Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

NGO တွေနေတဲ့အိမ် (၂)

Yan ShinDecember 16, 20111min2092

NGO တွေနေတဲ့အိမ်

အရင်တစ်ပါတ် စနေ တနင်္ဂနွေက ကျွန်တော်တို့ ဝန်ထမ်းတွေစုငှါးနေတဲ့ အိမ်ကို ကျွန်တော့်သ္မီးကြီး သူသူအောင်ဆန်း(ကိုးနှစ် သုံးတန်း) လာလည်သွားတယ်။

သ္မီးကြီးက ဘာပြောတယ်မှတ်လဲ “ဖေဖေတို့အိမ်ကလည်း ရှက်စရာကြီး” တဲ့။

အမငှီး အော်သာအော်လိုက်ခြင်တော့တယ်

“ကိန်”

ကျွန်တော်သိတယ်…… သ္မီးကို စာကျက်ပြင်းတုန်းက ကျွန်တော်က စည်းကမ်းတွေထုတ်တော့ သ္မီးမေးလို့ ကျွန်တော်ပြောခဲ့တဲ့ စကား

“ သ္မီးက စည်းကမ်းမရှိလို့ စည်းကမ်းထုတ်ရတာ” ကို သ္မီးက မှတ်မိပြီး ပြန်ပြောတာ။

ကျွန်တော်တို့နေတဲ့အိမ်ကလည်း

ဝင်းတံခါးမကြီးဝင်တော့ “ဖွင့်ဝင် ဖွင့်ထွက် ပြန်ပိတ်ခဲ့ပါ”

အိမ်ရှေ့ခန်းဝင်တော့ “ကျေးဇူးပြုပြီး ဖိနပ်ချွတ်ပါ”

ဧည့်ခန်းပြတင်းဝမှာ ”ကွမ်းတံတွေးမထွေးရ“

လျှပ်စစ်မိန်းခလုပ်နားမှာ “မလိုအပ်သောမီးများ ပိတ်ထားပါ” “အပြင်ထွက်လျှင် မိန်းချခဲ့ပါ“

အိမ်သာတွင်းမှာ “မိမိပစ္စည်း မိမိတာဝန်”

ရေချိုးခန်းမှာ “ ရေကိုသုံးပါ မဖြုန်းပါနှင့်”

မီးဖိုချောင်မှာ ”ထမင်းအိုးကို အောက်ပေါက်ခူးပါ” “လိုသလောက်သာ ထည့်ပါ”

တအိမ်လုံးပါပဲ……

စည်းကမ်း ဥပဒေဆိုတာ ချိုးဖေါက်တဲ့သူတွေရှိနေလို့ ချမှတ်ပေါ်ပေါက်လာတာပါ။ ဥပဒေတွေ အများဆုံးရှိနေတဲ့နိုင်ငံဟာ စည်းကမ်းအမဲ့ဆုံးနိုင်ငံပဲတဲ့ ကြားဘူးတာပါ။

ဥပဒေဆိုတာ ညစ်ပါတ်သူတွေရှိလို့(ချိုးဖေါက်သူတွေရှိနေလို့) ထုတ်သလို ညှစ်သတ်ခြင်သူတွေက ထုတ်ပြန်တာလဲရှိတတ်တာပါပဲ။

၁၉၉ဝ ကျော်ကာလလောက်ကပါ ကျွန်တော်တို့ မြို့ကလေးရဲ့ လူ့ဘောင်သစ်ဒီမိုကရေစီရုံးရှေ့မှာ

“ ဥပဒေတွေထပ်ထပ်မတိုးပါနဲ့ တို့တစ်တွေမှာ ကြောက်တတ်တဲ့ အမျိုးပေမို့ သူ့အမေ—´´ ဆိုပြီး

ဆိုင်းဘုတ်ကြီး အကြီးကြီးကို လူငယ်ကျောင်းသားလေးတွေ တင်ထားလို့ အဲဒီခေတ်က စစ်အစိုးရနဲ့ တရားဖြစ်ရသေးတယ်။

