Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Inz@ghi နှင့် မီးပန်း..

ムラカミNovember 5, 20113min48816

မီးပန်းတွေကို ဒါ့ပုံရိုက်ဖို့ဟာ ..နည်းနည်းတော့ tricks လေးတွေရှိတယ်ခင်ဗျ…

 

ဘာလို့လဲဆို သူက လွှတ်တင်တဲ့နေရာကနေ စပြီးတက်လာတယ် ပျံ့ကျဲသွားတယ် ပြီးတော့ ငြိမ်းတယ်ပေါ့

သည်လိုဆိုတော့ စတက်တဲ့အချိန်ရယ်..ပျံ့ကွဲထွက်တဲ့ အချိန်ရယ် အကုန် လုံးကို capture လုပ်မိဖို့ အရေး

ကြီးလို့ပါပဲ …..အဲ့… ပိုလို့ တော့ မရဘူးခင်ဗျ ..ပျံ့ကွဲထွက်ပြီးရင် သူက မီးခိုးတွေ သိပ်မွှန်တဲ့အမျိုးဆိုတော့

shutter အဖွင့် အပိတ် က harmony ဖြစ်ဖို့  အရေးပါကြောင်းပါ…

 

စတက်ပီဟေ့ ဆိုတာနဲ့ shutter ဖွင့်ရိုက်ပီး .. ငြိမ်းပြီဆိုတာနဲ့ shutter ပြန်ပိတ်လိုက်ဖို ့

လိုအပ်ကြောင်းပါ

အကြမ်းဖျင်း ပြောရရင် ၂စက္ကန့် ကနေ ၈စက္ကန့်အထိ ကြာ မြင့်တတ်ပါတယ်..

ဒါကတော့ မီးပန်းရဲ့ ပြင်းအား ကို လိုက်ပီး ကွဲပြားမှု ရှိပါလိမ့်မယ်…

(ကြုံလို့ ဖတ်ဖူးတာလေ ပြန်ရှဲ ရရင် မီးပန်း တက္ကနိုလော်ဂျီမှာ ကမာ္ဘမှာ အမြင့်ဆုံးက

ပြင်သစ် လို့ဆိုပါတယ်…. ကြာပီဆိုတော့ နောက်ပိုင်း အန်ကယ်ဆမ် နံပတ်၁ဖြစ်လာရင်တော့

မသိပါ …၁ဝနှစ်ကျော်က ဖတ်ဖူးတာကတော့ ပြင်သစ်ရဲ့ စစ်မြေပြင်သုံး မီးပန်းဟာ ကမာ္ဘ့စံချိန်

စက္ကန့် ၂ဝပါတဲ့ …အလှဖောက်တဲ့ မီးပန်းတော့ မဟုတ်ဘူးဆြာ့ …တိုက်ပွဲစစ်မြေပြင် တခုလုံး

နေ့ဘက်ကဲ့ကို့ အလင်းရောင် ဖွေးကနဲ ဖြစ်သွားတဲ့ ဖြာကျတဲ့ မီးပန်းမျိုးပါတဲ့ …. ညတိုက်ပွဲတွေမှာ

ကောင်းကောင်း အသုံးဝင် ဆိုပဲ …ဟိုဘက်ခန်းက စစ်ရေး နိုင်ငံရေး ဆွေးနွေးနေတဲ့

အတိုဂျီးဒွေ အတွက်ပါ …)

 

သည်တော့ကာ ပြန်ဆက်ရရင် ကျနော်တို့ ပုံမှန် ရိုက်တဲ့ shutter speed တွေဖြစ်တဲ့

1/80s တို့ 1/200sတို့နဲ့ ရိုက်လို့မရပါ ….exposure time ကို manual ပြောင်းရပါတယ်

handshake ပါမှာ ဖြစ်တဲ့အတွက် tripod သုံးရပါတယ်…light painting တို့လို

extralong exposure မလိုပေမယ့် အထက်ကဆိုသလို 2 to 8 second တော့ လိုပါလိမ့်မယ်..

