Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

” ဘလက်ကောင် ၏ အနက်ရောင်အတွေးများ ” ၁

black chawOctober 25, 20111min46113

ရွာထဲမှာ ဒီတစ်ပတ် နွေးနွေးထွေးထွေး နှင့် ရွာအလှ အတွက် အားလုံး တက်ညီလက်ညီ ကြိုးစားနေခဲ့ကြတာ အားရစရာ ကောင်းလှပါသည်။ ဓါတ်ပုံတွေ၊ ကဗျာတွေ၊ စကားပြေတွေ၊ သတင်းတွေ၊ စသည်ဖြင့် စုံလှသော်လည်း ရွာမှာ ဝတ္ထုတိုရေးသူများနှင့် ကာတွန်းရေးသူများ လိုအပ်နေသည်  ဟု ထင်မြင်မိပါသည်။ အချိန်ရသလောက်လေးကြိုးစားဖတ်ကြည့်ရပါသဖြင့် လိုအပ်ချက်များရှိပါက ကျွန်တော့်အား ခွင့်လွှတ်ကြပါလို့ ကြိုတောင်းပန်ထားပါရစေခင်ဗျာ။

ဒီတပတ် ဖတ်ဖြစ်သည်များကို တင်ပြလိုပါသည်။ မနောဖြူလေး ၏ “ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၏ ရင်ခုန်သံ” ကို ဖတ်ဖြစ်သည်။ ဆရာကြီး၏ ကဗျာ နှစ်ပုဒ်ကို ဖေါ်ပြ၍ သူမ၏ ကဗျာအပေါ်အမြင်များကိုရေးသားထားခြင်း ဖြစ်ပါသည်။

Windtalker ၏  ThomasEdisonVsNikolaTesla ကိုဖတ်ရပါသည်။ ဆားဘီးယားလူမျိုးသိပ္ပံပညာရှင် Nicola Tesla နှင့် သောမတ်စ်အက်ဒီဆင် တို့ နှစ်ဦးကြားမှ လူသိနည်းသော ကိစ္စ တစ်ခု အကြောင်းရေးသားထားခြင်းဖြစ်ပါသည်။ သောမတ်စ်အက်ဒီဆင် က Nicola Tesla ထက် လူစိတ်ဝင်စားအောင်လုပ်တတ်သောကြောင့် အက်ဒီဆင်ထက်တော်သော်လည်း အက်ဒီဆင်လောက်နာမည်မကြီးခဲ့ရရှာ သော အကြောင်းများကို ရေးထားခြင်းဖြစ်ပါသည်။ windtalker ၏ အတည်အခန့် ရေးသော ပို့စ်တစ်ခုဖြစ်ပါသည်။ ဒါတောင် စာအလယ်လောက် တွင်  (အိုဗျာ..နာမည်တွေ ကို အင်းဂလိ ဖောင့်ပြောင်းပြောင်းပြီး အင်းဂလိ လို ရေးနေရတာ စိတ်မရှည်တော့ဘူး ၊ တော်ဘီ ၊ ဗမာလို ပဲ ရေးတော့မယ် ဗျို  ့) ဟု လုပ်သွားပါသေးသည်။

ရွှေအိမ်စည်၏ “လူမှာ အရေးကြီးဆုံး နှစ်ခုပဲရှိတယ်” ကို ဖတ်ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သော လူမှာ အရေးကြီးတာ နှစ်ခုပဲ ရှိတယ်။ ကိုယ်ကျင့်တရားနဲ့ အမှန်တရားကို မြတ်နိုးမှု ဆိုတာလေးကို ဘတ်စ်ကားပေါ်မှ ဇာတ်ကွက်လေးဖြင့် တင်ပြသွားပါသည်။ သူမ၏ ကိုကို နှင့် ဆေးမင်ကြောင်ထိုးထားသော ကောင်လေးတစ်စု၏ အမှန်တရားဘက်မှ ရပ်တည်ပေးပုံကို ယှဉ်ပြသွားခဲ့ပါသည်။ ကိုယ်တိုင်ဖတ်ကြည့်ကြပါဗျာ။ တပြိုင်တည်းတက်လာပါသော ရွှေအိမ်စည်၏ “မောင်သာရ( ထာဝရလေးစားသူ )” ကတော့ ဆရာကြီးမောင်သာရ ၏ အထုပ္ပတ္တိ ကိုဖေါ်ပြ၍ မွေးနေ့ ဆုမွန်ကောင်းတောင်းထားခြင်းဖြစ်ပါသည်။

Comegyi ၏ အိုဘယ့် သူဌေးမင်း ပို့စ်နှင့် “အင်္ဂါဂြိုလ်”  ပို့စ် တို့ကို ဖတ်ပါသည်။ ဒုကနိပါတ်သောမဒတ္ထဇာတ်လာ……ဟသရသမှ ကူးယူဖော်ပြပါသည် ဆိုသော ကဗျာတစ်ပုဒ်နှင့် ဆရာတက္ကသိုလ်ဘုန်းနိုင်၏ အင်္ဂါဂြိုလ်မှ ရန်သူ  ဝတ္ထုကိုဖတ်ရာမှရေးဖြစ်ပါသည် ဆိုသော ကဗျာ တစ်ပုဒ်ဖြစ်ပါသည်။ ကဗျာ ကြိုက်သူများ ရှာဖွေဖတ်ရှုနိုင်ပါသတည်း။

ဦးကောက်၏ ကိုမင်းကိုနိုင် ၄၉ နှစ်မြောက်မွေးနေ့ပွဲ အခမ်းအနားအကြောင်း ပို့စ်ကို ဖတ်ရပါသည်။ စိတ်ဝင်စားသူများ ကိုယ်တိုင်ဖတ်ရှု ကြပါကုန်။

Kanjosan ၏ တရုတ်နိုင်ငံမှ လူသားမဆန်သောလုပ်ရပ် ကိုဖတ်ဖြစ်သည်။ ကလေးတစ်ယောက်ကားတိုက်ခံရတာကို ကူညီသူမရှိကြ ပုံကို ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။ ဒါကတော့ တရုတ်မှ မြန်မာမှ မဟုတ်ပါဘူးဗျာ။ မြန်မာပြည်မှာက ကားတိုက်ပြီဆိုတာနဲ့ ကားသမားလွတ်အောင် ပြေးပေတော့။ မှားမှားမှန်မှန် ဝိုင်းဆွမ်းကြီးလောင်းကြမယ့်သူတွေက အဆင်သင့်။ ဒီအကြောင်းအရာကိုပဲ နောက် ပို့စ်သုံးခုလောက်တက်လာပါ သေးသည်။

