အများ နှင့် ဆိုင်သော Revised (၂)
ဆိုတော့….တွေးမိတဲ့ အကြောင်းအရာ တစ်ခု ရှိပါတယ် ။
ဒီ အကြောင်းအရာကိုတော့ နည်းနည်း ပေါ့ပေါ့ပါးပါး အရွန်းဖောက်ပြီး ရေးချင်ပါတယ် ။
အမည် ယူသုံးထားတဲ့ အတွက်လည်း တောင်းပန်ချင်ပါတယ် ။
ဘုန်းကြီး ဂေါင်းတော့ ခေါက်လိုက်ပါပြီ ။ ကန်တော့ပါ ။
=========================================================
ဥပမာ ရပ်ကွက် တခုမှာ လူ ၁ဝ ယောက် နေတယ်လို ့ ဆိုပါစို ့။
တစ်ခုသော သူတောင်းစားမ က နိဂိမိ အိမ်ရှေ ့မှာ လာတောင်းပါလေရော ။
နိဂိမိက ခေါင်း အမူအရာနဲ ့ ” ဒိုးတော့” လို ့ လုပ်လိုက်တယ် ။
ကိုနီ ့ အိမ်ရှေ ့မှာ လာတောင်း ပြန်ရော ။
အကိုကြီးရယ် ….အမကြီးရယ်……ဆိုပြီးတော့ပေါ့ဗျာ ။
ကိုနီက ပေးရင်ကောင်းမလား မပေးရင် ကောင်းမလား ချီတုန် ချတုန်နဲ ့ပေါ့ ။
နောက်ဆုံးတော့ ပေးလိုက်ရော ။
အဲသမှာ သူတောင်းစားက နိဂိမိ ကို ပေစောင်းစောင်း ကြည့်ပြီး နင်မပေးလဲ ပေးတဲ့
အကောင် ရှိတယ် ဆိုတဲ့ ရုပ်နဲ ့ပေါ့လေ ။
ရပ်ကွက်ထဲက ဂီလ်ဘာတို ဆိုတဲ့ နှုးဘာလူမျိုး အိမ်ရှေ ့ရောက်တော့ သူက
တောင်းတာကို ပေးတဲ့ အပြင် တန်ရာတန်ကြေး အနေနဲ ့ နို ့တွဲကြီးကို တစ်ချက်
တောင်းနိုက်လိုက်သေး ။
ကို ဘလက် ဆိုတဲ့ ထောက်လှန်းရေး အိမ်ရှေ ့ရောက်တော့ ငါတောင်းလို ့ရခဲ့တာကို
နင့်ပြန်ပေးရင် ဇာတ်တူသား စားတာနဲ ့တူမှာပေါ့ ဆိုပြီး မပေးဘူးဗျ ။ 🙂 🙂 🙂
အဲလိုနဲ ့ပေးသူက ပေးလိုက် မပေးသူက မပေးနဲ ့ ပေးသူက ၆ ယောက် မပေးသူက
၃ ယောက်ရှိနေပြီပေါ့ ။
ဒီလိုနဲ ့ အလှည့်ကြ တောင်းလာလိုက်တာ နောက်ဆုံး အီးဒုံး အိမ်ရှေ
့ရောက်သွားပြန်ရော ။
သူကလဲ ဂျစ်ကန်ကန်နဲ ့ ဘုတောလိုက်တဲ့ အပြင် နောက်တခါ ဒီ ရပ်ကွက်ထဲလာရင်
တမီ အလံထူဘလိုက်မယ် ဆိုပဲ ။ 🙂 🙂
ပေးသူက ၆ ယောက် မပေးသူက ၄ ယောက် ဆိုတော့ သူတောင်းစားက နဲနဲ လေးမှ
သောက်ဂရုကို မစိုက်ဘူးပေါ့ဗျာ ။ နေ ့တိုင်း ဒီလိုပဲ လာလာတောင်းနေပြန်တော့ ပေးတဲ့
လူတွေက စဉ်းစားလာကြရော ။ ဘယ့်နှယ် ငါ့လုပ်စာ ငါစားပြီး ဒီ သူတောင်းစားကို
ထောက်ပံ့နေရသလဲ ပေါ့ ။ ဒီလိုနဲ ့ ရဲဆေးလေး တင်ပြီး သူတောင်းစားက လာတောင်းတဲ့
အခါ မရဲတရဲလေး ……လွန်လွန်းပြီနော် သိပ်ကို လွန်လွန်းပြီ
မပြောချင်လို ့ကြည့်နေတာ ကုလားအုတ် ပုံပြင်ထဲကလို လက်ကလေး ဝင်ပရစေနဲ ့
