‘မီးဟုန်းဟုန်းတောက်မည့် မြန်မာပြည်’ ဆောင်းပါး – ‘ဆရာဝန် တစ်ဦး’ (၁၉၈၈)ခုနှစ် Copy & Paste

မြစပဲရိုးDecember 16, 20111min241

Copy & Paste From

http://www.myanmar.mmtimes.com/2011/article/548/arti01.html

 

မီးဟုန်းဟုန်းတောက်မည့် မြန်မာပြည်

အောက်ဖော်ပြပါ ‘မီးဟုန်းဟုန်းတောက်မည့် မြန်မာပြည်’ ဆောင်းပါးသည် လွန်ခဲ့သည့် ၂၃ နှစ် (၁၉၈၈)ခုနှစ် အတွင်း ‘ဆရာဝန် တစ်ဦး’ ကလောင်အမည်ခံသူတစ်ဦး ဖြန့်ဝေခဲ့သော လက်ကမ်းစာစောင်ဖြစ်ပါသည်။ ယင်းခေတ်ကာလ၏ အခြေအနေကို ဓမ္မဓိဋ္ဌာန် ကျစွာ သုံးသပ်ထားသော စာလွှာတစ်စောင် ဖြစ်ပါသည်။ ယခုအခါ ၎င်းဆောင်းပါးအား လက်ရှိနိုင်ငံတော်အစိုးရ၏ အဖွဲ့အစည်း တစ်ခုဖြစ်သော ပြည်ထောင်စုရာထူးဝန်အဖွဲ့က မှတ်တမ်းအဖြစ် သိမ်းဆည်းထားရန် လိုအပ်နေပါကြောင်း၊ လက်ဝယ်ရှိသူအား ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်မည့်အကြောင်း ၂-၁၂-၂၀၁၁ နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အသိပေးကြေညာခဲ့ပါသည်။ ၎င်း လက်ကမ်းစာစောင်သည် ယခုလက်ရှိ နိုင်ငံရေးအနေအထားနှင့် မည်သို့မျှ မပတ်သက်ကြောင်းနှင့် မည်သည့်ရည်ရွယ်ချက်သဘောမျှ မပါရှိဘဲ တစ်ခေတ်တစ်ခါက အခြေအနေတစ်ရပ်အား ဗဟုသုတရစေလိုသောဆန္ဒနှင့် စာဖတ်ပရိသတ်အတွက် မြစ်ကြီးနား မြို့ခံ တစ်ဦး၏ အကူအညီဖြင့် ဖော်ပြပေးလိုက်ပါသည်။

အယ်ဒီတာ

ဆရာဝန်တစ်ဦး
အတွဲ ၂၈ ၊ အမှတ် ၅၄၈ ( ၁၆ – ၂၂ ၊ ၁၂ ၊ ၂၀၁၁)

ကျွန်တော်သည် ဆရာဝန်တစ်ဦးဖြစ်ပါသည်။ အစိုးရနှင့် တိုက်ရိုက်ပတ်သက်မှု မရှိပါ။ တစ်ပါတီပဲဖြစ်ဖြစ်၊ ပါတီစုံပဲဖြစ် ဖြစ် ကျွန်တော် သမ္မတလည်းမဖြစ်နိုင်၊ ဝန်ကြီးလည်းမဖြစ်နိုင်ပါ။ ကျွန်တော်၏ အလုပ်မှာ ဆေးကုသရန်သာ ဖြစ်ပါသည်။

ယခု တိုင်းပြည်မျက်နှာတစ်ခုတည်းကိုသာ ကြည့်၍ ဘယ်သူ့ဘက်မှ မလိုက်ဘဲ ဒီမိုကရေစီကျကျ ရေးသား တင်ပြလိုပါသည်။

ကျွန်တော်၏ စစ်မှန်သော စေတနာကို ပြည်သူများ နားလည် နိုင်ကြပါစေ။

လက်ရှိအစိုးရသည် အားနည်းချက် ပေါင်းများစွာ ရှိခဲ့ကြောင်း မည်သူမျှ မငြင်းနိုင်ပါ။

တစ်မိန့် တစ်အာဏာဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ခြင်း၊ အာဏာရှင် ဆန်လွန်းခြင်း၊ အခွင့်အရေးယူလွန်းခြင်း၊ ပြည်သူလူထုနှင့် ကင်းကွာလွန်းခြင်း၊ စည်းစိမ်ယစ်မူးပြီး မလုပ်၊ မရှုပ်နေကြခြင်း၊ ဆင့်ကဲဆင့်ကဲ လိမ်ခဲ့ကြခြင်း၊ တိုင်းပြည်စီးပွားရေး ခွက်ခွက်လန် အောင် နိမ့်ကျလာစေခြင်း၊ နောက်ဆုံးတွင် လူပေါင်းများစွာ သေဆုံးခဲ့ရသော သွေးထွက်သံယိုမှုကြီးများ အကြီး အကျယ်ဖြစ်ပွား စေခြင်း စသည့် အားနည်းချက်ပေါင်းများစွာ ရှိခဲ့သဖြင့် ယခုကဲ့သို့ တစ်တိုင်းပြည်လုံး ပျက်ခမန်းလုလု ဖြစ်နေရသည်ကိုလည်း မှန်မှန် ကန်ကန် ဝန်ခံရပေမည်။

ဤနေရာတွင် အစိုးရဆိုသော စကားလုံးမှာ ဘယ်အဆင့်အထိ သတ်မှတ်ရမည်နည်းဆိုသော ပြဿနာကို စဉ်းစားရပေမည်။

