိသာလှတာလား နေရာတွေပဲ ကျဉ်းသွားတာလား အမှိုက်ဖွတဲ့ လူတွေ ပိုများလာတာလား တွေးရခက်လှပါတယ်လေ။
41 comments
amatmin
October 24, 2011 at 11:53 am
ဟုတ်တယ်ခင်ဗျာ..အမ ဆူးပြောသလို ပဲ. အမှိုက်ကို.စနစ်တကျစွန့်ပစ်ဖို့ကို.အလေးပေးပြီးဝိုင်းပြောလာကျရင်ကောင်းမယ်..
စည်းကမ်းမဲ့ အမှိုက်ပစ်တာကို.ရှက်စရာလို့ မြင်သင့်ကြပါပြီဗျာ…တချို့များဆို.စည်ပင်ဝန်ထမ်း.တွေရှင်းလင်းနေတဲ့.
အမှိုက်လှည်း.ပုံးတွေ.မြင်နေ.တွေ့နေတာတောင်.ဘေးနားမှာကြုံသလိုပစ်ချနေ ကြတာများ.
မြင်သူမောတယ်ဗျာ..တချို့ကျတော့လည်း အတုယူချင်စရာလေးတွေဗျ..
ကျွန်တော် ကားစီးရင်တွေ့နေကျ.တယောက်ဆို ပီကေကြိုက်တယ်.ပီကေဝါးတိုင်း.အခွံလေးကိုသိမ်းတယ်..ထွေးချင်ရင်.အခွံနဲ့ပြန်ထုတ်တယ်.
ပြန်သိမ်းထားတယ်..အမှိုက်ပုံးကို.တွေ့အောင်ရှာပစ်တယ်..
ကျွန်တော်တို့.တွေအနေနဲ့လဲ.မကောင်းတာတွေကို ပစ်ချထားပြီး.
ကောင်းတာတွေကိုပဲသယ်ယူကြဖို့.အခုကစရင်.ပြင်နိုင်ပါသေးတယ်..
ဒီတော့..ဝိုင်းပြင်ကြမယ်ဗျာ….
nozomi
October 24, 2011 at 12:20 pm
အမှိုက်ပစ်တာ စနစ်တကျပစ်ပါ စည်းကမ်းမဲ့ အမှိုက်ပစ်တာကို စိတ်ထဲမှာ ရှက်လာတဲ့အထိ ပညာပေးဘို့လိုပါတယ် အထူးသဖြင့် မူကြို ကလေးတွေကစ ပညာပေးရပါမယ်
အလေ့အကျင့်ရလာရင် မသိစိတ်ကတောင် အမှိုက်ကို တွေ့ရာနေရာ မပစ်မိတော့ပါဘူး
သွားလာရင်း လမ်းလျှောက်ရင်း ၊ ကားပေါ်ကနေ အမှိုက်ကို စည်းကမ်းမဲ့ ပေါ့ပေါ့ပါးပါး ပစ်သွားတာ တွေ့တိုင်း တစ်ယောက်ယောက်ကို ဒေါသဖြစ်မိလာတယ်
ဒါနဲ့ စကားမစပ် ပုံထဲက ကလေးက ဆူးမမရဲ့ ……?
ဆူး
October 24, 2011 at 4:26 pm
စကားမစပ် အဲဒီ ကလေးပုံက အင်တာနက်က ရတာပါ.. မျက်နှာက မချိုမချဉ်နဲ့ လုပ်ပြနေလို့ သဘောကျလို့ ယူသုံးထားတာပါ။
blackchaw
October 24, 2011 at 12:21 pm
တစ်ယောက်ချင်းစီက ကိုယ့်အမှိုက်ကို ကိုယ် တာဝန်ယူတဲ့စိတ်လေးတွေ
ဖြစ်လာဘို့ knowledge ထည့်ပေးရမယ်ထင်ပါတယ်။ ကျွန်တော် အပါအဝင်ပေါ့။
အားလုံးတာဝန်ကိုယ်စီရှိကြပါသည် လို့ ပြောချင်ပါတယ် ဆူးမမ ခင်ဗျား။
နွယ်ပင်
October 24, 2011 at 12:26 pm
နွယ်ပင်တို့ ကျောင်းတက်တုန်းက ကျောင်းမှာ အမှိုက်ကို စည်းကမ်းတကျ
စွန့်ပစ်ဖို့ သေချာ စည်းကမ်းထုတ်ထားတယ် ကျောင်းတွင်း ကျောင်းပြင်နဲ့ ကျောင်းအနီး
တစ်ဝိုက်ကို အမှိုက်ပုံးတွေထားပေးလို့ စည်းကမ်းတကျ အမှိုက်ကို ပစ်စေခဲ့တာပေါ့
လက်လွတ်စပယ် အမှိုက်ပစ်တဲ့ သူတွေကိုလည်း ဒဏ်ငွေရော အပစ်ပေးတာရော
ကြပ်ကြပ်မတ်မတ်လုပ်ခဲ့တော့ ကျောင်းပတ်ဝန်းကျင် တစ်ခုလုံးက သန့်ရှင်းနေတာပဲ
(10) တန်းအောင်လို့ ကျောင်းကမတက်ရတော့တာတောင် ဒီအကျင့် တော်တော်လေးကို
စွဲနေတာ အမှိုက်ပစ်ဖို့ဆိုရင် အမှိုက်ပုံးကို လိုက်ရှာပြီးပစ်တက်သလို အမှိုက်ပုံးမတွေ့မချင်း
လက်ထဲက အမှိုက်ကိုလည်း ကိုင်ထားတုန်းပဲလေ . ဒါပေမယ့် နှစ်တွေလည်းကြာလာရော
အမှိုက်ပုံးကလည်း နေရာတစ်ကာမှာမရှိ လူတိုင်းကလည်း လွယ်လွယ်ပဲ အမှီုက်ကိုပစ်နေကြတော့
