မျက်စိအောက်ရောက်၊ မုဆိုးမှသားကောင်ဖြစ်သွားကြသူများ၏နောင်တ။
အပိုင်း(တစ်)
ယုံကြည်ချက်ကြောင့်ပြန်လွတ်လာသူများထဲမှပုဂ္ဂိုလ်တစ်ဦးနှင့်တွေ့ရာမှသူ့အကြောင်းနှင့်မိမိ၏အတိတ်ပုံရိပ်တို့ကိုသတိယမိရင်းရေးဖြစ်ပါသည်။ သူသည်သေဒါဏ် ကျခံခဲ့ရ သူ ဖြစ်ခဲ့ပြီး၊(22)နှစ်အကြာတွင်၊ ကံအကြောင်းတရားက မျက်နှာသာပေး ခံရ သဖြင့်၊ပြန်လွတ်မြောက်လာခဲ့ပြီ။သူလွတ်လာတော့ သူ့အမေကား လူ့လောက တွင်မရှိရှာ တော့ပြီ၊ သူနှင့်ကျွန်တော်သည် အထက်တန်းကျောင်း မှာ ကတည်းက သိကျွမ်းခဲ့သောသူ ငယ်ချင်း များဖြစ်ကာ၊ ထိုအချိန်ကပင်လူမှုလုပ်ငန်းများကိုဆောင်ရွက်ရန်ဝါသနာထုံခဲ့ကြသည်။ သူကကြက်ခြေနီ၊ ကျွန်တော်ကအရံမီးသတ်၊ ထို လုပ်ငန်းများကိုသူရောကျွန်တော်ရောဆောင်ရွက်ခဲ့ကြခြင်းမှာ ပေါ်ပြူလာဖြစ် လိုသောကြောင့်မဟုတ်သလို၊ အခွင့်အရေးရလို မှုကြာင့်လည်းမဟုတ်၊ တစ်နေရာမှာ မီးလောင်ပြီဆိုလျှင်- ထိုမီးလောင်ပြင်မှာသူနှင့်ကျွန် တော်လက်ချင်း တွဲပြီး၊ဒုက္ခသည် တွေ ကိုကူညီနေကျ။ ထိုစဉ်ကတည်းကပင် ထိုဝါ သနာကြောင့်လောမသီ မဆလခေတ်၏ ပြည်သူ့လူမှုဘဝကိုလက် တွေ့ကျကျစတင်သိခဲ့ ကြသည်။
( 1987) ငွေစက္ကူအရေးအခင်းမှသည်-(1988) အစပိုင်းထိ ပြည်သူ့ဘဝအကျပ်တည်းများအတွက်တိုက်ပွဲဝင်ရဲဘော်တွေဖြစ်ခဲ့သည်၊နောက်ပိုင်း၊ပါဝင်ရာအဖွဲ့မတူ၊ ဆောင် ရွက်မှုလုပ်ငန်းပုံစံမတူကြတော့၊ ထိုအချိန်မှစပြီးသူနှင့်ကျွန်တော်လူချင်းကွဲကွာသွားခဲ့ပြိ၊ပန်းတိုင်နှင့်ရည်ရွယ်ချက်ကတော့အတူတူပင်၊ တစ်နေ့ (1989)နှစ်အစပိုင်း ကာလ ဖြစ် မည်၊ သတင်းစာမှာရော၊ တီဗွီ မှာပါသူ့သတင်းကပါလာပြီ၊ သူကား(သေဒါဏ်ပြစ်မှု) ပေးခံလိုက်ရသည်။ သူ့အိမ်ကိုကျွန်တော်နှင့်သူငယ်ချင်းတစ်သိုက်အပြေးသွားခဲ့ကြသည်၊
သူ့အမေကကျွန်တော်တို့ကိုမြင်တော့ ချုံးမဲချငိုရှာသည်၊ သူအဖေကတော့ နီနေသောမျက်ဝန်းတို့မှ စိမ့်ထွက်ကျလုလုဖြစ်နေသောမျက်ရည်စို့စို့ ကိုမျက်တောင် တစ်ဖျတ်ဖျတ် ခပ်လျှက်မန်တင်းပြီးစိတ်ကိုအစွမ်းကုန်ခြုပ်ထိမ်းနေရှာပြီ၊ သူ့အမျိုးသ္မီးကားမွေးကင်းစကလေးငယ်ကို ရင်ခွင်ထဲကျစ်ကျစ်ပါအောင်ပိုက်လျှက်ကြမ်းခင်းသို့ခေါင်းငုံ့ကာတွေတွေကြီး
ငေးကြည့်နေပါတော့သည်။
( 1989 )၏ရွေးကောက်ပွဲပြီးနောက်ပိုင်း၊ (1990)၏ နှောင်းပိုင်းကာလဖြစ်သည်၊ထိုနှစ်ဒီဇင်ဘာလသည်ကားအခြားနှစ်များနှင့်မတူစိမ့်နေအောင်အေးပြီး၊ အပေါ်သွား/ အောက် သွား များရိုက်ကာ တစ်ဂတ် ဂတ် မြည်အောင်ပင်ချမ်းစိမ့်ပေစွ၊ ထိုအအေးထဲမှပင်တစ်ဝုန်းဝုန်းတိုးဝှေ့သောလေတို့က ကျွန်တော့်မျက်နှာပြင်ကိုပြေးပြေး တိုက်ကြသေးသည်၊ တိုက်သောလေကို ဆန် ပြီးအရှိမ်ဖြင့်တရကြမ်းမောင်းနေသော စစ်ကားတစ်စီးပေါ်တွင်မျက်လုံးနှစ်လုံးကိုအဝတ်အနက်ဖြင့်ပိတ်ချည်နှောင်ထားခံရသောကျွန်ုပ်၏ နားဝတွင်ကားညဉ့်