သ္မီးရေ ဖေဖေတို့နေထိုင်တဲ့ ကမာ္ဘကြီးဆိုတာ ဟိုးအရင်တုံးက သူကဖေဖေတို့ကိုပေးခဲ့တာ စိမ်းညှို့နေတဲ့ တောင်တန်းကြီးတွေ ကြည်လင်အေးမြနေတဲ့ စိမ့်စမ်းရေအိုင်တွေနဲ့ပေါ့။

ခုတော့ဒါတွေဟာ ဖေဖေတို့လူတွေကြောင့်ပဲ ပျက်စီးကုန်ကြပြီ။ ဖေဖေတို့ လူသားတွေပဲ စည်းကမ်း မဲ့လွန်လွန်းလို့ပေါ့။

ဆရာကြီးတစ်ဦးပြောတာကြားဘူးတယ်။ ကမ္ဘာမြေကြီးက လူသားတွေလိုသမျှကိုပေးစွမ်းပါတယ်။ ဒါပေမဲ့ လူသားတွေလောဘကို ပြည့်အောင်တော့ မပေးစွမ်းနိုင်ပါဘူးတဲ့။

သ္မီးရေ အဲဒီလူသားတွေ စည်းကမ်းမဲ့မှု့ကြေင့်ပဲ ဖေဖေတို့ကမာ္ဘကြီး ကျန်းမာရေးချို့တဲ့နေပြီတဲ့။

Global Warming တဲ့ ကမာ္ဘာကြီးပူနွေးလာနေပြီ။ ငါတို့ကမ္ဘာကြီး တစ်နှစ်ထက်တစ်နှစ် အပူချိန်တွေမြင့်မား လာနေပြီပေါ့။

အဲဒါတွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု့လွန်ကဲလို့၊ သစ်ပင်သစ်တောတွေပြုန်းတီးလို့ အိုဇုန်းလွှာကို ပျက်စီးစေတဲ့ ဓါတ်ငွေ့တွေကို လူတွေ အလွန်ထုတ်သုံးလာနေလို့ပါပဲ။

မရှိမဖြစ်နီးပါးစွဲနေပြီဖြစ်နေတဲ့ ကြွပ်ကြွပ်အိတ်ဆိုလဲ ခုဆို ဖေဖေတို့ကမ္ဘာကို ချိမ်းခြောက်နေပြီ။ သူ့ကို လျှော့သုံး၊ ငြင်းပယ်၊ ပြန်သုံး၊ စနစ်တကျထုပ်ပိုးစွန့်ပြစ် စသည်ဖြင့် နေ့တိုင်းပဲ အော်ပေးနေရတယ်။

သ္မီးရေ ဖေဖေတို့ကမ္ဘာပျက်စီးနေတာကို ရာသီဥတုပြောင်းလဲခြင်းတွေ ရာသီဥတုဖေါက်ပြန်ခြင်းတွေကနေတွေ့မြင် နေရပြီ။ ကမ္ဘာတစ်ဝှမ်းမှာ နေ့စဉ်ဖြစ်နေ ကြားနေရတယ်။ ရေခဲတောင်တွေအရည်ပျော် ပြိုကျလို့ ရေကြီးလို့၊ မြေပြိုလို့၊ မိုးခေါင်လို့၊ ငလျှင်လှုပ်လို့ မီးတောင်ပေါက်လို့………

ငါတို့ပါတ်ဝန်းကျင်ကို မြင်အောင်ကြည့်ရင် ဆင်ခြင်စရာတွေခြည့်ပေါ့။

 

We are NGO.(Civil Service Organization)

We are NPO (Non Profit Organization)

We are Environmental Conservation activatic.

We are Community Developer.

We are Volunteer.

We are Facilitator.