“လူချမ်းသာချင်ရင် ပိုက်ဆံရမယ့် သမာအာဇီဝ ဖြစ်မယ့် အလုပ်မျိုးကို ရှာပြီး ကြိုးစားလုပ်ရပါမယ်။ စိတ်ချမ်းသာချင်ရင် စိတ်ချမ်းသာမှု ဖြစ်စေမယ့် အလုပ်ကိုရှာလုပ်နေရမယ်။ ဒီနေ့တော့ ဆရာ့အနေနဲ့ မင်းတို့ (စိတ်)တွေကို အလုပ်ရှာပေးပါ့မယ်။” ဆိုသည့် whowho ၏ “မဂ္ဂင် အဖေါ် ရှာပေးကြစို့” ကိုဖတ်ရပါသည်။ နမူနာကောင်းကောင်းလေးတွေနှင့် တရားထိုင်ခြင်းနှင့်ဆိုင်သော ပို့စ်လေးတစ်ခု ဖြစ်ပါသည်။ ဝင်လေ ထွက်လေ အကြောင်းရေးထားသည်မှာ စိတ်ဝင်စားဖွယ် ကောင်းပါသည်။ ဖတ်ကြည့် သင့်ပါသည်။

Youngcat ၏ မှတ်သားဖွယ် အဆိုအမိန့်အချို့ ၄ ကို ဖတ်ရပါသည်။ ကိုယ်တိုင်ဖတ်၍ ကိုယ်တိုင်မှတ်ကြရန်ဖြစ်ပါသည်။

ဘီလူးကြီး ၏ ဒီတိုင်းကြည့်နေကြတော့မှာလား ဆိုသည့် အထည်ချုပ်လောကအကြောင်း ပို့စ်ကိုဖတ်ရပါသည်။ အထည်ချုပ်လောကကို စိတ်ဝင်စားသူများ ဖတ်ရှုနိုင်ပါသည်။

နေဝန်းနီ၏ လူသိသိတ်နည်းသေးတဲ့ ပန်းတစ်ပွင့်၏ ကျဆုံးခန်းကိုလည်း ဖတ်ဖြစ်ပါသည်။ တပ်ကုန်းမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ မြေသိမ်းခံခဲ့ရသော ဦးမောင်အုန်းမှ နစ်နာကြေးမရရှိခဲပါကြောင်း တင်ပြနေစဉ် လဲကျသေဆုံးသွားခဲ့သော အဖြစ်ကို ရေးထားခြင်းဖြစ်ပါသည်။ စိတ်မကောင်းစရာပါခင်ဗျာ။ သို့သော် ကဗျာဆရာမို့ ပန်းတစ်ပွင့်၏ ကျဆုံးခန်းလို့ ခေါင်းစဉ်တတ်လိုက်ဟန် ရှိပါသည်။ သေဆုံးသူကို ပန်းတစ်ပွင့်နှင့် တင်စားလိုက်ခြင်းပါ။ ဖတ်ကြည့်ကြပါဗျာ။

ဆရာလေးဂိုင်းအင်ဇာဂီ၏FreebieMarketingandMonopolyကတော့ ပင်မအသုံးချပစ္စည်းတခုကိုအလကားပေးပစ်ခြင်းဖြင့်သော်လည်းကောင်း အင်မတန်နည်းပါး

တဲ့ဈေးနဲ့ရောင်းချပေး၍သော်လည်း ကောင်း ဆက်စပ်ပစ္စည်းတွေ တပုံတခေါင်းရောင်းရအောင် လုပ်တဲ့နည်း ကို ရှင်းပြထားခြင်းဖြစ်ပါသည်။ သူကြီး နှင့် အင်ဇာဂီတို့ Foreign Resident တို့၏ ကွန်းမန့်များက စိတ်ဝင်စားစရာ ကောင်းပါသည်။ ဖတ်ဖြစ်အောင်ဖတ်ကြည့်စေချင်ပါသည်။ စကားမစပ် pan pan နှင့် အပြန်အလှန် မန့် ကြသော ကွန်းမန့် တစ်ခုတွင် (ကြုံ လို့ပြောရရင် ရွာထဲက သူငယ်ချင်းတယောက်က sales is sales, mkt is mkt ဆိုပြီး ရေးဖူးထားတာလေးရှိပါတယ် ရှာဖတ်ကြည့်ပါ)ဟု ညွှန်းထားတာကို တွေ့ရပါသည်။ အဲဒါ ကျွန်တော် ဘလက်ချော လက်ဆော့ထားတာပါ ဂိုင်းအင်ဇာဂီ ခင်ဗျား။ လူမမှတ်မိသော်လည်း စာကို မှတ်မိနေတဲ့အတွက်ကျေးဇူးပါဗျာ။

Lone ၏ သူရဲပူးခြင်းလား ဒါမှမဟုတ် ဆိုသည့်  ထိတ်လန့်ကြောက်ရွံ့ဖွယ် အခန်းဆက် ကိုယ်တွေ့လေးကို ဖတ်ရပါသည်။ ဘယာနက ရသ ခံစားလိုသူများ ဖတ်ကြည့်ကြပါကုန်။

ဒီတစ်ပတ်၏ အကောင်းဆုံးကဗျာဟု တစ်ရွာလုံးကလည်း သတ်မှတ်ကြပါသော ကိုသစ်မင်း ၏ ရှက် ကဗျာ ကိုဖတ်ရပါသည်။ အားလုံးလည်းဖတ်ပြီး အားလုံးလည်းကြိုက်ပြီးသားမို့ ဝင်ပွားစရာမလိုတော့ပါ။ ရှက် ကဗျာ ကိုဖတ်၍ ပို့စ် တစ်ခုဖြစ်သွားသူများပင် ရှိနေပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ပြောရတာတောင် ရှက် တယ်ဗျာ။

ပင်လယ်များကို ရွာသူရွာသားတွေနဲ့ မိတ်ဆက်ပေးနေပါသော mhee ၏ ပင်လယ်သေ ကို ဖတ်ရပါသည်။ ဗဟုသုတ ရသလို ဓါတ်ပုံတွေလည်းပါသဖြင့် စွဲဆောင်မှု ပျင်းထန်သွားကာ ဟန်းနီးမွန်းခရီးထွက်ရန် ကြံစည်ကြ သူများပင် ရှိခဲ့ပါသဖြင့် အောင်မြင်သော ရေးသားသူဖြစ်ခဲ့ပါကြောင်း ပို့စ် တင်သူ mhee သိစေအပ်ပါသည်။

