ရသနဲ့ သုတ၊ နည်းပညာနဲ့ သဘာဝ၊ အဟောင်းနဲ့ အသစ်၊ ယခင်နဲ့ ယခု

superDecember 20, 20111min135

ကျနော် မျက်ရူမှာ အခုတင်တဲ့ ဆောင်းပါလေးကို ဖတ်မိတာနဲ့ ရွာသူားတွကို မျှဝေပေးချင်လို့ တင်လိုက်ပါတယ်နော်၊

ဖြစ်ချင်တော့.. ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ၊ လူနေမကောင်း.. စိတ်နေမကောင်းတွေဖြစ်ပြီး ၊ စာလေးတပုဒ် ရေးဖို့တောင် အချိန်မရ ၊ ခံစားချက်တွေ ဖမ်းချုပ် ဆုပ်ကိုင်လို့ မရအောင် ဖြစ်ခဲ့ရသည်။ ရတဲ့ အချိန်လေးမှာ စိတ်ကို အတင်းသွင်းပြီး ၊ ကွန်ပြူတာ ရှေ့ထိုင်.. ဇာတ်လမ်းကလေးကို စကြည့်သည်။ တပိုဒ် နှစ် ပိုဒ်တော့ ဟုတ်သေးသည်။ တနာရီ နှစ်နာရီ .. ထိုင်စိတ်ကူး။ မရတော့.. ဘာမှ ထပ်မရတော့..။ တရက် နှစ်ရက် ထပ်ကြိုးစားလည်း ဘာမှ ထူးမလာ ။ ကိုယ်ရေးထားတာကြီးကိုလည်း မကြိုက်တော့။ ကိုယ့်ဇာတ်ကွက်တွေကပဲ မခိုင်မာသလို ။ အဲလိုနဲ့ ၊ မိုက်ကရိုဆော့ဖ်ဝါ့ဒ်ရဲ့ စာမျက်နှာတွေသာ၊ အဟောင်း ပိတ်လိုက် ၊ အသစ်ဖွင့်လိုက်နဲ့ အချိန်တွေ ကုန်သွားသည်။ တမျက်နှာတောင် ဖျစ်ဖျစ် မမြည်ခဲ့။ အဲဒီ အကြောင်းလေးတွေက.. စိတ်ကူးထဲမှာတုန်းကတော့.. သိပ်ကို လှနေခဲ့တာပါ ။ ခုကျတော့မှ.. ဘာဖြစ်လို့.. ကြွမလာသလဲ။

စာတပုဒ် ဟုတ်ဟုတ် ညားညား ချရေးဖို့ တကယ် မလွယ်ဘူးဆိုတာ ခုမှ သိတာတော့လည်း မဟုတ်ပါဘူး။ လျောက်လျောက်လျားလျား ရသဝတ္တုတပုဒ် ဖန်တီး ထုတ်လုပ်ဖို့က ပိုပြီး ခက်ခဲတယ် ဆိုတာကိုတော့.. သိပ်မကြာခင်ကမှ .. လက်တွေ့ကျကျ ဝန်ခံမိတယ် ဆိုပါတော့။

