သံဃာ့မဟာနာယက ဆိုတာ ဘာလဲ
အခုတလော အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မြန်မာပြည် စစ်အာဏာပိုင်တွေ၊ စစ်အာဏာရှင်တွေရဲ့ အသုံးချခံဖြစ်တဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကြီးအကြောင်း မေးကြ ပြောကြတာတွေကို စုစည်းပြီး တင်ပြပေးချင်လို့ ဒီစာကို ရေးလိုက်ပါတယ်။
၂၀၀၈ ခုနှစ် သံဃာ့မဟာနာယကအဖွဲ့ (၄)လပတ် အစည်းအဝေး တခုမှာ အချို့ရဟန်း သာမဏေများသည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ကြီးကြပ်မှုကို မခံယူသည့် တရားမဝင် သံဃာ့အဖွဲ့အစည်းများ ဖွဲ့စည်း ဆောင်ရွက်နေသည်လို့ လျှောက်ထားဖူးတယ်လို့ မှတ်သားဖူးပါတယ်။
သံဃာ့မဟာနာယကအဖွဲ့ကြီးကို မဆလ တပါတီအာဏာရှင် ဦးနေဝင်းရဲ့ စီစဉ်ဆောင်ရွက်မှုနဲ့ ၁၃၄၂ ခုနှစ် နယုန်လ (၁၉၈ဝ ပြည့်နှစ် မေလ) မှာ ဂိုဏ်းပေါင်းစုံက သံဃာတော် (၁၂၀၀) ကို ပင့်ဖိတ်ပြီး ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူကြီးအတွင်းမှာ စတင်ဖွဲ့စည်းခဲ့တာပါ။
သံဃာ့ကိုယ်စားလှယ် ၁၂၀ဝ ထဲမှ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် အပါး (၃၀၀) ကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီအထဲကမှ သံဃာ့မဟာနာယကဆရာတော် (၃၃) ပါး (နောက်ပိုင်း (၄၇) ပါး) ကို ထပ်မံရွေးချယ်ခဲ့ပြီး ရန်ကုန်မြို့မှာ ရုံးထိုင်စေခဲ့တာပါ။ အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဆောင်ရွက်ဖို့ပါ။
သံဃာ့နာယကအဖွဲ့ စတင်ဖွဲ့စည်းစဉ်က ထင်ရှားတဲ့ မန္တလေးက စာသင်တိုက်ကြီးအချို့က ဆရာတော်ကြီးတွေက သဘောမကျခဲ့တာ အမှန်ပါ။ သံဃာ့နာယက ဖွဲ့စည်းပြီးရင် စစ်အစိုးရက သံဃာ့နာယက အဖွဲ့ကို အသုံးချပြီး သံဃာတော်တွေကို ဖိနှိပ်လာလိမ့်မယ်ဆိုတာ မြင်တော်မူပါတယ်။ သာသနာရေးဌာနက အကောင်ကြီးကြီးတွေကိုယ်တိုင် ဆရာတော်ကြီးတွေထံ ချဉ်းကပ်ပြီး သံဃာ့နာယက အဖွဲ့အစည်းထဲဝင်ဖို့ စည်းရုံးဖူးပါတယ်။ ဆရာတော်ကြီးတွေက လက်မခံဘဲ သံဃနာယကအဖွဲ့နဲ့ ကင်းကင်းနေပြီး စာသင်စာချအလုပ်တွေကိုပဲ ကြိုးစားလုပ်ဆောင်နေခဲ့ကြပါတယ်။ အဲဒီလိုဆရာတော်ကြီးတွေကို နှစ်စဉ်ဆက်ကပ်နေကြ အဂ္ဂမဟာပဏ္ဍိတဘွဲ့တော်နဲ့ အဘိဓဇဘွဲ့တော် ရနိုင်တဲ့အရည်အချင်းတွေရှိပေမယ့် မပေးပဲ အာဏာပိုင်တွေက ချောင်ထိုးထားခဲ့ပါတယ်။ ဆရာတော်ကြီးတွေကတော့ အာဏာရှင်တွေနဲ ့မပတ်သက်ချင်လို ့ဘွဲ့တံဆိပ် မဆက်ကပ်လေ ကြိုက်လေပါ။
အခုဆိုရင် သံဃာ့နာယအဖွဲ့ ဖွဲ့တာ (၃၂) နှစ်ရှိပါပြီ။ (၃၂) တာ ကာလအတွင်း ဘာတွေဆောင်ရွက်ခဲ့သလဲ။ အကြမ်းဖျဉ်း ပြန်လည်ဆန်းစစ်ကြည့်ရအောင်။
(က) ဓမ္မဝါဒ အဓမ္မဝါဒဆိုင်ရာအဓိကရုဏ်းများ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေနဲ့ ဗုဒ္ဓသာသာသနာတော်အတွင်း ဓမ္မ အဓမ္မ ငြင်းခုံနေတဲ့ အဓိကရုဏ်း (၇) မျိုးကို ဖြေရှင်းခဲ့တာ တွေ့ရပါတယ်။