ထုံးစံအတိုင်း ပြန်ဖြစ်သွားတာပါပဲ ။ ဒါပေမယ့် အမှိုက်ပုံးရှိနေရင်တော့ ရှိတဲ့နေရာထိ အမှိုက်ကို
ယူပြီး သွားပြစ်တာ အကျင့်တော့ ဖြစ်နေပါပြီ … မတွေ့မှာသာ ………. 😀
MaMa
October 24, 2011 at 3:57 pm
အမှန်ပဲ နွယ်ပင်ရေ။ ကိုယ်ကိုယ်တိုင်လည်း နွယ်ပင်လိုပဲ။ မတွေ့မှသာ…. 😀
အမှိုက်ကို စနစ်တကျ စွန့်ပစ်ဖို့ လူတိုင်းကို အသိပညာပေးဖို့ လိုသလို အလွယ်တကူ စွန့်ပစ်နိုင်အောင်လည်း အမှိုက်ပုံးတွေကို စနစ်တကျ ထားပေးဖို့ကိုလည်း ကြိုးစားသင့်တယ်။
MOEPWINTPHYU
October 24, 2011 at 12:47 pm
ဟုတ်ပါတယ် အမှိုက်ကိုစနစ်တကျစွန့်ပစ်ရတယ်ဆိုတဲအသိတွေကိုလူတိုင်းသိသွားပြီဆိုရင်တော
မြန်မာပြည်မှာအမှိုက်မရှိပဲစနစ်တကျတဲသန်းရှင်းတဲမြိုတော်ဖြစ်သွားနိုင်ပါတယ်
ငယ်ငယ်ကခရီးသွားဘူးတယ် တောရွာတွေသွားတာပဲဖြစ်ဖြစ် အုန်ပင်တွေသစ်ပင်တွေပဲစစချင်းမြင်ရတယ်
ကျွတ်2အိတ်မပေါသေးခင်ကပေါ
အခုတောရွာတစ်ရွာမြိုတစ်မြိုသွားရင်အမှိုက်ပုံကိုအရင်မြင်ရတယ်……
pooch
October 24, 2011 at 1:31 pm
ဟုတ်တယ် အခုပြီးခဲ့တဲ့ သီတင်းကျွတ်က ရွှေကျင်မီးမျှောပွဲကို သွားတော့ မြစ်ထဲမှာ ကျွတ်ကျွတ်အိတ်တွေ အများကြီးပဲ မျောလာတာတွေ့တယ်…….
ကျမတို့ တွေ ကိုယ်နိုင်တာ လုပ်ရမယ် ဆိုရင် အမှိုက်ကို အရင်ဆုံး စနစ်တကျ စွန့်ပစ်တတ်အောင် ကြိုးစားရမယ် ..
weiwei
October 24, 2011 at 2:24 pm
လမ်းသွားရင်း အမှိုက်ပစ်ဖို့ အမှိုက်ပုံးတွေလိုနေသေးတယ် … လမ်းလျှောက်ရင်း အအေးသောက်ပြီးသားဗူးကို ပစ်ချင်တာ အမှိုက်ပုံးမတွေ့လို့ ရှာရင်းရှာရင်းနဲ့ အိမ်အထိသယ်လာရတော့တာပဲ … အိမ်ရောက်တော့လဲ အမှိုက်က ပစ်ချင်တိုင်းပစ်လို့မရဘူး .. ညနေ ၆ နာရီမှ ၈ နာရီအတွင်းသာဆိုတော့ အချိန်ထိုင်စောင့်နေရသေးတာ …
အဲဒီလောက် စိတ်မရှည်နိုင်သူတွေက တွေ့ကရနေရာမှာ ပစ်လိုက်ကြတော့တာပေါ့ …
တရုတ်ပြည်မှာ အမှိုက်သေချာပစ်ဖို့အတွက် ပညာပေးအစီအစဉ်တွေကို သေသေချာချာလုပ်ခဲ့ကြတယ်လို့ ကြားဖူးတယ် … သေချာစောင့်ဖမ်းပြီး ဒဏ်ပေးတဲ့စနစ်ကို ထိထိရောက်ရောက်လုပ်ခဲ့လု့ိ အခု မျိုးဆက်သစ်မှာ အဆင်ပြေနေတာတဲ့ .. ဒါတောင် စည်းကမ်းမရှိတွေ ရှိနေသေးတယ် …
Moe Z
October 24, 2011 at 3:04 pm
ဖတ်ဖူးတဲ့စာတစ်ပုဒ်လို သင်စရာရှိတာတွေတော်တော်များများကို ကလေးဘဝကတည်းက မိဘဆရာသမားတွေကသင်ပေးခဲ့ပြီးသားပါ စာသင်ခန်းထဲမှာ ဘယ်ဆရာမမှအမှိုက်ကို စည်းမဲ့ကမ်းမဲ့စွန့်ပစ်တာလက်ခံမှာမဟုတ်ပါဘူး ကျောင်းသားဘဝမှာဆရာမကိုကြောက်လို့ ဒါမှမဟုတ် ……. ဘာကြောင့်ပဲဖြစ်ဖြစ်လိုက်နာခဲ့တဲ့စည်းကမ်းတွေကို ဘာလို့မလိုက်နာကြတော့တာလဲမသိဘူး
ပေါက်ဖော်
October 24, 2011 at 4:20 pm
စည်းမရှိ..ကမ်းမရှိလူတွေ….အကျင့်ကိုမကောင်းဘူး.ဟွန်း..
ဘွားဆူး နိဗ္ဗာန်ရောက်သွားလျင်တောင်….ဒီလို..စည်းမဲ့ကမ်းမဲ ့ သောက်ကျင့်တွေပျောက်ကြမှာဟုတ်ဘူး
မယုံစောင့်ကြည့်..