အမှန်တော့ အစိုးရဆိုသည်မှာ အုပ်ချုပ်သူ လူတန်းစားဖြစ်၍ နိုင်ငံတော် သမ္မတမှစပြီး ရပ်ကွက်ပြည်သူ့ကောင်စီများအထိ ပါဝင်ကြ သည်။

အဆင့်ဆင့်သော ပါတီတာဝန်ထမ်းဆောင်နေသူများ၊ ပြည်သူ့ရဲများနှင့် အခြားအုပ်ချုပ်ခွင့်ရှိသူ အစိုးရဝန်ထမ်းများအားလုံး သည် လည်း အစိုးရပင်ဖြစ်သည်။

အစိုးရ ညံ့ဖျင်းသည်ဟုဆိုရာတွင် ၎င်းတို့ အားလုံးသည်လည်း အစိုးရပင်ဖြစ်သည့် အတွက် ၎င်းတို့အားလုံးသည်လည်း တာဝန်ရှိ ပေသည်။

တိုင်းပြည်အကျိုး ထက် မိမိအကျိုးကိုသာကြည့်ကြခြင်း၊ တစ်မတ်ဖိုးအာဏာရှိသူက တစ်မတ်ဖိုး ညစ်ပတ်ခြင်း၊ ရဲကလည်း ရဲ အလျောက်၊ ကောင်စီကလည်း ကောင်စီအလျောက်၊ ပါတီကလည်း ပါတီအလျောက်၊ တရားသူကြီးကလည်း တရားသူကြီး အလျောက်၊ အခြားရုံးများ၊ ဌာနများ အသီးသီးကလည်း သူ့နေရာနှင့် သူ အလျောက် လာဘ်စားကြခြင်း၊ အကျင့်ပျက်ကြခြင်း၊ တတ်နိုင်သမျှ ညစ်ပတ်ခဲ့ကြောင်း ပြည်သူအားလုံးအသိပင်ဖြစ်သည်။

တစ်ဦးချင်း- ဥပမာတစ်ခုချင်းပြရလျှင် ကျမ်းဖွဲ့၍ ပြရပေမည်။

တစ်ဖန် အစိုးရမကောင်းသလို ပြည်သူတွေအနေဖြင့်ရော တိုင်းပြည်အပေါ်တွင် ဘယ်လောက်ကောင်းခဲ့ကြသလဲဆိုတာ ပြန်လည် ဆန်းစစ်ဖို့လိုပါသည်။

ယနေ့ လမ်းမများပေါ်တွင် လှည့်လည်၍ အစိုးရထွက်ပေးဟု အော်နေကြသော ကုန်သည်၊ ပွဲစားများကို မေးလိုပါသည်။

လုပ်သားပြည်သူများ စားဝတ်နေရေး ချောင်လည်အောင်၊ ကုန်ဈေးနှုန်းကျဆင်းအောင် ဘာတွေများ တတ်စွမ်းသလောက် ဆောင် ရွက်ခဲ့ ကြပါသလဲ။

မိမိတို့ ကိုယ်ကျိုးကိုသာ ရှေးရှု ၍ ဈေးနှုန်းများကစားခြင်း၊ ကုန်သိုလှောင်ခြင်း လုပ်ခဲ့ကြသူတို့မှာ ဘယ်သူတွေလဲ။

အမြတ်ခွန်တွေကိုကော မှန်မှန်ကန်ကန် ပေးခဲ့ကြသလားဟု မေးလိုပါသည်။

ဈေးနှုန်းတက်စရာရှိ လက်မနှေးဘဲ လွယ်လွယ်ကူကူ တက်ပစ်လိုက်၏။

ကျစရာရှိလျှင်တော့ ဖြည်းဖြည်းပေါ့ဟု ဆိုကြ၏။

ကားသမားကလည်း ကားသမားအလျောက်၊ စပယ်ယာကလည်း စပယ်ယာအလျောက် ပြည်သူကို နှိပ်စက်၏။

မိမိကိစ္စ အောင်မြင်ရေးအတွက် ရိုးရိုးသားသားရှိခဲ့ကြသော ဝန်ထမ်းများကို လာဘ်ထိုးခြင်းဖြင့် ဖျက်ဆီးကြ၏။

ယူသူကလည်း ယူ၏၊ ပေးသူကလည်း ပေး၏။

ထို့နောက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စွပ်စွဲ အပြစ်ဖို့ကြ၏။ (ယနေ့ စင်ပေါ်တက်၍ အာပေါင် အာရင်းသန်သန် ဟောပြော နေကြသော ရုပ်ရှင်သရုပ်ဆောင်တို့က အမြတ်ခွန် မပေးရလေအောင် နည်းမျိုးစုံ ကျင့်ကြံခဲ့ကြ၏။)

ရောင်းဝယ်မှု၊ အပေးအယူမှု အသီးသီးတို့တွင် ငွေမည်းတို့ဖြင့် ကစားခဲ့၊ လှည့်ပတ်ခဲ့ကြ၏။

အခြား မကုန်နိုင်အောင် ထောက်ပြစရာများ ရှိပါသည်။

ယေဘုယျအားဖြင့် ပြည်သူလူထုဘက်မှလည်း တိုင်းပြည်အပေါ် တာဝန်ပျက်ကွက်ခဲ့ကြကြောင်း ရိုးရိုးသားသား ဝန်ခံကြစေလို ပါသည်။

အချုပ် ဆိုရင်လျှင် တိုင်းပြည်ပျက်ရခြင်းတွင် အစိုးရတာဝန်ရှိသလို ပြည်သူတို့ဘက်မှလည်း တာဝန်မကင်းကြောင်း နားလည် ကြစေ လိုပါသည်။