(၁) ကျောက်သင်္ဘောဝါဒ
(၂) လူသေလူဖြစ်ဝါဒ
(၃) ကျောက်ပုံတောရဝါဒ၊
(၄) ကြောင်ပန်းတောရဝါဒ၊
(၅) ဓမ္မနီတိဝါဒ၊
(၆) မိုးညိုဆရာတော်ဝါဒ(မြောက်ဥက္ကလာ)၊
(၇) ဦးမာလာဝါဒ(ရေတာရှည်) စတဲ့ မတူကွဲပြားတဲ့ဝါဒတွေကို ဓမ္ဓ၊ အဓမ္ဓ စိစစ်ပြီး ဆုံးဖြတ်ခဲ့တာ တွေ့ရပါတယ်။ သာသနာတော်မှာ သို့လော သို့လော ဖြစ်ပေါ်နေတဲ့ဝါဒတွေကို မှန်မှန်ကန်ကန် ဖြေရှင်းပေးတဲ့ အတွက် အထိုက်အလျောက် အဓမ္မဝါဒတွေ ငြိမ်သွားတဲ့အတွက် သာသနာတော်အတွက် အကျိုးရှိခဲ့တာအမှန်ပါ။
(ခ) ဝိနည်းဆိုင်ရာအဓိကရုဏ်းများ
ရဟန်းတော်များနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ ဝိနည်းဆိုင်ရာအဓိကရုဏ်းတွေ၊ ကျောင်းပိုင်ဆိုင်မှုများနဲ့ ပတ်သက်ပြီးဖြစ်ပေါ်လာတဲ့ အဓိကရုဏ်းတွေကို ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် ဗဟို သံဃာ့မဟာနာယက အဖွဲ့အဆင့်ဆင့်က စီမံဆုံးဖြတ်ခဲ့ပါတယ်၊။
အဲဒီလို စီစဉ်ဆုံးဖြတ်ရာမှာ လက်မှတ်အတုတွေသုံးပြီး မမှန်မကန် ဘက်လိုက် ဆုံးဖြတ်ခဲ့မှုတွေ (ပြည်- ကျောင်းအမှု) လာဘ်စားမှုတွေ ရှိခဲ့တဲ့အတွက် သံဃာ့မဟာနာကအဖွဲ့အတွင်းမှာ သံသယတွေ အသံထွက်ခဲ့သလို လူအများရဲ့ ကဲ့ရဲ့မှု၊ အထင်အမြင်သေးခံရမှုတွေ ခံခဲ့ရပါတယ်။ အဲဒီအထဲက အဆိုးဆုံး နာမည်အပျက်ဆုံး အမှုကတော့ ကောလင်းမှာဖြစ်ပွားခဲ့တဲ့ ကျောင်းပိုင်ဆိုင်မှု အဓိကရုဏ်းမှာ သံဃာ့နာယကအဖွဲ့ရဲ့ လာဘ်စားမှုတွေ ပြည်သူကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တဲ့အတွက် ပျံလွန်တော်မူသွားပြီဖြစ်တဲ့ မင်းကွန်း တိပိဋကဓရဆရာတော်ကြီး ဦးဝိစိတ္တသာရဘိဝံသ ကတောင် “ဒါလား သံဃာ့မဟာနာယကအဖွဲ့” လို့ ရှုတ်ချ ပြစ်တင်ခဲ့ပါတယ်။
အရေးအခင်းကာလများနဲ ့သံဃာ့မဟာနာယက
(၁) ၁၉၈၈ ခုနှစ်မှာ အများသိကြတဲ့အတိုင်း ရှစ်လေးလုံးအရေးအခင်းကြီး ပေါ်ပေါက်ခဲ့ပါတယ်။
အဲဒီ လူထုလှုပ်ရှားမှု အရေးအခင်းမှာ ငယ်ရွယ်တက်ကြွတဲ့ ရဟန်းငယ်များလည်း လူထုနဲ့အတူ ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ကြတာပါ။ အရေးအခင်းကာလမှာ သံဃာတော်တွေဟာ ပြည်သူလူထုတွေ ဘေးအန္တရာယ်ကင်းဖို့နဲ့ ရပ်ရွာအေးချမ်းသာယာရေးအတွက် တဘက်တလမ်းက ပါဝင် ဆောင်ရွက်ခဲ့ကြပါတယ်။
အရေးအခင်းဖြစ်နေချိန်မှာ ကမ်းနားလမ်း၊ ကုန်သွယ်ရေးရုံးပေါ်က စစ်သားတွေက ဆန္ဒပြလူအုပ်ထဲကို သေနတ်နဲ့ ပစ်ခတ်ဖို့ ကြိုးစားပါတယ်။ ရန်စဖို့ လုပ်ပါတယ်။ ဆန္ဒပြသူတွေ ဒေါသထွက်ပြီး ရုံးကို ဝိုင်းပါတယ်။ ဆန္ဒပြနေတဲ့လူအုပ်က များနေတဲ့အတွက် စစ်သားတွေ ပြေးပေါက်မရှိ ပိတ်မိနေတာပါ။ စစ်သားတွေအတွက် အသက်အန္တရာယ်ရှိတာ သိလို့ တံခါးပေါက်တွေကို ဖွင့်ပြီး ဘုန်းကြီးတွေက အရင်ဝင်သွားပါတယ်။ အပေါ်ရောက်တော့ စစ်သားတွေကို အရပ်ဝတ် ဝတ်ခိုင်းပြီး အဲဒီစစ်သားတွေကို ဘုန်းကြီးတွေက ကယ်ထုတ်ခဲ့တာပါ။ စစ်သားတွေ အသက်ဘေးက လွတ်သွားတာဟာ ဘုန်းကြီးတွေ ကျေးဇူးပါ။