အမှိုက်ပစ်တဲ့အထဲ သားလဲပါ ပါတယ် 😆
etone
October 24, 2011 at 4:34 pm
ဆူးရေ… လူတွေ ကိုယ့်တာဝန်ကိုယ်မဲ့ကြတာလို့ပဲပြောချင်ပါတယ် … ။ မြို့ပြနေ လူတန်းစားမှာတောင် ကိုယ့်အမှိုက်ကိုယ် စနစ်တကျ စွန့်ပစ်ဖို့ အလေ့ကျင့်မရှိတာ … ။ အခါကြီး ရက်ကြီးတွေမှာ နယ်ဘက်က ဘုရားလာဖူးတဲ့ လူတွေဆို …. အမှိုက်ပုံးထဲ ထည့်ရမယ်ဆိုတဲ့ အသိမရှိတာများမယ် … ။
တစ်ယောက်ချင်းဆီမှာ ပြုပြင်ယူမယ့်အသိရှိလျှင် နောက်ပိုင်း …. တခြားနိုင်ငံတွေမှာလိုဖြစ်လာမယ်ထင်တာပါပဲ 🙂
kocho
October 24, 2011 at 4:45 pm
ဘယ်နိုင်ငံဘဲ ရောက်ရောက် သတိထားမိတာကတော့ လူတဦးခြင်းစီရဲ့ အလေ့အကျင့်ပေါ်မူတည်တယ် လို့ထင်မြင်မိပါတယ် တစ်ရာရာခိုင်နှုန်း တော့မဟုတ်ဘူးပေါ့ဗျာ (အဓိက ကတော့ မထူးဇတ်မခင်းမိအောင် လေ့ကျင့်ဘို့ လိုပါတယ်){ ငါတယောက်ထဲ ဒီလိုလုဎ်နေလို့ဘာမှထူးလာမှာ မဟုတ်ပါဘူးကွာ ဆိုတာမျိုးပေါ့}
hmee
October 24, 2011 at 4:49 pm
ဆူးရဲ့ အမ အထင်တော့ အမှိုက်ပုံးတွေ နေရာတကာမှာ မရှိတာ။ ပုံမှန် မသိမ်းတာ အဓိက ကျတယ် ထင်တယ်။ မဝေပြောသလို စည်းကမ်းတကျ ပြစ်ချင်တဲ့ သူတွေကလည်း အလွယ်တကူ အမှိုက်ပုံးမတွေ့တော့ မထူးပါဘူးဟယ် ဆိုပြီး ဖြစ်လာမှာပဲ။ စည်းကမ်းတကျ အမှိုက်ပြစ်တတ်အောင် သင်ဦး အမှိုက်ထည့်စရာ အမှိုက်ပုံးမရှိရင် အရာမထင်နိုင်ဘူး။ အခု ဒီမှာ တိုက်ခန်းတိုင်းရဲ့ အောက်ခြေတိုင်းမှာ အခန်းတခန်းရှိတယ် အမှိုက်ပုံး အကြီးကြီး ၃ခုလောက်ရှိတယ်။ အဆင်ပြေတဲ့ အချိန်ဆင်းပြီး ပြစ်လို့ရတယ်။ ခေါင်းလောင်းသံ ကြားမှ အားအား မအားအား ပြေးဆင်းစရာ မလိုဘူး။ မနက်တိုင်း ၄နာရီလောက်ဆို အမှိုက်သိမ်းကားလာတယ် နေ့တိုင်း သိမ်းတယ်။ နောက် လမ်းမှာ ၂အိမ်၃အိမ်ခြားမှာ တခု အမှိုက်ပုံး အကြီးကြီး ထားထားတယ်။ တခုခု စားလာရင်တောင် အမှိုက်ကိုင်လာ ခဏနေ ထည့်ခဲ့လို့ရတယ်။ နေရာတိုင်းမှာနော်။ လူတွေဟာ လမ်းမမှာ ပြီးစလွယ်ချချင်ရင်တောင် မချနိုင်အောင် ထားထားပေးတာ။ အဲလို ထားပေးထားရင် ရောင်းစားမှာပေါ့လို့ တွေးစရာရှိတယ်။ ကော်ကြိုတဲ့ကုလား အရည်မဖျော်ရဲအောင် လုပ်ရင်ရမယ်။ ရထားသံလမ်းတွေ သံဈေးဒီလောက်ကြီးတာ ဖြုတ်ရောင်း၊ ခိုးရောင်း ရတာပေါ့။ ဒါပေမဲ့ ဘယ်သူမှ မလုပ်ရဲဘူး။ ပြစ်ဒဏ်က သေးမှ မသေးတာကိုး။ အဲ့လိုပဲ အမှိုက်ပုံးတွေ နေရာတကာမှာ ထားပေး၊ သိမ်းတဲ့သူကလည်း အချိန်မှန်သိမ်းပေး (ပုံးထားပြီး ပုံမှန် မသိမ်းရင်လည်း သေချာတယ် အမှိုက်ပုံ ဖြစ်မှာ) ဒါဆို အလွယ်တကူ ပြစ်တဲ့ သူတွေလည်း အလွယ်တကူ ပြစ်စရာ ပုံးရှိမှတော့ စည်းကမ်း မမဲ့ရဲလောက်ဘူး။ အမ ထင်တာတွေ ပြောတာနော် မှန်ချင်မှလည်း မှန်မှာ။ 🙂
ဆူး
October 24, 2011 at 5:03 pm
ဘုရားမှာ အမှိုက်ပုံးက ဆူးတို့ လမ်းလျှောက်နေကျ ဆိုတော့ သေချာပေါက် ပြောလို့ ရတယ် ကိုက် ၁၀ဝ ၂၀ဝ ဝန်းကျင်လောက်မှာ တခု ထားပေးထားတယ်။ သစ်ပင်အောက်မှာ ထိုင်ပြီး သစ်ပင်အောက်မှာတင် တစ်ရှုး ရေသန့်ဘူး အချဉ်ထုတ် အစ အနတွေ ကြုံသလို ထားခဲ့ကြတာ.. သစ်ပင်အောက်တိုင်းမှာ အမှိုက်တွေ အားကြီးပဲ မြင်ရတာ စိတ်ပျက်စရာကြီးပါပဲ။ လမ်းဘေး ဈေးသည်တွေ ဈေးရောင်းပြီး ကြုံသလို ထားခဲ့တဲ့ အမှိုက် အစအနတွေ မြင်တာနဲ့ သိသာတဲ့ အမှိုက်မျိုးပေါ့။
nayminn
October 24, 2011 at 5:31 pm
