Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆူရှီစားပြီး ဆွေမျိုးမေ့သွားသူ တစ်ယောက်အကြောင်း

မအိတုံရဲ.ကျေးဇူးကြောင့် ကျွန်တော် ဆူရှီကျွေးတဲ့ဆီကို ရောက်ခဲ့ရပါတယ်… တော်တော်လေးကို ပျော်စရာကြည်နူးစရာကောင်းပါတယ်.. ဘာလို.လဲဆိုတော့ ရွာသူ၊ရွာသားတွေ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံး ဝါးတီဆွဲကြတာပျော်စရာကြီး..

စိမ်းလန်းစိုပြေကို စဝင်လိုက်တော့ တစ်ခါမှမမြင်ဘူး မဆုံဘူးကြတဲ့လူတွေဆိုတော့ ကိုယ့်ကို ကြည့်ရင် ရွာသူတွေလား ရွာသားတွေလား တထင့်ထင့်နဲ.ပေါ့.. မြင်ဘူးတဲ့ မအိတုံကလဲ အပီအပြင်ပြင်ဆင်လာတော့ ကိုယ့်နောက်မှာ ကပ်ခွာဝယ်ပြီး ထွက်သွားတာတောင် မမှတ်မိဘူးဗျ.. ဟဟဟ.. ဦးဘီလူးကြီးကလဲ ကျွန်တော်တို.ဝင်လာတာမြင်ရဲ.သားနဲ. ခပ်တည်တည်နဲ. အေးလေ သူလဲ တစ်ခါမှ မမြင်ဘူးတာကို.. ဒါနဲ.ပဲ ယောင်တောင်တောင်နဲ. ကပ်ပချိနို မှာသောက်ရတော့တာပေါ့..နောက်ပြီးမှာ ကျောချင်ကပ်ပြီး ဖုန်းတွေခေါ်ကြ တွေ.ကြတော့လဲ မရောက်သေးတဲ့သူတွေ သူလား ငါလား နဲ. မျှော်ကြရတာပေါ့..

နောက်ဆုံးမှ မုန်.ထုပ်တွေဆွဲပြီး မဆူးတို.ရောက်လာကြတယ် ကဲစကြမယ်လဲဆိုရော ထိုင်စရာခုံမလောက်လို. စိမ်းလန်းစိုပြေ KID Zone ထဲက အကြောင်ရောင်းတဲ့ စားပွဲခုံ ထိုင်ခုံတွေ သွားငှားပြီး ထိုင်ကြ စားကြပေါ့.. ကင်မရာ တစ်လက်နဲ. ဦးဖက်တီးက လဲ တဖျက်ဖျက်ရိုက်လို.ပေါ့…

မဆူးတို. မဝေတို.လုပ်လာတဲ့ ဆူရှီကို တစ်ခု စားလိုက်တယ် အားလားလား ကိုယ့်ဘေးနားမှာ အတူတူ ပါလာတဲ့ သူတောင် မေ့ချင်ချင်ဖြစ်သွားတယ်…

စားလို.မှ မဆုံးသေးဘူး မိုးရွာလာလို. ဟိုဘက် အမိုးရှိတဲ့ဘက်ပြေးကြရပြန်ရောဗျာ.. အဲဒီအချိန်မှာပဲ ဓာတ်ပုံ တဖျက်ဖျက်ရိုက်နေတဲ့ ဦးဖက်တီးကြီး သူကို ဓာတ်ပုံပြန်ရိုက်ခံလိုက် ရရှာတယ်ဗျာ.. ဦးဖက်တီးတင်မဟုတ်ပါဘူး ရွာသူ၊ရွာသားတွေ အားလုံးရော ထပ်ရိုက်သွားပါသေးတယ်… ဟဟဟဟဟဟဟဟဟဟ