မန်းဂဇက်၏ ပင်တိုင်ဓါတ်ပုံဆရာ တစ်ယောက် ဖြစ်သော diamond key (အင်း ကိုစိန်သော့က ပိုခေါ်လို့ကောင်းတယ်) ၏ တစ်ချိန်က မက္ခရာ ကိုတော့ ကိုယ်တိုင်ကြည့်ပြီး ကိုယ်တိုင်အရသာခံ ကြစေလိုပါ သည်။ သမိုင်းကြောင်းနှင့်တကွ တင်ပြထားပါသဖြင့် ဗဟုသုတပါရစေမှာ ဖြစ်ပါကြောင်း။

ဘီလူးကြီး၏ တွေးမိသမျှ နစ်နာခ ပို့စ်မှာ ဆက်သွယ်မှု ဧရိယာ ပြင်ပတွင် ရောက်ရှိနေသောကြောင့် ခေါ်ဆိုမရနိုင် ပါ ဟု ပြောရရှာသော ကလေးမလေးနှင့် ကော်နက်ရှင် ဆိုသော ပုဂ္ဂိုလ် အကောင်းစားလေးတို့ ဆဲဆိုခံရမှုအတွက် နစ်နာကြေးပေးသင့်ကြောင်း ဟာသအမြင်ဖြင့် ရေးထားခြင်းဖြစ်ပါသည်။ ရယ်ချင်သူများ ဖတ် နိုင်ကြပါသတည်း။

မိုးနတ်သားလေး၏ ၂၀၁၂ နှင့် ကျွန်တော် ခံယူချက်ပို့စ်က ၂၀၁၂ တွင်ကမ္ဘာပျက်မည်ဆိုသော အဆိုနှင့်ပတ်သက် ၍ သူမြင်သည့်အမြင်ကို တင်ပြထားခြင်းဖြစ်ပါသည်။

Foreign Resident ကြီး၏ ဆီနှိတ်မာဆတ် ကို အင်မတန်စိတ်ဝင်စားစွာ ဖတ်ဖြစ်ပါသည်။ “အခုပြန်တွေး အခုပြန် ဝမ်းနည်းတယ် ။ အဘတို့က အသည်းအရမ်းနုတာလေ ။သနားတတ်တယ် ( သမီးငယ်လေး တွေကို ) ။”

စာဖတ်သူလူငယ်တွေ ကို အပျော်သဘောပြန်ပြောပြပါသော အဘ ၏ ကြေကွဲဖွယ်ရာအတိတ်ကို မကြုံဘူးပါသော်လည်း (ယုံပါအဘရေ) ကိုယ်ချင်းစာနာ မိပါကြောင်း။

နိုဇိုမီ ၏ နဂါးလေးတို့ပြည် ဘူတန်သွားတောလားကို ဖတ်ရပါသည်။ ဘူတန်ဘုရင် နှင့် သူ့ရဲ့သတို့သမီးလေးပုံကို ပါထည့်ပေးထားသဖြင့် နိုဇိုမီကို ကျေးဇူးတင်ရပါသည်။ ကိုယ်တိုင်ဖတ် ကိုယ်တိုင်အရသာခံကြည့်သင့်ပါသော ပို့စ် တစ်ခုဟု ညွှန်းဆိုပါရစေ။

ပေါက်ဖေါ် ၏ မုန်တိုင်းသတင်း၊ ၂၄နာရီအတွင်းဝင်မယ်တဲ့ က အမှန်တကယ် တန်ဘိုးရှိပါသော သတင်းပေးပို့စ် လေး ဖြစ်ပါသဖြင့် လက်ခုတ်တီးပြီးအားပေးပါသည် ပေါက်ဖေါ်ကြီးရေ။ နောက်လည်း ကြိုတင် သတင်းလေးတွေ ပေးဘို့ လက်တို့လိုက်ပါတယ်။

ကိုချို ရဲ့ အိုးထဲက သစ်ပင်လေးများပုံ(နှစ်) ကတော့ ဘွန်ဇိုင်းပင်လေးများရဲ့ ဓါတ်ပုံတွေပဲဖြစ်ပါတယ်။ ကိုယ်တိုင် အရသာခံ ကြည့်ရှုနိုင်ကြပါစေသားပေါ့ဗျာ။

ဝေးလွင့်တိမ် ရဲ့ အလွမ်းမိုင်တိုင် ၁၅၀ဝ ၊ နေဝန်းနီ ရဲ့ နေဝန်းနီမြစ်၊ ကိုရင် ရဲ့ သင်ရိုးကုန် ဂုဏ်ထူး တို့ကတော့ ကဗျာကြိုက်သူတွေ အတွက်ပါဗျာ။

ဦးကောက် ကလည်း ရခိုင်ကမ်းရိုးတန်းသို့ မုန်တိုင်းငယ် ဖြတ်ကျော်ဝင်ရောက် ပို့စ်ဖြင့် ရွာသူရွာသားများကို သတင်းပေးတဲ့ အတွက် ကျေးဇူးပါခင်ဗျာ။

Kanjosan ရဲ့ ကျွန်တော်တို့နိုင်ငံနှင့်ပတ်သက်သမျှ ကိုတော့ ကိုယ်တိုင်ဖတ်ပြီး ကိုယ်တိုင်ခံစားကြပါခင်ဗျာ။

Joker Gyi ရဲ့ ရန်ကုန်တောင်ပိုင်းခရိုင် မထသ အုပ်ချုပ်ရေးမှူးများ ပြောင်းလွဲသင့်ပြီး ကတော့ တွံတေးမြို့နယ် တက္ကစီ ကော်မတီ အဖွဲ့ရဲ့ ရင်ဖွင့်ချက်တစ်ခုပါဗျာ။

Charm Boy ၏ Samtosa Boardwalk night scene ကတော့ လှပတဲ့ စင်္ကာပူ ဓါတ်ပုံလေးများပဲဖြစ်ပါတယ်။

လှချက်တော့ တအားပဲ Charm Boy ရေ။

အမတ်မင်း ၏ အတုံ့အလှည့်ရှိခဲ့ရင် ပို့စ်လေးကတော့ သောင်းကျန်းနေတဲ့ ကြွက်တွေကိုထောင်ထားရာက ဖားပြုတ် ကြီးမိနေတယ်ဆိုတဲ့ ရသပါတဲ့ စာလေးတစ်ပုဒ်ပါ။ ဖတ်လို့ကောင်းသော စာတစ်ပုဒ် ဟု ဆိုချင်ပါတယ်ဗျာ။