တစ်ဦးကောင်းတစ်ယောက်ကောင်းရုံဖြင့် မရနိုင် လူတစ်ဦးချင်းစီရဲ့ရင်ထဲမှာ….စည်းကမ်းရှိမှု့ ၊ တာဝန်သိတက်မှု့ ၊ တာဝန်ယူတက်မှု့ အမြဲကိမ်းအောင်းနေအောင် ပြုင်ဖို့ လိုအပ်နေတယ်ဆိုတာပြတာပါ..။
ကိုပေါက်(မန္တလေး)
October 24, 2011 at 6:27 pm
အတော်များများကတော့ သူများကိုယ်ဘဲအပစ်ဖို့နေကြပါတယ်။
ဟိုဟာမ ရှိလို့ ဒီဟာမရှိလို့ပေါ့။
ရှိတဲ့အခါကြတော့ရော ကိုယ်က လိုက်နာပါသလား လို့ မှန်ကြည့်ပြီးမေးခွန်းထုတ်ကြရမယ်လို့ထင်ပါတယ်။
windtalker
October 24, 2011 at 7:58 pm
ဇါတ်ပွဲ ဆိုတာ ပါလာလို ့ပြောရဦးမယ် ဖူးဆွားရေ
ကျုပ်တို ့မြို ့မှာ
ကျုပ် အသိတစ်ယောက်ရဲ ့အိမ်၊သူတို ့ရပ်ကွက်ပေါ့
နစ်စဉ် ဘုရားပွဲ ဆိုရင် ဇါတ်ဖြစ်ဖြစ် အငြိမ့်ဖြစ်ဖြစ်ပါတယ်
ပွဲတော်ရောက်ပြီ ဆိုရင် သူတို ့ခဗျာ အိမ်ရှေ ့စင်လာမဆောက်ဖြစ်ပါစေ နဲ ့လို ့ဆုတောင်းကြရပါသတဲ့
ဆောက်ခဲ့ရင်တော့ ၊ ညလုံးပေါက် နားပူရတဲ့ အပြင်
မနက် စင်ဖျက်ပြီးသွားရင် အီးပုံလေးတွေ ၊ အမှိုက်လေး တွေ နဲ ့စုံစီနဖာ ပေါ့ ဗျာ
Oo Oo
October 24, 2011 at 8:48 pm
ဆူးရေ.. နဲနဲဆွေးနွေးကြည့်မယ်နော်
လက်ရှိမြန်မာပြည်ရဲ့အခြေအနေအရ…ပြည်သူလူထုတစ်ရပ်လုံးစည်းကမ်းပြည့်ဝဖို့ဆိုတာက ချက်ချင်းလက်ငင်းလုပ်ယူလို့မရသလို..တစ်ဦးကောင်း.. တစ်ဖွဲ့ကောင်းနဲ့လည်းလုပ်ယူလို့မရနိုင်ပါဘူး.. အဓိကကျတဲ့လူကြီးတွေအနေနဲ့စနစ်တကျနဲ့မှန်ကန်တဲ့
စီမံချက်တွေချပြီး.. လုပ်ယူမှရမယ်ထင်ပါတယ်. .တွေးမိသလောက်ပြောရရင်.. .မျက်မှောက်ခေတ်အတွက်က… အရွယ်ရောက်ပြီးတဲ့လူကြီးတွေက အရိုးရင်ကုန်ပြီဖြစ်လို့… ဥပဒေပြဌါန်းပြီး.. ဒါဏ်ငွေစနစ်ကိုကျင့်သုံးမှရမှာပါ.. .နောင်တစ်ခေတ်အတွက်ကတော့.. မျိုးဆက်
သစ်ဖြစ်တဲ့ကလေးတွေကို..ယခုကထဲက စာသင်ကျောင်းတွေမှာစည်းကမ်းပြည့်ဝတဲ့ အလေ့အကျင့်ဖြစ်လာစေဖို့စနစ်တကျလေ့ကျင့် သင်ကြားပေးဖို့လိုပါလိမ့်မယ်…(ဒီလိုလုပ်နိုင်ဖို့ကလည်း. .ပြည်သူတွေရဲ့စားဝတ်နေရေးထိုက်သင့်သလောက်ေ ပြလည်နေဖို့လည်းလိုမယ်ထင်ပါတယ်)… ဒါမှလည်းအချိန်ကာလတခုမှာမြန်မာပြည်ကြီးပိုပြီး သာယာလှပလာမှာဖြစ်ပါတယ်
padonmar
October 24, 2011 at 9:40 pm
မှီရေးသလို အမှိုက်ပစ်စရာ အမှိုက်ပုံး လွယ်လွယ်ကူကူထားပေးဘို့က ပထမ၊အဲဒီ အမှိုက်ပုံးထဲရောက်အောင် မပစ်ရင် ဒဏ်ပေးဖို့က ဒုတိယ၊
ကလေးတွေကို အမှိုက်စနစ်တကျ ပစ်တတ်ဖို့သင်ရန်က ရေရှည်စီမံကိန်းပါ။
အမှိုက်ပုံးတွေလုံလုံလောက်လောက်ထားပြီးအချိန်မှန်သိမ်းဖို့ကလည်း ဘတ်ဂျက်သုံးရပါမယ်။
စည်ပင်ဘတ်ဂျက်ကို ဒီလိုနေရာမှာသုံးပေးစေချင်ပါတယ်။
အခုတော့ ငွေတွေပိုလို့ ဘိလတ်မြေစက်ရုံဆောက်တယ်တဲ့။
နောက်ပြီး နေရာတိုင်းမှာ အခမဲ့+သန့်ရှင်းသောအိမ်သာ ရှိစေချင်ပါတယ်။
စင်္ကာပူမှာ စိတ်ချမ်းသာစရာတစ်ခုက အိမ်သာပါဘဲ။
ဘူတာရုံ၊shopping mall နေရာတိုင်းမှာ အိမ်သာလွယ်လွယ် သန့်သန့်ရတာ သိပ်သဘောကျပါတယ်။
အခုကိုယ်လုပ်နိုင်တာပြောပါမယ်။
အမှိုက်ကို အမှိုက်ပုံးထဲရောက်အောင်ပို့။
ကားပေါ်ကနေအမှိုက်မချပါနဲ့။
မြစ်ထဲချောင်းထဲ အမှိုက်မပစ်ပါနဲ့။
ကျွန်မတို့ 2000 gp ယဉ်ကျေးလိမ္မာသင်တန်းတွေမှာ say No to plastic ပြောရင် ကြွပ်ကြွပ်အိတ်ကို အလွယ်တကူမပစ်ဖို့ အမြဲပြောပါတယ်။ကလေးတွေက လိုက်နာကြပါတယ်။
လူကြီးတွေ သာ မလိုက်နာကြတာပါ။
မင်းပြည့်ရှိန်
October 24, 2011 at 11:36 pm
အမှိုက်ကစ ပြဿဒ်မီးလောင်တဲ့
အဲဒီ အမှိုက်ကပဲ စခဲ့ကြတာ..