ISO ကိုတော့ auto မထားသင့်ပါ …အနည်းဆုံးမှာ ထားပါလို့ ဖတ်ဖူးပါတယ်…

aperture ကတော့ f/8 နှင့်အထက် သုံးပါလို့ ပြောပါတယ်…ကျနော်ကတော့ f/11လောက်

သဘောကျပါတယ်. ..ISOကတော့ 100ပါပဲ …

 

နောက်ထပ် အရေးကြီးတဲ့အချက်ကတော့ focus ပါပဲ …ဒါဟာလည်း tricky part ပါ…

မီးပန်းမတက်ခင် ချိန်ထားတယ် ဆိုပါစို့ ဘာမှမရှိတဲ့ကောင်းကင်ပြင်ကြီးကို ဘယ်နားသွား ဖိုးကပ်စ် ယူရမလဲ

အတော် ခေါင်းရှုပ်စရာပါ..auto focus သွားထားရင်တော့ lens ဟာ နီးစပ်ရာ လူ တို့ သစ်ပင်တို့ စတာတွေကို

focus သွားဖမ်းမိလို့ မီးပန်း blur သွှားနိုင်ပါတယ် …

သည်တော့ ပထမဆုံး မီးပန်းတက်တဲ့အခါ သူ့ကို focus ရအောင် auto focus နဲ့ဖမ်း ….

(ရွာထဲက နီကွန်ဆြာတွေရေ့ ….. တားတို့ရဲ့  …Canon lens တွေသိပ်မြန်တယ်လေ… ဒီနေရာမှာ ပြသနာ ချိဝူး…)

ပြီးတော့ အဲ့သည့် ချိန်ထားသည့်အတိုင်း မပျက်မယွင်းဘဲ….focus lock ကို manual ပြန်ပြောင်းထားလိုက်ပါခင်ဗျ..

wide angle lens တွေသုံးရင်တော့ သူတို့မှာ focus to infinity ပါတတ်လို့ infinity မှာ ထားရိုက်ရင်

အဆင်ပြေပါသည်..

 

ဒါဆိုရင်တော့ ရိုက်လို့ရ ပြီ ဖြစ်ပါတယ်…

ကျနော် ရိုက်ရင်တော့  cable release သုံးတတ်တာများတယ်ခင်ဗျ…

တခါတလေလည်း 2s delay နဲ့ လက်နဲ့ပဲဆော်တယ်…

2s delayက ခလုပ်နှိပ်တုန်း မလှုပ်သွားအောင်ပါ ….ဒါပေမယ့် သူ့အားနည်းချက်က

ဟိုက နောက်တလုံး လွှတ်မလား မလွှတ်မလား မသိသေးဘဲ ကိုယ်က ခန့်မှန်းပီး ၂စက္ကန့် …ကြိုနှိပ်ရတာ

ဆိုတော့ တိုင်မင် အောက်အောက်သွားတတ်တယ်ဗျ…

တချို့ ဆြာတွေလည်း ဖွင့်ရိုက်တတ်တယ်ဗျ ….shutter ကို ကြိုဖွင့်ထားပြီး စက္ကူအမည်းနဲ့ ကာထားတယ်ဗျ…

သည်တော့ ဘယ်နှစက္ကန့် ဖွင့်ဖွင့် ဘာပုံမှ မထင်ဘူးပေါ့လေ …နောက်မီးပန်း တကယ်တက်လာမှ စက္ကူကို

လှစ်ပေးပြီး မီးပန်း ဖြာပီးရင် shutter ကို ပိတ်တယ်…

 

သည် technique က မီးပန်း ၁လုံး ချင်းစီမဟုတ်ပဲ..မီးပန်း ၄-၅-၆လုံး ကောင်းကင်မှာ (တပြိုင်တည်းလိုလို)

