mg wineJune 9, 20121min26914
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး ရဲ့ မေတ္တာရပ်ခံချက်ကို တင်ပြ အပ်ပါတယ်။ မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသား အစ္စလာမ် ဘာသာဝင်များ အနေဖြင့် မိမိတို့ ဘာသာရေး အဖွဲ့ ကြီး၏ သဘော ထား ထုတ်ပြန်ချက်ကို လက်ခံ နာယူကြပါရန် တိုက်တွန်း အကြံပြု အပ်ပါတယ်။ ငြိမ်းချမ်း ရေးသာ အဓိကပါ ဗျာတို့။


mg wineJune 9, 20121min47464
သူကြီးသို့ အိတ်ဖွင့်ပေးစာ   သို့ သူကြီး မန်းဂေဇက် အယ်ဒီတာချုပ်ကြီး အကြောင်း အရာ ။ ။ စာမူများကို တည်းဖြတ်စစ်ဆေးပေးပါရန်မေတ္တာရပ်ခံတင်ပြ ခြင်း။ ရက်စွဲ ၉.၆.၂၀၁၂ အထက်ပါ အကြောင်းရာ နှင့်ပတ်သက်၍ မန်းဂေဇက် သည် နာမည် ကြီး အင်တာနက် စာမျက်နှာ ဖြစ်နေသည့် အားလျှော်စွာ လူကြည့်များသော လူကြိုက်များသော ဝက်ဘ်ဆိုက် တစ်ခုဖြစ်နေခဲ့ရာ ပိုစ့်များကို ထုတ်လွှင့်ရာတွင် စစ်ဆေးပြီးမှ အတည်ပြု ထုတ်လွှင့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ယခု အခါ သတင်းမှား များ သတင်းမှန်များရောထွေးအောင်ပြု မူသည်ဟု ဖတ်ရှု့ရသော သတင်းများကို သုံးသပ်ပြီး ရွာသား တစ်ဦးအနေဖြင့် တင်ပြမေတ္တာရပ်ခံခြင်း ဖြစ်ပါသည် ခင်ဗျား။ ရခိုင်သတင်းများတွင် အမှန်အမှား ရောထွေးနေခြင်း တစ်ချို့ […]


mg wineJune 7, 20121min1383
မြန်မာနိုင်ငံ မှာ အစ္စလာမ် ဘာသာရေး အဖွဲ့ အစည်းကြီးတွေ ရှိပါတယ် မြန်မာ မွတ်စလင် လူငယ်များ ဘာသာရေး အဖွဲ့၊ အစ္စလာမ် သာသနာရေးရာကောင်စီ ၊ မြန်မာ မွတ်စလင် အမျိုးသားရေးရာ အဖွဲ့ မော်လဝီများ အဖွဲ့ နဲ့ အိုလမာ အစ္စလာမ် သာသနာပညာရှင်များ အဖွဲ့ ဆိုပြီးရှိပါတယ်။ အစ္စလာမ် ဘာသာရေး အဖွဲ့တွေ ဘာတွေ လုပ်သလဲ ဘာသာရေးဖွံ့ ဖြိုး မှု လိမ်မာယဉ်ကျေး မှု နဲ့ မွတ်စလင် ကိစ္စတွေ လုပ်ကြပါတယ်။မြန်မာ မွတ်စလင်လို့ နာမည် တပ်ထားတဲ့ အဖွဲ့ က ဝတ်စား ဆင်ယဉ်မှုကို ကြည့်တာနဲ့ မြန်မာပြည်ကို ချစ်သူ ဆိုတာ ထင်ရှားပါတယ် ။ ရှေ့ […]


mg wineApril 21, 20121min20512
Max Plus အချိုရည် ကားများသည် မြို့နယ်တွေထိလိုက်လံရောင်းချပေးနေသည်ကိုတွေ့ရပါသည်။အိမ်မဲမြို့က ဖြန့်ဖြူသူဆိုင်ရှင်တစ်ဦးက ယခုလို ရင်ဖွင့်ပြောကြားပါတယ်။ အချိုရည်ဖြန့်ဖြူးသောကုမ္မဏီက ကားက (၂၇.၃.၂၀၁၂)မှာ အိမ်မဲမြို့ကို ရောက်လာပါတယ်။ကုမ္မဏီကးမောင်းတဲ့ ကိုယ်စားလှယ်တွေက Max Plus အချိုရည်တွေဈေးတက်မယ် ပစ္စည်းပြတ်နေတယ်နဂိုက ၅ကဒ်ဝယ်ရင် FOC(လက်ဆောင်)တစ်ကဒ်ပေးတယ်။ နောင်ဈေးတက်ရင် FOC(လက်ဆောင်)တစ်ကဒ် မပေးတော့ဘူး။အခုကားလာတာ ပစ္စည်းမပါဘူး။အခုဘောက်ချာဖွင့် အဝယ်ပြရင် အရင်ဈေးအတိုင်း ရမယ် အရင်လိုပဲ လက်ဆောင်၅ကဒ်မှာ တစ်ကဒ်ရမယ်လို့ ပြောဆိုတဲ့အခါ ဆိုင်ရှင်တွေကလည်း