နောက် တောင်ဥက္ကလာဖက်မှာ အဆိပ်ခတ်တဲ့သူတွေကို ဆန္ဒပြလူစုက ဖမ်းမိလိုက်ပါတယ်။ ဆေးခပ်သူတွေကိုယ်တိုင်က ထောက်လှမ်းရေးက ဆေးထိုး ဆေးတိုက်ပြီး စေခိုင်းခံထားရလို့ ကြောင်တောင်တောင်တွေ ဖြစ်နေတာပါ။ ဘာမှလည်း မေးမြန်းလို့ မရ။ ဒေါသမထိန်းနိုင်လို့ လူတချို့ကို သတ်တောင် သတ်ပြီးနေပါပြီ၊ အဲဒီသတင်းကို ငွေကြာရံကျောင်းတိုက်က ဆရာတော်ကြားလို့ ကားနဲ့ အလျင်အမြန်ရောက်လာပြီး အဆိပ်ခတ်တဲ့လူတွေရဲ့ အသက်ကို အလှူခံခဲ့ပါတယ်။ လူဝတ်နဲ့နေရင် အသက်အန္တရာယ်ရှိလို့ ဒကာတွေကို သင်္ကန်းဝတ်ပေး၊ ဒကာမတွေကို သီလရှင်ဝတ်ပေးပြီး ကျောင်းတိုက်မှာ စောင့်ရှောက်ထားခဲ့တာပါ။ အဲဒီတုန်းက ပါဝင်ခဲ့သူတွေကို မေးကြည့်ရင် သိနိုင်ပါသေးတယ်။
အစိုးရစက်ရုံတွေ မီးဘေးက ကင်းဝေးအောင် ကယ်တင်ခဲ့တာတွေနဲ့ အခြား အဖြစ်အပျက်များစွာလည်း ရှိပါသေးတယ်။ တကယ်တော့ ဘုန်းကြီးတွေရော လူထုကရော လိုချင်တာက တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုပါ။ အဲလို ဆောင်ရွက်ခဲ့တဲ့သံဃာတွေကို စစ်အာဏာရှင်တွေက ဖမ်းဆီးပြီး အတင်းအဓမ္မ လူဝတ်လဲပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်။ စစ်အာဏာရှင်တွေ ပြောသလို အဲဒီသံဃာတွေဟာ ဘုန်းကြီး အယောင်ဆောင် သံဃာအတုတွေလား၊ အဖမ်းခံရတဲ့သံဃာတွေကို သံဃာ့နာယကဆရာတော်တွေက ဘာတွေ အကူအညီပေးခဲ့သလဲ။
(၂) ၁၉၉ဝ ခုနှစ်တုန်းကလည်း မန္တလေး သံဃာ့ဆွမ်းလောင်းပွဲမှာ စစ်တပ်က ကြိုတင်သတိပေးခြင်း မရှိဘဲ ဆွမ်းခံနေတဲ့ သံဃာတန်းထဲကို အကြမ်းဖက်ခဲ့တဲ့အတွက် ရဟန်းသာမဏေ (၁၅) ပါး ခန့် ထိခိုက်ခဲ့ရတယ်။ (ပျံလွန်တော်မူခဲ့တယ်လို့ ဆိုပါတယ်၊ စာရင်းစုံစမ်းဆဲ)။
စစ်တပ်ရဲ့ တရားမဲ့လုပ်ရပ်တွေကို သံဃာထုက မကျေနပ်လို့ မန္တလေးသံဃာထုက ဦးဆောင်ပြီး စစ်တပ်ရဲ့ သာရေး၊ နာရေးကိစ္စတွေမှာ မပတ်သက်ဖို့ ပတ္တနိက္ကုဇ္ဇနကံ ဆောင်ခဲ့ပါတယ်။ ဒီလို ကံဆောင်ခဲ့တာကလည်း ဘုရားဟောကြားထားတဲ့ ဝိနည်းတော်နဲ့ အညီ ဆောင်ရွက်ခဲ့တာပါ။
အဲဒီလို ကံဆောင်မှုကြောင့် ရန်ကုန်နဲ ့ မန္တလေးက ထင်ရှားတဲ့ဆရာတော်ကြီးအချို့ကို လူဝတ်လဲပြီး ထောင်ချခဲ့တာပါ။ ဒီလို အများလေးစားတဲ့ ထေရ်ကြီး ဝါကြီးဆရာတော်တွေကိုလည်း သံဃာအတုအယောင်တွေ၊ သင်္ကန်းဝတ်တွေဆိုပြီး စွပ်စွဲခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီဆရာတော်ကြီးတွေ ထောင်ကထွက်တော့ အာဏာရှင်တွေကိုယ်တိုင် ဘွဲ့တံဆိပ်တွေကပ်ပြီး ကျောင်းတွေ ဆောက်ပေး၊ ဆန် ဆီ ဆား ဆေးလှူနဲ့ ပြားပြားဝပ် ရှိခိုးနေကြပြန်တယ်။ အမြင်ကပ်လောက်အောင် သွားလာ ဝင်ထွက်နေကြတာပါ။ ဘုန်းကြီး အတု၊ အစစ်ဖြစ်တာ စစ်တပ်က ဆုံးဖြတ်ရမှာလား၊ သံဃာ့နာယက က ဆုံးဖြတ်ရမှာလား။ အဲဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ သံဃာ့နာယကဆရာတော်တွေ သံဃာထုဖက်က ရပ်တည်ပေးခဲ့သလား။