တကိုယ်လုံးဝင်ချင်နေတယ်ပေါ့လေ…ဆိုပြီး ရွှေတိုက်စိုး က နှုတ်ခမ်းတလန် ပန်းတလန်နဲ ့ သူတောင်းစားမကို
ရန်တွေ ့ပါတယ် ။ ရှင်စည်သူကတော့ နိဂိမိနဲ ့ လိုင်းတူ ယမကာ လုလင် ဆိုတော့ သူလည်း မပေးဘူး
အသေသတ် ဆိုပဲ ။ ဒီလိုနဲ ့ မပေးလာလိုက်တာ တရပ်ကွက်ထဲမှာ နေထိုင်တဲ့ လူ ၁ဝ ယောက်လုံးက
တစ်ယောက်မှ မပေးတော့ သူတောင်းစားမ က ခွက်ပျောက်ပါလေရော ။
=====================================================
ကျွန်တော် ပြောချင်တာက မီးများလာရင် မီးနိုင် သလို ရေများလာရင် ရေနိုင်မှာပါပဲ ။
ကျွန်တော်တို ့တွေဟာ မိန်းကလေး တစ်ယောက်လောက်က အောက်စလွတ်ရင် အားရပါးရ ရှုစားတတ်ပေမဲ့
အဲဒီ မိန်းကလေး ကို တစုံ တစ်ယောက်သော ယောကျာင်္းက ဖင်နှိုက်လိုက်တဲ့ အခါမှာတော့ အလွန် လက်သွက်စွာ
ဝိုင်းပြီး ဆွမ်းကြီးလောင်းဖို ့ ဝန်မလေးပါဘူး ။
ကိုယ်နေတဲ့ တိုက်ခန်း အတက်အဆင်းလှေခါးထောင့်မှာ ကွမ်းသွေး အားရပါးရ ထွေးနေတဲ့ လူကို မြင်ရင်
ကိုယ်နဲ ့မဆိုင်သလို အမှုမဲ့အမှတ်မဲ့ နေပေမဲ့ ခုနက လူက ကိုယ့်အခန်းဝ နံရံမှာ ပေကျံနေတဲ့ ကွမ်းသွေးကို မြင်လိုက်
ချိန်မှာ အားရပါးရ ကလော်တုတ် ပါတော့တယ် ။
ဒါဆိုရင် ကျွန်တော်တို ့ရဲ ့ပိုင်ဆိုင်မှု ဧရိယာဟာ မိမိ အိမ် လို ့ပဲ သတ်မှတ်တယ် ဆိုရင်တော့ အလွန်ကို တကိုယ်ကောင်း
ဆန်လွန်းတဲ့ လူလို ့ ပြောင်းလဲ တွေးခေါ်ကြည့်ဖို ့လိုပါတယ် ။ ကျွန်တော်တို ့ဟာ မိမိ တဦးတည်း မိမိ မိသားစု တစုတည်း
နေထိုင် သွားလာ လှုပ်ရှားနေကြတာမဟုတ်ပါဘူး ။ အားလုံးသော လူအများ သွားလာလှုပ်ရှားနေတဲ့ နေရာမှန် သမျှဟာ အများ နှင့် ဆိုင်တဲ့
နေရာတွေပါ ။ အများ နှင့် ဆိုင်သော ဆိုသည်မှာလည်း သူတို ့နဲ ့ပဲ ဆိုင်သည် ငါ နှင့်တော့ မဆိုင် ဆိုတာမျိုးတော့ မလုပ်ပါနဲ ့ ။
အများထဲက မိမိ ဖြစ်တာမို ့ အများ နှင့် ဆိုင်သော နေရာ အားလုံးဟာ မိမိ နှင့်လည်း သက်ဆိုင်ပါတယ် ။
ဒီလို အတွေးမျိုး ဝင်လာပြီ ဆိုရင် မိမိလည်း ပိုင်ဆိုင်တဲ့ အများ နှင့် ဆိုင်သော နေရာတွေမှာ ထင်သလို လုပ်နေတဲ့ အကျင့်ပျက် လူတန်းစား
တွေကို သွားပြီးတော့ ကျွန်တော့ စာထဲကလို မိတ်ဆွေ ခင်များ………..ဆိုပြီး ကျွဲပါးစောင်းတီး ပြစရာ မလိုပါဘူး ။
……………………………………………..