လက်ရှိအရေးအခင်းများကို ဆက်လက်၍ သုံးသပ်တင်ပြပါမည်။

ယခု တစ်တိုင်းပြည်လုံး အော်ဟစ်တောင်းဆိုနေကြသော ဒီမိုကရေစီသည် အင်မတန် ကောင်းမွန်၍ လွတ်လပ်မျှတသော စနစ် တစ်ခုလည်း ဖြစ်ပါသည်။

ကျွန်တော် အလွန်ကြိုက်ပါသည်။

ထို့ ကြောင့် လုပ်သားပြည်သူတို့ ငြိမ်းချမ်းစွာ လှည့်လည်၍ ဒီမိုကရေစီပေးရေး တောင်းခံမှုကို ကျွန်တော် ထောက်ခံ ကြိုဆိုပါသည်။

သို့သော် တဖြည်းဖြည်း ကျွန်တော် ထိတ်လန့်လာပါသည်။

တိုင်းပြည်အရေးအတွက် ရင်လေးမိပြီး တုန်လှုပ်ချောက် ချားလာပါသည်။

ကျွန်တော်တို့ မြန်မာ ပြည်သားများ ဒီမိုကရေစီကို မသုံးတတ်ကြောင်း နားလည်လာရပါသည်။

ဥပမာအချို့ပြရလျှင် နိုင်ငံတော်အလံကို ဇောက်ထိုးတပ်ကြခြင်း၊ တချို့က လုံးခြေ၍ ခြေထောက်ဖြင့် တက်နင်းပြခြင်း၊ ရုပ်ရှင် မင်းသမီး တစ်ဦးက တိုင်းပြည်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ စာအုပ်ကို ခြေထောက်ဖြင့် နင်းပြခြင်း (ဟောပြောသူတစ်ဦးက စင်မြင့်ပေါ်မှ နေ၍ အစိုးရအဖွဲ့အစည်းအသီးသီးအား မအေနှင့် ကိုင်တုတ်ခြင်း)၊ ကားများ ချောဆွဲခြင်း၊ လူတွေ မတန်တဆ တက်စီး ကြခြင်း၊ သင်္ကြန်ကဲ့သို ဟေးလားဝါးလား အပျော်ကြူးကြခြင်း၊ လမ်းလွှဲမရှိသော အချို့ဆင်ခြေဖုံးရပ်ကွက်များကို ပိတ်၍ နာရီပေါင်း များစွာ ဟောပြောပွဲကျင်းပနေသဖြင့် ယာဉ်များ လုံးဝမသွားနိုင်ဘဲ လုပ်သားပြည်သူပေါင်းများစွာ ဒုက္ခ ရောက်ခဲ့ကြခြင်း စသည်တို့ကို ပြည်သူများ တွေ့မြင်ကြပါလိမ့်မည်။

ထို့ပြင် ရန်ကုန်ဆေးရုံကို ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အတွက် အစိုးရအား ပြင်းထန်စွာ ဝေဖန်ရှုတ်ချကြသည်။

ကျွန်တော်လည်း လုံးဝ စိတ်ဆိုးခဲ့ပါသည်။

သို့ရာတွင် ရက်ပေါင်းများစွာ ဆေးရုံကြီးကို သပိတ်စခန်းဖွင့်၍ တို့အရေး၊ တို့အရေးဟု အသံကုန် အော်ဟစ်နေကြခြင်းကို ဘာကြောင့် မတားဆီးခဲ့ကြပါသနည်း။

ဆေးရုံပေါ်တွင် ရှိနေသော အသည်းအသန်လူနာ တို့ကို ကြွေးကြော်သံ၊ ဆူပူအော်ဟစ်သံ တို့ကြောင့် ဘယ်လိုထိတ်လန့်ဝေဒနာ တိုးကြမည်ကို မည်သူမျှ မစဉ်းစားမိကြတော့ဘူးလား။

ဒီမိုကရေစီကျကျ ပွင့်ပွင့်လင်းလင်း ရေးသားရလျှင် ဆရာဝန် တစ်ဦးအနေဖြင့် ဆေးရုံကို ပစ်ခတ်ခြင်း အတွက် ရှုတ်ချသလို သပိတ် စခန်းဖွင့် ခြင်းကိုလည်း ရှုတ်ချပါသည်။

ကျွန်တော့အနေဖြင့် ဩဂုတ်လ ၂၄ ရက်နေ့ည၊ နိုင်ငံတော်သမ္မတ ဒေါက်တာ မောင်မောင် တိုင်းပြည်သို့ မိန့်ခွန်းပြော ကြားပြီး ကတည်းက သပိတ်အောင်ပွဲ ရရှိပြီဟု နားလည်ပါသည်။

အလွန် အနှစ်သာရ ပြည့်ဝသော မိန့်ခွန်းတစ်ခု ဖြစ်ပြီး နိုင်ငံတော်သမ္မတကိုယ်တိုင်က ကတိအတန်တန်ပေးထားပြီဖြစ်ရာ ကိုယ့် တိုင်းပြည်ကို ချစ်ကြလျှင်၊ လူမျိုးကို ချစ်ကြလျှင် သပိတ်လှန်၍ အလုပ်ခွင်သို့ ပြန်ဝင်ကြရန်သာ ရှိပါသည်။

ဥပဒေ ဘောင်အတွင်းမှ စနစ်တကျ ပြည်သူတု့ိ ဆန္ဒ လိုက်လျောခြင်းဖြစ်၍ လက်မခံ နိုင်စရာ မရှိပါ။