အဲဒီ အမှိုက်ပဲ
ဘာတဲ့ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်သတဲ့….
ဒီတစ်ခါ စည်းမဲ့ ကမ်းမဲ့ စွန့်ပစ်လို့ကတော့ နေစရာ ဘုံပျောက်မယ့် ခေတ်ရောက်တော့မှာ…
အမှိုက်ကို ရေထဲ မျှောတဲ့သူတွေ
အမှိုက်ကို မီးရှို့တဲ့သူတွေ
အမှိုက်ကို မြောင်းထဲ ပစ်တဲ့သူတွေ
အမှိုက်ကို စည်ပင်ပို့
စည်ပင်က ရွာပြင်သွားပုံထား
လေတွေတိုက်တိုင်း…. လေတွေတိုက်တိုင်း…..
အမှိုက်ကို စနစ်တကျစွန့်ပစ်ရမယ်….
ပထမဦးစွာ အမှိုက်ပုံးထဲ ထည့်တတ်ရမယ်….
ဒုတိယ စနစ်တကျ စွန့်ပစ်တတ်ရမယ်..
တတိယ စနစ်တကျ ဖျက်စီးတတ်ရမယ်..
စတုတ္ထ စနစ်တကျ ပြန်သုံးတတ်ရမယ်…
တဂျီးရေ..လုပ်ပါဦးဂျ.. ကူပါဦး…..
ဘယ်သို့ ဘယ်ပုံ ဆောင်ရွက်ရင်ဖြင့် အမှိုက်ကိစ္စ အဆင်သင့်မလဲ ဆိုတာ…
ကျွန်တော်တို့လည်း…. တတ်စွမ်းသမျှ…… ဆောင်ရွက်ရတာပါ့….
Mg Joker
October 25, 2011 at 12:28 am
လောလော တော့ကိုယ်အမှိုက်ပြစ်မယ်ဆိုရင် ဒီပိုစ်ကို ပြန်သတိရပြီး ဆင်ခြင်ဖို့ ရှက်တက်ဖို့က ပိုအရေးကြီးတယ်
kai
October 25, 2011 at 5:13 am
မြန်မာတွေရဲ့.. စရိုက်ဆိုးတခုလို့ပဲ..ပြောရမယ်..။
စံနစ်..နေရာဒေသနဲ့မဆိုင်ဘူး..။
အယ်လ်အေမှာ.. သင်္ကြန်ပွဲတွေလုပ်ရင်..အများပိုင် ပန်းခြံကိုငှားရတယ်..။
အဲ.. အစားအသောက်အစုံစားလို့ရအောင်.. ဆိုင်တွေလည်း ဖွင့်တာပဲ..။ မနှစ်ကဆို.. အကုန်စတုဒီသာ အလကားကြွေးတာလေ…။
မြန်မာတွေများစုမိရင်.. စားသောက်ပြီး တွေ့တဲ့နေရာ ပစ်ချသွားတာ…။ တချို့ဆို.. စားသောက်ဆိုင်မှာ စားသလိုကို.. ကိုယ်စားထားတဲ့ခွက်ပန်းကန်.. ရေဗူး.. ဒီအတိုင်းချသွားတာပဲ..။ ပစ်စရာ..အမှိုက်ပုံးတွေ.. အများကြီးရှိတယ်.. မထည့်ဘူး..။ နောက်ဆုံး.. ပွဲပြီးရင်.. ဘယ်သူသိမ်းရသလည်းဆိုတော့.. ပွဲကို အများစုပျော်ပါးနိုင်အောင်.. စေတနာနဲ့.. တာဝန်ယူလုပ်တဲ့သူတွေ.. ဗော်လန်တီယာ လူငယ်လူကြီးတွေ လိုက်သိမ်းရတယ်…။
တာဝန်ယူလုပ်တဲ့အသင်းခမျာ.. ကြွေးလည်းကြွေးရ. .. စားသောက်သွားတဲ့ အကြွင်းအကျန်တွေကောက်ရနဲ့.. အင်မတန် အဓိပ္ပါယ်မဲ့တာပဲ..။
ဆိုတော့…
ကိုယ်စားပြီးသော/သုံးပြီးသော အကျန်ကို.. အမှိုက်ပုံးထဲမထည့်ပဲထားခဲ့လျှင်.. စုန်းကဝေများက.. ဆက်စား/ဆက်သုံးပြီး .. မဝ/မလောက်ငှပါက.. မူရင်းစား/သုံးခဲ့သောသူထံအနံ ့ခံလိုက်လာကာ.. ညအိပ်ချိန် အစာအိမ်ထဲမှာ ပြန်ဖေါက်ထုတ်စားမည် ဆိုတာကို. ဘုန်းကြီးတွေ.. တရားဟောရင် ထည့်ထည့်ဟောနေပေးဖို့ကောင်းတယ်..။ 🙂
အဲဒါကို.. သေသေချာချာ ဇတ်လမ်းဆင်ပြီး.. ပညာပေးရိုက်.. တီဗီက..လွှင့်လိုက်ရင်.. ၁နှစ်မနေဘူး..။
ပိုသေချာအောင်.. အိနိ္ဒယက..ဆာဒူး၂ယောက်ငှားပြီး.. ကြိမ်ဆိုခို်င်းထားလိုက်…။
ဗိုက်ပေါက်သေနေတဲ့.. လူ၂ယောက်ပုံကိုပါ.. ဖော်ဝပ်အီးမေးလ်လုပ်ပေးလိုက်…။ 😆
ပေါက်ဖော်
October 25, 2011 at 10:08 am
သဂျီးပြောပုံအရဆို..ဒါရိုက်တာပေကို ဇာတ်လမ်းဆင်ခိုင်းလိုက်တော့မယ်..