အဲဒါ ထားပါတော့ အဲဒီလိုနဲ. စကားတွေပြော တစ်ချို.ပြန်သွားကြပြီး ၃ နာရီလောက်မှာ လူစုခွဲလိုက်ကြပါတယ်…. ကျွန်တော်က မြေနီကုန်းသွားမှာဆိုတော့ လမ်းကြုံတဲ့ အန်တီမမ နှစ်ယောက်နဲ.လမ်းကြုံလိုက်ခဲ့ပါတယ်… စီးတီမတ် မှာ လိုတာဝယ်ပြီး ကားစီးပါတယ်.. ကားပေါ်မှာနေ.လည်က တွေ.ဆုံခဲ့တဲ့အကြောင်းတွေပြန်စဉ်းစားရင်း လာလိုက်တာ သတိပြန်ရတော့ အိမ်သွားရမယ့်လမ်းကျော်လာပြီး ကားသမားကလဲ မမေးဘူးဗျာ.. သူလဲ မောင်းကောင်းကောင်းနဲ.မောင်းနေတာနေမှာ ကျော်လာခဲ့ပြီလို.ပြောတော့  အာစောစောကမပြောဘူးတဲ့ ပြန်ကွေ.ရမှာ အဆင်မပြေဘူးဆိုလို. ရောက်တဲ့နေရာဆင်း အထုပ်နှစ်ထုပ်နဲ. တစ်မှတ်တိုင် လမ်းပြန်လျှောက်လာရပါတယ် ဗျာ…. အဲ အိမ်လဲရောက်ရော အိမ်မှာ အမျိုးတွေရောက်နေတယ်တဲ့ အိမ်ကလူကြီးတွေ ပြော တာ သွားကြည့်တော့ တစ်ယောက်မှ မသိပါဘူးဗျာ. .. တစ်ခါမှမမြင်ဘူးဘူး.. ဟိဟိ  အဲဒါအဲဒါ ကျွန်တော် မဆူးတို. မဝေတို. ဆူရှီ တစ်ခုပဲ စားခဲတာ တစ်ဘူးလုံးများ စားရင် ပဲခူးထိပါသွားပြီး အိမ်တောင်မှတ်မိတော့မယ်မထင်ဘူးဗျ..

ကျွန်တော် လို တစ်ခုထဲစားတဲ တစ်ယောက်တောင ်အဲလောက်မေ့ရင် ထလိုက်ထိုင်လိုက် စားလိုက်လုပ်နေတဲ့ ရွာသူတစ်ယောက်၊ ထိုင်ပြီး စကားမပြောပဲ စားပဲစားနေတဲ့ ရွာသူ တွေများဆို အိမ်ပြန်ရောက်ကြရဲ.လား စုံစမ်း ကြည့်ရအုံးမယ် ဟေဟေဟေ..

အော်ဒါနဲ. အရမ်းကောင်း ဆွေမျိုးမေ့ ဆူရှီ မစားလိုက်ရတဲ့ ရွာသူ၊ရွာသားများ ကိုလဲ သတင်းကောင်းပေးစရာရှိပါတယ်.. ဆူရှီလုပ်တဲ့ ယင်းလိပ် မဲပေါက်သွားသူတွေရှိပါတယ်.. အဲဒါ ကိုယ်ဟာကို စုံစမ်းပြီး လုပ်ကျွေးခိုင်းကြပါလို. ဖွလိုက်ရပါတယ်ဗျာ…

ကျေးဇူးတင်ပါတယ်…

မှတ်ချက်။                            ။ အိမ်မှာရောက်နေသောအမျိုးများမှာ ဘေးအိမ်မှ အမျိုးများဖြစ်ပြီး ဘေးအိမ်က သောခတ်ထားသဖြင့် အိမ်တွင်ခဏလာထိုင်တာဖြစ်ကြောင်း ဒီမနက်မှ သိလိုက်ရပါသည်။

28 comments

  • ပေါက်ဖော်

    October 27, 2011 at 10:42 am

    အောင်မြတ်လေး..
    တစ်ခုစားမိတာတောင် အတိတ်မေ့ပြီး မှတ်တိုင်ကျော်သွားတယ် ဆိုပါကလား..
    ဖြစ်ချေဘူး..ဖြစ်ချေဘူး…
    နဂိုထဲက ဦးနှောက်က ကောင်းတာဟုတ်ဘူး. ဆိုတော့..
    တစ်ခြမ်းလောက်ပဲ စားမှ..
    ညှင်း.ညှင်း.ညှင်း..
    😆

  • “ဘီလူးကြီး”ogre

    October 27, 2011 at 11:34 am

    ယင်းလိပ်ပေါက်တဲ့သူတွေ
    နောက်တစ်ခါကိုယ့်အလှည့်ကျတယ်ဆိုတာ မမေ့ပါနဲ့
    သိပ်မပြောချင်ဘူး နော် ကိုယ်ဘာသာသိတာကောင်းတယ်
    ရွှေတိုက်စိုး ရေ မင်းသေသေချာချာသတိပေးခဲ့ရဲ့လား
    မေ့နေကြမှာစိုးလို့ပါကွယ် အစားအသောက်က အဓိက မဟုတ်ပါဘူး
    ကြွေးမွေးရမှာသာ အဓိကပါကွယ် 🙂 😛

