မပြောချင် လဲ ပြောကို ပြောရတော့မည်။ အာရှကျားကြီးကို နိုးလိုက်ကြရအောင်ပါ။
ကျနော် နိုင်ငံရေးသမား မဟုတ်ပါ။ ပါတီဝင် လည်းမဟုတ်ပါ။ နိုင်ငံချစ်သော မြန်မာနိုင်ငံ သား တစ်ဦးသာ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံတိုးတက်ဖို့ အခုဆို အများကြီး ပြောင်းလဲရပါတော့မယ်။
ပထမ မြန်မာနိုင်ငံမှာ ဝန်ထမ်းတွေ အကျင့်စာရိတ္တပျက် နေမှုပါ။ Generation ပြောင်းနိုင်မှကို ရတော့မဲ့ အခြေအနေပါ။ ကျနော် လိုင်းကားနဲ့ လာခဲ့ပါတယ်။ လမ်းမှာ ပုလိပ်တွေက ဂျစ်ကားနဲ့ လမ်းဘေးမှာနေရာယူထားပါတယ်။စားပွဲ အသေးတစ်လုံးတောင်ပါပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်နေသလို ထားနေကြပါတယ်။Busကားတွေ အားလုံး ဆတ်ကြေးလိုပေးနေရပါတယ်။ ပေါ်တင်ကြီးကို လုပ်နေကြပါပြီ။ ကျနော်တို့ အရမ်းချစ်တဲ့ နိုင်ငံတော်ကြီး အတွက် ဝမ်းနည်းရပါတယ်။ ပန်းဆိုးတန်း လမ်းမကြီး မှာ တောင် ညစဉ် ရနာရီ နီးပါး ဆတ်ကြေးကောက်နေတယ်ဗျာ။ နိုင်ငံခြားသားတွေ မြင်ယင် ရှက်စရာပါ။ သက်ဆိုင်ရာက ဘဲ မသိသာလား။ ရပ်ကွက် အေးချမ်း သာယာရေးကဘဲ ခွင့်ပြုထားတာလား မသိတော့ပါဘူး။ နောင်လာမဲ့ ကျနော်တို့ မျိုးဆက်သစ်တွေ ဒီလို ခရီးဆက်ရတော့မှာလား။
နိုင်ငံတော်တာဝန်ရှိသူတွေမှ အဂတိလိုက်စားမှုတွေကို သုတ်သင်ဖို့ စီမံချက် အဖွဲ့တွေ ဖွဲ့ရှင်းသင့်တဲ့ အချိန်ရောက်ပါပြီ။ ပြည်သူတွေ လက်ခံလာမှာပါ။
ပြည်သူတွေ သွားလာဖို့ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်မှု၊ ရေ၊ မီး၊ ကျန်းမာရေး အပြည့်အဝပေးနိုင်မှု၊ အလုပ်အကိုင် လုပ်ပိုင်ခွင့် ပေးလာပါက ကျနော်တို့ နိုင်ငံ တိုးတက်လာမှာပါ။
လူငယ်တွေလည်း နိုင်ငံရေးဆို ထောင်ကျမယ်ဆိုပြီး မြင်နေကျပါပြီ။ ညဆို ဘီယာဆိုင်၊ အနှိပ်ခန်း နဲ့ သာပျော်နေကြပါပြီ။ ပညာရေးလုပ်သူ အလွန်နည်းသွားပါပြီ။ စီးပွားရေးဆိုလဲ ဘယ်လိုနွာလိုက်မယ်ဆို ဖြစ်နေပါပြီ။
သက်ဆိုင်ရာ တွေမှလည်း လျှော့ပေးသင့်ပါပြီ။ ယခုအချိန် အထိနှစ်ဖက်တင်းမာနေယင် ခံစားရမှက အနာဂတ် မျိုးဆက်သစ်တွေပါ။ စည်းနဲ့ကမ်းနဲ့ အရာအားလုံးကို ထိန်းသိန်းသင့်ပါပြီ။
အဂတိတိုက်ဖျက်ရေးဖွဲ့ပြီး ချက်ချင်း အပြစ်ယူ ဆောင်ရွက်သင့်ပါပြီ။ ရုံး တွေအားလုံး လိုက်လံစစ်ဆေးသင့်ပါပြီ။
နိုင်ငံတကာမှ ရင်းနှီးမြှပ်နှံသူ တွေကို အကောက်ခွံ ကင်းခွင့် တွေပေးပြီး ပြည်သူတွေ အများအလုပ်ရအောင် လုပ်ပေးပါက ပိုကောင်းပါတယ်။ နိုင်ငံတကာမှ ပညာရှင်တွေကို နေရာပေးသင့်ပါတယ်။
ပညာတတ်များမှ နိုင်ငံတိုးတက်မှာပါ။ ပညာတတ်မှ အဆင့်အတန်းမြင့်လာမှာပါ။ စာရိတ္တ မြင့်မားလာမှာပါ။ ပြည်သူတွေကလည်း မိမိကိုယ်ကိုယ် ပြောင်းလဲပြီး၊ သက်ဆိုင်သူတွေကလည်း တဖြည်းဖြည်း ပြောင်းလဲသင့်ချိန်ရောက်ပါပြီ။ မဟုတ်ရင် အရမ်းကို နောက်ကျနေပါပြီ။