(၃) ၂၀၀ရ စက်တင်ဘာအရေးအခင်း
(သံဃာ့နာယကလက်စွဲ၊ အပိုင်း (၅)၊ အခန်း (၂၈)၊ (စ) မှာ သို့ဖြစ်ပါ၍ သံဃာတော်များ တန်းစီလှည့်လည် လမ်းလျောက်၍လည်းကောင်း၊ မော်တော်ယာဉ်ဖြင့် လှည့်လည်၍လည်းကောင်း၊ ပရိတ်တော်ရွတ်ခြင်းသည် ဝိနည်းတော်နှင့် ဆန့်ကျင်မှု မရှိသည့်အပြင် မြတ်စွာဘုရားလက်ထက်တော်မှစ၍ ဆရာစဉ်ဆက် ဆောင်ရွက်ခဲ့သည့် အစဉ်အလာဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။ ညွှန်း = (ဒု၊ ၄ရ ပါး စုံညီ ဧကူနဝီသတိမ အစီရင်ခံစာ စာမျက်နှာ ၂၅-၂၈။)
စက်တင်ဘာ (၅) ရက်နေ့က စခဲ့တဲ့ သံဃာတော်တွေ ငြိမ်းချမ်းစွာမေတ္တာပို့ လမ်းလျောက်ချီတက်ပွဲမှာ သံဃာငယ်တပါးကို ဓာတ်တိုင်မှာ ကြိုးနဲ့တုပ်ပြီး ဖမ်းဆီးရိုက်နှက်ခဲ့တာက စလို့ ရွှေဝါရောင်သံဃာ့အရေး စတင် ဖြစ်ပေါ်ခဲ့တယ်။ အရေးအခင်းကာလမှာ သံဃာ (၃၀၀၀) ကျော် အဖမ်းခံခဲ့ရပါတယ်။
အဲဒီတုန်းက ထင်ရှားတဲ့ အဖြစ်အပျက်တခုကတော့ ငွေကြာရံကျောင်းတိုက်ပါ။ ငွေကြာရံကျောင်းတိုက်ကို ညအချိန်မတော် စစ်တပ်က ဝိုင်းပြီး ရိုက်နှက်ဖမ်းဆီးလို့ သံဃာတွေ သွေးမြေကျခဲ့တာ၊ ကျောင်းတွေ ဖျက်ဆီးခံရတာ၊ ဘုရားဆင်းတုတော်တွေ ဖျက်ဆီးခံခဲ့ရတာတွေဟာ ခုအချိန်ထိ မှတ်တမ်းတွေရှိနေသေးပါတယ်။ ငွေကြာရံကျောင်းဆိုုတာ ၈၈ အရေးတော်ပုုံတုုန်းက စစ်တပ်အလိုတော်ရိတွေ၊ အကြမ်းဖက် ဖျက်ဆီးရေးသမားတွေကိုု အသက်အလှူခံပြီး ကယ်တင်ပေးခဲ့တဲ့ ကျောင်းဖြစ်တယ်ဆိုတာ မမေ့သင့်ပါ။ ထို့အပြင် ကျောင်းတိုက်တွေ ချိတ်ပိတ်ခံရတာ ကျောင်းပေါင်း (၆၀) ကျော် ရှိပါတယ်။
ထောင်ထဲမှာ သံဃာတော် ၂၀ဝ ကျော်ကို ဖမ်းဆီး ထောင်ချထားဆဲ။ အဲဒီလို စစ်အာဏာရှင်တွေက ဘုန်းကြီးကျောင်းတွေ သံဃာတော်တွေကို အတင်းအဓမ္မ ဖျက်ဆီး နှိပ်စက်နေတာတွေကို သံဃာ့နာယကဆရာတော်တွေက တားဖူးပါသလား။ သံဃာတော်တွေ လွတ်မြောက်ဖို့ အာဏာရှင်တွေကို ဩဝါဒတွေ ပေးဖူးပါသလား။
စစ်အာဏာရှင်တွေက ပြည်သူလူထုကို ဗိုလ်ကျ စိုးမိုး အနိုင်ကျင့်နေတာတွေကို ပြည်သူလှူတဲ့၊ ပြည်သူ့ဆွမ်းကို စားနေတဲ့ သံဃာ့နာယကဆရာတော်တွေက ထိုင်ကြည့်နေမှာလား။
ကိုယ့်ဒကာ၊ ဒကာမတွေ ဆင်းရဲဒုက္ခက လွတ်မြောက်အောင် ကူညီတာ အပြစ်ရှိလား။
အဓမ္မဝါဒတွေ ထွန်းကားနေတဲ့ မြန်မာပြည်မှာ ဓမ္မဝါဒတွေ ထွန်းကားအောင်လုပ်ဖို့က ရဟန်းသံဃာတော်တွေရဲ့ တာဝန်မဟုတ်ဘူးလား။ သံဃာတွေကို နှိပ်ကွပ်ဖို့ စစ်တပ်က အမိန့်တွေ ထုတ်ခိုင်းတိုင်း လက်မှတ်ထိုးပြီး ထုတ်ပြန်နေမှာလား။
မြတ်စွာဘုရားက လောကလူသားတွေရဲ့ ကောင်းကျိုးဆောင်ရွက်ဖို့ ကမ္ဘာသူ၊ ကမ္ဘာသား၊ အမျိုးအဆွေတွေရဲ့ အကျိုးကို ဆောင်ရွက်ဖို့ မိန့်မှာတော်မူခဲ့တာ မဟုတ်ဘူးလား။