ထွန်းလင်းနေတဲ့ပုံမျိုးတွေ လိုချင်ရင်သုံးတယ်ဗျ…၁ခုနဲ့ ၁ခုကြားမှာ စက္ကူအမည်း ပြန်ပြန် ခံရတာပေါ့လေ…

မီးခိုးကို ကာကွယ်တဲ့သဘောပါ… shutter ကတော့ တောက်လျောက်ဖွင့်ထားပေါ့…

ကျနော်လည်း အခုတင်တဲ့ ၁ပုံမှာ သုံးထားပါတယ်

 

ကျနော် ရိုက်ခဲ့တဲ့ ၂ပွဲကတော့ sumida river fireworks နဲ့ arakawa river fireworks ၂ပွဲဖြစ်ပါတယ်..

၂ပွဲလုံး နေဝင်ပြီးမှ ဆိုတော့ ပထမပွဲ setting အတိုင်းပဲ သိပ်မကွာလှဘူး …

ညနေစောင်း sunset တွေဘာတွေမှာ လွှတ်ရင်တော့ burnout မဖြစ်သွားဖို့ရာ ….

aperture ကိုပို ချုံ့ ဖို့ လိုမယ်ထင်တယ်ခင်ဗျ..

 

အဲ့ … ကျနော် ပြောဖို့ ကျန်သွားတာ တခုက metering mode ပါ ….

ကျနော် spot metering သုံးပါတယ် ..center-weight က တပုံလုံးအနေအထားနဲ့

ကောင်းသလို ထင်ရပေမယ့် မီးပန်း တကယ် ဖြာကျတဲ့ နေရာ အရင်းတွေ ကိုင်းခွဲလိုမျိုး

အရင်းတွေမှာ burnout ဖြစ်ဖြစ်သွားတာ ကျနော် မကြိုက်လို့ပါ….

 

Nikon shooter တွေတော့ မသိဘူးဆြာ … ကျနော့် Canon မှာတော့ spot metering,

partial metering, evaluate metering နဲ့center-weight ဆိုပြီး ၄မျိုးပါဝင်ကြောင်းပါ ….

တမျိုးစီက တနေရာစီမှာ အသုံးဝင်ပြီး သည်နေ့အထိ mastering the metering modes

လုပ်မယ် ဆိုပြီး ကျနော် အပျင်းထူနေပါသည်….

 

ကဲ တင်ပီဗျာ ….

ကျနော့် ၂ပွဲတည်းသာ ရိုက်ဖူးထားတဲ့ fireworks လက်ရာတွေ..

 

ဒါ ကျနော် smoky ဖြစ်သွားတဲ့ပုံပါ …. ရေကန် ကိုခံပြီး …ဆွဲထားတာပါ ….

signature ၂မျိုးဖြစ်နေတာ ဆောရီးဗျာ ….inz@ghi နဲ့က နောက်ရိုက်တဲ့ပွဲပါ …

တပွဲကို ၄၅မိနစ် ၁နာရီအတွင်း အလုံး ၁သောင်းကနေ ၁သောင်းခွဲကြား လွှတ်တတ်တယ်ဗျ..

နွေရာသီမှာ ၁နှစ်မှ တခါ လုပ်တာပါ ….

နောက်တခေါက်ရိုက်ဖို့ နောက်၁နှစ်လောက် စောင့်ရဦးမှာပေါ့လေ. ….