စက်တင်ဘာလ ၁ ရက်နေ့တွင် နောက်တစ်ကြိမ် ထပ်မံ၍ တိုင်းပြည်သို့ မိန့်ခွန်းပြောခဲ့ပြန်သည်။

သူ့မိန့်ခွန်းများတွင် တိုင်းပြည်အပေါ် ထားရှိသော သူ့စေတနာကို အထင်အရှား သိနိုင်ပါသည်။

သမ္မတတစ်ဦးအနေဖြင့် လိုက်လျောနိုင်သမျှ အစွမ်းကုန် လိုက်လျောနိုင်၊ မလိုက်လျောနိုင်သော ကိစ္စများကိုလည်း အကျေအလည် ရှင်းလင်းတင်ပြထားပါသည်။

ကျွန်တော် လူမှန်းသိကတည်းက တိုင်းပြည်သို့ တိုက်ရိုက်မိန့်ခွန်းပြော၍ ရှင်းလင်းတင်ပြသော သမ္မတဟူ၍ ယခုတစ်ဦးတည်းသာ တွေ့ဖူးပါသည်။

ဒေါက်တာမောင်မောင် ကဲ့သို့ ခေါင်းဆောင်ကောင်းတစ်ဦး လက်လွှတ်လိုက်ရမည်ကို ကျွန်တော် အင်မတန် နှမြောမိပါသည်။

ယခုလို တိုင်းပြည်ပျက်ခါမှ သမ္မတတက်လုပ်ပြီး သူ့ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် ကြိုးစားစွမ်းဆောင်နေသော ပုဂ္ဂိုလ် တစ်ဦး အနေဖြင့် များစွာချီးကျူးဂုဏ်ပြု ထိုက်ပေသည်။

သူ အာဏာမလိုချင်မှန်း ကျွန်တော် သိပါသည်။

ယခုသပိတ်တိုက်ပွဲသည် တဖြည်းဖြည်းနှင့် အခြေအနေပိုဆိုးလာသည်။

နိုင်ငံရေးအမြတ်ထုတ်မှုများ၊ သမဂ္ဂများ မှိုလိုပေါက်လာကြသည်။

ပါတီစုံမဖြစ်ရသေးဘဲ တွဲရေး ကွဲရေးများ ဖြစ်နေကြပြီ။

ထောင်များလည်း ကျိုးပေါက်၍ ထောင်သားများ လွတ်မြောက်လာကြသည်။

လုကြ၊ သတ်ကြ၊ ယက်ကြ၊ ဖြတ်ကြ ဖြစ်လာကြသည်။

ဒီမိုကရေစီဟု အော်ဟစ်ထွက်ပေါ်လာကြသော စာစောင်များလည်း စီးပွားရေးဆန်ဆန် အလုအယက် ထွက်ပေါ်လာကြသည်။

ဒီမို ကရေစီကျကျ ရေးဖို့ထက် အစိုးရကို များများတွယ်လေ လူကြိုက်များလေဖြစ်၍ အစိုးရကို ပို၍ ဖိအားပေး နှိပ်ကွပ်နေကြသည်။

နိုင်ငံခြားသားများလည်း ခြေရှုပ်လာကြသည်။ ဘီဘီစီ၊ ဗွီအိုအေတို့မှလည်း ကောလာဟလမျိုးစုံ၊ အတို့အထောင် မျိုးစုံတို့နှင့် တိုင်းပြည်ကို မပျက်ပျက်အောင် လုပ်လာကြသည်။

ပြည်တွင်း ကောလာဟလဖြန့်ချိရေးအဖွဲ့မှလည်း တိုင်းပြည် ပျက်စီးရာပျက်စီးကြောင်း ကောလာဟလပေါင်းစုံကို တစ်နေ့ တစ်မျိုး ရအောင် ထုတ်လွှင့်ပေးခဲ့သည်။

နယ်စွန်နယ်ဖျားမှ သူပုန် သောင်းကျန်း သူတို့ ရန်ကုန်မြို့တွင်းသို့ ဝင်ရောက်လာကြပြီး ကင်းစောင့်ရာမှ ပြဿနာဖြစ်ပြီး ရပ်ကွက် အချင်းချင်း အပြင်းအထန် သတ်ဖြတ်ကြသည်။

အစိုးရယန္တရား တစ်ခုလုံးလည်း ပျက်ယွင်းပေပြီ။

ဓာတ်ဆီ လုံးဝမချက်တော့သဖြင့် ဓာတ်ဆီ လုံးဝမရှိ၊ ထို့ကြောင့် ကား ဈေးနှုန်း ကြီးမြင့်လာ၍ လက်လုပ်လက်စားတို့ ငတ်ကြလေပြီ။

ငတ်သဖြင့် လုကြ၏။

ပြည်သူတို့ကို နှိပ်စက်ခိုးဆိုး အကြံအဖန်လုပ်ခဲ့ကြသော ဝန်ထမ်း အသီးသီးတို့သည် ယခုအခါ အပြစ်ကင်းစင်သော သူရဲကောင်းများ ဖြစ်လာကြ၏။

အစိုးရကို ကလော်ဆဲကြ၏။

တစ်လလုံး လှည့်လည်သပိတ် မှောက်ပြီး လကုန်ရက် လခထုတ်စရာရှိတော့ အပြည့်အဝ သွားရောက်ထုတ်ယူကြ၏။