အဲဒီလို ပြည်သူဘက်က ရပ်တည်တဲ့ အမှန်တရားဘက်က ရပ်တည်ခဲ့ကြတဲ့ သံဃာတော်တွေကို ဘာတခုမျှ အကူအညီ မပေးခဲ့တာကြောင့် ရဟန်းရှင်လူတွေရဲ့ ရင်ထဲမှာ သံဃာ့မဟာနာယကဆိုတာ စစ်တပ်လက်ကိုင်တုတ် ရုပ်သေးသံဃာ့အဖွဲ့အစည်း၊ သံဃာထုကို ကိုယ်စားမပြုတဲ့ အဖွဲ့အစည်းလို့ ယုံကြည်နေတာကတော့ ဘာမှအံ့ဩစရာ အထူးအဆန်း မဟုတ်တော့ပါ။
ဆုံးဖြတ်ရမည့် (အမှု) သဘောကို နိုင်ထက်စီးနင်း အလျင်စလို ဆုံးဖြတ်ခြင်းကြောင့် တရားတော်အတိုင်းတည်သူ တရားသူကြီးမဟုတ်ပေ။ ပညာရှိသည် ဟုတ်မှန်သောအကြောင်း၊ မဟုတ်မှန်သောအကြောင်း နှစ်ပါးလုံးကို (စူးစမ်း မေးမြန်း၍) ဆုံးဖြတ်ရာ၏။ ။ (ဓမ္မပဒ)
အရှင်ပညာနန္ဒ
ဒီဇင်ဘာ ၁၅၊ ၂၀၁၁
by burmavj
8 comments
chatsu
December 16, 2011 at 12:23 pm
ဘာသာရေးလှုံ့ဆော်မှုမဟုတ်ပါဘူးခင်ဗျာ။
inz@ghi
December 16, 2011 at 12:39 pm
သည်ကိစ္စ ကီးတအားမြင့်နေပြီ .. အသာလုပ်ကြပါ
အဘ တို့ ဆြာ တို့ ကိုယ်တော် တို့
http://freedomnewsgroup.com/2011/12/16/%E1%82%8F%E1%80%AF%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%B1%E1%80%90%E1%80%AC%E1%80%B9-%E1%80%9E%E1%80%B6%E1%80%83%E1%80%AC%E1%80%99%E1%80%9F%E1%80%AC%E1%80%94%E1%80%AC%E1%80%9A/
pan pan
December 16, 2011 at 12:49 pm
ကိုဇာရေ၊ ဒီရက်အတွင်း ဒီကိစ္စနဲ့က လှုပ်လှုပ်ရှားရှားရှိနေတာကလား
kai
December 16, 2011 at 1:04 pm
သိသလောက်ကတော့.. သံဃာတွေကို.. သံဃာတွေက ဂိုဏ်းဖွဲ့အုပ်ချုပ်တာမျိုး.. ဂေါတမဗုဒ္ဓခွင့်ပြုတော်မမူခဲ့ပါဘူး.။( မှားရင်ပြင်ပေးပါ)
ရဟန်းတွေအသက်ကြီးတာ.. ငယ်တာနဲ့လည်း ဆုံးဖြတ်တာမဟုတ်ဖူး..သတိထားမိတယ်..။
ရဟန်းဝါနဲ့.. ဆုံးဖြတ်တာပါ..။
ဒါပေမဲ့…
ရှင်သာရိ ပုတ္တရာ(လကျာ်ရံ)မထေရ်ကြီးတောင်..(သင်္ကန်းရုံလို့.. အဝန်းမညီတာမျိုးကို) ရှင်သာမဏေကလေးကထောက်ပြရင်.. တလေးတစားနဲ့ ပြန်မေးပြုပြင်တော်မူပါတယ်..။
အာပါတ်ဖြေရင်လည်း.. အနိမ့်အမြင့်ရာထူးမရှိ.. ရဟန်းအချင်းချင်း.. ဖြေလို့ရတဲ့အခွင့်ပေးထားတော်မူပါတယ်..။
တန်းတူညီမျှမှုကို.. အင်မတန်အလေးထားတော်မူတဲ့.. ဂေါတမဗုဒ္ဓဘုရားရှင်ပါ..။
ဆိုတော့…
သံဃမဟာနာယကဆိုတာ လူမှုအသိုင်းအဝိုင်း နိုင်ငံရေးမှာ ဘယ်နေရာကရပ်တည် နေသလည်း မေးခွန်းထုတ်စရာတွေဖြစ်လာပါတယ်..။
တိုင်းပြည်တပြည်ရဲ့.. အုပ်ချုပ်ရေး။ တရားစီရင်ရေး..။ ဥပဒေပြုရေး.။ စာနယ်ဇင်းမီဒီယာ မဏ္ဍိုင်ကြီးတွေထဲ.. မဟန ကိုဘယ်နေရာမှာထားသလည်း..။
လူတွေက.. ဘုန်းတော်ကြီးတွေမတရားရင်.. ခုံရုံးနဲ့.. တရားရေးအရ.. တရားစွဲခွင့်ရှိသလား..။ ဆုံးဖြတ်ခွင့်ရှိသလား..။
မီဒီယာက.. အမှားတွေထောက်ပြခွင့်ရှိသလား..။
အုပ်ချုပ်သူရဲ့.. ဥပဒေတွေ..လုပ်ထုံးတွေက.. ဘယ်နေရာတွေကနေ.. ဘယ်လိုသက်ရောက်ရသလည်း..။