 

ခင်တဲ့

Guy Inz@ghi

 

(သည် Post အတွက် ကျနော် မီးပန်းစရိုက်တော့မယ် ဆိုတဲ့အချိန်တုန်းက FB chat ကနေ စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးတဲ့

…တက္ကနစ်တွေ ပြောပြပေးလို့ သင်ဆရာဆိုလည်းဟုတ် …ဒါ့ပုံ ရိုက်မပြပေမယ့် chat ကနေ

စာရိုက်ပြောတာဆိုတော့ မြင်ဆရာလည်းဟုတ်သည့် ဆြာ ကိုကျော်ကျော်ဝင်း(MPS)ကို ဂါရဝပြုအပ်ပါသည် )

16 comments

  • ပေါက်ဖော်

    November 5, 2011 at 9:54 am

    မီးပန်းက ထန်းပင်နဲ ့တူတယ်နော့်
    🙄

  • Shwe Tike Soe

    November 5, 2011 at 12:04 pm

    တကယ့် camera man အစစ်ကြီးပဲဗျာ.. မီးပန်းဓာတ်ပုံရိုက်တဲ့ ပညာကိုသေသေချာချာရှင်းပြထားတာကျေးဇူးပါ.. ဝါသနာတော့ပါပါတယ်.. camera ကောင်းကောင်းမဝယ်နိုင်လို. ဟီးဟီး
    ပညာတွေကို စောင့်မျှော်ဖတ်ရှူနေပါတယ်ဗျာ….

    • inz@ghi

      November 5, 2011 at 12:13 pm

      တိန်. …
      အရင်က ကင်မလာမန်း အတုကြီးလို့ ထင်ထားတာလားကွယ်….

      😛

  • windtalker

    November 5, 2011 at 12:34 pm

    ဒီတန်ဆောင်တိုင် ဓါတ်ပုံရိုက်ဖို ့ရိုက်နည်း ရသွားပြီ ဖြစ်ပါကြောင်း

    • inz@ghi

      November 5, 2011 at 12:38 pm

      ရိုက်ပီးရင်လည်း တင်ဦးဆြာပေ့ …
      ကြည့်ချင်ရို့

      • windtalker

        November 5, 2011 at 1:00 pm

        ကင်မရာ က ဈေးပေါပေါ ရယ်
        ခင်ဗျားတို ့လို တော့ ပုံကောင်းတွေ တင်နိုင်မှာ မဟုတ်တာ အသေအချာဘဲ ဗျို ့

  • Koyin Sithu

    November 5, 2011 at 1:22 pm

    ကိုဂီ မီးပန်းရိုက်နေသည်…။
    တကယ့်ပလော်ဖက်ရှင်နေပါကလား…
    နောက်ထပ်နည်းတွေရှိရင်..
    တားတားတို့ကို တင်ပေးပါအုံးဂျာ..
    လမ်းကြုံရင် ဆိုဂျုတိုက်မယ်.. ငွင်းငွင်း..

    • inz@ghi

      November 5, 2011 at 1:32 pm

      ဂျာ ဆိုးဂျု ဟုတ်စ ….
      သားကောင်နံ့ရသော မုဆိုးနှယ် နှုတ်ခမ်းကို လျာဖြင့် သိမ်း၍ အင်ဇာဂီ စကားစသည် ….

      ငယ်စဉ်က ကိုရင် ဘွနှင့် အနေကြာသောကြောင့် ကိုရင်ဟု အမှတ်သညာပြုခေါ်ရင်း နာမည်ရင်း
      ပျောက်ရသူ ဖြစ်သည်။ ပလိုဂလမ်မာ ဆိုလား ဘာဆိုလား …ရစ်တတ်သောကောင်မလေး
      တယောက်နှင့် ချစ်ကြိုက်မိရင်း နားပူသည့်ဒဏ်မခံနိုင်သည့်အဆုံးတွင် …အလောင်းစည်သူမင်း ထုံး နှလုံးမူကာ
      ဖောင်စင်္ကြာ ဖြန့်ကျက် ရသောကြောင့် မူလအမည်နှင့်တွဲစပ်ကာ ကိုရင်စည်သူ ဟုခေါ်ကြလေသည်။
      နောက်တပိုင်းမှာ ဆြာတို့ အကြောင်းတွေ ပါမယ်ဆြာ ……

      ဒါ အမြည်းပေးတာ … ဆိုးဂျု ကို တားတို့ ဆီမှာတော့ ရှိုချူး ဟုခေါ်ပါကြောင်း …..