ဒီလ အလုပ် မလုပ်ပါလား၊ ဒါကြောင့် လခမယူတော့ဘူးဟု ငြင်းသူမရှိ။

လခထုတ်ပြီး နောက်တစ်နေ့ သပိတ်ဆက်မှောက်၏။

အချုပ် ဆိုရသော် တိုင်းပြည်ကြီး ရစရာမရှိအောင် ပျက်ယွင်းသွားလေပြီ။

နဂို ကတည်းက အပျော်ကြူးရမည်ဆိုလျှင် ဗိုလ်မထားသော ကျွန်တော်တို့ မြန်မာ ပြည်သူပြည်သားများသည် ဒီမိုကရေစီကို လွဲမှားစွာ အသုံးချကုန်ကြလေပြီ။

ဤအတိုင်းဆိုလျှင် မကြာမီပင် မြန်မာနိုင်ငံကြီး မီးဟုန်းဟုန်းတောက်လောင်ပေတော့မည်။

သွေးချောင်းစီးပွဲများ ဖြစ်ရမည်မှာ မလွဲပါ။

ယခုလို အရေးကြီးသည့်အချိန်တွင် အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် တိုင်းပြည်ကို ကယ်တင်ရန် အရေးကြီးလှပေ သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးသည် ယခုအခါ ချောက်နှုတ်ခမ်းပေါ်တွင် တဲတဲလေးသာ ကျန်တော့သည်။

ယခင်က လုပ်ခဲ့ကိုင်ခဲ့ကြသူ ခေါင်းဆောင်များအနေဖြင့်လည်း တိုင်းပြည်ကို ကယ်တင်ဖို့ထက် မိမိတို့ အာဏာရရှိရေး အတွက် အပြင်းအထန် စည်းရုံး၍ တိုင်းပြည်ကို ချောက်ထဲသို့ အတင်းတွန်း ချနေကြသည်။

တကယ်အရေး အကြောင်း၊ တိုင်းပြည်အတွက် လိုအပ်စဉ်ကာလက ၎င်းတို့ ဘယ်မှာ ပုန်းခိုနေ ကြသည်မသိ၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး တစ်ဦးတည်းသာ အမိုက်ခံ၊ အနစ်နာခံ၍ တိုင်းပြည်၏ ပကတိအခြေ အနေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်တင်ပြခဲ့ပေသည်။

သူ့စာများတွင် အမှားအယွင်း အနည်းငယ်ပါရှိသော်လည်း မူရင်း စေတနာနှင့်ယှဉ်လျှင် မပြောပလောက်ပါ။

ယခု လောလောဆယ်လည်း သူ့အနေဖြင့် ဘာမှလက်လွတ်စပယ် ဟောပြောခြင်း၊ ပုဂ္ဂလိက တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ဘဲ ဒီမို ကရေစီကျကျ ပြောဆိုလုပ်ကိုင်နေသည်ကို တွေ့ရပေသည်။

အချို့နိုင်ငံရေးခေါင်းဆောင်ဟောင်းများစွာ အစိုးရက ဘွဲ့ထူး ဂုဏ်ထူးတွေ ချီးမြှင့်စဉ်ကပင် ကျေကျေနပ်နပ် လက်ခံ ယူခဲ့ကြပြီး ပေးအပ်သော ငွေကြေးနှင့် အခြား ခံစားခွင့်ရှိသည်တို့ကိုလည်း အပြည့်အဝ ခံစားခဲ့ကြပေပြီ။

လေး-ငါး သောင်းခန့် တန်ဖိုးဖြင့် အစိုးရပေးသော ကားများကိုယူ၍ စီးပွားရှာကြသည်။

အချို့မှာ နှစ်သိန်းပတ်ဝန်းကျင်ဖြင့် ပြန်၍ ရောင်းချကြသည်။

အစိုးရကို မကျေနပ်လျှင် အစကတည်းက ငြင်းပယ်ခဲ့ကြပါလား။

မိမိကိုယ်တိုင်က အစိုးရပေးသော အခွင့်အရေးများကို အသိအမှတ်ပြုခံစားပြီး ယခုအခါကျမှ အစိုးရ ကို ဘာကြောင့် ပုဂ္ဂလိက တိုက်ခိုက်နေ ကြသလဲဟု ပြန်လည်စဉ်းစားကြစေလိုသည်။

ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး ဆိုလျှင် ၎င်းဖော်ထုတ်ဟောပြောခဲ့သော သွေးထက်သံယိုမှုပေါင်းစုံတို့၏ သုံးပုံ နှစ်ပုံခန့်တွင် မိမိသည် အစိုးရ၏ ထိပ်တန်းခေါင်းဆောင်အဖြစ် တာဝန်အရှိ ဆုံး ပါဝင်ခဲ့သည်ကို မေ့လျော့နေသလားဟု မေးကြည့်ချင်ပါသည်။

ယနေ့ ဒီမိုကရေစီ အမြန်ပေးပါဟု အော်ဟစ် ကြွေးကြော်နေသော တပ်မှူးဟောင်းများ မိမိတို့ ဘာကြောင့် တပ်မှ အထုတ်ပယ်ခံရ သည်ကို ပြန်လည် စဉ်းစားကြစေလိုသည်။

မိမိတို့ ကျူးလွန်ခဲ့သည့် မဲဆွယ်မှု၊ မဲခိုးမှုတို့အတိုင်း ယခု ပြန်လုပ်ကြမည်စိုး၍ ဆန္ဒခံယူပွဲ မလုပ်သင့်ပါဟု အော်နေကြသလားဟုပင် ထင်မိပါသည်။

တစ်ချိန်လုံး ဘယ်နေရာတွင် အိပ်နေမှန်းမသိသော ရှေ့နေများ ကောင်စီကလည်း ဒေါက်တာမောင်မောင်၏ မိန့်ခွန်းကို အကိုး အကားများ ထုတ်၍ ကန့်ကွက်ခဲ့ကြ၏။