    • etone

      October 27, 2011 at 11:59 am

      ယင်းလိပ်ပေါက်တာ ဘယ်ဒူယဲ … ကြောကွ … ။
      ဖျာလိပ်ပေါက်တာကတော့ ….. မနွယ်ပင်ပါတဲ့ … အိမ်မှာ ကနားပေးလျှင် ခင်းဖို့ တဲ့ … ။
      လော်ပန် နှစ်ယောက်လည်း …. ဧည့်သည်များတာနဲ့…. ဖွင့်ပွဲအပြီး မူးလဲသွားပါသတဲ့ 😆

      • နွယ်ပင်

        October 27, 2011 at 12:13 pm

        etone ရေ ဖျာလိပ်ပေါက်ပြီးတဲ့ သကာလမှာ ကနားပေးဖို့အတွက်
        နောက်ကလိုက်ရမှာတွေများလို့ ကနားပေးမယ့် အစီအစဉ်ကို ရက်အကန့်အသတ်မရှိ
        ရွေ့ဆိုင်းလိုက်ပါတယ် ….. 😀

    • Shwe Tike Soe

      October 27, 2011 at 12:42 pm

      ဟုတ်ကဲ့ ဒါမျိုးကို မေ့စရာလားဗျာ.. မှတ်စရာမလိုအောင်ကို မှတ်ထားပြီးသာ.. ဦးဘီ မေ့သွားရင် ကျွန်တော်ဆီဖုန်းဆက်မေးနော ဟေဟေ

  • etone

    October 27, 2011 at 11:56 am

    ရွှေတိုက်စိုးရေ … တတိမ်တိမ်နဲ့ ခေါက်ချင်လိုက်တာ အရမ်းပါပဲ … ပုံပြောကောင်းလွန်းလို့ပါ … ။
    သူ့ဇာတ်နဲ့သူကတော့ ဟုတ်နေတာပဲ … ကားကြုံလိုက်တာတောင်ပါသေးတယ် အဟီး 🙄
    မန္တလေးက လေးပေါက် စီးလာတဲ့ ဟက်စကီးနဲ့ … အကြုံလိုက်တဲ့ … ကိုဘဲလူးအကြောင်းလေးလဲ လုပ်ပါဦး … 😛

  • စုံ စုံ

    October 27, 2011 at 12:43 pm

    ကိုရွှေတိုက်စိုးရေ ဆူရှီစားပြီးကိုယ့်ဘေးမှာပါလာတဲ့သူတောင်မေ့ချင်ချင်ဖြစ်သွားတယ်ဆိုတော့
    တကယ်မမေ့လိုက်နဲ့လို့အကြံပေးမလို့ တကယ်မေ့ရင်ဟိုကငြိမ်ခံနေမယ့်ပုံမပေါ်ဘူး
    တွေ့ကရာနဲ့သမမယ့်သဘောရှိတယ် 🙂
    ဒါနဲ့ဒီတခေါက်ယင်းလိပ်ပေါက်တဲ့သူတွေက
    နောက်တခေါက်လဲ ဆူရှီဘဲထပ်ကျွေးမယ်လို့သတင်းကြားမိလိုက်သလိုဘဲ
    ဟုတ်တယ်ဟုတ် 😀

  • ဆူး

    October 27, 2011 at 2:00 pm

    ဘေးက လူမေ့သွားရင်တော့ ဘေးက လူ က အမေ့တော့ ခံမှာ မဟုတ်ဘူး မမေ့အောင် ဗိုက်ခေါက်ဆွဲလိမ်ပေးလိမ့်မယ်။

    • etone

      October 27, 2011 at 3:07 pm

      ဗိုက်ခေါက်လောက်ဆို နည်းတာပေါ့ အစ်မရေ … ။ ဒေါက်ဖိနပ်ပြင်းပြင်းလေးနဲ့ … ဖိနင်းပေးရမှာ အဟီး … (ညောင်းနေမှာစိုးလို့တဲ့သူမမက 😛 )