      ခင်တဲ့
      (စောက်ကိုရီးယား မှ ကင်မလာဆြာကောင်းမှုဖြင့် ေစောက်ကိုရီးယားမာ်ဒလယ်လေးတွေကို စကင်တုန်း(SKIN TONE ) ပြန်တို့ (RETOUCH)လုပ်နေသော)
      ဂိုင်း အင်ဇာဂီ မအားလပ်သည့်ကြားမှ ဝင်ဖြေသွားသည်…

      • Koyin Sithu

        November 5, 2011 at 3:10 pm

        ဂိုင်းကိုဂီ့ရဲ့ စာအမြည်းကို နှာစီးရင်း
        ဆို့ဂျူ့မရှိပေမယ့် ဘီအီးမြည်းသွားကြောင်းပါ..
        တားတားရဲ့ သမိုင်းကြောင်းကို တော်တော်သိပုံထောက်ရင်
        အရင်ဘဝ မယားညီအစ်ကိုလား.. ယောက်ဖလား..
        တစ်ခုခုတော့ ဖြစ်ခဲ့မယ်… နောင်တော် ဂီ့ရေ…
        မီးပန်းကြည့်ပီးတော့ ဆိုဂျု့တစ်ခါမျှ မသောက်ခဲ့ဘူးဘာ..
        ထိုမှန်သော စကားကြောင့် ရောက်လေရာအရပ်တိုင်းတွင်
        ဘီဘီမငတ်ရလိုပါ၏

  • ကြောင်လတ်

    November 5, 2011 at 1:44 pm

    သုံးပုံမြောက်ပုံထဲမှာ လူတစ်ယောက် ဓါတ်ပုံရိုက်နေတာတွေ့ရတယ်။
    အဲသလိုဆိုရင် ဘယ်လိုပုံမျိုးထွက်လာနို်င်ပါသလဲဆရာ။

  • inz@ghi

    November 5, 2011 at 2:13 pm

    ဖုန်းကင်မရာ …အိမ်သုံး ကင်မရာ နဲ့ ရိုက်ရင်တော့ …ပုံထွက် ကောင်းမှာ မဟုတ်ဘူးလို့ပဲပြောချင်တယ်ဗျာ..
    ခုနောက်ပိုင်း fujifilm (ကျနော်ကိုယ်တိုင်လည်း အိမ်သုံး camera ဆို fuji film နဲ့ olympus ပရိတ်သတ်ပါ)
    မှာ fireworks ရိုက်တဲ့ function ပါနေတယ်ဗျ….စမ်းကြည့်မိတော့ သူတို့ဟာ ..အလင်းရဲ့ ပြင်းအား
    exposure level ကိုလိုက်ပီး အထက်မှာရေးထားသလို 2to 8s လောက် shutter ဖွင့်ရိုက်ရမယ့် setting
    ကို allow လုပ်ထားတာသာ ဖြစ်နေတယ်ဗျ.. …..

    ကင်မလာ နားလည်တဲ့လူသာဆိုရင် အိမ်သုံး compact camera ကို manual ပြောင်းပြီး ချိန်တတ်မှာ ဖြစ်ပေမယ့်
    သူတို့က အဲ့သည့် ချိန်တဲ့ step တွေကို ကျော် ပြီး 1 click နဲ့ ရိုက်လို့ရအောင် mode အသစ်တခု အနေနဲ့
    ပေးထားတာဗျ……

    logic အရ ဟုတ်ပေမယ့် reality အရ သုံးစားမရတဲ့ mode လို့ပြောချင်ပါတယ်ဗျ …
    ဘယ်လူသားမှ နည်းနည်းမှ မရွေ့ဘဲ မလှုပ်ဘဲ ကင်မလာကို ပျမ်းမျှ ၄စက္ကန့်လောက် မကိုင်ထားနိုင်ပါ …

    ကလေးလေးတွေ မွေးနေ့မှာ သုံးတဲ့ happy birthday မီးပန်းလောက်ဆိုရင်တော့ တမျိုးပေါ့ဗျာ..
    ဆိုတော့ အဲ့သည့် ကင်မလာတွေ နဲ့ရိုက်လည်း tripod လိုမှာပဲဗျ..