အခြေခံ ဥပဒေကို အစိုးရက အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြောင်း၊ ပုဒ်ထီး ပုဒ်မများဖြင့် အတိတ်ကို ပြန်လည်ဖော်ထုတ်ခဲ့ကြ၏။

၎င်းရှေ့နေများကို ကျွန်တော်တစ်ခု မေးလိုပါသည်။

အစိုးရအနေဖြင့် ၎င်း အခြေခံဥပဒေများကို ချိုးဖောက်ခဲ့စဉ်က ရှေ့နေများကောင်စီက ဘာကြောင့် တရားဝင် ကန့်ကွက်လွှာ မတင်သွင်း ခဲ့ကြပါသနည်း။

ဒါတော့ ပြောလို့ရမှာ မဟုတ်ဘဲဟု ဆင်ဝှေ့ရန်ရှောင် မပြုလုပ်ကြစေလိုပါ။

အစိုးရအနေဖြင့် အရေးယူသည်၊ မယူသည်မှာ မိမိတာဝန်မဟုတ်၊ ဥပဒေကို နားအလည်ဆုံးဖြစ်သည့် ရှေ့နေများ ကောင်စီအနေဖြင့် အစိုးရက ဥပဒေချိုး ဖောက်နေကြောင်း သိလျှင် ရဲရဲဝံ့ဝံ့ ကန့်ကွက်လွှာတင်သွင်းရန် တာဝန်ရှိပေသည်။

ဥပဒေကိုချိုးဖောက်နေကြောင်း သိလျက်နှင့် ငြိမ်နေခြင်းသည် ဥပဒေ ကျူးလွန်ရာရောက်သည်ဟု ကျွန်တော် နားလည်ပါသည်။

ယခုလို ဘေးရန်ကင်းရှင်းမှ လက်ခမောင်းခတ်သူများကို ပြည်သူတို့ ဘယ်လိုမြင်ကြမည်ကို စဉ်းစားကြည့်စေလိုပါသည်။

နောက်တစ်ခုအနေနှင့် ပြောရလျှင် “ယနေ့ ပါတီစုံစနစ်ကို တောင်းဆိုနေကြသူများ စင်ပေါ်တွင် အော်ဟစ်ပြောဟော နေကြသူများက “ရွေးကောက်ပွဲလုပ်စရာ မလိုပါ။ ပါတီစုံစနစ်ကိုသာ တန်းပြီး ပေးလိုက်ပါတော့”ဟု ဘာကြောင့် တောင်းဆိုနေကြပါသလဲ။ တစ်ဖက်က လည်း ဒီမိုကရေစီဟု တောင်းဆိုသည်။

တစ်ဖက်မှလည်း ရွေးကောက်ပွဲလုပ် မနေနှင့်တော့။

ပါတီစုံကို တစ်ခါတည်းသာ ပေးလိုက်တော့”ဟု ဆိုပြန်ရာ မီးစ တစ်ဖက်၊ ရေမှုတ်တစ်ဖက် ဖြစ်မနေဘူးလားဟု မေးလိုပါသည်။

ပြည်သူများ ဆန္ဒကို မသိချင်ကြတော့ဘူးလား။ တစ်ပါတီစနစ်ကိုသာ လိုလားသူ ပြည်သူ သန်းပေါင်းများစွာ ရှိနေကြပါသည်။

ယင်းကိုထည့်၍မစဉ်းစားဘဲ အဓမ္မ တောင်းဆိုနေကြခြင်းမှာ ဒီမိုကရေစီ ဟုတ်ပါရဲ့လား။

ပါတီစုံကို တစ်ခါတည်း ပြောင်းလိုက်လျှင် တစ်ပါတီလိုလားသူ ပြည်သူလူထုကို ဘယ်လောက် နစ်နာ သွားမည်ကို ဒီမိုကရေစီကျကျ စဉ်းစားမိ ကြရဲ့လား။

ပြည်သူအားလုံး၏ ဆန္ဒပါဝင်သော တစ်ပါတီနှင့် ပါတီစုံ ဆန္ဒခံယူပွဲကို သန့်သန့်ရှင်းရှင်း မလုပ်ရဲကြတော့ဘူးလား။

ပြည်သူအားလုံး၏ဆန္ဒ မပါဝင်ဘဲ ပါတီစုံစနစ်ကို အတင်းအဓမ္မ တောင်းဆိုနေကြခြင်းမှာ ဒီမိုကရေစီ ဟုတ်ပါရဲ့လား။

ပါတီစုံကို တစ်ခါတည်း ပြောင်း လိုက်လျှင် တစ်ပါတီကိုလိုလားသူ ပြည်သူလူထုကို ဘယ်လောက် နစ်နာသွားမည်ကို ဒီမိုကရေစီ ကျကျ စဉ်းစားမိရဲ့လား။

ပြည်သူအားလုံး၏ဆန္ဒ ပါဝင်သော တစ်ပါတီနှင့် ပါတီစုံ ဆန္ဒခံယူပွဲကို သန့်သန့်ရှင်းရှင်းနှင့် မလုပ်ရဲကြဘူးထား၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိကြဘူး လားဟု အထပ်ထပ်အခါခါ မေးမြန်းလိုပါသည်။