မနောဖြူလေး ၏ Online ပေါ်မှာ အမြန်ဆုံး Animation လုပ်နည်းကတော့ လမ်းညွှန်လေးတစ်ခုပါ။

Animation စိတ်ဝင်စားသူတွေ အတွက် သင့်တော်မှာပါ။

နွယ်ပင် ရဲ့ အူဝဲ ရဲ့ အူဝဲလေးကတော့ အိန္ဒြာကျော်ဇင် ကလေးမွေးတဲ့ ဓါတ်ပုံလေးတွေပါ။

ဆရာ kai ရဲ့ နီဗားဒါးပြည်နယ်လပ်စ်ဗီဂတ်စ်မြို့မှ အင်ကြင်းခိုင်ကတော့ ဆရာကြီးမောင်သာရ ရဲ့ မြေးမလေး အင်ကြင်းခိုင် နဲ့ အင်တာဗျူးလေးပါခင်ဗျား။

နေဝန်းနီ၏ အိမ်အိုတော့ကျားကန် လူအိုတော့ ပန်းပန် ကတော့ ကဗျာဆရာနေဝန်းနီရဲ့ ရသစာလေးတစ်ပုဒ်ပါ ခင်ဗျာ။ ကဗျာဆရာ၏ ရသရေးဟန်ကို လေ့လာလိုသူများ ဖတ်ကြည့်ကြပါလို့။

နောက်တစ်ပုဒ်ကတော့ ကိုစိန်သော့ကြီး ရဲ့ ရေပေါ်ကဖေါင်ကလေး ဖြစ်ပါတယ်။

“ဖြစ်လာတဲ့ကိစ္စအတွက် တွေ့တဲ့နေရမှာ ရရာပစ္စည်းနဲ့ အကောင်းဆုံးဖြစ်အောင် အသုံးပြုနည်း” လို့ဆိုပါတယ်။

ရေသန့်ဗူးခွံလေးတွေနဲ့ လှေလုပ်ထားတဲ့ပုံလေးပါပါတယ်။ ဖတ်ကြည့်ကြပါ။

သတင်းမှန်မမှန်ကို လုံးဝမသိရသေးပါ ဆိုသော naung ရေးသည့် အမရပူရဘက်မှ ကြားရသည့်သတင်းတစ်ပုဒ် နှင့် ထုံးစံအတိုင်း သံတွဲမြို့ရဲ့ အသံတစ်သံဖြစ်သည့် နည်းနည်းလေးတော့လွဲနေပြန်ပါပြီ-သံတွဲမြို့ တို့ကိုတော့ ကိုယ်တိုင်သာဖတ်ကြည့်ကြပါခင်ဗျား။

နောက်ဖတ်ဖြစ်သည်က etone ၏ ဟောခန်းသို့တစ်ခေါက် ဖြစ်ပါသည်။ ဗေဒင်မေးသွားသော ယောက္ခမလောင်းကြီးနောက်လိုက်သွားရသည့် ချွေးမလောင်းတစ်ဦး၏ ဇာတ်လမ်းဖြစ်ပါသည်။ ရွာသူရွာသား တွေကတော့ ချွေးမလောင်းဆိုသူမှာ etone ဟု တညီတညွတ်တည်း ဆိုကြပါသော်လည်း etone က သူမဟုတ်ရ ပါကြောင်းအကြောက်အကန် ငြင်းဆိုသွားပါကြောင်း သိရပါသည် ခင်ဗျား။

ဇောတွေအကြောင်းရှင်းပြထားပါသော whowho ၏ ဇော ရ ချက်ဆိုတာ ပို့စ်လေးကိုတော့ ကိုယ်တိုင်ဖတ်ရှုစေလို ပါသည်။

နောက်တစ်ပုဒ်က We R One ရဲ့ သစ်ပင်စိုက်ပွဲ ဖိတ်ကြားချက်ဖြစ်ပါတယ်။ စိတ်ဝင်စားသူတွေ တက်ရောက်နိုင် အောင် သတင်းပေးတာ ကျေးဇူးပါ။

မောင်သန်းထွဋ် ဦး ၏ အဝေးပျံသွားတဲ့ ငှက်ကလေး ကတော့ တောင်ကိုးရီးယားနိုင်ငံမှာ သွားအလုပ်လုပ်နေရင်း ကွယ်လွန်သွားသူ သနားစရာ လူတစ်ယောက် တစ်ယောက်အကြောင်း ရေးထားတာပါ။ ဖတ်လို့ ကောင်းပါတယ်ဗျာ။

နောက်တစ်ပုဒ်ကလည်း မောင်သန်းထွဋ် ဦး ပဲရေးတဲ့ မျက်တောင်မွေးတဆုံးမကြည့်ပဲ မျက်စိတဆုံးကြည့်ကြပါစို့

ဆိုတဲ့ ပို့စ်လေးကတော့ လူမျိုးရေး ဘာသာရေး မခွဲခြားကြပဲ၊ ညီညီညွတ်ညွတ်ရှိကြရန် တိုက်တွန်းထားသော ပို့စ်ဖြစ်ပါသည်။ ကွန်းမန့်များကိုပါ ဖတ်ကြည့်နိုင်ဘို့ ညွှန်းလိုပါသည်။

ကိုကိုလူဆိုး ၏ ရတနာပုံနှင့်ဘိုးဘိုးလိပ် ပို့စ်မှာ မြန်မာပြည်၏ နှေးကွေးလှပါသော အင်တာနက် ဝန်ဆောင်မှု အကြောင်း ရေးထားခြင်းဖြစ်ပါသည်။

ကိုရင်မောင်ရဲ့ တရုတ်နိုင်ငံ လက်ကိုင်ဖုန်း အင်တာနက် ဝန်ဆောင်မှု ပို့စ်ကတော့ ဈေးသက်သာလွန်းလှတဲ့ တရုတ်နိုင်ငံရဲ့ ဟန်းဖုန်းဈေးနှုန်းနဲ့ အင်တာနက် ဝန်ဆောင်မှုနှုန်းတွေကို ဖေါ်ပြပြီး တခြား နိုင်ငံရောက်နေသူများ ကိုလည်း ဟန်းဖုန်းအင်တာနက်ဝန်ဆောင်မှု ဈေးနှုန်းလေးတွေရေးကြဘို့ တောင်းဆိုထားတာပါ။ ဗဟုသုတရပါတယ်။