သူက အဲတာတွေကျွမ်းတယ်..
ဟိုတစ်ခါ ဇာတ်လမ်းဆင်တာ အုန်းပင်အောက် ဘောင်းဘီချွတ်ခံလိုက်ရတယ်ပြောတယ်
😆
ဆူး
October 25, 2011 at 10:33 am
နတ်ပြည်နဲ့ မြှောက် ငရဲနဲ့ ခြောက်.. သဂျီး အမှိုက်ကောက်.. နတ်ပြည်ရောက် ဆိုပြီး သဂျီး ကို ဝတ်ကောင်းစားလှ ဆင်ပြီးတော့ မင်းသား နေရာက ထားပေးမယ် အဆင်ပြေမလားလို့..
ဖြိုးဖြိုး ဖျက်ဖျက် လိုးလိုး လက်လက် နဲ့ မျက်စိကျိန်းတဲ့ အခန်းက ပါရမယ်။ ဟိဟိ
မြန်မာ မှန်ရင် ဇာတိသွေး ဇာတိမာန် ပြရမယ် ဆိုတာ ဒါမျိုးနေမှာပေါ့..
အဝေးရောက်လို့ အများကြားမှာ ပျောက်နေပေမဲ့ တစ်စု တဝေးထဲ ရှိတဲ့ အခါတော့ ပြရမှာပေါ့။ ဟဲဟဲ..
parlayar46
October 25, 2011 at 1:12 pm
ပြောရက်လေခြင်းနော်…
စည်းနဲ့ကမ်းနဲ့ နေရတာအသားမကျသေးတဲ့ တတိယကမ္ဘာနိုင်ငံများမှ လူများရဲ့ စရိုက်ဆိုးလို့ပဲ ပြောချင်ပါတယ်။
အိန္ဒိယနိုင်ငံသားတွေ စုဝေးတဲ့နေရာတွေမှာလဲ လူစုကွဲရင် အမှိုက်ပုံကျန်တတ်ပါတယ်။
တရုတ်တွေရော ??
ကြောင်ကြီး
October 26, 2011 at 10:52 am
တရုတ်တွေ စည်းကမ်းရှိမရှိတော့ မသိဘူး။ တရုတ်တန်းရောက်ရင် သိပ်စိတ်ချမ်းသာတယ်၊ မြန်မာပြည်ပြန်ရောက် သွားသလိုပဲ။ အမှိုက်တွေက ဟိုတစဒီတစ၊ ဟိုဖွဒီပွနဲ့။ 😛 မြို့လယ်ခေါင် mid town မန်ဟက်တန်ထဲရောက်သွားရင် မပျော်တော့ဘူး။ သန့်ရှင်းသပ်ရပ်လွန်းလို့ ကိုယ့်ကိုယ်ကို အားငယ်မိတယ်။ 🙁 အေပေးအဖြူတွေ အဆင့်အတန်း ခွဲလွန်းတယ်…။ 😡
“ဘီလူးကြီး”ogre
October 25, 2011 at 7:47 am
လူတွေက လူတွေလိုမနေကြလို့ဗျ
ရောက်ရာနေရာတိုင်းကို ကိုယ့်အိမ်ကိုယ့်ယာ လိုသဘောထားရင်
ဒီအမှိုက်ပစ်တဲ့ စည်းကမ်းမရှိမှုကြီးကပျောက်သွားမှာပါ
ကိုယ့်အိမ်မှာ အဲလိုပဲ စည်းကမ်းမရှိ အမှိုက်လာပစ်ကြည့် ပါလား
ထတုပ် လိုက်လို့ အော်ကျော လန်သွားမယ်
ကြောင်ကြီး
October 25, 2011 at 9:37 am
စည်းကမ်းလိုက်နာဖို့ ချမ်းသာကြွယ်ဝမှုထက် စနစ်နဲ့ပိုဆိုင်မယ်။ စနစ်ကတော့ ချမ်းသာကြွယ်ဝခြင်းကို ဆောင်ကျဉ်းပေးတယ်။ လူတွေစည်းကမ်းလိုက်နာဖို့ဆိုရင် စနစ်တခု သေချာရှိနေပြီလား။ ပညာပေးအစီအစဉ်၊ ရုပ်ဝတ္ထုပစ္စည်းတွေ လိုသလို ဥပဒေနဲ့ထိန်းကွပ်မှုလည်း လိုသေးတယ်။ နိုင်ငံရေးသမားတွေကို နှိပ်ကွပ်သလိုမျိုး စည်းကမ်းမဲ့သူတွေကို ပြင်းပြင်းထန်ထန် လုပ်ကြည့်ပါလား၊ ရနိုင်ပါလိမ့်မယ်၊ စစ်အစိုးရ အင်အားသုံး လုပ်ခဲ့တာတွေ အများကြီးပါ။ (ဥပမာ – အဓမ္မလုပ်အားပေး၊ ပေါ်တာဆွဲ၊ ကင်းစောင့်၊ မြေယာသိမ်း၊ အတိုက်အခံများကိုနှိပ်ကွပ်) ခက်တာက စစ်အစိုးရက တိုင်းပြည်တိုးတက်ဖို့ထက် သူတို့အာဏာတည်မြဲရေးကိုဘဲ ဦးစားပေးတယ်။ မြန်မာပြည်မှာ ယိုယွင်းပျက်စီးနေတာ များလွန်းလို့ တခုခုစပြင်မယ်ဆို ကြက်ဥကြက်မ အစရှာရသလို ဖြစ်နေပြီ။ ဒါကြောင့် လုပ်ပိုင်ခွင့်ရှိသူများက လုပ်နိုင်သူများနဲ့ ပူးပေါင်းပြီး တနေရာရာက စလုပ်မှရမယ်။ ဒါပေမဲ့ စနစ် စနစ်……..