ဘောက်ချာဖွင့်ကြပါတယ်။(Crystal Spring Co.LTD ) ဘောက်ချာဖြင့် အဝယ်ဘောက်ချာဖွင့်တယ် ကြိုတင်ပေးငွေတွေယူသွားတယ်။ ဒီမှာ သူတို့က ပို့ပေးမယ့်ရက်ကိုလည်းပြောသွားပါတယ် ၄လပိုင်း ၂ရက်နေ့သို့မဟုတ် ၃ရက်နေ့အရောက်ပို့ပေးမယ်လို့လည်း အာမခံသွားပါတယ်။ “ဈေးအရောင်းဆိုင်များကလည်း အချိုရည် ကုမ္မဏီက ဈေးထိန်းပေးခြင်းနှင့် ပစ္စည်းရမည့်ရက်မဝေးတာရယ် ၊အခွင့်ရေးတစ်ခုပေးတာလို့ မြင်မိပြီး မှာကြတာဖြစ်ပါတယ်” အချိုရည် […]


mg wineApril 11, 20121min1435
မြောင်းမြမြို့သို့ (၂၆.၃.၁၂)ရက်နေ့နံနက်စောစောက သင်္ကြန်စာတွေလို့အော်ကာ ငွေဖြင့်မရောင်းဘဲ အလကားဝေငှနေသူတစ်ဦးကိုတွေ့ရသည်။ဤပုဂ္ဂိုလ်နှယ် လက်ထဲရှိအရွက်၅၀ဝလောက်ကိုလိုက်ဝေနေပုံကိုကြည့်ပြီး အံဩမိလေ၏။စိတ်မပါတပါဖတ်ကြည့်တော့…….. “ ပုဏ္ဏားဆရာကြီးဘိုးမဲမှန်၏ အဂ္ဂမဟာသင်္ကြန်စာ ဩောင်းနမောဗုဒ္ဓါယသိဒ္ဓံ တန်ခူးလအခါသမယတွင် -ခွပ်ဒေါင်းပါတီ အမေစုကြည် သို့ ပြည်သူအားလုံးမဲပေးလာလာအံ့။ဤစကားသည် ယခင်ကတည်းက မဆန်းကြယ်။မဲပေးမည်ကိုသိ၏။ -မဲပေးပြီးနောက်လွတ်တော်ရောက်ပြီး ၊တောက်လျှောက်အောင်ပွဲဆင်ရလတ္တံ။ ဤစကားသည်လည်းကျွှန်ပ်တို့ မျှော်လင့်သိရှိပြီးဖြစ်ပါ၏။ -အမေစုအောင်ပွဲ …..ဒို့အောင်ပွဲပေတည်းဟု မြေကြီးကမ္ဘာတုန်ဟီးကာဖြင့် သက်သေအရာခံလတံ့။ ဦးတင်ဦးနှင့်NLD ခေါင်းဆောင်များ (၂၆.၃.၁၂) ရက်နေ့က သွားကြသည်။မြောင်းမြ၌ ၎င်းသင်္ကြန်စာဝေတာနှင့်ကြုံကြိုက်သည်။ သေချာလေ့လာသည့်အခါ သင်္ကြန်စာသည် မြောင်းမြ၌ အစောင်မနည်း ဝေခဲ့၏။ အိမ်မဲမြို့၌လည်းဝေသည်ဟုသိရသည်။။သင်္ကြန်စာကားမှန်ခဲ့သည်။ -မြန်မာပြည်အဝှမ်း ငြိမ်းချမ်းသာဗျော ပစ္စည်းပေါအံ့။ ပစ္စည်းပေါမည်မပေါမည်ကိုဖြင့် အာမခံ၍မရသေးပါ။ အပေါ်က အချက်များကမှန်နေေလေပြီတည့်။ -ဆရာမှန်၏သင်္ကြန်စာကား မှန်ပါ့မလားဟု အများလူဗိုလ် ချီးမွှမ်းဆိုအံ့။ အမှန်ပင်ဘိုးမဲမှန်၏သင်္ကြန်စာကို လူများမျှော်နေပါသည်။ – ဘိုးမဲမှန်၏ဟောစတမ်းများလည်း အခါအားလျှော်စွာထွက်လာဦးအံ့ …ဆိုသလို […]


mg wineDecember 20, 20111min2096
ဟုတ်လေလားမဟုတ်လေလားမသိ၊ မောင်ဝိုင်းငတိကိုအီးမေးတစ်စောင်ပို့လာပါတယ်။ဆောင်းပါးထုတ်ချင်ပါတယ်တဲ့ စာမူခတော့မပေးနိုင်ပါ စာအုပ်လက်ဆောင်ရမယ်လို့ပြောပါတယ်။ဂေဇက်ကဆေးဆောင်းပါးတွေနဲ့ တခြားဆိုက်မှာရေးတဲ့ ဆောင်းပါးတွေကိုထုတ်ချင်ပါတယ် ကိုယ်တစ်ယောက်ထဲတော့မဟုတ်ဘူးတဲ့ စုပေါင်းပါ။ မောင်ဝိုင်းက အခု ပုသိမ်က အထည်ကိုတောဆင်းရောင်း၊ပင်လယ်ထွက်ကုန်တွေကို ယူ ပုသိမ်မှာရောင်းလုပ်စားနေပါတယ်။ဒီလိုလူအတွက် စာတဆောင်ပေတဖွဲ့ဖြစ်လာမယ်ဆိုရင် ဝမ်းသာတာပေါ့ ကို….