Kyaemon ၏ အင်္ဂလိပ်လို ရေးသားပါသော GADDAFI KILLED IN LIBYA – X ကတော့ လစ်ဗျားခေါင်းဆောင် ဟောင်း ကဒါဖီ ၏ ကျဆုံးခန်းကို ရေးထားခြင်းဖြစ်ပါသည်။ ဓါတ်ပုံများကိုကြည့်၍ ရမ်းတုတ်လိုက်ခြင်းဖြစ်ပါသည်။ အင်္ဂလိပ်လို ဖတ်နိုင်သူတွေ ဖတ်ကြည့်နိုင်ပါကြောင်း။

ဆရာမကြီး TTNU ၏ ဒါကျုပ်ဆရာမဗျ ပို့စ်လေးကို ဖတ်ဖြစ်ပါသည်။

ဈေးထဲတွင် အရက်မူးပြီး အရက်ဖိုးတောင်းသော ကောင်လေးတစ်ယောက်က နှင်ထုတ်ပေးသော ဈေးသည်ကို   ဒါကျုပ်ဆရာမဗျ လို့  ပြောသည့်အတွက် ငိုချင်သွားသော ဆရာမ ကြီး၏ ရသအရေးအဖွဲ့ကို ကိုယ်တိုင်ခံစား ကြည့်စေချင်ပါသည်။

ကိုရင်မောင် ၏ ကမ္ဘာပေါ်ရှိ အာဏာရှင်ကြီးတစ်ယောက် ကျဆုံးသွားခြင်း ကတော့ ကဒါဖီကျဆုံးတဲ့ အကြောင်းပါပဲ ခင်ဗျာ။

ဦးကောက် ၏ လက်ချောင်း ခြေချောင်း ၂ရ ချောင်းနှင့် ကလေးငယ် ကတော့ ထူးထူးခြားခြား ကလေးလေး တစ်ယောက် အကြောင်းရေးထားတာပါ။

Foreign Resident ၏ အင်တာဗျူးနှင့် အဘ (FR) ပို့စ်ကတော့ သူကြီးရေးတဲ့ အင်ကြင်းခိုင်အင်တာဗျူးကိုဖတ်ပြီး ကွန်းမန့်ရေးရင် စိတ်ပါလာလို့ ပို့စ်တစ်ခုဖြစ်သွားတာပါတဲ့။ ကိုယ်တိုင်ဖတ်ကြည့်မှ ဇာတ်ရည်လည်မယ့်ကိစ္စမျိုးမို့ ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြပါလို့ ညွှန်းပါရစေဗျာ။

နောက်တစ်ပုဒ်ကတော့ ကြောင်လေး လက်စွမ်းပြထားတဲ့ မျက်မမြင်ကြီး ဦးထူးမ အကြောင်းပဲ ဖြစ်ပါတယ်။ ကိုသစ်မင်း ရဲ့ သည်အလှူ ပို့စ်ကိုဖတ်ဖြစ်ပြီး ရေးဖြစ်တာလို့ပြောပါတယ်။ သာဓုပါဗျာ။

တပ်ချုပ် ကြောင်ကြီးရေးသားပါသော “တူဒို့ဂ ဗဓူဒွေယဲ 1%? Occupy the Wall Street !” ပို့စ်ကိုဖတ်ဖြစ် ပါသည်။ လူချမ်းသာတွေ ဝင်ငွေတိုးတက်နေပေမယ့် လူလတ်တန်စားများဝင်ငွေကတော့ ရပ်တန့်နေတဲ့အကြောင်း အမေရိကန် ရေပေါ်ဆီ ဝင်ငွေပြဂရပ်ဖ် ကိုပါဖေါ်ပြ၍ ရေးထားသော ဆောင်းပါးတစ်ပုဒ် ဖြစ်ပါသည်။ စိတ်ဝင်စားသူများ ဖတ်ရှုနိုင်ပါကြောင်း။

Whowho ၏ နောက်ထပ်ပို့စ်ကောင်းလေးတစ်ခုကို ညွှန်းချင်ပါသည်။ ခေါင်းစဉ်က မီးလွတ်ကျင့်စဉ်ဆိုတာ ဖြစ်ပါသည်။ ကျွန်တော်လို လူပြိန်းတောင် ဖတ်ပြီး နားလည်းပါသောကြောင့် ကိုယ်တိုင်ဖတ်ပြီး ကိုယ်တိုင် ယူစေချင်ပါသည်ခင်ဗျား။ ဖတ်ဖြစ်အောင်ဖတ်ဘို့လည်း မှာချင်ပါသည်ခင်ဗျား။

နောက်တစ်ပုဒ်ကတော့ အမတ်မင်းရဲ့ စားပြီးထွေးထုတ် သူတို့အလုပ် ဖြစ်ပါသည်။ ကလေးဖျက်ချကြသော စုံတွဲတွေ အကြောင်းရေးထားခြင်းဖြစ်ပါသည်။ ကွန်းမန့်များနှင့်တွဲဖတ် စေချင်ပါသည်။ ဖတ်ကြည့်ကြပါခင်ဗျား။

နောက်ပို့စ်တစ်ခုကတော့ မနောဖြူလေး လက်စွမ်းပြထားပါသော ပန်းပုံလေးများဖြစ်ပါသည်။ ကိုယ်တိုင်ကြည့်ရှု နိုင်ပါစေသားပေါ့ဗျာ။

Etone ၏ TV စောင့်နတ်ကို ဆီမီးပူဇော်ခိုင်းဘူးလား ကတော့ တီဗီကြီးပေါ်မှာ မီးပူဇော်၍ မီးလောင်မှု ဖြစ်သွားသော လင်မယားနှစ်ယောက်အကြောင်းရေးထားခြင်းဖြစ်ပါသည်။ ဖြစ်တတ်ပါတယ်ဗျာ။

မိုးစက်ရဲ့ ဆင်းရဲတွင်းက မနက်ပါ ဇာတ်လမ်းအကျဉ်းချုပ်လေးကို ဖတ်ရပါသည်။ ချဲ့ရေးလျှင် ဖတ်လို့ကောင်း သော ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်နိုင်ပါသည်။ ကျွေးနိုင်မွေးနိုင်သောအချိန်ကျမှ မိခင်ကြီးမရှိတော့လို့ ဝမ်းနည်းနေကြ သော အဒေါ်နှစ်ယောက်အကြောင်းရေးထားခြင်းဖြစ်ပါသည်။ မိခင်ဖခင်တို့ကို မသေခင် ကျွေးကြမွေးကြဘို့ သတိရစေပါတယ်ခင်ဗျား။