ဒါမှမဟုတ်.. ၅ခုမြောက်မဏ္ဍိုင်အနေနဲ့.. ဥပဒေအားလုံးအထက်မှာရှိနေတာလား..။ ဘေးတိုက်ယှဉ်ရှိနေတာလား..။
လား..လား…လား…။ 🙂
အရင်ကတည်းက… မဟနရဲ့..လုပ်ပုံရပ်တည်ပုံက.. မြန်မာ့နည်းမြန်မာ့ဟန်.. ဒီမိုကရေစီနိုင်ငံတော်သစ်..ဖြစ်လာဦးမယ့်လမ်းကြောင်းပေါ်မှာမို့… အင်မတန်အတွေးခက်ခဲ့တာ…။
မောင်သန်းထွဋ် ဦး
December 16, 2011 at 6:04 pm
ပြောမယ်ဆိုရင်တော့ သံဃာမဟာနာယက လို ့ခေါ်မယ့်အစား အလိုတော်ရိ စစ်သားအလိုကျသာယာဖင်းများလို ့ပြောင်းခေါ်
သင့်ပါတယ်။
““ထောင်ထဲမှာ သံဃာတော် ၂၀ဝ ကျော်ကို ဖမ်းဆီး ထောင်ချထားဆဲ။ အဲဒီလို စစ်အာဏာရှင်တွေက ဘုန်းကြီးကျောင်းတွေ သံဃာတော်တွေကို အတင်းအဓမ္မ ဖျက်ဆီး နှိပ်စက်နေတာတွေကို သံဃာ့နာယကဆရာတော်တွေက တားဖူးပါသလား။ သံဃာတော်တွေ လွတ်မြောက်ဖို့ အာဏာရှင်တွေကို ဩဝါဒတွေ ပေးဖူးပါသလား။
စစ်အာဏာရှင်တွေက ပြည်သူလူထုကို ဗိုလ်ကျ စိုးမိုး အနိုင်ကျင့်နေတာတွေကို ပြည်သူလှူတဲ့၊ ပြည်သူ့ဆွမ်းကို စားနေတဲ့ သံဃာ့နာယကဆရာတော်တွေက ထိုင်ကြည့်နေမှာလား။
ကိုယ့်ဒကာ၊ ဒကာမတွေ ဆင်းရဲဒုက္ခက လွတ်မြောက်အောင် ကူညီတာ အပြစ်ရှိလား။””သဘောကျလို ့ပါနော်။
တညင်သား
December 16, 2011 at 11:31 pm
ဟေ့ကောင် မင်းက ဘာနားလည်လို့ ဒီလိုပြောရတာလဲ… ဘာသာရေးမင်းလောက်သိလဲ.. နိင်ငံရေးရောမင်းဘယ်လောက်သိလဲ. .. မင်းမသိရင် ငါ ပြောပြမယ်.. aungmingalar7@gmail.com ဆက်သွယ်လိုက်နော့်.. သိပ်ပြီးဝင်လျှာမရှည်နဲ့..
ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု
December 16, 2011 at 6:33 pm
ဒီသတင်းကို http://www.news-eleven.com/index.php?option=com_content&view=article&id=11511:2011-12-15-07-33-37&catid=42:2009-11-10-07-36-59&Itemid=112 မှာ မန်းထားကြတာလေးထဲက
ဝိုင်းဘေတာ ခံရတဲ့ မှတ်ချက်လေးတစ်ခုပါ
……………………………………………..
အားလုံးသတိ
အလဲဗင်းမှာ ပထမဆုံး ကော်မန့်ပါပဲ.. သံဃနာယကကို ဝေဖန်တိုက်ခိုက် ကြသူများကို သတိပြုစေချင်လို့ ပါဗျ.. ကိုယ့်ဘာသာ နိုင်ငံရေးနဲ့ ဘာသာရေးကို အတင်းဆွဲစိပြီး ယုံတာ မယုံတာ ထားပါ.. ဒါက ကိုယ့်သမိုင်း ကိုယ့်ခံယူချက်ပါ..
သံဃနာယက ဆရာတော်များဟာ သာသနာမှာ ဝိနည်းသိက္ခာနဲ့ ညီညွတ်ကြတဲ့.. ညာဏ်ပညာ ကြီးမားကြတဲ့ လေးစားကိုးကွယ်စရာ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးများ ဖြစ်တယ် မဟုတ်ဘူးလားဗျာ… ကိုယ့်နိုင်ငံရေး အမြင်နဲ့ မညီတာနဲ့ပဲ အဖြစ်မှန်ကို သေချာလဲ မသိပဲ သတင်းတစ်ပုဒ် စာတစ်ပိုဒ်ပေါ် တည်ပြီး ဘာသာရဲ့ ကိုးကွယ်ရာ.. ဆည်းကပ်ရာ.. ဆရာတော် ဘုရားကြီးတွေကို ပုတ်ခတ်ပစ်တင်မယ်ဆိုရင်တော့ အဲဒီလူရဲ့ သံဃာအပေါ်ထားရှိတဲ့ စိတ်ကို ကိုယ့်ဘာသာ အရင်သုံးသပ်သင့်တယ်လို့ ကျွန်တော်တော့ မြင်ပါတယ်..