ခင်ဗျာထုတ်ပါထုတ်ပါ စာအုပ်ထုတ်ပါ။ဆေးဆိုတော့ ဆရာထက်ပြောပြတာတွေ ကိုရေးထားတာမို့ လိုရမယ်ရ သူကိုပြောပြလိုက်ပါတယ် တကယ်တော့ လေးစားချင်ယောင်ဆောင်ပြီးနောင် ဆေးအကြောင်းတွေပြောအောင်ပါ။ ဆိုက်တွေမှာတကယ်တော်တဲ့ လူတွေအများကြီးရှိပါတယ် စာစောင်တွေမှာမရေးကြပေမယ့် စာရေးကောင်းကြပါတယ်။ဂေဇက်ကလူတွေ အကုန်လုံးနီးပါးကောင်းကြတော်ကြပါပေတယ်။သူတို့ရေးတဲ့ စာတွေ က အဆင့်မြင့်ကြပါတယ်။တကယ် စာကောင်းပေကောင်းတွေကို စုပေါင်း ထုတ်ပေးမယ်ဆိုရင် အင်မတန်မှ ကောင်းပါပေတယ်။အိပ်မက်ပေးသလိုတော့ မလုပ်ပါနဲ့ ဗျာနော်။ တကယ်ထုတ်မလား ညာထုတ်မလား လို့ပဲမေးလိုက်ချင်ပါတယ်။လူကို မလှည့်စားနဲ့….. ကို..ရေ။


mg wineDecember 10, 20111min2757
တနေ့ သ၌ ကျွှန်ပ်ပညာရှိ ကဝိ အတင်းများသော သတင်းစကားရေးသည့် မောင်ဝိုင်းထံ ပုသိမ်မြို့ ရေတပ်အနီး နိဂြောဓါလမ်းနေအသက် ၅ဝခန့် ပညာ တတ်တစ်ဦးက ရောက်ရှိလာပြီးသကာလ အနှီလို စကားစလေ၏။ဘယ်နှယ့် ဆရာကြီးငဝိုင်း တိုင်းရင်းဆေးဆိုပြီး ဂေဇက်မှာ အသေနှက်နေပါရောလား ဘယ့်နှာ ဗမာဆေးက မီးခြစ်ဆံခေါင်းတခေါင်း၊ လက်ဖက် စားဇွန်းတစ်ဇွန်း လီမစ်မရှိ ဘာမရှိပါလား အသို့ နည်း အသင် ရပ်လော့ဟု ရိသလို ကလိသလို ပြောလာလေသည် ကတမုံ့၊အနို့လို ကွမ်းခြံ ရပ်က ဦးလေးတော် စပ်သူက ငဝိုင်းရေ ဆရာထက် အားကိုးနဲ့ ဟို ရေးဒီရေး ဟိုပေးဒီပေး လုပ် ဆရာကြီးလုပ် ဆေးနည်းထုတ်နေတာ တရားရဲ့ လားကွဲ့ ဟူလို။ကွန်ပျူတာဆရာမ အပျိုကြီးက မြေအိုးနဲ့ ဆေးရွက် အရှာခက် […]


mg wineDecember 7, 20111min1267
ဒီတပတ် ဇက်ရိုးကျီးပေါင်းရောဂါ လက္ခဏာလေးတွရေးချင်ပါတယ်။ခြုံငုံပြီးလေ့လာမိသလောက် ရေးပါ့မယ်။လည်ဆစ်ရိုးမှာ ဖြစ်ပုံခြင်း မတူတာတွေ ရှိတာ လက်တွေ့ လေ့လာ သိရှိရပါတယ်။ ဇက်ကြောတက်ခြင်း၊ ခေါင်းကျဉ်ခြင်း၊ပခုံးသားများရောင်တင်းနေခြင်းအုံးလွဲသလိုဖြစ်ခြင်း ဦးခေါင်းငုံမရခြင်း လက်များရောင်ခြင်း၊ကျဉ်ခြင်း၊လက်ပြင်ငုတ်သလိုဖြစ်ခြင်းဖြစ်တတ်ပါတယ်။ နောက် တခုကလည်ဆစ်ရိုး၁၊၂၊၃၊လောက်မှာကျီးပေါင်းတက်သူတွေကချာချာလည်အောင်မူးခြင်း၊အာရုံစိုက်၍အမူကိစ္စများမပြုလုပ်နိုင်ခြင်း၊စိတ်မကြည် လေးလံခြင်း၊ဦးခေါင်းလေး၍အုံခဲနေခြင်း၊သွေးပေါင်တက်သည့်လက္ခဏာများ ဖြစ်သလိုဖြစ်နေခြင်း၊သမ်းဝေခြင်းဖြစ်တတ်ပါသည်။ ဇက်ရိုးကျီးပေါင်းတက်သူများသည် အောက်ပိုင်းလေးလံခြင်း ထုံခြင်း လည်းဖြစ်တတ်ပါသည်။နောက်ဆုံးဇက်တောင့်ခြင်းဇက်ခိုင်ခြင်းလည်းကြုံတွေ့နိုင်ပါ သည်။ကျီးပေါင်းတက်သူများမှာလက်များကျည်ခြင်း၊ကိုက်ခြင်း၊ လက်သီးဆုပ် အားမကောင်းခြင်း (ကိုင်တွယ် မမြဲခြင်း)လက်တဖက် ကျည်ခြင်းအပြင် လက်မောင်းဆစ်ကိုက်ခြင်း၊ ပင့်မြှောက်၍ မကောင်းတာကိုလည်းခံစားရနိုင်ပါသည်။ ခါးဆစ်ရိုးကျီးပေါင်းလက္ခဏာများမှာ….