      • ဆူး

        October 27, 2011 at 3:29 pm

        သူ့မမ မဟုတ်ဘူး သူ မမကြီး ဆိုလား အုပ်ချုပ်ရေးမှု ဆိုလား အုပ်ထိန်းသူ ဆိုလား

        • စုံ စုံ

          October 27, 2011 at 3:39 pm

          သူကပြောတယ်
          အဲ့ဒါ ကျနော့ရဲ့ အုပ်ထိန်းသူအုပ်ချုပ်ရေးမှူးပါ နာမည်ကတော့
          ကျနော်ကချစ်စနိုးနဲ့ မမကြီးလို့ခေါ်ပါတယ်တဲ့
          ဟုတ်တယ်နော်ကိုရွှေတိုက်စိုး 😛 😛

    • Shwe Tike Soe

      October 27, 2011 at 8:28 pm

      ဟဟ ပျင်းတောင်ပျင်းသေးတယ် နမူနာ ပေးထားတဲ့ ဒဏ်ကြေလိမ်းဆေးက ဘာလုပ်မှာလဲ နော့ဗျာ.. အဲဒီနေရာမှာ သုံးမှာပေါ့.. ဘယ်လောက်ဒဏ်ဖြစ်ဖြစ်ကြေတယ်လေ နော

  • char too lan

    October 27, 2011 at 3:21 pm

    (ထိုင်ပြီး စကားမပြောပဲ စားပဲစားနေတဲ့ ရွာသူ တွေများဆို အိမ်ပြန်ရောက်ကြရဲ.လား စုံစမ်း ကြည့်ရအုံးမယ် ဟေဟေဟေ..)
    အဒူဒွေရဲ အဲ့လောက်ငတ်ဂျီးကျဒါ….. ?? 😛

    • နွယ်ပင်

      October 27, 2011 at 3:27 pm

      ဟုတ်ပ ချာတူးရယ် အဒူဒွေရဲ တိဘူးနော် တော်တော်ငတ် ဟီး …. 😛

    • pan pan

      October 27, 2011 at 3:48 pm

      အဲဒီရွာသူတွေထဲ တို့မပါဘူးနော်
      တို့ကစားသာစားတာ
      သတိလေးနဲ့ မှတ်မှတ်ပြီးစားတော့
      မမေ့ဘူး 😛

    • Shwe Tike Soe

      October 27, 2011 at 8:34 pm

      ဟုတ်ပအေ သူများအတင်းတော့ မပြောချင်ပေါင် ဟိဟိ ဘူလေးလဲ ဘူလေးလဲ

  • MaMa

    October 27, 2011 at 4:30 pm

    တစ်ယောက်တစ်မျိုးပွားနေကြတာ ဘာမန့်ရမှန်းမသိအောင်ဖြစ်သွားတယ်။
    ရွာထဲမှာ လူလည်းရှိ၊ ဘီလူလည်းရှိဆိုတော့ ဆူရှီကို အားလုံးစားတတ်ကြရဲ့လားမသိ။
    နောက်တခါကြွေးဦးမှာဆိုရင်တော့ နောက်တမျိုးပြောင်းပြီး ကျွေးခိုင်းရင် ကောင်းမယ်။ သာကူလုံးလေးများဆိုရင် ကောင်းမလား။ ကော်ရည်ခေါက်ဆွဲလေးဆိုရင် ကော?????
    (ဘယ်သူတွေတင်ထားတာလဲတော့ မသိပါဘူး။) 😉

    • ဆူး

      October 27, 2011 at 4:43 pm

      အဟမ်း အဟမ်း.. စားရချည်သေးရဲ့ မမ ပြောတာ ဟုတ်တယ်ဗျို့.. ထောက်ခံပါတယ်…

    • ပေါက်ဖော်

      October 27, 2011 at 5:31 pm

      လျှာဂျွန်းပြန် ကော်ရည်ခေါက်ဆွဲ ကျွေးရင် တစ်ပွဲလောက်..လှမ်းပို ့လိုက်ပါနော့….

      ရှလွတ်..ရှလွတ်….

      ဂလု….

      😆

      • “ဘီလူးကြီး”ogre

        October 27, 2011 at 7:32 pm

        ပေါက်ဖော်
        ရှလွတ်..ရှလွတ် လုပ်မနေနဲ
        ့ ဒီတစ်ခါ လွတ်သွားရင် တော့ နောက်တစ်ပွဲမရှိနိုင်တော့ဘူးနော်
        ငါတော့ ဒီတစ်ခါ ဟိုတစ်ယောက်နဲ့အပြိုင်ဆွဲဘို့ အားမွေးထားတယ်..