Charm boy ၏ Colourful Night of Photo ကတော့ ဓါတ်ပုံလှလှလေးများဖြစ်ပါတယ်။

ဘကြီးရဲ့ အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးအဖွဲ့ကြီးသို့ ကတော့ အစားအသောက်များနှင့်ပတ်သက်လို့ ရေးထားတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ အသေးစိတ်ရေးပြဘို့ အချိန်နည်းနေပါသဖြင့် ဖတ်ကြည့်ကြစေချင်ပါတယ်။

ဖတ်ကြည့်ဘို့သင့်တဲ့ စာတစ်ပုဒ်ပါ။

အင်ဇာဂီ ၏ Inspired Photogr@phy မှ ဓါတ်ပုံများကိုလည်း ကိုယ်တိုင်ခံစားကြည့်ကြပါဗျာ။ အားငယ်လွန်းလို့ပါ။

နိဂိမိ ၏ မန်းလေးသွားတောလားနိဒါန်းကတော့ ၃၅၀ဝတန် တည်းခိုခန်းတစ်ခုထဲမှ အပူချိန်အောက်တွင် ဂျာနယ်ဖတ်မိသော စာရေးသူ၏ စိတ်ကူးတစ်ခုဖြစ်ပါသည်။ ဖတ်ကြည့်ကြပါ။

ကိုပေါက်လမ်းသလားနေသည် အပိုင်း ၁၆ (အင်လေးကန်ထဲ ဝဲလည်လည်) ခရီးသွားဓါတ်ပုံဆောင်းပါးကို ဖတ်ရပါသည်။ မရောက်ဘူးသေးသူများအတွက် အကျိုးရှိပါသဖြင့် ကိုယ်တိုင်ရှာဖွေ ကြည့်ရှုနိုင်ပါကြောင်း။

ဆန်နီနေမင်း ၏ မသိတော့လည်းအဟုတ်မှတ်နေတယ် ဆောင်းပါးကိုလည်း ကိုယ်တိုင်ဖတ်ရှုကြစေချင်ပါတယ် ဗျာ။

နောက်တစ်ပုဒ်ကတော့ လေပြေ ရဲ့ နိုင်ငံသား ပါတ်စပို့ ပျောက် နိုင်ငံခြားရောက် ကတော့ မြန်မာသံရုံးကို အမြင်မကြည်သူ တစ်ယောက်ရဲ့ ရင်ဖွင့်ချက်ဖြစ်ပါတယ်။

နောက်ပို့စ်ကောင်းလေးတစ်ခုကတော့ ဂျေရုစလင် မြို့အကြောင်းဓါတ်ပုံတွေနဲ့ တကွ ပြန်ပြောပြပါသော mhee ၏ ဂျေရုစလင် (၁) ဖြစ်ပါတယ်။ မြန်မာတွေ အရောက်အပေါက်နည်းတဲ့ ဂျေရုစလင်အကြောင်းပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မမှီ အဲ မမှီး ဘယ်လိုခေါ်ရမှန်းမသိတော့ပါဘူးဗျို့။

ဘူတန်သွားတောလား ဖြစ်သော နဂါးလေးတို့ ပြည်သို့ (၂) ကိုဖတ်ရပါသည်။ ဓါတ်ပုံလှလှလေးများနှင့် ဖတ်လို့ကောင်းသောပို့စ်လေးဖြစ်ပါသည်။ ကိုယ်တိုင်ဖတ်ကြည့်ကြပါဗျာ။

မေဒေး၏ ကော်နက်ရှင်လာလား နဲ့ ဖင်ချသွားဦးလေ နှစ်ပုဒ်ကိုဖတ်ရပါသည်။ တောင်ရိုးဓနုလူမျိုးတွေရဲ့အသုံးအနှုန်း အကြောင်းရေးထားသည့် ဖင်ချသွားဦးလေ ကတော့ ခေါင်းစဉ်ကြီးက နည်းနည်းရိုင်းသလားလို့။ ကိုယ်တိုင်ဖတ်ကြည့်ကြပါကုန်။

ကိုပေ ခေါ် windtalker ၏ အသည်းရောင်ဘီကာကွယ်မယ် ပို့စ်လေးကလည်း အသည်းရောင်ဘီပိုးအကြောင်း အသိပေးနိုင်သော ပို့စ်လေးတစ်ခုဖြစ်သည့်အတွက် ကျန်းမာရေးဗဟုသုတအဖြစ် ဖတ်ကြည့်သင့်ပါသည်။

အပျိုကြီး MaMa တွက်ချက်ပြသော လက်ဖွဲ့တွက်နည်းကလည်း မင်္ဂလာဆောင်သွားရမယ့် ရွာသူရွာသားတွေ အတွက် အကိုးအကားရနိုငပါတယ်။ ဖတ်ကြည့်ပါ။

ပေါက်ဖေါ် ၏ ပခုက္ကူမှာ ရွှေချောင်းချောင်းတိုက်လို့ လူရာချီ သေဆုံး ဆိုတဲ့ ပို့စ်လေးကလည်း ရွာသူရွာသားတွေ အတွက် သတင်းဦးသတင်းထူးလေးဖြစ်တဲ့အတွက် ကျေးဇူးပါ ပေါက်ဖေါ်ကြီးရေ။

ကိုးရီးယား မင်းသားနှင့် မင်းသမီးတို့ ရန်ကုန်ရောက်လာသော သတင်းကိုလည်း ဦးကောက်က တင်ပြထားပါသည်။

နောက်တစ်ပုဒ်ကတော့ ကိုရင်မောင်ရဲ့ မြန်မာကတိတည်ဘို့ တရုတ်ကြီးတို့ကတိုက်တွန်းဆိုသော ပို့စ်လေးဖြစ်ပါ သည်။ ခေါင်းစဉ်ကြည့်ရုံနဲ့ ဘာအကြောင်းအရာလဲဆိုတာသိနေပေမယ့် ဖတ်ကြည့်ကြပါခင်ဗျား။

ကိုစိန်သော့ကြီးရဲ့ ရွှေလက်ရာ (တကယ်ရွှေလက်ရာပါ) ဖြစ်တဲ့ ပြင်ဦးလွင်က ပွဲကောက် ရေတံခွန် နဲ့ ကန်တော်ကြီးဥယျာဉ် အလှ ပို့စ်က ဓါတ်ပုံတွေက တော်တော်လန်းပါတယ်။ ကြည့်မှ သိမှာမို့ ကြည့်ကြပါလို့။

ကဒါဖီ၏ နောက်ဆုံးဇာတ်သိမ်းဆိုသော ကဒါဖီ သေဆုံးခြင်းကို နွယ်ပင်က မြန်မာလို ထပ်တင်ပြပါတယ်။ မြန်မာလိုဆိုတော့ ကျွန်တော်တို့ဖတ်လို့ရတာပေါ့ဗျာ။ ကျေးဇူးပါ။

