အင်တာနက်ပေါ်က လူသားအကျိုးပြုဆောင်းပါးများစာအုပ်ထုတ်မည်..တဲ့
ဟုတ်လေလားမဟုတ်လေလားမသိ၊ မောင်ဝိုင်းငတိကိုအီးမေးတစ်စောင်ပို့လာပါတယ်။ဆောင်းပါးထုတ်ချင်ပါတယ်တဲ့ စာမူခတော့မပေးနိုင်ပါ
စာအုပ်လက်ဆောင်ရမယ်လို့ပြောပါတယ်။ဂေဇက်ကဆေးဆောင်းပါးတွေနဲ့ တခြားဆိုက်မှာရေးတဲ့ ဆောင်းပါးတွေကိုထုတ်ချင်ပါတယ်
ကိုယ်တစ်ယောက်ထဲတော့မဟုတ်ဘူးတဲ့ စုပေါင်းပါ။
မောင်ဝိုင်းက အခု ပုသိမ်က အထည်ကိုတောဆင်းရောင်း၊ပင်လယ်ထွက်ကုန်တွေကို ယူ ပုသိမ်မှာရောင်းလုပ်စားနေပါတယ်။ဒီလိုလူအတွက်
စာတဆောင်ပေတဖွဲ့ဖြစ်လာမယ်ဆိုရင် ဝမ်းသာတာပေါ့ ကို….ခင်ဗျာထုတ်ပါထုတ်ပါ စာအုပ်ထုတ်ပါ။ဆေးဆိုတော့ ဆရာထက်ပြောပြတာတွေ
ကိုရေးထားတာမို့ လိုရမယ်ရ သူကိုပြောပြလိုက်ပါတယ် တကယ်တော့ လေးစားချင်ယောင်ဆောင်ပြီးနောင် ဆေးအကြောင်းတွေပြောအောင်ပါ။
ဆိုက်တွေမှာတကယ်တော်တဲ့ လူတွေအများကြီးရှိပါတယ် စာစောင်တွေမှာမရေးကြပေမယ့် စာရေးကောင်းကြပါတယ်။ဂေဇက်ကလူတွေ
အကုန်လုံးနီးပါးကောင်းကြတော်ကြပါပေတယ်။သူတို့ရေးတဲ့ စာတွေ က အဆင့်မြင့်ကြပါတယ်။တကယ် စာကောင်းပေကောင်းတွေကို စုပေါင်း
ထုတ်ပေးမယ်ဆိုရင် အင်မတန်မှ ကောင်းပါပေတယ်။အိပ်မက်ပေးသလိုတော့ မလုပ်ပါနဲ့ ဗျာနော်။
တကယ်ထုတ်မလား ညာထုတ်မလား လို့ပဲမေးလိုက်ချင်ပါတယ်။လူကို မလှည့်စားနဲ့….. ကို..ရေ။
6 comments
aye.kk
December 21, 2011 at 6:14 am
ကြားရတာဝမ်းသာပါတယ်..
စာဖတ်တာအမျိုးမျိုးရှိပေမယ့်..
အံတီကတော့..
စိတ်ပျော်ရွှင်ချင်လို ့ရယ် ၊ ဗဟုသုတရချင်တာရယ် ၊ အသိပညာရရှိရေးအတွက်ရယ် ကိုတော့ဦးစားပေး
ဖတ်ပါတယ် ၊ အခုလိုသတင်းကောင်းကြားရတာကို ကြိုဆိုမိပါတယ် ဟုတ်ပါစေလို့ဆုတောင်းပါတယ်..။
ဆူး
December 21, 2011 at 8:45 am
ဝမ်းသာစရာ သတင်းကောင်းပါပဲ.. ကိုထက်ဝေး ပြောသွားတဲ့ စာအုပ်များလေလား..
windtalker
December 21, 2011 at 1:59 pm
မောင်ဝိုင်း ကို အချဉ်မှတ်
ရင်ဘတ်ကမပါဘဲ
လာတဲ့ လူညာ
ဘူကွာ ပြန်ပေတော့
အမှန်ပေတော့ ဆိုရင်ဖြင့်
လာခဲ့ပါ မိတ်ဆွေ
မောင်ဝိုင်း ဦးဏှောက်ကိုစားသုံး
အများပြုံးစေနိုင်ဖို ့ငှါ
ရေးလိုက်မယ်ကွဲ ့ ။
မှော်ဆရာ
December 21, 2011 at 2:15 pm
တကယ်ထုတ်ဖြစ်မယ် .. တကယ်လဲ (ထုတ်ဝေသူက)အကျိုးအမြတ်ရမယ်ဆိုရင်တော့ စာမူခလေးတွေ ပေးစေချင်တယ် ..။ရတဲ့စာမူခတွေ စုပေါင်းပြီးတော့ ထိုက်ထိုက်တန်တန် အလှူတစ်ခုဖြစ်သွားရင် ကောင်းမယ် ။ ဥပမာ မိဘမဲ့ဂေဟာက ကလေးတွေ ကြွေးတာမျိုးပေါ့။စာရေးသားသူတွေရဲ့ စုပေါင်းအလှူဖြစ်သွားမယ် ..။ တွေ့ဆုံပွဲလေးလဲ ဖြစ်သွားမယ် ..။
မြတ်မှ ပြောတာပါ ..။ အရှုံးခံထုတ်တယ်ဆိုရင်တော့ တမျိုးပေါ့ ….။ နိုင်ငံရေးစာမျိုးတော့ မထုတ်စေချင်ဘူးဗျာ .. သုတ ရသ ဆိုတာမျိုးလေး ထုတ်စေချင်တယ် …။ ဂေဇက်ထဲမှာ အများကြီးပါ …။
htet way
December 21, 2011 at 6:32 pm
ဟုတ်တယ်ဗျ
အင်တာနက်မှာပါတဲ့ စာတွေကို ထုတ်ချင်တာဆိုပဲ ကိုမောင်ဝိုင်း
ပြောတာရယ် သူကိုပို့တဲ့ အီးမေးရယ် ..သက်သေရှိတယ်
ငံပြာရည် မရောင်းတော့နဲ့ ကိုမောင်ဝိုင်းရေ
စာတွေရေး သတင်းတွေ ရေး ပေါ့ဗျာ
ကျုပ်တို့ စာတော့ ထုတ်မဲ့ သူမရှိဘူး
မဆူးရေ ကဗျာတွေ ထုတ်ပေးပါလား ဟဲဟဲ
မစချင်လို့ပါ ဒီထက်ချမ်းသာချင်ရင် ပြောပါတယ်
windtalker
December 21, 2011 at 7:59 pm
ရွာတော်ရှင် က စွမ်းတယ်နော်
အစွမ်းပါဝါ ရှိတယ် ဗျ
သူ သာ ထုတ်ပေးမယ် ဆိုရင်
ကိုရီးယား စက္ကူအကောင်းစား နဲ ့
မျက်နှာဖုံး ကို ဒီက ထိပ်သီး ပန်းချီဆြာ တွေ နဲ ့
ဝေဆာသစ်ဆန်းနေအောင်
ထုတ်ပေးလို ့ရတယ် ဗျ