မကြာခဏ ခါးနာရာမှ စပါသည်။ခါးကြောတောင့်တင်းခြင်း၊တင်းပါးခွက်အောင့်ခြင်း ၊ပေါင်တွင်းကြောများ၊ခြေသလုံးမောင်းတင်ကြောကိုက်ခြင်း၊အောက်ပိုင်းလေးခြင်း၊ခြေချောင်းလေးများကျည်ခြင်း၊ကြာကြာထိုင်ပြီးထလျှင် ကြာကြာထိုင် ကြာကြာ၊ ရပ်လျှင် ခါးနာလာပါသည်။ပက်လက်ကြာကြာမအိပ်နိုင်ခြင်း၊ ရောဂါရင့်လာလျှင် အောက်ပိုင်းသေတတ်ပါသည်။ ဒူးဆစ်ရိုးကျီးပေါင်းရောဂါ လက္ခဏာများမှာ အကွေးအဆန့်ပြုလျှင် ခက်ခဲခြင်း၊ထိုင်ထပြုလျှင် ဒူးမှနာကျင်ခြင်း၊အတက်အဆင်းလုပ်လျှင် နာကျင်ခြင်း၊ ဆောင့်ဆောင့်မထိုင်နိုင်ခြင်း၊ ကွေးဆန့်ရာတွင်ဒူးမှအသံမြည်ခြင်း၊ဒူးဆစ်ရောင်ခြင်း၊ဂုံညင်းဒိုးပတ်လည်ရှိအရွတ်များပျက်ဆီးနေခြင်း၊ စသောလက္ခဏာများမှာ အရိုးကျီးပေါင်းရောဂါ လက္ခဏာများဖြစ်ပါသည်။ ပြည့်စုံမူ ရှိချင်မှရှိနိုင်ပါမည်။လေ့လာမိသလောက်ရေးပြခြင်းဖြစ်ပါသည်။ တိုင်းရင်းဆေးပညာဖြင့် […]


mg wineNovember 30, 20111min691
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်တွင် စာပေဟောပြောပွဲမကြာမှီ ကျင်းပတော့မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။ ပုသိမ်မြို့ရှိနေရာတော်တော်များများတွင် ဆရာ( အော်ပီကျယ် အောင်သင်း မောင်သာချို)စာပေဟောပြောပွဲ ကျင်းပပေးမည်ဖြစ်ကြောင်းကြော်ငြာကပ်ထားသည်ကိုတွေ့ရပါသည်။ ၁၀.၁၂.၂၀၁၁ ညနေ(၆နာရီ၃၀)တွင် မြောင်းမြကျောင်းတိုက်တွင်ကျင်းပမည်ဟုသိရှိရပြီး၎င်းကျောင်းတိုက်ကနှစ်စဉ်ကျင်းပ ပေးကြောင်းသိရပါသည်။အဆိုပါစာရေးဆရာကြီးများရနိုင်မည်မဟုတ်ဟုမြို့နေတစ်ချို့ကထင်ကြေးပေးနေကြပါသည်။ဂျက်ကွမ်းခြံကုန်းဟု ုလည်းကောင်း မောင်သာချိုဟုနာမည်ကြီးသူ (မြန်မာစာဋ္ဌာနမှပါမေက္ခဟုထင်ပါသည်)ကဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ဟောပြော ပွဲတွင်နေရာတခု၌ဟောဖူး၍ ပုသိမ်သားတို့က တောင့်တနေကြကြောင်း၊ဆရာအောင်သင်းကိုပိုမိုမျှော်လင့်ပါကြောင်းစာပေဝါသနာရှင်များက ပြောဆိုနေကြကြောင်းသိရှိရပါသည်။


mg wineNovember 26, 20111min1313
အခုရှားဇောင်းလက်ပတ်ချက်ဆေးအကြောင်းတင်ပြလိုပါတယ်။သားဖွားပြီးမီးယပ်ကျိုးနေတဲ့အမျိုးသမီးလေးတယောက် ကအကူအညီတောင်းလို့ဆရာထက်ကိုပြောပြတဲ့အခါမှာဆရာကိုယ်တိုင်ချက်ပေးတဲ့ဆေးပါ။ချက်ချင်းမရေးသေးတာက ဆေးအကျိုးသွားကိုစောင့်ကြည့်တာပါ။ ဒီကလေးမလေးကတော့ဆင်းရဲပါတယ်မီးဖွားတဲ့အခါလည်းအရပ်ကလက်သည်နဲ့အရံသားဖွားလောက်နဲ့ပါ နောက်တော့လမ်းလျှောက်တဲ့အခါတုန့်ဆိုင်းနေပါတယ်။မီးဖွားပြီးအကြောလျှောက်အားနည်းပြီးသွေးအားလေအားကုန်ခမ်း ခြင်းကြောင့်မလုပ်မရှားနိုင်ဖြစ်တာပါ။ ရှားဇောင်းလက်ပတ်ချက်ဆေး ၁။ ရှားဇောင်းလက်ပတ်အနှစ် (၂၅)ကျပ်သား ၂။ထန်းလျှက် (၂၅)ကျပ်သား ၃။မန်ကျည်းသီးနှစ် ၅ကျပ်သား ၄။ပွေးကိုင်းမှုန့် ၅ကျပ်သား ၅။စမုန်မျိုး(၅)ပါး ၁ကျပ်သားစီ ၆။ကြိတ်မှန်ရွက်မှုန့် ၅ကျပ်သား ၇။ကြက်သွန်ဖြူမီးသင်း ၅ကျပ်သား ဦးစွာရှားဇောင်းလက်ပတ်ကို ခြစ်ယူပါ။အိုးထဲထည့်ပြီးကျိုပါ ရေနည်းနည်းထည့်ပြီးနူးအောင်ကျိုပါ။ နူးအိလာရင် ချပြီးတခြားအိုးထဲလှယ်ထားပါ။ထို့နောက်ထန်းလျှက်ကိုရေဆေးပြီးထည့်ပါ ရေထည့်ပါ ကျိုပါ။ထန်းလျှက်ရည်ကိုပျစ် လာလျှင်မန်ကျီးနှစ်ကိုထည့်ပါ၊စမှုန်မျိုးငါးပါး၊ကြက်သွန်ဖြူမီးသင်းထည့်ပါ။ပွေးကိုင်းမှုန့်၊ကြိတ်မှန်ရွက်ထည့်ပါ မွှေပေးပါ သမမျှတအောင်မွှေပြီးလျှင် တိုင်းရင်းဆေးအမှတ်၁၆ လက်ဖက်စားဇွန်း၃ဇွန်းထည့်ပါ၊ကံကော်ဝတ်ဆံ ၁ဇွန်း မောက်မောက်ထည့်ပါ။မွှေပေးပါထို့နောက်အိုးကိုချပြီးမွှေပါ ပြီးလျှင်ပျားရည်၁ဝကျပ်သားထည့်ပါ။မီးဖိုပေါ်တင်ပြီးတပွက် နှစ်ပွက်ဆူလျှင်ချပြီးမွှေပါ။နှမ်းဆီဟင်းခပ်တစ်ဇွန်းထည့်ပါ။ ၁။ အကြောတက် အညောင်းထိုင်သူများ နံနက် ၁ဇွန်း ည၁ဇွန်းစားပါ။ဆေးအမှတ်၂ရကို၂ပဲသားဆီတနေ့ နှစ်ကြိမ်သောက်ပါ ။ ၂။သွေးအားနည်းသူများ၊ ခေါင်းမူးတတ်သူများ၊တနေ့နှစ်ဇွန်းစားပါ ဆေးအမှတ်၁၅ကို၂ပဲသားဆီနံနက်တကြိမ် ညနေတကြိမ်သောက်ပါ။ ၃။ဝမ်းချုပ်လွန်းသူများတနေ့၃ကြိမ်သောက်ပါ ၄။အမျိုးသမီးများဓမ္မတာအားနည်းလျှင်၎င်း အသားအရည်မစိုပြေသူများ၃ကြိမ်သောက်ပါ ၅။အကြောတက် ဝမ်းချုပ် […]


mg wineNovember 23, 20111min15310
ကျွန်တော်ထပ်မံတင်ပြချင်တာကသွေးလေးဘက်နာလူနာတစ်ယောက်အကြာင်းပါ။လူနာကအမျိုးသမီး အသက်၄ဝနီးပါးရှိပါပြီ။ပုသိမ်မြို့တဂေါင်းဘုရာလမ်းမှာနေပါတယ်။နိုင်ငံခြားတိုင်းပြည်မှာအလုပ်သွားလုပ်ရင်းအဆစ် အမြစ်ကိုက်တဲ့လေးလက်နာရောဂါဖြစ်လို့ပြန်လာသူပါ။ပထမတော့အဆစ်တွေကိုက်ရာကနောက်ပိုင်းအရီုးတွေပုံပျက် လာတယ။ဒါနဲ့မိသားစုကရန်ကုန်ကဆေးရုံကိုတင်ပြီးကုသပေးပါတယ်။ပြန်လာတော့အကောင်းပကတိပဲ။ တနှစ်လောက်ကြာတော့ ခြေချောင်းလေးတွေလက်ချောင်းလေးတွေကောက်ကွေးပြီးပုံပျက်လာတယ်။အစား သိပ်မစားတော့ဘူး။မောတယ်ကြပ်တယ်ဆိုပြီးအိပ်ယာထဲလှဲတော့တာပဲ။ဒီမှာတင်ဆေးရုံထပ်တင်ဖို့လုပ်တယ်။လူနာက လမ်းမလျှောက်နိုင်တော့ဘူး။ဒူးဆစ်ရိုးကပုံပျက်နေပြီ ချွန်ထွက်နေတယ်ကွေးလို့ဆန့်လို့လုပ်ရင်ခက်ခဲပြီးတအားနာတယ် လူတွဲနဲ့လမ်းလျှောက်ရတယ်။ လက်တွေခြေတွေကွေးကောက်တာတွေဆန့်ဖို့တိုင်းရင်းဆေးဆရာ(အရိုးကု)ကိုခေါ်မယ်ပေါ့။လူနာရှင်တွေက နည်းနည်းသွားလို့လာလို့ရရင်တော်ပြီဆိုပြီးခေါ်တာပါ။ဆရာထက်နဲ့ကုတယ်ပေါ့။ဆရာကိုလူနာရှင်ကပုံပျက်နေတဲ့အရိုး တွေပုံသဏ္ဌာန်မှန်ရင်တော်ပြီဆိုပြီးခေါ်တာပါ။ ဆရာကလူနာက်ုဆေးစည်းပေးတယ်၊မြှောက်မရတဲ့လက်ကိုဆေးစည်းပေးတာရက်ပိုင်းနဲ့မြှောက်လို့်ရလာတယ် နည်းနည်းသွားလို့ရတော့လူနာရှင်တွေကရန်ကုန်ဆေးရုံတင်လိုက်ကြတယ်။တစ်လလောက်ကြာတော့လူနာပြန်လာတယ် ကောင်းသွားတယ်ဗျ။ကွေးနေတဲ့ခြေတွေလက်တွေလည်းဖြောင့်သွားတယ် ။ ဒီလိုနဲ့၃လလောက်ကြာတော့ အဆစ်တွေပြန်ကို်က်လာတယ်။အရိုးတွေပုံပျက်လာတယ်ဆိုးတာကမောတယ် အပူဒဏ်မခံနိုင်ဘူး၊ဒူးဆစ်တွေပြန်ကွေးလာတယ်။ခြေချောင်းလေးတွေကောက်လာတယ်။လက်မောင်းဆစ်ကပင့်မရ မ..