ကျွန်တော် ပီကေ အလွန်ကြိုက်ပါတယ် ။ ပီကေ ဝါးမယ် ကြံတိုင်း သူ ့ရဲ ့အခွံကို ဘောင်းဘီ အိပ်ထဲ ခေါက်ထည့်ပါတယ် ။
ဝါးပြီး ထွေးလိုက်ရင် ခုနက အခွံထဲကို လုံခြုံအောင် လုံးထွေးပြီး ဘောင်းဘီ အိပ်ထဲ ပြန်ထည့်ပါတယ် ။
နေကလဲ သိပ်ပူတော့ လှည်းတန်းလို နေရာမျိုးမှာ ကောင်မလေးတွေကလဲ အလွန်ထူထပ်တော့
နူးဘာ တိုင်းသား ကျွန်တော်လည်း မျက်နှာပေါ်မှာ အဆီ တဝင်းဝင်းနဲ ့ပေါ့ ။ အဲဒီ အဆီတွေက သုတ်မကုန် ဆိုတော့ တနေ ့ကို တစ်ရှုး ၂ ထုပ်
လောက်ကတော့ အသာလေးပါ ။ ပြီးတော့ ထုံးစံ အတိုင်း ဘောင်းဘီအိပ်ထဲ ထည့်ပေါ့ ။
တလောက ငွေယားကလေးနဲ ့ Shopping ထွက်တာ တက္ကဆီ စီးပြီး ပြန်လာတော့
မောင်းတဲ့သူနဲ ့ စကားစမည် ပြောဖြစ်တယ် ။ ကျွန်တော့်မှာ အိပ်တွေ ပါလာတော့ သူက ဈေးဝယ်ထွက်တာလားဆိုပြီး မေးပါတယ် ။
10 comments
nigimi77
December 1, 2011 at 8:08 pm
ဒီနေ ့တော့ ၂ ပုဒ်ပဲ တင်ပါမယ် ။ 🙂 🙂
E.T
December 1, 2011 at 8:43 pm
ကို ၇ရ ရေ ချုံပုတ်ထဲက လက်သီးထောင်ပြနေသူတွေများလို ့ အနီဘယ်လိုပေးရတယ် ဆိုတာပြတာပါ။ စိတ်မဆိုးတဲ့အတွက် ကျေးဇူးပါ။ 🙂 🙂 🙂
nigimi77
December 1, 2011 at 8:12 pm
မနေ ့ညက ကားနဲ ့လိုက်ပို ့ပေးတဲ့ ကို ဘလက်ကြီးကို ကျေးဇူးတင်သောအားဖြင့်
ဒီပို ့စ်ထဲမှာ ထောက်လှမ်းရေး ရာထူးဖြင့် ကျေးဇူးဆပ်လိုက်ပါတယ် ။ 🙂 🙂 🙂
windtalker
December 4, 2011 at 7:38 pm
77့ကျေးဇူးဆပ်တာကို ဖတ်ရတာ အားရလွန်းလို ့တဲ့
မျက်ရည်များတောင် လည်ရှာသတဲ့ဗျာ
E.T
December 2, 2011 at 7:06 am
တိုက်ခန်း လှေကားမှာ ကွမ်းတံတွေး အားရပါးရ ထွေးနေတဲ့ လူကို မြင်ရင် ဘာမှမပြောဖြစ်ပါဘူး။ စကားနဲ ရန်စဲ သဘောပါ။ ပြောလိုက်ရင် ရန်တွေဖြစ်ကုန်လိမ့်မယ် 🙂 စာတွေလည်းရေးထားတာပဲ ကွမ်းတံတွေး မထွေးရ ဆိုပြီး။ အဲဒါကို ထွေးတယ်ဆိုတော့ အဆင့်အတန်း မရှိဘူးလို ့ သတ်မှတ်လိုက်ပါတယ်။