    • etone

      October 28, 2011 at 9:52 am

      အဲ့ဒီ သာကူးလုံးက ဘယ်ဒူ လုပ်ကျွေးမှာဒုံး … ဟီးဟီး 😀
      ပြောခဲ့တဲ့ လူက မေ့သွားပြီ ထင်ပါတယ် … အဲ့ဒီနေ့က အိပ်ပျော်သွားလို့ ဆူရှီလာမစားဖြစ်ဘူးတဲ့ ဟီးဟီး 😀

  • ရှက်ရှက်နဲ့ပြောရအုံးမယ်။
    ပါးစပ်ထဲကိုလာခွံ့ကြွေးတာကိုစားပြီး သီးသွားလို့ရေသောက်။
    ိထပ်စားမလို့ လဲပြင်ရော ကျနော့်ရှေ့မှာ ယပ်တောင်လေးတစ်ခု မြင်လိုက်ရတယ်။
    တစ်ဖက်ကရေးထားတာက
    “အလိုက်သိပါတဲ့”
    မဖိတ်ဘဲသတင်းကြားနဲ့လာတဲ့သူတွေမျာတော့မုန့်မလောက်ဘူးတစ်ယောက်တစ်ခုဘဲစားရတယ်လို့
    နောက်မှသိရတာဗျာ။
    အဖိတ်မခံရသူတွေတော့ တွေးပြီး ဆွေးကြောဘဲနော်။

  • pooch

    October 27, 2011 at 11:22 pm

    ဟုတ်ပါ့လေးပေါက်ရယ် အနော်ဖြင့်မြင်တောင်မမြင်လိုက်ရဘူး…အနံ့လေးပဲရှုလိုက်ရတယ်……. …ဟတ်စ်ကီးက ဘီးပေါက်တာ ဖာနေလို့ ရောက်တာနောက်ကျသွားတာလေ…..:P
    ဖိတ်စာလည်း မရတော့ သတင်းသဲ့သဲ့ ကြားကာရှိသေး.. ဇွတ်ကို သွားလိုက်တာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ပဲ…. ပြန်လာရတယ် …ဟီး… 😛

  • ကြောင်ကြီး

    October 28, 2011 at 9:20 am

    ဆူရှီဆိုတာ ကြေးအိုးလို ပူနေတုန်းစားရတာဆိုတော့ အပြင်မှာ ဘယ်လိုလုပ် လုပ်စားသလဲ၊ မီးဖိုမရှိ ဘာမရှိနဲ့၊ အအေးစာဆို ဟုတ်သေး။ အလကာ လာမလိမ်နဲ့၊ ဓာတ်ပုံပြမှ ယုံမယ်….။

    • etone

      October 28, 2011 at 9:54 am

      နေပူထုတ်လှမ်းလိုက်တယ်လေ … ပူသွားအောင်လို့ … ဟီးဟီး … ။
      အချိန်ကိုက်ရွာတဲ့မိုးကိုပဲ သောက်ညင်ကတ်တယ် … လူတွေ ဟိုပြေးဒီပြေးနဲ့ … ဗိုက်ချောင်သွားတယ် 😀

      • ဆူး

        October 28, 2011 at 10:54 am

        ချိန်ကိုက်ရွာတဲ့ မိုးကြောင် လူကလည်း ချွှေးတွေကို ရွဲလို့…
        ဟိုပြေး ဒီပြေးနဲ့ မောသွားတာပဲ.. ဘာပဲ ဖြစ်ဖြစ် အားလုံး သည်းခံပြီး စားပေးကြတော့ အဆင်တော့ ပြေပါတယ်။

        • etone

          October 28, 2011 at 1:00 pm

          ချွေးကလည်း ထွက် … တူကလည်း မပါဆိုတော့.. လက်ကလေးနဲ့စားလိုက်တာ … ဆားမပါတဲ့ ဆူရှီ အနေတော်ဖြစ်သွားတယ် … 🙄

  • manawphyulay

    October 28, 2011 at 1:36 pm

    ဒီလိုမေ့သွားမှန်းသိရင် မစားခင်ထဲက ပိုက်ဆံချေးထားလိုက်ရ ကောင်းမှာ ဒါမှ မေ့သွားတော့ ပြန်ဆပ်စရာမလိုတော့ဘူးပေါ့။

Leave a Reply