မရဖြစ်လာတယ်။နောက်ဆုံးလူတွဲနဲ့လမ်းပြန်လျှောက်ရတယ်၊အစားပျက်လာတယ်၊အမျိုးသမီးကိစ္စတွေမမှန်တော့ဘူး အရေပြားမှာယားနာဖုလေးတွေပေါက်လာတယ်ချွေးစေးတွေထွက်တယ်။ ဒီလိုပြန်ဖြစ်တော့ဆေးရုံတင်ဖို့ကလည်းမတတ်နိုင်တော့ဘူး။အဲ့ဒီတော့ဆရာထက်ကိုပြန်ခေါ်မယ် နည်းနည်းသက် သာလည်းမနည်းဘူးပေါ့လေ။ဆရာထက်ကိုဖုန်းဆက်တော့ချွေးစေးထွက်တာကိုရေချိုးပါလို့ပြောပါတယ်။ရေချိုးရင် ယားနာရော၊ချွေးစေးထွက်တာရောပျောက်မယ်လို့ပြောပါတယ်။ရေချိုးပုံကတော့ တမာရွက်၊မဲဇလီရွက် ၊ကြောင်ပန်းရွက် ကွမ်းစာဆေး(မြန်မာဆေးရွက်ကြီး)၂ကျပ်ခွဲသာူးလောက်ထည့်ပြီးကျိုပါ အဲ့ဒီရေနဲ့ရေချိုးပါလို့ပြောပါတယ်။လူနာကပြုတ်ရေ နဲ့ရေချိုးလိုက်တာ ယားနာရော ချွေးစေးထွက်တာရောသက်သာပြီးအရင်ကအိပ်မရတာတောင်နည်းနည်းအိပ်ရလာတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့တိုင်းရင်းဆေးပညာဦးစီးဋ္ဌာနကဆေးအမှတ်စဉ်တွေနဲ့ဆေးတွေထုတ်ထားပါတယ်။ဥပမာဆေးအမှတ်(၁) ဆိုရင်မက်လင်ချဉ်လျှက်ဆားပါ၊အဲဒီလိုဆေးအမှတ်တွေနဲ့တိုင်းရင်းဆေးသမားတော်တွေကကုပါတယ်။ဆရာထက်ကလူမလာ ပါဘူးဆေးအမှတ်စဉ်တွေပဲပေးလိုက်ပါတယ်။ပြင်ပမှာလွယ်လင့်တကူဝယ်လို့ရပါတယ်။လူနာကို ဆေးအမှတ်၂၇၊ ဆေးအမှတ်၂၃ နံနက်တစ်ကြိမ်၊နေ့လည်တစ်ကြိမသောက်ခိုင်းပါတယ်။ဆေးအမှတ်၂၃ကိုညနေ၃နာရီမှာသောက်ခိုင်းပါတယ်။ညနေ၆နာရီကို နလုံးဆေးကိုသောက်ခိုင်းပါတယ်ဆေးကိုတော့သူဖေါ်တာကိုပို့ပေးပါတယ်။ လူနာကဆေးသောက်ပြီး၂ပတ်အကြာမှာသိသိသာသာသက်သာလာတယ်။အရိုးတွေကတော့ပုံပျက်နေတုန်းပါပဲ ဆရာရောက်လာတော့သွေးစမ်းပြီးဆေးထပ်ပေးပါတယ်ဆေးအမှတ်၁ရကိုပေးပါတယ်နေ့ခင်းကရေနွေးနဲ့သောက်ခိုင်းပါတယ် ဆရာကအရိုးပျက်နေတာတွေကိုဆေးစည်းပါတယ်၊ညပိုင်းမှာဆေးကြပ်ထုပ်ထိုးခိုင်းပါတယ်။လိမ်းဆေးကိုလည်းလိမ်းခိုင်းပါတယ် လိမ်းဆေးက မိတ်ဿလင်၊ပန်းတိုင်းခတ္တာ၊ချင်းတက်ကိုနှမ်းဆီနဲ့ချက်ပြီးအရည်ကိုစစ်ယူပြီးမင်သော်ပရုပ် သံလွင်ဆီရောစပ် လိမ်းတာပါ။ ညပိုင်းကိုတော့တိုင်းရင်းဆေးအမှတ်၁၂(စက္ခုပါလ)ကိုတိုက်ပါတယ်။လူနာဟာတစ်လအတွင်းလူတွဲလွတ်ပြီးလျှောက် နိုင်တဲ့အပြင်၊စားနိုင်သောက်နိုင်လာပါတယ်၊အိမ်အလုပ်တွေလည်းတောက်တိုမယ်ရလုပ်နိုင်လာပါတယ်။ဆရာပေးတဲ့ဆေးတွေဟာ ပုသိမ်ကပရဆေးဆိုင်တွေမှာလွယ်လင့်တကူဝယ်နိုင်ပါတယ်။ရန်ကုန်မှာဆိုကုန်ဈေးတန်းလမ်းမှာဝယ်လို့ရပါတယ်။ ကိုယ်တိုင်ဖေါ်စပ်ပြီးသောက်တာကပိုကောင်းတယ်လို့ဆရာကပြောပါတယ်။သွေးလေးဘက်နာကိုဆေးစည်းခြင်း၊ဆေး ကြပ်ထုပ်ထိုးခြင်း၊အတွင်းစားဆေး အမှတ်၂၇၊အမှတ်၂၃၊အမှတ်၁၇၊အမှတ်၁၂(ခ)၊အမှတ်၁၅ (နှလုံးသည်းခြေဆေး)တွေပေး […]