ကိုဖက်တီး ရဲ့ မြန်မာတော့ မြန်မာစာပဲကတော့ voice ဂျာနယ်ပါသတင်းတစ်ပုဒ်၏ အရေးအသားကို နားမလည်သောကြောင့် ရွာသူားတွေကိုစစ်ကူတောင်းထားခြင်းဖြစ်ပါသည်။ ဖတ်ကြည့်ပါ။

မောင်သန်းထွဋ် ဦး ၏ “ကမောက်ကမ ဖြစ်ရပ်များထဲက ကျုပ် သို့မဟုတ် ကျွန်ုပ်ဘဝ ထဲက ကမောက်ကမ ဖြစ်ရပ်များ” ကိုလည်း ကိုယ်တိုင်ဖတ်ကြည့်ကြပါလို့။

ကိုပေါက်လမ်းသလားနေသည် အပိုင်း ၁ရ (အင်းလေးရေကပြင်ကျယ် လှေကငယ်ငယ်) နှင့် အပိုင်း ၁၈ (အလိုတော်ပေါက်ဘုရား)  ခရီးသွားဓါတ်ပုံ ဆောင်းပါးလေးများကို ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကိုယ်တိုင်ကြည့်မှ ကိုယ်တိုင်ခံစားရမယ့် ရသများပါခင်ဗျာ။

နေဝန်းနီ ၏ ကဗျာကပေးသော အတွေးစများ ကိုလည်းကိုယ်တိုင်ဖတ်ကြည့်နိုင်ကြောင်းပါ။

We R One ၏ ဓါတ်တော်ချိုင့်ရေတံခွန် ဓါတ်ပုံလေးများကလည်း လန်းနေတာပါပဲခင်ဗျာ။

ဂိုင်းအင်ဇာဂီ ၏ မှော်ဝင်လက်ရာလေးများကို what i saw @ Odaiba နှင့် Inz@ghi Vs HDR

တို့တွင် ကြည့်ရှု ခံစားကြပါကုန်။

ကြောင်လတ်ရဲ့ ကြောင်တစ်ကောင်ရဲ့ ခံစားချက်ကတော့ မိသားစုကိုခွဲပြီး သူစိမ်တွေခေါ်ဆောင်ရာလိုက်သွား ရတဲ့ ကြောင်လေးတစ်ကောင်ရဲ့ နေရာက ဝင်ခံစားပြီးရေးထားတာပါ။ ဖတ်ကြည့်ကြဘို့တိုက်တွန်းပါတယ်ခင်ဗျား။

တရုတ်ထုတ်..“ဖေါ့ဖိနပ်”တွေစီးရင် သတိထားကြ လို့ ဘီလူးကြီးက ဓါတ်ပုံများနဲ့တကွ သတိပေးတဲ့အတွက် ကျေးဇူးတင်ရပါတယ်။

Okersoe ရဲ့ ပြည်ခိုင်ဖြိုးပါတီအားတိုင်ကြားထား ပို့စ်ကိုလည်းကိုယ်တိုင်ဖတ်ကြည့်ကြပါဗျာ။

ဘဘ ရေးတဲ့ Voice ဂျာနယ်ရဲ့ ရှယ်ဖွချက် ဆောင်းပါးကတော့ ဂျာနယ်ပါ ဆေးရုံလောက အင်တာဗျူးတစ်ခုရဲ့ အကြောင်းကို တင်ပြထားတာပါ။ အဲဒီပို့စ်ကို ကွန်းမန့် ဝင်ရေးတဲ့ Foreign Risident ကြီးရဲ့ Voice ဂျာနယ်ရဲ့ ရှယ်ဖွချက် နှင့် အတွေးများပို့စ်ကတော့ လက်ရှိ ကွန်းမန့် ၆၁ ခုနဲ့ အဟော့ဆုံး ပို့စ်ကြီးတစ်ခု ဖြစ်လို့နေပါတယ် ဗျာ။

နေဝန်းနီ ၏ မဆုံးတဲ့သီချင်း ၃၅ ကို ကိုယ်တိုင်ဖတ်ကြည့်နိုင်ကြပါကြောင်း။

 

13 comments

  • blackchaw

    October 25, 2011 at 6:50 pm

    တစ်နေ့လုံးထိုင်ရေးရပါသောကြောင့် ပို့စ်တင်သောအချိန်တွင်
    ကော်ပီပေ့စ်ဖြစ်သွားတာ ခွင့်လွှတ်ပါ။

    • nozomi

      October 25, 2011 at 7:05 pm

      ကိုဘလက်ချောကြီးကို ဒီ ပို့စ် အတွက် တကယ်ကျေးဇူးတင်တယ် ဗျို့

      အရင်ကတော့ ပို့စ် အားလုံးနီးနီး ဖတ်ဖြစ်တယ်
      အခုနောက်ပိုင်း အကြောင်းကြောင်းကြောင့် တချို့ကိုပဲ ဖတ် နိုင်တော့တယ်
      ကိုချောကြီးရဲ့ အရင်ပတ်က ဒါမျိုးပို့စ် ဖတ်မိမှ မဖတ်ဖြစ်သေးတဲ့ ကောင်းတာလေးတွေ ပြန်ဖတ်ခွင့် ရလိုက်တယ်

      ဒီ ပို့စ် တစ်ပုဒ် ဖြစ်ဘို့ အချိန်တော့ တော်တော်ပေးရမယ် ဇွဲမလျော့လိုက်ပါနဲ့နော
      ဆက်လက် အားပေးနေပါမယ်

  • ပေါက်ဖော်

    October 25, 2011 at 7:12 pm

    ဦးချောကြီး
    ဖတ်လဲဖတ်နိုင်လွန်းပါကလား..
    ကွန်နက်ရှင် ဖလန်းဖလန်းထနေသလားမသိဘူးနော့..
    အနော်တို ့ဆို….လုဒ်ဒင် ကနေမတတ်လို ့မဖတ်ဖြစ်သလို..ဖတ်အားလဲ နဲလို ့..မဖတ်ဖြစ်တာတွေများကြီးဘဲ
    ဂေဇတ်ကဖတ်နည်း လမ်းညွှန်ပေါ့ဗျာ..
    ဂွတ်တယ်..
    😆