လုပ်သားပြည်သူအပေါင်းတို့ခင်ဗျား နိဂုံးချုပ်ဆိုပါမည်။

ကျွန်တော်တို့ တိုင်းပြည်ပျက်စီးပုံအရေးကို မြင်ကြပါ။

ကျွန်စော်နံလာပြီကို သတိပြုကြပါ။

အစိုးရသည် အစိုးရသာဖြစ်ပါသည်။

တိုင်းပြည်မဟုတ်ပါ။

အစိုးရကို မုန်းတီးရုံ၊ ဦးနေဝင်း၊ ဦးစန်းယုကို မုန်းတီးရုံနှင့် တိုင်းပြည်ကို မဖျက်ကြပါနှင့်။

ကျွန်တော်တို့သည် တိုင်းပြည်မျက်နှာကိုသာ ကြည့်ရမည်ဖြစ်ပါသည်။

ဦးနေဝင်း မျက်နှာကို ကြည့်စရာမလိုပါ။

ထို့အတူ ဒေါက်တာမောင်မောင်၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၊ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် စသည်ဖြင့် ဘယ်သူ့မျက်နှာကိုမျှ ကြည့်စရာမလိုပါ။

သန်းပေါင်းများစွာသော ပြည်သူတို့၏ အကျိုး၊ တိုင်းပြည်၏အကျိုးကိုသာ ရှေးရှု၍ တိုင်းပြည်ချစ်စိတ်မွေးကြပါ။

တရားမျှတသော၊ ဒီမိုကရေစီကျသော ဥပဒေဘောင်အတွင်းမှ ဆန္ဒခံယူပွဲများတွင် ကြိုက်သလိုပါဝင်ကြပါ။

မိမိတို့အလုပ်ကို ပြန်လုပ်ကြရင်း တိုင်းပြည် ချစ်ကြောင်း၊ အစိုးရ မကောင်းသော်လည်း မိမိတို့ကောင်းကြောင်းပြကြပါ။

အစိုးရများ အနေဖြင့်လည်း နုတ်ထွက်ပေးမည်ဖြစ်ကြောင်းကို အထပ်ထပ် ဖြေပြီးဖြစ်ပါသည်။

မိမိတို့လက်ထဲတွင် ဒီမိုကရေစီရောက်နေကြောင်း စဉ်းစားကြည့်လျှင် သိနိုင်ပါသည်။

မှန်မှန်ကန်ကန် ဆုံးဖြတ်ကြပါ။

ကြားကြားသမျှ ကောလာဟလများကိုလည်း ဉာဏ်ရှိသူများပီပီ ချင့်ချိန်၍ ယုံကြပါ။

ထပ်၍ဆိုပါမည်။

ကျွန်တော်သည် တိုင်းပြည်ကို ချစ်မြတ်နိုးသော ဆရာဝန် တစ်ဦးသာဖြစ်၍ ဘယ်ဘက်သို့မှ မလိုက်ဘဲ ဒီမိုကရေစီကျကျ ရေးသား တင်ပြကြောင်း ပြည်သူကို သိစေချင်ပါသည်။

ကျွန်တော် ဆွေမျိုးရင်းချာတစ်ဦးလည်း အရေးအခင်းထဲတွင် သေနတ်မှန်၍ သေဆုံးခဲ့ရပါသည်။

သို့သော်လည်း မိမိ၏ ဆွေမျိုးတစ်ဦး၏အရေးထက် တိုင်းပြည်၏အရေးကိုသာ ကျွန်တော် ကြည့်ပါသည်။

12 comments

  • Khin Latt

    December 16, 2011 at 10:41 pm

    အဲဒီတုန်း က သမ္မတကြီး ဦးမောင်မောင် ရဲ့ “နဲနဲလေး တောင် မစောင့်နိုင်ကြတော့ဘူးလား” ဆို တဲ့စကားကို သတိရဆဲ။
    Back to the Future ရုပ်ရှင်လို အနာဂါတ် ကနေပြန်ကြည့်လို့ ရရင် တော့ ဘာဖြစ်ခဲ့မယ် ဆိုတာသိမှာပေါ့။
    အဲဒီတုန်းက ကျွန်မ လဲ ဆန္ဒပြ ကျောင်းသူ ပေမဲ့ စောင့်ကြည့်ချင် တဲ့ သူတွေထဲမှာပါခဲ့ ပါတယ်။

    ဒါပေမဲ့ အခုတော့ အတိတ်ကို ပြန်သွား နေလို့ အပို ပါဘဲ။
    ဖြစ်ပြီးတာကို သင်ခန်းစာယူသင့်ရင် ယူပြီး အနာဂါတ် ကောင်းဖို့ ကိုဘဲ ကြိုးစား ကြရပါမယ်။
    တိုင်းပြည်အဆင့် ဖြစ်နေတဲ့ ပြဿနာမှာ ဘာကိုမှ ချက်ချင်းဗြုန်းကနဲ ပြင်မရတာကို တော့ သတိချပ်ကြရပါမယ်။

  • ရဲစည်

    December 16, 2011 at 10:58 pm

    အလွန်ဘဲကောင်းပါသည်။လွန်ခဲ့ပြီ ဆိုပေမဲ့ ရွှေမြန်မာများ အခုထိ အကျင့်ဆိုးများအား လက်ဆင့်ကမ်းနေတုန်းပင်။