mg wineNovember 22, 20111min25110
တနေ့ကဆရာထက်ပုသိမ်ကန်ကြီးဒေါင့်မြို့မှာလက်ကျိုးတဲ့လူနာကုသွားတာကျွန်တော်ကိုခေါ်လို့လိုက်သွားပါတယ်။ချော်လဲပြီးလက်ဖျံရိုးကျိုးတာပါ။ ဆေးစည်းပြီးနာရီပိုင်းအတွင်းလုပ်ရှားလို့ရတယ်လို့လူနာရှင်ကိုယ်တိုင်ကပြောပါတယ်။ကျွန်တော်လည်းအမှန်အတိုင်းပြောရရင်မယုံပါဘူး။ဆေးရုံမှာတက်ကု တဲ့သူတွေစတီးရိုးထည့်တာတွေကြားဖူးတယ်လေ။နောက်ပြန်ခွဲရတာတွေ..။ကျောက်ပတ်တီး၂၁ရက်တို့ ၄၅ရက်တို့စည်းရတာတွေသိကြားနေရတယ် အခု ရက်ပိုင်းနဲ့ကောင်းတယ်ဆိုတာတော့မယုံချင်ဘူး။ဒါကြောင့်ရှေ့မျက်နှာနောက်ထားလို့မေးကြည့်မိပါတယ်။ဆရာရယ်နာရီပိုင်းနဲ့အရိုးဆက်တာ၊ရက်ပိုင်း နဲ့ကောင်းတာကိုတခုတခုနဲ့လက်တွေ့ပြပါလားပေါ့။ဆရာကအိမ်ရှင်ကိုဘာဟင်းချက်လဲမေးပါတယ်။အိမ်ရှင်ကကြက်သားဟင်းချက်တယ်လို့ပြောတော့ မချက် ရသေးရင်ကြက်ခြေတောက်ရနိုင်မလားမေးတယ်။ကြက်ကလည်းစောစောကမှသတ်တဲ့လတ်လတ်ဆတ်ဆတ်ပါ။ဆရာကကြက်သေခြေတောက်ကိုတူနဲ့ကျွန် တော်ကိုထုခိုင်းပါတယ်။ကျွန်တော်ကလည်းအားရပါးရထုပါတယ်။ကြေမွလောက်ပြီဆိုမှဆရာကိုပေးလိုက်တယ်၊ဆရာက ကြက်ခြေတောက်ကိုဆေးစည်တယ် ဒုတ်ချောင်းထည့်ပြီးကြပ်ကြပ်ကလေးပတ်တီးနဲ့စည်တာပါ။ပြီးတော့“ခဏနော်” ဆိုပြီးသူကုစရာရှိတဲ့လူနာကိုဆက်ကုပါတယ်။ ၁၂နာရီထိုးတော့ ကျွန်တော်တို့ထမင်းစားကြပါတယ်။ ကြက်ခြေတောက်ကိုဆေးစည်းထားတာကိုပဲကျွန်တော်ကစိတ်ဝင်စားနေမိပါတယ်။ဆရာကခြေ ဖနောင့်အတက်ထွက်တဲ့လူနာကိုရောဂါလက်ခဏာတွေပြောပြပါတယ်။ကျွန်တော်လည်းလိုက်မှတ်တယ်။နံနက်စောစောအိပ်ယာထနာကျင်မူပိုမယ်၊ထောက်မရ အောင်နာမယ်ပြီးတော့ပုံမှန်ပြန်ဖြစ်မယ်။ သွေးပူရင်ပြန်ကောင်းမယ်၊လမ်းလျှောက်တဲ့အခါနာမယ် ထိုင်ပြီးထစမှာ နာမယ် သွေးပူရင်ပြန်ကောင်းသွားမယ် ဆရာက ဆေးစည်းပေးပါတယ်၊ဆေးကြပ်ထုပ်ထိုးဖို့ပြောပါတယ်။ ကျွန်တော်စိတ်ထဲကြက်ခြေတောက်ကိုစိတ်ဝင်စားနေပါတယ်။ဆရာကဓါးလေးထုတ်ပေးပြီးကျွန်တော်ကိုကြက်ခြေတောက်ကိုအရေခွံခွာခိုင်းပါတယ် ကျွန်တော်လည်း အရေခွံကိုတလွှာချင်းခွာတယ်။အကြောလေးတွေဖယ်ထုတ်တယ်။ထူးတယ်ဗျာ ကြက်ခြေတောက်ကနဂိုအတိုင်းပဲ ပြောစရာရှိတာက ကွေးလိုက်တော့ ဖယောင်းတိုင်အပူပေးထားသလို ကွေးသွားတယ် ကြက်အရိုးက ညီနေတာပဲ။ကြေမွနေတဲ့ အရိုးဗျာ ဆက်နေတယ် ညီနေအောင်ဆက်တာ တိုင်းရင်းဆေးပညာက အံဩစရာကောင်းလိုက်တာဗျာ။ အိမ်မဲမှာလပြည်ဆိုတဲ့လူငယ်လေးတယောက်ဘိလပ်မြေဖျော်တဲ့အိုးပိပြီးလက်ဖျံရိုးကြေမွသွားတယ်၊ပုသိမ်ဆေးရုံးကိုလွဲပေမယ့်သူဆီလာလို့ကုသပေးလိုက ်တာ၁၅ရက်အကြာမှာအကောင်းပကတိရှိပြီတစ်လအတွင်းမူလအလုပ်ကိုပြန်လုပ်နိုင်ကြောင်းပြောပြပါတယ်။နောက်လှည်းကြိတ်တာ၊သစ်ပင်ပေါ်ကကျတာတွေ ချော် လဲလို့ကျိုးတာတွေ….