ငှက်အော်သံ၊ လေတိုးသံ မှတစ်ပါးဘာဆိုဘာမှမကြားရ၊မမျင်ရပါတကား။
တစ်ရက်၊နှစ်ရက်၊သုံးရက်တိုင်ခဲ့ပြီ၊ တစ်ရေးမှမအိပ်ရသေး၊အိပ်မည်ကြံရင်းတံခါးလာခေါက်ပြန်ပြီ၊မေးခွန်းလာမေးပြန်ပြီနှင့်။နေ့ရော ညပါ၊ နေရောင်လည်းမတွေ့ရသလို၊ မိုးချုပ် သည် လည်း မမြင်ရ၊နေ့ညကိုအပြင်မှကြားရသောကြက်တွန်သံ/ရထားသံ/လူသံတို့ဖြင့်ခွဲမှတ်ရလေ၏၊ မှုံပြပြမီးလုံးအလင်းရောင်တွင်အလုံ ပိတ်အခန်းတစ်ခုထဲမှဖိနပ် ချွတ်ခုံ လောက်ရိုက် ထား သောသစ်သားကွပ်ပစ် ကလေးပေါ်တွင် ဆန့်လို့မရ၊ကွေး လို့မလုံမည် သို့မှသက်တောင့်သက်သာ မရှိအောင်သေခြာစွာစီမံထားသော ကွပ်ပစ်ခုံပါ တ ကား။
(4)ရက်မြောက်သောနေ့တွင်တစ်ရေးမှမအိပ်ရသည်ကတစ်ကြောင်း၊နေ့စဉ်အစာကြွေးပုံကလည်း သောက်ရေအိုးအဖုံးကော်ပုဂံပြား သေးသေးလေး တွင်မွှထည့်ထား သောထ္မင်းနှင့် ပန်းဂေါ်ဖီကျော်နှစ်ဖတ်၊ သံချေးတက်နေသောနို့ဆီခွက်တွင်သောက်ရည်ကမနက်တစ်ခွက်၊ညတစ်ခွက်သာ၊ အပိုတောင်းမရ၊အဲသည်နေ့သည်ကျွန်တော် အရှင်
လတ် လတ် ငရဲတွင်းကျသောနေ့ပါပေ–။ညဘယ်နှယ်နာရီလို့ ကျွန်တော်မသိ၊ အပြင်မှာတော့လူခြေတိတ်လို့လောကတစ်ခုလုံးမှ လူတွေအိပ်မောကျနေကြပြီထင့်၊ ပထမ ချုပ်ထား ရာအခန်းမှကျွန်တော့်ကိုမျက်လုံးအဝတ်စည်းကာလာခေါ်ပြီ၊ (မင်းအိမ်ပြန်ချင်လားမေးတော့–ပြန်ချင်တာပေါ့ဗျာလို့ဖြေလိုက်သည်၊) လူနှစ် ယောက် ညှပ်ပြီး ခေါ်ရာ လမ်းတွင်ဘာမှမမျင်ရသောကျွန်တော့်ကို့ဟိုကွေ့သည်ကွေ့၊ခေါင်းငုံ့၊ ဖြေးဖြေးဆင်းဟူသောနေရာသည်၊လှေခါးထစ်မရှိပဲပြေလျှောသွားသဖြင့် ဒါ မြေအောက်ခန်း မှန်း သိလိုက်ရ ပါတော့သည်။ (ဆက်ရန်)။
8 comments
windtalker
October 31, 2011 at 2:37 pm
ဆက်လက် ဖတ်ရှုပါမည် ခင်ဗျာ ။ မြန်မြန် ဆက်ရေးပေးပါ ဗျို ့
koyinmaung
October 31, 2011 at 2:39 pm
ba gyi ရေ အားပေးနေပါတယ်ဆက်ရေးဗျို့…..
TTNU
October 31, 2011 at 3:04 pm
စိတ်ဝင်စားစရာကောင်းတယ်၊
(နေ့စဉ်အစာကြွေးပုံကလည်း သောက်ရေအိုးအဖုံးကော်ပုဂံပြား သေးသေးလေး တွင်မွှထည့်ထား သောထ္မင်းနှင့် ပန်းဂေါ်ဖီကျော်နှစ်ဖတ်၊ သံချေးတက်နေသောနို့ဆီခွက်တွင်သောက်ရည်ကမနက်တစ်ခွက်၊ညတစ်ခွက်သာ၊)
ရက်စက်လှတယ်။
ဆူး
October 31, 2011 at 3:53 pm
ဆက်ရေးဖြစ်အောင် ရေးပေးပါ။
Diamond Key
October 31, 2011 at 4:37 pm
ဘကြီးရေ၊ စောင့်ဖတ်နေပါတယ်။
မှော်ဆရာ
October 31, 2011 at 4:44 pm
စောင့်ဖတ်နေပါ့မယ်
ကြောင်ကြီး
November 2, 2011 at 10:52 am
နောင်တ
ပြောင်မရရင်
ကြောင်ကျ
ကျဖို့သာပြင်..။
နီလေး
November 2, 2011 at 11:28 am
အားပေးနေပါတယ် ဆက်ရေးပေးပါ စောင့်ဖတ်နေပါတယ်