ကျွန်တော်တို့ရဲ့ ဘာသာအပေါ် သံဃာပေါ်ထားရှိတဲ့ ကြည်ညိုမှုဟာ ရွှေဝါရောင်+တော်လှန်ရေး.. မေတ္တာသုတ်ရွတ်ဆို+ဆန္ဒပြ.. သံဃာ့+တပ်ပေါင်းစု.. ဘုန်းကြီး+အရေးအခင်း စတာတွေလို မပေါင်းစုအပ်တဲ့ စကားလုံးတွေ ပေါင်းစု.. သံဃာကြည်ညိုမှုဆိုတာကို အဲဒါပေါ်မူတည်ပြီး အတင်အချ လုပ်သင့်တဲ့ ကြည်ညိုမှုမျိုး မဖြစ်သင့်ပါဘူးလို့ ရေခင်းပြ တိုက်တွန်းလိုက်ရပါတယ်..
ခု သင်တန်းကျောင်းဖွင့်တာ ဒီဆရာတော်ကြီး တစ်ပါးထဲ မဟုတ်ပါဘူး.. နိုင်ငံရေး တရားကိုလဲ ဒီတစ်ပါးထဲက ဟောတာ မဟုတ်ပါဘူး.. နိုင်ငံရေး အဖွဲ့အစည်းတွေ အလှူလုပ်တာလဲ ဒီဘုန်းကြီး ကျောင်း တစ်ခုထဲ မဟုတ်ပါဘူး.. ဒါကိုမှ ဒီဆရာတော်ကို အပြစ်ပေးဖို့ ဆုံးဖြတ်တယ်ဆိုတော့ အကြောင်းရှိပါလိမ့်မယ်.. ဒါကို ဝေဖန်ချင်တယ် ဆိုရင်တောင် သာသနာ မှတ်ကျောက်နဲ့ တိုက်ရင် ပြစ်မျိုးမထင် သူတော်စဉ်လဲဖြစ်တဲ့ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးများကို ပုတ်ခတ်တိုက်ခိုက်တဲ့ ဝစီကံသင့် အသုံးမျိုးတော့ ရှောင်ရှားသင့်ပါတယ်လို့ တိုက်တွန်းချင်သားဗျာ..
အားလုံးသက်သာ
မောင်သတိ
………………………….
………………………….
kai
December 17, 2011 at 12:08 am
မြန်မာပြည်ဟာ… ဘယ်အခြေအနေရောက်ခဲ့သလည်း /ရောက်နေသလည်း.. သိသာအောင်ပါ..။ ဒါတောင် မဟနရဲ့အကြောင်း.. ကမ္ဘာကမသိသေးပါဘူး..။ မဟနဆိုတာ ဗာတီကန်ကို အတုယူချင်တာလား.. မသေချာပါဘူး..။
တရားဥပဒေအထက်မှာနေချင်ရင်..ဗာတီကန်လို ပြတ်ပြတ်သားသား.. မြို့- နိုင်ငံခွဲထုတ်လုပ်သင့်တာပေါ့..။
ဆိုတော့..
ဟိုမရောက်ဒီမရောက် မလုပ်ပဲ.. မဟနကို.. အခြေခံဥပဒေအရ..တိတိကျကျပြဌာန်းသတ်မှတ်ဖို့ လိုလိမ့်မယ်..။ ဒီလိုမဟုတ်ရင်.. ဒီမိုကရေစီဆိုတာကို ..”၂ထပ်လိမ်”ဖြစ်နေမယ်ဖြစ်ပါကြောင်း..။
အောက်ကစာတွေ.. ဆိုင်ရာလင့်ခ်တွေထိသွားပြီး သေသေချာချာ လေ့လာကြစေလိုပါကြောင်း….။
===========
http://commons.wikimedia.org/wiki/File:Democracy_claims.svg
Since World War II, countries have accepted the idea of democracy. This map shows which countries that call themselves democracies. The countries that do not are Saudia Arabia and Myanmar, as well as the extremely small countries of Brunei and Vatican City
Blue: Governments who see themselves as a democracy
Red: Governments who do not see themselves as a democracy
=========
http://en.wikipedia.org/wiki/Politics_of_Vatican_City
Politics of Vatican City
From Wikipedia, the free encyclopedia
The Politics of Vatican City takes place in a framework of an absolute theocratic elective monarchy, in which the head of the Catholic Church, the Pope, exercises ex officio supreme legislative, executive, and judicial power over the State of the Vatican City[1] (an entity distinct from the Holy See), a rare case of non-hereditary monarchy.
The pope is elected in the Conclave, composed of all the cardinal electors (now limited to all the cardinals below the age of 80), after the death or resignation of the previous Pope. The Conclave is held in the Sistine Chapel, where all the electors are locked in (Latin cum clave) until the election for which a two-thirds majority is required. The faithful can follow the results of the polls (usually two in the morning and two in the evening, until election) by a chimney-top, visible from St. Peter’s Square: in a stove attached to the chimney are burnt the voting papers, and additives make the resulting smoke black (fumata nera) in case of no election, white (fumata bianca) when the new pope is finally elected. The Dean of the Sacred College (Cardinale Decano) will then ask the freshly elected pope to choose his pastoral name, and as soon as the pope is dressed with the white habit, the Senior Cardinal-Deacon (Cardinale Protodiacono) appears on the major balcony of St. Peter’s façade to introduce the new pope[2] with the famous Latin sentence Annuntio vobis gaudium magnum: habemus papam.(I announce to you a great joy: We have a Pope).