    ကျနော့် ဒါ့ပုံ ထဲက ဆြာတွေ့တဲ့လူ ဆိုတာကလည်း video ရိုက်တဲ့လူပဲဖြစ်မှာပါ …
    အများစုက fireworks တွေဆို video ရိုက်တတ်ကြတယ်ဗျ..
    SLR မဝယ်ချင်/နိုင် ဒါမှမဟုတ် ဒုက္ခမခံချင်ကြလို့ပါ …

    ကျနော်တို့လို မိုက်မဲသူ တချို့ကတော့ ……
    အဖြေအတွက် ပြည့်စုံလိမ့်မည် ဟု ယူဆကြောင်း ..

    Guy Inz@ghi…

  • blackchaw

    November 5, 2011 at 4:10 pm

    သောက်ကျိုးနည်း လှတယ် ဂိုင်းရေ။ (အဘ ပြင်ပေးတဲ့ အသံထွက်အတိုင်းခေါ်တာပါ)
    ကင်မရာကောင်းကောင်းတောင်ကိုင်ချင်စိတ်ပေါက်လာပြီ။
    မြန်မာငွေ ဘယ်လောက်ရှိရင် ကင်မရာကောင်းကောင်းကိုင်လို့ရမလဲ ဂိုင်းရေ။
    ပြောပြပေးပါဦး။ ဒီပုံတွေကတော့ မိုက်တယ်ဗျာ။

    • inz@ghi

      November 5, 2011 at 7:22 pm

      ကိုယ့်ဆြာတို့ …
      ဟို ပြင်သစ် ဘရန်း ကိုကျတော့
      ဂိုင်း လာရို့ချစ်ခ်ဂ် ..Guy Laroche
      ဟို မင်းသမီး ယောက်ျားဟောင်းကို ကျတော့
      ဂိုင်း ရစ်ချီ ..Guy Ritchie ထွက်ပီး …
      ကျွန်ုပ်ကျမှ …ဂေ့တွေ ဂေးတွေ ဖြစ်ရသလား ဆြာ အပေါင်းတို့ ….

      Nikon D3100 နဲ့ Canon ထဲကဆို 550D တို့က ဈေးသက်သာကြောင်းပါခင်ဗျား…

      • Diamond Key

        November 14, 2011 at 1:54 pm

        နော်ကိုင်နေတဲ့ ဟာမျိုးလေးလေ ဒီ၃၁၀ဝ ဆိုတာ။ ပိုက်ပိုက်သိပ်မရှိပဲ ဂိုက်နဲ့ရိုက်ချင်တယ် ဆိုရင် ဒီ၃တစ်ရာလောက်က အဆင်ပြေပါတယ်။ ပိုက်များများရှိရင်တော့ ဆြာဂိုင် (…ဂေ့တွေ ဂေးတွေ ဟုတ်ဖူးနော်) လို ကနွန်းကြီးနဲ့ မိုက်ပေ့ါဗျာ။

        • inz@ghi

          November 14, 2011 at 4:35 pm

          ဘာ ကနွန်းကြီးလဲ …ပိုက်ပိုက်မချိလို့
          သာ့ထ်ပါတီလန်းစ် တိုကီနာ ဝယ်ကိုင်ထားရတာ …
          ဝယ်ကာစ ၃လလောက်တောင် ဘလိတ်ဖတ်စ် ဖြတ်လိုက်ရသေး ..
          ဟွန်း …
          လူဇိုး….

Leave a Reply