နိုင်ငံတကာ မှ ဘစ်ကားတွေစီးချင်ကြမှာပါ။ နိုင်ငံတကာ လမ်းတွေ၊ အဆောက်အဦးတွေမြင် ချင်ကြမှာပါ။ MRT လို ရထားတွေစီးချင်ကြမှာပါ။ DIGITAL Bank Card တွေ သုံးချင်ကြမှာပါ။ တန်းစီ ငွေသွင်းတာတွေ ပျောက်သွားချင်ကြမှာပါ။ ရုံးပိတ်ရက်တိုင်း အဆင့်မြင့် ပန်းခြံ တွေ၊ ရုပ်ရှင်ရုံတွေ သွားချင်ကြမှာပါ။
နိုင်ငံအဆင့် စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ပြည်သူတွေ အတွက် အကောင်းဆုံး၊ ဈေးနှုန်းအသက်သာဆုံး ဖြစ်အောင် လုပ်ပေးသင့်ပါတယ်။ ဥပမာ GSM 15 သိန်းကို 5သိန်း တန် CDMA သုံးနိုင်သလို၊ ဈေးကို နည်းသထက်နည်းအောင် သက်ဆိုင်သူတွေနဲ. ဆောင်ရွက်သင့်ပါတယ်။
နိုင်ငံတကယ်ချစ်တဲ့၊ လူမျိုး တကယ်ချစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဆောင်ရွက်ပေးခွင့်ရှိသူတွေ ဖြစ်လာသင့်ပါပြီ။
ဆောင်ရွက်နေတာတွေ ကို လိုက်ပြီး ကန့် လန့်တာ တိုက်နေယင် ခံစားရမှပါ နိုင်ငံအတွင်း ပြည်သူတွေပါ။ နိုင်ငံခြား ရောက်နေသူတွေက နိုင်ငံစွန့်ပြီး သွားသူတွေပါ။ ကျနော်တို့ အနာဂတ်တွေက ကျနော်တို့ကိုယ်တိုင် စီရင်ရမှာပါ။
အခုရွေးကောက်ပွဲ ရောက်ပါပြီ။ လုပ်နိုင်တဲ့ ပါတီကို မဲပေးသင့်ပါပြီ။ Something is better than nothing လို သဘောထားသင့်ပါပြီ။ မပေးခဲ့ယင်လည်း ပြည်သူတွေဘဲနစ်နာမှာပါ။ ၁ဝ ကနေ ၂၀၊ ၂ဝ ကနေ ၃ဝ ဖြည်းဖြည်းချင်း ဆောင်ရွက်သွားမှရမှာပါ။ ၁၀ဝ လုံး လိုချင်လို့လည်း မရနိုင်ပါဘူး။ နှစ်ဖက်လုံးမှာ အခက်အခဲရှိနေပါတယ်။
နိုင်ငံရဲ. ကံကြမ္မာဟာ လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ ငွေရှင်တွေပေါ်မှာ မူတည်နေပါတယ်။ ငွေရှိသူတွေသာ လုပ်ငန်းတွေထောင်နိုင်မှာပါ။ အခြေခံ လူတန်းစားတွေ အလုပ်ရမှာပါ။
အာရှဝန်းကျင်နိုင်ငံတွေကည်း ကျနော်တို့နိုင်ငံ မစည်းရုံးတာ မြင်ချင်မှာပါ။ ကျနော်တို့ နိုင်ငံက အာရှကျားနိုင်ငံပါ။ ကျနော်တို့ ကျားကြီး အိပ်နေတာပါ။ အိမ်နီးချင်း အားလုံးကည်း အိပ်စေချင်နေကြတာပါ။ ကျနော်တို့ ကျားကြီးသာ နိုးလာယင်. . .ဒီလို နိုးလာဖို့ က ပြည်သူတွေနဲ့၊ လုပ်ပိုင်ခွင့်ရှိသူတွေလက်ထဲမှာပါ။
အားလုံးသာညီညီညွတ်ညွတ် ညှိနှိုင်းလုပ်ဆောင်မယ်ဆိုယင် စင်္ကာပူ ဆိုတာကို ကျော်ဖြတ်သွားနိုင်မှာပါ။ ကျနော်တို့ ဆီမှာ သယံဇာတတွေရှိပါတယ်။ မြို. နှစ်မြို. ကို တစ်ချိန်တည်း တည်ဆောက်နိုင်တဲ့ စွမ်းအားတွေရှိပါတယ်။ တစ်ဦးကိုတစ်ဦး ကူညီဖေးမတဲ့ ချစ်စရာ စိတ်တွေရှိပါတယ်။
အာရှကျားကြီးကို နိုးလိုက်ကြရအောင်ပါ။ လူငယ်တွေတောင့်တနေကြပါပြီ။
အဂတိလိုက်စားမှုတွေ တိုက်ဖျက်ကြရအောင်ပါ။ ပညာရှင်၊ ပညာတတ်တွေ များလာအောင် ဆောင်ရွက်ကြရအောင်ပါ။ ညောင်ပင်ကြီး တစ်ပင်ဟာ ခရီးသွားများစွာကို အေးချမ်းစေသလို ငှက်များစွာရဲ. နားခိုရာပါ။
ကျနော်က တော့ ဦးသုဝေ ပါတီကို နှစ်ခြိုက်ပါတယ်။ ပါတီဝင် ရပါက ပါတီဝင်ပြီး နိုင်ငံတိုးတက်ရေး၊ ပြည်သူလူထု စိတ်ချမ်းသာ ကျန်းမာ ချမ်းသာမှုတွေ ကို အုတ်တစ်ချပ် သဲတစ်ပွင့် ဆောင်ရွက်ပေးချင်ပါတယ်။
ပါတီမဝင်ဘဲ ဆောင်ရွက်ပါ က အခက်အခဲ ရှိနိုင်လို့ပါ။