pan pan
October 25, 2011 at 10:55 am
ဘွားဆူးပို့စ်ကို ကြည့်ပြီးအတွေးပေါက်သွားတာလေး ပိုစ့်ရေးဦးမယ်ဗျို့
စာရေးဆရာတွေရဲ့ စာပေဟောပြောပွဲတွေနားထောင်ပြီး ကိုယ်တိုင်လည်း Feelဖြစ်နေတာလေးတွေနဲ့
ချဲ့ကားတွေးမိတာ ရေးချင်လို့ပါပဲ
တော်ကြာ ဆရာကြီးတွေကြားထဲ မိချောင်းမင်း ရေချင်းပြသလိုဖြစ်နေမှာစိုးလို့ 🙄
ကိုယ်က ဘာမှမဟုတ်တဲ့ ငချွတ်မလေး
တစ်ဦးချင်းစီပြုပြင်နိုင်ပါ့မလားဆိုတော့ လူဦးရေသန်း၆၀၊
အားလုံးပြင်ဖို့က ကိုယ်တစ်ဦးကစ
ကိုယ်က တစ်အားပါပဲ ဘွားဆူးရေ…
ကျွန်မလည်း တစ်ခါတစ်လေ ပြင်လိုက် ပျက်လိုက်နဲ့မို့လို့ (အကြောင်းပြချက်လေးတစ်ခုနှစ်ခု ကိုယ့်ဘာသာပေးပြီး ကိုယ့်ဘာသာစည်းကမ်းပျက်လိုက်လို့) 🙄
pan pan
October 25, 2011 at 11:02 am
မိချောင်းမင်း ရေခင်းပါဗျို့
ရေချင်းဖြစ်သွားလို့
လောသွားတာ
ဆူး
October 25, 2011 at 11:23 am
၂ခါမန်းတော့ ၅ပွိုင့် ၂ခါ ရတာပေါ့.. ခွင့်လွတ်တယ် ခွင့်လွတ်တယ်။ 😀
parlayar46
October 25, 2011 at 1:20 pm
အဲဒါတွေ
အစိုးရအဆက်ဆက်က ကိုယ့်အရှုပ်ကိုယ်ရှင်းနေကြရတာနဲ့ လှည့်မကြည့်အားလို့က တကြောင်း
လူလေးစားတဲ့အစိုးတွေမဟုတ်လို့ အတင်းသေနတ်ထောက်ခိုင်းတာမျိုးကလွဲရင် လူထုရဲ့ပူးပေါင်းမှု့မရတာကတကြောင်းပေါ့။
လက်ရှိမှာတော့ အသိတရားရှိသူတဦးချင်းက စံပြနေထိုင်ပြရုံပါပဲ
တကယ်ကျယ်ကျယ်ပြန့်ပြန့် စည်းကမ်းရှိစေချင်ရင်တော့
အစ က စ ရမယ်။
အပေါ်မှာ ကိုကြောင်ကြီးမန်းထားတယ်။
“ဒါပေမဲ့ စနစ် စနစ်……..” …တဲ့
nigimi77
October 25, 2011 at 7:19 pm
“………ဗာရာဏသီ နယူး ဗားရှင်း………”
………………………………………………
အုံးအုံး ကြွတ်ကြွတ် ကြွေးကြော်သံများ…………
“……………
ဟုတ်ပါတယ်။
မှန်ပါတယ်။
လုပ်သင့်ပါတယ်။
ဖြစ်သင့်ပါတယ်။
ထောက်ခံပါတယ်။
မြန်မာတွေ စည်းကမ်းရှိသင့်ပါတယ်။
နိုင်ငံကြီးသား ပီသသင့်ပါတယ်။
ဟိုလို လုပ်သင့်ပါတယ်။
ဒီလို လုပ်သင့်ပါတယ်။
ဟေး…….ရွှီး..ရွှီး….ဝမ်းစမိုး…
ဖြောင်းဖြောင်းဖြောင်း……….