Shwe Tike Soe
December 2, 2011 at 9:26 am
စာကပ်တိုင်းသာ စည်းကမ်းလိုက်နာမယ်ဆိုရင် ကမာ္ဘမှာ ကျွန်တော်တို.နိုင်ငံသားတွေ စည်းကမ်းအရှိဆုံးလူမျိုးဖြစ်နေ တာကြာပေါ့ ကို အိတီ ရယ် … ဈေးမရောင်းရ ဆိုင်းဘုတ်ကို အမိုးချိတ်ရောင်းတဲ့ဈေးသယ်တွေ… ကွမ်းတံတွေးမထွေးက ဆိုင်းဘုတ်ကို ကွမ်းတံတွေးနဲ.ထွေးနေကြတယ်လေ..
ပြောကိုမပြောချင်ဘူး…
Shwe Tike Soe
December 2, 2011 at 9:18 am
အင်းဆက်ပါအုံး.. ကောင်းတယ်စောင့်ဖတ်မယ်နော်
အော်ဒါနဲ. ကိုနိ သများက ယောင်္ကျားပါဆို. အဟင့်…… နှုတ်ခမ်းတလန်ပန်းတလန်နဲ. သူတောင်းစားမကို ရန်တွေ.လွှတ်လိုက်တယ် ဆို. … သများက ယောင်္ကျားနော် အဟင့်
etone
December 2, 2011 at 12:46 pm
နဂိုကတည်းက နှုးဘာရပ်ကွက်လို့ ပြောထားတဲ့ စကားကလည်းရှိတော့ … ထမိန်တော့ အလံမထူရဲပါဘူး ကဏန်းကြီးရေ … 😆
inz@ghi
December 2, 2011 at 12:52 pm
နာ့ဝို …နှူးဘာ လူမျိုးဒဲ့ …
လက်သရမ်းတာက ပါလိုက်သေး …..
တပ်မ၇ရတော့ စာပေတော်လှန်ရေးမှာ အသက်ပေးချင်ဘီထင်ဒယ်…
ဟီး ….
😀
windtalker
December 3, 2011 at 9:00 pm
“ရပ်ကွက်ထဲက ဂီလ်ဘာတို ဆိုတဲ့ နှုးဘာလူမျိုး အိမ်ရှေ ့ရောက်တော့ သူက
တောင်းတာကို ပေးတဲ့ အပြင် တန်ရာတန်ကြေး အနေနဲ ့ နို ့တွဲကြီးကို တစ်ချက်
တောင်းနိုက်လိုက်သေး ။”
သိပ်ကောင်းတဲ့ ရီးရယ်လစ်ဇင် ပါဘဲကလားဗျ ။
ကွက်ကွက်ကွင်းကွင်း
မြင်သာထင်သာ ရှိပါဘေ၏
( ဒါနဲ ့မသိလို ့မေးချင်တာ ၊ နိုက်ရုံဘဲလား ၊ ပျွတ်စ် ပျွတ်စ်တွေ မွမွ တွေ မပါဘူလားဗျ
ဟိုတစ်ခါ သူ ့ကွန်မင့်မှာ “ မွ မွ ” ဆိုတာ မြင်ဖူးလို ့ပါ ။ )
ကျုပ်လဲ ပီကေဝါးတယ်ဗျ ။ ဝါးတိုင်း 77 လို ဘဲ ။ သူ ့စက္ကူကို လွှင့်မပစ်ဘဲ အိတ်ကပ်ထဲ ပြန်သိမ်းထားတယ် ။