အများကြီးကုဖူးကြောင်း။ ပုသိမ်ထုံးဖိုရပ်ကွက်မှာဆေးခန်းဖွင့်ပြီးလူမှားစွာကိုကယ်တင်ပေးဖူးကြောင်း၊အရင်က ရန်ကုန်မြို့သိမ်ဖြူလမ်း ပီတိဆေးဆန်း(သိမ်ဖြူဈေးနဲ့ စာတိုက်မှတ်တိုင်ကြား)မှာ၂နှစ်ကြာဆေးခန်းဖွင့်ဖူးကြောင်းပြောပြပါတယ်။ ပုသိမ်မှာသူနဲ့ပညာတူအကိုတယောက်ရှိပြီးထုံးဖိုဓါတ်ဆီဆိုင်အနီးမှာကမ္ဘာကျော် အရိုးဆက်ဆိုပြီးဆေးခန်းဖွင့်ထားပါတယ် ဖုန်းနံပတ်က ၀၉-၄၉၇၃၅၀၃ဝပါ လေ့လာသူများလေ့လာနိုင်ပါတယ်လို့ပြောပြပါတယ်။အရိုးကျိုးတာမည်သို့ပင်ကျိုးကျိုးအချိန်တိုနဲ့သက်သာပျေက်ကင်းနိုင်ကြောင်း၊ မိမိတို့မှကုသပေးနိုင်ကြောင်း လူပေါင်းထောင်ချီကုသပေးခဲ့ကြောင်းဆရာထက်ကပြောပြပါတယ်။ မြန်မာ့တိုင်းရင်းဆေး၏တိုးတက်မူကို […]


mg wineNovember 21, 20111min18115
တိုင်းရင်းဆေးနဲ့ပတ်သက်ပြီးထူးခြားလေးတွေဆက်လက်တင်ပြချင်ပါတယ်။လူတယောက်ကဆေးရုံတက်ပြီးကုတင်ပေါ်မှာပဲနေရတော့သူရောဂါကတခြား ရောဂါပါ ဒါပေမယ့်လမ်းလျှောက်လို့မလွယ်လောက်အောင်အကြောတွေဆိုင်းသွားပါတယ်။လမ်းတော့လျှောက်နိုင်ပါတယ်တောင်နင်းမြောက်နင်းပါ ဒါကိုဆရာ လေးကိုပြောတော့ ညရောက်ရင်ရေနွေးကိုဇလုံထဲထည့်ပြီးဆား၁ဝကျပ်သားလောက်ထည့်ပါသင့်ရုံရေအေးရောပြီးခြေတောက်ကိုစိမ်ထားပါ၃ခါလောက်လုပ်ရင် ကောင်းသွားမယ်လို့ပြောပါတယ်။လူနာကလည်းပြောတဲ့အတိုင်းလုပ်တာ သက်သာကောင်းမွန်သွားပါတယ်။ အကြောရောဂါတဦးကိုတော့ပိုက်ဆံမကုန်တဲ့ကြပ်ထုပ်ထိုးခိုင်းပါတယ်။ ၁။ မိတ်ဿလင် ၁ဝကျပ်သား ၂။ရှောက်ရွက်ကြမ်း ၁ဝကျပ်သား ၃။ကင်ပွန်းချဉ်ရွက် ၁ဝကျပ်သား ၄။ကြောင်ပန်းရွက် ၁ဝကျပ်သား ၅။ဆား ၅ကျပ်သား ၆။ချင်းတက် ၁ဝကျပ်သား ၇။သက်ရင်းကြီးရွက် ၁ဝကျပ်သား ၈။ပင်စိမ်းရွက် ၅ကျပ်သား ၉။ဖုန်းပသိမ်ရွက် ၁ဝကျပ်သား စတဲ့အရွက်တွေကိုပါးပါးလှီးပြီး ထောင်းကာရောစပ်လို့ အထုပ်လုပ်ပြီး ရေနွေးကြပ်ထုပ်လုပ်ကာနာကျင်သောဒဏ်ရာပေါ်မှာဖိကပ်ပေးရင်သက်သာ ကြောင်း ပြောပြပါတယ်။ရေနွေးကြပ်ထုပ်ကတော့စောစောကဆေးအမယ်တွေကိုထောင်းပြီးသားကိုအဝတ်နဲ့ထုပ်ပြီးအထုပ်၃ထုပ်ရအောင်လုပ်ပါ။အဝကျယ်အိုးတလုံး ကိုရေထည့်ြ့ပီးကျိုပါပွက်ပွက်ဆူသောာအခါထိပ်ဝကိုအဝတ်စည်းပြီးအထုပ်တွေကိုအိုးပေါ်တင်ပြီးအဖုံးဖူံးထားပါ။ပူလာရင်ဒဏ်ရာနေရာကိုဖိကပ်ပေးပါ။ နောက်တခုက ခါးဆစ်ရိုးကြီးပေါင်းရောဂါ အကြောင်းပြောပါတယ်။ နံနက်စောစောခါးတောင့်မယ်၊အကုန်းအကွလုပ်ရင်နာကျင်မယ်၊ခါးနာ ခါးကိုက် တင်ပါးခွက်အောင့်၊ကြာကြာလမ်းလျှောက်ရင်ဖရုံဆွဲကြော(ပေါင်တွင်းကြော)ကကိုက်လာမယ်၊ရောဂါရင့်လာရင်ခါးစောင်းလာမယ် ပန်းညိုှ လာမယ် ဒါကိုလတ်တလော သက်သာဖို့ကို ဆေးကြပ်ထုပ်ထိုးပါ၊ဆေးလိမ်းပါ။လိမ်းဆေးကိုဆရာလေးကပြောပြပါတယ်။ ၁။မင်သော် ၁ကျပ် ၂။သိုင်းမော ၁ကျပ် ၃။ပရုပ် ၃ကျပ် ၄။မုန့်ညှင်းဆီ ၅ကျပ် ၅။ယူကလစ်ဆီ၂ကျပ် […]