သ္မီးရေ ဖေဖေတို့ဟာ

အစိုးရမဟုတ်သော လူထုအကျိုးပြု အဖွဲ့အစည်းကလူတွေပေါ့။

အမြတ်မစွန်းအတွက် မဟုတ် လူထုအတွက် အလုပ်လုပ်နေတဲ့ လူတွေပေါ့။

သဘာဝပါတ်ဝန်းကျင် ထိမ်းသိမ်းရေးသမားတွေပေါ့။

လူထု အကျိုးပြု ပြုလုပ်နေသူတွေပေါ့။

ဖေဖေတို့ဟာ အဲဒီပြည်သူလူထုတွေကို ဦးဆောင်ဆွေးနွေး ပြောင်းလဲပေးခြင်သူတွေပေါ့။

 

သမီးမြင်သလားတော့မသိဘူး။ ဖေဖေတို့တစ်တွေပြည်သူကြားကိုသွားမယ်။ ပြည်သူတွေကို ရှင်းပြမယ်။ စံပြလုပ်ပြမယ်။ သူတို့ကို ပြောင်းလဲစေခြင်တယ်။ ပြောင်းလဲပေးခြင်တယ်။

အဲလိုဆိုရင် ဖေဖေတို့ကိုယ်တိုင်က အဲဒါတွေကိုကောင်းကောင်းသိနေရမယ်။ အဲဒီမကောင်းတဲ့ ဆိုးကျိုးဖြစ်မဲ့ဟာတွေကို မလုပ်တဲ့ရှောင်ကျင်တဲ့ သူတွေဖြစ်နေရမယ်။

ဖေဖေတို့ကိုယ်တိုင်သိ ကိုယ်တိုင်နားလည် ကိုယ်တိုင်လက်ခံပြီး ကိုယ်တိုင်ကျင့်သုံးနေထိုင်သူ (စံပြ) ဖြစ်နေဘို့လိုမယ်။

 

ခုတော့ သ္မီးပြောသလိုပဲ “ဖေဖေတို့အိမ်ကလည်း ရှက်စရာကြီး” တဲ့။

 

စိတ်ချပါသ္မီးရယ် နောက်ကိုလေ ဖေဖေအတွက်တော့ သ္မီးမရှက်စေရအောင် ဖေဖေကျိုးစားပြီး ပြုပြင်နေပါ့မယ်လို့။

2 comments

  • Yan Shin

    December 17, 2011 at 10:07 am

    စကားချပ်။
    ကျွန်တော်က ဝါရင့် NGO ကြီးတော့မဟုတ်ပါ။
    ခုမှ ဝင်ပြီး လုပ်တာ တစ်နှစ်ကျော်ရုံလေးပဲရှိပါသေးတယ်။
    အဲဒီမှာ အလုပ်လုပ်ရင်း အလုပ်ကိုနှစ်သက်သွားပြီး အားမရလို့ရေးမိတာပါ။
    သိပ်အသိကြီးတော့ မဟုတ်ရပါ။
    (တော်ကြာ အဆဲခံနေရမှာစိုးလို့ပါ။)

  • ကြောင်ကြီး

    December 19, 2011 at 12:17 pm

    တချို့တွေက အိမ်ခြံစည်းရိုး အရံအတားတွေကို သဘောအမှတ်အသားလောက်ပဲ ထားကြတယ်။ မေးကြည့်တော့ အဲဒါတွေက လူကောင်းတွေသိအောင် လုပ်ထားတာမို့ အခိုင်အခန့် အကြီးအကျယ် လုပ်စရာ မလိုဘူးတဲ့။ ခိုးမဲ့သူကြတော့လည်း ဝါးတရိုက် သံဆူးကြိုးကာ တံတိုင်းခတ်ထားလည်း ရအောင်ဝင်မှာပဲတဲ့။ ဒါကြောင့် အပင်ပန်းခံ အိမ်အလှအပျက်ခံပြီး ထောင်လိုဝင်းထရံ မခတ်ထားဘူး။ မှန်လည်းမှန် မှားလည်းမှားပေါ့နော်။ ဒါပေမဲ့ အကြောင်းမဲ့မဟုတ်လို့ စဉ်းစားလို့ အကျိုးမဲ့စရာမရှိပါဘူး။။။ ကြောင်ကြီးဆိုလည်း အိမ်မှာနေရင် naked ဘာမှ ဖုံးမထားဘူး။ မတော်တရော် ကြံချင်တဲ့မိန်းခလေး ဝင်ကြံသွားနိုင်တယ်။ ဂျော်လကီးလာရင်တော့ သေနတ် (တကဲ့သေနတ်) နဲ့ ထုတ်ပစ်မယ်။။။

Leave a Reply