………………………………
အစည်းအဝေး ပြီးနောက်တွင်
တစ်ဦးတည်း Contract ရထားသော နိဂိမိ အမည်ရှိ တခုသော အညတရ အမှိုက်ကောက် သမားသည်
ကုဋေ ၁၆ဝ ချမ်းသာ သွားသည် ဟူသတတ်……။ 🙂
windtalker
October 25, 2011 at 9:31 pm
နိဂိမိ တဲ့ ၊ တယ်ထူးတဲ့ နာမည်
ဘာများပါလိမ့်နှယ် သိချင်စမ်းပါဘိ
Shwe Ei
October 26, 2011 at 4:04 pm
အခုတလော လူသွားလမ်း၊ ပလက်ဖောင်း၊ တိုက်ခန်းရှေ့ မြေကွက်လပ်တွေမှာ အမှိုက်ထက် ခွေးချီးက ပိုများနေသလားလို့။ လမ်းပေါ်က ခွေးလည်းလမ်းပေါ်မှာမစင်စွန့်၊ တိုက်ပေါ်ကခွေးလည်းလမ်းပေါ်မှာမစင်စွန့်နဲ့ မြင်ရတာစိတ်လေတယ်။
ဆူး
October 26, 2011 at 4:33 pm
ဟုတ်တယ်… ခွေးမွေးတဲ့ လူတွေကလည်း အဲဒီလိုပဲ လမ်းပေါ်မှာ ခွေးကျောင်းပြီး ခွေးချီးကို အဆင်ပြေသလို ထားခဲ့ကြတယ်။ ခွေးက ပါချင်သလိုပါတာ တည်တဲ့ လူကလည်း မကြည့်ဘူး သူများ အိမ်ရှေ့လား ဘာလား လုံးဝ မကြည့်ဘူး ငါ့အိမ်ရှေ့ မဟုတ်ရင် ပြီးရော ဆိုတဲ့ စိတ်မျိုး ရှိတဲ့ လူတွေ ကြီးပဲ။
kai
October 27, 2011 at 7:16 am
ဆူးမမတို့များ.. ဒိဗ္ဗစက္ကုရှိသလားထင်ရတယ်…။
ရွာတော်ရှင်ဆိုတော့.. ဟိုဖက်ရွာလှမ်းချိပ်… ဂလောက်တော့ရှိမပေါ့..။ 🙂
kocho
October 27, 2011 at 8:02 am
သိကုန်ကြပြီ(စရိုက်တွေ)အစဉ်အလာကြီးတဲ့သူရဲကောင်းတိုင်းပြည်ကကျောင်းသားတွေ
htoosan
October 27, 2011 at 11:18 am
ထူးဆန်း သင်္ဘောလိုက် ဖူးပါတယ်။ ထူးဆန်းတို့ သင်္ဘော မှုာ အများအားဖြင့် မြန်မာ ၊အိန္တိယ ၊ဖိလစ်ပိုင် အရာရှိ များနဲ့ အင်ဒိုနီးရှား သင်္ဘောသား များ ပါ ပါတယ်။ ကျန်တဲ့ နိင်ငံခြားသား အခန်းတွေ သန့်ကြပြီး မြန်မာတွေက အရာရှိတွေဖြစ်ပေမဲ့ ၉၅% သော သူများ အခန်းရှုပ်ပွညစ်ပါတ်ကြပါတယ်။
ငါတို့မြန်မာတွေ ဘာလို့ ညစ်ညစ်ပါတ်ပါတ် နေကြပါလဲ လို့ ထူးဆန်းတွေးဘူးပါတယ် …
အဲ့ဒီ့မှာ ထူးဆန်းရဲ့ ထူးထူးဆန်းဆန်း အတွေး တွေးမိပါတယ်။
ထူးဆန်းတို့ငယ်ငယ်က ဝထ္တုတွေ တော်တော်ဖတ်ကြပါတယ်။ အဲ့ဒီတုန်းက ထူးဆန်းတို့ အားကျမိသော ဇတ်လိုက်ကြီးများ အားလုံးဟာ စည်းကမ်းမရှိ ၊ စည်းကမ်းတကျ မနေတတ်သူ ၊ ကိုယ့် အခန်းဘယ်တော့မှ မသိမ်း သူ ၊ ဆေးလိပ်တိုများ ဖွကြဲထား တတ်သူ များ အဖြစ် ရေးဖွဲ့ ကြပါတယ်။
အဲ့ ဒီ ဝထ္တုတွေ ရုပ်ရှင် အဖြစ်အသွင်ပြောင်းတော့လဲ ဇတ်လိုက်ကြီးများ အဲ့ဒီလိုဘဲ သရုပ်ဆောင်ကြပါတယ်။
အဲ နောက်တော့ ကောင်မလေးတွေ၊ ချစ်သူတွေ ရောက်လာ ၊ အခန်းရှင်းပေး၊ တံမြက်စည်းလှည်းပေး နဲ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ဖြစ်အောင် လုပ်ပေးသွားပေါ့နော် ။ အဲ့ဒါကို ဇတ်လိုက်ကြီးက သဘောကျ၊ ဇာတ်လိုက် အမေကြီးက သဘောကျ၊ တော်လိုက်တဲ့ မိန်းကလေး ၊ တော်လိုက်တဲ့ သမီးလေးဆိုပြီး၊။
အဲ့ဒါတွေ ဖတ် ကြည့် အားကျ လိုက်လုပ် ရာကနေ ဒီလို စည်းကမ်းမရှိ၊ တံမြက်စည်းမလှဲ၊ ကြုံရာ အမှိုက်ပစ်သော အမျိုုးသားကောင်း သ္မီးများ အဖြစ် တစတစရောက် ကုန် လာတယ် လို့ မကြာခဏတွေးမိပါတယ်။
ဒာခုနောက်ပိုင်းတော့ ဝထ္တု မဖတ် ရုပ်ရှင်လည်းမကြည့်ဖြစ်တော့ ဘယ်လိုရေးနေကြလဲတော့ မသိတော့ပါဘူး။
နိဂုံးချုပ်နဲ့ တည့်တည့် ပြောရရင်တော့ စာရေးဆရာများ ရဲ့ စာစွမ်း များကြောင့်လည်း ပါမလား ဆိုပြီး တွေးမိတာပါ။
စာရေးဆရာများရဲ့ လွှမ်းမိုးနိင်မှု့ဟာ တော်တော်ကျယ်ပြန့်ထိရောက်တဲ့ အတွက်ပါ။
ဒီစကားလည်းဘာကြောင့် ပြောလဲဆိုတော့ သီရိလင်္ကာရောက် မြန်မာ ဘုန်းတော်ကြီးတစ်ပါးက မိန့်ဘူးပါတယ်။ ငါတို့ကွာ သိန်းဖေမြင့် ရဲ့ သီဟိုဋ် အကြောင်းရေးတဲ့စာတွေ ဖတ်မိပြီး ဒီရောက်လာတာလို့ ပြောဘူးခဲ့လို့ ဆက်စပ်ပြီးတွေးမိသွားတာပါ။
ကျွန်တော်တို့တတွေ စည်းကမ်းမရှိကြတာ နဲ့ ကြုံလို့ စာရေးဆရာကြီးများ မိမိတို့ရဲ့ စာတွေ ရေးသားရာမှာ စည်းကမ်းရှိသော ဇတ်ကောင်လေးများ များများ ရေးပေးကြပါလို့။
ဆူး
October 27, 2011 at 2:25 pm
မနေ့က ဆူရှီပွဲမှာတော့ အားလုံး ဘာအမှိုက်မှ မကျန်အောင် ပြန်ကောက်ခဲ့တယ်။
ကိုယ့်ရှူးကိုယ်ပတ်မှာ စိုးလို့.. ဟိဟိ..