  • MaMa

    October 25, 2011 at 7:12 pm

    ဒီတပတ်အတွင်း ရွာ့သူားတို့ရဲ့အရေးအတွေးတွေကို ဘလက်ချောက အနှစ်ချုပ်တင်ပြထားပါသည်။ 😀
    ဘလက်ချောစာထဲပါအောင် (အရင်က စိတ်ပေါက်မှ ထရေးတတ်တဲ့ ဘဝ ကနေ) အပတ်စဉ် မှန်မှန် ပိုစ့်တင်နိုင်အောင်ကြိုးစားရမလို ဖြစ်နေပြီ။ 😀

  • windtalker

    October 25, 2011 at 7:37 pm

    ကောင်းပါပေ့ဗျာ လွန်စွာမှကောင်းမွန်သော ကိုဘလက်ရဲ ့စာညွှန်းများပေတည်း
    ဂေဇက်လာများ နှင့် ဂေဇက်ဝင်များအနေဖြင့်
    ကိုဘလက် စာညွှန်းကို အရင်ဖတ်ကြည့်ရုံနဲ ့ဘယ်စာကို အရင်ဖတ်ရမလဲ ဆိုတာ တန်းသိနိုင်စွမ်းရှိအောင်
    ကိုဘလက် စွမ်းဆောင်နိုင်ပေသည် ကား ။

  • padonmar

    October 25, 2011 at 8:12 pm

    Blackchaw ညွှန်းတာလေးတွေ ထိရောက်လို့ အရင်က Eros ရေးတဲ့ ဒီတပတ်အတွင်းသတင်းတွေလို တစ်ပတ် တစ်ခါ ရေးပေးစေချင်ပါတယ် ၊သဂျီးကလည်း တစ်ပတ်လောက် stick လုပ်ပေးထားပါလား။
    နေ့စဉ်မဝင်နိုင်တဲ့သူတွေအတွက် စာကောင်းလေးတွေ မလွတ်တော့ဘူးပေါ့။

  • koyinmaung

    October 25, 2011 at 9:59 pm

    ဟုတ်တယ်ဗျို့ padonmar ပြောတာမှန်တယ်
    သဂျီးအနေနဲ့အပေါ်ဆုံးမှာတပါတ်လောက်တင်ပေးထားပါလို့
    တောင်းဆိုချင်ပါတယ်….

  • TTNU

    October 26, 2011 at 1:30 am

    Blackchaw ရေ
    တက္ကသိုလ်ဓာတ်ပုံတွေတင်တုန်းကလည်းပြောင်မြောက်တယ်။
    အခု Post Directory ရေးတော့လည်း သပ်ရပ်တယ်။
    A+ ပေးတယ်နော်။

  • inz@ghi

    October 26, 2011 at 2:01 pm

    ကိုမှောင်

    ပို့စ် မှတ်မိပီး လူမမှတ်မိတာ ကိုဗွေမယူဘဲ ခွင့်လွှတ်ပေးတာ ကျေးဇူးဗျ…
    အဲ့တုန်းက တားက စာမှ မရေးသေးတာ အဟီး..

    မှော်မဝင်ပါဘူးဗျ …ပိုက်ပိုက်တော့ အတော် ဝင်သွားပီ …
    ဘော်ဒီဖိုး ပြောင်းဖိုး ဖစ်လတာ ထလိုင်ပေါ့
    ဟိုပြေးသည်ပြေးရတဲ့ ရထားခ…
    ဟိုတခါပြောသလို မော်ဒလယ် အရှုကောင်းလို့ ဂျင်းပန်လေးပါ ကန်တော့ လိုက်ရသေး
    ရင်နာ ထှာ..

    ခင်တဲ့
    Inz@ghi

  • manawphyulay

    October 26, 2011 at 2:33 pm

    မိုက်ဒလယ် ဦးချောကြီးကတော့ တစ်နေကုန်ဖတ်ပြီး တစ်နေကုန်ရေးနေပါရောလား။ အားကျမိပါတယ်။ ခုတစ်လော ရေးချင်တာတွေရှိပေမယ့် မရေးနိုင်တဲ့ဘဝမို့ ရေးနိုင်တဲ့သူတွေကို အားပေးနေမိပါတယ်။ လေးချောကြီး အကုန်ဖတ်နိုင်တာလည်း ဝမ်းသာမိပါတယ်။ ဆက်လက်ရေးပါဦးနော်။

  • ဆူး

    October 26, 2011 at 4:07 pm

    အမဲဆီ ဦးလေးကြီး စာဖတ်တဲ့ အထဲမှာ ဒေါ်ဆူး အမှိုက်ကောက်ခိုင်းတဲ့ အကြောင်း မေ့ကျန်ခဲ့တယ် ထင်ပါရဲ့။

  • Diamond Key

    October 26, 2011 at 5:10 pm

    blackchaw ရဲ့စေတနာ အပြည့်အဝပါတဲ့၊ အများအတွက် အချိန်ပေးကာ စာတွေဖတ်ပေးတဲ့ အတွက် ကျွန်တော်တို့လို လူတွေမှာ မဖတ်ရတာတွေလည်းသိရ၊ ပြန်ဖတ်ခွင့်ရ။ အားပေးမှုတွေလည်း ရလို့ကျေးဇူးတင်ပါတယ်ဗျာ။

  • ရွှေအိမ်စည်

    October 26, 2011 at 9:38 pm

    ဟာ..အတော်စာဖတ်ပါလားဗျာ…ဒါလေးဖတ်ကြည့်အကန်ုသိဆိုပါတော့….
    အမှန်တိုင်းပြောရရင်ခေါင်းစဉ်ကြည့်ပြီးစာတိုင်းဖတ်ဖို ့ဆိုတာတကယ်မလွယ်ကူပါဘူး….

    ကျနော်ကတော့အဓိကတွေ ရှာဖတ်တယ်…
    မတွေ ့ဘူးတဲ ့အသိအဆန်းတွေ များပါတယ်…
    ဒါဆိုဖိုရမ်သာလာဖတ်ရင်ဒီလို ထက်ပိုများမယ်ထင်ပါ့။။

    ကိုယ့်ကိုကိုယ်တော့..ပိတ်ရက်တိုင်းပိုဆိုးတနေ ့၅နာရီရအောင်ဖတ်တယ်…
    နေမကောင်းကိုဖြစ်ရောဗျာ..ကြာတော့ဇရာကမနေပါဘူး…..

    အခုတော့သတိထားနေတယ်..ဒါပေမယ့်လည်း…
    စေတနာနဲ ့ဝါသနာပူးပေါင်းဖတ်ပေးတဲ ့ဘလက်ကိုကျေးဇူးတင်ပါကြောင်း

Leave a Reply