ရေးသားသူ ။ ။မင်းနေမျိုး။
5 comments
timothy
May 26, 2010 at 8:21 pm
We all know that the military junta is totally corrupted and not interested in affairs of Burma and its people. They are only interested in enriching themselves, selling all natural resources to foreign illegal buyers, and damaging the image of country and climate. One tactic of well-known deliberate work is to make everyone in Burma dirty, dishonest and corrupted. The essence is everyone of us are equally corrupted and untrust-worthy. It makes the life of next government very hard to rule the millions of corrupted people everywhere. The cronies of Junta will always try to maintain the equilbrium of dictatorial system so that their looted belongings will never part them. The deliberate attempt to collude the poor, religion or belief to use the brainwashed public for gaining the power is method only used by very crafted and cunny individuals. The worst of all, Ne Win and Than Shwe had systematicall groomed millions of people into the world of cancerous corruption and I wonder even if we win the liberation by stroke of luck, it would be very hard for democracy leader like Aung San Suu Kyi to control and tame the corrupted ghosts of Than Shwe. I only wish that corruption, nepotism, bribery, gangsterism and militarism are completly wiped out of free Burma and nation will rise up from the ashes again.
bigcat
May 27, 2010 at 1:42 am
Don’t you learn what happened to the politicians and activists who tried to change the political current by cooperating with former regime BSPP. I hope you are not a scapegoat.
poeaung6
June 10, 2010 at 12:46 pm
ကောင်းပါတယ် အဂတိလိုက်စားမှုသာပျောက်သွားရင် တော်တော်ကို တိုးတက်လာမှာပါ
smsm
June 11, 2010 at 8:50 am
ရုံးတွေကိုဘယ်သူတွေကစစ်မှာလဲ စစ်မယ့်သူတွေကိုက ကင်းရှင်းကြလို့လား
ခေါက်ရိုးကျိုးနေတာချည်းကို ပြင်လို့မရတော့ဘူးထင်တယ်
ရေစုန်ကိုပဲမျှောကြတော့မှာပါ
kyaw nanda mon
September 3, 2010 at 3:11 am
ပညာတတ်များ မှ နိုင်ငံတိုးတက်မှာ မှန်ပါတယ် …. ဒါပေမယ့် ပညာတတ်တော့ လူ့အခွင့်အရေးဆိုတာကို ကောင်းကောင်းကြီး နားလည်တယ်လေ ..အဲ့ဒီတော့ဗျာ .. လူ့အခွင့်အရေးတွေ စီးပွားရေး အခွင့်အလမ်းတွေက အစ လက်ဝါးကြီးအုပ်ထား တဲ့ ကျနော်တို့နိုင်ငံမှာ ဘယ်နေတော့မလည်း . … နိုင်ငံတိုးတက်ဖို့ဆိုတာ … ဟိုးအဝေးကြီးကိုရောက်သွားတာပေါ့ဗျာ …