  • htoosan

    December 16, 2011 at 11:02 pm

    ဒေါ်ခင်လတ်ရေ..တစ်ယောက်တင်ထားပြီး ဖြစ်သွားပါတယ်။

  • nigimi77

    December 16, 2011 at 11:15 pm

    မခင်လတ်

    ဖတ်စေချင်လို ့ ပြန်ကူးပြီး တင်ပေးတဲ့ အားထုတ်မှုကို အသိအမှတ်ပြုပါတယ်။

    သို ့သော်လည်း စာဖတ်အားလဲ ကောင်းစေချင်ပါတယ် ။

    မန်းလေးဂေဇာတ်လို ့ ဆိုလိုက်တာနဲ ့ တင်ပစ်လိုက်မယ် ကော်ပီထည့်လိုက်မယ် ဆိုတာမျိုး

    မဖြစ်စေချင်ပါဘူး ။ တစ်ယောက်ယောက်က တင်ထားတာ ကာလ အတန်ကြာလို ့မသိလိုက်ဘူးဆိုတာ

    မျိုးကို နားလည်ပေးလို ့ရပေမဲ့ လောလောလတ်လတ် မပုတ်မသိုးသေးတဲ့ အချိန်အတွင်းမှာ

    ဒီ ကော်ပီ အကြောင်းအရာကို တင်ထားတဲ့သူ ရှိနေတယ်ဆိုတာ သိစေချင်ပါတယ် ။

    အရင်ဆုံး လေ့လာပါ…..ပြီးရင် ပြောပါ ။

    ဒီ အောက်က လင့်ကတော့ ပထမလူရဲ ့ ကော်ပီ စာမူပါ ။

    ကော်ပီ ကူးတာလဲ ကူးကြပေါ့ ။

    တော်ကြာ ဟို သေခါနီး အဆိုတော်မကြီးနဲ ့ နောက်ပေါက် အဆိုတော်မတို ့

    သူများ နိုင်ငံက ဘောလုံးသီချင်း သံစဉ်ကို စားခွက်လုပြီး ကျမကသာလျင် မူပိုင်ရှင် ဆိုတာမျိုး

    ဖြစ်နေဦးမယ်

    http://myanmargazette.net/86544/uncategorized-other/copypaste

    • Khin Latt

      December 16, 2011 at 11:32 pm

      Dear Nigimi77,

      I am so sorry for duplicate post.
      I didn’t realize that post has already been here even though I have read some post.
      Yes… I admit it I was so lack of knowledge how to make copy & paste.
      If I know it, I will make comment on it.
      I would like to delete the post I made but there is no option to delete.
      Please do delete it for me Kai.

      Thanks.

  • nigimi77

    December 16, 2011 at 11:55 pm

    သိပ်ကို လေးစားဖို ့ကောင်းတဲ့ ဝန်ခံမှုပါပဲ မခင်လတ် ။

    နောက်ထပ် ဖတ်သင့်တဲ့ စာမူတွေ စောင့်မျှော်နေပါမယ် ။

    ကျေးဇူးတင်ပါတယ် ။

    • Khin Latt

      December 17, 2011 at 12:10 am

      Thanks again.
      I was so excited as soon as I read that article.
      That excited rush motion made me down.
      It’s totally my fault and I have to be careful well in the future. 🙂
      Please give me the advice if you know how to delete the Post.
      Thanks nigimi77.

  • nigimi77

    December 17, 2011 at 12:18 am

    ပိုုစ့်ကို ဖျက်ပေးနိုင်တာ ကိုခိုင် တစ်ယောက်ပဲ ရှိပါတယ်။

    ကျွန်တော့် အမြင်ကတော့ Delete လုပ်ဖို ့မတောင်းဆိုစေချင်ဘူး ။

    ဖတ်ခဲ့ပြီးသား ပိုစ့်တခုဖြစ်တယ် ဆိုရင်တောင် အခုလို အပြန်အလှန် ရေးသား

    ဆွေးနွေးမှုဟာ စာဖတ်သူတွေကို မက်ဆေ့ဂျ် တစ်ခုကို ပေးစွမ်းနိုင်ပါတယ် ။

    အဲဒါက ဘာလဲ ဆိုတော့ ဝန်ခံတတ်ခြင်း ပါပဲ ။

    • Khin Latt

      December 17, 2011 at 12:45 am

      Thanks …… 🙂

  • kai

    December 17, 2011 at 12:21 am

    @ Khin Latt, nigimi77
    ကျေးဇူးတင်ပါတယ်နော..။
    ဒီပို့စ်ကို မဖျက်ပါဘူးခင်ဗျား….။

    • Khin Latt

      December 17, 2011 at 12:39 am

      ကျွန်မ အတွက် နောက်ထပ် ရမဲ့ အကျိုးက တော့ တစ်ခုခု ကို လုပ်မယ် ဆိုရင် လောမကြီး ဖို့ပါဘဲ။
      ရှေ့နောက် မကြည့်ဘဲ ကိုယ့်ဆန္ဒမြန်မြန် နဲ့ လုပ်မိတာ မှားဖို့ ပိုများပါ၏။
      ဒါပေမဲ့ Comment ပေးတာတွေကို အရင် Post မှာ ဘဲ ဆက်ပေး နိုင်ကြဖို့ ကျွန်မ ရဲ့ Post Comment ကို ပိတ်ပေးပါ။
      ကျေးဇူး ပါရှင့်။

      —- တော်ကြာ ဟို သေခါနီး အဆိုတော်မကြီးနဲ ့ နောက်ပေါက် အဆိုတော်မတို ့

      သူများ နိုင်ငံက ဘောလုံးသီချင်း သံစဉ်ကို စားခွက်လုပြီး ကျမကသာလျင် မူပိုင်ရှင် ဆိုတာမျိုး

      ဖြစ်နေဦးမယ် —–
      nigimi77 Comment ကို ဖတ်ပြီး ကျွန်မ ရီ လို့ မဆုံးပါ။ ဒီလို ကွင်းကွင်း ကွက်ကွက် ထိမိ တဲ့ နမူနာပေးလို့ ကျေးဇူးတင်ပါ၏။ 🙂

Comments are closed.