Seal of Vatican City
Pope John Paul II, born in Poland, was the first non-Italian Pope in nearly five centuries. Elected on October 16, 1978, he succeeded Pope John Paul I, whose reign was limited by his untimely death to only 34 days. Pope John Paul II died after 26 years in the pontificate on April 2, 2005. The next papal election began on April 18, 2005, and concluded on April 19, 2005, with the election of Pope Benedict XVI, formerly known as Cardinal Joseph Ratzinger from Germany.
The term “Holy See” refers to the composite of the authority, jurisdiction, and sovereignty vested in the Pope and his advisers to direct the worldwide Roman Catholic Church. It is therefore quite distinct from the Vatican City state, which came into existence only in 1929. As the “central government” of the Roman Catholic Church, the Holy See has a legal personality that allows it to enter into treaties as the juridical equal of a state and to send and receive diplomatic representatives. The Holy See has formal diplomatic relations with 166 nations.
As formally re-defined in 1929, after the Lateran treaties between the Holy See and Italy, to administer properties belonging to the Holy See in Rome, the State of Vatican City is recognized under international law as a sovereign territory. Unlike the Holy See, it does not receive or send diplomatic representatives and the Holy See acts on its behalf in international affairs.
==
http://www.state.gov/r/pa/ei/bgn/3819.htm
March 8, 2011Bureau of European and Eurasian Affairs [Flag of Holy See]
Background Note: Holy See
PROFILE
Note: The Holy See is the universal government of the Catholic Church and operates from Vatican City State, a sovereign, independent territory of 0.44 square kilometers (0.17 square miles). The Pope is the ruler of both Vatican City State and the Holy See. The Holy See, as the supreme body of government of the Catholic Church, is a sovereign juridical entity under international law.
Geography and People
Area: Total of 0.44 sq. km. (109 acres).
Population (April 2009): Approximately 800 (citizens and residents).
Ethnic groups: Italian, Swiss, other.
Religion: Catholic.
Languages: Italian, Latin, French, various others.
Literacy: 100%.
Work force: 3,000 lay workers (reside outside the Vatican).
Government
Type: Papacy; ecclesiastical, governmental, and administrative capital of the Catholic Church.
Independence: Sovereign entity since medieval times (Lateran Pacts creating Vatican City State and confirming independence and sovereignty of the Holy See signed with Italy on February 11, 1929).
Suffrage: Voting for new Popes is limited to Cardinals less than 80 years old.
Economy
Budget: Revenues (2009; latest year for which figures are available)–€250 million (approx. $314.4 million); expenditures (2008)–€254 million (approx. $319.6 million).
Industries: Printing; production of coins, medals, postage stamps, a small amount of mosaics, and staff uniforms. This unique, noncommercial economy is also supported financially by contributions (known as Peter’s Pence) from Catholics throughout the world, by worldwide banking and financial activities, the sale of postage stamps and tourist mementos, fees from admissions to museums, and the sale of publications. The incomes and living standards of lay workers are comparable to those of counterparts who work in the city of Rome.
PEOPLE AND HISTORY
The population of Vatican City includes high-ranking Catholic Church officials, priests, women religious, and Swiss Guards. The Vatican’s workforce includes about 3,000 lay (non-clerical) workers who live outside Vatican City State.
The Holy See’s diplomatic history began in the fourth century, but the boundaries of the papacy’s temporal power have shifted over the centuries. From the 8th century through the middle of the 19th century, Popes ruled over the Papal States, which included a broad band of territory across central Italy. In 1860, after prolonged civil and regional unrest, Victor Emmanuel’s army seized the Papal States, leaving only Rome and surrounding coastal regions under papal control.
In 1870, Victor Emmanuel captured Rome itself and declared it the new capital of Italy, ending papal claims to temporal power. Pope Pius IX and his successors disputed the legitimacy of these acts and proclaimed themselves to be “prisoners” in the Vatican. Finally, in 1929, the Italian Government and the Holy See signed three agreements resolving the dispute: a treaty recognizing the independence and sovereignty of the Holy See and creating Vatican City State; a Concordat defining the relations between the government and the church within Italy; and a financial convention providing the Holy See with compensation for its losses in 1870. A revised Concordat, altering the terms of church-state relations, was signed in 1984.
GOVERNMENT AND INSTITUTIONS
The Pope exercises supreme legislative, executive, and judicial power over the Holy See and Vatican City State. Pope Benedict XVI, formerly Cardinal Joseph Ratzinger of Germany, was elected on April 19, 2005 and formally inaugurated on April 24.
The term “Holy See” refers to the composite of the authority, jurisdiction, and sovereignty vested in the Pope and his advisers to direct the worldwide Catholic Church. As the “central government” of the Catholic Church, the Holy See has a legal status that allows it to enter into treaties as the juridical equal of a state and to send and receive diplomatic representatives. The Holy See has formal diplomatic relations with 176 nations, including the United States and some predominantly Muslim countries.
Created in 1929 to provide a territorial identity for the Holy See in Rome, Vatican City State is a recognized national territory under international law. The Holy See enters into international agreements and receives and sends diplomatic representatives.