အနည်း နဲ့ အများတော့.. လူတိုင်းလိုလို စာရေးတတ်ပေမယ့် သူတပါး ဖတ်ချင်အောင် ၊ စွဲငြိအောင် ၊ အနုပညာ သက်ဝင်အောင် ရေးနိုင်သူကတော့ လက်ချိုးရေလို့ ရနေသည် မဟုတ်လား။ နုနုရည် (အင်းဝ) ရဲ့ မြစိမ်းပြာ ကမာရွတ်လို ၊ သိန်းဖေမြင့်ရဲ့ သပိတ်မှောက် ကျောင်းသားလို ၊ ကြည်အေးရဲ့.. အပြင်ကလူလို၊ ဂျာနယ်ကျော်မမလေးရဲ့ – သွေးလို၊ ခင်ဆွေဦးရဲ့ တို့တိုင်းဌါနီလို ၊ မြသန်းတင့်ရဲ့ ဓါးတောင်လို.. တကယ့် ဂန္ထဝင်တွေ ၊ အကြိုက်တွေ ၊ ခေါင်းထဲ တန်းစီပေါ်လာတော့ ကြက်သီးများတောင် ထမိသည်။ ပြီးတော့ ဆယ်တန်းမှာ သင်ခဲ့ရတဲ့ ၊ လေထန်ကုန်း ဝတ္တုကြီး။ အဲဒီတုန်းကတော့.. သဒ္ဒါတွေ ဝေါဟာရတွေကိုသာ အာရုံထားခဲ့ရတာမို့.. သူ့စာပေ အနုရသကိုတောင် သေချာ မခံစားမိခဲ့ပါ။ ခု ပြန်ဖတ်ကြည့်တော့မှ စိတ်ရှည် လက်ရှည် ရေးသား ပုံဖော်ခဲ့တဲ့၊ သူ့ဇာတ်ကောင်တွေ ၊ ဇာတ်လမ်း ဇာတ်ကွက်တွေ။ အဲဒါတွေထက် ပိုစိတ်ဝင်စားစရာ ကောင်းတာက ဒီ ကမ္ဘာကျော် ဝတ္တုကြီးကို သူ့ဘဝ တခုလုံးမှာ အဲဒီတအုပ်ပဲ ရေးခဲ့တာဆိုတဲ့ စာရေးသူ အင်မီလီဘရွန်တီ။ ကိုယ့်အတောင် ကိုယ်ပြန်နှုတ်ပြီး ယက္ကန်းယက်တဲ့ ပုံပြင်ထဲက ဗျိုင်းမလေးလို သူ့ မပျော်ရွှင်မူတွေကို တတိတိနဲ့ ဆွဲထုတ် ဖန်တီးခဲ့တဲ့.. ဝတ္တုတွေရဲ့ အဆုံး ဗာဂျီးနီးယားဝုဖ် ရဲ့… ဘဝ အဆုံးသတ်ကလည်း အသည်းအေးစရာ ကောင်းလွန်းနေသည်။ ၂၁ ရာစု အမေရိကရဲ့ နာမည်ကျော် ဝတ္တုရေး ဆရာ Franzen ဆိုလျှင် သူ့ရဲ့ နာမည်ကျော် နောက်ဆုံး ဝတ္တု Freedom ကို ကိုးနှစ် ကြာအောင် ရေးခဲ့သည်။ စာရေးခြင်းကိုပဲ.. အသက်ရှုသလို ထမင်းစားသလို လုပ်ကိုင်ပြီး သူ စာရေးတဲ့ အချိန်ဆို အင်တာနက်ကို ပလပ်ကနေ ဆွဲ ဖြုတ်ထားသတဲ့။ စာရေးဖို့အတွက် သီးသန့် စီစဉ်ထားတဲ့ အခန်းထဲမှာ စကားပြောခန်းတွေကို အသံထွက်ပြီး ရေးတယ်လို့ အင်တာဗျူးတခုမှာ ဖတ်လိုက်ရသည် ။ အံ့ဘွယ်သရဲ စာရေးနိုင်သူများပါပေ။

အခုခေတ် စာဖတ်သူတွေဟာ ခံစားဖို့ထက် သိဖို့အတွက် စာတွေ ပိုဖတ်လာကြလိမ့်မယ်လို့. …ဆရာ ကျော်ဝင်း ရေးခဲ့တုန်းက သဘောကျ ခေါင်းညိမ့်မိခဲ့ဘူးသည်။ ကိုယ်တိုင်လည်း ရသစာတွေကို မဖတ်ဖြစ်ပဲ အတော်ကြာအောင် နေခဲ့ဘူးသည်။ လူတွေနဲ့ လူ့ပတ်ဝန်းကျင်အကြောင်း သိနားလည်ဖို့တင်မက ခံစားနည်းလည်ဖို့လည်း လိုအပ်လှသည် ဆိုတာကို တကျော့ပြန် လက်ခံခဲ့သည်မှာ သိပ်မကြာလှသေး။ ခံစားနားလည်ရင်း သိ နားလည်သွားမည် ဆိုလျှင်တော့ ၊ အတိုင်းထက် အလွန် .. ရသပေါ် သုတဆင့်ပေါ့ ။ သူတို့ နှစ်ခုဟာ ပေါင်းစပ်နိုင် သည့် မိတ်ဖက်တွေပဲ မဟုတ်လား။ သေချာတာကတော့.. လူသားတွေရဲ့ စိတ်အာဟာရအတွက် ရသ – သုတ အချိုးအစား ကျနဖို့ သိ